ပြည်သူ့ပန်းတိုင်-People's Goal
Open in Telegram
PG is committed to fostering inclusivity, reconciliation, and transitional justice in Myanmar.
Show more2 600
Subscribers
No data24 hours
-27 days
-4130 days
Data loading in progress...
Similar Channels
Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
September '26
September '26
+9
in 1 channels
August '26
+31
in 2 channels
Get PRO
July '26
+27
in 1 channels
Get PRO
June '26
+12
in 0 channels
Get PRO
May '26
+17
in 1 channels
Get PRO
April '26
+11
in 1 channels
Get PRO
March '26
+10
in 1 channels
Get PRO
February '26
+28
in 1 channels
Get PRO
January '26
+26
in 1 channels
Get PRO
December '25
+52
in 2 channels
Get PRO
November '25
+29
in 1 channels
Get PRO
October '25
+36
in 1 channels
Get PRO
September '25
+49
in 2 channels
Get PRO
August '25
+43
in 1 channels
Get PRO
July '25
+20
in 0 channels
Get PRO
June '25
+21
in 2 channels
Get PRO
May '25
+45
in 3 channels
Get PRO
April '25
+47
in 2 channels
Get PRO
March '25
+70
in 2 channels
Get PRO
February '25
+58
in 0 channels
Get PRO
January '25
+91
in 8 channels
Get PRO
December '24
+125
in 3 channels
Get PRO
November '24
+62
in 5 channels
Get PRO
October '24
+72
in 2 channels
Get PRO
September '24
+169
in 9 channels
Get PRO
August '24
+207
in 2 channels
Get PRO
July '24
+166
in 5 channels
Get PRO
June '24
+372
in 1 channels
Get PRO
May '24
+98
in 1 channels
Get PRO
April '24
+132
in 0 channels
Get PRO
March '24
+182
in 14 channels
Get PRO
February '24
+190
in 2 channels
Get PRO
January '24
+146
in 4 channels
Get PRO
December '23
+280
in 5 channels
Get PRO
November '23
+237
in 5 channels
Get PRO
October '23
+95
in 2 channels
Get PRO
September '23
+100
in 0 channels
Get PRO
August '23
+345
in 0 channels
Get PRO
July '23
+51
in 0 channels
Get PRO
June '23
+83
in 0 channels
Get PRO
May '23
+61
in 0 channels
Get PRO
April '23
+113
in 0 channels
Get PRO
March '23
+70
in 0 channels
Get PRO
February '23
+201
in 0 channels
Get PRO
January '23
+357
in 0 channels
Get PRO
December '22
+156
in 0 channels
Get PRO
November '22
+39
in 0 channels
Get PRO
