SItt News တိုက်ပွဲတိုင်း..အောင်ရမည်...🇲🇲🇲🇲🇲🇲
Ir al canal en Telegram
2 020
Suscriptores
-124 horas
Sin datos7 días
+3430 días
Archivo de publicaciones
Repost from Snow Queen🇲🇲🇲🇲🇲🇲
July-27
▪️ငွေကြေးလိမ်တယ်ဆိုပြီး ထောက်ပို့အဖွဲ့ကို PDF အဖွဲ့က ဝင်ရှင်း
ဇူလိုင် ၂၆ ရက်က အလှူခံရငွေ သိန်းတစ်ထောင်ခန့်လိမ်သွားတယ်ဟုဆိုကာ စဉ့်ကူးမြို့နယ်၊ နွယ်ရုံရွာရှိ ကောင်းဆက်သာ ထမင်းဆိုင် (ထောက်ပို့လုပ်သူ၏ ဆိုင်)အား TRI ဗျူဟာ PDF ၄ ဦးက ဆိုင်ကယ် ၂ စီးဖြင့် ရောက်လာပြီး ဝင်ရောက်ပစ်ခတ်ရာ ထောက်ပို့ ၃ ဦးအပါ ဆိုင်ထဲတွင် ထမင်းစားနေသည့် အပြစ်မဲ့ပြည်သူ ၂ ဦး၊ ပေါင်း (၅) ဦး သေဆုံးသွားကြောင်း သိရပါတယ်။
-
အကြမ်းဖက် PDF ဆိုတာ ငွေကြေးနဲ့ပတ်သက်လာရင် အချင်းချင်းလည်း မရဘူး၊ ထောက်ပို့လည်း မရဘူး သေနတ်နဲ့ ရှင်းကြတာ။ သူတို့ဘာသာ ရှင်းတာကို ဘေးက မဆီမဆိုင် ပြည်သူ ၂ ဦးက အကြောင်းမဲ့ သေဆုံးသွားခဲ့ရတယ်။
-
ဒါကြောင့်မို့ PDF ကို လက်ခံထားတဲ့ ရွာတွေကတော့ ဒီလိုဖြစ်စဉ်မျိုးတွေ အဆက်မပြတ်ဖြစ်နေမှာပဲ။ ကိုယ့်အလှည့် ဘယ်တော့ရောက်လာမလဲဆိုတာ ဘုရားရှိခိုးပြီး ဆုတောင်းနေလိုက်ကြပေါ့။
တိုက်ပွဲသတင်းစုံ
Repost from Ye Yint Htet (#yyh) ️️
+9
-
ဇူလိုင် ၂၇ ရက်၊ ကလေး- တမူးလမ်းကြောင်းပေါ်ရှိ ထင်းဇင်ရွာအား တပ်မတော်က ပြန်လည်ထိန်းချုပ်။
-
တိုက်ပွဲသတင်းစုံ
Repost from Nay Zin Latt
.
☯️
“အစ္စရေး၏ တိုက်တွန်းမှုဖြင့် ဇယ်လန်စကီးက ကက်စပီယန်ပင်လယ်ရှိ ကုန်တင်သင်္ဘောကို တိုက်ခိုက်ခဲ့သည်” ဟု အီရန်စွပ်စွဲ
ယူကရိန်းခေါင်းဆောင်သည် ဥရောပကို ရုရှားနှင့် စစ်ဖြစ်အောင် ဆွဲသွင်းရန် ကြိုးပမ်းနေသည်ဟု တီဟီရန်က စွပ်စွဲလိုက်သည်။
အီရန်အစိုးရက ယူကရိန်းသည် ကက်စပီယန်ပင်လယ်ရှိ ၎င်း၏ စီးပွားရေးကုန်တင်သင်္ဘောတစ်စင်းကို အစ္စရေး၏ တိုက်တွန်းမှုဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုထားသည်။
အဆိုပါ သင်္ဘောသည် စနေနေ့တွင် တိုက်ခိုက်ခံခဲ့ရပြီး စစ်ရေးပစ္စည်းများ တင်ဆောင်လာသည့် သင်္ဘောဖြစ်ကြောင်း ဇလန်စကီး ကဆိုသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရာဂ်ချီ (Abbas Araghchi) သည် ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ကာယာ ကာလက်စ် (Kaja Kallas) နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာဗ်ရော့ဗ် (Sergey Lavrov) တို့နှင့် သီးခြားဖုန်းဆက်ဆွေးနွေးစဉ် အီရန်၏ ရပ်တည်ချက်ကို ထပ်လောင်းပြောကြားခဲ့သည်။
BaMg ☯️
.
Repost from Nay Zin Latt
.
☯️
( ကဲ ဘယ်လိုမြင်ကြပါသလဲ ❓)
တူသောအကျိုးနဲ့ ဝဋ်လည်တယ်ဆိုတာမျိုးကို မလေးရှားမှာ စတွေ့လာရပါပြီ၊ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ အမည်သစ်ပေးပြီး နယ်မြေသစ်ရချင်နေတဲ့ ဒုက္ခသည်တွေဟာ မြန်မာကိုစပြီးဒုက္ခပေးတယ်၊
မလေးရှားက ဘာသာတူတော့မြန်မာကိုဖိအားဝင်ပေးတာမှတ်မိနေသေးတယ်၊ သူရဲကောင်းလုပ်ပြီး ရိုတွေကိုလက်ခံခဲ့တယ်၊ အခုတော့ ပြသနာ စတက်နေပြီ ။
အွန်လိုင်းပေါ်တွင် အမုန်းစကား (Hate Speech) များရေးသားမှုတိုးပွားလာသည်ကြောင့် မလေးရှားရှိ ရိုဟင်ဂျာကျောင်းများအပိတ်ရ ။
လုံခြုံရေးစိုးရိမ်မှုများ သို့မဟုတ် အာဏာပိုင်များ၏ အရေးယူမှုများကြောင့် ရိုဟင်ဂျာကျောင်း (၉) ကျောင်း ပိတ်ထားရကြောင်း ရိုဟင်ဂျာအသိုင်းအဝိုင်းက ပြောသည်။
ကျောင်းများပိတ်သိမ်းခြင်းသည် လူမှုရေးပြဿနာများ ပိုမိုဆိုးရွားစေနိုင်ကြောင်း ပညာရေးဆိုင်ရာတာဝန်ရှိသူများက သတိပေးသည်။
အွန်လိုင်းပေါ်ရှိ အန္တရာယ်ဖြစ်စေသော အကြောင်းအရာများကို ဖယ်ရှားနေသော်လည်း ထိုအကြောင်းအရာများမှာ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ခုက ပြောသည်။
ကွာလာလမ်ပူ — မလေးရှားနိုင်ငံတွင် နေထိုင်နေသော အသက် (၁၂) နှစ်အရွယ် ရိုဟင်ဂျာ မွတ်စလင်ဒုက္ခသည် မိန်းကလေး Nur သည် ဇွန်လကတည်းက ကျောင်းမတက်တော့ပေ။ အကြောင်းမှာ ကျောင်းသို့အသွားလမ်းတွင် အမျိုးသားနှစ်ဦးက သူမကို ရိုက်နှက်မည်ဟု ခြိမ်းခြောက်ခဲ့သောကြောင့်ဖြစ်သည်။
Nur ၏ ပြောကြားချက်အရ ထိုသူများက—
“ဘာလို့ ကျောင်းသွားချင်တာလဲ။ ငါတို့နိုင်ငံကို လာသိမ်းပိုက်ချင်တာလား။”
ဟု မေးမြန်းခဲ့ကြသည်။
လက်တုံ့ပြန်ခံရမည်ကို စိုးရိမ်သဖြင့် Nur ၏ မိသားစုက သူမ၏ အမည်အပြည့်အစုံကို အသုံးမပြုရန် တောင်းဆိုခဲ့သည်။
Nur သည် မလေးရှားရှိ ရိုဟင်ဂျာကလေးများအနက် ခြိမ်းခြောက်မှုနှင့် အနှောင့်အယှက်များ ကြုံတွေ့နေရသူများထဲမှ တစ်ဦးသာဖြစ်သည်။ ယင်းအခြေအနေများကြောင့် မလေးရှားနိုင်ငံတစ်ဝန်းရှိ ဒုက္ခသည်ကျောင်းများကို ပိတ်သိမ်းရသည့်အထိ ဖြစ်ပေါ်ခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့များနှင့် ပညာရေးလုပ်ကိုင်သူများက ဆိုသည်။
ရိုဟင်ဂျာအသိုင်းအဝိုင်း လှုပ်ရှားသူ Sharifah Shakirah က—
“ကလေးတွေက အရမ်းကြောက်နေကြလို့ အိမ်အပြင်တောင် မထွက်ရဲတော့ဘူး။”
ဟု ပြောကြားခဲ့သည်။
ထို့နောက် သူမက—
“ဒါဟာ ကလေးတစ်ယောက်ကို တစ်ရက်၊ နှစ်ရက်လောက် အနှောင့်အယှက်ပေးတာမဟုတ်ဘဲ၊ ရေရှည်စိတ်ဒဏ်ရာကို ဖန်တီးနေတာ ဖြစ်ပါတယ်။”
ဟု ဆက်လက်ပြောကြားခဲ့သည်။
ဒီဖြစ်ရပ်က ဘာသာတူနိုင်ငံမှာဖြစ်နေတာပါ၊ ဘာကြောင့်ဖြစ်ရတာလဲ ဆိုတဲ့အကြောင်းရင်းကို သတိထားလေ့လာရင် ရှင်းရှင်းလင်းလင်းတွေ့ရပါလိမ့်မယ်၊
BaMg ☯️
.
