Spring CrowdFund (SCF)
Ir al canal en Telegram
https://springcrowdfund.org တရားဝင် တော်လှန်ရေးထောက်ပို့ပလက်ဖောင်း SCF
Mostrar más3 701
Suscriptores
Sin datos24 horas
-147 días
-5430 días
Archivo de publicaciones
မြေပြင်ဆီ ပိုနီးလာမယ့် SCF ရဲ့ အရွေ့တစ်ခု မကြာမီ ...
https://youtube.com/shorts/0l5f9MHABAg
ပြည်သူတွေကို အနိုင်ကျင့်ရက်စက်နေတဲ့ ရန်သူတစ်ထောင်ထက်၊ ပြည်သူတွေလွတ်မြောက်ဖို့ ကြိုးစားနေတဲ့ တော်လှန်ရဲဘော်တစ်ယောက်က တိုင်းပြည်အတွက် ပိုအဖိုးတန်ပါတယ်။
"M.D.F ဆေးဝါးရိက္ခာကူကြစို့" ကမ်ပိန်းကနေတဆင့် အမှတ် (၁၀၁၁) တပ်ရင်းရဲဘော်များကို ထောက်ပို့ရင်း... SCF ရဲ့ "ပန်းတိုင်အရောက်သွားမယ့် ထောက်ပို့ပြည်သူ အင်အား ၅၀,၀၀၀" ထဲမှာ အရေးကြီးတဲ့ ပြည်သူတစ်ဦးအဖြစ် အခုပဲ စတင်ပါဝင်ပေးကြပါ။ ✊
🌿 ကမ်ပိန်းတိုက်ရိုက်လင့်
https://springcrowdfund.org/c/k47j6E
🌿 SCF အသုံးပြုရန်လင့်
springcrowdfund.org
(မြန်မာပြည်တွင်းမှဆိုလျှင် VPN လိုအပ်ပါသည်)
ပဲခူးခရိုင်တပ်ရင်း (၂) ရဲဘော်များအတွက် "အထွေထွေဖြည့်တင်း အောင်မြေနင်း" ကမ်ပိန်းမှာ ထောက်ပို့ရင်း... SCF ရဲ့ "ပန်းတိုင်အရောက်သွားမယ့် ထောက်ပို့ပြည်သူ အင်အား ၅၀,၀၀၀" ထဲမှာ အရေးကြီးတဲ့ပြည်သူတစ်ဦးအဖြစ် အတူပါဝင်ပေးပါ။ ✊
ကမ်ပိန်းတိုက်ရိုက်လင့်
https://springcrowdfund.org/c/i1rTZM
SCF အသုံးပြုရန်လင့်
springcrowdfund.org
(မြန်မာပြည်တွင်းမှဆိုလျှင် VPN လိုအပ်ပါသည်)
ပြည်သူတွေ ထောက်ပို့ပေးတဲ့ ဆေးဝါးရိက္ခာတွေဟာ အတူတူရှိနေတယ်ဆိုတဲ့ ခွန်အားတွေနဲ့ပါ
"M.D.F ဆေးဝါးရိက္ခာကူကြစို့" ကမ်ပိန်းကနေတဆင့် အမှတ် (၁၀၁၁) တပ်ရင်းရဲဘော်များကို ထောက်ပို့ရင်း... SCF ရဲ့ "ပန်းတိုင်အရောက်သွားမယ့် ထောက်ပို့ပြည်သူ အင်အား ၅၀,၀၀၀" ထဲမှာ အရေးကြီးတဲ့ပြည်သူတစ်ဦးအဖြစ် အတူပါဝင်ပေးပါ။ ✊
ကမ်ပိန်းတိုက်ရိုက်လင့်
https://springcrowdfund.org/c/k47j6E
SCF အသုံးပြုရန်လင့်
springcrowdfund.org
(မြန်မာပြည်တွင်းမှဆိုလျှင် VPN လိုအပ်ပါသည်)
"စောင့်မျှော်ခဲ့ရကျိုး နပ်ပါလိမ့်မယ်"
SCF update အသစ်စတင်ရန် ရက်ပိုင်းအလို...