October '22
+61
in 0 channels
Get PRO
September '22
+98
in 0 channels
Get PRO
August '22
+120
in 0 channels
Get PRO
July '22
+146
in 0 channels
Get PRO
June '22
+110
in 0 channels
Get PRO
May '22
+121
in 0 channels
Get PRO
April '22
+172
in 0 channels
Get PRO
March '22
+232
in 0 channels
Get PRO
February '22
+228
in 0 channels
Get PRO
January '22
+876
in 0 channels
| Date | Subscriber Growth | Mentions | Channels | |
| 09 September | 0 | |||
| 08 September | 0 | |||
| 07 September | 0 | |||
| 06 September | 0 | |||
| 05 September | +1 | |||
| 04 September | +4 | |||
| 03 September | +1 | |||
| 02 September | +3 | |||
| 01 September | 0 |
Channel Posts
“ကြားကာလပညာရေး စိန်ခေါ်မှုနဲ့ ကျောင်းသား လူငယ်တို့ရဲ့အနာဂတ်အကျပ်အတည်း”
https://youtu.be/OlqxXA2SCPY
| 2 | No text... | 121 |
| 3 | “ကြားကာလပညာရေး စိန်ခေါ်မှုနဲ့ ကျောင်းသားလူငယ်တို့ရဲ့ အနာဂတ်အကျပ်အတည်း”
စစ်အာဏာသိမ်းမှုနဲ့အတူ နိုင်ငံအနှံ့မှာဖြစ်ပွားနေတဲ့ ပဋိပက္ခအခြေအနေတွေဟာ ကလေးငယ်တွေ၊ ကျောင်းသားလူငယ်တွေကို သင်ကြားရေးအဝန်းအဝိုင်းတွေဆီကနေ အဝေးကိုတွန်းပို့ခဲ့ပြီးတော့ တနှစ်ပြီးတနှစ် နိင်ငံရဲ့ပညာရေးအကျပ်အတည်းက ဆိုးသထက် ဆိုးလာနေပါတယ်။
စစ်နဲ့အတူ ကြုံသလိုပညာဆက်နေကြရတဲ့ ကလေးငယ်နဲ့ ကျောင်းသားလူငယ်တွေ ပညာရေးဆုံးခန်းတိုင်နိုင်ဖို့ လက်ရှိပညာရေးအကျပ်အတည်း စိုးရိမ်မှု၊ စိန်ခေါ်မှုနဲ့ မျှော်လင့်ချက်တွေ၊ လက်ရှိကြားကာလပညာရေးဖော်ဆောင်မှု ပကတိအခြေအနေတွေက ဘယ်လိုရှိနေသလဲ။ ဒီအကြောင်းအရာတွေကို The Guardian High School တည်ထောင်သူဆရာ ဒီ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က မခင်နီနဲ့ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ကိုမင်းခန့်ကျော်လင်း တို့က ပြည်သူ့ပန်းတိုင်ရဲ့ အတွေးအခေါ်လမ်းအစီအစဉ်မှာ ပါဝင်ဆွေးနွေးထားပြီး မဂျာမုန်းက Moderator အဖြစ်တင်ဆက်ထားပါတယ်။
ဆွေးနွေးချက်အပြည့်အစုံကို ယနေ့ည စက်တင်ဘာလ ၈ ရက် မြန်မာစံတော်ချိန် ည ၇:၀၀ နာရီမှာ ပြည်သူ့ပန်းတိုင်နှင့် မိတ်ဖက်မီဒီယာများ၏ Facebook Page များအပြင် ပြည်သူ့ပန်းတိုင် YouTube Channel များမှ တိုက်ရိုက် ထုတ်လွှင့်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦး။
အတွေးအခေါ်လမ်းအစီအစဉ်ကို People’s Goal (ပြည်သူ့ပန်းတိုင်) နဲ့ People’s Spring သတင်းဌာနတို့ ပူးပေါင်းတင်ဆက်ထားပါတယ်။ | 119 |
| 4 | “ခေါင်းပုံဖြတ် ချုပ်ချယ်ခံနေရတဲ့ တပ်မိသားစုတွေရဲ့ဘဝ”
