ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

The Voice Of Spring | နွေဦးအသံ |

The Voice Of Spring | နွေဦးအသံ |

Открыть в Telegram

Investigative, Innovative, Independent Digital Media

Больше

📈 Аналитический обзор Telegram-канала The Voice Of Spring | နွေဦးအသံ |

Канал The Voice Of Spring | နွေဦးအသံ | (@vostelegram) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 28 050 подписчиков, занимая 8 658 место в категории Новости и СМИ и 5 181 место в регионе Мьянма.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 28 050 подписчиков.

Согласно последним данным от 18 ноября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -667, а за последние 24 часа — -10, при этом общий охват остаётся высоким.

  • Статус верификации: Верифицирован (официально подтверждён Telegram)
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 4.60%. В первые 24 часа после публикации контент обычно набирает 3.21% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 1 290 просмотров. В течение первых суток публикация набирает 900 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 34.

📝 Описание и контентная политика

Автор описывает ресурс как площадку для выражения субъективного мнения:
“Investigative, Innovative, Independent Digital Media”

Благодаря высокой частоте обновлений (последние данные получены 19 ноября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Новости и СМИ.

28 050
Подписчики
-1024 часа
-1607 дней
-66730 дней
Архив постов
◼️‌စစ်အုပ်စုဒုဝန်ကြီး ဗိုလ်ချုပ်ကျော်ကျော်ဟန် လိုက်ပါတဲ့ယာဉ်တန်းကို အတွဲလိုက်မိုင်းနဲ့ PDF Zoland ဖောက်ခွဲတိုက်ခိုက် ၁၈ နိုဝင်ဘာ ||| နွေဦးအသံ ||| ချင်းပြည်နယ်၊ ဖလမ်း-တီးတိန်လမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ခန့် ဒုဝန်ကြီး ဗိုလ်ချုပ် ကျော်ကျော်ဟန် လိုက်ပါလာတဲ့ စစ်အုပ်စုယာဥ်တန်းကို PDF Zoland က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စု သေဆုံးထိခိုက်မှုများနိုင်တယ်လို့ အဆိုပါတပ်ဖွဲ့ရဲ့ ထုတ်ပြန်အသိပေးချက်အရ သိရပါတယ်။ စစ်အုပ်စု နယ်စပ်ရေးရာ ဒုဝန်ကြီး ဗိုလ်ချုပ် ကျော်ကျော်ဟန် အပါအဝင် ၂၅ ဦးခန့် လိုက်ပါလာတဲ့ အိမ်စီးကား ၇ စီး၊ Skat ၁ စီး ယာဥ်တန်းကို ဖလမ်း - တီးတိန် လမ်းပိုင်းမှာ အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း PDF Zoland က ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြထားတာပါ။ ယာဉ်တန်းကို အတွဲလိုက်မိုင်းတွေနဲ့ ထိရောက်စွာ ဖောက်ခွဲတိုက်ခိုက်ခဲ့တာကို ရုပ်သံမှတ်တမ်းမှာတွေ့ရသလို တိုက်ခိုက်မှုအတွင်း စစ်အုပ်စု သေဆုံးထိခိုက်မှုများနိုင်ပြီး အသေးစိတ်အခြေအနေကို အတည်ပြုနိုင်ဖို့တော့ စုံစမ်းဆဲဖြစ်တယ်လို့ PDF Zoland က အသိပေးထားတာ တွေ့ရပါတယ်။ Video | PDF Zoland ©The Voice of Spring #thevoiceofspring #WhatsHappeningInMyanmar #RejectMilitaryCoup ✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
18 нояб., 12:01

