ar
Feedback
SItt News တိုက်ပွဲတိုင်း..အောင်ရမည်...🇲🇲🇲🇲🇲🇲

SItt News တိုက်ပွဲတိုင်း..အောင်ရမည်...🇲🇲🇲🇲🇲🇲

الذهاب إلى القناة على Telegram

သတင်းပေါင်းစုံ စုည်းရေး

إظهار المزيد
2 014
المشتركون
-924 ساعات
-87 أيام
+2830 أيام
أرشيف المشاركات
ထိုင်းနိုင်ငံရောက် နီပေါပိန်းပိတ် တို့ကို ဖမ်းခိုင်းပြီ ---- နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါး အမှုများ ကိစ္စ ဆွေးနွေးရန် နေပြည်တ
ထိုင်းနိုင်ငံရောက် နီပေါပိန်းပိတ် တို့ကို ဖမ်းခိုင်းပြီ ---- နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါး အမှုများ ကိစ္စ ဆွေးနွေးရန် နေပြည်တော်သို့ ရောက်ရှိနေသော ထိုင်းနိုင်ငံ မှ ဗိုလ်ချုပ်ကြီး (ငြိမ်း) Paiboon Khumchaya ဦးဆောင်တဲ့ Delegation အဖွဲ့ကို 2026 July 25 ရက်နေ့တွင် ပြည်ထဲရေး ဝန်ကြီးဌာန ဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ မှ တွေ့ဆုံရာတွင် ထိုင်းနိုင်ငံ သို့ ထွက်ပြေး ခိုလှုံကာ မြန်မာနိုင်ငံ ၏ အကျိုးစီးပွား ပျက်စီးရာ ပျက်စီးကြောင်း လုပ်ကိုင် ဆောင်ရွက်နေသော မြန်မာနိုင်ငံသား ဝရမ်းပြေး များ စာရင်း ကို Passport နံပါတ်များ၊ မှတ်ပုံတင် နံပါတ်များ၊ လူရုပ်ပုံ များ၊ ၎င်းတို့၏ FB Account, Tiktok Account များနှင့် တကွ ပေးအပ်ပြီး ၎င်း တို့ကို ရှာဖွေဖမ်းဆီးကာ မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးရန် တောင်းဆိုခဲ့သည်။ --- တောင်ပေါ်ပေသီး #TPPT

"ကယားတို့ဌာနေ ငွေတောင်ပြည် July 28.7.2026 အခုည စံပြ(၆) မိုင် ငွေတောင်၊ ဒီမော့ဆို ၊ဒေါငံခါးအနီး တိုက်ပွဲဖြစ်နေပါသည်။ ပြည်ချစ်သားတို့.. .. လက်ဦးမှုရရှိပါစေ.. .. #ShanGyi

Repost from Ko Myo Win
             ဟံသာဝတီကို ငြိမ်ဝပ်ပိပြားအောင် တလမျှ အုပ်ချုပ်နေစဥ် မုတ္တမက စည်ပင်လာပါတယ် ။ မုတ္တမမြို့စား စောဗညားက သုရှင်တကာရွတ်ပိရဲ့ နှမတော် တလကမူ ရဲ့ ခင်ပွန်း ဆိုတော့ ဘုရင့်ယောက္ဖ ပေါ့ ။ မုတ္တမရဲ့ ဆိပ်ကမ်းမှာ နိုင်ငံခြားသင်္ဘောတွေ ဆိုက်ကပ်လို့ စီးပွားရေးကောင်းတယ် ။ စောဗညားက တပင်ရွှေထီးကို အထင်မကြီး မောက်မာစွာ ဆက်ဆံတတ်တယ် ။             မော်လမြိုင်မြို့စားက ဗညားဦး ။ သူကတော့ မတ္တမမြို့စား စောဗညားနှမကို ယူထားလို့ စောဗညားရဲ့ ယောက္ဖ ပေါ့ ။ သမီးယောက္ဖခြင်း ညီညွှတ်ပြီး အပြန်အလှန် အားကိုးနေကြရတယ် ။ ဗညားဦးကတော့ တပင်ရွှေထီးကို အလေးထားတယ် ။ ဟံသာဝတီကို လွယ်လွယ်သိမ်းသွားတာ တော်ရုံ အစွမ်းမဟုတ်ဖူးလို့ အသိအမှတ်ပြုတယ် ။           ဟံသာဝတီပျက်တော့ တလိုင်းအများစုက ထွက်ပြေးကြရာ မုတ္တမ နဲ့ မော်လမြိုင်ကို ဦးစားပေး ပြေးကြတာပဲ ။ နိုင်ငံခြား သင်္ဘောဆိပ်တွေ ကိုယ်စီရှိတဲ့ မုတ္တမ နဲ့ မော်လမြိုင်ဟာ ယခင်ကထက် အများကြီး စည်ပင်ဝဖြိုးလာခဲ့ပါတယ် ။               ဒီအနေအထားမှာ တပင်ရွှေထီးက စစ်ချီဖို့ ဖင်တယွယွဖြစ်ပြန်ပါပြီ ။ ဒါကြောင့် ဇောင်းကြွတဲ့ မုတ္တမကို ချိီမလား ပြည်ကိုချီမလား တိုင်ပင်ပါရော ။ သတိုးဓမ္မရာဇာက တနှစ်လောက် အင်အားဖြည့်ပြီးမှ စစ်ချီဖို့ အကြံပေးတယ် ။ ကျော်ထင်နော်ရထာက စစ်တို့၏ သဘောအရ နိုင်တုန်း အရှိန်နဲ့တိုက်တာ ပိုပြီး အောင်မြင်တတ်ကြောင်း ၊ ပြည် နဲ့ သုရှင်တကာရွတ်တို့ ကို လိုက်တိုက်သင့်ကြောင်း အရှေ့ဘက်က ရှမ်းတွေပါ ပြည် နဲ့ ပူးပေါင်းပြီး အင်အားအဆမတန် ကွာနေပါက ပြန်ဆုတ်လာကြပါမယ် ၊ ထိုသို့ ပြည် စစ်မျက်နှာ အခြေအနေမဟန်မှ မုတ္တမကို တိုက်သင့်ပါတယ် လို့ အကြံပြုရာ သမိန်ပရူကလည်း ထောက်ခံပါတယ် ။             ဒါကြောင့် ပြည်ကို တိုက်ခိုက်ရန် တပ်များပြင်ဆင်ကြပါတယ် ။ အစီအမံအရ ကြည်းတပ်ကို ကျော်ထင်နော်ရထာ ဦးစီးပြီး တပင်ရွှေထီးက ရေတပ်နဲ့ ချီတက်ရန် ဖြစ်ပါတယ် ။ ရန်သူတို့ အငိုက်တိုက်ကြမှာကို ကာကွယ်ရန် ကြည်းတပ် နဲ့ ရေတပ် မလှမ်းမကမ်းမှ ညီတူမျမျှ ချီတက်ရန် စီမံချက်ရေးဆွဲကြပါတယ် ။              ရေတပ်မှာ တိုက်လှေ ၃၅၀ နဲ့ စစ်သည် ၃၅၀၀၀ ပါဝင်ပြီး မွန်စစ်သူကြီး သမိန်ပရူလည်း လိုက်ပါရပါပြီ ။         ကြည်းတပ်မှာတော့ ဘုရင့်ရေတပ်နဲ့ အတူ တပ် ၄ တပ်ကို သတိုးဓမ္မရာဇာက ​ကွပ်ကဲရပါတယ် ။ တိုက်ဆင် ၇၀ စစ်မြင်း ၃၀၀ နဲ့ စစ်သည် ၃၅၀၀၀ ပါဝင်ပါတယ် ။           အထူးစစ်ဆင်ရေးအဖြစ်  လက်ရွေးစင် တိုက်ဆင် ၅၀ ၊ စစ်မြင်း ၅၀၀ ၊ ဒေါင်ဒေါင်မြည် စစ်သူရဲကောင်း ၁၀၀၀၀ တို့ကို ကျော်ထင်နော်ရထာက ဦးဆောင်ချီတက်ကြပါတယ် ။ ဦးတည်ရာက သုရှင်တကာရွတ်ပိရဲ့ တပ်တွေဟာ ဗညားဒလ နဲ့ မင်းရဲအောင်နိုင်တို့ရဲ့ ဦးဆောင်မှုနဲ့ နောင်ရိုးအရပ်မှာ စခန်းချ အားယူနေတဲ့ သတင်းကြောင့် နောင်ရိုးရှိ ထိုတပ်ကို ချေမှုံးကြဖို့ပါပဲ....              ဟံသာဝတီ မြို့စောင့်ကတော့ ထုံးစံအတိုင်း ကျော်ထင်နော်ရထာရဲ့ ဖခင် မင်းရဲသိင်္ခသူပါပဲ ။        နာမည်ကျော် နောင်ရိုးတိုက်ပွဲကတော့ နိဒါန်းပျိုးပေပြီ ။ နောင်ရိုးအနီးရေလျှံနေတဲ့ ချောင်းတဘက်ကမ်းမှာတော့ တိုက်ဆင် ၂၀၀ ၊ စစ်မြင်း ၈၀၀ ၊ စစ်သည် ၈၀၀၀၀ တို့နဲ့ ခမ်းနားလှတဲ့ စစ်တပ်ကြီး ရှိနေပါတယ် ။          ရန်သူ့အင်အားကို အတိအကျ သိရှိစေရန် သစ်ပင်ထက် တက်ကြည့်စေကာ မှန်းဆပြီးတာနဲ့ ကျော်ထင်နော်ရထာက ကြောက်ရွံ့ဖို့ အသာထား အစာငတ်နေတဲ့ ခြင်္သေ့ ဒရယ်အုပ်လိုက်ကြီး တွေ့ရသလို အလျှင်စလို အမိန့်ပေးလိုက်တာက.....           ကိုရွှေမျိုးဝင်း                                                      