https://youtu.be/kHPWJ71PT44 | 155 |
| 5 | “ခေါင်းပုံဖြတ် ချုပ်ချယ်ခံနေရတဲ့ တပ်မိသားစုတွေရဲ့ဘဝ”
https://youtu.be/kHPWJ71PT44 | 1 |
| 6 | “ခေါင်းပုံဖြတ် ချုပ်ချယ်ခံနေရတဲ့ တပ်မိသားစုတွေရဲ့ဘဝ”
https://youtu.be/kHPWJ71PT44 | 1 |
| 7 | No text... | 192 |
| 8 | “၂၀၂၆ ခုနှစ် သြဂုတ်လအတွင်း အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၅၃ ဦး ရှိခဲ့“
ပြည်သူ့ပန်းတိုင်က ကောက်ယူထားသော မှတ်တမ်းများအရ ၂၀၂၆ ခုနှစ် သြဂုတ်လအတွင်း စစ်ကောင်စီဘက်မှ စစ်သား၊ ရဲ၊ ပြည်သူ့စစ် အဖွဲ့ဝင် ၅၃ ဦး အလင်းဝင်ပူးပေါင်းလာခြင်း၊ လက်နက်ချခြင်းနှင့် စစ်သုံ့ပန်းဖမ်းဆီးခံရခြင်းတို့ ဖြစ်ပွားခဲ့သည်။
အလင်းဝင်ပူးပေါင်းလာသူများ (စုစုပေါင်း ၂၀ ဦး)။
- စစ်သား ၁၇ ဦး။
- မကွေးတိုင်း (၁)၊ ချင်းပြည်နယ် (၃)၊ ကရင်ပြည်နယ် (၇)၊ ရှမ်းပြည်နယ် (၆)။
*(မှတ်ချက် - အလင်းဝင်ပူးပေါင်းလာသူ စစ်သား ၁၇ ဦးအနက် ၉ ဦးမှာ စစ်မှုထမ်းတပ်သားသစ်များ ဖြစ်သည်။)*
- ပြည်သူ့စစ် ၃ ဦး။
- စစ်ကိုင်းတိုင်း (၃)။
စစ်သုံ့ပန်းဖမ်းဆီးခံရသူများ (စုစုပေါင်း ၃၃ ဦး)
- စစ်သား ၃၂ ဦး။
- ရှမ်းပြည်နယ် (၁)၊ ချင်းပြည်နယ် (၆)၊ တနင်္သာရီတိုင်း (၄)၊ ကရင်နီပြည်နယ် (၄)၊ မကွေးတိုင်း (၁၇)။
*(မှတ်ချက် - စစ်သုံ့ပန်းဖမ်းဆီးခံရသူ စစ်သား ၃၂ ဦးအနက် ၃ ဦးမှာ စစ်မှုထမ်းတပ်သားသစ်များ ဖြစ်သည်။)*
- ရဲ ၁ ဦး။
- တနင်္သာရီတိုင်း (၁)။
သတင်းကိုးကား - တော်လှန်ရေးအဖွဲ့အစည်းများ၊ မီဒီယာများ။
မှတ်ချက်။ ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် သြဂုတ်လအထိ အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၃၈၂၁ ဦးထိရှိခဲ့ပါသည်။
ဆက်သွယ်ရန်
ပြည်သူ့ပန်းတိုင်သို့ သတင်းအချက်အလက်များ ဆက်သွယ်လိုပါက –
- တယ်လီဂရမ် : [@PeopleGoal]
- ဗိုက်ဘာ : +66 94 652 9985
#PeoplesGoal #ပြည်သူ့ပန်းတိုင် #လက်နက်ချ #အလင်း၀င် #စစ်သုံ့ပန်း #၂၀၂၆ #သြဂုတ်လ | 172 |
| 9 | "ဘယ်သူ့ကြောင့် စစ်တိုက်နေရသလဲ"
https://youtu.be/FKRHkphXk_Y | 244 |
| 10 | "ယုံကြည်ရာဆီသို့ ပဲ့ကိုင်သူ"
https://youtu.be/MIjVs6jq7wc | 228 |
| 11 | No text... | 201 |
| 12 | စကစ၏ "ပြေးဟပရောဂျက် ယခုတစ်ပတ်"
အပတ်စဉ် တင်ဆက်နေကျဖြစ်တဲ့ စကစ၏ "ပြေးဟပရောဂျက် ယခုတစ်ပတ်" အစီအစဉ်နေ့သို့ ပြန်လည်ရောက်ရှိလို့ လာပါပြီ။
ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းများအရ ၂၀၂၆ ခုနှစ်၊ သြဂုတ်လ စတုတ္ထပတ် အတွင်း အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ၊ စစ်သုံ့ပန်း စကစအဖွဲ့ဝင် စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် စုစုပေါင်း ၆ ဦး ရှိခဲ့ကြောင်း တွေ့ရပါတယ်။
