en
Feedback
News Of Myanmar

News Of Myanmar

Open in Telegram

📈 Analytical overview of Telegram channel News Of Myanmar

Channel News Of Myanmar (@newsofmyanmar) in the Burmese language segment is an active participant. Currently, the community unites 12 489 subscribers, ranking 15 905 in the News & Media category and 10 046 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 12 489 subscribers.

According to the latest data from 29 June, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -225 over the last 30 days and by -7 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 9.58%. Within the first 24 hours after publication, content typically collects 6.60% reactions from the total number of subscribers.
  • Post reach: On average, each post receives 1 197 views. Within the first day, a publication typically gains 824 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 15.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Thanks to the high frequency of updates (latest data received on 30 June, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

12 489
Subscribers
-724 hours
-67 days
-22530 days
Posts Archive
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်‌ သမ္မတ ဦးမင်းအောင်လှိုင် ထံ ဘယ်လာရုစ်နိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှ
+1
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်‌ သမ္မတ ဦးမင်းအောင်လှိုင် ထံ ဘယ်လာရုစ်နိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ ဧပြီ ၁၀၊ ၂၀၂၆ NOM

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်‌ သမ္မတ ဦးမင်းအောင်လှိုင် ထံ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်၏ အထူးကိုယ်စား
+2
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်‌ သမ္မတ ဦးမင်းအောင်လှိုင် ထံ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်၏ အထူးကိုယ်စားလှယ်၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်၏ ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ ဧပြီ ၁၀၊ ၂၀၂၆ NOM

တောင်ကိုရီးယားကိုယ်စားလှယ်နှင့် ကာတာဘဏ် အမှုဆောင်များသည် ကာတာဘဏ်များတွင် ထိန်းချုပ်ထားသည့် ဒေါ်လာ ၇ ဘီလီယံတန်ဖိုးရှိ အီရန်ပိုင်ငွေကြေးများကို ပြန်လည်ထုတ်ပေးနိုင်ရန် နောက်ကွယ်တွင် အသည်းအသန် ကြိုးပမ်းနေကြသည်။ အဆိုပါ ရန်ပုံငွေများသည် အမေရိကန်၏ ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုများကြောင့် ထိန်းချုပ် ခံထားရခြင်းဖြစ်ပြီး အီရန်နိုင်ငံက ထိုငွေများကို ချက်ချင်းပြန်လည်ထုတ်ပေးရန် တောင်းဆိုထားသည်။ NOM

စပိန်ကိုနေတန်ယာဟုကဒေါသတကြီးတုန့်ပြန် NOM အစ္စရေးခေါင်းဆောင်များနှင့်အစ္စရေးစစ်တပ်ကိုရက်စက်ကြမ်းကြုတ်သူများဟုစပိန်ကခေါ်ဝေါ်သည့်အပေါ်အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကဆတ်ဆတ်ခါနာပြီးသံတမန်ရေးအရဤသို့သောပြောဆိုတိုက်ခိုက်မှုကိုလက်မခံနိုင်ဟုပြောလိုက်သည်။

