Spring CrowdFund (SCF)
Открыть в Telegram
https://springcrowdfund.org တရားဝင် တော်လှန်ရေးထောက်ပို့ပလက်ဖောင်း SCF
Больше3 788
Подписчики
-524 часа
-157 дней
-5330 день
Архив постов
အောင်ပွဲပန်းတိုင်ဆီကို
အတူချီတက်ဖို့အတွက်
ကိုယ်ပိုင် SCF အကောင့် ဖွင့်ကြရအောင်
စက္ကန့်ပိုင်းအတွင်း လွယ်ကူစွာအကောင့်ဖွင့်ရန်
🌿👉 springcrowdfund.org/sign-up
Pause & Donate Challenge - ss ရိုက်ပြီး ကူကြမယ် 😘
ကျရာကမ်ပိန်းလေးကို အားဖြည့်ပေးရမယ့် ဒီ Challenge လေးမှာ ပါဝင်ဖို့ အသင့်ပဲလား? ပါဝင်ရမယ့် ပုံစံလေးကတော့ လွယ်ပါတယ်။
1️⃣ ဒီ Reel ကို ကြည့်နေရင်း ကြိုက်တဲ့အချိန်မှာ Pause (ဒါမှမဟုတ်) Screenshot (ss) ရိုက်လိုက်ပါ။
2️⃣ ss ရိုက်မိတဲ့ ကမ်ပိန်းပုံလေးနဲ့ ကောမန့်မန့်ပေးပါ။
3️⃣ ပြီးရင်တော့ လုံခြုံစိတ်ချရတဲ့ SCF ပလက်ဖောင်းမှာ အဲ့ဒီကမ်ပိန်းလေးအတွက် သင် တတ်နိုင်သလောက် အားဖြည့်ကူညီပေးလိုက်ရုံပါပဲ။
ဒါဆို အတူတူ စမ်းကြည့်လိုက်ကြရအောင်.. ဒီ Challenge မှာ ပါဝင်စေချင်တဲ့ သူငယ်ချင်းတွေကိုလည်း share ပေးလို့ရတယ်နော်။
+2
နွေဦးဂလက်ဆီထဲက အကြည်ဓာတ်လေးတို့အတွက် ရင်ခုန်စရာ သတင်းကောင်း ✨
ကျွန်တော်တို့ရဲ့ ခိုင်မာတဲ့ တွဲလက်ဖြစ်တဲ့ SDB ရဲ့ (၃) နှစ်ပြည့် အထိမ်းအမှတ်ကို ဂုဏ်ပြုတဲ့အနေနဲ့... နွေဦးဂလက်ဆီတခွင်က ရဲဘော်အားလုံးအတွက် စိတ်လှုပ်ရှားဖွယ် "Galaxy Bonus" အထူးလက်ဆောင် ကမ်ပိန်းကြီးကို စတင်လိုက်ပြီ ဖြစ်ပါတယ်။
နွေဦးဂလက်ဆီရဲ့ ကြယ်တာရာစခန်း (၆) ခုနဲ့အတူ SDB Ecosystem ကြီး ပိုပြီး အားကောင်းလာစေဖို့၊ အောက်ပါ လွယ်ကူတဲ့ အဆင့် (၂) ဆင့်ကို လုပ်ဆောင်ပြီး USD 1,800 Galaxy Prize Pool ကို အတူတူ ဆွတ်ခူးလိုက်ကြရအောင်။
#SpringCrowdFund #SCF #SDB3YearsAndBeyond #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
SCF ရဲ့ Telegram Group အဟောင်းမှာရှိနေကြတဲ့ အကြည်ဓာတ်လေးများအနေနဲ့ အဆိုပါ Group အဟောင်းကနေ Leave လုပ်ပေးဖို့ လေးစားစွာ မေတ္တာရပ်ခံပါရစေခင်ဗျာ🙏
ကြည့်ရှုရန်မသင့်တော်တဲ့ ပုံ/လင့်များကိုရှဲနေတာ တွေ့ရလို့ပါ။
_____________________________
👇 ယခု Comment မှတဆင့်ဝင်လို့ရတဲ့ SCF နဲ့အတူ အကြည်ဓာတ်လေးတွေ ဝေမျှကြမယ် Group လေးကပဲ တစ်ခုတည်းသော Official Group ဖြစ်ပါတယ်ခင်ဗျာ
+8
SCF ပလက်ဖောင်းကနေတဆင့် အကြည်ဓာတ်လေးတို့ စုပေါင်းအားဖြည့်ပေးခဲ့ကြတဲ့ "CDM များရှေ့ဆက်ဖို့ ငါတို့အားနဲ့ကူညီစို့" ကမ်ပိန်းငွေတွေဟာ မြေပြင်ကို အောင်မြင်စွာ ရောက်ရှိစီးဆင်းသွားခဲ့ပါပြီ။