စစ်သုံ့ပန်းဖမ်းဆီးခံရသူများ (စုစုပေါင်း ၆ ဦး)
စစ်သား ၆ ဦး
-ရှမ်းပြည်နယ် (၁)
-မကွေးတိုင်း (၅)
*(မှတ်ချက် - စစ်သုံ့ပန်းဖမ်းဆီးခံရသူ စစ်သား ၆ ဦးအနက် ၂ ဦးမှာ စစ်မှုထမ်းတပ်သားသစ်များ ဖြစ်သည်။)*
++++++++
လူမှုကွန်ယက်ပေါ်က သတင်းတု၊ သတင်းမှားတွေကို မယုံကြည်ကြဖို့ တပ်ချုပ် ရဲဝင်းဦးက ပြောပါတယ်။
ဟုတ်ပါတယ်၊ မယုံကြပါနဲ့။
"စစ်တပ်စိုးမိုးထားတယ်"ဆိုတဲ့ စစ်လော်ဘီချန်နယ်က တင်တဲ့သတင်းတွေကို ယုံပြီး လမ်းသလားမိလို့ PDF တွေဆီမှာ အဖမ်းခံလိုက်ရတဲ့ အရာရှိတွေ၊ ရဲတွေ၊ စစ်သားတွေ မနည်းတော့ပါဘူး။
အခုလည်း ဗန်းမော်သွားတဲ့ စစ်သင်္ဘောတွေ ဘာမှ မဖြစ်ပါဘူးဆိုပြီး စစ်လော်ဘီတွေ ပြောနေကြချိန်မှာ စင်းခန်းနား အတိုက်ခံရလို့ စစ်သင်္ဘောတွေ နစ်မြုပ်ပြီး စစ်သားတွေ ဧရာဝတီမြစ်ထဲ မျောနေကြပါတယ်။ ဉာဏ်ကူပြီး အလံဖြူထောင်သူတွေကတော့ အသက်ရှင်သန်ခွင့် ရသွားကြပါပြီ။
ဟုတ်ပါတယ်၊ စစ်တပ်ပြန်ကြားရေးနဲ့ စစ်လော်ဘီတွေ ပြောသမျှ မယုံကြပါနဲ့။ စစ်သည်တွေ အလင်းဝင်ကြပါ၊ လက်နက်ချကြပါ။
++++++++++
ကိုးကား - (၂၁.၈.၂၀၂၆ ) မှ (၃၁.၈.၂၀၂၆) အတွင်း တော်လှန်ရေးအဖွဲ့အစည်းများ နှင့် မီဒီယာများ၏ သတင်းများ။
မှတ်ချက်။ ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် သြဂုတ်လ စတုတ္ထပတ် အထိ အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း - ၃၈၂၁ ဦးထိရှိခဲ့ပါသည်။
ဆက်သွယ်ရန်
ပြည်သူ့ပန်းတိုင်သို့ သတင်းအချက်အလက်များ ဆက်သွယ်လိုပါက –
- တယ်လီဂရမ် : [@PeopleGoal]
- ဗိုက်ဘာ : +66 94 652 9985
#PeoplesGoal #ပြည်သူ့ပန်းတိုင် #လက်နက်ချ #အလင်း၀င် #စစ်သုံ့ပန်း #ပြေးဟပရောဂျက်ယခုတစ်ပတ် | 195 |
| 13 | "စွန့်ဦးဖောက်ထွက် အနာဂတ်အတွက်" အစီအစဉ်မှ ဖူးပွင့်လာသော အိပ်မက်များ
https://youtu.be/Ipa0OsXNJ7M | 209 |
| 14 | No text... | 263 |
| 15 | [ဖော်ပြပါ ဆောင်းပါးအား တော်လှန်ရေးအားကောင်းခိုင်မာစေရန်နှင့် ပြည်သူအများကြား အတွေးအမြင် ရှုထောင့်စုံ ထိတွေ့သုံးသပ်နိုင်စေရန် ရည်ရွယ်၍ ကဏ္ဍတစ်ခုအနေဖြင့် ရွေးချယ်၊ တည်းဖြတ်၊ တင်ဆက်ပေးခြင်းဖြစ်ပါသည်။ ဆောင်းပါး၏ အာဘော်သည် စာရေးသူ၏ ကိုယ်ပိုင်ဖြစ်၍ ပြည်သူ့ပန်းတိုင်၏ အာဘော်မဟုတ်ပါ။ ဆောင်းပါးကို ဖတ်ရှုပြီး မှတ်ချက်များ ရေးသား ဆွေးနွေးနိုင်ပါသည်။] | 284 |
| 16 | ထို့ကြောင့် မြန်မာ့အာဏာဓလေ့ကို လေ့လာခြင်းသည် အတိတ်ကို ပြန်လည်ဝေဖန်ခြင်းသက်သက် မဟုတ်ပေ။ အနာဂတ်တွင် အာဏာကို မည်သို့တည်ဆောက်မည်၊ မည်သို့ကန့်သတ်မည်၊ မည်သို့မျှဝေမည်ဆိုသည့် မေးခွန်းများအတွက် အဖြေရှာခြင်းလည်း ဖြစ်သည်။
