en
Feedback
ပြည်သူ့ပန်းတိုင်-People's Goal

ပြည်သူ့ပန်းတိုင်-People's Goal

Open in Telegram

PG is committed to fostering inclusivity, reconciliation, and transitional justice in Myanmar.

Show more
2 600
Subscribers
No data24 hours
-27 days
-4130 days
Posts Archive
ထို့အပြင် ရာသီဥတုပြောင်းလဲမှုနှင့် မိုးရွာသွန်းမှုပုံစံများ မတည်ငြိမ်လာခြင်းတို့ကြောင့် အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် ရေဘေးအန္တရာယ်နှင့် ဘူမိဗေဒဆိုင်ရာ ထိခိုက်နိုင်မှုများကိုလည်း သီးခြားလွတ်လပ်သော သိပ္ပံနည်းကျ လေ့လာဆန်းစစ်မှုများဖြင့် ကြိုတင်အကဲဖြတ်ရန် လိုအပ်သည်။ နှစ်ဖက်‌သော စီမံကိန်းအကောင်အထည်ဖော်သူများနှင့် အကျိုးစီးပွားပတ်သက်မှုမရှိသော လွတ်လပ်သည့် သိပ္ပံပညာရှင်များ၊ ဘူမိဗေဒပညာရှင်များနှင့် သက်ဆိုင်ရာ ပညာရှင်အဖွဲ့အစည်းများအား လွတ်လပ်စွာ သုတေသနပြုခွင့် ပေးရမည်ဖြစ်ပြီး ထိုသုတေသနများမှ ရရှိလာသည့် အန္တရာယ်အကဲဖြတ်ချက်များ၊ တွေ့ရှိချက်များနှင့် အကြံပြုချက်များကိုလည်း လူထုထံ ပွင့်လင်းမြင်သာစွာ ချပြရမည် ဖြစ်ပါသည်။ အထူးသဖြင့် စီမံကိန်းနှင့်သက်ဆိုင်သည့် စာချုပ်ပါအချက်အလက်များကို အများပြည်သူသိရှိနိုင်ရန် ထုတ်ဖော်ပေးပြီး၊ လွတ်လပ်သော ပညာရှင်များ၏ အကြံပြုချက်များအပေါ် အခြေခံကာ စီမံကိန်းကို ဆက်လက်ဆောင်ရွက်ရန် သင့်/မသင့် ပြန်လည်သုံးသပ်၊ ပြင်ဆင်နိုင်သည့် ပွင့်လင်းမြင်သာသော လုပ်ငန်းစဉ်တစ်ရပ် ထားရှိရမည် ဖြစ်သည်။ ယင်းသို့ ဆောင်ရွက်ခြင်းသည် မြစ်ဆုံစီမံကိန်းကဲ့သို့သော ကိစ္စရပ်များအတွက် အငြင်းပွားမှုကို ကျော်လွန်ပြီး လူထု၏ လုံခြုံရေး၊ သဘာဝပတ်ဝန်းကျင်နှင့် နိုင်ငံ၏ ရေရှည်အကျိုးစီးပွားကို သိပ္ပံနည်းကျ အခြေခံဆုံးဖြတ်နိုင်ရန် အရေးကြီးသော အခြေခံလိုအပ်ချက် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည်။ (မြစ်ဆုံစီမံကိန်းကို ၂၀၁၁ ခုနှစ်တွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝ ထိခိုက်မှုများအပေါ် ပြည်သူ့ကန့်ကွက်မှုများကြောင့် ဦးသိန်းစိန် လက်ထက်တွင် ရပ်ဆိုင်းခဲ့ဖူးသည်။ ၂၀၂၆ ခုနှစ်တွင် မြန်မာစစ်အုပ်စုက စီမံကိန်းပြန်စရန် တွန်းအားပေးလာကြောင်းလည်း မကြာသေးမီက သတင်းများ ထွက်ပေါ်လာသည်။) ထို့ကြောင့် တရုတ်နှင့် ဆက်စပ်သော ရေအားလျှပ်စစ်၊ သတ္တု၊ သဘာဝသယံဇာတနှင့် အခြေခံအဆောက်အဦ စီမံကိန်းများတွင် ပွင့်လင်းမြင်သာမှု၊ လွတ်လပ်သော Environmental Impact Assessment နှင့် နယ်စပ်ဖြတ်ကျော် သဘာဝဘေးအန္တရာယ်အချက်အလက် မျှဝေမှု တို့သည် စီမံကိန်း၏ ကုန်ကျစရိတ်နှင့် အကျိုးအမြတ်ကဲ့သို့ပင် အရေးကြီးကြောင်း သတိမူသင့်သည်။ လိုရင်းပြန်ကောက်ရလျှင် ဟိမဝန္တာမှ ဆင်းသက်လာသည့် ရေဘေးအန္တရာယ်သည် နယ်စပ်ကို ကျော်ဖြတ်သွားသကဲ့သို့ ထိုရေဘေး၏ သင်ခန်းစာဖြစ်သည့် သတင်းအချက်အလက်ပွင့်လင်းမှု၊ လွတ်လပ်သော သိပ္ပံအကဲဖြတ်မှုနှင့် သဘာဝဘေးအန္တရာယ်ကို ကြိုတင်စီမံနိုင်ရေး တို့ကလည်း နယ်စပ်များကို ကျော်လွန်၍ ဒေသတွင်းနိုင်ငံများနှင့် မြစ်ဆုံအပါအဝင် အကြီးစားစီမံကိန်းများကို ပြန်လည်မေးခွန်းထုတ်နေပြီဖြစ်သည်။ [ဖော်ပြပါ ဆောင်းပါးအား တော်လှန်ရေးအားကောင်းခိုင်မာစေရန်နှင့် ပြည်သူအများကြား အတွေးအမြင် ရှုထောင့်စုံ ထိတွေ့သုံးသပ်နိုင်စေရန် ရည်ရွယ်၍ ကဏ္ဍတစ်ခုအနေဖြင့် ရွေးချယ်၊ တည်းဖြတ်၊ တင်ဆက်ပေးခြင်းဖြစ်ပါသည်။ ဆောင်းပါး၏ အာဘော်သည် စာရေးသူ၏ ကိုယ်ပိုင်ဖြစ်၍ ပြည်သူ့ပန်းတိုင်၏ အာဘော်မဟုတ်ပါ။ ဆောင်းပါးကို ဖတ်ရှုပြီး မှတ်ချက်များ ရေးသား ဆွေးနွေးနိုင်ပါသည်။]