Repost from Nay Zin Latt
.
☯️
" နှစ် (၈၀) တိုင်းအမေရိကန်စစ် "
ယူရေးနပ်စ် ➡️ မေထုန်
အီရန်စစ်နွန်ထဲ အမေရိကန် ချောက်နှုတ်ခမ်းနင်းနေပြီလို့မကြာခဏရေးခဲ့တယ်၊
အတော်များများက မယုံကြဘူး၊ အင်အားကြီးနိုင်ငံပဲ၊ ဗုံးတဝကြဲပြီး အချိန်မရွေးထွက်လို့ရပါတယ်လို့ ဆိုကြတယ်၊ အမြင်သိပ်ကွာနေရင်ရှင်းပြရတာခက်တယ်၊
သူတို့မမြင်တာတွေအများကြီးရှိနေတယ်၊
Obama လက်ထက်က နိုင်ငံခြားရေးဝန်ကြီး Anthony Blinken ပြောလာပြီ ။
" Trump ဟာ အီရန်စစ် ဝဲဂယက်ထဲမှာ ပိတ်မိနေပြီ၊ ထွက်ပေါက်ကိုကြိုးစားရှာဖွေနေပေမဲ့လဲ အခုထက်ထိ မတွေ့နိုင်သေးဘူးဖြစ်နေတယ် "
( အစောပိုင်းမှာ ဘမောင်က အီရန်စစ်နွံထဲ ထရမ့်အနေနဲ့ခြေတဖက်ကျွံသွားပြီ၊ ပြန်နှုတ်လို့ရနိုင်သေးတယ်၊ ဒီထက်လွန်ရင် ပြန်ထွက်ဖို့ခက်လိမ့်မယ်... လို့ရေးခဲ့ပါတယ်၊ )
1776 အမေရိကန် လွတ်လပ်ရေးစစ်။
(၈၄) နှစ်အကြာ
1860 တောင်-မြောက် ပြည်တွင်းစစ် ။
(၈၂) နှစ်အကြာ
1940 ဒုတိယ ကမ္ဘာစစ် ။
( ၈၆) နှစ်အကြာ
2026 အီရန်စစ်
အီရတ်စစ်လို တဖက်သတ်တိုက်ပြီး ထိမ်းချုပ်လို့မရပဲ စစ်ပွဲကြာပြီး၊ အမေရိကန်စစ်နွန်ထဲနစ်ဖို့ရှိသွားပြီ၊
ဒုတိယကမ္ဘာစစ်အပြီး အမေရိကန် တခေတ်ဖြစ်ခဲ့ပေမဲ့၊ ဒီတကြိမ်
အီရန်စစ်
(သို့)
အခြားနိုင်ငံ
(သို့)
ပြည်တွင်း အကြပ်အတည်း တခုခုနဲ့ဖြစ်အပြီးမှာတော့ အမေရိကန်ခေတ် အကျပိုင်းကိုသိသိသာသာ မြင်ကြရလိမ့်မယ်၊
Obama လက်ထက်မှာ ခပ်ပျော့ပျော့နဲစပျက်
Biden လက်ထက် မပျော့မပြင်းနဲ့ဆက်ပျက်
Trump လက်ထက် ခပ်ပြင်းပြင်းနဲ့ပျက်
( မနေ့က အမေရိကန်ရဲ့ Transit )
BaMg ☯️
.
Repost from Thae Thae🇲🇲🇲🇲🇲🇲
ဇူလိုင် - ၂၆ ရက်နေ့ ည ၈နာရီ အချိန်ခန့်က မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ် ၊ ရှောက်ပင်ရိုးကျေးရွာအုပ်စု၊ နွယ်ရုံကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအနောက်ဘက်ကပ်လျက်ရှိသည့် လဖ္ဘက်ရည်ဆိုင်ပိုင်ရှင်အပါအဝင် အရပ်သား၅ဦးကို အကြမ်းဖက် PDF က ဝင်ရောက် သတ်ဖြတ်သွားသည်။
ဇူလိုင်လအတွင်း၌ စဉ့်ကူးမြို့နယ်အတွင် အကြမ်းဖက်သမားများ လက်ချက်ကြောင့် ပြည်သူများ သေဆုံးမှုးများပြားလျက်ရှိနေသည်။
#Peoplemedianews
Repost from Thae Thae🇲🇲🇲🇲🇲🇲
+1
ဇူလိုင် ၂၄ ရက်နေ့ ညပိုင်းက မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊အမြန်လမ်းအနောက်ခြမ်း ဧရိယာ ၊ ဆည်အောင်ရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစိုးမင်း နှင့် ၎င်း၏ ညီဖြစ်သူတို့ကို အကြမ်းဖက် PDF က နေအိမ်အတွင်း ဝင်းရောက်ပြီး သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ပြီးနောက် ဓါးဖြင့် ခုတ်ထစ်ခဲ့သည်။
#PeopleMedia
Repost from Ko Myo Win
ဒီအခြေအနေကို သတင်းလာပေးတဲ့ သူလျှိုရဲ့ စကားအရ ဘုရင်မရှိတော့ပေမယ့် သစ္စာရှိအမတ်များက ဟံသာဝတီကို စောင့်ရှောက်ထားကြောင်း ၊ တောင်ငူတပ်တွေလာလျှင် စစ်ရှုံးလို့ မြို့ကျရင် ကျပါစေ တောင်ငူ စစ်သူကြီး ကျော်ထင်နော်ရထာရဲ့ ခေါင်းတလုံး ရရင် တန်ပါပြီလို့ ကြိမ်းဝါးနေကြောင်း သတင်းပို့ပါတယ် ။ တပင်ရွှေထီးက ပြုံးရယ်ကာ...