သမိုင်း၏ အမွေသည် ပြောင်းလဲရန်ခက်ခဲသော်လည်း မပြောင်းလဲနိုင်သော ကံကြမ္မာတော့ မဟုတ်ပါ။ အာဏာကို ကိုးကွယ်သည့် ယဉ်ကျေးမှုမှ အခွင့်အာဏာကို မျှဝေသည့် ယဉ်ကျေးမှုဆီသို့ ရွေ့လျားနိုင်ရန်မှာ မြန်မာ့လူ့အဖွဲ့အစည်း ရင်ဆိုင်ရမည့် အရေးကြီးဆုံး စိန်ခေါ်မှုများထဲမှ တစ်ခုဖြစ်သည်။
မြန်မာနိုင်ငံ၏ အာဏာဓလေ့ကို နားလည်လိုပါက ပဒေသရာဇ်ခေတ်တွင်သာ ရပ်တန့်၍ မရနိုင်ပါ။ သမိုင်းသည် တစ်ခေတ်ပြီးတစ်ခေတ် ပြောင်းလဲခဲ့သော်လည်း အာဏာကို မြင်သည့် အခြေခံအယူအဆများသည် အပြောင်းအလဲအသစ်များအောက်တွင် ပုံစံပြောင်းပြီး ဆက်လက်ရှင်သန်နေခဲ့သည်။ ထို့ကြောင့် ကိုလိုနီခေတ်၊ လွတ်လပ်ရေးရပြီးနောက် နိုင်ငံတည်ဆောက်ရေးကာလနှင့် စစ်အုပ်ချုပ်ရေးခေတ်တို့ကို တစ်ဆက်တည်း ကြည့်မြင်ရန် လိုအပ်သည်။
၁၈၈၅ ခုနှစ်တွင် ကုန်းဘောင်မင်းဆက် အဆုံးသတ်ပြီး ဗြိတိသျှအုပ်ချုပ်ရေး စတင်လာချိန်၌ ဘုရင်စနစ် ပျက်သွားသော်လည်း "အာဏာသည် အထက်မှလာသည်" ဟူသော စိတ်ဓာတ်မှာ မပျောက်ကွယ်သွားခဲ့ပေ။ ဘုရင်နေရာတွင် ကိုလိုနီအုပ်ချုပ်ရေး ယန္တရား အစားထိုးဝင်ရောက်လာခဲ့သည်။ အမိန့်များသည် ယခင်ကကဲ့သို့ပင် အထက်မှ အောက်သို့ ဆင်းသက်လာပြီး ဒေသခံပြည်သူများသည် ဆုံးဖြတ်ချက်ချသူများမဟုတ်ဘဲ ဆုံးဖြတ်ချက်ကို လိုက်နာရသူများအဖြစ်သာ ဆက်လက်တည်ရှိခဲ့သည်။
ကိုလိုနီအုပ်ချုပ်ရေး၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံသားများကို နိုင်ငံရေးအရ ပါဝင်ခွင့်ပေးခြင်း မဟုတ်ဘဲ ထိရောက်စွာ အုပ်ချုပ်နိုင်ရေးဖြစ်သည်။ ထို့ကြောင့် ဗဟိုမှ အမိန့်ပေး၊ အောက်ခြေက အကောင်အထည်ဖော်သည့် အုပ်ချုပ်ရေးယန္တရားကို ပိုမိုခိုင်မာစေခဲ့သည်။ ဤအတွေ့အကြုံသည် နောင်လာမည့် နိုင်ငံတည်ဆောက်ရေးကာလအတွက်လည်း သက်ရောက်မှုရှိခဲ့သည်။
လွတ်လပ်ရေးရရှိပြီးနောက် မြန်မာနိုင်ငံသည် ပြည်တွင်းစစ်၊ လူမျိုးရေးပဋိပက္ခ၊ စီးပွားရေးအခက်အခဲနှင့် နိုင်ငံတည်ဆောက်ရေး စိန်ခေါ်မှုများကို တပြိုင်နက် ရင်ဆိုင်ခဲ့ရသည်။ ထိုအခြေအနေတွင် "အာဏာကို ဗဟိုတွင် စုစည်းထားမှ နိုင်ငံတည်ငြိမ်မည်" ဟူသော အယူအဆသည် နိုင်ငံရေးအတွေးအခေါ်အဖြစ် တဖြည်းဖြည်း အားကောင်းလာခဲ့သည်။ လုံခြုံရေးနှင့် စည်းလုံးညီညွတ်ရေးကို အကြောင်းပြ၍ အာဏာဗဟိုပြုစနစ်ကို ပိုမိုအားပေးလာကြသည်။
၁၉၆၂ ခုနှစ် နောက်ပိုင်း စစ်အုပ်ချုပ်ရေးကာလတွင် ထိုအယူအဆသည် အစိုးရ၏ တရားဝင်အုပ်ချုပ်ရေးအခြေခံဖြစ်လာသည်။ နိုင်ငံတော်၏ တည်ငြိမ်မှုသည် အာဏာစုစည်းမှုအပေါ် မူတည်သည်ဟု အလေးပေးဖော်ပြခဲ့ပြီး အမိန့်နာခံခြင်း၊ စည်းကမ်းလိုက်နာခြင်းနှင့် ဗဟိုအမိန့်ကို အဓိကထားသည့် ယဉ်ကျေးမှုကို အဖွဲ့အစည်းများအတွင်း ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းခဲ့သည်။