18 нояб., 12:01

◼️ရခိုင်နဲ့ ပလက်ဝမှာ စစ်တပ် ၄ ရက်ဆက်လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်သည်နဲ့ ကလေးအပါ ပြည်သူ ၁၄ ဦးသေဆုံး ၁၈ နိုဝင်ဘာ ||| နွေဦးအသံ ||| ရခိုင်ပြည်နယ်၊ သံတွဲ၊ ကျောက်တော်၊ ကျောက်ဖြူ၊ ပုဏ္ဏားကျွန်းမြို့နယ်တွေနဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ အရပ်သားပြည်သူ နေထိုင်ရာနေရာတွေကို အကြမ်းဖက် စစ်တပ်က နိုဝင်ဘာ ၁၄ ရက်မှ ၁၇ ရက်အထိ ၄ ရက်ဆက်တိုက် လက်နက်ကြီး၊ ဒရုန်း၊ ဂျက်တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်၊ ကိုယ်ဝန်သည် အပါအဝင် ၁၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ သံတွဲမြို့၊ အမှတ် ၁ ရပ်ကွက်၊ အရင် GTI ကျောင်းနဲ့ အနီးဝန်းကျင်ကို နိုဝင်ဘာ ၁၇ ရက်၊ မနက် ၁၁ နာရီခွဲခန့်မှာ ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့အပြင် GTI ကျောင်းဆောင်တွေနဲ့ လူနေအိမ်အချို့လည်း ပျက်စီးခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က နိုဝင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်ထားတာပါ။ ကျောက်တော်မြို့ရှိ အရင် စိုက်ပျိုးရေးသိပ္ပံကျောင်းနဲ့ အနီးဝန်းကျင်ကိုလည်း နိုဝင်ဘာ ၁၆ ရက်၊ ည ၁၁ နာရီခွဲခန့်မှာ ဂျက်တိုက်လေယာဉ် ၃ စီးနဲ့ တပြိုင်နက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၃ ဦး ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ပြီး စိုက်သိပ္ပံကျောင်းဆောင်အချို့ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ အလားတူ ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာ ပတ်ဝန်းကျင်ကို နိုဝင်ဘာ ၁၆ ရက်၊ မနက် ၁ နာရီခန့်မှာ ဂျက်တိုက်လေယာဉ် ၅ စီးနဲ့ Y-12 လေယာဉ် ၁ စီး အသုံးပြုပြီး တနာရီခန့်ကြာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ကျောက်ဖြူမြို့နယ်၊ စနဲမြို့၊ တောင်ငူစုရပ်ကွက်ကိုလည်း နိုဝင်ဘာ ၁၄ ရက်မှာ စစ်တပ်ရဲ့ စစ်သင်္ဘောတွေပေါ်မှ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အပြင် နိုဝင်ဘာ ၁၅ ရက်၊ ညနေ ၃ နာရီခန့်မှာ ဒရုန်းတွေနဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ်အချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ အသိပေးထားပါတယ်။ ဒါ့အပြင် ပလက်ဝမြို့နယ်၊ သူဌေးကုန်းကျေးရွာ အနီးတဝိုက်ကို နိုဝင်ဘာ ၁၄ ရက်မှာ ဂျက်တိုက်လေယာဉ် ၄ စီးနဲ့ Y-12 လေယာဉ် ၁ စီးတို့နဲ့ ည ၈ နာရီခန့်မှ ၉ နာရီ ၁၅ မိနစ်အထိ ပေါင် ၅၀၀၊ ပေါင် ၃၀၀၊ ပေါင် ၂၀၀ ဗုံးတွေအပြင် Rocket နဲ့ Drop Bomb တွေ အပါအဝင် ဗုံးအလုံးရေ ၅၀ နီးပါးကို တနာရီကျော်ကြာ မရပ်မနား ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကြောင့် ၃ နှစ်အရွယ် ကလေးငယ်တဦးနဲ့ ကိုယ်ဝန် ၅ လရှိ စစ်ဘေးရှောင်အမျိုးသမီးတဦးအပါအဝင် ပြည်သူ ၁၂ ဦး သေဆုံးခဲ့ရပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့တဲ့အပြင် လူနေအိမ်အများအပြားလည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အခုလို စစ်ရေးနဲ့ မသက်ဆိုင်တဲ့ အရပ်သားပြည်သူ နေထိုင်ရာနေရာတွေကို စစ်အုပ်စုက လက်နက်ကြီး၊ ဒရုန်း၊ ဂျက်တိုက်လေယာဉ်တွေနဲ့ အကြမ်းဖက်တိုက်ခိုက်ပြီး နေ့စဉ်ရက်ဆက် စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်လျက်ရှိတယ်လို့ အာရက္ခတပ်တော် (AA) က အသိပေးထားတာ တွေ့ရပါတယ်။ ©The Voice of Spring #thevoiceofspring #WhatsHappeningInMyanmar #RejectMilitaryCoup ✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
18 нояб., 08:19

