SItt News တိုက်ပွဲတိုင်း..အောင်ရမည်...🇲🇲🇲🇲🇲🇲
Open in Telegram
2 049
Subscribers
+224 hours
+17 days
+2830 days
Posts Archive
Repost from နရီမိုး
မြင်ရတဲ့ သတင်းတွေအရဆိုရင် တပ်က စစ်တွေကနေ ပုဏ္ဏားကျွန်းဘက်ကို နယ်မြေစိုးမိုးဖို့ ကြိုးစားပုံပဲ။ မနေ့က သတင်းတွေမှာ ပုဏ္ဏားကျွန်းဘက်က ရန်သူခံစစ်နဲ့ ထိတွေ့ပြီး အလောင်း ၆ လောင်း ရတဲ့ သတင်းတွေ့ရတယ်။ ဒါက ပုံမှန် ထိတွေ့မှု အနေအထားတော့ မဟုတ်ဘူးပေါ့။
ပထဝီအနေအထားအရဆိုရင် ပုဏ္ဏားကျွန်းရရင် စစ်တွေ လုံတဲ့ သဘောဖြစ်သွားမယ်။ ရသေ့တောင်ဘက်ခြမ်းက ထားတော့ ။ ထပ်ပြီး အောင်မြေချဲ့နိုင်ရင် ကျောက်တော်နဲ့ မြောက်ဦးဘက်ပေါက်မယ်။ ဒါက တစ်မျိုးပေါ့။
နောက်...ကျောက်ဖြူမှာလည်း ထိတွေ့မှု ရှိနေပြန်တယ်။ တကယ်လို့ စနဲနဲ့ ကျောက်နီမော် ၊ မအီ ရရင် အမ်း က လက်တကမ်းအနေအထားပဲ။ ရခိုင်တောင်ပိုင်းကို အမြီး နင်းထားနိုင်ပြီလို့ ပြောလို့ရပြီ။ ဘာလို့ ဒီလို တွေးရသလဲဆိုတော့....တပ်ရဲ့ Navy တွေက သံတွဲနဲ့ ဂွဘက်ကိုလည်း ထောက်ထားတာမျိုးမြင်ရတယ်။ တကယ်လို့ မအီဘက်သာ Cut off လုပ်နိုင်ရင် သံတွဲ၊ ဂွ ဘက်က ရန်သူတွေ ဘယ်ပြေးမလဲ။ သူတို့ရဲ့ လက်နက်ခဲယမ်းကအစ ထောက်ပို့အဆုံး အကုန်လုံး ပြတ်တောက်သွားနိုင်ပြီလို့ ပြောလို့ရပြီ။ သံတွဲနဲ့ ဂွကိုရရင်....တောင်ကုတ်လမ်းပိုင်းနဲ့ တောင်ကုတ်ရဖို့က အတော်လေး မှန်းလို့ရပြီပေါ့။
ရခိုင်တင်ပဲလားဆိုတော့ မဟုတ်ဘူး။ မနေ့က တရားဝင်ထုတ်ပြန်ချက်သတင်းမှာ ....အရင် တပ်မ ၄၄ လှုပ်ရှားဂွင်ဖြစ်တဲ့ ဖာပွန်၊ ကမာမောင်း၊ ကတိုင်ထိဘက်ကို တပ်က စစ်ကြောင်းထိုးနေတာ ၂/၃ ဆိုတဲ့ အနေအထား ရောက်နေပြီ။ ပုံမှန်ဆိုရင်တော့ ပစ်ထားလည်း အဲ့ဒေသက ကရင်အများစုပဲ ငတ်မှာပါပဲ။ ဖာပွန်တစ်ခုတော့ ရှိတာပေါ့။
ဒီ လမ်းမှာ KNU နဲ့ KNLA ချိုးသွားတဲ့ တံတားတွေ မနည်းဘူး။ သောက်ခြောက်တွေလို့ ပြောရမှာပဲ။ ဖွဲ့စည်းပုံမှာ လုပ်ပိုင်ခွင့် ရအောင်တောင်းပြီး ပါတီအနေနဲ့ အုပ်ချုပ်ရင် ...ဒီဒေသတွေမှာ ဘယ်ပြည်မက ပါတီမှတိုးမပေါက်ဘူး။ ၂၀၂၅ ရွေးကောက်ပွဲမှာ USDP က အင်းလေးမှာ မနိုင်တာလေး သတိထားမိတယ်။ ဒါတောင်လမ်းပန်းဆက်သွယ်ရေးကောင်းပြီး ခေတ်ကိုလိုက်နိုင်တဲ့ဒေသ။
ဖာပွန်ဘက်ကရွာတွေမှာ တခြားပါတီတွေ စည်းရုံးရေးလာဆင်းတောင် ဆယ်စုနှစ် ၂ ခုလောက် စောင့်ရမယ်။ ဒါက အများဆုံး မျှော်လင့်ထားတာ။ ခက်တာက.... လဒူ KNU နဲ့ အပေါင်းအပါတွေက ရေရှည် လက်နက်ကိုင်လို့ ကောင်းအောင် ကော်သူလေးပြည်နယ် ရဖို့ ဆိုပြီး ဘာမှမသိတဲ့ ကရင်လူမျိုးတွေကို ချုပ်ထားတယ်။ ၂၀၂၁ ကနေ ၂၀၂၅ အတွင်း ကျားဖြန့်ကနေ ရတဲ့ ပိုက်ဆံတွေ ဘယ်လက်နက်ကိုင်အများဆုံး ရလဲ ဆိုတာ ကရင်လူမျိုးတွေ မေးခွန်းထုတ်ကြည့်ပါ့လား။ လက်ရှိ KNAတို့၊ KNU တို့၊ KNLAတို့။ အဖွဲ့ခေါင်းစဉ်ပဲ ကွဲတာပါ။ လက်နက်ကိုင်ရတဲ့ရည်ရွယ်ချက်က ငွေရလွယ်လို့ပဲ ပြောရမှာပဲ။ ငြိမ်းချမ်းရေးအကြောင်းပြပြီး ဘာလုပ်ပိုင်ခွင့်တွေ ရခဲ့ကြသလဲ ဆိုတာ ဒေသခံတွေ အသိဆုံးဖြစ်မှာပဲ။ ဒီလို လုပ်ပိုင်ခွင့်ရသွားတော့ရော...ကရင်ပြည်နယ် တိုးတက်ဖို့ ဘာတွေများ လုပ်ခဲ့ကြဖူးလဲ။ အလွန်ဆုံးရှိလှ အာရှလမ်းပေါ်တက် ဂိတ်ကြေးတောင်းရုံပေါ့။
ပြောချင်တာက ...တပ်က ရခိုင်မှာတင်မကဘူး။ ကရင်ဘက်မှာပါ နယ်မြေစုံ တိုက်စစ်ဖွင့်နေပြီ ဆိုတာပါပဲ။ ရခိုင်က နယ်မြေတချို့ ထပ်ရမယ်၊ ဗန်းမော်ကို အပြီးသတ်ထိန်းနိုင်ပြီး လိုင်ဇာ ထောက်နိုင်ရင်တော့ တပ်မတော်ဆိုတာ အစ်ကိုကြီး ပါပဲ ဆိုပြီး ဂွမ်မော် ထပ်ပြောလာမလား ကြည့်ရတာပေါ့။
(နရီမိုး)
Repost from တောင်ပေါ်ပေသီး
ပါးရိုက် ၍ နားကိုက် ရသော ရခိုင်စစ်ပွဲ
—
၂၀၂၆ နှစ်စထဲက ပေသီးပြောထားတယ်
—-
ရခိုင် ကို ရှယ်ပလန် နဲ့ ကြိတ်မယ်၊ စစ်ဆင်ရေး နာမည်က ဘိုးတော်ဘုရား စစ်ဆင်ရေး
—-
ကုန်းဘောင်ခေတ် ဘိုးတော်ဘုရား နဲ့ ၎င်းရဲ့ အိမ်ရှေ့စံ သားတော် ရွှေတောင်မင်း မောင်ပေါ် (ခေါ်) ရခိုင်နိုင်မင်း က ရခိုင်ကို ဘာကြောင့် ရှယ်ပလန် နဲ့ ကြိတ်ခဲ့သလဲ?