Repost from Ko Myo Win
           ဒီလိုနဲ့ မွန် အမတ်တွေဟာ မိမိသစ္စာခံ ကျွန်ရင်းများအပေါ် ရက်စက်ခဲ့သော သုရှင်တကာရွတ်ပိအား ပြတ်သားစွာ စွန့်ခွာကျောပေးပြီး တပင်ရွှေထီးထံ သစ္စာခံလိုက်ကြပါတော့တယ် ။ သမိန်ပရူ နဲ့ မွန် အမတ်များအား တပင်ရွှေထီးက တွေ့ဆုံပြီး... " ဘုရင်ထွက်ပြေးတာကို မောင်မင်းတို့က မပြေးပဲ ခုခံနေကြတာ ငါ့ကို နိုင်မယ်များ ထင်နေကြလို့လား '' " မနိုင်လောက်ဖူးလို့ တွက်ဆမိကြပါတယ် ဒါပေမယ့် လူဆိုတာ မိမိမျိုးရိုးကို ထိမ်းသိမ်းစောင့်ရှောက်ရပါတယ် ၊ ယခု ကျနော်တို့ ဘုရင်က ထွက်ပြေးသွားတာဟာ ရှက်စရာ ဝတ္တရားပျက်ကွက်မှုကြီးပါ သူရဲဘောကြောင်လွန်းတဲ့ ဘုရင်ကြောင့် သူ့နောက် မလိုက်ပဲ မျိုးနွယ်ဂုဏ်ကို ထိမ်းသိမ်းရန် အသက်စွန့်ခုခံကြဖို့ ဆုံးဖြတ်ပြီး တိုက်ခိုက်ရခြင်း ဖြစ်ပါတယ် ၊ ဒီလို စွမ်းသလောက် တိုက်ခိုက်ပြီး မခံနိုင်လို့ ရှုံးနိမ့်သော်လည်း တိုင်းပြည်နဲ့လူမျိုးအတွက် တာဝန်ကျေခဲ့လို့ ကျေနပ်ပါတယ် ၊ ယခု ခိုလှုံရာ အားကိုးဖွယ် မျိုးနွယ်တူဘုရင် မတွေ့၍ အရှင့်ထံ ခိုလှုံဖို့ ဆုံးဖြတ်လိုက်ရတာပါ ''             " အင်းးးမောင်မင်းတို့ရဲ့ ကိုယ့်မျိုးနွယ်ဂုဏ် ထိမ်းသိမ်းတာကို ချီးကျုးပါတယ် မိမိရဲ့ တိုင်းကျိုး ပြည်ကျိုး မျိုးနွယ်ကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်ကြတာ ကောင်းတဲ့ အလုပ်ပါပဲ ၊ ဒီစိတ်ထားအတိုင်း ငါ့လက်အောက်မှာ ထမ်းဆောင်ကြပါ ရှေးကအတိုင်း ရာထူးခန့်အပ်ပေးမယ်.. မောင်မင်းတို့ရဲ့ အကြီးအကဲက ဘယ်သူလည်း..'' " ကျနော်မျိုး သမိန်ပရူပါပဲ ''          သမိန်ပရူက မက်တပ်ရပ်ပြီး လျှောက်တင်လိုက်တော့ တပင်ရွှေထီးရဲ့ အနားက ကျော်ထင်နော်ရထာရဲ့ မျက်လုံးတွေ ဝင်းကနဲ ဖြစ်သွားပြီး သမိန်ပရူကို စေ့စေ့ကြည့်ကာ... " မြို့တော်တံခါးပေါက် အဝင်ဝကနေ ဆင်ပေါ်ကနေ ကျွန်ပ်အား လှံလျှင်ဖြင့် ပစ်တာ သင် မဟုတ်လား '' " မှန်ပါတယ် ကျနော်ပါပဲ ''            ကျော်ထင်နော်ရထာက လှံရိုးအသစ်ပြင်ထားတဲ့ လှံကို ကိုင်ပြရင်း... " သည်လှံဟာ တလိုင်းပြည်ရှိ လက်နက်များထဲမှာ အဖိုးတန်ဆုံး သတ္တိအရှိဆုံး လက်နက်ပဲ ၊ ကျွန်ုပ်၏ သွေးကို သောက်ခဲ့တဲ့လှံ ကျွန်ုပ်အား စစ်ရေးသတိအမြဲရှိဖို့ သတိပေးခဲ့တဲ့လှံ ဒါကြောင့် အမတ်ကြီး သမိန်ပရူကိုလည်း ကျေးဇူးတင်ပါတယ် ''              တလိုင်း အမတ်တွေလည်း ကျော်ထင်နော်ရထာရဲ့ စကားကို ကြားပြီး ဆွံ့အကုန်ပါတယ် ။ သူရ သတ္တိနဲ့ ပြည့်စုံသလို စိတ်သဘောလည်း ကြီးမြင့်လှတဲ့ အတွက် သူတို့ကြားဖူးထားတဲ့ ဗမာ့စိတ်ဓာတ်နဲ့ မိုးနဲ့မြေ မျှ ကွာဟနေတာကိုး ။ တပင်ရွှေထီးကတော့ ပြုံးရွှင်ရယ်မောပြီး သမိန်ပရူကို ဆက်လက်မေးမြန်းပါတယ်... " သမိန်ပရူ သင်က သျှင်ရဲထွဋ်ကို တမင်ရည်ရွယ်ပြီး ပစ်ခဲ့တာလား..တွေ့ရာလူ ပစ်တာလား '' " မှန်ပါ ငါလည်း တလိုင်းသူရဲကောင်း ကျော်ထင်နော်ရထာလည်း ဗမာသူရဲကောင်း ၊ သူရဲကောင်းခြင်း လက်ရည်စမ်းလိုသည့်အတွက် တမင်လူရွေးပစ်ခြင်းပါ ပစ်ရသည့်အတွက်လည်း လွန်စွာအားရ ကျေနပ်နေမိကြောင်းပါ.. '' " အင်းးသူရဲကောင်းပီသပါပေတယ် သည်လို စစ်ရေးထဲမှာ ကိုယ့်တာဝန်ကို ဆောင်ရွက်ကြတာ ဓမ္မတာပါပဲ ဒါကြောင့် ထူးထူးထွေထွေ အပြစ်ဆိုရန် အကြောင်းမရှိပါဘူး နော်တော်ကိုယ်တိုင်ကတောင် လှံ အတွက် ကျေးဇူးတင်ကြောင်း ပြောနေတာပဲလေ ''            တပင်ရွှေထီးရဲ့ မိန့်ကြားချက် ကြားရတော့ တလိုင်းအမတ်တွေ ကြက်သီးထသွားကြပါတယ် ။ ဗမာတွေဟာ စစ်ပွဲကာလမှာ ဘီလူး သရဲ စီးပူးသလို ဒရကြမ်း ခုတ်ထစ် သတ်ဖြတ်ကြပေမယ့် ပွဲပြီးချိန်ကျတော့လည်း လူသားဆန်စွာ သဘောထားကြီးစွာနဲ့ ပြုမူတတ်ပါလား ဆိုပြီး အံ့ချီးဘနန်း ဖြစ်ကြရပါတယ် ။ ကျော်ထင်နော်ရထာက တပင်ရွှေထီးအား... " သမိန်ပရူကဲ့သို့ မယိမ်းမယိုင်သော စိတ်နေစိတ်ထားက ရှားပါးတန်ဖိုးကြီးမားလှပါတယ် ၊ ယခု ကျနော်မျိုးတို့ထံ ခိုလှုံ ပူးပေါင်းလာပြီ ဖြစ်လို့ ထိုက်တန်စွာ ချီးမြှင့်မြောက်စားသင့်ပါတယ် ''                တပင်ရွှေထီးလည်း သမိန်ပရူကို တလိုင်းလူမျိုးတို့ရဲ့ အကြီးအချုပ်ခန့်ထားပြီး ကျန် အမတ်များကိုလည်း ယခင်ရာထူးများအတိုင်း မနှိမ့်မချ ခန့်အပ်ပါတယ် ။ တလိုင်းတို့ရဲ့ အကြီးအကဲဖြစ်သူ သမိန်ပရူကို တလိုင်းစစ်တပ်အသစ် ဖွဲ့စည်းစေပါတယ် ။  တပင်ရွှေထီးက ထပ်မံပြီး... " ငါသည် မည်သည့်လူမျိုးကိုမျှ နှိပ်စက်လိုခြင်း မရှိ ၊ ယခု ဟံသာဝတီကို သိမ်းယူခြင်းရမှာ ဒဂုံဆံတော်ရှင် နှင့် ရွှေမုဓောစေတီ တို့ကို အခါမလပ် ဖူးမျှော်လိုတဲ့ ဆန္ဒက အဓိက ဖြစ်တယ် ။ ယခု လတ်တလော ငါ့ဆန္ဒပြည့်ဝပေပြီ တလိုင်းလူမျိုးများ အနေနဲ့ ငါ့ထံပါး မပျော်ပိုက်ပါက သင်တို့ ဘုရင်ရှိရာ အရပ်သို့ မိသားစု နဲ့ တကွ လိုက်ပါနိုင်တယ် '' " ကျနော်မျိုးတို့သည် တလိုင်းလူမျိုးများ ဖြစ်ပါတယ် သို့သော် အမျိုးဘုရင်၏ စိတ်သဘောကို သိကြပြီဖြစ်၍ အရှင်နဲ့သာ နေလိုပါတယ် ၊ အမျိုးတူဘုရင် ဖြစ်စေကာမူ အမျိုးကို နှိပ်စက်လျှင် စွန့်ခွာရပါလိမ့်မယ် ''             တပင်ရွှေထီးလည်း တလိုင်းတို့ရဲ့ သဘောကို ကောင်းစွာသိသွားရပါတယ် ။ လူဟူသည်ကား မျိုးနွယ်တူပါစေ မျှတခြင်းမရှိရင် သဘောမကျတတ်ပါကလား.... မိမိဘက်သားကိုမစောင့်ရှောက်ပဲ  အသေးအဖွဲ အကြောင်းပြု နှိပ်စက်လျှင် သစ္စာရှိရာမှ ဖောက်ပြန်တတ်ပါလားဆိုတဲ့ သဘော သဘာဝကို တလိုင်းတွေက သင်ကြားပေးလိုက်ပါတော့တယ် ။