photo content
+4
18 нояб., 08:18

photo content
+9
18 нояб., 08:18

photo content
+9
18 нояб., 08:18

photo content
+9
18 нояб., 08:18

‎◼️ဆင်ဖြူကျွန်း-တညောင် လမ်းပိုင်းကို စစ်ဆင်ရေးဆောင်ရွက်ရန်ရှိသဖြင့် PDF ယာယီပိတ် ‎ ‎၁၈ နိုဝင်ဘာ | နွေဦးအသံ | ‎ ‎မကွေးဒေသ၊ စလင်းမြို့နယ်ရှိ လမ်းပိုင်းအချို့မှာ စစ်ဆင်ရေးဖော်ဆောင်မှာဖြစ်တာကြောင့် ပြည်သူတွေ အသုံးမပြုကြဖို့နဲ့ နိုဝင်ဘာ ၁၇ ရက်မှစပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ မင်းဘူးခရိုင် စစ်ဌာန၊ အမှတ် ၁ တပ်ရင်းက ယာယီပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။ ‎ ‎မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းရဲ့ စစ်ရေး လှုပ်ရှားရာ နယ်မြေဖြစ်တဲ့ ဆင်ဖြူကျွန်း - တညောင် လမ်းပိုင်းမှာ စစ်ဆင်ရေးအရ အရေးပေါ်ဆောင်ရွက်မှုတွေ ပြုလုပ်မှာဖြစ်တာကြောင့် ပြည်သူတွေ ထိခိုက်နစ်နာမှုမရှိ‌စေဖို့ ယာယီ ပိတ်ပင်လိုက်ကြောင်း အဆိုပါ PDF တပ်ရင်းက နိုဝင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ထားတာပါ။ ‎ ‎လမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့်ပြုကြောင်း တပ်ရင်းက တရားဝင် ထုတ်ပြန်မှသာ အသုံးပြုကြဖို့နဲ့ အရေးပေါ် ကျန်းမာရေးကိစ္စ ပေါ်ပေါက်လာပါက မင်းဘူးခရိုင် အမှတ်- ၁ တပ်ရင်းထံသို့ တိုက်ရိုက် ဆက်သွယ်နိုင်ကြောင်း ဖော်ပြထားပါတယ်။ ‎ ‎ပြည်သူတွေအနေနဲ့ ပိတ်ပင်ထားတဲ့ အဆိုပါ လမ်းပိုင်းကို အသုံးပြုပါက ဖြစ်ပေါ်လာမယ့် အကျိုးဆက်အတွက် လုံးဝ တာဝန်ယူမှာ မဟုတ်ကြောင်းကိုလည်း မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းက အသိပေးထားတာ တွေ့ရပါတယ်။ ‎ ‎Photo | မင်းဘူးခရိုင် တပ်ရင်း ၁ တပ်ဖွဲ့ဝင်များ(ပုံဟောင်း) ‎ ‎©The Voice of Spring ‎#thevoiceofspring ‎#WhatsHappeningInMyanmar ‎#RejectMilitaryCoup ‎ ‎✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
18 нояб., 04:42