ABC ၏ ဖော်ပြချက်အရ တိဘက်ဘက်တွင် ရိုက်ကူးထားသည့် ဗီဒီယိုနှင့် ဖြစ်ရပ်မှတ်တမ်းအချို့ အွန်လိုင်းပေါ် ပေါ်လာပြီးနောက် ပြန်လည်ပျောက်ကွယ်သွားခဲ့ကြောင်း သိရသည်။ Radio Free Asia ကလည်း တိဘက်ဘက်မှ ပျက်စီးဆုံးရှုံးမှုနှင့် သေဆုံး၊ ပျောက်ဆုံးသူ အရေအတွက်ဆိုင်ရာ သတင်းအချက်အလက်များ ရှားပါးကြောင်း ဖော်ပြခဲ့သည်။ တရုတ်နိုင်ငံအတွင်း သတင်းနှင့် လူမှုကွန်ရက်အကြောင်းအရာများကို နိုင်ငံတော်က အလွန်တင်းကျပ်စွာ ထိန်းချုပ်ထားခြင်းသည်လည်း ယခင်ကတည်းက မှတ်တမ်းတင်ထားသည့် အချက်ဖြစ်သည်။ သို့သော် တရုတ်အာဏာပိုင်များက တိဘက်ဘက်တွင် သေဆုံးသူများနှင့် ပျောက်ဆုံးသူများရှိကြောင်း ထုတ်ပြန်ခဲ့ပြီး လူပေါင်းထောင်နှင့်ချီပါဝင်သော ကယ်ဆယ်ရေးအဖွဲ့များကိုလည်း စေလွှတ်ခဲ့သည်။ စက်တင်ဘာ ၅ ရက်အထိ တရုတ်ဘက်က Gyirong County တွင် သေဆုံးသူ ၃၁ ဦး၊ ပျောက်ဆုံးသူ ၅၄၆ ဦးရှိကြောင်း ထုတ်ပြန်ထားသည်။ အတည်မပြုနိုင်သော သတင်းများတွင် ထိခိုက်သေဆုံးမှုသည် ထိုပမာထက် များစွာပိုကြောင်း ဆိုကြသည်။ သို့ဖြစ်၍ တရုတ်တို့၏ ပြဿနာမှာ သတင်းမထုတ်ပြန်ခြင်း မဟုတ်ဘဲ သတင်း၏ အကျယ်အဝန်း၊ အချိန်မီမှု၊ လွတ်လပ်စွာ စိစစ်နိုင်မှုနှင့် ထိန်ချန်ထားမှု အပိုင်းသာ ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ဤနေရာတွင် COVID-19 အတွေ့အကြုံက သတိပေးချက်တစ်ခုလို ပြန်ပေါ်လာသည်။ ၂၀၁၉ ဒီဇင်ဘာနှောင်းပိုင်းတွင် Wuhan မှ မျက်စိဆရာဝန် ဒေါက်တာ Li Wenliang သည် ထူးခြားသော ကူးစက်ရောဂါဖြစ်နိုင်ခြေကို သူ၏ ဆရာဝန်မိတ်ဆွေများထံ သတိပေးခဲ့သည်။ ၂၀၂၀ ဇန်နဝါရီ ၃ ရက်တွင် ရဲက သူ့ကို ခေါ်ယူစစ်ဆေးပြီး အပြစ်ပေးသတိပေးစာ လက်မှတ်ထိုးစေခဲ့သည်။ (နောက်ပိုင်း တရားဝင်စုံစမ်းစစ်ဆေးမှုတွင် ထိုသတိပေးမှုသည် မသင့်လျော်ကြောင်း သတ်မှတ်ပြီး ပြန်လည်ရုပ်သိမ်းခဲ့သည်ဟု သိရသည်။) အရေးကြီးသည်မှာ Li Wenliang တစ်ဦးတည်း၏ အမှုမဟုတ်ပါ။ COVID-19 အစောပိုင်းကာလတွင် ရောဂါနှင့်ပတ်သက်သော သတင်းများကို “ကောလာဟလ” အဖြစ် သတ်မှတ်၍ ဆရာဝန်များနှင့် အခြားသူများကို သတိပေးခြင်း၊ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် ကျန်းမာရေးဝန်ထမ်းများအကြား သတင်းမျှဝေရန် တွန့်ဆုတ်မှု ဖြစ်ပေါ်ခဲ့ကြောင်း အမေရိကန် Congressional-Executive Commission on China ၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။ ထို့ကြောင့် COVID-19 ကမ္ဘာ့ကပ်ရောဂါ၏ လူသေဆုံးမှုအားလုံးကို “တရုတ်၏ သတင်းဖုံးကွယ်မှုကြောင့် ဖြစ်သည်” ဟု တိုက်ရိုက်မစွပ်စွဲနိုင်သော်လည်း “ရောဂါအသစ်တစ်ခု၏ အစောပိုင်းအချက်အလက်များကို လွတ်လပ်စွာ ထုတ်ဖော်၊ စိစစ်၊ မျှဝေနိုင်ခွင့်ကို ကန့်သတ်ခြင်းသည် ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်ကို တုံ့ပြန်နိုင်စွမ်းအတွက် လက်ဦးမှုရယူရန် အခွင့်အရေးကို ဆုံးရှုံးစေခဲ့သည်”ဟူ၍တော့ ဆိုနိုင်ပါသည်။ ထိုဖြစ်အပျက်ကို တရုတ်တို့ သင်ခန်းစာယူခဲ့သင့်သော်လည်း ဟိမဝန္တာရေဘေးတွင် အခွင့်အရေးကို လက်လွှတ်ခဲ့ရပြန်သည်။ အခြားတဖက်တွင် ၎င်းရေဘေးကို ရာသီဥတုပြောင်းလဲမှုနှင့် ချိန်ထိုး စဉ်းစားရပြန်သည်။ ဟိမဝန္တာနှင့် Tibetan Plateau ဒေသသည် ကမ္ဘာ့ရေစီးကြောင်းအတွက် အလွန်အရေးကြီးသော “Asian Water Tower” ဖြစ်ပြီး ရာသီဥတုပြောင်းလဲမှု၊ ရေခဲမြစ်များ မတည်ငြိမ်လာမှုနှင့် ရေအားလျှပ်စစ်စီမံကိန်းများ တိုးချဲ့လာမှုတို့က ရေအရင်းအမြစ်လုံခြုံရေးကို ပိုမိုရှုပ်ထွေးစေကြောင်း မကြာသေးမီက သိပ္ပံဆိုင်ရာ သုံးသပ်ချက်တစ်ခုက ဖော်ပြထားသည်။ ထို့အပြင် တောင်တန်းဒေသတွင် ရေအားလျှပ်စစ်စီမံကိန်းများ တိုးပွားလာခြင်းသည် သဘာဝအန္တရာယ်ကို ကိုယ်တိုင်ဖန်တီးသည်ဟု မဆိုနိုင်သော်လည်း သဘာဝတောတောင်မြေပြင်အနေအထားများကို ပျက်ပြားစေခြင်းနှင့်အတူ အန္တရာယ်ရှိပြီးသား မြစ်ဝှမ်းတစ်ခုထဲတွင် လူနေထိုင်မှုနှင့် အခြေခံအဆောက်အအုံများ ပိုမိုတိုးပွားလာစေခြင်းက ဘေးအန္တရာယ်ဖြစ်ပွားသည့်အခါ ဆုံးရှုံးမှုကို ကြီးမားစေနိုင်သည်ကတော့ အမှန်ပင်။ ယခုရေဘေးတွင်ပင် နီပေါဘက်ရှိ ရေအားလျှပ်စစ်စီမံကိန်းများနှင့် ဆက်စပ်အဆောက်အအုံများ အကြီးအကျယ် ထိခိုက်ခဲ့ပြီး ပျောက်ဆုံးသူများထဲတွင် hydropower workers အများအပြား ပါဝင်နေသည်။ ထို့ကြောင့် အနာဂတ်တွင် မည်သည့်စီမံကိန်းများ‌ ဆောင်ရွက်သည်ဖြစ်‌စေ သဘာဝပတ်ဝန်းကျင်ထိခိုက်ပြောင်းလဲမှုနှင့် အကျိုးဆက်အန္တရာယ်ကို သတိကြီးကြီးထားရတော့မည် ဖြစ်သည်။ ➡️ မြစ်ဆုံကိုလည်း ပြန်ကြည့်ရမည့်အချိန် ဒီအချက်က မြန်မာနိုင်ငံအတွက် အထူးသဖြင့် အရေးကြီးသည်။ မြစ်ဆုံစီမံကိန်းသည် နီပေါနိုင်ငံတွင် မကြာသေးမီက ဖြစ်ပေါ်ခဲ့သည့် ရေဘေးကဲ့သို့သော မြေမျက်နှာသွင်ပြင်အခြေအနေနှင့် တိုက်ရိုက်တူညီခြင်းမရှိသော်လည်း၊ စီမံကိန်းကြောင့် ရေစီးဆင်းမှုပုံစံ၊ မြစ်ကြောင်းနှင့် မြစ်ဝှမ်းဂေဟစနစ်တို့အပေါ် ရေရှည်တွင် ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများကို ပေါ့ပေါ့ဆဆ မယူဆသင့်ပေ။