တောင်ငူခေတ် နန္ဒဘုရင် လက်ထက်မှာ ရခိုင်တပ်တွေ ပြည်ဘုရင် နဲ့ပေါင်းပြီး ပဲခူး ဟံသာဝတီ ကို အလစ်ဝင် တိုက်ခိုက် မြန်မာ၊ မွန် အရပ်သား သိန်းချီသတ်၊ မုဒိမ်းကျင့် တဲ့ အပြင် ဟံသာဝတီ ရွှေနန်းတော်ကြီး ကိုပါ မီးရှို့ဖျက်ဆီး သွားခဲ့တာကို အခဲမကျေလို့ လက်စားချေတာ၊
—-
မြန်မာတွေ မမေ့ဘူး၊ အချိန်ကောင်း စောင့်နေတာပဲ ရှိတယ်၊
—-
ပြည်တွင်းစစ် စကထဲက အေအေ ရခိုင်တွေ လူမျိုးရေး အစွန်းရောက်ပြီး မြန်မာ အရပ်သားတွေကို သတ်လာတာ သောင်းချီ နေပြီ၊ ကျောက်တော်ဖြစ်စဉ် မှာ ကလေး၊ မိန်းမ ၉၀၀ ကျော် သတ်တယ်၊ အမ်း မှာ စစ်သုံ့ပန်း ရာချီ မီးရှို့သတ်တယ်၊
စစ်ကို စစ်နဲ့ တူအောင်တိုက်တဲ့ ကိုးကန့်တွေ အရပ်သား မသတ်ဘူး၊ သုံ့ပန်း မသတ်ဘူး၊ ကောင်းကောင်းထားတယ် ၊ ပြန်လွှတ်ပေးတာ ထောင်ချီနေပြီ၊
အေအေ ရခိုင်တွေ ဖမ်းထားတဲ့ သုံ့ပန်း တစ်ယောက်မှ မလွတ်ဘူး၊ ခွေးအိမ်သာသာ ထဲ ချုပ်ထားတယ်၊ ညှင်းပန်းနှိပ်စက်တယ်၊ သတ်ဖြတ်တယ်၊
—-
မြန်မာတွေ မမေ့ဘူး၊ အချိန်ကောင်း စောင့်နေတာပဲ ရှိတယ်၊
—-
ကိုးကန့်မို့လို့ ပြန်မတိုက်တာ၊ ရခိုင်မို့လို့ ပြန်တိုက်တာ မဟုတ်ဘူး၊
—-
လူမျိုးရေး အခြေခံပြီး ပါးလာရိုက်လို့ နားပြန်ကိုက်တာ
—
တူဖြစ်တုံးက ထုခဲ့ပြီးရင် ပေဖြစ်တဲ့အခါ ကြိတ်ခံပေတော့
—
င်္ဘဂါလီကုလားတွေလို ကိုယ်ခံရတော့မှ အဖေကယ်ပါ၊ အမေကယ်ပါ၊ ကုလားကယ်ပါ၊ တရုတ်ကယ်ပါ၊ ကုလကယ်ပါ၊ အိုအိုင်စီကယ်ပါ၊ အမေရိကန်ကယ်ပါ နဲ့ သောက်ခြောက်လို မငိုကြေး
—
အဟက်
—
တောင်ပေါ်ပေသီး
#TPPT
Repost from UNION Politics News
ပုဏ္ဏားကျွန်းဒေသရှိ အကြမ်းဖက် AA ကို ချေမှုန်းခြင်း
#UNION_Politics_News
Repost from တောင်ပေါ်ပေသီး
Breaking News
ရခိုင်စစ်မြေပြင်တွင် အထိနာနေသော အေအေခွေးအတို့
အမ်း-ဆင်ခုန်တိုင် တွင် အေအေ ၂၀၀ ကျော်
ပုဏ္ဏားကျွန်း တွင် အေအေ ၁၀၀ ကျော်
ကျောက်တော်တွင် အေအေ ၁၀၀ ကျော်
စုစုပေါင်း အေအေ ခွေးအ ၄၀၀ ကျော် စတင် လက်နက်ချ အညံ့ခံ ကြောင်း ကြားရ
နားဝ မှာ အားရသကွာ
အဟက် 😂
တောင်ပေါ်ပေသီး
#TPPT
Repost from BO SAW(ဖထီးစော)🇲🇲
Breaking News
ရခိုင်ပြည်နယ် စစ်သတင်း ကတော့ မိမိတပ်မတော်ဘက်က ကြည်း ရေ လေ ဟန်ချက်ညီစွာနဲ့ D Day ယ ရက်ကို စက်တင်ဘာလ ၄ ရက်နေ့ကစပြီး 4926 Operation အဖြစ် တရားဝင် စတင်လိုက်ပါတယ် ရခိုင်စစ်သတင်း အမှန်ကို ပြုစုနေပါတယ်
နက်ဖြန် တင်ဆက်ပေးပါ့မယ်ခင်ဗျာ
လတ်တလော ကချင်ပြည်နယ် စစ်သတင်းနဲ့ စလိုက်ကြရအောင်လားခင်ဗျာ
ဟန်ထက်ရွာဘက်မှာ ခံစစ်စခန်းကို အခိုင်အမာ တည်ဆောက်ပြီး ကီယာ နဲ့ ပဒက်တွေဟာ
ယနေ့ မနက်မှာဘဲ
စင်းခန်းဘက်ကို စစ်ကူ အင်အားအဖြစ်
၂၀၀ ခန့် သွားပေါင်းကြပါတယ်
မနေ့ညထဲက ခဲယမ်း ဗုံးသီး ရိက္ခါများကို သရီးကရောင်း ကား ၄စီးအပေါ်
တင်ထားပြီး ယနေ့မနက် ထွက်ခွါသွားတာပါ
ဧရာဝတီမြစ်အတိုင်း ဆန်တက်လာနေတဲ့ စစ်သင်္ဘော အုပ်စုကို ခြုံခို တိုက်ခိုက်ဖို့ စီစဥ္ထားပါတယ် စင်းခန်းတံတားကို မိုင်းခွဲဖျက်ဆီးထားပြီး ဧရာဝတီမြစ်အတိုင်း ဗန်းမော်ကို ဆန်တက်လာမဲ့ စစ်သင်္ဘောအုပ်စုနဲ့ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပေါ်လာဖို့ ရှိနေပါတယ်
ဒီမနက် ဟန်ထက်
ဘက်မှ စင်းခန်းကို ချီတက်သွားတဲ့ ကီယာနဲ့ ပဒက်တွေ ထံမှာ လက်လုပ်မိုင်းများနဲ့ လက်ပစ်ဗုံးများ တင်ဆောင် ထွက်ခွါသွားတဲ့ စစ်သတင်းကိုလည်း ရရှိထားပါတယ်ခင်ဗျာ မိုင်းထောင်မဲ့ အဖွဲ့ကသီးသန့် လူ ၂၀ ခန့်ပါဝင်ကြောင်း နောက်ဆုံးသတင်း ရရှိထားပါတယ်
ကရင်ပြည်နယ် ရွှေကျင်ခွင်ဘက်ကစစ်သတင်းကိူ ဆက်တင်ပြပါ့မယ်ခင်ဗျာ
တပခခွင် ရွှေကျင်ရဲ့
မြောက်ဘက် သံဆိပ်
တုံးတံတား ငါးဖယ်အင်း စခန်းများ စစ်ရေး အထူးဂရုပြုကြပါရန် အသိပေး တင်ပြအပ်ပါသည်
မိမိရဲ့ အမာခံ သတင်းပေးမှ Intercepter ကြားဖြတ် ဖမ်းယူချက်အရ
ရွှေကျင်ခွင် စခန်း ၃ ခုအတွက် ရန်သူ ငပွေးနဲ့ ပဒက်တွေဘက်က သေချာပေါက် တိုက်ခိုက်တော့မည်ဖြစ်ပါတယ်ခင်ဗျာ
ဂဏန်း သုံးလုံး နဲ့ နောက်ပိတ် ၄ တပ်ရင်းဟာ ကျုပ်တို့
သတိပေးတင်ပြနေတဲ့ ကြားထဲကနေ ပေါ့ဆလိုက်လို့ အပုံလိုက် ပေးဆပ်ခဲ့ရတာကို သင်ခန်းစာ ယူစေချင်ပါတယ်
ယနေ့ မှောင်စပြိုးချိန် ကျောက်မှော် ဘုရားကြီးဘက်ကို ရန်သူ ငပွေး တပ်မဟာ ၃ လက်အောက်ခံ သူပုန်တပ်များ အင်အားများ ထပ်မံ ဖြည့်ဆည်းနေကြပါပြီ
အင်္ဂနီရွာ ဘုန်းကြီးကျောင်းအဆင်းမှာ ဆွဲမိုင်းမိတာ ကား ၇ စီး ကိုယ့်ဘက်က အပုံလိုက်ဖြစ်သွားခဲ့ရဘူးပါတယ်
သတိဆိုတာ ပိုတယ်လို့ မရှိပါဘူး
ရန်သူဘက်က ခြင်လိုဘဲ ဖျင် ပေါ်ရင် ဖျင် ကိုကိုက်သွားမှာပါ
စစ်သတင်း ထူးတွေ
လက်ထဲကို ရောက်ရှိနေပါတယ် အသံဖိုင်တွေရော ရှိပါတယ်
ပြန်ပြီး စာစီရမယ် Majorသော်နဲ့ ဗိုလ်စံတို့က Editing
လုပ် တည်းဖြတ်ကြလိမ့်မယ် ခွင့်ပြုချက် ရရင် နက်ဖြန် ရခိုင် စစ်သတင်းထူးကို တဝကြီး ဖတ်ရှုဖို့ စောင့်မျှော်ပေးပါခင်ဗျာ
ကြိုက်နှစ်သက်ရင် Copy & Share ပေးခြင်းဖြင့် အားပေးပါရန် တင်ပြအပ်ပါတယ်
ဆရာသမားများနှင့်သူ