photo content
+1
18 нояб., 04:42

◼️‌ရေးမြို့နယ်မှ စစ်တပ် လေကြောင်းမှဗုံးထပ်ကြဲ၊ ‌‌ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရ ၁၈ နိုဝင်ဘာ ||| နွေဦးအသံ ||| မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီ လေတပ်က နိုဝင်ဘာ ၁၆ ရက်၊ နေ့လယ် ၁ နာရီခန့်မှာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံရွာသား ၂ ဦး သေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်နဲ့ အပစ်အခတ်ရပ်စဲထားတဲ့ မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်ရာ ရေးချောင်းဖျားရှိ ချဲ့ဒိုက်ကျေးရွာကို စစ်ကောင်စီလေတပ်က လေကြောင်းမှ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ရာမညမွန်တပ်တော် (RMA) က ထုတ်ပြန်ထားတာပါ။ ဒါ့အပြင် ဒေသခံပြည်သူတွေရဲ့ နေအိမ် အများအပြားလည်း ပျက်စီးခဲ့ရပြီး အဲဒီလေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးထိခိုက်မှုနဲ့ ပျက်စီးမှု အသေးစိတ် အခြေအနေတွေကို ဆက်လက်စုံစမ်းလျက်ရှိတယ်လို့ ရာမညမွန်တပ်တော် (RMA) က အသိပေးထားတာ တွေ့ရပါတယ်။ Photo | RMA ©The Voice of Spring #thevoiceofspring #WhatsHappeningInMyanmar #RejectMilitaryCoup ✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
18 нояб., 04:17

photo content
+7
18 нояб., 04:17

‎◼️ကြို့ပင်ကောက်မှာ စစ်အုပ်စု ယာဥ်တန်းကို PDF မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစ ၁ ဦး သေဆုံး ‎ ‎၁၇ နိုဝင်ဘာ | နွေဦးအသံ | ‎ ‎ပဲခူးဒေသ၊ ကြို့ပင်ကောက်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စု ယာဥ်တန်းကို PDF က နိုဝင်ဘာ ၁၅ ရက်၊ နေ့လယ် ၁၂ နာရီခန့်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ‎ ‎အလည်ကုန်းရွာ စစ်ကောင်စီ ရဲစခန်းမှ မြို့ပေါ်သို့ ထွက်ခွာလာတဲ့ စစ်ကား ၂ စီးကို ကျောင်းကုန်းကျေးရွာနဲ့ သပြေရုံကျေးရွာကြား လမ်းတနေရာမှာ အသင့်စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး အရပ်သားပြည်သူလည်း ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။ ‎ ‎ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၅ ၊ Hero ပြောက်ကျားတပ်ဖွဲ့ မှ ရဲဘော်တွေက သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်မှုမရှိဘဲ အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့တယ်လို့ အသိပေးထားတာ တွေ့ရပါတယ်။ ‎ ‎Photo | ကြို့ပင်ကောက် PDF တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ ‎ ‎©The Voice of Spring ‎#thevoiceofspring ‎#WhatsHappeningInMyanmar ‎#RejectMilitaryCoup ‎ ‎✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
17 нояб., 07:17

17 нояб., 07:05

‎◼️မှော်ဘီမြို့နယ် ရဲတပ်ရင်း ၅ မှ ရဲတပ်ဖွဲ့ဝင် တဦး တောင်သာ PDF ထံ လက်နက်နဲ့ အလင်းဝင် ‎ ‎၁၇ နိုဝင်ဘာ | နွေဦးအသံ | ‎ ‎ရန်ကုန်၊ မှော်ဘီမြို့နယ်ရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲတပ်ရင်း ၅ မှ ရဲတပ်ဖွဲ့ဝင် တဦးက လက်နက်နဲ့အတူ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံသို့ နိုဝင်ဘာ ၁၆ ရက်မှာ အလင်းဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။ ‎ ‎စစ်တပ် လက်အောက်ခံ ရဲတပ်ရင်း ၅ (မှော်ဘီ) မှ အပတ်စဉ် (၅၆ / ၂၀၂၅) သင်တန်းဆင်း ရဲတပ်သား တဦးက BA-63 တလက်၊ ၇.၆၂ ကျည် ၂၃၀ တောင့်၊ လက်ပစ်ဗုံး တလုံး၊ ကျည်အိမ်တွေနဲ့အတူ အလင်းဝင်ရောက်လာခဲ့တာကြောင့် ဂုဏ်ပြုငွေတွေ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ တောင်သာမြို့နယ် (ပကဖ) က နိုဝင်ဘာ ၁၇ ရက်မှာ ဓာတ်ပုံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားတာပါ။ ‎ ‎ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်မှာလည်း အဆိုပါ စစ်ကောင်စီ ရဲတပ်ရင်းမှ ရဲတပ်သား ၂ ဦးက လက်နက်ခဲယမ်းတွေနဲ့အတူ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) TTA-PDF ထံ အလင်းဝင်ရောက်ခဲ့ပါသေးတယ်။ ‎ ‎အခုလို အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်‌တွေကို နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့သလို ဘေးကင်းလုံခြုံရာသို့လည်း ပို့ဆောင်ပေးခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ TTA-PDF က အသိပေးထားတာ တွေ့ရပါတယ်။ ‎ ‎©The Voice of Spring ‎#thevoiceofspring ‎#WhatsHappeningInMyanmar ‎#RejectMilitaryCoup ‎ ‎✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
17 нояб., 04:16