“မြစ်ဆုံအပါအဝင် ဒေသတွင်းနိုင်ငံများသို့ အချက်ပြ ရိုက်ခတ်လာ‌နေသော နီပေါ-တိဘက် တောင်ပေါ်ရေဘေး ပြဿနာ” 🔹သစ်နက် (ရာမည) နီပေါ-တိဘက်နယ်စပ်တွင် ဩဂုတ် ၂၆ ရက်က ဖြစ်ပွားခဲ့သော ဟိမဝန္တာရေဘေး (Debris Flow) သည် “နယ်နိမိတ်ချင်း ဆက်စပ်နေသော နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု အားနည်းချက်”သည် လူ့အသက်များဖြင့် ပေးဆပ်ရနိုင်ကြောင်း သက်သေပြနေသလို တရုတ်နိုင်ငံ၏ “အိမ်နီးချင်းများအပေါ် သတင်းအချက်အလက်ဆိုင်ရာ ပွင့်လင်းမြင်သာမှု၊ နယ်စပ်ဖြတ်ကျော် အန္တရာယ်ဆိုင်ရာ သတင်းမျှဝေမှု”တို့အတွက်လည်း မေးခွန်းထုတ်စရာများ ဖြစ်လာစေခဲ့ပါသည်။ တရုတ်သည် သတင်းအချက်အလက်များကို နိုင်ငံရေးအရ စီမံခန့်ခွဲသည့်အလေ့ရှိပြီး ထိုအချက်ကပင် ရေဘေးနောက်ဆက်တွဲပြဿနာများ၌ နိုင်ငံတကာသတင်းမီဒီယာများ၏ ဝေဖန်အာရုံစိုက်မှုကို ခံရစေခဲ့သည်။ ဩဂုတ် ၂၆ ရက်က တိဘက်ဘက်ရှိ တောင်မြင့်ဒေသတွင် ရေခဲနှင့် ကျောက်တုံးများ အစုလိုက်အပြုံလိုက် ပြိုကျပြီး Lhende မြစ်ကို ပိတ်ဆို့ခဲ့ရာမှ ရေ၊ ရေခဲ၊ မြေစာနှင့် ကျောက်တုံးများ ရုတ်တရက် ထွက်ကျလာကာ နီပေါဘက်ရှိ Rasuwa ဒေသကို အကြီးအကျယ် ရိုက်ခတ်ခဲ့သည်။ နီပေါဘက်မှ စက်တင်ဘာ ၅ ရက်နေ့ ထုတ်ပြန်ချက်အရ ထိုဖြစ်ရပ်ကြောင့် သေဆုံးသူ ၁၃၄၄ ဦးနှင့် ပျောက်ဆုံးသူ ၄၈၉၈ ဦး ရှိကြောင်း သိရသည်။ Satellite imagery များကလည်း နယ်စပ်တစ်လျှောက်တွင် မြေစာနှင့် အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှု အလွန်ကျယ်ပြန့်ကြောင်း ပြသခဲ့သည်။ ဤဖြစ်စဉ်၏ အရေးကြီးဆုံးအချက်တစ်ခုမှာ မြစ်ပိတ်ဆို့မှုသည် နာရီပိုင်းအကြာ တည်ရှိနေခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က ရေသည် ရုတ်တရက် အောက်ဘက်သို့ မဆင်းသေးဘဲ အထက်ပိုင်းတွင် စုပုံနေသည်။ ဆိုလိုသည်မှာ သဘာဝဘေးသည် “ဖြစ်ပြီးသွားသော ဖြစ်ရပ်” မဟုတ်သေးဘဲ အန္တရာယ်ကို ကြိုတင်သတိပေးနိုင်သည့် အချိန်ကာလစ်ခု ရှိနေခဲ့ခြင်းပင် ဖြစ်သည်။ ၎င်းအချက်ကပင် တရုတ်-နီပေါ သတင်းမျှဝေမှု ပြဿနာကို ပေါ်ထွက်လာ‌စေခဲ့သည်။ အရေးကြီးသောအချက်တစ်ခုမှာ ဤဘေးအန္တရာယ်မဖြစ်မီ သုံးလခန့်အလို မေလ ၂၇ ရက်နေ့တွင် နီပေါနှင့် တရုတ်အရာရှိများသည် ဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ ထိုဆွေးနွေးပွဲတွင် နီပေါဘက်က ရေခဲကန်များ၊ ရေခဲမြစ်ရွေ့လျားမှုနှင့် ရေအဆင့်များအကြောင်း early-warning data ပိုမိုရရှိရန် တောင်းဆိုခဲ့သည်ဟု Reuters က ဖော်ပြထားသည်။ သို့သော် နီပေါအရာရှိများအဆိုအရ တရုတ်ဘက်က