" အင်း ဒီလို သစ္စာကြီး သတ္တိကြီးတဲ့ အမတ်တွေ ရှိနေသားပဲ.. ဘာပဲ ပြောပြော ခုခံသူမရှိပဲ မြို့ကိုရတယ်ဆိုရင် ကျက်သရေတုံးတဲ့ အောင်ပွဲပဲ ဖြစ်လိမ့်မယ် ၊ အခု မခုခံပေမယ့် အားရှိတာနဲ့ ပြန်တိုက်ကြမှာပဲလေ ဒါကြောင့် ဒီလို တိုက်ယူရတဲ့ အောင်ပွဲမှသာ ချိုမြိန်တဲ့ အောင်ပွဲ အစစ်ဖြစ်တယ် ငါ့ နောင်တော်ရဲ့ ဦးခေါင်းကို လိုချင်တယ် ဆိုပါလား နောင်တော်ရေ ''
" အင်းးဟံသာဝတီက်ို သိမ်းပြီးရင်တော့ ဦးခေါင်းလိုချင်တဲ့ တလိုင်းအမတ်တွေကို ဆုလာဒ် ပေးသနားရအုံးမယ် ဗျာ ''
တပင်ရွှေထီးလည်း ပဲခူးမြစ်ကနေ ချီလာတဲ့ ရေတပ် ဆိုက်လာတာနဲ့ ဟံသာဝတီကို ပိတ်ဆို့ ဝန်းရံလိုက်ပါတယ် ။ မြို့တွင်းက တလိုင်းတို့လည်း တပင်ရွှေထီးရဲ့ ထိုးစစ်ကို အင်အားမမျှသည့် ကြားမှ ရွပ်ရွပ်ချွန်ချွန် ခုခံကြပါတယ် ။ တလိုင်းအမတ်ခေါင်းဆောင် သမိန်ပရူကတော့ ဒီနေ့ ရှုံးချင် ရှုံးပါစေ တောင်ငူရဲ့ နာမည်ကျော် သျှင်ရဲထွဋ် နှင့် မျက်နှာခြင်းဆိုင် တိုက်ရလျှင် သေပျော်ပြီလို့ ဆုံးဖြတ်ထားပါတယ် ။
မြို့တံခါးကို တအုန်းအုန်း ဝင်ဆောင့်တိုးနေတဲ့ တောင်ငူဆင် ဆယ်ကောင်ရဲ့ အလှည့်ကျတိုးအားကြောင့် မြို့တံခါးလည်း နဲ့ကာ နဲ့ကာ ယိုင်ရွဲ့လာနေပါပြီ ။ မြို့ရိုးအတွင်းမှာ ဆင်စီးကာ လှံတပြင်ပြင် နဲ့ သမိန်ပရူက အသင့်စောင့်နေပါတယ် ။ သူ သေချာပေါက် သိထားတာက မြို့တံခါးပွင့်ရင် ပထမဆုံး ဝင်လာမယ့်သူက သျှင်ရဲထွဋ် ဆိုတာကိုပါပဲ ။
သူတွေးဆထားတာ 100 % မှန်ပါတယ် ။ ယိုင်လုလု မြို့တံခါး အပြင်မှာလည်း ကျော်ထင်နော်ရထာက ကျောက်စီဓား တပြင်ပြင် နဲ့ တရွရွဖြစ်နေတဲ့ မြင်းပေါ်ကနေ တံခါးအပွင့်ကို ရှေ့ဆုံးက စောင့်စားနေတာပါ ။
တံခါးက ဝုန်းကနဲ ကျိုးပြတ်ပြိုလဲသွားတာနဲ့ ရှေ့ဆုံးက မြင်းတစီးနဲ့ လွှားကနဲ ခုန်ပေါက်ဝင်လာတာက ကျော်ထင်နော်ရထာပါပဲ ။ အပိုင်စောင့်နေတဲ့ သမိန်ပရူလည်း သူအကျွမ်းကြင်ဆုံး လှံပစ် စွမ်းရည်နဲ့ လှစ်ကနဲ တန်းကနဲ လျှင်မြန်စွာ ပစ်ချလိုက်ပါတော့တယ် ။ လှံပျံကလည်း သခင့်အလိုအတိုင်း မြင်းပေါ်က ကျော်ထင်နော်ရထာရဲ့ ရင်ဝဆီသို့ ရိပ်ကနဲ တိုးဝင်သွားပါတော့တယ် ။
ကျော်ထင်နော်ရထာရဲ့ မျက်လုံးထောင့်မှာ သူ့ရင်ဝဆီသို့ ဝါးလုံးထိုး ပြေးဝင်လာတဲ့ ပြင်းထန်သော လှံပစ်ချက်ကို လျှင်မြန်ဖျက်လက်စွာ ရှောင်တိမ်းဖို့ အားထုတ်ခဲ့ပေမယ့်.........
ကိုရွှေမျိုးဝင်း
Repost from Ko Myo Win
" မှန်ပါတယ် သုရှင်တကာရွတ်ပိဟာ အမျှော်အမြင်နည်းပါးပြီး ဥာဏ်တိမ်သူမို့ သစ္စာရှိတဲ့ ကိုယ့်လူကို ဒုက္ခပေးလိုက်ပါပြီ အဲဒီ နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် ကျန်တဲ့ သစ္စာရှိကျွန်များလည်း သူ့ကို ဆက်လက်ဝန်းရံဖို့ စိတ်မပါတော့ပါဘူး ။ သူနားမှာ စွမ်းရည်မရှိတဲ့ အမတ်ပိန်တွေပဲ မြှောက်ပင့်ထောက်ခံနေကြပါတယ် ။ ဒါကြောင့် အမြန်ဆုံး ချီတက်သင့်ပါပြီ ''
တပင်ရွှေထီးလည်း နဂိုကမှ ဖိုးတိုက်ချင်ဘုရင်မို့ ချက်ခြင်းပဲ စစ်ပြင်ဆင်ပါတော့တယ် ။ ဒီတကြိမ် စစ်ပြင်ရာမှာ စစ်ဆင် ၁၂၀ ၊ စစ်မြင်း ၈၀၀ နဲ့ စစ်သည် ၇၀၀၀၀ ကို ကြည်းတပ်အဖြစ် စုစည်းခဲ့ပါတယ် ။ တုရင်ရာဇာ ၊ တုရင်ဗလ ၊ စစ်တုရင်္ဂသူ ၊ တုရင်ယော်ဓာ တို့ လေးဦးကို မြင်းတပ် ၄ တပ်မှာ ဦးစီးစေပြီး တပ်မှူး ၄ ဦး အား ကျော်ထင်နော်ရထာက ကွပ်ကဲကာ ရှေ့ပြေးတပ်အဖြစ် ချီပါတယ် ။ တပင်ရွှေထီးကလည်း နောက်ပါးမှ တပ်မကြီးအား ဦးစီးလာပါတယ် ။
ထူးခြားစွာပဲ ရေတပ်ကိုလည်း အင်အား တသောင်း နဲ့ တိုက်လှေ ၂၀၀ ၊ ရိက္ခာတင်လှေများစွာနဲ့ ဖြင့် ဖွဲ့စည်းကာ ရေကြောင်းချီတပ်ပါ ပူးတွဲ ချီတက်ခဲ့တာပါပဲ ။ ဘယကျော်သူ ဦးစီးတဲ့ လှေတပ်ဟာ ပေါင်းလောင်းမြစ်ကို စုန်ဆင်းပြီး လှေတပ်ကြီးလဲ ကြည်းတပ်နဲ့အတူ အချိန်ကိုက် ထပ်ချပ်မကွာ လိုက်ပါလာကြပါတယ် ။
ဟံသာဝတီမှာတော့ တပင်ရွှေထီး စစ်ချီလာပြန်ပြီ ကြားရတာနဲ့ အရေးပေါ် အစည်းအဝေး ခေါ်ပါတော့တယ် ။ ဖားယားနေတဲ့ အမတ်တွေကတော့ အရှင်မင်းကြီးရဲ့ ဘုန်းကံကြောင့် ယခင်အကြိမ်များတုန်းကလည်း တောင်ငူသားတွေ အကြိမ်ကြိမ် ပြန်ဆုတ်ခွာရသလို ယခုလည်း ကျနော်မျိုးတို့ ဦးစီးပြီး ခုခံလိုက်ရင် အောင်မြင်မှာ သေချာပါတယ် လို့ ဖားပြီး လျှောက်တင်ပါတယ် ။
တိုင်းပြည်ကို တကယ်ချစ်တဲ့ အမတ်တွေက ယခု တိုင်းပြည်က အားကိုးရသော စစ်သူကြီး ဗညားလော ဗညားကျန်းတို့ မရှိတော့ပါဘူး ဒါကြောင့်လည်း တပင်ရွှေထီးက ရဲရဲတင်းတင်း စစ်ချီလာတာပါ ။ ယခု ခုခံပါ့မယ် လျှောက်ထားနေတဲ့ အမတ်များက အဘယ် ဗျူဟာနဲ့ စစ်ခံမလဲ မေးကြည့်ပါ တယောက်မှ အစွမ်းမရှိကြောင်း သိရပါလိမ့်မယ် ။
အဲသလို အမှန်တိုင်းလျှောက်တော့ ငဖားအမတ်တွေ နာလိုခံခက်ဖြစ်ပြီး ....