Repost from Ko Myo Win
တပင်ရွှေထီး နဲ့ ဘုရင့်နောင် (19) =======================             အလွန်လျှင်မြန်အားပါတဲ့ လှံလျှင်ကို လွတ်လွတ်ကျွတ်ကျွတ် မရှောင်တိမ်းနိုင်ပဲ ပေါင်ကို ထိမှန်သွားပါတယ် ။ ကျော်ထင်နော်ရထာဟာ လှံရိုးကို ကျောက်စီဓား နဲ့ တိကနဲဖြတ်ပြီး လှံပစ်သူ သမိန်ပရူကို စူးစူးဝါးဝါး တချက်ကြည့်ကာ သူ့ရဲ့ တာဝန် စစ်ရေးရည်မှန်းချက်ဖြစ်တဲ့ နန်းတော်ဆီသို့သာ ဒရကြမ်း မြင်းစီးသွားပါတော့တယ် ။            ကျော်ထင်နော်ရထာရဲ့ နောက်ပါးက ရွှေခွက်ဆွဲ သူရဲကောင်းတွေနဲ့ မြင်းရည်တက်သူရဲကောင်းတွေရဲ့ အကြောက်အရွံ့မရှိ တဟုန်ထိုးတိုးဝင်ခုတ်ထစ်မှုများကြောင့် အတားအဆီး မှန်သမျှ ပြိုလဲပွင့်ပေါက်ကာ နန်းတော်ကို စီးမိသွားပါတော့တယ် ။ နန်းတော်ထဲက ပလ္လင်ထိ သိမ်းယူပြီးမှ အောင်ပြီ..အောင်ပြီ လို့ ကျော်ထင်နော်ရထာ ကြွေးကြော်ပါတော့တယ် ။            ထပ်ချပ်မကွာ ပါလာကြတဲ့ တောင်ငူသူရဲကောင်းတွေလည်း ထိုအချိန်မှ ကျော်ထင်နော်ရထာရဲ့ မနှုတ်ရသေးတဲ့ လှံလျှင်ရဲ့ အသွားနဲ့ သွေးတရွဲရွဲ ဖြစ်နေတဲ့ ဒဏ်ရာကို မြင်သွားကြပြီး အလျှင်အမြန် ဆေးထည့်ကုသပေးကြရပါတယ် ။            လှံသွားကို မနှုတ်ပဲ ဘာကြောင့် အလျှင်စလို ဆက်တိုက်နေရပါသလဲလို့ စိုးရိမ်ကြီးစွာ မေးမြန်းကြပါတယ် ။ ဒီတော့ ကျော်ထင်နော်ရထာက.... " စစ်မှုရေးရာဆိုတာ မျက်စိတမှိတ် လျှပ်တပြက်အတွင်း အပြောင်းအလဲ ဖြစ်သွားနိုင်တယ် ဒါကြောင့် အခွင့်ရခိုက် အကျိုးရှိစွာ အသုံးချနိုင်ရမယ် ၊ ဒီလောက်ဒဏ်ရာကို တယုတယ ကုသနေလို့ တာဝန်လစ်ဟင်းသွားရင် ဘယ်နှယ့်လုပ်မလဲ ''              ထို့နောက် နှုတ်ယူပြီးသော လှံသွားကို ကြည့်ပြီး... " အင်း ငါ့ကို စစ်ရေးသတိပေးခဲ့တဲ့ သတ္တိရှင်ရဲ့ လှံသွားဟာ ကျေးဇူးရှိတယ် ဒီလှံသွားကို အရိုးသစ်ပြန်တပ်ပြီး ငါ့ကိုပြန်ပေးကြ ငါ သတိမမေ့အောင် အမြဲသုံးမယ်..''              အဲလို အမိန့်ပေးပြီးချိန်မှာပဲ နောက်တော်က တပင်ရွှေထီးနဲ့တပ်မကြီး ဝင်ရောက်လာပါတယ် ။ ဟံသာဝတီ နန်းတွင်းမှာ စုဝေးပြီး စစ်ပွဲပြီးထုံးစံအတိုင်း ဘယ်သူ့ပွဲလည်း ဆိုပြီး မေးမြန်းပါတယ် ။ ကျော်ထင်နော်ရထာရဲ့ ဒဏ်ရာကို အမှုမထားပဲ တိုက်ပွဲဝင်ပုံကအစ လျှောက်တင်ကြရာ တပင်ရွှေထီးက အားရဝမ်းသာစွာနဲ့...... " သည်နန်းဟာ နောင်တော် သျှင်ရဲထွဋ်ရဲ့ နန်းဖြစ်ပေသည် ''        လို့ ချီးမွမ်းပါတော့တယ် ။             နန်းတော်ထဲမှာ ထိပ်တန်းအရာရှိ တောင်ငူသားတွေ တိုင်ပင်နေကြသလို ခုခံခဲ့ကြတဲ့ မွန်သူရဲကောင်းတွေလည်း ထွက်ပြေးကြဖို့ တိုင်ပင်နေကြပါတယ် ။ " ဗမာစစ်သားတွေလောက် မိုက်မိုက်ကမ်းကမ်း တိုက်ရဲကြတာ မတွေ့ဖူးသေးဘူး ၊ သေမှာ ဂရုမစိုက်ပဲ တိုက်ရဲတဲ့ သူရဲကောင်းတွေ အများကြီးမို့ ငါတို့ရှုံးရတာပဲ ၊ တို့ကို မိရင် မီးလောင်တိုက်သွင်းပြီး သတ်ကြမှာ မလွဲဘူး ကိုယ်လွတ်ရုံး ပြေးကြရမယ် ''           လို့ တိုင်ပင်ပြီး မြို့ပြင်ကို ထွက်ပြေးကြပါတယ် ။ ဒါပေမယ့် ဗမာတပ်တွေက မြို့ပြင် လေးရပ်လုံးကို ပိတ်ဆို့ထားပြီး ဖြစ်လို့ မလွတ်မြောက်ကြပါဘူး အားလုံး အဖမ်းခံကြရပါတယ် ။          တပင်ရွှေထီးလည်း မြို့ကို အလုံးစုံထိမ်းချုပ်ပြီးတာနဲ့ အမိန့်ထုတ်ပါတယ်... " ဟံသာဝတီကို ထီးနန်းနဲ့တကွ အောင်မြင်ပြီး ဖြစ်၍ တလိုင်းများအား နှိပ်စက်ရန်မလိုတော့.. ထို့ကြောင့် တလိုင်းဘုရင်နောက်သို့ လိုက်ပါလိုသူများ မိသားစုနဲ့တကွ လိုက်ပါသွားနိုင်တယ် ..ငါ့ လက်အောက် ခိုလှုံလိုပါက ခိုလှုံနိုင်တယ် ၊ ငါ့လက်အောက် ခိုလှုံသူများအား အရည်အချင်းအလျှောက် ငါ ချီးမြှောက်တော်မူမည် ''            အဲဒီ အမိန်ထုတ်လိုက်တော့ တလိုင်းအများစု အံ့သြသွားကြပါတယ် ။ သူတို့ တသက်လုံးက ကြားလာသမျှ သတင်းတွေမှာ ဗမာတွေက ရိုင်းစိုင်းရက်စက်တယ် ၊ စစ်ပြုပြီး လုယက် သတ်ဖြတ်တယ် ဆိုတဲ့ ပုံပြင်တွေနဲ့ ယခု အမိန့်တော်က ပြောင်းပြန်ဖြစ်နေတာကိုး..သူတို့ တလိုင်းဘုရင်တောင် ဒီလိုမျိုး အခွင့်အရေးပေးတဲ့ အမိန့် ထုတ်ပြန်တား မကြားဖူးဘူးလေ ။          ဒီတော့  တလိုင်းပြည်သူတွေ ဆွေးနွေးကြပါတယ်.. " ဗမာဘုရင်က ငါတို့ ကြားဖူးသလို ဆိုးဝါးရက်စက်တဲ့ မင်းမျိုး မဟုတ်ပါလား..ငါတို့ တလိုင်းဘုရင်က သစ္စာရှိ အမတ်လူယုံတော် အထိမ်းတော်ကြီးတွေကိုတောင် လွယ်လွယ် သတ်ပစ်ချိန်မှာ တပင်ရွှေထီးက သူ့ကို ခုခံခဲ့ကြတဲ့ ရန်သူအစစ် ငါတို့ကို မိသားစုနဲ့အတူ အသာတကြည် ထွက်ခွာခွင့်ပေးနေတာ နှိုင်းယှဥ်ကြည့်ရင် ဘယ်သူ့လက်အောက်ခိုလှုံရမလဲ ဆုံးဖြတ်နိုင်ပေပြီ ''            ဆိုတဲ့ စကားအရ တလိုင်းအများစုဟာ တပင်ရွှေထီး လက်အောက် ခိုလှုံဖို့ ဆုံးဖြတ်ကြပါတယ် ။    အဖမ်းခံထားရတဲ့  သမိန်ပရူ နဲ့ အမတ်တွေလည်း ဆွေးနွေးကြတာပါပဲ .. " ဒီ ပုံစံဆို ဗမာဘုရင်သည် တလိုင်းတို့အပေါ် ရိုင်းစိုင်းစွာ နှိပ်စက်မယ့်ဟန်မရှိဘူး ၊ ငါတို့သည် ယခင်ထဲက မျိုးနွယ်တူ ဘုရင်ရဲ့ ညံ့ဖျင်းမှုကြောင့် ခွဲခွာလာပြီး အမျိုးကို စောင့်ရှောက်ဖို့ဝတ္တရားရှိသည်နှင့်အညီ ဆောင်ရွက်ခဲ့ပြီးပြီ ဒီအတွက် ဗမာဘုရင်က သတ်ရင်လည်း သတ်ပါစေ မသတ်လျှင်လည်း ဗမာဘုရင့်ထံ ခိုလှုံမှသင့်တော်မည် တို့ အရှင်ဟောင်းသည်ကား သစ္စာရှိသူ အထိမ်းတော်ကြီးများကိုပင် လွယ်လင့်တကူ သတ်ဖြတ်သူ အရိပ်ရန်သူထင်တတ်သူပင်တည်း ''