ငယ်ချင်းအားလုံးကို
လေးစားရိုသေစွာဖြင့်
ရဲသုံးဖေါ်+ သတိုးသီဟ
၂၀၂၆ စက် ၀၈ ၂၁၀၀
Repost from Ko Myo Win
၅။ နိုင်ငံတကာဆက်ဆံရေးနှင့် မဟာမိတ်
- ပြင်ပမှ စီးပွားရေး၊ စစ်ရေးနှင့် နည်းပညာ အကူအညီများ ရရှိခြင်း။
( ရုရှား ၊ အိန္ဒိယ ၊ တရုတ် ၊ မြောက်ကိုရီးယား ၊ အီရန် ၊ ပါကစ္စတန် တို့နဲ့ ဆက်ဆံပြီး သိသိသာသာ တမျိုး ၊ တိုးတိုးတိတ်တိတ် တဖုံ ရယူနေတဲ့ အကူညီတွေက တရားမဝင် မစို့မပို့ ခိုးပို့နေရရှာတဲ့ အဆင့်နဲ့ ယှဥ် တွေးကြည့်လေ)
- နိုင်ငံတကာစင်မြင့်တွင် ရန်သူကို သံတမန်ရေးအရ ဝိုင်းပယ်နိုင်ပြီး မိမိဘက်က တရားဝင်မှု ရရှိခြင်း။
( နှိုင်းစရာမလိုတော့ဘူး.. တနိုင်ငံပြီး တနိုင်ငံ ခရီးဆက်နေတဲ့ သမ္မတကြီး နဲ့ Zoom မီတင်လေး လုပ်ပါရစေဆိုပြီး တီမောလို နိုင်ငံပေါက်စကို ခြေသလုံးဖက်နေရရှာတဲ့ အဆင့်)
ဘယ်အချက်မှ အသာစီး ရရှိမထားတဲ့ သူပုန်တွေက ဘယ်လို နိုင်မလဲတွေးမရတာ ဦးဏှောက်ရှိသူတိုင်းပါပဲ ။ ငါတို့ကို တကမ္ဘာလုံးက ထောက်ခံတယ် ပြည်သူ သန်း ၅၀ လုံးက ထောက်ခံတယ် ဆိုပြီး အလိမ်အညာ စိတ္တိဇနာမ်လေးတွေနဲ့ နိုင်မယ်ထင်ရင်ဖြင့်....အင်းးးရွာသာကြီးတော့ စည်ကားအုံးမှာပဲ 😬😬😬
ကိုရွှေမျိုးဝင်း
Repost from Ko Myo Win
အနိုင် အရှုံး သီအိုရီ
================
စစ်ပွဲတွေ တိုက်ကြရာမှာ စစ်အောင်နိုင်ရေး အတွက် အချက်တွေ အများအပြားရှိပါတယ် ။ ရှေးခေတ် စစ်ဗျူဟာဆရာကြီး ဆွန်ဇူး (Sun Tzu) ရဲ့ "စစ်သေနင်္ဂဗျူဟာ" အယူအဆများနှင့် ခေတ်သစ်စစ်ရေးအမြင်များအရ စစ်တစ်ခုကို အနိုင်ရဖို့ လိုအပ်တဲ့ အဓိက အခြေခံအချက်တွေကို အောက်ပါအတိုင်း ခွဲခြားနိုင်ပါတယ် -
1 ။ ခေါင်းဆောင်မှုနှင့် စိတ်ဓာတ်အင်အား
- စစ်သေနင်္ဂဗျူဟာ ကျွမ်းကျင်ပြီး ပြတ်သားတဲ့ ဆုံးဖြတ်ချက် ပေးနိုင်သော စစ်ဗိုလ်ချုပ်များနှင့် ခေါင်းဆောင်များ ရှိခြင်း ။
( ကိုယ့်အပွင့် ကိုယ်တပ်ပြီး ရာထူးယူနေကြတဲ့ သူပုန်တွေ နဲ့ အဲဒီသူပုန်ကို ဆရာတင်ပြီး ရပ်ရွာထဲက မိမနိုင် ဖမနိင် ကလေကချေတွေနဲ့ စုဖွဲ့ထားတဲ့ ပေါက်ပန်းသေးအဆင့် နဲ့ ရာထူးတဆင့်တက်ဖို့တောင် မလွယ်တဲ့ တပ်မတော်အဆင့် ၊ အရေးကြီးလှတဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက် ယခုမှ တပ်မတော်က စ ကျင့်သုံးတာ တွေ့ရ)
- စစ်သည်များ၏ တိုက်ခိုက်လိုစိတ်၊ ယုံကြည်ချက်နှင့် စည်းကမ်းပြည့်ဝမှုသည် လက်နက်အင်အားထက်ပင် ပိုမိုအရေးပါတတ်ပါသည် ။
( စည်းကမ်းကတပ်မတော်နဲ့ တခြားစီပါ ၊ တိုက်ခိုက်လိုစိတ် သူပုန်က ပိုများနိုင်ပါတယ် လုယက်ခွင့်ပေးထားလို့ သို့သော် အမိန့်နာခံမှုက တိုက်ခိုက်လိုစိတ်အား မျှခြေပေးနိုင်ပါတယ် ၊ ယုံကြည်ချက် ဆိုတာ အားနည်းသူတွေအတွက် အားပေးစကားပေါ့ ယုံကြည်ချက်အားကောင်းတိုင်း စစ်နိုင်ရင် ဗကပ တွေ တကမ္ဘာလုံး သိမ်းတာကြာပေါ့)
- မိမိဘက်မှ စစ်ပွဲသည် တရားသောစစ်ဖြစ်ပြီး ပြည်သူလူထု၏ တစ်ခဲနက် ထောက်ပံ့ကူညီမှုကို ရရှိခြင်း။
( ဘယ်သူက လူလို သူလို အုပ်ချုပ်သလဲ မသိဘူး ပြည်သူတွေ ပြေးရရင် တပ်မတော်အုပ်ချုပ်တဲ့ ဒေသချည်း ပြေးနေရတာပဲ ၊၊ ပြည်သူ့ထောက်ခံမှုလား...? အခုဆို ဖိုးချစ် ၊ အောင်ဇမ္မူ ၊ စမ်းရေမိုး တို့လောက်တောင် ပြည်သူက စိတ်မဝင်စားရတဲ့ ကြားထဲ ဘစိုင်းကပါ မျက်နှာဖြတ်ကန်သွားလို့ ငိုချင်းချနေကြတာ ကြည့်ပေတော့.. )
၂။ စစ်ရေးဗျူဟာနှင့် သတင်းအချက်အလက်
- "မိမိအကြောင်းရော ရန်သူ့အကြောင်းပါ သိပါက တိုက်ပွဲပေါင်း ရာချီနိုင်၏" ဆိုသလို ရန်သူ့ အားနည်းချက်၊ အားသာချက်နှင့် လှုပ်ရှားမှုများကို ကြိုတင်သိရှိခြင်း ။
( ပြည်သူ့ဆီက သတင်း ဒီထက် တန်ဖိုးထားတတ်ရင် တပ်မတော်က ဒီအချက်မှာ ပိုပြီးအားကောင်းပါလိမ့်မယ် ၊ ရန်သူ့ဆီ မိမိသတင်းရောက်နိုင်ဖို့က အတွင်းက ပိုးထိုးလောက်ကိုက် တွေကို သတိထားဖို့ပဲ လိုမယ် 4926 ဘာသံမှ မကြားရပဲ စချပြီး ၂ ရက်လောက်နေမှ သိကြရတာ ကြည့်ပါ)
- ရာသီဥတု၊ မြေပြင်အနေအထား ကို ကျွမ်းကျင်စွာ အသုံးချနိုင်မှုနှင့် ထိရောက်သော တိုက်ကွက်များ ဖန်တီးနိုင်မှု ။
( ခေတ်မှီ လက်နက်တွေက ယခင် အတားအဆီး { မိုး ၊ တိမ်ထု ၊ အမှောင် ၊ တွင်း ကျင်း ကတုတ် } အားလုံးကို ကျော်ဖြတ်နိုင်ပြီး လမ်းပမ်း မြေပြင်ကိုလည်း ကောင်းကင်က ကြည့်ရနေပြီမို့ အားလုံးရဲ့ အသာစီးရမှုက တပ်မတော်ဘက်မှာပါ)
၃ ။ ထောက်ပို့စနစ်နှင့် စီးပွားရေးအင်အား
- ရှေ့တန်းရောက် စစ်သည်များအတွက် စားနပ်ရိက္ခာ၊ သောက်သုံးရေနှင့် ဆေးဝါးထောက်ပံ့မှု မပြတ်တောက်ခြင်း
( ရှေ့ပိုင်းတုန်းက သစ္စာဖောက် ကွန်မန်ဒါအချို့ကြောင့် လူကြားမကောင်း ဖြစ်ခဲ့ရတဲ့ ဒီပြဿာနာက ခိုင်းပြီးတာနဲ့ အောက်ခြေထိ ဂရုစိုက်ပြန်ကြည့်တဲ့ တပ်ချုပ်အသစ်လက်ထက်မှာ အေးဆေး.... ရှူးရှဲနဲ့ ထမင်းစား တွေ့တဲ့ရွာ လုစားနေရတာ တကယ်တောတိုးတိုက်နေရတဲ့ PDF တွေ အသိဆုံး...ဘာမှ တန်းမဆိုင် ကြာလေ ကွာလေ)
- ခေတ်မီလက်နက်များ အသုံးပြုနိုင်ရုံမျှမက အဆိုပါ လက်နက်များအတွက် ခဲယမ်း၊ စက်သုံးဆီနှင့် အပိုပစ္စည်းများ အချိန်မှန် ထောက်ပံ့ပေးနိုင်ခြင်း ။