" အမတ်မင်းတို့က မရှိတော့တဲ့ သစ္စာဖောက် အထိမ်းတော်ကြီးတွေကို တမ်းတပြီး ရန်သူကို အထင်ကြီးနေတာ သစ္စာဖောက်ရာ ရောက်နေပြီဆိုတာ မသိဘူးလား ''
" အင်းးအခုထိ မှားမှန်း မသိသေးတဲ့ အမတ်တွေပဲ ခုနေ အထိမ်းတော်ကြီးတို့သာ ရှိနေပါလား ကျုပ်တို့ အစည်းအဝေးခေါ်ပြီး ဒီလို ငြင်းခုန်နေစရာတောင်မလိုဘူး သူတို့ စီမံတဲ့အတိုင်း ပေးအပ်တဲ့ တာဝန် ဆောင်ရွက်ကြရုံပဲလေ.. ကဲ ဒီတကြိမ် တပင်ရွှေထီးက ကြည်းကြောင်း ရေကြောင်းက ညှပ်ပိတ်ပြီး ချီလာပြီ တိုင်းပြည်မနာအောင် ဘာလုပ်ကြမလဲသာ စဥ်းစားသင့်တာလေ ''
ဒီလို ငြင်းခုန်နေတဲ့ အမတ်တွေကို ကြည့်ပြီး သုရှင်တကာရွတ်ပိလည်း ဒီပုံစံ နဲ့ ခုခံရင် သေချာပေါက် ရှုံးမှာပဲ ဒါကြောင့် မဟာမိတ် ပြည်ဘုရင်ထံ သွားရောက်ပူးပေါင်းမယ် ဆိုပြီး အမိန့်ချလိုက်ပါတယ် ။
သုရှင်တကာရွတ်ပိဟာ ရေကြောင်းကနေ ပြည်ကို ထွက်ပြေးဖို့ ရွှေဖောင်နဲ့ တကွ တိုက်လှေပေါင်း ၇၀၀ ကို ခြောက်တပ် ဖွဲ့လိုက်ပါတယ် ။ အဲမွန်တရာ ၊ သမိန်စည်သူ ၊ သမိန်သံကျယ် ၊ ပိုက်နရဲ ၊ ညီဂံဂေါင် ၊ အဲနရဲ တို့ကို တပ်မှူးအသီးသီး ခန့်ထား စစ်သည် ၄၀၀၀၀ နဲ့ အတူ ပြည်ကို ရေကြောင်းမှထွက်ပြေးပါတယ် ။
ကုန်းတပ်မှာတော့ တိုက်ဆင် ၂၀၀ ၊ စစ်မြင်း ၈၀၀ စစ်သည် ၈၀၀၀၀ တို့ကို တပ်ပေါင်း ၅ တပ် ဖွဲ့ပါတယ် ။ ဗညားဒလ ( ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းအား မြန်မာစကားပြေ ပြန်ဆိုသူ) ၊ မင်းရဲအောင်နိုင် ၊ အဲဗြသီး ၊ ရဲသင်ရံ ၊ ပိုက်ကမြင် တို့ကို တပ်မှူးခန့်ပြီး အုပ်ချုပ်စေပါတယ် ။
ပြည်မြို့ကို ထွက်ပြေးရာမှာ ရတတ်သမျှ ဆင်ကောင်း မြင်းကောင်း လက်နက်ကောင်းများကို သိမ်းကြုံးယူဆောင်သွားကြပါတယ် ။ သုရှင်တကာရွတ်ပိက ဟံသာဝတီကို စွန့်ခွာ၍ ထွက်ပြေးခြင်းအား သတ္တိရှိသော မွန် အမတ်များက မကျေနပ်ကြပါဘူး ။ သမိန်ပရူ ကို ခေါင်းဆောင်တင်၍...
" ငါတို့ဘုရင်သည် ရန်သူကို မတိုက်ဝံ့၍ ထွက်ပြေးခြင်းမှာ မွန်လူမျိုးတို့အတွက် ရှက်စရာကောင်းလှပါတယ် ။ ဘုရင်က ကျက်သရေမရှိတဲ့ အလုပ် လုပ်သွားပေမယ့် ယခု ငါတို့က လူမျိုးအတွက် ကျက်သရေရှိအောင် လုပ်ကြရမည် ရန်သူကို အလွယ်တကူ အရှုံးပေး၍ အသက်နဲ့စည်းစိမ် ရယူခြင်းကား ယုတ်ညံ့လှ၏ အစွမ်းကုန် ခုခံရင်း သေရခြင်းက မြတ်၏ ''
ထိုသို့ တိုင်ပင်သော အမတ်တို့မှာ အထိမ်းတော်ကြီး၂ ဦးအား မသတ်စေချင်သည့် သစ္စာရှိ မွန် အမတ်များဖြစ်ပြီး ဘုရင်နှင့်အတူ ပြေးသူများကား ဖားယားမြှောက်ပင့်သော အမတ်များ ဖြစ်နေပါတော့တယ် ။ လူမျိုးဂုဏ်ကို ထိမ်းလိုသော အမတ်များက ဘုရင်နှင့် အတူ လိုက်ပါမည့်ဟန်ဆောင်၍ ရတတ်သမျှသော ဆင် မြင်း လူသူတို့ကို သိုဝှက်ထိန်ချန်ကာ နေရစ်ခဲ့ကြပါတော့တယ် ။
မွန် အရပ်သားများလည်း ဟံသာဝတီကို ကာကွယ်ရန် မိမိဆန္ဒဖြင့် နေရစ်သူ အများအပြား ရှိနေရာ မြို့ခံစစ်အတွက် အင်အားအများအပြား စုစည်းမိပါတော့တယ် ။
Repost from Ko Myo Win
တပင်ရွှေထီး နဲ့ ဘုရင့်နောင် (18)
========================
" ကဲ ငါ့နိုင်ငံမှာနေပြီး ငါ့ ရိက္ခာစားတယ် ပြီးတော့ ရန်သူဆီ ဒူးထောက်ပြီး ငါ့နိုင်ငံကို ဒုက္ခပေးနေတဲ့ သူကို ငါ ဘယ်လို အပြစ်ပေးရမလဲ...ဖတ်ကြည့်ကြစမ်း.. ''
အမတ်တွေလည်း ပစ်ချလိုက်တဲ့ သဝဏ်လွှာကို ဖတ်ကြည့်ပြီး ဝမ်းသာသွားတဲ့ အုပ်စု နဲ့ ခေါင်းရမ်းပြီး မဖြစ်နိုင်ပါဘူးလို့ ငြင်းဆိုတဲ့ အုပ်စုကွဲသွားပါတယ် ။
" အသေအချာ စဥ်းစားကြည့်ရင် ဒီစာဟာ တပင်ရွှေထီးရဲ့ လုပ်ကြံလီဆယ် သွေးခွဲတဲ့ စာဖြစ်ရပါ့မယ် အထိမ်းတော်ကြီးရဲ့ သစ္စာရှိမူကို သံသယမဝင်သင့်ပါဘူး ယခင် စစ်ပွဲကြီး ၂ ပွဲကြီးလုံးကို ထောက်ရှူကြည့်ပါက သိနိုင်ပါတယ် ဘုရား ''
မွန် ပညာရှိ အစစ်အမှန်များက ဒီလို ချင့်ချိန် လျှောက်တင်ပေမယ့် မနာလို မုန်းထားပြီး အထိမ်းတော်ကြီး ၂ ယောက် မရှိတော့ရင် ဘုရင်က ငါတို့ကို အားကိုး ချီးမြှောက်တော့မှာပဲ ဆိုတဲ့ အညံ့စား ကပ်ဖား အမတ်ယုတ်တွေကတော့.....