◾ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခအရေးကို အဖြေရှာတဲ့ နေရာမှာ…တစ်ချို့ကိစ္စတွေမှာ ရန်၊ငါ စည်း ပြတ်ပြတ်သားသားနဲ့ ချေမှုန်းမှ ရတော့မ
◾ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခအရေးကို အဖြေရှာတဲ့ နေရာမှာ…တစ်ချို့ကိစ္စတွေမှာ ရန်၊ငါ စည်း ပြတ်ပြတ်သားသားနဲ့ ချေမှုန်းမှ ရတော့မယ်လို့ မြင်တယ်။ ဘာလို့လဲဆိုတော့ …မနေ့က မြဝတီမြို့နယ်ထဲက အွန်လိုင်းလိမ်လည်မှု ဖမ်းဆီးရမိခဲ့တဲ့ သတင်းမှာ ကျူးလွန်သူ ၇၇၇ ဦးကို ဖမ်းဆီးနိုင်ခဲ့သလို…ဒီလုပ်ငန်းကို အကာအကွယ်ပေးနေခဲ့တဲ့ KNLA/PDF တွေနဲ့လည်း တပ်မတော်ကထိတွေ့ မှု ဖြစ်ခဲ့တာ တွေ့ရတယ်။ ကော်သူလေး နိုင်ငံ ထူထောင်ဖို့ဆိုပြီး ကရင်လက်နက်ကိုင်ခေါင်းဆောင်တွေပါးစပ်မှာ ပြောနေပေမယ့် လက်တွေ့မှာ…ဒီလိုငွေရလမ်းပေါက်တွေကပဲ တရားမဝင် ပိုက်ဆံရှာနေကြတာလည်း မြင်ရတယ်။ လက်ရှိ KNU ဆိုရင်… ဒီကျားဖြန့်လုပ်ငန်းတွေလုပ်နိုင်ဖို့ တရားဝင် စာချုပ် ချုပ်ထားတဲ့ ကိစ္စတွေလည်း တစ်နိုင်ငံလုံး သိနေတဲ့ ကိစ္စပဲ။ --------- ◾ မူးယစ်ဆေးဝါးလုပ်ငန်းပဲဖြစ်ဖြစ်၊ အွန်လိုင်းကျားဖြန့် လုပ်ငန်းတွေပဲဖြစ်ဖြစ်… ဒီလုပ်ငန်းတွေမှာ လုပ်ကိုင်ကြတဲ့ ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ်မဆို…လက်ရှိ ဥပဒေ ပြဌာန်းဖို့ မူကြမ်းအဖြစ် တင်သွင်းထားတဲ့ ဥပဒေနဲ့ ပြတ်ပြတ်သားသား တိုက်ဖျက်ဖို့ လိုလာပြီလို့လည်း မြင်မိတယ်။ မူးယစ်ဆေးဝါး ဖြန့်ဖြူးတယ်။ မူးယစ်ဆေးဝါးချက်လုပ် တယ်။ အွန်လိုင်းကျားဖြန့်တွေဆိုရင်လည်း မြဝတီနယ်စပ်မှာ ဒီလောက် တိုက်ဖျက်မှု လုပ်နေတာတောင်…လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အကာအကွယ်ပေးနေတာ တွေ့ရ တယ်။ ရှမ်းပြည်တောင်ပိုင်းမှာ ဖမ်းမိတဲ့ ကျားဖြန့်စခန်းတွေဆိုတာကလည်း EAO တွေ မသိဘဲ ဝင်လာနိုင်စရာ အကြောင်းမရှိတဲ့ ဒေသတွေလို့ ပြောလို့ရတယ်။ ဒီလက်နက်ကိုင် အစုအဖွဲ့အတွက် ကြီးပွားရေးလုပ်ငန်းဆိုပေမယ့်…နိုင်ငံအတွက်တော့ ရှက်စရာဖြစ်ရ တယ်။ တိုင်းပြည်စီးပွားရေးကိုလည်း တစ်ဖက်တစ်လမ်းက ထိခိုက်ရတယ်။ ဒီစခန်းတွေ၊ ဒီလုပ်ငန်းတွေ တိုက်ဖျက်ဖို့ရာအတွက်လည်း တပ်မတော်သားတွေက အသက်နဲ့ရင်းပြီး နယ်မြေရှင်းရတယ်။ ------- ◾ ဒေသဖွံ့ဖြိုးရေးအကြောင်းပြပြီး မူးယစ်ဆေးဝါးတွေ စိုက်ကြတယ်။ အွန်လိုင်း ကျားဖြန့် တွေမှာ ပါဝင်ကြတယ်။ အချိန်တန်လို့ အခြေအနေမဟန်တော့ရင်…ငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်အောက်ကို ပြေးဝင်ကြတယ်။ အနာဂတ်မျိုးဆက်အတွက်…တစ်ချို့ကိစ္စတွေမှာ ရန်/ငါ စည်း ပြတ်မှ ရတော့မယ်လို့လည်း မြင်မိတယ်။ အွန်လိုင်းကျားဖြန့်နဲ့ မူးယစ်ဆေးမှာ ပါဝင်ပတ်သက်နေတဲ့အထောက်အထားရှိရင်…အပြီးတိုင် ချေမှုန်းလိုက်တာ ပိုကောင်း တယ်။ (နရီမိုး)

❝အနာဂတ်မျိုးစေ့လေးတွေ❞ ========= ◾ မနေ့က မြန်မာအာကာသအေဂျင်စီမှာ သမ္မတကြီးက မြန်မာ့အာကာသမှူးတွေ ဖြစ်လာမယ့် အနာဂတ် မျိုးဆက်သစ်လ
+1
❝အနာဂတ်မျိုးစေ့လေးတွေ❞ ========= ◾ မနေ့က မြန်မာအာကာသအေဂျင်စီမှာ သမ္မတကြီးက မြန်မာ့အာကာသမှူးတွေ ဖြစ်လာမယ့် အနာဂတ် မျိုးဆက်သစ်လူငယ်တွေကို တွေ့ဆုံပြီး ဩဝါဒ မှာကြားတာ မြင်လိုက်ရတယ်။ သူတို့တွေက ဘယ်အချိန်မှာ အာကာသ ယာဉ်မှူးတွေ ဖြစ်လာ မလဲဆိုတာ သေချာမပြောနိုင်သေးပေမယ့် မြန်မာနိုင်ငံအတွက်တော့…သမ္မတကြီး လက်ထက်မှာ မျိုးစေ့စပြီး ပျိုးလိုက်ပြီလို့ ပြောလို့ရတယ်။ ဒီကလေးတွေက နောင် ၁၅-၂၀ အတွင်းမှာ မြန်မာအာကာသအတွက် တန်ဖိုးရှိတဲ့ Pioneer တွေဖြစ်လာလိမ့်မယ်လို့လည်း ပြောလို့ရပြီ။ ----- ◾ ဒါနဲ့ပတ်သက်ပြီး ရုရှားမှာ နာမည်သိပ်ကြီးတဲ့ Мы не можем жить без космоса (We Can’t Live Without Cosmos ) ဆိုတဲ့ Short Filim လေးကို ပြန်ပြီး သတိရမိစေတယ်။ အဲ့ဒီကာတွန်းလေးမှာ အာကာသယာဉ်မှူး သိပ်ကို ဖြစ်ချင်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ဖြစ်တဲ့ Belka and Strelka တို့ရဲ့ အကြောင်းကို စိတ်ဝင်စားဖွယ် ဖန်တီးထားတယ်။ တကယ်တော့…အာကာသယာဉ်မှူးတစ်ယောက်ဖြစ်ဖို့ဆိုတာ…လေ့ကျင့်ရေးတွေ ပြင်းထန်သလို၊ ကျန်းမာရေးကအစ ဒေါင်ဒေါင်မြည်ဖြစ်ဖို့ အရေးကြီးတယ်။ အာကာသမှာ လိုက်လျောညီထွေ နေတတ်ဖို့ကအစ၊ အစစအရာရာအတွက် လေ့ကျင့်ပေးရတာဖြစ်လို့ တိုင်းပြည်အတွက်လည်း အရင်းအနှီးများတယ်။ ------ ◾ ဘာပဲဖြစ်ဖြစ်…အစိုးရသစ်လက်ထက်မှာ မြန်မာ့အာကာသယာဉ်မှူးတွေ ဖြစ်လာစေဖို့ အတွက် မျိုးစေ့တွေ အများကြီးတော့ ပျိုးခဲ့လိုက်ပြီ။ သူတို့ရဲ့ ကြိုးစားအားထုတ်မှု၊ မြန်မာ့ နိုင်ငံရေးအခြေအနေနဲ့ နိုင်ငံခေါင်းဆောင်တွေရဲ့ စဉ်ဆက်မပြတ် ပံ့ပိုးမှုတွေကြားမှာ… နောင်တချိန်…အာကာသမှာ မြန်မာနိုင်ငံသား လိုက်ပါနိုင်ခဲ့တဲ့ သမိုင်းသစ် မထိုးနိုင်ဘူး လို့ ဘယ်သူပြောနိုင်မလဲ။ (နရီမိုး)