( အရေးကြီးတာ ငွေကြေးနှင့် စီးပွားရေး အပြင် ကြီးကြပ်ကန့်သတ် အဆင့် လက်နက်ခဲယမ်း ရရှိနိုင်မှုပဲ ၊ ငွေရှိတိုင်း ဝယ်မရတဲ့ အဆင့်မြင့်လက်နက်တွေက တရားဝင်အစိုးရအတွက် အလွယ်တကူ အကြွေးနဲ့ ရောင်းချပေးသူတွေ ပလူပျံနေပေမယ့် သူပုန်အတွက် ငွေပုံပေးလည်း မရောင်းရဲပါဘူး ဒါကြောင့် ငှက်ကင် ငှက်ကင် သေအောင်အော်ပြီး အဲဒီ ငှက်တွေက ဖင်ချတာ ခံနေရတာပဲ OK )
၄ ။ နည်းပညာနှင့် သတင်းပြန်ကြားရေး
- ဒရုန်း (Drone)၊ စတိုက် ကင်းစနစ်များ ၊ ဆက်သွယ်ရေး နည်းပညာနှင့် လေကြောင်းစိုးမိုးနိုင်မှု
( ပေါချောင်ကောင်း ဒရုန်းလေးတွေနဲ့ စစ်ပွဲ နိဒါန်းအစမှာ နှစ်ပေါင်းများစွာ ကိုယ့်ဘာသာ သာယာ အထင်ကြီး ဘဝင်ကိုင်နေတဲ့ တပ်မတော်ကို အနိုင်ရခဲ့ပေမယ့် ဒီနေ့ ဒီအချိန်မှာတော့ ကြာလေ ကွာလေ ဖြစ်နေပါပြီ... လေကြောင်းစိုးမိုးက 0 % နဲ့ 100 % ဘယ်လို ယှဥ်ပြရမှန်းတောင် မသိပါဘူး )
- စစ်ပွဲ၏ မှန်ကန်မှုကို ကမ္ဘာကသိအောင် တင်ပြနိုင်မှု၊ ရန်သူ့စိတ်ဓာတ် ပျက်ပြားအောင် သတင်းပြန်ကြားရေးဖြင့် ထိုးစစ်ဆင်နိုင်မှု။
( ဒီနေရာမှာဖြင့် အစိုးရ သတင်းထုတ်ပြန်မှုက အခုချိန်ထိ ZERO ပဲ ငွေကုန်သံပြာအဆင့် ၊ ဆိုရှယ်မီဒီယာမှာ တန်ပြန်တိုက်နေကြရတာ ကိုယ့်ဘေလ်ကိုယ်သုံး မျိုးချစ် အုပ်စုပဲ)
Repost from နရီမိုး
စစ်မြေပြင် အဆင့်တိုးဆိုတာ သာမန်ရဲရင့်မှုမျိုးနဲ့ မရတတ်ဘူး။ သတ္တိပိုင်းဆိုင်ရာနဲ့ တပ်ရင်းတပ်ဖွဲ့အတွက် စွမ်းစွမ်းတမံ ကြိုးပမ်းမှ ရတတ်တာမျိုး။ ဆိုတော့...သာမန် နှစ်ပြည့်လို့ အရစ်ကပ်တာ၊ အဆင့်တိုးတာထက်...တိုက်ရဲ၊ခိုက်ရဲလို့ ရတဲ့ အဆင့်တိုးမျိုးကြတော့....သေတဲ့အထိ ကျန်ရစ်တဲ့၊ တနည်းအားဖြင့် ဘဝတလျှောက်လုံး ပြောစမှတ်တွင်ရတဲ့ သမိုင်းမှတ်တိုင်မျိုး စိုက်ထူခဲ့တာလို့ ပြောလို့ရတယ်။
ပစပဲ ပြောပြော၊ တန်းပြည့် စစ်မှုထမ်းပဲ ပြောပြော ဒီယူနီဖောင်းဝတ်ကတည်းက ပစလည်း တပ်မတော်သားအဆောင်အယောင်နဲ့ တပ်မတော်သားပုံစံ အလံကိုင်၊ သစ္စာဆိုပြီး တိုင်းပြည်အတွက် သစ္စာရှိ ရဲရင့်ကြရတာပဲ။
အရင်က ပစ ဆိုရင် ပူပူနွေးနွေး သင်တန်းဆင်းခါစ ရှေ့တန်းပို့တာတွေ ဆိုပြီး ပြောနေကြပေမယ့် ...ခုလိုရဲရင့်မှုအပြည့်နဲ့ အရည်အသွေးပြည့်ဝနေတဲ့ စစ်သည်တွေဖြစ်လာချိန်မှာတော့ ရန်သူတွေဘက်က ရင်ဆိုင်ချင်ကြမယ် မထင်ဘူး။ ရှေ့တန်းစစ်မြေပြင်မှာ Dog fight တိုက်ခိုက်ရချိန်....ရုတ်ချည်းပေါ်လာတဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ ရဲရင့်မှုက လူတိုင်းမှာ မရှိတတ်ဘူး။
ဒီ စစ်သည်တွေ အတွက် ဂုဏ်ယူရတယ်ဆိုတဲ့ စကားထက် ပြောစရာ စကား မရှိတော့ပါဘူး။ ရှေ့မှာလည်း သူရ ဘွဲ့တွေ ရထားသူတွေ ရှိနှင့်နေပြီးသားပဲ။
(နရီမိုး)
Repost from တပ်ကြပ်ကြီးဖိုးကွန်း
❗️အာရှနိုင်ငံတွေက တယ်လီဂရန် အသုံးပြုသူတွေ ပြသနာတချို့နဲ့ ရင်ဆိုင်နေရ❗️
စက်တင်ဘာလ ၈ ရက်နေ့ ဒီကနေ့မှာ အာရှနိုင်ငံတွေက တယ်လီဂရန် အသုံးပြုသူတွေ အနေနဲ့ ချန်နယ်တွေမှာ မန့်ဝင်ရေးလို့ မရတာတွေ၊ message ပို့မရတာ လက်ခံ မဝင်တာတွေနဲ့ login ဝင်မရတာတွေ အပါအဝင် connection ပြဿနာတွေ တစ်ချိန်တည်း ဖြစ်နေကြောင်း သိရပါတယ်။
တယ်လီဂရန် အသုံးပြုသူတွေ အနေနဲ့ ဒီပြသနာက တယ်လီဂရန်ဘက်ကနေ ဖြစ်နေတာသာ ဖြစ်ပြီး မိတ်ဆွေတို့ အသုံးပြုနေတဲ့ အကောင့် တစ်ခုချင်းစီက ပြသနာရှိနေတာ မဟုတ်လို့ စိတ်မပူကြဖို့ အသိပေးရပါတယ် ခင်ဗျာ။
Crd.
Repost from တောင်ပေါ်ပေသီး
အေအေ ခွေးအ တို့၏ ကျောက်တော် အစည်းအဝေး ဗုံးကြဲခံရမှု
---
ကျောက်တော်မြို့တွင် ULA/AA ခွေးအ အကြမ်းဖက်အဖွဲ့၏ အစည်းအဝေး ပြုလုပ်နေစဉ် ဗုံးကြဲတိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့သည်။
အစောပိုင်း သတင်းအရ အေအေခွေးအ သူပုန်တပ်ခေါင်းပေါင်းကြီးများအပါအဝင် ၂၉ ဦး သေဆုံး၊ ၃၂ ဦး ဒဏ်ရာရ ခံခဲ့ရသည်ဟု သိရသည်။
---
သေဆုံးမှု အတိအကျ
----
ပထမပိုင်းတွင် ၁၅ ဦးခန့် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၄၆ ဦးထဲမှ ဒဏ်ရာပြင်းထန်သူ ၁၄ ဦး ထပ်မံသေဆုံးသွားကြောင်း သတင်းရရှိသည်။
ထို့ကြောင့် စုစုပေါင်း ၂၉ ဦး သေဆုံး၊ ၃၂ ဦး ဒဏ်ရာရ ဖြစ်လာခဲ့သည်။
ဒဏ်ရာပြင်းထန်သူများထဲတွင် နောက်ထပ် သေဆုံးမှုများ ဖြစ်နိုင်ခြေရှိနေသေးသည်ဟု ဒေသခံများက ဖော်ပြသည်။
---
ထိခိုက်မှု
---
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ULA/AA အကြမ်းဖက်ခွေးအကြီးများအပါအဝင် အရေးကြီးသူများ သေဆုံးမှု ဖြစ်ပေါ်ခဲ့သည်။
ဒေသခံများပြောစကားအရ အေအေခွေးအခေါင်းဆောင်များ ဗုံးကြဲခံရ သေဆုံးမှုကြောင့် အေအေခွေးအတပ်အတွင်း အကြီးအကျယ် ကြောက်လန့်တုန်လှုပ် နေကြပြီး လေတပ်မပိုင် စစ်မနိုင် နိုင်တော့၍ တပ်မတော်ထံ လက်နက်ချကာ အသက်ချမ်းသာရာ ရှာဖွေရန် မိသားစု များကို မြန်မာပြည်ဖက် လျို့ဝှက်စွာ တိမ်းရှောင်ခိုင်းနေကြကြောင်း ကြားသိရသည်
တောင်ပေါ်ပေသီး
#TPPT