ဒါကတော့ တိုက်ရိုက်ပံ့ပိုးပေးနိုင်ခဲ့ကြောင်း Board of Education Bilin Township ကနေ ပေးပို့လာတဲ့ ပီတိဖြစ်စရာ မြေပြင်မှတ်တမ်း ပုံရိပ်လေးတွေ ဖြစ်ပါတယ်။
ဒီကမ်ပိန်းကနေ စုစုပေါင်း ရန်ပုံငွေ (၄,၁၆၀,၆၁၄.၅၇) ကျပ် ရရှိခဲ့ပြီး၊ ထိုအထဲမှ (၄,၁၆၀,၀၀၀) ကျပ်ကို
၁) ပံ့ပိုးမှု လိုအပ်နေသော အသက် ၆၀ ပြည့် ဆရာ/မ ကြီး (၁၃ ) ဦးအတွက် တစ်ဦးကို ၁၂၀,၀၀၀ ကျပ်စီနှင့်
၂) အခက်အခဲ ကြုံတွေ့နေရသော၊ ကျန်းမာရေး ချို့ယွင်းနေသော နှင့် စစ်ရှောင်နေရသော (၂၆) ဦးအတွက် တစ်ဦးကို ၁၀၀,၀၀၀ ကျပ်စီဖြင့် ပံ့ပိုးပေးပြီးကြောင်း သိရှိရပါတယ်။
ခက်ခဲကြပ်တည်းနေတဲ့ ကာလမှာ CDM သူရဲကောင်းတွေ ရှေ့ဆက်လျှောက်လှမ်းနိုင်ဖို့ အားမငယ်ရအောင် တစ်တောင့်တစ်နေရာကနေ မေတ္တာအင်အားတွေ ဖြည့်ဆည်းပေးခဲ့ကြတဲ့ အကြည်ဓာတ်လေးတို့ကို ဒီ မြေပြင်မှတ်တမ်း ပုံရိပ်လေးတွေနဲ့အတူ ဝမ်းမြောက်စွာ အသိပေးအပ်ပါတယ်ခင်ဗျာ။
#SpringCrowdFund #SCF
+1
ဒီညနိုင်မှာက ပြင်သစ်လား? စပိန်လား?
ကမ္ဘာ့ဖလားအားပေးတဲ့ အကြည်ဓာတ်လေးတွေရှိရင် အပျော်ခန့်မှန်းကြည့်ကြမယ်နော်
ပြည်သူများရဲ့ အနာဂတ်ကောင်းစားရေးအတွက် ခန္ဓာကိုယ်ကို စွန့်လွှတ်ခဲ့တဲ့ ရဲဘော်တွေကို အတူတူ လက်ကမ်း ဖေးမကြရအောင် 🤍
ကျွန်တော်တို့ရဲ့ လွတ်လပ်တဲ့ အနာဂတ်အတွက် မြေပြင်က ရဲဘော်တွေဟာ စစ်အာဏာရှင်ကိုတော်လှန်ရင်း သူတို့ရဲ့ တန်ဖိုးရှိတဲ့ ကိုယ်လက်အင်္ဂါတွေကို မတွန့်ဆုတ်ဘဲ စွန့်လွှတ်ပေးဆပ်ခဲ့ကြပါတယ်။
သူတို့ လဲကျသွားတဲ့အခါ ပြန်ထူပေးဖို့နဲ့ တန့်ရပ်သွားခဲ့ရတဲ့ ခြေလှမ်းတွေကို ပြန်လည် အသက်သွင်းပေးဖို့က ကျွန်တော်တို့ တော်လှန်ပြည်သူတွေ အားလုံးရဲ့ တာဝန်ပါပဲ။
ဒီနေ့မှာတော့ NRC Northern Rehabilitation Center for Amputees ဟာ ရဲဘော် (၄၀၀) ကျော်ကို အခမဲ့ ခြေတုတပ်ဆင်ပေးနိုင်ခဲ့ပြီ ဖြစ်သလို၊ ယုံကြည်မှုရှိစွာ ဘဝသစ်ကို ပြန်လည်လျှောက်လှမ်းနိုင်အောင်လည်း နွေးထွေးစွာ စောင့်ရှောက်ပေးလျက် ရှိပါတယ်။
ဒီကမ်ပိန်းမှာ ကူညီဖေးမမှုတိုင်းဟာ ရဲဘော်တွေအတွက် ခြေတုတစ်ခုထက်ပိုတဲ့ အပြုံး၊ ယုံကြည်မှုနဲ့ လွတ်လပ်စွာ ရှင်သန်ခွင့်တွေအတွက်သာမက အတူတူရှိတယ်ဆိုတဲ့ နွေးထွေးမှုကို ဖြစ်တည်စေမှာပါ။
ဒါကြောင့် ရဲဘော်တို့ရဲ့ မျှော်လင့်ချက် ခြေလှမ်းသစ်တွေမှာ အတူတူ ရှိနေပေးဖို့ SCF ပလက်ဖောင်းကနေတစ်ဆင့် မေတ္တာအင်အားတွေ အရောက်ပို့ပေးကြရအောင်နော်..