နေပြည်တော် တပ်ရင်း ၈၀၇ ရဲဘော်များရဲ့ "အသက်" ကမ်ပိန်းအတွက် SCF မှာ ဘေးကင်းလုံခြုံစွာ တိုက်ရိုက်ထောက်ပို့ပေးပါ။
ကမ်ပိန်းတိုက်ရိုက်လင့်
https://springcrowdfund.org/c/WqIbps
SCF အသုံးပြုရန်လင့်
springcrowdfund.org
(မြန်မာပြည်တွင်းမှဆိုလျှင် VPN လိုအပ်ပါသည်)
#SpringCrowdFund #SCF
"ခွန်အားကတော့ ကလေးလေးတွေရဲ့ မျက်နှာပါပဲ"
https://youtu.be/3OAKs77a4Lw?si=rno_o_Rdnr1iGQ7y
အမှတ်(၃၆) နည်းဗျူဟာ ရဲဘော်များရဲ့
"ဖြည့်" ကမ်ပိန်းအတွက်
SCF မှာ ဘေးကင်းလုံခြုံစွာ တိုက်ရိုက်ထောက်ပို့ပါ။
ကမ်ပိန်းတိုက်ရိုက်လင့်
https://springcrowdfund.org/c/5cdtLJ
SCF အသုံးပြုရန်လင့်
springcrowdfund.org
(မြန်မာပြည်တွင်းမှဆိုလျှင် VPN လိုအပ်ပါသည်)
သေချာနားထောင်သင့်တဲ့ အမှတ် (၁၀၁၁) တပ်ရင်း မြေပြင်ရဲဘော်များရဲ့စကားသံများ
https://youtu.be/VlYMBeDTj1U?si=13nnNB9K87CcYnPR
မအိပ်သေးတဲ့ အကြည်ဓာတ်လေးတွေရှိရင် ရဲဘော်တွေကို ဝန်းရံပေးရင်း ဝင်ကြည့်ပေးပါဦးနော်❤️
ခေါက်တာလေး ခေတ်စားနေတယ်ဆိုလို့... IPhone Duo တော့ မဟုတ်ပါဘူး 🥹
springcrowdfund.org
SCF ၏ ထောက်ပို့ပြည်သူအင်အား ၅၀,၀၀၀ စုပေါင်းမှုတွင် စတင်ပါဝင်ရန်
၁။ ( springcrowdfund.org ) ထဲသို့ဝင်၍ ကမ်ပိန်းတစ်ခုကို ရွေးချယ်ပါ (မြန်မာပြည်တွင်းဆိုလျှင် VPN လိုအပ်ပါသည်)
၂။ Sign In & Donate လုပ်ပြီး မိမိတတ်နိုင်သည့် ပမာဏတစ်ခုဖြင့် ထောက်ပို့လိုက်ပါ။
ဩဂုတ်လတစ်လတည်းမှာတင် SCF မှတဆင့် မြေပြင်ရဲ့လိုအပ်ချက်တွေအတွက် ထောက်ပို့ငွေ သိန်းပေါင်း (၃,၅၅၀) ကျော်၊ ထောက်ပို့ခဲ့ကြတဲ့အကြိမ်ပေါင်း (၃,၀၀၃) ကြိမ်အထိ ရှိခဲ့ပါတယ်။
လက်ရှိအင်အားနဲ့တောင် ဒီလောက်ထောက်ပို့နိုင်ရင် လူအင်အား ၅၀,၀၀၀ စုပေါင်းမိသွားတဲ့တစ်နေ့မှာဆို ဘယ်လောက်တောင် အရှိန်ကောင်းသွားမလဲဆိုတာ တွက်သာကြည့်လိုက်တော့ အကြည်ဓာတ်လေးတို့ရေ။
တကယ့်ကို အားရစရာကောင်းတဲ့ စုပေါင်းအင်အားကြီးဖြစ်လာမှာ အသေအချာပါပဲ... 💪
#SpringCrowdFund #SCF
YESSS WE DID IT AGAIN!!! ✨