" မှန်လှပါ အထိမ်းတော်ကြီးများအား ယခင် သံတမန် စေလွှတ်ကတည်းက မသင်္ကာပါဘူး ဘုရား တပင်ရွှေထီးက ဦးရီးတော်ခေါ်ပြီး ရွှေ သစ္စာပန်း ပေးလိုက်တာ သူ့ကို သစ္စာခံနေတဲ့ အထိမ်းအမှတ်မို့ အတွင်းမီးကို အရင် ငြိမ်းသင့်ကြောင်းပါဘုရား ယခု ကာကွယ်လျှောက်ထားသူများပင်လျှင် ယုံကြည်ရန် မသင့်၍ ကြပ်မက်စွာ စစ်ဆေးသင့်ကြောင်းပါဘုရား ''
အမတ်ယုတ်တွေရဲ့ မိမိနေရာရရေး မြှောက်ထိုးပင့်ကော် လျှောက်တင်ချက် အပြီးမှာတော့ သုရှင်တကာရွတ်ပိက ဆင်ခြင်တုံတရားနည်းပါးတဲ့ ဘုရင်မိုက်ပီပီ ပညာရှိအမတ် ၊ သစ္စာရှိအမတ်တွေကိုပဲ ကြပ်တည်းစွာ စစ်ဆေး နှုတ်ပိတ်စေပါတော့တယ် ။
တိုင်းပြည်၏ ဦးဏှောက် တိုင်းပြည်၏ သစ္စာတရား တံခွန်တို့သည်ကား နှုတ်ပိတ်နောက်ဆုတ် နေကြရလေပြီ ။ မင်းမိုက်နဲ့ မတန် တဲ့ အကြံကောင်း ဥာဏ်ကောင်းများဟာ ချက်ခြင်း ကွယ်ပျောက်သွားရလေပြီတကား....
မင်းကြီးသာ အတော်ဆုံးပါဘုရားရယ်လို့ မြှောက်ပင့်ပေးရုံကလွဲပြီး ရာထူးတက်ရေး စည်းစိမ်ဥစ္စာ ရရှိရေးသာ ရှေးရှုနေတဲ့ ပညာမဲ့အမတ်တို့ အတွက်တော့ သုရှင်တကာရွတ်ပိ ဒေါသထွက်လေ ပီတိဖြစ်လေပေါ့ ။ တိုင်းပြည်ပျက်မှာကို အလေးမထား ဖားယားကြီးပွားဖို့သာ အားထုတ်နေသူတွေမို့ သူတို့ပျော်ကြလေပြီ ။
ပညာရှိအမတ် အထိမ်းတော်ကြီး ၂ ယောက်ကတော့ ဘုရင်ဖျင်း ဘုရင်ညံ့ရဲ့ ရှေ့တော်မှာ နှောင်ကြိုးတည်း အမှုစစ်ခံနေရပါပြီ....
" အထင်မလွဲပါနဲ့ ဘုရား တောင်ငူဘုရင်သည် အင်မတန် ဥာဏ်များသူဖြစ်ပါတယ်ဘုရား ၊ ဘေဒပရိယာယ်ဗျူဟာ နဲ့ သွေးခွဲတိုက်စစ် အဖြစ် ဒီလို စီစဥ်တာပါဘုရား ''
" သူခိုးကတော့ ခိုးတယ် ဘယ်ဝန်ခံပါ့မလဲ.. ယခင် သံတမန် လွှတ်ကတည်းက ငါ ရိပ်မိတယ် ၊ ငါ့သံတွေကို တော်ဆွရော်ဆွ ဧည့်ခံပြီး နင်တို့သံတွေကြမှ ကျကျနန ဧည့်ခံတယ် လက်ဆောင်ကောင်းတွေပေးအပ်တယ် ဘာတဲ့ သူ့ကိုသစ္စာရှိဖို့ ရွှေသစ္စာပန်းပွင့် ၂ ပွင့်တောင် ချီးမြှင့်လိုက်သေးတယ် မဟုတ်လား ''
" ကျနော်မျိုးတို့ ဘာမှ မသိပါဘူး ဒီလို သူ့ဘက်က စီစဥ်တာကိုက ဘေဒပရိယာယ်သေချာကြောင်း တွက်ဆလို့ ရနေပါတယ်ဘုရား အသေအချာ စဥ်းစားကြည့်ပါ... ခုနစ်ရက်မျှ စောင့်ကြည့်စဥ်းစားပြီးမှ မကျေနပ်သေးလျှင်လည်း သတ်တော်မူပါ ။ ဒီလိုလျှောက်တင်တာ ကြောက်လို့ မဟုတ်ပါ ကျနော်မျိုးတို့ အသက်ထက် တန်ဖိုးထားရတဲ့ ဟံသာဝတီ တိုင်းနိုင်ငံကြီး ပျက်သုန်းသွားမှာ စိုးရိမ်လို့ပါဘုရား ''
" ဘာ...နင်တို့မရှိရင် တိုင်းနိုင်ငံကြီး ပျက်စီးမယ်ပေါ့ ဟုတ်လား...ငါ့တိုင်းပြည်အတွက် အားကိုးရမယ့် ပညာရှိ အမတ်တွေ အများကြီးရှိတယ် နင်တို့ကိုတော့ ဟံသာဝတီမြို့စား နဲ့ မုတ္တမမြို့စား အဖြစ်မခံနိုင်ဘူး ယခုပင် သတ်စေ.... ''
ဆင်ခြင်တုံတရား နည်းပါးခြင်း ၊ အာဏာရမ္မက်ပြင်းပြခြင်းတို့ကြောင့် အနှစ်ပြည့်သော အထိမ်းတော်ကြီး ၂ ဦး အား ချက်ခြင်းပင် ကွပ်မျက်ခိုင်းပါတော့တယ် ။ ဟံသာဝတီရဲ့ အားအကိုးရဆုံး အနှစ်ပြည့်ဒေါက်တိုင်ကြီး ၂ ခု ပြိုကျလေပြီ ။ ကြက်ဆူပင်တို့ ခေါင်းတထောင်ထောင်နဲ့ ထကြွလာပေပြီ ။ တပင်ရွှေထီးအကြိုက် ဖြစ်ရပြီတကား....
ဟံသာဝတီ နန်းတွင်းမှာ ပြည်သူတို့ လေးစားအားကိုးသော အထိမ်းတော်ကြီး၂ ဦးကို ဘုရင်က သတ်ပစ်လိုက်တဲ့ အတွက် မှူးမတ် အုပ်စု ၂ စု သိသာထင်ရှားစွာ ကွဲပြားခဲ့ပါတယ် ။ ပြည်သူအပေါင်းကလည်း မင်းဆိုးမင်းမိုက် အဖြစ် ရှုမြင်ပြီး ဘုရင့်အပေါ် လေးစားအားထားမှု လျော့ပါးလာပါပြီ ။ အရေးကြီးတဲ့ အချက်က ဘုရင်ကို အကြိုက်ဆောင် မြှောက်ပင့်နေတဲ့ အုပ်စုကလွဲပြီး ကျန်သူတွေက ခပ်ခွာခွာ ဖြစ်ကုန်ရတာပါပဲ ။
ဒီသတင်းကို သိသွားတဲ့ တပင်ရွှေထီး နဲ့ ကျော်ထင်နော်ရထာလည်း ရှေ့ဆက်လုပ်ရမယ့် ကိစ္စတွေကို တိုင်ပင်ကြပါတယ်.....
" ကဲ နောင်တော် နိဒါန်းကတော့ အဖွင့်လှသွားပြီ ၊ ဟံသာဝတီဟာ ခြေလက်တွေကျိုးသွားတဲ့ ပုဇွန်လုံး ဖြစ်သွားပေပြီ အသာတကြည် ကောက်ယူဖို့ပဲ ကျန်ပါတော့တယ် ''
Repost from Ko Myo Win
မိတ်ဆွေတို့ တွေ့မိပါသလား...? တခါတရံ ပြည်တွင်း ပြည်ပ ကနေ မြန်မာပြည် တိုးတက်ရာ တိုးတက်ကြောင်း လုပ်ကိုင်နေတာကို မလုပ်စေချင်ကြပါဘူး ။ ဒါကြောင့် အဖျက်သမား ကောလဟာလများအား သိပ္ပံနည်းကျ တွက်ချက်လေ့လာကြည့်စေချင်ပါတယ် ။
( ဖော်ပြပါ ကိန် ဂဏန်း အချက်အလက်များကို Googel မှာ အလွယ်တကူ ရှာဖွေ လေ့လာနိုင်ပါကြောင်း.....)