လုံလောက်သောအချက်အလက် မပေးခဲ့ဘဲ မိမိတို့၏ တာဝန်နယ်ပယ် ကန့်သတ်ချက်များကိုသာ အကြောင်းပြခဲ့သည်ဟု သိရသည်။ တရုတ်အစိုးရဘက်ကမူ မိုးလေဝသခန့်မှန်းချက်များနှင့် ရေခဲကန်ဆိုင်ရာ အခြေအနေများကို အချိန်မီမျှဝေခဲ့သည်ဟု ပြောဆိုထားသည်။ ထို့ကြောင့် ဤဖြစ်စဉ်တွင် “တရုတ်ဘက်က မည်သည့်သတင်းမျှ မပေးခဲ့”ဟု မဆိုနိုင်သော်လည်း အရေးကြီးသည့် ကွာခြားချက်မှာ “မိုးကြီးနိုင်သည်” ဆိုသော အထွေထွေသတိပေးချက်နှင့် “အထက်ပိုင်းမှာ ရေခဲနှင့် ကျောက်ပြိုပြီး မြစ်ပိတ်နေပြီ၊ ရေစုဆောင်းနေပြီ၊ ရေပမာဏ ဘယ်လောက်ရှိနေပြီ၊ မကြာခင် ပေါက်ထွက်လာနိုင်တယ်၊ ဘယ်အထိ သက်ရောက်နိုင်တယ်” ဆိုတဲ့ real-time warning များသည် သတင်းတန်ဖိုးဆိုင်ရာ သဘောသဘာဝအားဖြင့် အလွန်ကွာခြားပါသည်။ ထိုကွာခြားချက်သည် လူ့အသက်များကို အဆုံးအဖြတ်ပေးနိုင်ကြောင်း ယခုဖြစ်စဉ်က သက်သေပြခဲ့ပြီး ဖြစ်သည်။ ယနေ့အထိ ထွက်ပေါ်လာသော အချက်အလက်များအရ “တရုတ်က ကြိုတင်သိပြီး တမင်တကာ ဖုံးကွယ်ခဲ့သည်” ဟု အတည်ပြုနိုင်သည့် သက်သေ မရှိသေး‌သော်လည်း “တရုတ်ဘက်က သိရှိနိုင်စွမ်း မရှိခဲ့ပါ”ဟု ပြောရန်လည်း ခက်ခဲသည်။ ဖြစ်ရပ်အပြီးတွင်ပင် တရုတ်ဘက်က အဆိုပါဒေသတွင် ဖြစ်ပေါ်လာသော barrier lake ကို စောင့်ကြည့်နိုင်ခဲ့ပြီး ရေကန်ပေါက်ထွက်နိုင်ခြေကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ခေတ္တရပ်ဆိုင်း‌စေခဲ့သည်။ ထို့အပြင် နောက်ထပ်ရေကြီးမှု ဖြစ်နိုင်ကြောင်း နီပေါကို သတိပေးခဲ့‌သည်။ သတိပေးထားသည့်အတိုင်းလည်း များမကြာမီ ရေစီးဆင်းမှုများ ထပ်မံ ဖြစ်ပွားခဲ့သေးသည်။ ထို့ကြောင့် တရုတ်က “ထိုဖြစ်စဉ်ကို သိခဲ့သလား”ဆိုသည်ထက် “ဘယ်အချိန်မှာ ဘာကို သိခဲ့သလဲ၊ ဘယ်အချိန်မှာ နီပေါကို ဘာတွေမျှဝေခဲ့သလဲ” ဆိုသည်ကသာ မေးစရာတွေ ဖြစ်လာသည်။ ဤမေးခွန်းကို ဖြေရှင်းရန်အတွက် တရုတ်၏ monitoring data၊ satellite observation၊ hydrological data၊ internal warning timeline နှင့် ‌နီပေါထံ ပေးပို့ခဲ့သည့် သတိပေးချက်များနှင့် အချိန်ဇယားတို့ကို လွတ်လပ်စွာ စစ်ဆေးနိုင်ရန် လိုအပ်သည်။ ဤဖြစ်ရပ်အတွင်း ပိုမို စိတ်ဝင်စားစရာ ကောင်းစေသည်မှာ ရေဘေးဖြစ်ပြီးနောက် တရုတ်ဘက်ရှိ သတင်းအချက်အလက် စီးဆင်းမှုဖြစ်သည်။ နီပေါဘက်တွင် သေဆုံးသူ၊ ပျောက်ဆုံးသူ၊ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပျက်စီးဆုံးရှုံးမှုများကို မီဒီယာများနှင့် အစိုးရဌာနများက အချိန်နှင့်တပြေးညီ ထုတ်ပြန်နေချိန်တွင် တိဘက်ဘက်မှ သတင်းအချက်အလက်များမှာ အလွန်အကန့်အသတ်ရှိခဲ့သည်။