springcrowdfund.org/c/PGH6I0
ဇူလိုင်လအတွက် ထောက်ပို့တာဝန် ထမ်းဆောင်လို့ရပါပြီ ရဲဘော် ✊
🍀👉 springcrowdfund.org/c/m4OI3z
လာပါ... ငါတို့အတူတူ ရုန်းမယ်
#PRF #SCF
#TogetherWeCan
+2
အကြည်ဓာတ်လေးများရဲ့ စုပေါင်းအင်အားပါ 😍
June လမှာ Est.USD 849.67 စုပေါင်းထောက်ပို့နိုင်ခဲ့ပြီး ရွှေလိုတောက်ပနေတဲ့ Gold Card ကို အတူရရှိခဲ့ပါတယ်။ July လမှာ Diamond card ပြန်ယူနိုင်ဖို့အတွက်ဆိုရင်တော့ ပိုများတဲ့အင်အား လိုအပ်နေပါတယ်။
၅၀၀၀ ကျပ်ရှိရုံနဲ့ springcrowdfund.org SCF မှတဆင့် အတူထောက်ပို့နိုင်တာမို့ အကြည်ဓာတ်အသစ်လေးတွေ အများကြီးကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုချင်ပါတယ်။
ဘယ်လိုပါဝင်ရမလဲမသိရင် SCF page cb မှာ အချိန်မရွေး Hi လိုက်လို့ရပါတယ်ခင်ဗျာ
လာပါ... ငါတို့အတူတူရုန်းမယ် ✊
#PRF #SCF
#TogetherWeCan
မြေပြင်နဲ့ တိုက်ရိုက်ချိတ်ဆက်ထားတဲ့ SCF မှာ ဘေးကင်းလုံခြုံစွာ ထောက်ပို့ပြီး ရဲဘော်တွေနဲ့အတူ ရပ်တည်ပေးကြရအောင် ✊
SCF မှာ ပြည်သူတစ်ဦးက အားဖြည့်လိုက်တိုင်း တက်သွားတဲ့ စုစည်းမှုပမာဏကို ရဲဘော်တွေကလည်း ပွင့်လင်းမြင်သာမှုရှိရှိ အချိန်နဲ့တပြေးညီ မြင်နေရတာပါ။ ဒါကြောင့် ကိုယ့်ရဲ့ ပါဝင်မှုတိုင်းဟာ သူတို့အနားကို ကိုယ်တိုင်သွားပြီး ခွန်အားပေးလိုက်သလို တကယ့်ကို နွေးထွေးမှု ရှိစေပါတယ်။
အခုဆိုရင်လည်း အသက်ကယ်တင်နိုင်ဖို့၊ တပ်ရွှေ့ပြောင်းမှုတွေ မြန်မြန်ဆန်ဆန် ပြုလုပ်နိုင်ဖို့နဲ့ နောက်တန်း ထောက်ပံ့ရေးတွေအတွက် မရှိမဖြစ် လိုအပ်နေတဲ့ ရှေ့တန်းမြေပြင်သုံး ကားတစ်စီး ဝယ်ယူနိုင်ဖို့ ဖီးနစ်ပျောက်ကြားတပ်ဖွဲ့က "ကရေးချကား" ကမ်ပိန်းကို ပြုလုပ်နေပါတယ်။
ဒီကမ်ပိန်းလေးမှာလည်း လုံခြုံလွယ်ကူတဲ့ SCF ပလက်ဖောင်းကနေတစ်ဆင့် ထောက်ပို့ရင်း ရဲဘော်တွေနဲ့အတူ လက်တွဲ အားဖြည့်ပေးကြပါဦးနော်။
🌿 https://springcrowdfund.org/c/9Jj0Uh
#SpringCrowdFund #SCF
SSNDF/KNDF TACTICAL (9) ရဲဘော်များအတွက် ဆ(၂)လုံး (ဆန်နှင့်ဆီ)
SCF platform မှာ ဘေးကင်းလုံခြုံစွာထောက်ပို့ပြီး တော်လှန်ရဲဘော်များနဲ့အတူ ရှိပေးကြရအောင်
springcrowdfund.org
တော်လှန်အောင်ပွဲဆီကို အတူချီတက်နေကြတဲ့ သူငယ်ချင်းများအတွက် ရင်ထဲကစကားတစ်ခွန်း ပြောပေးပါ