◾ မနေ့တုန်းက သမ္မတကြီး သွားခဲ့တဲ့ မြန်မာအာကာသ အေဂျေစီရဲ့ တည်ဆောက်ပြီးခဲ့တဲ့ MAH-1 ဂြိုဟ်တုမြေပြင်ထိန်းချုပ်ရေးစခန်းနဲ့ MOCC က
◾ မနေ့တုန်းက သမ္မတကြီး သွားခဲ့တဲ့ မြန်မာအာကာသ အေဂျေစီရဲ့ တည်ဆောက်ပြီးခဲ့တဲ့ MAH-1 ဂြိုဟ်တုမြေပြင်ထိန်းချုပ်ရေးစခန်းနဲ့ MOCC က စိတ်ဝင်စားစရာကောင်းတယ်။ ဒီလိုဖြစ်လာဖို့အတွက် ရှေ့မှာ သမ္မတကြီးအနေနဲ့ ရုရှားနဲ့ရော၊ တရုတ်နဲ့ပါ ပူးပေါင်း နားလည်မှု စာချုပ်တွေ ချုပ်ထားနိုင်ခဲ့တယ်။ ဒီစခန်းရဲ့ အဓိက ပင်မအလုပ်က မြေပြင် စောင့်ကြည့်မယ်။ 3D မြေပုံထုတ်မယ်။ သဘောဝ ဘေးအန္တရာယ်တွေကို ကြိုတင်ကာ ကွယ်နိုင်ဖို့ စောင့်ကြည့်မယ်။ စိုက်ပျိုးရေးနဲ့ သဘာဝ ပတ်ဝန်းကျင်တွေမှာ Earth Remote Sensing နည်းပညာကို အဓိက သုံးသွားမယ်လို့ ယူဆရတယ်။ ---- ◾ရိုးရိုးရှင်းရှင်းပြောရရင်…ကိုယ်ပိုင်ဂြိုဟ်တုတွေ ရှိလာတဲ့အခါ…မောင်းနှင်မယ်၊ ထိန်းချုပ် မယ်။ အမိန့်နဲ့ ဒေတာတွေ လက်ခံပေးပို့ဖြန့်ဝေ တာတွေ အဓိက လုပ်ပေးမယ့် အမိန့်ပေးစင်တာတစ်ခုဖြစ်တယ်ပေါ့။သဘောကတော့ ဂြိုဟ်တုကို မြေပြင်ကနေ ထိန်းချုပ် မယ့် အဓိက စင်တာတစ်ခုက အစိုးရ ရက်(၁၀၀) အတွင်းမှာ အကောင် အထည်ဖော်နိုင်ခဲ့ပြီလို့ ပြောရမယ်။ ဒါက မြန်မာနိုင်ငံအတွက် ခြေလှမ်းအစပဲ။ စဉ်ဆက် မပြတ် လုပ်သွားနိုင်ဖို့ အခြေခံ ဖောင်ဒေးရှင်းကောင်းတစ်ခုကို အစိုးရသစ်လက်ထက်မှာ အုတ်မြစ်ချနိုင်ခဲ့ပြီလို့ ပြောလို့ရသွားပြီ။ ----- ◾ တကယ်တော့ နိုင်ငံတော်ရဲ့ အာဏာဆိုတာ အနာဂတ်မှာ AI ၊ အာကာသ၊ ဆိုက်ဘာနဲ့ Big Data တွေမှာ အခြေခံသွားမယ့် သဘောရှိတယ်။ အမျိုးသားလုံခြုံရေးဆိုတဲ့ ရှုထောင့်က ကြည့်ရင်…ဂြိုဟ်တုထောက်လှမ်းရေးစနစ်တွေကလည်း မရှိမဖြစ် အရေး ကြီးလာတယ်။ ဒီကနေ့ အီရန် စစ်ပွဲမှာ အီရန်ဘက်က ပစ်နိုင်တဲ့ ပစ်မှတ်ဒေတာတွေ က ဒီဂြိုဟ်တုကနေပဲ ရတာပဲ။ ---- ◾ နောက်… Remote Sensing နည်းပညာက စိုက်ပျိုးရေး၊ သတ္တု၊ သစ်တောနဲ့ မူးယစ်ဆေးဝါး လုပ်ငန်းတွေကိုပါ တိုက်ဖျက်နိုင်ဖို့ အကူအညီပေးနိုင်တော့ မယ်။ ဂြိုဟ်တုကပေးပို့တဲ့ ဓာတ်ပုံတွေကိုကြည့်ရင်းနဲ့လည်း မြို့ပြတည်ဆောက်ရေးမှာပါ တစ်ဖက်တစ်လမ်းက အသုံးဝင်လာတော့မယ်။ ပညာရေးနယ်ပယ်ဖက်ကြည့်ရင်လည်း အင်ဂျင်နီယာဘာသာရပ်တွေ၊ ရူပဗေဒ၊ AI ၊ Data Sciences နဲ့ Space Sciences ဆိုတဲ့ ဘာသာရပ်တွေအထိ နယ်ပယ်ထပ်ချဲ့နိုင်တာမျိုး ဖြစ်လာပြန်တယ်။ ------ ◾ တကယ်တော့ အာကာသ နယ်ပယ်ဆိုတာ ဒေသတွင်းနိုင်ငံတွေကလည်း ကြိုးစားနေကြတဲ့ အခြေအနေတစ်ခုပါပဲ။ ဒါပေမယ့် ဒီလိုဖြစ်လာဖို့ဆိုတာက အကျိုးသင့်၊ အကြောင်းသင့် တိုက်ဆိုင်ဖို့လည်း လိုအပ်သလို၊ အစိုးရ ၊ တနည်းအားဖြင့် နိုင်ငံ့ ခေါင်းဆောင်ကိုယ်တိုင် အားကြိုးမာန်တက် အကောင်အထည်ဖော်မှ ဖြစ်မယ့် ကိစ္စမျိုး လည်း ဖြစ်တာမို့…ဒီလို ပေါ်ပေါက်လာတာက မြန်မာနိုင်ငံအတွက်တော့ သိပ်ကောင်းတဲ့ လက္ခဏာပဲလို့ သုံးသပ် တယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ့အာကာသအတွက် တခေတ်ဆန်း စေတဲ့ ချီးမြှင့်မြှောက်စားမှု၊ တနည်းအားဖြင့် အနာဂတ်ခြေလှမ်းသစ်အတွက် သမိုင်းမော် ကွန်းရေး ထိုးပြီလို့ပဲ ယူဆချင်တယ်။ (နရီမိုး)