" The Layer - ယူနီဖောင်းကျည်ကာ " ကမ်ပိန်းဟာ Spring CrowdFund (SCF) မှာ ၃၇ ခုမြောက် တားဂတ်ကျော်လွန် အောင်မြင်ခဲ့တဲ့ ကမ်ပိန်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါပြီ။
ဒီအောင်မြင်မှုဟာ ကမ်ပိန်းတာဝန်ခံ Myanmar Care Group (MCG) ၊ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တိုက်ခိုက်ရေးတပ်ဖွဲ့-၅) က ရဲဘော်တွေရဲ့ ကြိုးစားအားထုတ်မှုနဲ့အတူ... အလှူရှင် အကြည်ဓာတ်လေးများရဲ့ ညီညီညာညာ စုပေါင်းပါဝင်မှု၊ နည်းလမ်းပေါင်းစုံနဲ့ ဝန်းရံပေးကြသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းရဲ့ အားဖြည့်မှုတွေကြောင့် ရရှိလာတဲ့ အသီးအပွင့်ပါ။
ရဲဘော်များလည်း ပြည်သူ့မေတ္တာ ကျည်ကာတွေကြောင့် ဘေးကင်းပါစေ၊ ကျွန်တော်တို့ ပြည်သူတွေလည်း ဒီစုပေါင်းအားကနေရလာတဲ့ ခွန်အားတွေနဲ့အတူ... ပန်းတိုင်ရောက်တဲ့အထိ အတူတူ ဆက်ပြီး ချီတက်ကြပါမယ်။
SCF အသုံးပြုရန် - springcrowdfund.org
#SpringCrowdFund #SCF
#TheLayer
တစ်နေ့တာရဲ့ ပင်ပန်းမှုတွေကို အိပ်ရာပေါ်မှာ ဖုန်းလေးသုံးရင်း ဖြေဖျောက်ခွင့်ရနေသေးရင် တော်တော်ကံကောင်းပါတယ်။
ဒါပေမဲ့ အဲဒီလို ဘေးကင်းကင်း အိပ်စက်နိုင်တဲ့ နေရာဒေသတွေမှာ ရှိနေတာတောင် အမိမြေ တိုင်းပြည်က သတင်းတွေဖတ်ရင်း မြေပြင်က လိုအပ်ချက်တွေ၊ အခက်အခဲတွေကို မြင်ရတဲ့အခါ သက်ပြင်းတစ်ချက် အသာချမိတဲ့ ပြည်သူတွေမှ အများကြီးပါပဲ။
"လိုအပ်တိုင်း ကူညီပေးချင်ပေမဲ့လဲ... နေ့တိုင်းထောက်ပို့ပေးချင်ပေမဲ့လဲ.... " ဆိုတဲ့ အားနာစိတ်မျိုးဟာ လိပ်ပြာလုံချင်တဲ့ ပြည်သူတိုင်း ခံစားရဖူးမှာပါ။
တကယ်တော့.. ထောက်ပို့တယ်ဆိုတာ အမြဲတမ်း ကိုယ်ပိုင်ငွေကြေးနဲ့မှ အားဖြည့်လို့ရတာ မဟုတ်ပါဘူး။
YouTube မှာ springcrowdfund လို့ရိုက်ရှာပြီး ဗီဒီယိုလေးတစ်ခုကို ဖွင့်ကြည့်လိုက်တယ်။ ကြော်ငြာပန်းလေးတွေကို မြင်တော့ ပီတိဖြစ်တယ်။ ခဏတာ မိနစ်အနည်းငယ် အချိန်လေးတစ်ခုကို ပေးလိုက်တာပါပဲ။
ဒါပေမဲ့ အဲဒီလို မိနစ်ပိုင်းလေးတွေ ကြော်ငြာပန်းတွေ စုလာတဲ့အခါမှာတော့...