ကိုရွှေမျိုးဝင်း
Repost from Ko Myo Win
ရေအားလျှပ်စစ် သမိုင်း
===================
မြစ်ဆုံသံကြားတာနဲ့ ကန့်ကွက်ကြတဲ့ အသံတွေ လှိုင်လှိုင်ကြီး ကြားနေရကတည်းက အချက်အလက်တွေ စုဆောင်းပြီး အခုလို မျှဝေလိုက်ပါတယ် ။ ကမ္ဘာပေါ်က အတိုးတက်ဆုံး နိုင်ငံကြီး ၂ ခု ဖြစ်တဲ့ အမေရိကန် နဲ့ တရုတ်တို့ရဲ့ ရေအားလျှပ်စစ်ကို ကြည့်ပါ ။
အမေရိကန် 3796742 စတုရန်းမိုင်
တရုတ် 3705407 စတုရန်းမိုင်
မြန်မာ 261228 စတုရန်းမိုင်
တရုတ် ဆည်ပေါင်း 98000
USA ဆည်ပေါင်း 92000
မြန်မာ ဆည်းပေါင်း 600
တရုတ် လျှပ်စစ် 425. ( GW)
USA လျှပ်စစ် 102. ( GW)
မြန်မာ လျှပ်စစ် 3.2 ( GW)
( နွေရာသီ 1.2 (GW) လျော့နည်း😂)
ဒီတော့ လူပိန်းတွက် အကျယ်အဝန်းအရ အချိုးကျ ထုတ်မယ်ဆိုရင် ....
တရုတ် စံနှုံးအရ မြန်မာသည် 30 (GW)
USA စံနှုံးအရ မြန်မာသည် 7 (GW)
ဒါက အကျယ်အဝန်း အချိုးအရ ထုတ်သင့်တဲ့ ပမာဏ တွက်ပြတာပါ ။ အမှန်က မြန်မာနိုင်ငံသည် မြစ်ကြီးလေးသွယ်နဲ့ ရေအရင်းအမြစ် ကြွယ်ဝတဲ့ နိုင်ငံဖြစ်သောကြောင့် ကမ္ဘာ့ဘဏ် နဲ့ နိုင်ငံတကာရေအရင်းအမြစ် လျှပ်စစ်အဖွဲ့အစည်းရဲ့ လေ့လာဆန်းစစ်ချက်အရ 40 ( GW) ထုတ်နိုင်တယ်လို့ ဆိုပါတယ် ။
သဘာဝပါတ်ဝန်းကျင် နဲ့ လူမှုစီးပွားထိခိုက်မှု အနည်းဆုံး စံချိန်စံညွှန်းနဲ့ အညီ ထုတ်ရင်တောင် 30 (GW) ထုတ်နိုင်ပါတယ် ။ ယနေ့ ထုတ်နေတဲ့ 3.2 ( GW) ဆိုတာ အမှန် ထုတ်နိုင်စွမ်းရဲ့ 8% သာ ရှိပါသေးတယ် ။
ကဲ ဒီလောက်ဆိုရင် ကိုယ့်နိုင်ငံရဲ့ ရေအားလျှပ်စစ် ထုတ်နိုင်တဲ့ ပမာဏ နဲ့ ထုတ်နေတဲ့ ပမာဏကို သိသာပါပြီ ။ အများပြောနေတဲ့ ဆည်ကြံ့ခိုင်ရေး ပြန်ကြည့်ပါ ။
နဝတ လက်ထက်တုန်းက ကိုယ့်နည်း ကိုယ့်ဟန်နဲ့ တည်ဆောက်ထားတဲ့ ဆည်တွေ ရာပေါင်းများစွာ ရှိခဲ့ပါတယ် ။ စစ်ကိုင်း ငလျှင် မဂ္ဂနီကျု 7.7 အပါ ငလျှင်တွေ မကြာခဏ လှုပ်နေတဲ့ ကြားထဲက ကျိုးကျတဲ့ ဆည် တွေ့မိပါသလား..?
ဒီတော့ တရုတ်က သူတည်ဆောက်မယ့် ဒေါ်လာ 3 ဘီလီယံတန်တဲ့ ဆည်ကြီးကို မခိုင်မခန့် တည်ဆောက်မယ်လို့ ယူဆနေကြပါသလား...တရုတ်အစိုးရကရော ဆည်ဆောက်တဲ့ ကုမ္ပဏီကို လွှတ်ပေးမယ်ထင်နေသလား...သေချာပေါက် ငလျှင် မဂ္ဂနီကျု 8 အထက် ခံနိုင်အောင်ရယ် နှစ် ၅၀ အထိ အာမခံချက်နဲ့ တည်ဆောက်ကြမှာ ဖြစ်လို့ ဆည်ကျိုးဖို့ ဆိုတာ မတည်ဆောက်စေချင်လို့ ကောလဟာလ ထုတ်တဲ့ အဆင့်ပါပဲ ။
ဟာ..ဒါဆို တရုတ်ဆည်တွေ မကျိုးဘူးလား ဆိုပြီး မေးမနေနဲ့ ကြည့်ပါ ။
- 2020 ဇွန် မှာ ရှန့်ရှာဆည်
- 2021 ဇူလိုင်မှာ ဆင်ရှန်ဂန် နဲ့ ယုံအန်းဆည်
- 2024 ဇူလိုင်မှာ တွန်တင်းအိုင် ရေကာတာကျိုး
အဲဒါ တရုတ် ဆည်ကျိုးခဲ့တဲ့ အနီးဆုံးသမိုင်းပဲ ။ ဟိုးးယခင်က များစွာကျိုးခဲ့ဖူးတယ် ။ ဒါပေမယ့် ယခင် ဆည်တွေက 1980 ရှေ့က နည်းပညာနိမ့်စနစ်နဲ့ တည်ဆောက်ခဲ့တာကြချည်းပဲ ။ ယခု ဖော်ပြပါ ဆည်တွေက 1980 နောက်ပိုင်း တည်ဆောက်ခဲ့တဲ့ ဆည် အငယ်စားတွေပါ ။ ပြုပြင်ထိမ်းသိမ်းမှု အားနည်းခြင်း နဲ့ စံချိန်တင်မိုးရွာသွင်းမှုကြောင့်လို့ အစီရင်ခံစာမှာ တွေ့ရပါတယ် ။
တရုတ်မှာ တမံအမြင့် 15 မီတာ အထက် ဆည်ကြီးပေါင်း 23000 ရှိပါတယ် ။ တခုမှ ကျိုးကျခြင်း မရှိပါဘူး ။ ဒီလောက်ဆိုရင် တရုတ်နည်းပညာနဲ့ တည်ဆောက်ထားတဲ့ ဆည်ကြီးတွေရဲ့ ခိုင်ခန့်မှုကို မှန်းဆနိုင်ပါပြီ ။
ကဲ နောက်ပြဿနာ ဧရာဝတီမြစ်ကြီး ရေခမ်းသွားမယ် ဆိုတဲ့ ပေါက်ကရ ကောလဟာလ ။ တရုတ်မှာ ရေခမ်းတဲ့ မြစ် မရှိဘူးလား မေးရင် ရှိခဲ့ပါတယ် ။
နာမည်ကျော် မြစ်ဝါမြစ်ကြီးဖြစ်ပါတယ် ။ အဲဒီ မြစ်ကြီးပေါ်မှာ ဆည်ပေါင်း 20 ကျော်နဲ့ 25(GW) ထုတ်ခဲ့ပါတယ် ။ 1997 ခုနှစ်မှာ မြစ်ဝါမြစ်ရဲ့ ရေတွေဟာ ပင်လယ်ဝကနေ မိုင် ၄၀၀ လောက်ထိ ခမ်းခြောက်သွားပါတယ် ။ ရက်ပေါင်း 226 ရက်ထိ စံချိန်တင် ခန်းခြောက်ခဲ့တာပါ ။
တရုတ်အစိုးရက 1999 မှာ ရေအရင်းအမြစ်ကို စနစ်တကျ ထိမ်းသိမ်းကာကွယ်နိုင်ခဲ့လို့ ပင်လယ်ထဲထိ ပြန်လည် စီးဆင်းနိုင်ခဲ့ပါတယ် ။ ယခင်ကလောက် ရေပမာဏတော့ မများတော့ပါဘူး ။ ကောင်းပြီ ဆည်တွေလုပ် လျှပ်စစ်ထုတ်လို့ မြစ်ရေခမ်းတာလား လေ့လာကြည့်ပါ ။