◾ မနေ့က ဖွင့်လှစ်ခဲ့တဲ့ ဝဇီရာရုပ်ရှင်ရုံကို နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံ (Red Carpet Theatre)အဖြစ်နဲ့ ပြောင်းလဲနိုင်ခဲ
+1
◾ မနေ့က ဖွင့်လှစ်ခဲ့တဲ့ ဝဇီရာရုပ်ရှင်ရုံကို နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံ (Red Carpet Theatre)အဖြစ်နဲ့ ပြောင်းလဲနိုင်ခဲ့တာက သမိုင်းအမွေအနှစ်ကို ချစ်မြတ်နိုးသူတွေ အတွက်တော့…တကယ့်ကို တန်ဖိုးမဖြတ်နိုင်တဲ့ အောင်မြင်မှုမှတ်တိုင်လို့ ပြောလို့ရမလား ပဲ။ ဒုတိယကမ္ဘာစစ်မဖြစ်ခင်ထက် ၁၈/၁၉ နှစ်လောက်စောပြီး ၁၉၂၀/၂၃မှာ ဒီဝဇီရာ ရုပ်ရှင်ရုံကို ဆောက်ခဲ့ကြသလို…စပြီး ဆောက်ခဲ့ကြချိန်တုန်းက ပေးခဲ့တဲ့နာမည်က Excelsior လို့ လည်း သိရတယ်။ ----- ဆောက်တဲ့ ဗိသုကာလက်ရာကိုကြည့်ရင်လည်း Beaux-Arts ဆိုတဲ့ ပြင်သစ် ဗိသုကာပုံစံ၊ (Iconic ပုံစံ)ဖြစ်တဲ့ ကျောက်တိုင်ကြီးတွေထောင်ပြီး မြန်မာ အင်္ဂတေ ပန်းတော့ လက်ရာတွေနဲ့ ခမ်းခမ်းနားနား တည်ဆောက်ထားတာမြင်ရလိမ့်မယ်။ ဒီပုံစံမျိုးက ထိုင်းမှာလည်း Ananta Samakhom Throne Hall အဆောက်အဦမှာ မြင်ရ တယ်။ နှစ်ခုလုံးက ဥရောပ ဗိသုကာလက်ရာကို အာရှမှာ ခေတ်ပြိုင်အနေအထား ဆောက်ခဲ့ကြပုံရတယ်။ နှစ်ပေါင်း ၁၀၃ နှစ်သက်တမ်းရှိတဲ့ ဒီလက်ရာက အဲ့ဒီခေတ် ကာလမှာ ဘယ်လောက်တောင် ခမ်းနားနေမလဲဆိုတာ တွေးကြည့်လို့တောင်ရမလားပဲ။ ----- ◾ သမိုင်းမှတ်တမ်းအရတော့…ဂျပန်ခေတ်မှာ ရန်ကုန်ရုပ်ရှင်ရုံ ဆိုပြီး နာမည်ပြောင်းခဲ့ တာ တွေ့ရသလို နောက်ပိုင်း..စစ်ပြီးခေတ်မှာ အေဝမ်း၊ ၁၉၆၈ လောက်မှာ ဝဇီရာဆိုပြီး နာမည်ပြောင်း ခဲ့တယ်။ ၁၉၈၅ မှာ ဇာတ်သဘင်အနေနဲ့ အသုံးပြုခဲ့သလို ၁၉၉၉ ခုနှစ် အရောက်မှာ ပြန်ကြားရေးကနေ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးကို ငှားရမ်းခဲ့တာ လို့ ဆိုတယ်။ ၂၀၁၀ အရောက်မှာ ဓာတ်ပုံဆရာ Philip Jablon နဲ့ ရန်ကုန်ရှေးဟောင်းအမွေ အနှစ်အဖွဲ့တွေက ထိန်းသိမ်းဖို့ ကြိုးပမ်းခဲ့ရာကနေ ၂၀၂၅ ခုနှစ်မှာ စတင်ပြုပြင်မွမ်းမံခဲ့ပြီး အပြီးသတ် အနေအထားကတော့…မနေ့က သမ္မတကြီးကိုယ်တိုင်ဖွင့်လှစ်ပေးနိုင်ခဲ့တယ်။ ----- ◾ ဝဇီရာက ရုပ်ရှင်ရုံတစ်ခုထက်ပိုတယ်ဆိုတာက…သမိုင်းဝင်ယဉ်ကျေးမှု အဆောက် အအုံတစ်ခုဖြစ်တယ်။ နှစ်ပေါင်း ၁၀၃ နှစ်ကြာ သက်တမ်းရှိတဲ့ အဆောက်အအုံကို ထိန်းသိမ်းနိုင်ခဲ့တယ်။ ရုပ်ရှင်ရုံတင်မဟုတ်ဘဲ ဇာတ်သဘင်၊ ရုပ်သေးတွေလည်း အပတ်စဉ် ပြသမယ်လို့ ကြေညာထားတယ်။ ဆိုတော့…မြန်မာနိုင်ငံကို ခရီးသွားတွေအတွက် ရုပ်သေး ပြဖို့အတွက်ဆို…ဝဇီရာကို ခေါ်ပြလို့ ရတဲ့ အနေအထားဖြစ်သွားတယ်။ နိုင်ငံခြားမှာ ဆိုရင်… ဧည့်သည်တွေကို အော်ပရာတွေ လိုက်ပြသလို အနေအထားအထိ အဆင့်အတန်း ရှိလာနိုင်တော့မယ်။ ဘာပဲဖြစ်ဖြစ်…ကိုလိုနီခေတ်ရဲ့ ဇာတ်သဘင် အနေအထားကနေ ရွှေခေတ်မြန်မာရုပ်ရှင်တွေရဲ့ ဗဟိုချက်၊ ဒီကနေ့မှာ ယဉ်ကျေးမှု အမွေအနှစ်တွေကို ပြသ နိုင်မယ့် အခင်းအကျင်းမျိုးအထိရောက်အောင် ဖော်ထုတ်နိုင်ခဲ့တာက…နိုင်ငံပုံရိပ် အတွက်တော့ အကောင်းဘက်ရှိစေခဲ့တယ်လို့ မြင်တယ်။ ----- ◾ ကားပိတ်တာပဲ သတင်းလုပ်ရေးမနေနဲ့မောင်တို့။ ဒီလို သမိုင်းတွေလည်း နောက်ကွယ် မှာ ရှိနေသေးတယ်ဆိုတာ သိဖို့လိုတယ်။ (နရီမိုး) ဒုတိယပုံကတော့...ထိုင်းဘုရင် King Chulalongkorn လက်ထက် ၁၉၀၈ ခုနှစ်မှာ ဆောက်ခဲ့တဲ့ တော်ဝင်ဧည့်ခန်းဆောင်

“တရားသိလျက် အကျင့်ခက်” ဆိုတာ.... သိတော့ သိတယ်၊သိတဲ့အတိုင်း လိုက်နာကျင့်သုံးဖို့ မလွယ်ကူဘူးတဲ့... သိတယ်ဆိုတဲ့နေရာမှာ သင်ထားလို့သိတဲ့ အသိက တစ်မျိုးပေါ့ လက်တွေ့ကျင့်သုံးပြီး သိတဲ့အသိက တစ်မျိုးဖြစ် တယ်။ အဲဒီ(၂)မျိုးထဲမှာ သင်ထားလို့သိတဲ့ အသိကလက် တွေ့ကျင့်သုံးပြီးတော့ သိတဲ့ အသိလောက် ခိုင် မာမှု၊ရင့်ကျက်မှု မရှိဘူးတဲ့။ ဘာဖြစ်လို့ သတ္တဝါတွေဟာ သိလျက်သားနဲ့မကျင့် နိုင်ကြတာလဲဆိုတော့ မကျင့်နိုင်ခြင်းရဲ့အကြောင်း ဖြစ်တဲ့ လောဘ၊ဒေါသ၊မောဟ စတဲ့ ကိလေသာ တွေလွှမ်းမိုးမှုက အင်မတန်မှ အား ကောင်းပြီး တော့အသိဉာဏ်က အားပျော့ သေးသိမ်နေလို့ပဲ ဖြစ်တယ်။ အကယ်၍သာ အသိဉာဏ်က လွှမ်းမိုးသွားမယ် ဆိုရင် လောဘ၊ဒေါသ၊မောဟ စတဲ့ ကိလေသာ တွေက အင်အားပျော့ညံ့သွားပြီး တရားသိလျက် အကျင့် ခက်စရာ မရှိတော့ဘူးတဲ့။ သိတဲ့အတိုင်း ကျင့်ကြံကြိုးကုတ် အားထုတ်နေမှာ ဖြစ်ပါတယ် ဒါကြောင့် ဘုန်းကြီးတို့တစ်တွေ သတိထားဖို့ရာ က ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီးနဲ့ ကြုံတွေ့တဲ့ အခါမှာ သိအောင် သင်ယူကြရမှာက နံပါတ်တစ် အရေးကြီးဆုံး ဖြစ်တယ်။ မြတ်စွာဘုရားကလည်း သာသနာတော် မြတ်ကြီး ကို"ပရိယတ္တိသာသနာ"လို့ နံပါတ်တစ် ဟောထား တယ်။ “ပရိယတ္တိဆိုတာသင်ယူခြင်း”လို့ အဓိပ္ပါယ် ရ တယ်။ မသင်ယူဘဲနဲ့ မည်သူတစ်ဦးတစ်ယောက်မျှ တရား ဓမ္မ ကိုသိတယ်ဆိုတာ မရှိဘူး။ တရားနာတာဟာ သင်နေတာပဲ။ နားနဲ့ကြားနာနေတာဟာ သင်ယူခြင်းပဲ၊သင်ယူပြီး တဲ့နောက်မှာလက်တွေ့ကျင့်သုံးမှုဆိုတာနောက်က လိုက်ရတယ်။ မြတ်စွာဘုရား ဟောကြားခဲ့တဲ့တရားတော် တွေ ဆိုပါစို့ ဘုရားအဆူဆူရဲ့ အဆုံးအမဩဝါဒ။ “သဗဗှပါပဿ အကရဏံ” တဲ့။ “ယုတ်မာညစ်ကျ အကုသိုလ်အမှုမှန်သမျှမလုပ်နဲ့” တဲ့။ဒါကဘုရားဟောတာ။ ဘုန်းကြီးတို့တစ်တွေက အဲဒါကိုသင်ရမယ်။ ယုတ် မာ ညစ်ကျ၊အကုသိုလ် အမှု မှန်သမျှ မလုပ်နဲ့ ဆို တာ ကို သင်ယူပြီးတဲ့နောက်မှာ အကုသိုလ် ဆို တာ မလုပ်ရဘူးဆိုတာကို သိတဲ့ အသိကလေး ကိုယ့်သန္တာန်မှာ ရှိလာတယ်။ ရှိလာတဲ့အတိုင်း အကုသိုလ်ကို ရှောင်ရမယ်။ မရှောင်ဘူးဆိုရင် တရားသိလျက် အကျင့်ခက် ဖြစ်သွားပြီ။ ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ 🙏🙏🙏