ရှေ့တန်းက အသက်ကိုရင်းပြီး စစ်အာဏာရှင်ကို တော်လှန်နေတဲ့ ရဲဘော်တွေအတွက် ဆေးဝါးရိက္ခာတွေ၊ကျည်ကာတွေ ဖြစ်သွားနိုင်တယ်။ ပြေးလွှားနေရတဲ့ စစ်ရှောင်ပြည်သူတွေအတွက် ဆာလောင်မှုပြေစေမယ့် ထမင်းတစ်နပ် ဖြစ်သွားနိုင်တယ်။ ကလေးငယ်လေးတွေအတွက် ပညာသင်ခွင့်ဖြစ်သွားနိုင်တယ်ဆိုရင် မိနစ်အနည်းငယ်လေးတွေကို လိုလိုလားလား ကျေကျေနပ်နပ် ပေးမိမှာလား။
နေ့တိုင်း ကိုယ်ပိုင်ငွေကြေးနဲ့ တိုက်ရိုက်မထောက်ပို့နိုင်ရင်တောင် နေ့တိုင်းဗီဒီယိုလေးတွေဝင်ကြည့်မယ်၊ RCS လေးတွေလုပ်ပေးမယ်ဆိုရင်လည်း SCF မှာ မြေပြင်ကို ထိထိရောက်ရောက် ထောက်ပံ့ပေးနိုင်ပါတယ်။
အဲ့ဒါကြောင့် အားလပ်တဲ့ အချိန်လေးတိုင်းမှာ SCF YouTube Channel လေးဆီ ဝင်လာခဲ့ပါ။
မြေပြင်က စကားသံတွေကို နားထောင်ပေးရင်း... သူတို့အတွက် အတူတူ ဆက်ပြီး အားဖြည့်ပေးကြရအောင်ပါ။
ရသမျှနည်းလမ်းအားလုံးနဲ့ အတူတူကြိုးစားကြမယ်ဆိုရင် သေချာပေါက်နိုင်ပါတယ်။ ❤️💪
နေ့စဉ်ဗီဒီယိုကြည့်ရန် Channel လင့်
https://www.youtube.com/@SpringCrowdFund
#SpringCrowdFund #SCF
" SCF က မင်မင်တွေ ရည်းစားရှိလား " ဆိုတဲ့ မေးခွန်းကလွဲရင် ကျန်တာဖြေပေးပါမယ်တဲ့ 😭
ဒီည ၈ နာရီမှာ အတူတူ ဆုံတွေ့ကြမယ်နော်။ ကော်ဖီလေးသောက်ရင်းဖြစ်ဖြစ်၊ ထမင်းစားရင်းဖြစ်ဖြစ်၊ လမ်းလေးလျှောက်ရင်းပဲဖြစ်ဖြစ် Live လေးမှာ အေးဆေးနွေးထွေး လာရောက်နားထောင်ဆွေးနွေးဖို့ အကြည်ဓာတ်လေးတွေ အားလုံးကို ဖိတ်ခေါ်ပါတယ်။
SCF Community Call Live
ယနေ့ည မြန်မာချိန် ည ၈နာရီ
#SpringCrowdFund #SCF
#CommunityCall #Live
+2
ညီညွတ်မှုတွေနဲ့ ပါဝင်ပေးခဲ့ကြတဲ့ အလှူရှင်ပြည်သူ တစ်ဦးချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။
SCF မှာ ပြုလုပ်ခဲ့တဲ့ "စစ်ကိုင်းရေဘေး ဖေးမစာနာကူညီပေး" အရေးပေါ်ကမ်ပိန်းမှာ (၂၁) ရက်အတွင်း ထောက်ပံ့လှူဒါန်းငွေ စုစုပေါင်း သိန်း (၁၆၂၀) နီးပါးအထိ ရရှိခဲ့ပြီး၊ ဒီရရှိငွေ အပြည့်အဝကို ရေဘေးသင့်ပြည်သူတွေအတွက် Ministry of Social, Labour and Humanitarian Affairs - NUG သို့ လွှဲပြောင်းပေးအပ်နိုင်ခဲ့ပါပြီ။
ဒီရက်ပိုင်းတွေအတွင်း စိတ်ရောကိုယ်ပါ ပင်ပန်းခဲ့ရသမျှတွေက အခုလို စုပေါင်းအားကို မြင်တွေ့ရတဲ့အခါ ခွန်အားတွေအဖြစ် ပြန်ပြောင်းလဲသွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။
SCF အဖွဲ့သားတွေအနေနဲ့လည်း အခုလို ပြည်သူ့ယုံကြည်မှုကို ဆက်လက် ထိန်းသိမ်းပြီး အကောင်းဆုံး ကြိုးစားသွားမှာပါ။ ဒါကြောင့် ရှေ့ဆက်ရမယ့် ခရီးလမ်းမှာ ပိုမိုခိုင်မာတဲ့ အင်အားတွေဖြစ်လာဖို့ SCF ရဲ့ "ထောက်ပို့ပြည်သူအင်အား ၅၀,၀၀၀" စုပေါင်းမှုမှာလည်း ဆက်လက် ပါဝင်ပေးကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။
#SpringCrowdFund #SCF
#MoSLHA #စစ်ကိုင်းရေဘေးဖေးမစာနာကူညီပေး
အမိမြေနဲ့ ဝေးနေလည်း အမြဲတမ်း ထောက်ပို့နေတဲ့သူတွေ ရှိလား..