လူနာတင်ကါးကိုအစ္စရေးကတိုက်ခိုက်သဖြင့်ကျန်းမာရေးဝန်ထမ်းများသေဆုံး NOM လက်ဘနွန်တောင်ပိုင်းတွင် ဇီယွန်ဝါဒီနယ်ချဲ့အစ္စရေးကလူနာတင်ကါးကိုပစ်မှတ်ထားတိုက်ခိုက်ခဲ့သဖြင့်ကါးပေါ်တွင်လိုက်ပါလာသောကျန်းမာရေးဝန်ထမ်းအားလုံးသေဆုံးခဲ့သည်။စစ်သွေးကြွအစ္စရေးစစ်တပ်သည်ဂါဇာ၊အီရန်နှင့်လက်ဘနွန်တွင်စာသင်ကျောင်းများ၊ဆေးရုံများ၊ကြက်ခြေနီရုံးများနှင့်ကလေးများအမျိုးသမီးများ၊ဂျာနယ်လစ်များကိုရည်ရွယ်ချက်ရှိရှိသတ်ဖြတ်လျက်ရှိသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ
+3
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးအရေးယူ ၂၀၂၆ ခုနှစ်၊ ဧပြီ ၇ ရက်က ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိမြို့နယ်အချို့၌ လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဧပြီ ၇ ရက် မွန်းလွဲ ၃ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်း မြို့နယ်၊ သာသနာ့ဗိမာန်ရှေ့၌ အမှတ် (၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် သာသနာ့ဗိမာန်မှ ရှောင်ဟိုးလမ်းဘက်သို့ တပ်ကုန်းမြို့နယ်၊ သပြေကုန်းကျေးရွာနေ စိုးကိုကိုဝင်း (၃၂) နှစ် မောင်းနှင်လာသည့် MDY-18/ 2M-XXXX HONDA FIT မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ယာဉ်နှင့် ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် စိုးကိုကိုဝင်း အား တပ်ကုန်းမြို့မရဲစခန်း(ပ)၃၃/၂၀၂၆၊ ပို့ကုန် သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း။ အလားတူ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ တကောင်းရပ်ကွက်ရှိ ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ အမှတ် (၁၀၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မန္တလေး-မုံရွာကားလမ်းအတိုင်း အရှေ့မှအနောက်သို့ ကချင်ပြည်နယ်၊ ရှင်ဗွေယန်မြို့နေ ထွန်းအောင်ကျော် (၃၇) နှစ် မောင်းနှင်လာသည့် YGN-31/6H-XXXX PROBOX မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ မော်တော်ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ထွန်းအောင်ကျော် အား စစ်ကိုင်း မြို့မရဲစခန်း (ပ)၁၁၈/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း။ အလားတူ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ နမော ကျေးရွာလမ်းခွဲအနီး၌ အမှတ် (၁၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် နမောကျေးရွာလမ်းအတိုင်း အရှေ့မှအနောက်သို့ ရွှေဘိုမြို့နယ်၊ အမှတ် (၁၀) ရပ်ကွက်နေ ထွန်းနိုင်ဝင်း (၄၁) နှစ် မောင်းနှင်လာသည့် MDY-14/1I-XXXX OUTLANDER မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ မော်တော်ယာဉ်နှင့်ပတ်သက်သည့်အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် ထွန်းနိုင်ဝင်း အား ရွှေဘိုမြို့မရဲစခန်း (ပ)၆၃/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း။ ထို့အတူ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဘီးလင်းမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် ဘီးလင်း-နတ်ကြီးကားလမ်းအတိုင်း ကဇိုင်းကျေးရွာမှ ဘန့်ဘွေးကုန်းကျေးရွာသို့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အမှတ် (၄) ရပ်ကွက်နေ ဝင်းသန်းဦး (၃၂) နှစ် မောင်းနှင်လာသည့် KYN-7/7H-XXXXNISSAN X-TRAIL မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ မော်တော်ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဝင်းသန်းဦး အား ဘီးလင်း မြို့မရဲစခန်း (ပ)၁၀၄/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့် အရေးယူထားကြောင်းသတင်းရရှိသည်။

အီရန်စစ်ပွဲကြောင့်ဥရောပသမဂ္ဂသည်ရုရှားဓာတ်ငွေ့ကိုပိုမိုဝယ်ယူနေရ NOM အရှေ့အလယ်ပိုင်းပဋိပက္ခ၏အကျိုးဆက်များကြောင့် EU သည် ရုရှားဓ
အီရန်စစ်ပွဲကြောင့်ဥရောပသမဂ္ဂသည်ရုရှားဓာတ်ငွေ့ကိုပိုမိုဝယ်ယူနေရ NOM အရှေ့အလယ်ပိုင်းပဋိပက္ခ၏အကျိုးဆက်များကြောင့် EU သည် ရုရှားဓာတ်ငွေ့ဝယ်ယူမှုကို ၁၇% တိုးမြှင့်လိုက်သည် ၂၀၂၆ ခုနှစ်၏ ပထမသုံးလအတွင်း ဥရောပသမဂ္ဂသည် Yamal LNG စီမံကိန်းမှ ယူရို ၂.၈၈ ဘီလီယံ (ရူဘယ် ၂၆၁.၇ ဘီလီယံခန့်) တန်ဖိုးရှိ ဓာတ်ငွေ့တန်ချိန် ၅ သန်းကို တင်သွင်းခဲ့ကြောင်း Financial Times သတင်းစာက ရေးသားသည်။ ထိုအနက် မတ်လတစ်လတည်းတွင် တန်ချိန် ၁.၈ သန်းကို ဝယ်ယူခဲ့ပြီး ဇန်နဝါရီလ သို့မဟုတ် ဖေဖော်ဝါရီလထက် ပိုများသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဒုတိယသမ္မတများ ကတိသစ္စာပြုပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲ၀င်းဦး
+1
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဒုတိယသမ္မတများ ကတိသစ္စာပြုပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲ၀င်းဦးနှင့် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်ကြီး ကျော်စွာလင်းတို့ တက်ရောက်။ ဧပြီ ၁၀၊ ၂၀၂၆

အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုသည်အမေရိကန်သမ္မတလေးဦးအားအီရန်ကိုတိုက်ရန်တောင်းဆိုခဲ့ NOM အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်းဂျွန်တယ်ရီက "နေတန်ယာဟုက ကျွန်တော်တို့ကို အီရန်ကို တိုက်ခိုက်စေချင်ခဲ့တယ်။ သူက သမ္မတ အိုဘားမားဆီ လာခဲ့တယ်။ တိုက်ခိုက်ဖို့ တောင်းဆိုဖို့ တင်ပြချက်တစ်ခု လုပ်ခဲ့တယ်။ သမ္မတ အိုဘားမားက ငြင်းဆန်ခဲ့တယ်။ သမ္မတ ဘိုင်ဒန်က ငြင်းဆန်ခဲ့တယ်။ သမ္မတ ဘုရှ်က ငြင်းဆန်ခဲ့တယ်။ ဒါကို သဘောတူတဲ့ တစ်ဦးတည်းသော သမ္မတက သမ္မတ ထရမ့်ပဲဆိုတာ ထင်ရှားပါတယ်။ကျွန်တော်တို့အလွန်အန္တရာယ်များတဲ့အခြေအနေရောက်နေပြီ" - ဟုMSရုပ်သံနှင့်အင်တာဗျူးတွင်ပြောကြားခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြိုရှိ မအူပင် (တောင်) ရေနံနှင့်သဘာဝဓာတ်ငွေ့မြေတွင်သဲကြောများအား သုတေသနပြုဆန်းစစ်ပြီး ဖောက်ယူရာ သဘာ
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြိုရှိ မအူပင် (တောင်) ရေနံနှင့်သဘာဝဓာတ်ငွေ့မြေတွင်သဲကြောများအား သုတေသနပြုဆန်းစစ်ပြီး ဖောက်ယူရာ သဘာဝဓာတ်ငွေ့များ တိုးတက်ထွက်ရှိ ဧပြီ ၉၊ ၂၀၂၆ စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံတော်၏စွမ်းအင်လုံခြုံရေး၊ နိုင်ငံတော်၏စီးပွားရေးကဏ္ဍတွင် စွမ်းအင်အသုံးပြုခြင်းအား အကျိုးရှိထိရောက်စွာ စီမံခန့်ခွဲနိုင်ရေး၊ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာစေရေး ရေတို/ ရေရှည် အစီအမံများချမှတ်ပြီး ဆောင်ရွက်လျက်ရှိရာ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မအူပင် (တောင်) ရေနံနှင့်သဘာဝဓာတ်ငွေ့မြေသို့ သွားရောက်ကြည့်ရှု အားပေးသည်။ ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မအူပင် (တောင်) ရေနံနှင့်သဘာဝဓာတ်ငွေ့မြေရှိ တွင်းအမှတ် ၁၆၊ ၁၈၊ ၂၀ တို့သို့ သွားရောက်ကြည့်ရှုအားပေးရာ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးက ရေနံတွင်းများမှ အလွှာလိုက်ဖြစ်နေသော သဘာဝဓာတ်ငွေ့ခိုအောင်းနေသည့် သဲကြောများအား သုတေသနပြုဆန်းစစ်ပြီး ဖောက်ယူခဲ့ရာ လေဆီနှင့်သဘာဝဓာတ်ငွေ့များ တိုးတက်ထွက်ရှိလာမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ပြည်တွင်းရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့မြေများမှ ရေနံနှင့်သဘာဝဓာတ်ငွေ့များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ခေတ်မီနည်းပညာများအသုံးပြုပြီး လုပ်ဆောင်ကြရန်လိုပါကြောင်း၊ ကုန်းတွင်းရေနံမြေများမှ ရေနံနှင့်သဘာဝဓာတ်ငွေ့တိုးတက်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး မအူပင် (တောင်) ရေနံနှင့်သဘာဝဓာတ်ငွေ့မြေရှိ တွင်းအမှတ် ၁၈ မှ သဲကြောများကို ဖေဖော်ဝါရီ ၂၆ ရက်တွင် ဖောက်ယူရာမှ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ ၁ ဒသမ ၆ သန်းနှင့် လေဆီ ၈ စည်ကိုလည်းကောင်း၊ တွင်းအမှတ် ၂၀ ကို မတ် ၁၅ ရက်တွင် ဖောက်ယူရာမှ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ ၁ ဒသမ ၅ သန်းနှင့် လေဆီ ၇ စည်ကိုလည်းကောင်း၊ တွင်းအမှတ် ၁၆ ကို ဧပြီ ၃ ရက်တွင် ဖောက်ယူရာမှ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ကုဗပေ ၁ ဒသမ ၆ သန်းနှင့် လေဆီ ၈ စည်ကိုလည်းကောင်း တိုးတက်ထုတ်လုပ်နိုင်ခဲ့သည့်အတွက် ပါဝင်ဆောင်ရွက်ပေးခဲ့ကြသည့် သက်ဆိုင်ရာဝန်ထမ်းများကို ကျေးဇူးတင်ဂုဏ်ပြုကြောင်း ပြောကြားသည်။ ဆက်လက်၍ မြန်မာနိုင်ငံအတွင်းရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့များ ထုတ်ယူရရှိနေသည့် ကုန်းတွင်းရေနံမြေများအနက် မအူပင် (တောင်)ဒေသမှထွက်ရှိသည့် သဘာဝဓာတ်ငွေ့များသည် C3 (ပရိုပိန်း) ၊C4 (ဗျူတိန်း) ပါဝင်မှုများပြားရာ မီးဖိုချောင်သုံးရေနံဓာတ်ငွေ့ရည် (LPG) နှင့် Naphtha ဓာတ်ဆီတို့ကို ပထမအဆင့်အနေဖြင့် ထုတ်ယူနိုင်ပါကြောင်း၊ မီးဖိုချောင်သုံးရေနံဓာတ်ငွေ့ရည် (LPG) နှင့် Naphtha ဓာတ်ဆီထုတ်ယူထားပြီးသော ဓာတ်ငွေ့များကို ဒုတိယအဆင့်အနေဖြင့် ဓာတ်မြေဩဇာစက်ရုံများ၊ စက်ရုံအလုပ်ရုံများနှင့် မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင်များသို့ ဆက်လက်ဖြန့်ဖြူးပေးနိုင်သည့်အတွက် လွန်စွာတန်ဖိုးရှိသော သဘာဝဓာတ်ငွေ့ဖြစ်ကြောင်းပြောကြားပြီး ဂုဏ်ပြုဆုငွေနှင့်လက်ဆောင်ပစ္စည်းများကို ပေးအပ်သည်။ လက်ရှိ တိုးတက်ထွက်ရှိလာသည့် သဘာဝဓာတ်ငွေ့များသည် မြန်မာပြည်အောက်ပိုင်းဒေသရှိ သဘာဝဓာတ်ငွေ့သုံးစွဲမှုကဏ္ဍတွင် များစွာအထောက်အကူပြုမည်ဖြစ်ပြီး ရန်ကုန်မြို့ရှိ သဘာဝဓာတ်ငွေ့သုံးမော်တော်ယာဉ်များအတွက် သဘာဝဓာတ်ငွေ့များကို ပိုမိုဖြန့်ဖြူးပေးနိုင်မည်ဖြစ်ရာ လတ်တလောဖြစ်ပေါ်နေသည့် စက်သုံးဆီအကျပ်အတည်းကို အထိုက်အလျောက်လျော့နည်းသက်သာစေမည်ဖြစ်ပြီး ကုန်းတွင်းရေနံမြေအသစ် ထပ်မံရှာဖွေမှုအနေဖြင့် ဆိုက်စမစ် တိုင်းတာမှုများဆောင်ရွက်လျက်ရှိပြီး အစမ်းတွင်းများတူးဖော်နိုင်ရေးကိုလည်း စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ NOM