ဤယဉ်ကျေးမှုသည် နိုင်ငံရေးအဖွဲ့အစည်းများတွင်သာ မဟုတ်ဘဲ ပညာရေး၊ အုပ်ချုပ်ရေး၊ လုပ်ငန်းခွင်နှင့် နေ့စဉ်လူမှုဘဝထဲသို့ပါ ပျံ့နှံ့သွားခဲ့သည်။ ကျောင်းသားက ဆရာကို မေးခွန်းထုတ်ခြင်းထက် နာခံခြင်းကို ပိုအရေးကြီးသည်ဟု သင်ယူလာခဲ့သည်။ အစိုးရဝန်ထမ်းတစ်ဦးအတွက် အထက်အမိန့်ကို မေးမြန်းခြင်းထက် လိုက်နာခြင်းက ပိုမိုလုံခြုံသည်ဟု ယူဆလာခဲ့သည်။ အလုပ်ခွင်များတွင်လည်း ဆွေးနွေးညှိနှိုင်းခြင်းထက် အမိန့်ပေးခြင်းကို ခေါင်းဆောင်မှု၏ သင်္ကေတအဖြစ် မြင်လာကြသည်။
အချိန်ကြာလာသည်နှင့်အမျှ ဤအလေ့အထများသည် ယဉ်ကျေးမှုတစ်ခုအဖြစ် အမြစ်တွယ်လာခဲ့သည်။ ခေါင်းဆောင်ကောင်းဆိုသည်မှာ နားထောင်တတ်သူထက် အမိန့်ပေးတတ်သူ၊ သဘောတူညီမှုရယူတတ်သူထက် အဆုံးအဖြတ်ချနိုင်သူဟု မြင်လာကြသည်။ အာဏာကို မျှဝေခြင်းသည် အားနည်းခြင်းဖြစ်ပြီး အာဏာကို စုစည်းထားခြင်းသည် ခိုင်မာခြင်းဖြစ်သည်ဟူသော အယူအဆများသည် လူမှုအသိစိတ်အတွင်း နေရာယူလာခဲ့သည်။
သို့သော် သမိုင်းက ပြသခဲ့သည်မှာ အာဏာဗဟိုပြုစနစ်သည် အချို့ကာလများတွင် လျင်မြန်သော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်သော်လည်း ရေရှည်တွင် ပြဿနာအသစ်များကိုလည်း ဖန်တီးတတ်သည်။ အာဏာကို စုစည်းထားလေ၊ အမှားများကို ပြင်ဆင်နိုင်သည့် အခွင့်အလမ်း နည်းလေဖြစ်သည်။ ဝေဖန်သံများ လျော့နည်းလာလေ၊ ဆုံးဖြတ်ချက်များသည် အများပြည်သူ၏ လိုအပ်ချက်နှင့် ကင်းကွာလာနိုင်လေဖြစ်သည်။ ထို့ကြောင့် အာဏာကို စုစည်းခြင်းသည် ထိရောက်မှုအချို့ကို ပေးနိုင်သော်လည်း တာဝန်ခံမှုနှင့် အပြန်အလှန်ထိန်းကျောင်းမှု မရှိလျှင် ရေရှည်တည်တံ့သော အုပ်ချုပ်ရေးစနစ်တစ်ခုကို တည်ဆောက်ရန် ခက်ခဲလာသည်။
ထို့ကြောင့် မြန်မာ့နိုင်ငံရေးသမိုင်းကို လေ့လာရာတွင် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ အမှားအမှန်ကိုသာ အာရုံစိုက်ခြင်းထက် အာဏာကို ဗဟိုပြုသည့် ယဉ်ကျေးမှုသည် မည်သို့ ဆက်လက်အမွေဆက်ခံလာသနည်း၊ အဖွဲ့အစည်းအသီးသီးက ထိုယဉ်ကျေးမှုကို မည်သို့ ပြန်လည်ထုတ်လုပ်နေသနည်း ဆိုသည့် မေးခွန်းများကိုပါ ဆန်းစစ်ရန် လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် အာဏာရှင်စနစ်တစ်ခု ပြီးဆုံးသွားနိုင်သော်လည်း အာဏာရှင်ယဉ်ကျေးမှု မပြောင်းလဲသရွေ့ အလားတူ ပြဿနာများသည် ပုံစံအသစ်ဖြင့် ပြန်လည်ပေါ်ပေါက်လာနိုင်သောကြောင့် ဖြစ်သည်။ | 274 |
| 17 | "အာဏာကို ကိုးကွယ်သည့် လူ့အဖွဲ့အစည်းမှ အခွင့်အာဏာကို မျှဝေသည့် ဒီမိုကရေစီယဉ်ကျေးမှုဆီသို့"
🔹တေဇ (CDM)
"အာဏာသည် မည်သူ့ထံမှ လာသနည်း။"