“ကြားကာလပညာရေး စိန်ခေါ်မှုနဲ့  ကျောင်းသား လူငယ်တို့ရဲ့အနာဂတ်အကျပ်အတည်း” https://youtu.be/OlqxXA2SCPY

“ကြားကာလပညာရေး စိန်ခေါ်မှုနဲ့ ကျောင်းသားလူငယ်တို့ရဲ့ အနာဂတ်အကျပ်အတည်း” စစ်အာဏာသိမ်းမှုနဲ့အတူ နိုင်ငံအနှံ့မှာဖြစ်ပွားနေတဲ့ ပဋိပက္ခအခြေအနေတွေဟာ ကလေးငယ်တွေ၊ ကျောင်းသားလူငယ်တွေကို သင်ကြားရေးအဝန်းအဝိုင်းတွေဆီကနေ အဝေးကိုတွန်းပို့ခဲ့ပြီးတော့ တနှစ်ပြီးတနှစ် နိင်ငံရဲ့ပညာရေးအကျပ်အတည်းက ဆိုးသထက် ဆိုးလာနေပါတယ်။ စစ်နဲ့အတူ ကြုံသလိုပညာဆက်နေကြရတဲ့ ကလေးငယ်နဲ့ ကျောင်းသားလူငယ်တွေ ပညာရေးဆုံးခန်းတိုင်နိုင်ဖို့ လက်ရှိပညာရေးအကျပ်အတည်း စိုးရိမ်မှု၊ စိန်ခေါ်မှုနဲ့ မျှော်လင့်ချက်တွေ၊ လက်ရှိကြားကာလပညာရေးဖော်ဆောင်မှု ပကတိအခြေအနေတွေက ဘယ်လိုရှိနေသလဲ။ ဒီအကြောင်းအရာတွေကို The Guardian High School တည်ထောင်သူဆရာ ဒီ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က မခင်နီနဲ့ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ကိုမင်းခန့်ကျော်လင်း တို့က ပြည်သူ့ပန်းတိုင်ရဲ့ အတွေးအခေါ်လမ်းအစီအစဉ်မှာ ပါဝင်ဆွေးနွေးထားပြီး မဂျာမုန်းက Moderator အဖြစ်တင်ဆက်ထားပါတယ်။ ဆွေးနွေးချက်အပြည့်အစုံကို ယနေ့ည စက်တင်ဘာလ ၈ ရက် မြန်မာစံတော်ချိန် ည ၇:၀၀ နာရီမှာ ပြည်သူ့ပန်းတိုင်နှင့် မိတ်ဖက်မီဒီယာများ၏ Facebook Page များအပြင် ပြည်သူ့ပန်းတိုင် YouTube Channel များမှ တိုက်ရိုက် ထုတ်လွှင့်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦး။ အတွေးအခေါ်လမ်းအစီအစဉ်ကို People’s Goal (ပြည်သူ့ပန်းတိုင်) နဲ့ People’s Spring သတင်းဌာနတို့ ပူးပေါင်းတင်ဆက်ထားပါတယ်။

“ခေါင်းပုံဖြတ် ချုပ်ချယ်ခံနေရတဲ့ တပ်မိသားစုတွေရဲ့ဘဝ” https://youtu.be/kHPWJ71PT44

“ခေါင်းပုံဖြတ် ချုပ်ချယ်ခံနေရတဲ့ တပ်မိသားစုတွေရဲ့ဘဝ” https://youtu.be/kHPWJ71PT44

“ခေါင်းပုံဖြတ် ချုပ်ချယ်ခံနေရတဲ့ တပ်မိသားစုတွေရဲ့ဘဝ” https://youtu.be/kHPWJ71PT44