photo content
+2
17 нояб., 04:16

◼️ညောင်လေးပင်ခရိုင်အတွင်း စစ်တပ် စစ်ကြောင်းထိုးလာသဖြင့် ဒေသခံ ၃၀၀၀ နီးပါး ထွက်ပြေးနေရ ၁၆ နိုဝင်ဘာ ||| နွေဦးအသံ ||| ပဲခူးဒေသ၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်တပ်က နိုဝင်ဘာ ၇ ရက်မှစပြီး စစ်ကြောင်းထိုးလာတဲ့အပြင် လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် ကျေးရွာပေါင်း ၁၅ ရွာမှ ဒေသခံ ပြည်သူ ၃,၀၀၀ နီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ ဆောထိ(ရွှေကျင်)မြို့နယ်အတွင်းရှိ ဇီးဖြူတောင်၊ ပနာဒဲ၊ ထီးဖဒို၊ မဲပျောထာ၊ မောထာ၊ ကဘူးလော၊ ဘလောခို၊ ပလေပလော၊ သဲခေါထာ၊ ရဲသောခီး၊ ကော်က၊ ထီးကလားခီး၊ ခမောက်ခွေ၊ ဝါးဖြူတောင်နဲ့ ကျုံတူး စတဲ့ ကျေးရွာတွေမှ ဒေသခံပြည်သူ ၂၉၂၅ ဦးခန့် စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ KNU ဗဟိုက နိုဝင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ထားတာပါ။ အရပ်သား ပြည်သူလူထုနေထိုင်ရာ နေရာတွေကို အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းတပ်သား(ပစ)တွေအပါအဝင် အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတာချိန်မှာ လေယာဉ်၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် ဒေသခံပြည်သူလူထုဟာ စိုးရိမ်ထိတ်လန့်မှု၊ ကြောက်ရွံ့မှုများစွာနဲ့ ဘေးလွတ်ရာ နေရာဒေသတွေသို့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက အသိပေးထားတာ တွေ့ရပါတယ်။ Photo | KNU ©The Voice of Spring #thevoiceofspring #WhatsHappeningInMyanmar #RejectMilitaryCoup ✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
16 нояб., 08:49

