cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

MMWeather

မိုးလေဝသနှင့်ရာသီဥတုဆိုင်ရာ သတင်းအချက်အလက်များကိုသာ မျှဝေတင်ပြပေးနေသည့် Channel ဖြစ်ပါသည်။

نمایش بیشتر
پست‌های تبلیغاتی
45 324
مشترکین
+22324 ساعت
+1167 روز
-39530 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

Photo unavailableShow in Telegram
မကွေး၊ မန္တလေး၊ ညောင်ဦး၊ စစ်ကိုင်း မြို့တွေဘက် လေပြင်းတာသတိထားကြပါ၊ တောင်ဘက်ကနေ မြောက်ဘက်ကို တနာရီ မိုင် ၃၀ ကျော်၊ GUST wind က ၄၀ ကျော်အထိ တိုက်နေတာတွေ့ရပါတယ်။
نمایش همه...
၃၀.၆.၂၀၂၄ ရက်နေ့၊ ၁၈ ၃၀ အချိန်ခန့်၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် လယ်ကုန်း၊ ကြက်ပေါင်ခြံ၊ ရမ်ပူရပ်ကွက်များတွင် ရေများဝင်ရောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြစ်ကြီးနားမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ (မီးသတ်ဦးစီးဌာန)
نمایش همه...
မြစ်ရေအခြေအနေ(မိုး/ဇလ)
نمایش همه...
ဧရာဝတီမြစ်ဖျားနဲ့ ချင်းတွင်းမြစ်ဖျားပိုင်းအပြင် ရခိုင်ပြည်နယ်ဘက်မှာလဲ နောက် ၃ ရက် အတွင်းရွာနိုင်မဲ့ မိုးရေချိန်စုစုပေါင်းက များပါတယ်။ ရေနဲ့ ပတ်သက်တဲ့သဘာဝဘေးကို ဂရုစိုက်ကြပါ။ ကျန်ပြည်နယ်တိုင်းဒေသများ စိုးရိမ်စရာ မရှိပါ။ (ဇွန်လ ၃၀ ရက် ည ၈ နာရီ) Facebook ဘက်တွင် Post တင်ရန်အခက်အခဲများဖြစ်နေတာကြောင့် ဒီဘက်မှာဘဲ ဆက်တင်ပေးနေပါမယ်။
نمایش همه...
ဒီနေ့ (ဇွန်လ ၃၀ ရက်) မိုး/ဇလ မှ မြစ်ရေအခြေအနေထုတ်ပြန်ချက်မှာ - ဧရာဝတီမြစ် - မြစ်ကြီးနား၊ ဗန်းမော်နဲ့ ရွှေကူမြို့တွေမှာ နောက် ၂ ရက်အတွင်း၊ ကသာမြို့မှာ နောက် ၃ ရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်နိုင်ကြောင်း၊ ချင်းတွင်းမြစ် - ခန္တီး နဲ့ ဟုမ္မလင်းမြို့တွေမှာ နောက် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်များကို ရောက်နိုင်ကြောင်း ဖေါ်ပြထားပါတယ်။ နောက်လာမဲ့ ၃ ရက်(ဇွန်လ ၃၀ မှ ဇူလိုင်လ ၂ ရက်နေ့အတွင်း) အလယ်ပိုင်းဒေသအချို့နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်တွေကလွဲရင် ကျန်ပြည်နယ်တိုင်းဒေသများမှာ မိုးများနိုင်တာတွေ့ရပြီး ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တွေမှာ မိုးများနိုင်ကြောင်းတွေ့ရတာကြောင့် မြစ်ရေအခြေအနေကို သတိထားစောင့်ကြည့်ကြရပါမယ်။ မြစ်ရေတက်နေတဲ့ အခြေအနေများကို အရောင်ထည့်ပေးထားပါတယ်။ (ဇွန်လ ၃၀ ရက်၊ ညနေ ၃ နာရီ ၂၀ မိနစ်)
نمایش همه...
လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်သည့်အခြေအနေ အိန္ဒိယမိုးလေဝသဌာန-IMD ထုတ်ပြန် (ဇွန်လ ၂၈ ရက် ညနေ ၄ နာရီ) ==== အိန္ဒိယမိုးလေဝသဌာန၊ ဇွန် ၂၈ ရက် မွန်းလွဲ ၁၂၃၀ နာရီ ထုတ်ပြန်ချက်မှာ - ဩရိဿပြည်နယ်ကမ်းလွန်၊ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း(LPA)ဖြစ်ပေါ်ကြောင်းကြေညာတာ တွေ့ရပါတယ်။ အထက်လေထုလွှာအမြင် ၅.၈ ကီလိုမီတာမှာဖြစ်ပေါ်နေတဲ့ လေပွေလှိုင်း - CYCLONIC CIRCULATION နဲ့ဆက်စပ်ပြီး လေဖိအားနည်းရပ်ဝန်းက နောက်လာမဲ့ ၂ ရက်အတွင်းမှာ အနောက်မြောက်(အိန္ဒိယနိုင်ငံကုန်းတွင်းဘက်)ကို ရွေ့လျားသွားနိုင်မယ်လို့ ခန့်မှန်းထားတာလဲ တွေ့ရပါတယ်။ အလားတူ ECMWF-AIFS, ECMWF, GFS, GEFS model ခန့်မှန်းပုံများမှာလဲ LPA ဖြစ်ပေါ်လျှက်ရှိကြောင်းတွေ့ရပါတယ်။ ဒီအခြေအနေကြောင့် ကချင်ပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မန္တလေးတိုင်းတောင်ပိုင်းနဲ့ နေပြည်တော်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တွေမှာ မိုးများနိုင်ပါမယ်။ Meteoblue ရဲ့ ဇွန်လအတွက် ရာသီကြိုခန့်မှန်းချက်မှာတွေ့ရတဲ့အတိုင်း ဇွန်လရဲ့ မိုးရွာသွန်းနိုင်မှုအခြေအနေကတော့ ကချင်ပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း၊ ချင်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းမြောက်ဘက်အစွန်ဒေသများ၊ တနင်္သာရီတိုင်းတောင်ဘက်စွန်းဒေသတွေမှာ ဇွန်လရဲ့ ရွာသွန်းမြဲမိုးရေချိန်ပြည့်မီအောင်ရွာနိုင်မှာ မဟုတ်ကြောင်း(မိုးနည်းနေနိုင်သေးကြောင်း)တွေ့ရပါတယ်။ (အသေးစိတ် POST တင်ပြပြီး)
نمایش همه...
နောက် ၄၈ နာရီအတွင်း မြန်မာပြည်မြောက်ပိုင်းကချင်ပြည်နယ်မှာ မိုးဆက်လက်သည်းထန်နေနိုင်ကြောင်း METEOBLUE က ခန့်မှန်းချက်မှာတွေ့ရပါတယ်။ လောလောဆယ် ကျနော်တို့ စောင့်ကြည့်နေရမှာက မိုး/ဇလက နေ့စဉ်တင်ပေးနေတဲ့ မြစ်ရေအခြေအနေသတင်းပါဘဲ။ အတက်ပြနေတဲ့ မြစ်များအခြေအနေကို အရောင်ထည့်ပေးထားပါတယ်။ မိုး/ဇလရဲ့ မူရင်း post လင့် .. https://www.facebook.com/dmhmoezalanaypyitaw/posts/pfbid0zWzA7FgNYBsNn88ov7f5yt9D1kdYju8oecyvChzmYzaWaxCGas2kfSgZh5RnVDVJl
نمایش همه...
ဒီ POST ကို ပြန်ကြည့်၊ ပြန်ဖတ်ကြပါ။
نمایش همه...
ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ဆက်စပ်လျှက်ရှိသည့် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း ပင်လယ်ပြင် အထက်လေထုလွှာအတွင်းဖြစ်ပေါ်လျှက်ရှိသော CYCLONIC CIRCULATION - CC အခြေအနေပြ ပုံများဖြစ်ပါတယ်။ ဒီအခြေအနေက ဇွန်လ ၂၉ ရက်အထိ ဆက်လက်ဖြစ်ပေါ်နေမှာဖြစ်ပြီး အိန္ဒိယနိုင်ငံအလယ်ပိုင်းနဲ့ မြောက်ပိုင်းကို တိုးဝင်လာတဲ့ အနောက်တောင်မုတ်သုံလေအား ကောင်းနေတာကြောင့် မုန်တိုင်းဖြစ်နိုင်ချေကတော့ လျော့နည်းနေမှာဖြစ်ပါတယ်။ ဇွန်လကုန်အထိ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများအပါအဝင် တနိုင်ငံလုံးမှာ မုတ်သုံမိုးများဆက်လက်ရွာသွန်းနေပြီး အချို့ဒေသများမှာ နေရာက်ကွက်၍ မိုးများနိုင်ပါမယ်။ (ဇွန်လ ၂၇ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်)
نمایش همه...
یک طرح متفاوت انتخاب کنید

طرح فعلی شما تنها برای 5 کانال تجزیه و تحلیل را مجاز می کند. برای بیشتر، لطفا یک طرح دیگر انتخاب کنید.