“၂၀၂၆ ခုနှစ် သြဂုတ်လအတွင်း အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၅၃ ဦး ရှိခဲ့“ ပြည်သူ့ပန်းတိုင်က ကောက်ယူထားသော မှတ်တမ်းများအရ ၂၀၂၆ ခုနှစ် သြဂုတ်လအတွင်း စစ်ကောင်စီဘက်မှ စစ်သား၊ ရဲ၊ ပြည်သူ့စစ် အဖွဲ့ဝင် ၅၃ ဦး အလင်းဝင်ပူးပေါင်းလာခြင်း၊ လက်နက်ချခြင်းနှင့် စစ်သုံ့ပန်းဖမ်းဆီးခံရခြင်းတို့ ဖြစ်ပွားခဲ့သည်။ အလင်းဝင်ပူးပေါင်းလာသူများ (စုစုပေါင်း ၂၀ ဦး)။ - စစ်သား ၁၇ ဦး။ - မကွေးတိုင်း (၁)၊ ချင်းပြည်နယ် (၃)၊ ကရင်ပြည်နယ် (၇)၊ ရှမ်းပြည်နယ် (၆)။ *(မှတ်ချက် - အလင်းဝင်ပူးပေါင်းလာသူ စစ်သား ၁၇ ဦးအနက် ၉ ဦးမှာ စစ်မှုထမ်းတပ်သားသစ်များ ဖြစ်သည်။)* - ပြည်သူ့စစ် ၃ ဦး။ - စစ်ကိုင်းတိုင်း (၃)။ စစ်သုံ့ပန်းဖမ်းဆီးခံရသူများ (စုစုပေါင်း ၃၃ ဦး) - စစ်သား ၃၂ ဦး။ - ရှမ်းပြည်နယ် (၁)၊ ချင်းပြည်နယ် (၆)၊ တနင်္သာရီတိုင်း (၄)၊ ကရင်နီပြည်နယ် (၄)၊ မကွေးတိုင်း (၁၇)။ *(မှတ်ချက် - စစ်သုံ့ပန်းဖမ်းဆီးခံရသူ စစ်သား ၃၂ ဦးအနက် ၃ ဦးမှာ စစ်မှုထမ်းတပ်သားသစ်များ ဖြစ်သည်။)* - ရဲ ၁ ဦး။ - တနင်္သာရီတိုင်း (၁)။ သတင်းကိုးကား - တော်လှန်ရေးအဖွဲ့အစည်းများ၊ မီဒီယာများ။ မှတ်ချက်။ ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် သြဂုတ်လအထိ အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၃၈၂၁ ဦးထိရှိခဲ့ပါသည်။ ဆက်သွယ်ရန် ပြည်သူ့ပန်းတိုင်သို့ သတင်းအချက်အလက်များ ဆက်သွယ်လိုပါက – - တယ်လီဂရမ် : [@PeopleGoal] - ဗိုက်ဘာ : +66 94 652 9985 #PeoplesGoal #ပြည်သူ့ပန်းတိုင် #လက်နက်ချ #အလင်း၀င် #စစ်သုံ့ပန်း #၂၀၂၆ #သြဂုတ်လ

"ဘယ်သူ့ကြောင့် စစ်တိုက်နေရသလဲ" https://youtu.be/FKRHkphXk_Y

"ယုံကြည်ရာဆီသို့ ပဲ့ကိုင်သူ" https://youtu.be/MIjVs6jq7wc

စကစ၏ "ပြေးဟပရောဂျက် ယခုတစ်ပတ်" အပတ်စဉ် တင်ဆက်နေကျဖြစ်တဲ့ စကစ၏ "ပြေးဟပရောဂျက် ယခုတစ်ပတ်" အစီအစဉ်နေ့သို့ ပြန်လည်ရောက်ရှိလို့ လာပါပြီ။ ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းများအရ ၂၀၂၆ ခုနှစ်၊ သြဂုတ်လ စတုတ္ထပတ် အတွင်း အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ၊ စစ်သုံ့ပန်း စကစအဖွဲ့ဝင် စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် စုစုပေါင်း ၆ ဦး ရှိခဲ့ကြောင်း တွေ့ရပါတယ်။ စစ်သုံ့ပန်းဖမ်းဆီးခံရသူများ (စုစုပေါင်း ၆ ဦး) စစ်သား ၆ ဦး -ရှမ်းပြည်နယ် (၁) -မကွေးတိုင်း (၅) *(မှတ်ချက် - စစ်သုံ့ပန်းဖမ်းဆီးခံရသူ စစ်သား ၆ ဦးအနက် ၂ ဦးမှာ စစ်မှုထမ်းတပ်သားသစ်များ ဖြစ်သည်။)* ++++++++ လူမှုကွန်ယက်ပေါ်က သတင်းတု၊ သတင်းမှားတွေကို မယုံကြည်ကြဖို့ တပ်ချုပ် ရဲဝင်းဦးက ပြောပါတယ်။ ဟုတ်ပါတယ်၊ မယုံကြပါနဲ့။ "စစ်တပ်စိုးမိုးထားတယ်"ဆိုတဲ့ စစ်လော်ဘီချန်နယ်က တင်တဲ့သတင်းတွေကို ယုံပြီး လမ်းသလားမိလို့ PDF တွေဆီမှာ အဖမ်းခံလိုက်ရတဲ့ အရာရှိတွေ၊ ရဲတွေ၊ စစ်သားတွေ မနည်းတော့ပါဘူး။ အခုလည်း ဗန်းမော်သွားတဲ့ စစ်သင်္ဘောတွေ ဘာမှ မဖြစ်ပါဘူးဆိုပြီး စစ်လော်ဘီတွေ ပြောနေကြချိန်မှာ စင်းခန်းနား အတိုက်ခံရလို့ စစ်သင်္ဘောတွေ နစ်မြုပ်ပြီး စစ်သားတွေ ဧရာဝတီမြစ်ထဲ မျောနေကြပါတယ်။ ဉာဏ်ကူပြီး အလံဖြူထောင်သူတွေကတော့ အသက်ရှင်သန်ခွင့် ရသွားကြပါပြီ။ ဟုတ်ပါတယ်၊ စစ်တပ်ပြန်ကြားရေးနဲ့ စစ်လော်ဘီတွေ ပြောသမျှ မယုံကြပါနဲ့။ စစ်သည်တွေ အလင်းဝင်ကြပါ၊ လက်နက်ချကြပါ။ ++++++++++ ကိုးကား - (၂၁.၈.၂၀၂၆ ) မှ (၃၁.၈.၂၀၂၆) အတွင်း တော်လှန်ရေးအဖွဲ့အစည်းများ နှင့် မီဒီယာများ၏ သတင်းများ။ မှတ်ချက်။ ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် သြဂုတ်လ စတုတ္ထပတ် အထိ အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း - ၃၈၂၁ ဦးထိရှိခဲ့ပါသည်။ ဆက်သွယ်ရန် ပြည်သူ့ပန်းတိုင်သို့ သတင်းအချက်အလက်များ ဆက်သွယ်လိုပါက – - တယ်လီဂရမ် : [@PeopleGoal] - ဗိုက်ဘာ : +66 94 652 9985 #PeoplesGoal #ပြည်သူ့ပန်းတိုင် #လက်နက်ချ #အလင်း၀င် #စစ်သုံ့ပန်း #ပြေးဟပရောဂျက်ယခုတစ်ပတ်