Repost from Ko Myo Win
ဇင်းမယ်ဘုရင် အကူညီတောင်းတဲ့ လင်းဇင်းမင်း အန္တရာယ်ကို ရှင်းလင်းနှိမ်နင်းပြီးကြောင်း ၊ လင်းဇင်းမင်းရဲ့ စစ်သေနာပတိ နဲ့ ထက်ထောက်တို့ကို အရှင်ဖမ်းမိကြောင်း အင်းဝ ရှိ ဘုရင့်နောင်ထံ သတင်းပို့လိုက်ပါတယ် ။ ထိုအခါ ဘုရင့်နောင်က အနန်းမြို့ကို ဗညားငသည်လုံ ၊ ဇင်းငသည် မြို့ကို ဗညားသံပိုက် ၊ ပြဲမြို့ကို ဗညားသဲ ၊ တုရိုင်းမြို့ကို ဗညားငသည်တို့ကို အသီးသီး ပေးအပ်ခိုင်းလိုက်ပါတယ် ။
ထို့နောက် ကိုယ့်လက်အောက်က အုပ်ချုပ်ခံ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် နဲ့ တရားမျှတတဲ့ အုပ်ချုပ်ရေးအတွက် အားလုံးနေသားတကျဖြစ်အောင် စနစ်တကျ စီစဥ်ခဲ့ရန် မိန့်ပါတယ် ။ အဲဒါတွေ ပြီးစီးကြောင်း သတင်းပို့မှသာ သတိုးမင်းစောနဲ့ တပ်မှူး စစ်ကဲ အပေါင်းတို့ကို ပြန်ခဲ့တော့လို့ ခေါ်လိုက်ပါတယ် ။
အင်းဝမှာရှိနေတဲ့ ဘုရင့်နောင်ထံ မိုးဝန်းစော်ဘွား ၊ မိုးနဲစော်ဘွား ခုံမှိုင်း က ဗညားခုံမှိုင်း ၊ လာသာစော်ဘွား ညီစဆိုင်လုံ ၊ စန္ဒားစော်ဘွားက ညီမိုးရစ်စားတို့ကို ခေါ်လာပြီး လက်ဆောင် ပဏ္ဏာကာရ အများနှင့် ခိုလှုံလာကြပါတယ် ။
ဘုရင့်နောင်က ခိုလှုံလာသော ညီသားတို့ကို သစ္စာတော်ပေးပြီးလျှင် အမည်၊ အရည်၊ အဆောင်၊ အယောင်၊ အထိုက်အလျောက် ချီးမြှင့်ခဲ့ပါတယ် ။ ထို့နောက် သုံးဆယ်စားနှင့် သီရိဓမ္မရတ်ကို ဘုရင့်နောင်ကိုယ်စား စော်ဘွားညီ သားတို့ကို လိုက်၍ သစ္စာတော်ပေးရန် တာဝန်ပေးပါတယ် ။ အဆောင်အယောင်များကိုလည်း စနစ်တကျ ပေးအပ်ကြရပါတယ် ။
ပြီးတော့ ထုံးစံအတိုင်း မိစ္ဆာဒိဋ္ဌိ အယူများကိုလည်း သမ္မာဒိဋ္ဌိဖြစ်အောင် ဆုံးမရသည် ။ သီတင်းသုံးနေလိုသော အရိယာပုဂ္ဂိုလ်တို့ကိုလည်း တောင်းပန်၍ ပိဋကတ်ကျမ်းဂန်နှင့်တကွ သီတင်းသုံးနေရသည်။ စော်ဘွားတို့က တစ်နှစ်သုံးကြိမ် ရွှေဇ၊ မြင်း၊ ခဲ သတ်မှတ် ခွန် ပေးဆောင်ရန် အတည်ပြုကြရပါတယ် ။ သုံးနှစ်တစ်ကြိမ်လည်း ဟံသာ ဝတီ နေပြည်တော်သို့လာ၍ မဖြစ်မနေ တွေ့ဆုံရမည် မတွေ့ပါက သူပုန်ဟု သတ်မှတ်ချေမှုံးမည် ။
အလေး၊ တောင်း၊ တင်းတို့ကိုလည်း နေပြည်တော်နှင့် တစ်ချက်တည်း ထားတော်မူသည်။ စော်ဘွားတို့ကိုလည်း တစ်လလေးသီတင်း သရဏဂုံ ပဉ္စသီ အဋ္ဌဒသီ ဆောက်တည်ရသည်။ ပြည်သူရွာသားတို့ကိုလည်း တစ်လလေးသီတင်း တရားနာရသည်။ ဤသို့ ပစ္စုပ္ပန် သံသရာစီးပွားနှစ်ပါးကို ဆောင်တော်မူ၍ သက္ကရာဇ် ၉၂၁ ခု၊ ကဆုန်လဆန်း ဆယ့်နှစ်ရက်၊ တနင်္လာနေ့တွင် အင်းဝ မှ ဟံသာဝတီသို့ ပြန်ရာ နယုန်လပြည့်ကျော် ၅ ရက်၊ ကြာသပတေးနေ့- ဟံသာဝတီသို့ ပြန်ရောက်ပါတယ် ။
ဟံသာဝတီရောက်တာနဲ့ ဘုရင့်နောင်ဟာ မဟာစေတီ တည်ဖို့ ဆောင်ရွက်ပါတယ် ။ သက္ကရာဇ် ၉၂၁ ခု၊ ဝါဆိုလဆန်းငါးရက်၊ ကြာသပတေးနေ့ ကောင်းမှုတော်၊ မဟာစေတီ ဖိနပ်ရာ တွင်းတူးသည် ။ ဝါဆိုလပြည့်ကျော် ၂ ရက်၊ ကြာသပတေးနေ့တွင် ရွှေအုတ်၊ ငွေအုတ် စချပါတယ် ။ ဇောတိယာရံကျောင်းကို ကျောင်းရံလေးဆယ်နှင့်တကွ ဆောက်လုပ်ပါတယ် ။
သက္ကရာဇ် ၉၁၂ မှာပဲ နေအိမ်ဆောက်ပါတယ် ။ ၉၁၂ နတ်တော်လဆန်း တစ်ဆယ့်လေးရက်၊ တနင်္ဂနွေနေ့ မှာ မဟာစေတီ သို့ ဌာပနာရန် ဓာတ်တော်များ ပို့ဆောင်ကြပါတယ် ။ မဟာစေတီအရှေ့တွင် မင်းတဲဆောက်၍ မင်း၊ မိဖုရား၊ ကိုယ်လုပ်တော်၊ မောင်းမအပေါင်းနှင့် ကြည့်တော်မူသည်။ ထိုနေ့မှာပဲ ရာဇဒေဝီ မိဖုရားမှ သမီးတော်တပါး ဖွားမြင်လာပါတယ် ။ ထို့ကြောင့် သမီးတော်ကို ရာဇဓာတုကလျှာ လို့ အမည်ပေးလိုက်ပါတယ် ။
အမြင့် အတောင် ၁၅၀ ၊ အောက်ခုံ အတောင် ၁၀၀ ရှိ မဟာစေတီရဲ့ ပထမဆုံး ဌာပနာထည့်ပွဲကို ၉၁၂ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဗုဒ္ဓဟူးနေ့ မှာ ဆောင်ရွက်ခဲ့ပါတယ် ။ နောက်ထပ် ၅ ကြိမ် ဌာပနာ ထည့်ခဲ့ကြပါတယ် ။
ဘုရင့်နောင်အတွက် စစ်ပွဲတွေက စောင့်ကြိုနေပြန်ပါပြီ ။ သက္ကရာဇ် ၉၂၁ ခုတွင် အင်းဝကျေးလက်ဖြစ်သော မြောက်ဘက် မင်းခင်းအောက်ရှိ ကျေးလက်များကို ကသည်းစော်ဘွားက ထိပါးဖျက်ဆီးလာကြောင်း ကလေးစော်ဘွားက သတင်းပို့လာပါတယ် ။ ဘုရင့်နောင်က...
“ငါ့နိုင်ငံတော်ဖြစ်သော ကျေးစွန်ရွာလက်တို့ကို ထိပါးလာအား အင်းဝဘုရင် နဲ့ ကလေးစော်ဘွား တို့က လိုက်လံ၍ မဖမ်းကြဘူးလား နယ်မြေအေးချမ်းဖို့ မင်းတို့ကို ဘုရင်ခံရာထူး စော်ဘွားရာထူး ပေးထားတာ မဟုတ်ဖူးလား ”
ဟု ပြတ်သားခက်ထန်စွာ မေးလိုက်ပါတယ် ။ ထိုအခါ
“ကသည်းတို့သည် တောင်တန်း ချောက်ကမ္ဘားများမှာနေပြီး တစ်ရာတစ်စု ၊ နှစ်ရာတစ်စု တောကြက် တောငှက် အနေနဲ့ ဟင်းရွက်ခူးသူ ထင်းခွေသူကိုပဲ ဒုက္ခပေးကြပါတယ် ။ သည်အကြောင်းများကိုသိ၍ လိုက်လံဖမ်းဆီးလျှင် တောကြိုအုံကြားသို့ ပြေးပုန်းနေ၍ ဖမ်းရခက်နေကြောင်း ''
ပြန်ဖြေကြပါတယ် ။ ထိုအခါ ဘုရင့်နောင်က...
" ကေသရာဇာ ခြင်္သေ့မင်းတို့သည် ကြီးသောသတ္တဝါ၊ ငယ်သောသတ္တဝါဟူ၍ မခွဲခြားပဲ မြဲစွဲသောလုံ့လဖြင့် ဖမ်းစားဘိသကဲ့သို့ ညီတော်၊ သားတော် ၊ မှူး မတ်တော်တို့နဲ့ သွားရောက်နှိမ်နင်းကြမယ် ''
လို့ မိန့်တော်မူရာ နန္ဒသင်္ကြန်က.......