မြစ်တစင်းရဲ့ ရေပမာဏထဲက 40 % ထုတ်ယူရင် မြစ်ရေမခမ်းပါဘူးလို့ စံချိန်စံညွှန်းတွေနဲ့ ပြောထားပါတယ် ။ ယခု မြစ်ဝါမြစ်ဟာ 80 % အထိ ထုတ်ယူသုံးစွဲခဲ့လို့ ခမ်းခြောက်ခဲ့ရတာပါ ။
စိုက်ပျိုးရေ......70 %
မြို့ပြသုံးရေ.....10 %
ဆိုပြီး တွေ့နိုင်ပါတယ် ။ ဆည်ဆောက် လျှပ်စစ်သုံးတဲ့ မြစ်ရေက မြစ်ထဲပြန်စီးဆင်းလို့ ရေဆုံးရှုံးမှု မရှ်ိသလောက်ပါပဲ ။
ကဲ ဧရာဝတီကို ပြန်ကြည့်ပါ မြစ်ရေရဲ့ 7 % ကိုပဲ သိုလှောင်ပြီး သုံးမယ်လို့ အတိအလင်း ကြေညာထားပါတယ် ။ စိုက်ပျိုးရေး နဲ့ ပက်သက်ပြီး လက်ရှိ သုံးစွဲနေတာ 4 % ဝန်းကျင်ပဲ ရှိနေပါတယ် ။ မြစ်ရေသုံးစွဲမှု အနည်းဆုံးစာရင်းဝင်ပါတယ် ။
ဒီ ကိန်းဂဏန်းတွေကို လေ့လာကြည့်ပြီးရင်
- ဆည်ကျိုးမယ့် အန္တရာယ်
- မြစ်ရေခမ်းခြောက်မယ့် အန္တရာယ်
Repost from နရီမိုး
Taste ပြိုင်ပွဲတွေကို နိုင်ငံတော်အဆင့် လုပ်လာတာ မြင်တော့ ဝမ်းသာရတယ်။ တခြားနိုင်ငံတွေဆိုရင်လည်း သူတို့ရဲ့ ရိုးရာ အစားအစာတွေကို Soft power ဖြစ်တဲ့ အနုပညာတွေကနေ ကမ္ဘာကို ထိုးဖောက်ကြတာ မြင်နိုင်တာပဲ။ ကိုယ်တွေနိုင်ငံမှာ စားနေတဲ့ ကင်ချီတို့ ၊ ဆိုဂျူး တို့ဆိုတာက ဒီအနုပညာဇာတ်လမ်းတွေကနေ ထိုးဖောက်သွားခဲ့တာပါပဲ။
နိုင်ငံတစ်နိုင်ငံကို နိုင်ငံတကာက သိဖို့ ဆိုတာ ခရီးသွား ကဏ္ဍတွေ တိုးတက်ဖို့က သိပ်အရေးကြီးတယ်။ တစ်ဖက်မှာ အနုပညာဇာတ်လမ်းတွေကနေ ရည်ရွယ်ချက်ရှိရှိ ထိုးဖောက်ကြတာလည်း ရှိတယ်။ ဥပမာ ကိုးရီးယားရဲ့ ပညာရေးကို ပညာပေးတဲ့ ဇာတ်ကားတွေ၊ ကိုးရီးယား စစ်တပ်ထဲမှာ စားဖိုမှူးဆိုတဲ့ ဇာတ်ဝင်ခန်းတွေက Propaganda လို့ ဆိုရမယ်။
"ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး" ဆိုတဲ့အပိုင်းမှာ ခရီးသွားလူဦးရေ များပြားရေးသက်သက်နဲ့ ဝင်ငွေရရှိရေး ဆိုတဲ့ ရည်ရွယ်ချက်အတွက် မဟုတ်ဘဲ.....
"ကိုယ့်နိုင်ငံရဲ့ သမိုင်း၊ ယဉ်ကျေးမှု အမွေအနှစ်၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေသာယာမှုနဲ့ ဒေသခံ တွေရဲ့ ဧည့်ဝတ်ပျူငှာမှု အရည်အသွေးတွေကို ဂုဏ်သိက္ခာရှိရှိ ထိန်းသိမ်းပြသနိုင်ဖို့" ပိုအရေးကြီးတယ်လို့ မြင်တယ်။ ဒါတွေကို နည်းမျိုးစုံနဲ့ ပြသနိုင်ဖို့ သိပ်အရေးကြီးတယ်။
ခရီးသွားလုပ်ငန်း တိုးတက်ဖို့ဆိုတာ.... အစိုးရ၊ ပညာရှင်၊ လုပ်ငန်းရှင်နဲ့ ပြည်သူလူထု ဆိုတဲ့ လေးပွင့်ဆိုင် ယန္တရားတွေက တက်ညီလက်ညီနဲ့ ပညာရပ်ဆိုင်ရာ သုတေသန တွေကို အခြေခံတဲ့ Responsible Tourism Policy တစ်ခုကို ပုံဖော်နိုင်မှသာ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းက ရေရှည်တည်တံ့ပြီး ကမ္ဘာ့အဆင့်မီ ဂုဏ်သိက္ခာရှိတဲ့ လမ်းကြောင်းကို ရောက်လာနိုင်လိမ့်မယ်။
ခရီးသွားလုပ်ငန်းဆိုတာက နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးဝင်ငွေ တိုးတက်စေတဲ့ ကဏ္ဍတစ်ခုဖြစ်သလို နိုင်ငံရဲ့ အမျိုးသားပုံရိပ် (National Image)၊ ယဉ်ကျေးမှုအမွေအနှစ်နဲ့ လူမှုအသိုက်အဝန်းတန်ဖိုး တွေကို နိုင်ငံတကာရောက်အောင် ချပြပေးနိုင်စွမ်းရှိတဲ့နနိုင်ငံတကာဆက်ဆံရေးကဏ္ဍတစ်ခုလည်း ဖြစ်လို့ သိပ်အရေးကြီးတယ်။
ဆိုတော့....ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးမှာ ခရီးသွားဦးရေ တိုးပွားလာမှုကို အောင်မြင်မှုတစ်ခုလို့ မတိုင်းတာသင့်ဘဲ ခရီးသွား တွေရဲ့အတွေ့အကြုံ၊ အရည်အသွေး၊ ဒေသခံ တွေရဲ့ အကျိုးခံစားခွင့်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ ရေရှည်တည်တံ့ရေးအတွက်ပါ မဖြစ်မနေ ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်။
ဒီဘက်ခေတ်မှာ ပိုအရေးကြီးလာတဲ့ ဒစ်ဂျစ်တယ်နည်းပညာအသုံးချနိုင်မှုတွေ၊ နိုင်ငံတကာစံနှုန်းနဲ့ ကိုက်ညီတဲ့ ဝန်ဆောင်မှုစနစ်တွေ၊ လုံခြုံရေးနဲ့ ခရီးသွားယုံကြည်မှု တည်ဆောက်ရေး တွေကို အရေးပေးဆောင်ရွက်နိုင်မှပဲ ခရီးသွား ကဏ္ဍက အောင်မြင် လာမယ့် သဘောရှိတယ်။
(နရီမိုး)
Repost from နရီမိုး
NUG နဲ့ SRF အကွဲအပြဲက တော်တော်လေးကြီးတာ မြင်ရတယ်။ LPDF တွေကို အင်အားနဲ့ ဖိပြီး ဩဇာခံခိုင်းတယ်။ သဘောကတော့ NUG ရဲ့ CoC အောက်ကို ဝင်ခိုင်းတဲ့ သဘောပဲ။