ဤမေးခွန်းသည် နိုင်ငံရေးအတွေးအခေါ်၏ အခြေခံအကျဆုံး မေးခွန်းများထဲမှ တစ်ခုဖြစ်သည်။ ဒီမိုကရေစီနိုင်ငံများတွင် အဖြေမှာ ရှင်းလင်းသည်။ အာဏာသည် ပြည်သူထံမှ ဆင်းသက်လာပြီး အစိုးရသည် ထိုအာဏာကို ယာယီအပ်နှင်းခံထားရသော အဖွဲ့အစည်းတစ်ခုသာ ဖြစ်သည်။
သို့သော် မြန်မာ့လူ့အဖွဲ့အစည်း၏ သမိုင်းနှင့် ယဉ်ကျေးမှုကို ပြန်လည်သုံးသပ်ကြည့်လျှင် အာဏာကို နားလည်ပုံမှာ ကွဲပြားနေသည်။ အာဏာသည် အထက်မှ အောက်သို့ ဆင်းသက်လာသည့် အရာ၊ အုပ်ချုပ်သူတစ်ဦး၏ ကိုယ်ပိုင်ပိုင်ဆိုင်မှုကဲ့သို့သော အရာဟု မြင်ယူသည့် အလေ့အထများသည် ရာစုနှစ်များစွာကြာ အမြစ်တွယ်လာခဲ့သည်။
ယနေ့ မြန်မာနိုင်ငံကြုံတွေ့နေရသည့် နိုင်ငံရေးအကျပ်အတည်းများကို လက်ရှိဖြစ်ရပ်များတစ်ခုတည်းဖြင့်သာ ရှင်းလင်း၍ မရနိုင်ပါ။ ယင်းတို့၏ နောက်ကွယ်တွင် သမိုင်းကြောင်းရှည်လျားသော အာဏာနှင့်ပတ်သက်သည့် ယဉ်ကျေးမှု၊ အတွေးအခေါ်နှင့် လူမှုစိတ်ဓာတ်များ ရှိနေသည်။
အာဏာကို လူတစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခု၏ အထက်စီးအဖြစ် နားလည်လာသည့် အစဉ်အလာသည် မျိုးဆက်များစွာကို ဖြတ်သန်းပြီး ယနေ့အချိန်ထိ အကျိုးသက်ရောက်မှုများ ရှိနေဆဲဖြစ်သည်။
မြန်မာ့သမိုင်းတွင် ပဒေသရာဇ်စနစ်သည် ရာစုနှစ်များစွာကြာ အုပ်ချုပ်ရေးပုံစံ၏ အခြေခံဖြစ်ခဲ့သည်။ ထိုစနစ်အောက်တွင် ဘုရင်သည် နိုင်ငံ၏ အမြင့်ဆုံးအာဏာပိုင်သာ မဟုတ်ဘဲ "ရေမြေ့အရှင်"၊ "ဘဝရှင်မင်းတရား" ဟု ခေါ်ဆိုခံရသည့် အရှင်သခင်တစ်ဦးအဖြစ်လည်း သတ်မှတ်ခံရသည်။ ဤအသုံးအနှုန်းများသည် ဘာသာရေး၊ ယဉ်ကျေးမှုနှင့် နိုင်ငံရေးတို့ ရောနှောတည်ဆောက်ထားသော အာဏာ၏ သင်္ကေတများ ဖြစ်သည်။
"ရေမြေ့အရှင်" ဟူသော အယူအဆသည် မြေ၊ ရေ၊ သယံဇာတနှင့် နိုင်ငံအတွင်းရှိ လူသားများအားလုံး၏ အဆုံးစွန်သော ပိုင်ရှင်မှာ ဘုရင်ဖြစ်သည်ဟူသော သဘောတရားကို ထင်ဟပ်စေသည်။
”ဘဝရှင် မင်းတရားကြီး”ဆိုသည်မှာလည်း ပြည်သူတစ်ယောက်၏ အသက်နှင့် ဘဝတစ်ခုလုံးကိုပါ ရှင်ဘုရင်က ပိုင်ဆိုင်သည့်သဘောသာ ဖြစ်ပါသည်။
ဤစကားလုံးများသည် မြန်မာ့ လူမှုနယ်ပယ်အတွင်း ရင်းနှီးကျွမ်းဝင်နေပြီးသားလည်း ဖြစ်ပါသည်။ ထို့ကြောင့် ပြည်သူသည် အခွင့်အရေးပိုင်ရှင်မဟုတ်ဘဲ သနားကြင်နာမှု ခံယူရသူများအဖြစ် ပုံဖော်ခံရသည်။ အခွင့်အရေးသည် မွေးရာပါမဟုတ်ဘဲ အုပ်ချုပ်သူထံမှ ပေးအပ်ခံရသည့် အရာဟု မြင်ယူသည့် အတွေးအခေါ်သည် ထိုအချိန်ကတည်းက အမြစ်တွယ်လာခဲ့သည်။