အကြာကြီး စောင့်မျှော်နေခဲ့ရတဲ့ SCF ရဲ့ Update အသစ်တစ်ခု မကြာခင် ရောက်လာတော့မယ်ဆိုတာ 'နွေ' လာပြောပြတာပါ။
ဘာဖြစ်မယ်ထင်လဲ? cmt မှာ ခန့်မှန်းကြည့်ပေးပါဦးနော်။
#SpringCrowdFund #SCF
#update
AI မဟုတ်ပဲ လူကိုယ်တိုင် ဖြေပေးမယ့် SCF အကြောင်း
Community Call Live
အခုလို တော်လှန်ရေးအောင်မြင်ဖို့အတွက် အတူတူကြိုးစားနေကြချိန်မှာ... SCF အနေနဲ့ ရှေ့ဆက်သွားမယ့် ခြေလှမ်းသစ်တွေက ဘာတွေလဲ၊ တော်လှန်ပြည်သူတွေအားလုံး သိထားသင့်တဲ့ အရာတွေက ဘာတွေလဲ ဆိုတာကို အားလုံးနဲ့ ရင်းရင်းနီးနီး တိုင်ပင်ချင်ပါတယ်။
ဒါကြောင့် SCF နဲ့ပတ်သက်ပြီး သိချင်နေတဲ့ မေးခွန်းတွေကို ကိုထိန်လင်း နဲ့ ကိုဇင်ကြီး တို့ လူကိုယ်တိုင် တိုက်ရိုက် ဖြေကြားပေးမယ့် Community Call Live အစီအစဉ်ကို မနက်ဖြန် စက်တင်ဘာလ ၉ရက်နေ့ မြန်မာချိန် ည ၈ နာရီမှာ ပြုလုပ်ပေးမှာဖြစ်ပါတယ်။
SCF နဲ့ ပတ်သက်ပြီး သိချင်တာလေးတွေ ရှိရင် ဒီ Post ရဲ့ cmt (သို့) SCF Page messenger ကနေ ကြိုတင်မေးထားလို့ ရနေပါပြီခင်ဗျာ။
အတူတူ ဆက်ချီတက်ကြပါမယ်
#SpringCrowdFund #SCF
#SCFCommunityCall #Live
စက်တင်ဘာလအတွက် PRF ထောက်ပို့တာဝန်ကို SCF မှာ စုပေါင်းထောက်ပို့နိုင်ပါပြီ။
PRF တွင် ပါဝင်ချင်သော်လည်း ထောက်ပို့တပ်သားတယောက်အဖြစ် တာဝန်ထမ်းဆောင်ရန် သတ်မှတ်ထားသော အနည်းဆုံးနှုန်းထားများဖြင့် ပါဝင်ရန် အခက်အခဲရှိသော မိဘပြည်သူများ အနေဖြင့် SCF ၏ ယခုကမ်ပိန်းမှတဆင့် မိမိတို့တတ်နိုင်သမျှ စုပေါင်းထောက်ပို့နိုင်မည်ဖြစ်ပါသည်။
🚩 တကြိမ်လျှင် မည်မျှထောက်ပို့နိုင်သနည်း။
SCF တွင် မြန်မာငွေကျပ် ၅၀၀၀ မှစတင်ကာ မိမိပါဝင်ချင်သည့် ဆန္ဒရှိရာ ပမာဏကို SDB Currency (၁၀) မျိုးဖြင့် ပါဝင်ထောက်ပို့နိုင်ပါသည်။
🚩 ကြိုတင်အသိပေးခြင်း