ကိုရွှေမျိုးဝင်း
Repost from Ko Myo Win
တပင်ရွှေထီး နဲ့ ဘုရင့်နောင် ( 52)
=========================
" အင်း..ညီတော် သတိုးဓမ္မလျှောက်တင်ချက်ကို ငါသဘောကျတယ် ဒီတော့ ငါနဲ့ထပ်တူ စိတ်ချရတဲ့ ညီတော် သတိုးမင်းစောက ငါ့ကိုယ်စား စစ်ချီရမယ်.. ငါ့အာဏာကို ညီတော်အား ယုံကြည်စွာ သုံးခွင့်ပေးလိုက်တယ်... ညီတော်အနေနဲ့ ငါ၏ အာဏာအား တလွဲမသုံးရ သုံးခဲ့သော် ကွပ်မည် ''
ရှင်း၏ ပြတ်၏ အာဏာကို ခွဲဝေပေးလိုက်တယ် ၊ တလွဲမသုံးနဲ့ သုံးရင် သတ်မတဲ့.... ဧကရာဇ်မင်း ပီသပါပေ့ ဒီလို အာဏာကို ခွဲဝေသုံးတတ်လို့လဲ စိုးမိုးအုပ်အုပ်ရမယ့် နယ်ပယ်တွေ ကျယ်သထက် ကျယ်လာရတာပေါ့လေ ။
အမိန့်ကြောင့် စစ်ပြင်ကြပါတယ် ။
- လက်ယာရဲတိုင် ၊ တုရင်ရာဇာ ၊ လက်ယာ ယောဓာ ၊ ရာဇတမန် ၊ နန္ဒသိန်းစည်း မြင်းတပ် ၅ တပ် ။ ဆင်တပ်မှာ ဗညားကျန်းတော ၊ ဘယကျော်ထင် ၊ ရာဇသင်္ကြန် ၊ နန္ဒကျော်ထင် ၊ သမိန်သံလိုက် ၊ သီရိဇေယ ကျော်ထင် ၊ အဲမွန်ဒယာ ၊ နေမျိုးကျော်ထင် ၊ သမိန်ဇိပ်ပွန် ၊ ညောင်ရွှေ စော်ဘွား ၊ မိုးနဲစော်ဘွား ၊ အင်းဝဘုရင် သတိုးမင်းစော ဆင်တပ် ၁၂ တပ် ။ စုစုပေါင်း ၁၇ တပ် တိုက်ဆင် ၊ မြင်း ၆၀၀ ၊ စစ်သည် ၁၄၀၀၀၀ နှင့် သက္ကရာဇ် ၉၂ဝ ခု၊ နတ်တော်လဆန်း ၇ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ရွာငံသို့စတင် ချီတက်လာကြပါတယ် ။
သတိုးမင်းစောတို့ စစ်ကြောင်းက ရွာငံမှတဆင့်ဆက်သွားကာ မိုးနဲမှာ နားပြီးမှ ထားစင်ဆိပ်ကိုကူး၍ ဇင်းမယ်သို့ ချီတက်ပါတယ် ။ စစ်ချီလမ်းကြောင်းမှာ မိမိပိုင်နက် အတွင်း ကျရောက်ပြီး အမှန် သြဇာကြီးသူ ဘုရင့်နောင်မို့ သူ့ရဲ့ စစ်တပ်ကြီးကို ကြားဖြတ်တိုက်ရဲမယ့်သူ မရှိပဲ ချောမောစွာနဲ့ ဇင်းမယ်ထိ ရောက်သွားပါပြီ ။
ဇင်းမယ်တွင် ထားခဲ့တဲ့ ဗညားဒလ၊ ဗညားစက်တို့နှင့် တိုင်ပင်ပါတယ် ၊၊ ထို့နောက် နယ်ခံဇင်းမယ်အမတ် ငသည်လုံ တို့ကို ခေါ်ပြီး မြေပြင်အခြေအနေကို မေးမြန်းပါတယ် ။ လင်းဇင်းမင်းသည် တုရိုင်းမြို့မှာ အလုံးအရင်း နဲ့ တပ်တည်နေပြီး အခွင့်အခါ ရတာနဲ့ တိုက်ခိုက်ဖို့ ကြံစည်နေကြောင်း သတင်းပေးကြပါတယ် ။
သတို့မင်းစောက ရန်သူ တုရိုင်းမှာ ရှိရင် တုရိုင်းကို သွားတိုက်မယ် ဆိုကာ အမတ် ငသည်လုံတို့ကို လူစုစေပြီး တုရိုင်းသို့ ချီတက်ကြပါတော့တယ် ။ အင်းဝဘုရင် သတိုးမင်းစောတို့လည်း တုရိုင်းသို့ရောက်လျှင် အကဲခတ်ကြည့်ပါတယ် ။ ရန်သူ့ အင်အား မြို့ပြအနေအထား မျက်မြင် ဖြစ်တာနဲ့ သတိုးမင်းစောလည်း ဗျူဟာခင်းဖို့ တိုင်ပင်ပါတယ် ။
" ကဲ ရန်သူ့မြို့ကို တွေ့ရပြီ ငါ့အမြင် ပြောရရင်တော့ ဘာမှ မဟုတ်လှပေဘူး ရေစိမ်ထားတဲ့ စက္ကူလို အလွယ်ပင် ဆွဲဖြဲလို့ ရပါလိမ့်မယ်... ဒါပေမယ့် ငါလိုချင်တာက လင်းဇင်းဘုရင်ကို အရှင်ဖမ်းပြီး နောင်တော်ကြီးထံ ဆက်သချင်တာပဲ... ''
ထိုအခါ ဘယကျော်ထင်က...
" ဒီလိုဖြင့် ကျနော်မျိုးတို့ဘက်က ပြေးပေါက် ကြိုပိတ်ထားဖို့ လိုပါလိမ့်မယ်.. ပိတ်ဆို့သူများအား လင်းဇင်းမင်းကို လက်ရဖမ်းဆီးဖို့ အမိန့်ပေးရပါ့မယ်.. လွတ်ရင် သေဒဏ် ၊ အသေဖမ်းမိရင် အပိုင်စားမြို့ ပြန်ရုတ်မယ့် အမိန့်ထုတ်ဖို့ အရေးတကြီး လိုအပ်ပါတယ်... ဒါကြောင့် စစ်မြေပြင်မှာ ဆင်ခြေမရှိ အောင်ပွဲယူခဲ့တဲ့ သူရဲကောင်းတွေကို ဒီတာဝန်နဲ့ ဒီအမိန့် ပေးပါက ကိုယ်တော့်ရဲ့ ဆန္ဒ ပြည့်ပါလိမ့်မယ် ''
သတိုးမင်းစောလည်း ဘယကျော်ထင် ရဲ့ အကြံကို သဘောကျတာနဲ့ အဲဒီအတိုင်းဆောင်ရွက်ပါတယ် ။ ဖမ်းဆီးရေး အဖွဲ့ နေရာချထားမှု စီစဥ်ပြီးတာနဲ့ သူ့မူအတိုင်း တုရိုင်းမြို့ကို ဆင်အား မြင်းအား ခြေလျှင်အားတို့နဲ့ ပြင်းထန်စွာ ဝင်ဆောင့်တိုက်ပါတော့တယ် ။
လင်းဇင်းသားတွေ အတွက်တော့ သတိုးမင်းစောရဲ့ ရဲတင်းလွန်းတဲ့ တိုက်စစ်ကို အံ့သြတကြီး ခုခံကြပေမယ့် မရပါဘူး ။ ကြုံးဝါးသံတွေ ခြိမ်းခြောက်သံတွေ ဗမာစစ်မောင်းသံတွေ ရဲ့ ကြားထဲမှာ လင်းဇင်းသားတို့ အိပ်မက်တွေ ပြိုကျလာရပါပြီ ။ မြို့တံခါးကို ခိုင်ခန့်လှပြီ ထင်ခဲ့ကြပေမယ့် ဗမာ့တိုက်ဆင်တွေရဲ့ အလှည့်ကျ တိုးဝှေ့ တွန်းထိုးတဲ့ ဒဏ်ကို မခံနိုင်ပါဘူး ။
ဝုန်းကနဲ ပွင့်သွားတဲ့ မြို့တံခါးအတွင်းကို အလုအယက် ဝင်လာကြတဲ့ စစ်ဆင် စစ်မြင်းတွေက တောင်ကျရေကဲ့သို့ တွေ့သမျှအား တွန်းထိုးခုတ်ထစ်ကြရင်း မြို့လယ်က လင်းဇင်းမင်းရဲ့ တည်နေရာကို တစိုက်မတ်မတ် တိုးဝင်သွားကြပါတယ် ။ တပ်မှူး နဲ့ အကြပ်တွေက လင်းဇင်းမင်းကို အရှင်ဖမ်း မသေစေနဲ့ ဆိုတဲ့ အမိန့်တွေနဲ့ အဆက်မပျက် သတိပေးနေရလေရဲ့ ။
လင်းဇင်းမင်းလည်း စစ်သူကြီး ဗညားကင်နှင့် စစ်ကဲငသည်စုတ် ၊ ငသည်ဝင်တို့နဲ့အတူ လျှင်မြန်စွာ ထွက်ပြေးပါတော့တယ် ။ ပြေးရာမှာ ပိတ်ဆို့ထားတဲ့ ကြားယိုပေါက်ကနေ အလစ်ပြေးရာမှ ဝိုင်းဖမ်းကြသော်လည်း ဗညားကင် နဲ့ အမတ်တွေက အသေအလဲ ခုခံပြီး လင်းဇင်းမင်းကို ပြေးစေတဲ့အတွက် စစ်သူကြီး ဗညားကင် နဲ့ စစ်ကဲ ငသည်စုတ် ၊ ငစည်ဝင် တို့ကိုပဲ လက်ရဖမ်းမိခဲ့ပါတယ် ။ လင်းဇင်းမင်း လွတ်သွားပေမယ့် စစ်သေနာပတိ တဖွဲ့လုံးကို ဖမ်းနိုင်လို့ အပြစ်မပေးပါဘူး ။