photo content
+4
16 нояб., 08:48

‎◼️‌ရေးမှာ ပြည်သူတွေ အိပ်မောကြချိန် စစ်ကောင်စီက ဗုံးအလုံး ၂၀ ထက်မနည်းကြဲချ၊ ပြည်သူ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ ‎ ‎၁၆ နိုဝင်ဘာ | နွေဦးအသံ | ‎ ‎မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ကျေးရွာကို အကြမ်းဖက်စစ်တပ်က နိုဝင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက်တို့မှာ ၂ ရက်ဆက်တိုက် လူအိပ်မောကျချိန် လေကြောင်းမှ ဗုံးအလုံး ၂၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ တဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ‎ ‎စစ်တပ်နဲ့ အပစ်အခတ်ရပ်စဲ‌ထားတဲ့ မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်ရာ ဖလံချောင်းဝကျေးရွာကို စစ်ကောင်စီလေတပ်က နိုဝင်ဘာ ၁၅ ရက်၊ ည ၁၁ နာရီခန့်မှာ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တဲ့အပြင် နိုဝင်ဘာ ၁၆ ရက်၊ မနက် ၂ နာရီခန့်မှာလည်း Y-12 လေယာဉ်နဲ့ ဗုံးအလုံး ၂၀ ကျော် ထပ်မံကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ‎ ‎အဆိုပါတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့အပြင် ကျေးရွာအတွင်းရှိ လူနေအိမ်တွေလည်း ပျက်စီးခဲ့ရတယ်လို့ ရာမညမွန်တပ်တော် (RMA) က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။ ‎ ‎Photo | RMA ‎ ‎©The Voice of Spring ‎#thevoiceofspring ‎#WhatsHappeningInMyanmar ‎#RejectMilitaryCoup ‎ ‎✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
16 нояб., 04:04

photo content
+4
16 нояб., 04:04

◼️တမူးခရိုင် တပ်ရင်း ၂ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ၊ လူငယ်များကို အတူတကွခုခံတွန်းလှန်ကြဖို့ ဖိတ်ခေါ် ၁၅ နိုဝင်ဘာ ||| နွေဦးအသံ ||| ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ အမှတ် ၁ စစ်ဒေသ၊ တမူးခရိုင်၊ အမှတ် ၂ တပ်ရင်းက တပ်ရင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၁၄ ရက်၊ မနက် ၁၀ နာရီမှာ စတင် ကျင်းပခဲ့ပြီး ရှေ့လုပ်ငန်းစဉ်တွေနဲ့ ရှေ့တန်းရဲဘော်တွေရဲ့ လိုအပ်ချက်တွေကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အစည်းအဝေးသို့ တပ်ရင်းရုံးအဖွဲ့၊ တပ်ရင်း ဆေးတပ်ဖွဲ့၊ လက်ရုံးတပ်ဖွဲ့၊ အရံတပ်ဖွဲ့ ခေါင်းဆောင်တွေ၊ သက်ဆိုင်ရာ အရာရှိတွေ အပြင် ရှေ့တန်းစစ်မြေပြင်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်မြေပြင်တပ်မှူးတွေ တက်ရောက်ခဲ့ကြတယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားတာပါ။ အစည်းအဝေးမှာ ရှေ့ဆက်လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေနဲ့ အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်၊ ထုတ်လုပ်ရေး အပါအဝင် ဆေးတပ်ဖွဲ့တွေနဲ့ ရှေ့တန်း ရဲဘော်တွေရဲ့ လိုအပ်ချက်တွေကို အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ အသိပေးထားပါတယ်။ အဲဒီနောက် ပြီးခဲ့တဲ့ အစည်းအဝေး ဆုံးဖြတ်ချက်တွေအပေါ် လက်တွေ့ လုပ်ငန်း ပြီးစီးမှု အခြေအနေတွေကိုလည်း ညှိနှိုင်းဆွေးနွေးခဲ့ပြီး ညနေ ၃ နာရီခွဲခန့်မှာ အစည်းအဝေး ပြီးဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် အကြမ်းဖက်စစ်တပ်ကို အတူတကွ ခုခံတွန်းလှန်ကြဖို့ တပ်သားသစ်တွေ စတင် လက်ခံနေပြီ ဖြစ်တာကြောင့် အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား လူငယ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ အမှတ် ၁ စစ်ဒေသ၊ တမူးခရိုင်၊ အမှတ် ၂ တပ်ရင်းက ဖိတ်ခေါ်ထားတာ တွေ့ရပါတယ်။ Photo | တမူးခရိုင် တပ်ရင်း ၂ ©The Voice of Spring #thevoiceofspring #WhatsHappeningInMyanmar #RejectMilitaryCoup ✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
15 нояб., 07:17