#SpringCrowdFund #SCF
SCF မှာထောက်ပို့ပြီး ရဲဘော်များနဲ့အတူ ရှိနေပေးပါ
အကြမ်းဖက်စစ်ကောင်စီကို တော်လှန်နေကြတဲ့ မင်းဘူးခရိုင် အမှတ်(၈)တပ်ရင်းမှ ရဲဘော်များအတွက် ဆေးဝါး၊ဆန်၊ရိက္ခာများ ထောက်ပို့နိုင်ဖို့ SCF platform မှာပြုလုပ်နေတဲ့ "ထောက်ပို့ကူညီရင်း ၈ ဆီ" ကမ်ပိန်းလေးမှာ ၃၈ သိန်းကျော် (၁၉%) ကို စုစည်းထားနိုင်ပါပြီ။
SCF နဲ့အတူ ပြည်သူများရဲ့ ထောက်ပို့မှုတိုင်းဟာ အလေအလွင့် လုံးဝမရှိဘဲ မြေပြင်ကို ရာနှုန်းပြည့် မြန်မြန်ဆန်ဆန် ရောက်ရှိတာကြောင့် အတူတကွ စုပေါင်းအားဖြည့်ဖို့ နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။
လုံခြုံလွယ်ကူစွာ အားဖြည့်ရန်နှိပ်ပါ
ကမ်ပိန်းမစခင် zoom meeting လေးတစ်ခုမှာ အတူတူစကားပြော အားပေးကြရင်း တီချယ်ဓာတုက ပြောပြတယ်
CDM တီချယ်တစ်ယောက်လည်းဖြစ်၊ စစ်ရှောင်တစ်ယောက်လည်းဖြစ်လို့ ကင်ဆာရောဂါကို ဆေးဆက်ကုနိုင်ဖို့အတွက်ဆိုရင် ဒီကမ်ပိန်းလေးက နောက်ဆုံးမျှော်လင့်ချက်ပါတဲ့..
အရှုံးမပေးပါနဲ့တီချယ် ကျွန်တော်တို့ပြည်သူတွေ အတူရှိနေပေးမယ်နော်..
ပါဝင်ကူညီရန် နှိပ်ပါ
အတူချီတက်ဖို့အတွက် ကိုယ်ပိုင် SCF အကောင့်ရှိထားပြီလား?
စုပေါင်းအင်အားနဲ့ ရှေ့ဆက်နိုင်အောင် SCF မှာ အတူပါဝင်ဖို့ သူငယ်ချင်းတွေကို ဖိတ်ခေါ်ကြရအောင် ❤️
SCF အကောင့်ဖွင့်ရန် လွယ်ကူစွာဖွင့်ရန်နှိပ်ပါ
ဒို့အတူတူရှိတယ် ✊
ရေး: Peace Fighter Singapore
ဆို: May Spring
PRF အတွက် SCF platform မှတဆင့်လည်း လစဉ်စုပေါင်းထောက်ပို့နိုင်ပါတယ်
#SCF #PRF
#TogetherWeCan
သမိုင်းဝင် ဆဲဗင်းဂျူလိုင်နှင့် ဒူးမထောက်သော လူငယ်များ ✊
၆၄ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ ဆဲဗင်းဂျူလိုင် (7 July) ကျောင်းသားအရေးအခင်းမှာ အာဏာရှင်စနစ်ကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်တော်လှန်ရင်း ကျဆုံးသွားခဲ့ရတဲ့ ကျောင်းသားရဲဘော်များကို အလေးအနက် ဦးညွတ်ဂုဏ်ပြုအပ်ပါတယ်။
ခေတ်အဆက်ဆက် တော်လှန်ခဲ့တဲ့ ကျောင်းသားလူငယ်တွေရဲ့ စိတ်ဓာတ်ကို အမွေခံပြီး၊ ဒီခေတ် လူငယ်တွေရဲ့ လက်ထက်မှာ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်သည်အထိ ဆက်လက် ဆန့်ကျင် တိုက်ပွဲဝင်သွားကြပါစို့။
#SpringCrowdFund #SCF