လင်းဇင်းမင်းပြေးရာ လမ်းတကြောက အနန်းစား၊ ပြစား၊ ဇင်းငသည်စား၊ ဇင်းခေါင်းစားတို့လည်း လက်မခံရဲတဲ့ အတွက် မိမိတို့မြို့ကို ပစ်၍ သားမယားနှင့်တကွ လင်းဇင်းမင်းနှင့်အတူ ပြေးကြပါတယ် ။
အော်ပရေးရှင်းမုန်တိုင်း
ခေတ်စားနေတဲ့ ၄၉၂၆ စစ်ဆင်ရေး ရဲ့ တရားဝင် အမည်က မုန်တိုင်း ဆိုပဲ စစ်သေနာပတိက အသက်အငယ်ဆုံးဗိုလ်ချုပ် ကျော်ဇော တဲ့ သဘောက ရခိုင်က မုန် တိုင်းဒဏ် ခံရ လေ့ရှိတော့ အဲနာမည်ပေးတာ ဖြစ် နိုင်တယ် တကယ် မှန်မမှန်ကတော့ ကကကြည်း ဘိုးတော် မေးမှပဲ သိမယ်
တကယ်လဲ မုန် တိုင်းလို ပြင်းထန်ပါတယ်FPV ဒရော့ ဗုံးဗီဒီယိုတွေအရ ပုစွန်ကန်က အေအေ တွေ အတုန်းအရုံးခံရပါတယ် မနေ့ကတော့ အေအေ အလ နဲ့ လန တွေ ရမိဆိုပြီး တယ်လီမှာထုတ်ပြန်
ဒရော့ ဗီဒီယိုမှတ်တမ်းတွေက တကယ့် ကြည်တောက်ရှင်း အောက်ကနေ ပြုံးပြရင်တောင် သွားရေကြည့်လို့ရတဲ့ထိ ကွာလတီကောင်း တကယ်ခံရတော့ စိတ်မကောင်း
ရခိုင်မီဒီယာတွေက အကျအဆုံးများစွာ နဲ့ ထိုးစစ်ရပ် ဆိုပေမဲ့ သက်သေ မှတ် တမ်းမ ပြ နိုင် ငါ ရေး ငါ နိုင် ယုံချင်ယုံမယုံချင် နေ အဆင့်ဖြစ်သွားပြီ
တပ်ပြေးဇင်ယောင်ကတော့ ပုဏ္ဏားကျွန်း နား ရွာတွေထိ မောက်တိုတွေ ဝင်ရောက်တပ်စွဲကို အတည်ပြု သူလည်း အရင်ကမောက်တို ဖြစ်ဖူးတော့ နိုင်စေချင်နေတာလားမသိ
ရသေ့ တောင် ကို ကမ်းတက်သွားတဲ့ တပ်ရဲ့ ရည်မှန်းချက်က နတ်မြစ်ဝ က ဘကုန်းနဲ့ အေအေ ရဲ့ ကုန်သွယ်ရေး ဂိတ် ကို ပိတ်ဖို့ ခုတော့ မရောက်သေးဘူး ကုန်စည်စီးဆင်းမှု ပိတ်သွားပြီ ဆန်ဈေး တက် ထမင်းငတ်မဲ့ကိန်းစ ပြီ
လန တွေကလည်း ၆၀မမ စိန်ပြောင်း မပြောနဲ့ အာပီဂျီ တောင် ဗုံးသီးမပါဘူး ကျန်တာ လနင နဲ့ လွယ်အိတ်ထဲက ကျည်ဆံပဲ အေအေက စနိုက်ပါအားကိုးပေမဲ့
စနိုက်ပါဒဏ်ခံရတာများလာတဲ့မောက်တို တွေက တင့်ကားပစ်တဲ့ တာဝေးပြေးစနိုက်ပါတွေ ထုတ်သုံးလာတယ် ပစ် တဲ့ လူကမှန်အောင်ပစ် သလို ပြေးတဲ့သူကလည်းလွတ်အောင်ပြေးမှ ဘဝက ရှင်သန်မယ်
ထူးခြားတာ အမေစု လက်ထက် ရခိုင်မှာ လက်စွမ်းပြခဲ့တဲ့ တပ်မ ၅၅ ထပ် ရောက်လာတာပဲ
ရခိုင် မြောက်ကို တပ်မ ၂၂ ၇၇ အပြင် ၅၅ ရောက်ရှိ
တောင်ကို ၆၆ နဲ့ ၁၀၁ က ထိုးစစ်ဆင်
ဒီနေ့ ကျောက်တော် အေအေ စစ်ဦးစီး အစည်းအဝေးလုပ်နေတဲ့နေရာကို လေက ကြဲ ကွက်တိ ထိ တဲ့
ဒုတိယ လောက်ကိုင် ပွဲ အပြီး မောက်တိုတွေရဲ့ စစ်နယ်ဝမ်းအဆင့် အကြီးမားဆုံး ခြေမြန် ခြေလျင် ထိုးစစ်ပဲ
ဒီတိုင်းသာ ဆက်ကြိတ်ရင် အေအေ မှာ ကျားဦးရေ အတော်နည်းသွားမယ်
ဘာနဲ့ တူလဲဆို အလောင်းဘုရားလက်ထက် မွန်မြန်မာ တွေ ဖြစ်တဲ့ပြည်မြို့ တိုက်ပွဲ နဲ့ တူတယ် အင်းဝ နေပြည်တော်ထိ တက်သိမ်းခဲ့တဲ့ မွန်တွေဟာ နောက်ဆုံး ပြည်တိုက်ပွဲမှာ ဦးကျိူးပြီး အညာသားတွေလည်း အ တော် ဂိ မွန်လည်း ယိုးဒယားဘက်ပြေး နဲ့ မွန် လူဦီးရေ သိသိသာသာလျော့နည်းသွားတယ် ကျန်တဲ့ မွန်ကလည်း ရှင်သန်ရေးအတွက် မွန် အိုင်ဒန်တတီကို ခံယူသူနည်းသွားတယ်
ရာမညတိုင်း ပုသိမ် မြောင်းမြ မုတ္တမ ဆို မွန် အစားကရင်ကျန်
ကျန်တဲ့ ကရင် နဲ့ မွန် တည့်လားဆိုလည်း မတည့်ဘူးပဲ
အေအေ က ပိုစဉ်းစားရမယ် ရခိုင်နေရာကို အစားထိုးမဲ့ ဘကုန်းတွေကလည်း ဓားတကြိမ်းကြိမ်း မောက်တို တွေ ရဲ့လက်စလက်န နဲ့ ဒါကာ ဆိုတာ။ အ မြောက် တကမ်း ဆိုတာ သိလို့သာ ငြိမ်နေတာ တပ်မတော်သာမရှိရင် ရခိုင်ကို ပြုတ်စားတာကြာပြီ
တပ်ပြေးဇင်ယော် ပြော အရဆို မောက်တိုတွေက မီတာ ၅၀၀၀ အကွာအဝေးတိုင်း တပ်စခန်း အခိုင်အမာချပြီး လက်နက် ရိက္ခာ စုပုံပြီး တဆင့်ချင်းတက် လာတာတဲ့ ဖားခုန်စနစ်ဆိုလားဘာလားမသိ
Crd
Repost from နရီမိုး
ဝန်ထမ်းအင်အား ၃၀၀ ကျော်၊ မီးသတ်တပ်ဖွဲ့နဲ့ တပ်မတော် အင်အားစု အပါအဝင်တို့ရဲ့ ရက်ပေါင်း ၃၀ ကျော် မနားမနေ နေ့ဆိုင်း၊ ညဆိုင်း သဲအိတ်တွေ ထမ်း၊ Steel pile တွေ ချတဲ့ လုပ်ငန်းစဉ်ကတော့ ...ဒီကနေ့ လေးမှာပဲ အပြီးသတ်နိုင်ခဲ့ပါပြီ။
ငဝန်တာပေါ် နေ့မအား၊ ညမအား လျှောက်ခဲ့ကြတဲ့ ခြေလှမ်းတိုင်းအတွက် ...အပြီးသတ်အောင်မြင်မှုတစ်ခုပါပဲ။ ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ခြင်းစီတိုင်းကို ကျေးဇူးတင်ရမှာပါ။
(နရီမိုး)
Repost from နရီမိုး
တနေ့က စိုင်းစိုင်း ရှိုးကို လူကြီး၊ လူငယ် မရွေး လူပင်လယ်ဖြစ်တဲ့အထိ သွားကြတယ်။ လူကြီးလို့ ပြောရတာက စိုင်းစိုင်းနဲ့တန်းတူ အရွယ်တွေတောင် မငယ်တော့တဲ့ အသက်အရွယ်တွေ ရှိကုန်ပြီ မလား။ နှုတ်ခမ်းနီ မလေးတွေရဲ့ အသည်းစွဲ အဆိုတော် ဆိုတော့လည်း ခုချိန်ထိတိုင် ပရိတ်သတ်ကို အင်နဲ့ အားနဲ့ ထိန်းထားနိုင်ဆဲပဲ။
ပြောချင်တာက ဒါနဲ့ပတ်သက်ပြီး ၂၀၂၁ အလွန်ကာလ တုန်းက သူ့ကို Boycott လုပ်ခဲ့တာလေး ပြန်သတိရမိစေတာပါ။ သူကတော့ တခြားသူထက် လုပ်ရပ်ပိုရှင်းတယ်လို့တောင် ပြောရမလားပဲ။ အနီတွေ က သူတို့ကို ထောက်ခံရင် ဓမ္မ၊ သူတို့ကို မထောက်ခံရင် အဓမ္မလို့ ပြောနေချိန်မှာ ပြတ်ပြတ်သားသား ဘေးထွက် နေပေးလိုက်တယ်။ တကယ်တော့ အနီတွေရဲ့ စိတ်ထဲမှာ ဖိအားပေးပြီး သူတို့ဖက်ပါရင် ဒီတော်လှန်ရေးက နိုင်မယ်လို့ တွေးထားကြပုံလည်း ရှိကြလိမ့်မယ်။ ခက်တာက သူတို့ဘက်ကို သဘောရိုးနဲ့ ပါကြတာထက် မထောက်ခံရင် ဒလံခေါင်းစဉ်တပ်၊ ရန်အောင်တို့ ၊ ယုန်လေးတို့ဆို သတ်ပစ်ဖို့အထိပါ ခြိမ်းခြောက်၊ တော်လှန်ရေးကို မထောက်ခံရင် အုံလိုက်ကျင်းလိုက် Boycott လုပ်လိုက်ရင်....ဒီအနုပညာရှင်တွေ ထမင်းငတ်ပြီး လမ်းဘေးရောက်လိမ့်မယ်လို့လည်း ထင်ခဲ့ကြပုံရတယ်။