တကယ်တော့ မြန်မာပြည်ရဲ့ ပဋိပက္ခအရေးက ၂၀၂၁ နောက်ပိုင်း ပေါ်လာတဲ့ လက်နက်ကိုင်မှန်သမျှမှာ NLD ကို ထောက်ခံကြရင်းနဲ့ NUG ပေါ်လာချိန်မှာလည်း ဆက်ပြီး လက်နက်ကိုင်ခဲ့ကြတာလို့ ပြောလို့ရတယ်။ ထူးခြားတာက အချိန်တဖြည်းဖြည်းကြာလာတဲ့အခါ NUG ကို အစိုးရ တစ်ရပ်လို့ သဘောထားတာ မမြင်ရသလို LPDF တွေအနေနဲ့ ကိုယ့်ဒေသ တဝိုက်မှသာ အခွန်ကောက်နေရင်း သာယာလာတာမျိုးလည်း မြင်ရတယ်။
ဥပမာ- မတ္တရာတဝိုက်ကနေ မန္တလေး တက်သိမ်းမယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေက မတ္တရာနားက ရွှေတွင်းတွေနဲ့တက် တိုင်ပက်သွားသလို ကြားထဲက အညာဒူဘိုင်းတို့လို့ လိုင်းပေါ်မှာ ဟိုးလေတကြော်ကြော် ဖြစ်ခဲ့တာတွေကို အနှစ်ချုပ်လိုက်ရင် ...လက်နက်ကိုင်ပြီး စီးပွားရှာကြတာကို ကိုယ်စီ နှစ်သက်သွားတဲ့ သဘောရှိတယ်။ ဒါ့ကြောင့်လည်း ပုလဲ ယင်းမာပင် တဝိုက်မှာ ဗိုလ်နဂါးနဲ့ NUG ကြား အဝေ မတည့်တာတွေ ရှိလာသလို ဂန့်ဂေါက လက်နက်ကိုင် အချင်းချင်း ပစ်ခတ်မှုဆိုတာကလည်း ဒီလို အကျိုးစီးပွား ပွတ်တိုက်မှုတွေ အခြေခံကြတာ မြင်လာရတယ်။
တဖက်မှာ နစက အစိုးရနေ ရွေးကောက်ခံ အစိုးရ ပုံစံ ပြောင်းသွားသလို တရားဝင်မှုအရ နိုင်ငံတကာက တဖြည်းဖြည်း လက်ခံလာချိန်၊ နေဝင်စပြုလာတဲ့ NUG အနေနဲ့ ဟန်ပြ ဖက်ဒရယ် ချာတာတွေ ချပြပြီး လက်နက်ကိုင်အင်အားစုတွေ ပါလာဖို့ NSPNC နဲ့အပြိုင်ကြိုးစားလာတာလည်း မြင်ရတယ်။ ခက်တာက....စုဖွဲ့ထားတဲ့ ဒီအစုအဖွဲ့မှာ KNU ကလည်း အဆွယ်မရှိတော့ဘူး။ KNDF ဆိုတာကလည်း ကယားထဲက မြို့တွေ တောက်လျှောက်လက်လွှတ်နေခဲ့ရတာ။ ယုတ်စွအဆုံး ဗမာ အညာ LPDF တွေနဲ့ မောင်ဇွဲတို့လို လက်နက်ကိုင်တွေတောင် NUG ရဲ့ CoC ထဲ မဝင်ချင်မှတော့၊ AA ထွန်းမြတ်နိုင်က ပူးပေါင်းလိမ့်မယ်လို့ ဘယ်လို ယုံကြည်နေကြလည်းတော့ မသိ။
သူတို့တော်လှန်ရေးက လည်တော့လည်တယ်။ အပတ်မပြည့်ဘူးဆိုသလိုပဲ။ ကြားထဲက နိုင်ငံရေးမသိတဲ့သူငယ်တွေတော့ ထပ်သေကြရဦးမယ့်သဘောပဲ။
(နရီမိုး)
Repost from နရီမိုး
+3
ကယားပြည်နယ်ဘက်က လွိုင်ကော်မြို့နဲ့ ဒီးမော့ဆိုမြို့နယ်တွေမှာ တိုက်ပွဲတွေကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ ဓာတ်အားခွဲရုံတွေ၊ ဓာတ်အားလိုင်းတွေနဲ့ ထရန်စဖော်မာတွေကို အင်တိုက်အားတိုက်ပြုပြင်နေတာက ဒေသခံပြည်သူတွေအတွက်တော့ ဝမ်းသာစရာ သတင်းတစ်ခုပဲ ဖြစ်လိမ့်မယ်။
ဒါပေမယ့် တဖက်မှာ ကြည့်ရင်တော့ တိုင်းပြည်အတွက် ဒီလို ကိစ္စတွေက ဝမ်းနည်းစရာပဲ။ ရှိပြီးသား ဓာတ်အားခွဲရုံတွေ၊ ထရန်စဖော်မာတွေသာ မပျက်စီးခဲ့ရင်၊ ဖျက်ဆီး မခံရရင်...တခြား တိုးတက်ရေးတွေမှာ အသုံးချလို့ ရနိုင်တာပေါ့။
ခုတော့ တိုင်းပြည်က အနာဂတ် တည်ဆောက်ရေးဆိုတာထက် ဖြိုဖျက်ထားခဲ့ကြတဲ့ ပျက်စီးရေးတွေကိုပဲ နောက်က လိုက်ပြင်နေရတယ်။ ဒီအတောအတွင်း လျှပ်စစ်မရလို့ ဆုံးရှုံးခဲ့ရတဲ့ စီးပွားရေးတွေ၊ စစ်ကြောင့် ပျက်စီးခဲ့ရတဲ့ ပညာရေးတွေ....ဘယ်လောက်တောင် ရှိနေမလဲ။ လွိုင်ကော် တက္ကသိုလ်ဝန်းထဲထိ ဖျက်ဆီးရေး လာလုပ်ခဲ့ကြတဲ့ သူတွေ၊ မြို့ကို ဖျက်ဆီးရေးသပ်သပ်လုပ်ခဲ့ကြသူတွေက ဘာမှ မဟုတ်သလို နေနိုင်ကြပေမယ့် ....တည်ဆောက်ရေးမှာတော့ ပြည်သူတွေရဲ့ အချိန်တွေ၊ လုပ်အားတွေနဲ့ ငွေကြေးတွေက တနင့်တပိုး ...ရင်းရတယ်ဆိုတာ ဒီလိုမြင်ကွင်းတွေက သက်သေပဲ။
(နရီမိုး)
Repost from နရီမိုး
ဗမာပဒက်တွေ သင်ခန်းစာ ရသေးပုံ မပေါ်ဘူး။ ဟိုကလည်း EAO တွေပါမှ လူရာဝင်မယ့်အဖွဲ့အစည်း။
ဒီဘက်ကလည်း မြို့သာ သိမ်းထားတာ။ လူရာမဝင်တဲ့အပြင် သဘာဝဘေး၊ မူးယစ်ဆေး၊ လူငယ်တွေ အဓမ္မ လူသစ်စု၊ လေကြောင်း ဗုံးကြဲတာတွေ ခံနေရလို့ ဒီချိန်မှာ အလှူရှင် ငတ်နေချိန်။
ကြည့်ရတာ...နှစ်ဖက်ခွစားမယ့် ပုံစံပဲ။ ဒီအချိန်မှာ ပေါင်းသလိုလို လုပ်ပြီး သဲ့ယူမယ့် အကွက်။ တကယ်တမ်း EAO တွေ လိုချင်တဲ့ နိုင်ငံရေးလိုလားချက်ကို ပြည်ပပြေးနေရတဲ့ ဘောင်မဝင်၊ တန်းမဝင်တဲ့ အဖွဲ့အစည်းက ဘာများ အာမခံချက်ပေးနိုင်မှာမို့။ သူတို့ကိုယ်တိုင်တောင် တရားဝင်ဖို့ အလူးအလဲ တောင်းဆိုနေရတာ။
(နရီမိုး)