"စွန့်ဦးဖောက်ထွက် အနာဂတ်အတွက်" အစီအစဉ်မှ ဖူးပွင့်လာသော အိပ်မက်များ https://youtu.be/Ipa0OsXNJ7M

[ဖော်ပြပါ ဆောင်းပါးအား တော်လှန်ရေးအားကောင်းခိုင်မာစေရန်နှင့် ပြည်သူအများကြား အတွေးအမြင် ရှုထောင့်စုံ ထိတွေ့သုံးသပ်နိုင်စေရန် ရည်ရွယ်၍ ကဏ္ဍတစ်ခုအနေဖြင့် ရွေးချယ်၊ တည်းဖြတ်၊ တင်ဆက်ပေးခြင်းဖြစ်ပါသည်။ ဆောင်းပါး၏ အာဘော်သည် စာရေးသူ၏ ကိုယ်ပိုင်ဖြစ်၍ ပြည်သူ့ပန်းတိုင်၏ အာဘော်မဟုတ်ပါ။ ဆောင်းပါးကို ဖတ်ရှုပြီး မှတ်ချက်များ ရေးသား ဆွေးနွေးနိုင်ပါသည်။]

ထို့ကြောင့် မြန်မာ့အာဏာဓလေ့ကို လေ့လာခြင်းသည် အတိတ်ကို ပြန်လည်ဝေဖန်ခြင်းသက်သက် မဟုတ်ပေ။ အနာဂတ်တွင် အာဏာကို မည်သို့တည်ဆောက်မည်၊ မည်သို့ကန့်သတ်မည်၊ မည်သို့မျှဝေမည်ဆိုသည့် မေးခွန်းများအတွက် အဖြေရှာခြင်းလည်း ဖြစ်သည်။ သမိုင်း၏ အမွေသည် ပြောင်းလဲရန်ခက်ခဲသော်လည်း မပြောင်းလဲနိုင်သော ကံကြမ္မာတော့ မဟုတ်ပါ။ အာဏာကို ကိုးကွယ်သည့် ယဉ်ကျေးမှုမှ အခွင့်အာဏာကို မျှဝေသည့် ယဉ်ကျေးမှုဆီသို့ ရွေ့လျားနိုင်ရန်မှာ မြန်မာ့လူ့အဖွဲ့အစည်း ရင်ဆိုင်ရမည့် အရေးကြီးဆုံး စိန်ခေါ်မှုများထဲမှ တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံ၏ အာဏာဓလေ့ကို နားလည်လိုပါက ပဒေသရာဇ်ခေတ်တွင်သာ ရပ်တန့်၍ မရနိုင်ပါ။ သမိုင်းသည် တစ်ခေတ်ပြီးတစ်ခေတ် ပြောင်းလဲခဲ့သော်လည်း အာဏာကို မြင်သည့် အခြေခံအယူအဆများသည် အပြောင်းအလဲအသစ်များအောက်တွင် ပုံစံပြောင်းပြီး ဆက်လက်ရှင်သန်နေခဲ့သည်။ ထို့ကြောင့် ကိုလိုနီခေတ်၊ လွတ်လပ်ရေးရပြီးနောက် နိုင်ငံတည်ဆောက်ရေးကာလနှင့် စစ်အုပ်ချုပ်ရေးခေတ်တို့ကို တစ်ဆက်တည်း ကြည့်မြင်ရန် လိုအပ်သည်။ ၁၈၈၅ ခုနှစ်တွင် ကုန်းဘောင်မင်းဆက် အဆုံးသတ်ပြီး ဗြိတိသျှအုပ်ချုပ်ရေး စတင်လာချိန်၌ ဘုရင်စနစ် ပျက်သွားသော်လည်း "အာဏာသည် အထက်မှလာသည်" ဟူသော စိတ်ဓာတ်မှာ မပျောက်ကွယ်သွားခဲ့ပေ။ ဘုရင်နေရာတွင် ကိုလိုနီအုပ်ချုပ်ရေး ယန္တရား အစားထိုးဝင်ရောက်လာခဲ့သည်။ အမိန့်များသည် ယခင်ကကဲ့သို့ပင် အထက်မှ အောက်သို့ ဆင်းသက်လာပြီး ဒေသခံပြည်သူများသည် ဆုံးဖြတ်ချက်ချသူများမဟုတ်ဘဲ ဆုံးဖြတ်ချက်ကို လိုက်နာရသူများအဖြစ်သာ ဆက်လက်တည်ရှိခဲ့သည်။ ကိုလိုနီအုပ်ချုပ်ရေး၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံသားများကို နိုင်ငံရေးအရ ပါဝင်ခွင့်ပေးခြင်း မဟုတ်ဘဲ ထိရောက်စွာ အုပ်ချုပ်နိုင်ရေးဖြစ်သည်။ ထို့ကြောင့် ဗဟိုမှ အမိန့်ပေး၊ အောက်ခြေက အကောင်အထည်ဖော်သည့် အုပ်ချုပ်ရေးယန္တရားကို ပိုမိုခိုင်မာစေခဲ့သည်။ ဤအတွေ့အကြုံသည် နောင်လာမည့် နိုင်ငံတည်ဆောက်ရေးကာလအတွက်လည်း သက်ရောက်မှုရှိခဲ့သည်။ လွတ်လပ်ရေးရရှိပြီးနောက် မြန်မာနိုင်ငံသည် ပြည်တွင်းစစ်၊ လူမျိုးရေးပဋိပက္ခ၊ စီးပွားရေးအခက်အခဲနှင့် နိုင်ငံတည်ဆောက်ရေး စိန်ခေါ်မှုများကို တပြိုင်နက် ရင်ဆိုင်ခဲ့ရသည်။ ထိုအခြေအနေတွင် "အာဏာကို ဗဟိုတွင် စုစည်းထားမှ နိုင်ငံတည်ငြိမ်မည်" ဟူသော အယူအဆသည် နိုင်ငံရေးအတွေးအခေါ်အဖြစ် တဖြည်းဖြည်း