တစ်ဦးချင်းအနေဖြင့် PRF Member Card ရယူကာ ထောက်ပို့တပ်သား တာဝန်ထမ်းဆောင်လိုပါက အောက်ဆုံးတွင်ဖော်ပြပေးထားသော လင့်များမှတဆင့် ဆက်သွယ်ပါဝင်နိုင်ပါသည်။
SCF Platform တွင် PRF ထောက်ပို့တာဝန် စုပေါင်းထမ်းဆောင်သူများအနေဖြင့် SCF Certificate ရရှိမည်ဖြစ်သော်လည်း တစ်ဦးချင်းစီအတွက် PRF member card များရရှိမည်မဟုတ်ပါ။ စုပေါင်းထောက်ပို့ကြသော အကြည်ဓာတ်လေးများအားလုံး၏ ညီညွတ်မှုအင်အားကို ကိုယ်စားပြုသော "Collective Power of SCF Users" ကိုယ်ပိုင်အမှတ် PRF-0111149 ဖြင့် လစဉ်ထောက်ပို့လျက်ရှိပြီး ၄လအတွင်း ရဲဘော် ၂၀၄ ဦးအတွက် ထောက်ပို့ပေးနိုင်ခဲ့ပါသည်။
ရရှိလာသော Member card ကိုလည်း QR Code မှတ်တမ်းနှင့်တကွ ပွင့်လင်းမြင်သာမှုရှိစွာ ပြည်သူလူထုထံ လစဉ် တင်ပြပေးလျက်ရှိပါသည်။ သို့ဖြစ်ပါ၍ စုပေါင်းထောက်ပို့အင်အားတွင် အတူပါဝင်မည်ဆိုပါက ယခုပင် Donate ခလုတ်ကိုနှိပ်၍ လုံခြုံလွယ်ကူစွာ ပါဝင်နိုင်ပြီဖြစ်ပါသည်။
ရရှိငွေများအားလုံးကို PRF သို့ လွှဲပြောင်းပေးသွားမည်ဖြစ်ပြီး ထောက်ပို့ပြည်သူတွေ တာဝန်ထမ်းဆောင်လိုက်တဲ့ အရင်းအမြစ်တွေတိုင်းက ရှေ့တန်းမြေပြင်မှ PDF ရဲဘော်များထံ ဗျူဟာမြောက်ဖြန့်ကျက်ရောက်ရှိစေရမယ် ဆိုတဲ့ အဖွဲ့အစည်းဆိုင်ရာ ဗျူဟာမြောက်ကတိကဝတ် (Institutional Strategic Promise) အတိုင်း PRF အစီအစဉ်မှ စုဆောင်းရရှိတဲ့ ထောက်ပို့ငွေတွေဟာ ကာကွယ်ရေးဝန်ကြီးဌာနမှတဆင့် စစ်ရုံးချုပ်ရဲ့ စီမံဆောင်ရွက်မှုနဲ့ PDF တပ်ရင်းတပ်ဖွဲ့ (၃၆၀)ကျော်ထံသို့ စီးဆင်းပို့ဆောင်သွား။
"သင့်ရဲ့ ထောက်ပို့မှုတိုင်းဟာ ရှေ့တန်းက PDF ရဲဘော်တွေအတွက် အားအင်အစစ်အမှန်တွေ ဖြစ်စေရမည်။"
ကိုယ်ပိုင် Member Card ဖြင့်ထောက်ပို့လိုပါက
🔹 Facebook: fb.me/prf4pdf
🔹 Messenger: m.me/prf4pdf
🔹 Telegram: t.me/prf4pdfbot
SCF တွင် အတူစုပေါင်းကာ ထောက်ပို့လိုပါက
🌿 springcrowdfund.org/c/OFMsSD