◾ Myanmar Now က စစ်တပ်ထိန်းချုပ်တဲ့ လွှတ်တော်အမတ်တွေအတွက် လစာ သိန်း ၁ သောင်းလောက် ကုန်နိုင်တယ်ဆိုပြီး အစဖော်လာတော့လည်း လွန်လေ
+1
◾ Myanmar Now က စစ်တပ်ထိန်းချုပ်တဲ့ လွှတ်တော်အမတ်တွေအတွက် လစာ သိန်း ၁ သောင်းလောက် ကုန်နိုင်တယ်ဆိုပြီး အစဖော်လာတော့လည်း လွန်လေပြီးသော အတိတ်မှာ NLD အစိုးရ တာဝန်ယူကာလတုန်းက စာရင်းအင်းတွေ ပြန်သတိရမိတယ်။ ၂၀၁၅ ရွေးကောက်ပွဲအတွက် ရမည်းသင်းမှာ မဲဆွယ်စည်းရုံးရေးဆင်းတော့…NLD ပါတီနိုင်ရင် အဂတိကင်းတဲ့ အစိုးရ ဖြစ်အောင် လုပ်ပြမယ်ဆိုပြီး မဲဆွယ်စည်းရုံးရေး ဆင်းခဲ့ တာလေး ပြန်သတိရမိတယ်။ ----- ◾ NLD လက်ထက်မှာ အဂတိကင်းစင်သလား၊ မကင်းစင်သလားဆိုတာ အဲ့ဒီခေတ်က အချက်အလက်တွေကို ပြန်ချိန်ထိုးစဉ်းစားကြည့်ပေါ့။ ဥပမာဆိုပါစို့… အဲကွန်း ၂ ကောင်အား တစ်လုံး တန်ဖိုး ၈ သိန်းလောက်ပေါက်ချိန်မှာ ၂၅၇ သိန်း၊ တီဗီတစ်လုံးကို သိန်း ၁၀၀၊ အမှိုက်လှဲ ကား တစ်စီးကို သိန်း ၂၀၀၀၊ ပလပ်စတစ်ထိုင်ခုံတစ်လုံးအတွက် ၇ သောင်း၊ တိုင်းဒေသကြီး ရန်ပုံငွေ သန်း ၉၀၀ ကို စာရင်းစစ်မခံနိုင်ဘူး။ သိန်း ၅၆၀ တန် အမှိုက်သိမ်းကားက သိန်း ၁၅၆၀ ဖြစ်၊ ကိုးကင်းတန်ချိန် နှစ်တန်ကျော် ဖမ်းမိပေမယ့် နောက်တစ်နေ့ သကြားဖြစ်သွားတဲ့ ကိစ္စတွေ။ သိန်း နှစ်ရာကျော်တန် လူကူးတံတားက သိန်း ၄၀၀၀ စာရင်းပြ၊ ဆီဘောက်ဆာကားကနေ ရေကားဖြစ်သွားတဲ့ အမှုတွေ၊ ဆင်ဆာမီးပွိုင့်တစ်လုံး ကို သိန်းတစ်ထောင်ပြပြီး မီးပွိုင့် ၁၁ ခုအတွက် သိန်း ၁၁၀၀၀ စုန်းစုန်းမြုပ်သွားတဲ့ ကိစ္စတွေ၊ ရန်ကုန်တိုင်းအတွက် ကောင်းကင်ဓာတ်ပုံရိုက်ခ သိန်းပေါင်း တစ်သောင်းခွဲ၊ ရန်ကုန်တိုင်းအတွက်ပဲ ရေတွင်း ၂၇ တွင်းစာအတွက် သိန်းပေါင်း ၄၀၅၀ ၊ မင်္ဂလာဈေး ပြန်ဆောက်ဖို့ အရည်အသွေးစစ်ခက သိန်း ၆ သောင်း ၆ ထောင်၊ ဖြိုးမင်းသိန်း ဝယ်ပြီး အမှိုက်ပုံထဲမှာ ပြစ်ထားတဲ့ ကျောင်းကား YBS က အစီးရေ ၁၀၀၀။ လက်သည် မပေါ်တဲ့ ဘဏ်ချေးငွေ ၅ ဘီလီယံ။ မအောင်မြင်တဲ့ ညဈေးစီမံချက်။ လွှတ်တော် ဆေးသုတ်ခက လွှတ်တော်ဆောက်စရိတ်ထက် ပိုများနေတဲ့ ဖြစ်ရပ်တွေ။ လေယာဉ်ကွင်း ခြုံရှင်းတာကို တင်ဒါမခေါ်ဘဲ သိန်း ၄၀၀၀ ခိုးလိုက်တဲ့ လဲ့လဲ့မော်ရဲ့ အမှု၊ ဝင်းထိန်သမီး မင်္ဂလာဆောင်ကို လက်ဖွဲ့ဖို့ ပြည်နယ်အစိုးရရန်ပုံငွေထဲက အဂတိ ကျူးလွန်ခဲ့တဲ့ အယ်ဖောင်ရှိုး။ ရေးရင် မဆုံးနိုင်တဲ့ အဂတိမှုတွေ NLD လက်ထက်မှာ တသီကြီး။ ---------- ◾ နောက်ဆုံး…ကုန်ကုန်ပြောရရင်…၂၀၁၀ မှာ တပ်မတော်ကနေ ယူနီဖောင်းချွတ်ပြီး အစိုးရ တက်လုပ်ချိန်တုန်းကတောင် လွှတ်တော်နဲ့ အစိုးရ က တပါတီတည်းဖြစ်ပေမယ့် လွှတ်တော်အခင်းအကျင်းပီပီသသရှိသေးတယ်။ ဒေါ်စုလက်ထက်တုန်းက…လွှတ်တော် မှာ တင်ပြရမယ့် အဆိုကို ပါတီရုံးချုပ်မှာ အရင်ဖတ်ပြပြီးမှ ခေါင်းညိတ်၊ ခေါင်းခါ လုပ်ခဲ့ကြ ရတာကို မသိကြတာလည်းမဟုတ်။ ဒါတောင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဖြစ်ရင် လစာရဲ့ ၂၅ ရာခိုင်နှုန်း၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရင် လစာရဲ့ ၂၀ ရာခိုင်နှုန်းကို ပါတီရဲ့ တချက်လွှတ်အမိန့်နဲ့ ဒီမိုကရေစီနည်းလမ်းမကျ ရန်ပုံငွေဆိုပြီး ကောက်ခဲ့တာတွေ ရော…ဘာပြောကြဦးမလဲ။ ------ ◾ ၃ တန်းတောင်မအောင်တဲ့ လွှတ်တော်အမတ်တွေ၊ ကျိုက်ထီးရိုးက သေနတ်တွေ ကြောင့် ပြည်တွင်းစစ်ဖြစ်ခဲ့တာလို့ပြောတဲ့ ဝန်ကြီးချုပ်တွေ။ အစိုးရ ရက်(၁၀၀)မှာ ယောင် နနနဲ့ စက်ဘီးစီးပြသလိုလို၊ အမှိုက်ကောက်ပြသလိုလို ဖြစ်ခဲ့ကြတဲ့ အဖြစ်အပျက်တွေ၊ နိုင်ငံတော်ရဲ့စီးပွားရေးအဆင့်ကိုတောင် မူဝါဒ မချနိုင်လို့ ရှောင်တာနယ်ကို ခေါ်ပြီး အကြံ ပေးခန့်ရတဲ့ အခြေအနေတွေ။ တခြားသူကို အာဏာရှင်လို့ ပြောပြီး ကိုယ်တိုင်ကြတော့ ဝန်ကြီးဌာန ၄ ခုလောက် ယူခဲ့ရတဲ့ ဖြစ်ရပ်တွေ။ ဒီလိုအခင်းအကျင်းကို ကပေါက်တီး ကပေါက်ခြာ ၅ နှစ်လုံးလုံး ဖြတ်သန်းခဲ့ရတာထက်စာရင်…ခုအခင်းအကျင်းက အများကြီး သာနေပါ သေးတယ်လေ။ (နရီမိုး)

July-27 ▪️ငွေကြေးလိမ်တယ်ဆိုပြီး ထောက်ပို့အဖွဲ့ကို PDF အဖွဲ့က ဝင်ရှင်း ဇူလိုင် ၂၆ ရက်က အလှူခံရငွေ သိန်းတစ်ထောင်ခန့်လိမ်သွားတယ်
July-27 ▪️ငွေကြေးလိမ်တယ်ဆိုပြီး ထောက်ပို့အဖွဲ့ကို PDF အဖွဲ့က ဝင်ရှင်း ဇူလိုင် ၂၆ ရက်က အလှူခံရငွေ သိန်းတစ်ထောင်ခန့်လိမ်သွားတယ်ဟုဆိုကာ စဉ့်ကူးမြို့နယ်၊ နွယ်ရုံရွာရှိ ကောင်းဆက်သာ ထမင်းဆိုင် (ထောက်ပို့လုပ်သူ၏ ဆိုင်)အား TRI ဗျူဟာ PDF ၄ ဦးက ဆိုင်ကယ် ၂ စီးဖြင့် ရောက်လာပြီး ဝင်ရောက်ပစ်ခတ်ရာ ထောက်ပို့ ၃ ဦးအပါ ဆိုင်ထဲတွင် ထမင်းစားနေသည့် အပြစ်မဲ့ပြည်သူ ၂ ဦး၊ ပေါင်း (၅) ဦး သေဆုံးသွားကြောင်း သိရပါတယ်။ - အကြမ်းဖက် PDF ဆိုတာ ငွေကြေးနဲ့ပတ်သက်လာရင် အချင်းချင်းလည်း မရဘူး၊ ထောက်ပို့လည်း မရဘူး သေနတ်နဲ့ ရှင်းကြတာ။ သူတို့ဘာသာ ရှင်းတာကို ဘေးက မဆီမဆိုင် ပြည်သူ ၂ ဦးက အကြောင်းမဲ့ သေဆုံးသွားခဲ့ရတယ်။ - ဒါကြောင့်မို့ PDF ကို လက်ခံထားတဲ့ ရွာတွေကတော့ ဒီလိုဖြစ်စဉ်မျိုးတွေ အဆက်မပြတ်ဖြစ်နေမှာပဲ။ ကိုယ့်အလှည့် ဘယ်တော့ရောက်လာမလဲဆိုတာ ဘုရားရှိခိုးပြီး ဆုတောင်းနေလိုက်ကြပေါ့။ တိုက်ပွဲသတင်းစုံ

- ဇူလိုင် ၂၇ ရက်၊ ကလေး- တမူးလမ်းကြောင်းပေါ်ရှိ ထင်းဇင်ရွာအား တပ်မတော်က ပြန်လည်ထိန်းချုပ်။ - တိုက်ပွဲသတင်းစုံ
+9
- ဇူလိုင် ၂၇ ရက်၊ ကလေး- တမူးလမ်းကြောင်းပေါ်ရှိ ထင်းဇင်ရွာအား တပ်မတော်က ပြန်လည်ထိန်းချုပ်။ - တိုက်ပွဲသတင်းစုံ

Repost from Nay Zin Latt
. ☯️ “အစ္စရေး၏ တိုက်တွန်းမှုဖြင့် ဇယ်လန်စကီးက ကက်စပီယန်ပင်လယ်ရှိ ကုန်တင်သင်္ဘောကို တိုက်ခိုက်ခဲ့သည်” ဟု အီရန်စွပ်စွဲ ယူကရိန်းခေါင်းဆောင်သည် ဥရောပကို ရုရှားနှင့် စစ်ဖြစ်အောင် ဆွဲသွင်းရန် ကြိုးပမ်းနေသည်ဟု တီဟီရန်က စွပ်စွဲလိုက်သည်။ အီရန်အစိုးရက ယူကရိန်းသည် ကက်စပီယန်ပင်လယ်ရှိ ၎င်း၏ စီးပွားရေးကုန်တင်သင်္ဘောတစ်စင်းကို အစ္စရေး၏ တိုက်တွန်းမှုဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုထားသည်။ အဆိုပါ သင်္ဘောသည် စနေနေ့တွင် တိုက်ခိုက်ခံခဲ့ရပြီး စစ်ရေးပစ္စည်းများ တင်ဆောင်လာသည့် သင်္ဘောဖြစ်ကြောင်း ဇလန်စကီး ကဆိုသည်။ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရာဂ်ချီ (Abbas Araghchi) သည် ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ကာယာ ကာလက်စ် (Kaja Kallas) နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာဗ်ရော့ဗ် (Sergey Lavrov) တို့နှင့် သီးခြားဖုန်းဆက်ဆွေးနွေးစဉ် အီရန်၏ ရပ်တည်ချက်ကို ထပ်လောင်းပြောကြားခဲ့သည်။ BaMg ☯️ .