ပဒေသရာဇ်စနစ်တွင် အာဏာ၏ လမ်းကြောင်းသည် အထက်မှ အောက်သို့သာ ဖြစ်သည်။ ဘုရင်က အမိန့်ပေးသည်၊ မှူးမတ်များက အကောင်အထည်ဖော်သည်၊ ပြည်သူများက နာခံသည်။ ပြည်သူသည် အုပ်ချုပ်ရေး၏ မူလအရင်းအမြစ်မဟုတ်ဘဲ အုပ်ချုပ်ခံရသူများသာ ဖြစ်သည်။ ထို့ကြောင့် အာဏာကို “စစ်ဆေးခြင်း၊ ကန့်သတ်ခြင်း၊ မျှဝေခြင်း" ဟူသော အယူအဆများ ဖွံ့ဖြိုးလာရန် အခက်အခဲများ ရှိခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ နိုင်ငံရေးစနစ်များ ပြောင်းလဲခဲ့သော်လည်း အာဏာကို မြင်သည့် အခြေခံစိတ်နေသဘောထားများသည် အလွယ်တကူ မပျောက်ကွယ်သွားခဲ့ပေ။ ကိုလိုနီခေတ်၊ လွတ်လပ်ရေးရပြီးနောက်ကာလ၊ စစ်အုပ်ချုပ်ရေးနှင့် ခေတ်သစ်နိုင်ငံရေးအပြောင်းအလဲများအတွင်း အုပ်ချုပ်ရေးပုံစံများ အဆင့်ဆင့် ပြောင်းလဲခဲ့သော်လည်း "အာဏာသည် တဦးတယောက်၏ ကိုယ်ပိုင် ပိုင်ဆိုင်မှုအရာ" ဟူသော အတွေးအခေါ်သည် ပုံစံအမျိုးမျိုးဖြင့် ဆက်လက်အသက်ရှင်နေခဲ့သည်။
ဤစိတ်နေသဘောထားသည် နိုင်ငံရေးလောကတွင်သာ မဟုတ်ဘဲ နေ့စဉ်လူမှုဘဝအတွင်းသို့လည်း စိမ့်ဝင်နေသည်။
“မိသားစုတွင် အသက်ကြီးသူကသာ ဆုံးဖြတ်ရမည်၊ ကျောင်းတွင် ဆရာပြောသမျှကိုသာ လိုက်နာရမည်၊ အလုပ်ခွင်တွင် အထက်လူကြီး၏ ဆုံးဖြတ်ချက်ကို မေးခွန်းမထုတ်သင့်”ဟု ယူဆသည့် အလေ့အထများသည် အာဏာကို အထက်မှသာ စီးဆင်းလာသည့် အရာအဖြစ် နေ့စဉ် ပြန်လည်ထုတ်လုပ်နေကြခြင်း ဖြစ်သည်။
ထို့ကြောင့် လူငယ်တစ်ဦးအတွက် အာဏာသည် မျှဝေရမည့် တာဝန်တစ်ရပ်အဖြစ်ထက် အခြားသူများကို အုပ်ချုပ်နိုင်စေမည့် ကိုယ်ပိုင်ပစ္စည်းတစ်ခုအဖြစ် မြင်လာရန် ပိုမိုလွယ်ကူသွားစေခဲ့သည်။
(ဤအခြေအနေတွင် အာဏာရှင်စနစ်များသည် စစ်လက်နက်များ၊ ဥပဒေများ သို့မဟုတ် အင်အားသုံးမှုတစ်ခုတည်းဖြင့်သာ မတည်တံ့နိုင်ပေ။ လူ့အဖွဲ့အစည်းအတွင်း အာဏာကို မြင့်မြတ်သည့်အရာ၊ အထက်စီးရသည့်အရာ၊ မေးခွန်းမထုတ်သင့်သည့်အရာဟု ယုံကြည်သည့် စိတ်ဓာတ်များ ရှိနေသရွေ့ အာဏာဗဟိုပြုစနစ်များသည် ပုံစံအမျိုးမျိုးဖြင့် ပြန်လည်ပေါ်ထွက်လာနိုင်သည်။)
ထို့ကြောင့် မြန်မာနိုင်ငံ၏ အနာဂတ်ကို တည်ဆောက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေများ၊ ရွေးကောက်ပွဲများ သို့မဟုတ် အစိုးရအပြောင်းအလဲများဖြင့်သာ လုံလောက်မည် မဟုတ်ပေ။ အာဏာကို နားလည်သည့် လူ့အဖွဲ့အစည်း၏ အတွေးအခေါ်ကိုပါ ပြန်လည်သုံးသပ်ရန် လိုအပ်သည်။ "အာဏာသည် အုပ်ချုပ်သူ၏ ပိုင်ဆိုင်မှုမဟုတ်၊ ပြည်သူက ယာယီအပ်နှင်းထားသည့် တာဝန်" ဟူသော အယူအဆသည် လူမှုယဉ်ကျေးမှုအတွင်း အမြစ်တွယ်လာမှသာ ဒီမိုကရေစီသည် ရေရှည်တည်တံ့နိုင်မည်ဖြစ်သည်။ | 274 |
| 18 | "စွန့်ဦးဖောက်ထွက် အနာဂတ်အတွက်" အစီအစဉ်မှ ဖူးပွင့်လာသော အိပ်မက်များ
https://youtu.be/VUDIruRzf6Y | 126 |
| 19 | “ဘဝသစ်အတွက် သင်ယူခြင်း၊ ရပ်တည်နိုင်ဖို့ ကြိုးစားခြင်း”
https://youtu.be/jVHfg2PwJR8 | 275 |
| 20 | No text... | 297 |