အနုပညာရှင်တွေထဲမှာ တချို့ ၅၀၅ နဲ့ ထောင်ကျခဲ့သူတွေလည်း ရှိတယ်။ ဒါပေမယ့် သူတို့ ထောင်ကျ ခဲ့တဲ့အထိ ပေးဆပ်ခဲ့တဲ့ လုပ်ရပ်က တန်၏၊ မတန်၏ ဆိုတာ သူတို့ကိုယ်တိုင် အသိဆုံး ဖြစ်မှာပဲ။ ဒီ ၅ နှစ်ကျော်ကာလမှာ အလှူခံသလောက်သာ အိပ်ထဲမထည့်ဘဲ တော်လှန်ရေးကို အားသွန်ခိုက်စိုက်လုပ်ကြရင် တမျိုး တဖုံလည်း ဖြစ်ကောင်း ဖြစ်မှာပေါ့။ ခက်တာက NUG ရဲ့ အောင်ကြည်ညွှန့်တို့၊ နေဘုန်းလတ်တို့ကိုယ်တိုင် က ပြည်ပမှာ ၊ မြေပြင်မှာ ဦးစီးခေါင်းဆောင်သူမရှိ၊ EAO တွေနဲ့ကလည်း ဖက်ဒရယ် ဖွဲ့စည်းပုံ မဆွဲနိုင်၊ အဆုံးအဖြတ် ပေးရအောင်ကလည်း ဒေါ်စုကို ကျော်ပြီး ဘယ်သူမှ မလုပ်ဝံ့ကြတဲ့ အခြေအနေမှာ ....နိုင်ငံရေးဆိုတာ ဘူမသိ၊ ဘာမသိကြတဲ့ လူငယ်တွေက ဘယ်လောက်တောင် အသက်တွေ ပေးခဲ့ကြပြီလဲ မသိ။
CDM အောင်မြင်ဖို့ ကလေးတွေကိုတောင် ကျောင်း မတက်ဖို့ ဆော်ဩခဲ့ကြတဲ့ အသိုင်းအဝိုင်းတစ်ခု၊ အစိုးရ ပြုတ်ကျရင် ပြီးရော...ပြည်တွင်းက investment တွေ ဆုတ်ခွာဖို့ တောင်းဆိုခဲ့ကြတဲ့ အဖွဲ့အစည်း၊ ကိုယ့်ဘက် မထောက်ခံရင် ၊ ကိုယ်နဲ့ သဘောထား မတိုက်ဆိုင်ရင် ခပ်လွယ်လွယ် Boycott လုပ်ကြဟေ့လို့ ပြောတတ်ကြတဲ့ ခပ်ညစ်ညစ် လူ့အဖွဲ့အစည်းကြားမှာ....ဒီမိုကရေစီအယူအဆတောင် နားလည်ကြရဲ့လား မသိ။
နာတော့ မနာကြနဲ့။ တနေ့က ရှိုးပွဲမှာ လွန်ခဲ့တဲ့ ၃ နှစ်က ကိုယ်နဲ့ အမြင်မတူခဲ့တဲ့ " we stand with u" လုပ်ခဲ့ပြီး အရေးတော်ပုံ အောင်ရမယ် ဆိုတဲ့ ပုဂ္ဂိုလ်က စိုင်းစိုင်း Show သွားခဲ့တဲ့ ဓာတ်ပုံတွေကို လူမှုကွန်ရက်ပေါ်မှာ တခမ်းတနား မျှဝေလို့နေရဲ့။ ကြည့်ရတာ....သူတို့ကိုယ်တိုင် သွေးအေးသွားကြပြီ ထင်တယ်။
(နရီမိုး)
Repost from နီပိန်းတိုက်ဖျက်ရေး
နိုင်ငံခြားရောက်ပြီဆိုတိုင်း လွတ်ပြီထင်ပြီး ဇောင်းမထကြပါနဲ့။ လူသတ်လက်နက်မလှုကြပါနဲ့ ၊ အကုသိုလ်ကို မဝယ်ကြပါနဲ့ လို့ ပြောခဲ့ပါတယ်။
နိပိန်းမီဒီယာတွေ ၊ nug က လူလိမ်တွေ ၊ သူခိုးမ နဲ့ အပေါင်းအပါလူလိမ်တွေက မြောက်ပေးတိုင်း ဇောင်းထခဲ့တဲ့ အကျိုးကို ခံစားကြရပါတော့မယ်။
သူတစ်ပါး အသတ်တွေ သေအောင် ၊ မိသားစုတွေ ပျက်အောင် ၊ အိုးအိမ်တွေပျက်အောင် လက်နက်ဝယ်လှုပြီးသတ်ခိုင်းခဲ့ကြတဲ့ အကုသိုလ်တွေ ၊ လူတွေ သေရင် ပျော်ခဲ့ကြတဲ့ အကုသိုလ်တွေ လိုက်လာကြမှာ ဖြစ်ပါတယ်။ ကိုယ်ပြုတဲ့ ကံ ၊ ကိုယ့်ထံ တစ် နေ့ ပြန်လာကြမှာ ဖြစ်ပါတယ်။
Repost from မင်းခေါင်
ပဒီးပဒါး စာရွက်တွေပေးပြီး ချနင်းခံနေရတဲ့ ငတုံးပဒက်လေးတွေ....သိပ်ပြီးမာန်တက်မနေနဲ့ အဲ့တာမင်းတို့ကို ဂျင်းထည့်ခြင်းအပိုင်း ၁ လို့ခေါ်တယ်
-
နုကြည် အလုပ်က စာထုတ်မယ်၊ လိမ်မယ်၊ အလှူခံမယ် နှစ်နှစ်နဲ့တပ်မတော်ကို အပြုတ်တိုက်မယ်ပြောပြီး အခုကြတော့ငါးနှစ်ပြည့် အထိမ်းအမှတ်တဲ့
-
နောက်လာပါအူးမယ်ဆယ်နှစ်ပြည့် ဆယ့်ငါးနှစ်ပြည့် ဟာသတွေကိုဖြစ်လို့ကွာ
-
အောက်ခြေက PDF တွေက ဓားပြတွေဖြစ်ကုန်ပြီ...အမြင်မှန်ရတဲ့သူတွေကတော့ လမ်းမှန်ကိုရောက်သွားကြပြီ
-
မင်းတို့ငတုံးပဒက်လေးတွေကိုတော့ ဆုတောင်းပေးတယ်ကွာ ဆုတံဆိပ်ထက် ရူးရှဲကိုနှပ်မှန်အောင်စားရပါစေလို့...
မင်းခေါင်
Repost from Min Htet Kyaw Zaw
+1
နာရေးကူညီမှုယာဉ်အားအကြမ်းဖက် PDF အဖွဲ့မှ ပစ်ခတ်သဖြင့်အရပ်သား ၁ ဦး ထိမှန်သေဆုံး
စက်တင်ဘာ ၈
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက် ယမန်နေ့နေ့လည်ပိုင်းတွင် တနင်္သာရီမြို့ပြည်သူ့ဆေးရုံသို့လူနာသွားပို့ပြီးပြန်လာသောမောတောင်မြို့၊ သင်္ဂဟမိတ္တနာရေးကူညီမှုအသင်းပိုင်လူနာတင်ယာဉ်သည်
မောတောင်မြို့၏ အနောက်တောင်ဘက် ၅၁ မိုင်ခန့်အကွာ၊ သိန်ခွန်းကျေးရွာအနီးသို့အရောက်၌ အကြမ်းဖက်PDFများ၏စုပြုံ ပစ်ခတ်ခံရသဖြင့် ယာဥ်ပေါ်ပါဇော်မင်းထွန်း(ခ)သားကြီး၏ဦးခေါင်းတွင်သေနတ်ထိမှန်ခဲ့ပြီးဆက်လက်မောင်းနှင်ထွက်ပြေးခဲ့ရာလူနာသည် မောတောင်မရောက်မီသေဆုံးခဲ့ပါသည်။
အလားတူစက်တင်ဘာလ ၅ရက်နေ့တွင်တနင်္သာရီမြို့နယ်ရှိရေဘေးသင့်ပြည်သူများထံသွားရောက်ကူညီထောက်ပံ့ပြီးပြန်လာသောယာဥ်တန်းအား PDFများမှပစ်ခတ်တိုက်ခိုက်ခဲ့ရာကားအချို့ကျည်ထိမှန်ခဲ့ပြီးကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦးဒဏ်ရာရရှိခဲ့ပါသည်။
ထိုကဲ့သို့အေးချမ်းစွာသွားလာလုပ်ကိုင်သူများကိုပစ်မှတ်ထားတိုက်ခိုက်နေခြင်း၊ပြည်သူအချင်းချင်းစာနာကူညီမှုလုပ်ငန်းများကိုနှောက်ယှက်တိုက်ခိုက်နေခြင်းတို့ကြောင့်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းနှင့်သဘာဝဘေးသင့်ပြည်သူများကိုကူညီနိုင်ရေး အခက်တွေ့နေကြောင်းပရဟိတအဖွဲ့ဝင်တစ်ဦးကပြောဆိုပါသည်။