Repost from Nay Zin Latt
. ☯️ ( ကဲ ဘယ်လိုမြင်ကြပါသလဲ ❓) တူသောအကျိုးနဲ့ ဝဋ်လည်တယ်ဆိုတာမျိုးကို မလေးရှားမှာ စတွေ့လာရပါပြီ၊ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ အမည်သစ်ပေးပြီး နယ်မြေသစ်ရချင်နေတဲ့ ဒုက္ခသည်တွေဟာ မြန်မာကိုစပြီးဒုက္ခပေးတယ်၊ မလေးရှားက ဘာသာတူတော့မြန်မာကိုဖိအားဝင်ပေးတာမှတ်မိနေသေးတယ်၊ သူရဲကောင်းလုပ်ပြီး ရိုတွေကိုလက်ခံခဲ့တယ်၊ အခုတော့ ပြသနာ စတက်နေပြီ ။ အွန်လိုင်းပေါ်တွင် အမုန်းစကား (Hate Speech) များရေးသားမှုတိုးပွားလာသည်ကြောင့် မလေးရှားရှိ ရိုဟင်ဂျာကျောင်းများအပိတ်ရ ။ လုံခြုံရေးစိုးရိမ်မှုများ သို့မဟုတ် အာဏာပိုင်များ၏ အရေးယူမှုများကြောင့် ရိုဟင်ဂျာကျောင်း (၉) ကျောင်း ပိတ်ထားရကြောင်း ရိုဟင်ဂျာအသိုင်းအဝိုင်းက ပြောသည်။ ကျောင်းများပိတ်သိမ်းခြင်းသည် လူမှုရေးပြဿနာများ ပိုမိုဆိုးရွားစေနိုင်ကြောင်း ပညာရေးဆိုင်ရာတာဝန်ရှိသူများက သတိပေးသည်။ အွန်လိုင်းပေါ်ရှိ အန္တရာယ်ဖြစ်စေသော အကြောင်းအရာများကို ဖယ်ရှားနေသော်လည်း ထိုအကြောင်းအရာများမှာ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ခုက ပြောသည်။ ကွာလာလမ်ပူ — မလေးရှားနိုင်ငံတွင် နေထိုင်နေသော အသက် (၁၂) နှစ်အရွယ် ရိုဟင်ဂျာ မွတ်စလင်ဒုက္ခသည် မိန်းကလေး Nur သည် ဇွန်လကတည်းက ကျောင်းမတက်တော့ပေ။ အကြောင်းမှာ ကျောင်းသို့အသွားလမ်းတွင် အမျိုးသားနှစ်ဦးက သူမကို ရိုက်နှက်မည်ဟု ခြိမ်းခြောက်ခဲ့သောကြောင့်ဖြစ်သည်။ Nur ၏ ပြောကြားချက်အရ ထိုသူများက— “ဘာလို့ ကျောင်းသွားချင်တာလဲ။ ငါတို့နိုင်ငံကို လာသိမ်းပိုက်ချင်တာလား။” ဟု မေးမြန်းခဲ့ကြသည်။ လက်တုံ့ပြန်ခံရမည်ကို စိုးရိမ်သဖြင့် Nur ၏ မိသားစုက သူမ၏ အမည်အပြည့်အစုံကို အသုံးမပြုရန် တောင်းဆိုခဲ့သည်။ Nur သည် မလေးရှားရှိ ရိုဟင်ဂျာကလေးများအနက် ခြိမ်းခြောက်မှုနှင့် အနှောင့်အယှက်များ ကြုံတွေ့နေရသူများထဲမှ တစ်ဦးသာဖြစ်သည်။ ယင်းအခြေအနေများကြောင့် မလေးရှားနိုင်ငံတစ်ဝန်းရှိ ဒုက္ခသည်ကျောင်းများကို ပိတ်သိမ်းရသည့်အထိ ဖြစ်ပေါ်ခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့များနှင့် ပညာရေးလုပ်ကိုင်သူများက ဆိုသည်။ ရိုဟင်ဂျာအသိုင်းအဝိုင်း လှုပ်ရှားသူ Sharifah Shakirah က— “ကလေးတွေက အရမ်းကြောက်နေကြလို့ အိမ်အပြင်တောင် မထွက်ရဲတော့ဘူး။” ဟု ပြောကြားခဲ့သည်။ ထို့နောက် သူမက— “ဒါဟာ ကလေးတစ်ယောက်ကို တစ်ရက်၊ နှစ်ရက်လောက် အနှောင့်အယှက်ပေးတာမဟုတ်ဘဲ၊ ရေရှည်စိတ်ဒဏ်ရာကို ဖန်တီးနေတာ ဖြစ်ပါတယ်။” ဟု ဆက်လက်ပြောကြားခဲ့သည်။ ဒီဖြစ်ရပ်က ဘာသာတူနိုင်ငံမှာဖြစ်နေတာပါ၊ ဘာကြောင့်ဖြစ်ရတာလဲ ဆိုတဲ့အကြောင်းရင်းကို သတိထားလေ့လာရင် ရှင်းရှင်းလင်းလင်းတွေ့ရပါလိမ့်မယ်၊ BaMg ☯️ .

Repost from Nay Zin Latt
. ☯️ " နှစ် (၈၀) တိုင်းအမေရိကန်စစ် " ယူရေးနပ်စ် ➡️ မေထုန် အီရန်စစ်နွန်ထဲ အမေရိကန် ချောက်နှုတ်ခမ်းနင်းနေပြီလို့မကြာခဏရေးခဲ့တယ်၊ အတော်များများက မယုံကြဘူး၊ အင်အားကြီးနိုင်ငံပဲ၊ ဗုံးတဝကြဲပြီး အချိန်မရွေးထွက်လို့ရပါတယ်လို့ ဆိုကြတယ်၊ အမြင်သိပ်ကွာနေရင်ရှင်းပြရတာခက်တယ်၊ သူတို့မမြင်တာတွေအများကြီးရှိနေတယ်၊ Obama လက်ထက်က နိုင်ငံခြားရေးဝန်ကြီး Anthony Blinken ပြောလာပြီ ။ " Trump ဟာ အီရန်စစ် ဝဲဂယက်ထဲမှာ ပိတ်မိနေပြီ၊ ထွက်ပေါက်ကိုကြိုးစားရှာဖွေနေပေမဲ့လဲ အခုထက်ထိ မတွေ့နိုင်သေးဘူးဖြစ်နေတယ် " ( အစောပိုင်းမှာ ဘမောင်က အီရန်စစ်နွံထဲ ထရမ့်အနေနဲ့ခြေတဖက်ကျွံသွားပြီ၊ ပြန်နှုတ်လို့ရနိုင်သေးတယ်၊ ဒီထက်လွန်ရင် ပြန်ထွက်ဖို့ခက်လိမ့်မယ်... လို့ရေးခဲ့ပါတယ်၊ ) 1776 အမေရိကန် လွတ်လပ်ရေးစစ်။ (၈၄) နှစ်အကြာ 1860 တောင်-မြောက် ပြည်တွင်းစစ် ။ (၈၂) နှစ်အကြာ 1940 ဒုတိယ ကမ္ဘာစစ် ။ ( ၈၆) နှစ်အကြာ 2026 အီရန်စစ် အီရတ်စစ်လို တဖက်သတ်တိုက်ပြီး ထိမ်းချုပ်လို့မရပဲ စစ်ပွဲကြာပြီး၊ အမေရိကန်စစ်နွန်ထဲနစ်ဖို့ရှိသွားပြီ၊ ဒုတိယကမ္ဘာစစ်အပြီး အမေရိကန် တခေတ်ဖြစ်ခဲ့ပေမဲ့၊ ဒီတကြိမ် အီရန်စစ် (သို့) အခြားနိုင်ငံ (သို့) ပြည်တွင်း အကြပ်အတည်း တခုခုနဲ့ဖြစ်အပြီးမှာတော့ အမေရိကန်ခေတ် အကျပိုင်းကိုသိသိသာသာ မြင်ကြရလိမ့်မယ်၊ Obama လက်ထက်မှာ ခပ်ပျော့ပျော့နဲစပျက် Biden လက်ထက် မပျော့မပြင်းနဲ့ဆက်ပျက် Trump လက်ထက် ခပ်ပြင်းပြင်းနဲ့ပျက် ( မနေ့က အမေရိကန်ရဲ့ Transit ) BaMg ☯️ .