အားကောင်းလာခဲ့သည်။ လုံခြုံရေးနှင့် စည်းလုံးညီညွတ်ရေးကို အကြောင်းပြ၍ အာဏာဗဟိုပြုစနစ်ကို ပိုမိုအားပေးလာကြသည်။ ၁၉၆၂ ခုနှစ် နောက်ပိုင်း စစ်အုပ်ချုပ်ရေးကာလတွင် ထိုအယူအဆသည် အစိုးရ၏ တရားဝင်အုပ်ချုပ်ရေးအခြေခံဖြစ်လာသည်။ နိုင်ငံတော်၏ တည်ငြိမ်မှုသည် အာဏာစုစည်းမှုအပေါ် မူတည်သည်ဟု အလေးပေးဖော်ပြခဲ့ပြီး အမိန့်နာခံခြင်း၊ စည်းကမ်းလိုက်နာခြင်းနှင့် ဗဟိုအမိန့်ကို အဓိကထားသည့် ယဉ်ကျေးမှုကို အဖွဲ့အစည်းများအတွင်း ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းခဲ့သည်။ ဤယဉ်ကျေးမှုသည် နိုင်ငံရေးအဖွဲ့အစည်းများတွင်သာ မဟုတ်ဘဲ ပညာရေး၊ အုပ်ချုပ်ရေး၊ လုပ်ငန်းခွင်နှင့် နေ့စဉ်လူမှုဘဝထဲသို့ပါ ပျံ့နှံ့သွားခဲ့သည်။ ကျောင်းသားက ဆရာကို မေးခွန်းထုတ်ခြင်းထက် နာခံခြင်းကို ပိုအရေးကြီးသည်ဟု သင်ယူလာခဲ့သည်။ အစိုးရဝန်ထမ်းတစ်ဦးအတွက် အထက်အမိန့်ကို မေးမြန်းခြင်းထက် လိုက်နာခြင်းက ပိုမိုလုံခြုံသည်ဟု ယူဆလာခဲ့သည်။ အလုပ်ခွင်များတွင်လည်း ဆွေးနွေးညှိနှိုင်းခြင်းထက် အမိန့်ပေးခြင်းကို ခေါင်းဆောင်မှု၏ သင်္ကေတအဖြစ် မြင်လာကြသည်။ အချိန်ကြာလာသည်နှင့်အမျှ ဤအလေ့အထများသည် ယဉ်ကျေးမှုတစ်ခုအဖြစ် အမြစ်တွယ်လာခဲ့သည်။ ခေါင်းဆောင်ကောင်းဆိုသည်မှာ နားထောင်တတ်သူထက် အမိန့်ပေးတတ်သူ၊ သဘောတူညီမှုရယူတတ်သူထက် အဆုံးအဖြတ်ချနိုင်သူဟု မြင်လာကြသည်။ အာဏာကို မျှဝေခြင်းသည် အားနည်းခြင်းဖြစ်ပြီး အာဏာကို စုစည်းထားခြင်းသည် ခိုင်မာခြင်းဖြစ်သည်ဟူသော အယူအဆများသည် လူမှုအသိစိတ်အတွင်း နေရာယူလာခဲ့သည်။ သို့သော် သမိုင်းက ပြသခဲ့သည်မှာ အာဏာဗဟိုပြုစနစ်သည် အချို့ကာလများတွင် လျင်မြန်သော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်သော်လည်း ရေရှည်တွင် ပြဿနာအသစ်များကိုလည်း ဖန်တီးတတ်သည်။ အာဏာကို စုစည်းထားလေ၊ အမှားများကို ပြင်ဆင်နိုင်သည့် အခွင့်အလမ်း နည်းလေဖြစ်သည်။ ဝေဖန်သံများ လျော့နည်းလာလေ၊ ဆုံးဖြတ်ချက်များသည် အများပြည်သူ၏ လိုအပ်ချက်နှင့် ကင်းကွာလာနိုင်လေဖြစ်သည်။ ထို့ကြောင့် အာဏာကို စုစည်းခြင်းသည် ထိရောက်မှုအချို့ကို ပေးနိုင်သော်လည်း တာဝန်ခံမှုနှင့် အပြန်အလှန်ထိန်းကျောင်းမှု မရှိလျှင် ရေရှည်တည်တံ့သော အုပ်ချုပ်ရေးစနစ်တစ်ခုကို တည်ဆောက်ရန် ခက်ခဲလာသည်။ ထို့ကြောင့် မြန်မာ့နိုင်ငံရေးသမိုင်းကို လေ့လာရာတွင် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ အမှားအမှန်ကိုသာ အာရုံစိုက်ခြင်းထက် အာဏာကို ဗဟိုပြုသည့် ယဉ်ကျေးမှုသည် မည်သို့ ဆက်လက်အမွေဆက်ခံလာသနည်း၊ အဖွဲ့အစည်းအသီးသီးက ထိုယဉ်ကျေးမှုကို မည်သို့ ပြန်လည်ထုတ်လုပ်နေသနည်း ဆိုသည့် မေးခွန်းများကိုပါ ဆန်းစစ်ရန် လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် အာဏာရှင်စနစ်တစ်ခု ပြီးဆုံးသွားနိုင်သော်လည်း အာဏာရှင်ယဉ်ကျေးမှု မပြောင်းလဲသရွေ့ အလားတူ ပြဿနာများသည် ပုံစံအသစ်ဖြင့် ပြန်လည်ပေါ်ပေါက်လာနိုင်သောကြောင့် ဖြစ်သည်။