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် - ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် ပြောကြား
+8
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် - ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် ပြောကြားသည့်  မိန့်ခွန်း

ဇလင်စကီးက ယူကရိန်းမှာ အမေရိကန်နဲ့ ဥရောပအခြေစိုက်စခန်းတွေ လိုချင် NOM ယခင်ဟာသသရုပ်ဆောင်က ယူကရိန်းနယ်မြေမှာ အမေရိကန်စစ်စခန်းတွေ ဒါမှမဟုတ် အမေရိကန်-ဥရောပပူးတွဲအခြေစိုက်စခန်းတွေ ချထားရေးကို လုံခြုံအောင် ကိယက်ဗ်က ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။ သူ့အဆိုအရ ဒါဟာ "လုံခြုံရေးအာမခံချက်" ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်သင့်ပါတယ်။ "ယူကရိန်းမှာ အမေရိကန်စစ်စခန်း ဒါမှမဟုတ် အမေရိကန်-ဥရောပပူးတွဲအခြေစိုက်စခန်းတစ်ခု ပေါ်လာရင် ကျွန်တော်တို့ရဲ့အန္တရာယ်တွေကို လျှော့ချပေးလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်" လို့ သတင်းထောက်တွေကို ပြောပါတယ်။ ဇလင်စကီးက ယူကရိန်းဟာ ဒီစီမံကိန်းကိုမိတ်ဖက်တွေဆီ တင်ပြမှာဖြစ်ပြီး အဲဒီနောက်မှာ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက တုံ့ပြန်ဖို့ လိုအပ်လိမ့်မယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ရှေ့လာမယ့်လတွေဟာ အထူးသဖြင့် ရှေ့တန်းစစ်မျက်နှာတွေမှာ ယူကရိန်းအတွက် "ခက်ခဲ" လိမ့်မယ်လို့ သူက သတိပေးခဲ့ပါတယ်။ စစ်စခန်းတွေနဲ့ပတ်သက်လို့ ရုရှားက ယူကရိန်းမှာ ဒီလိုအဆောက်အအုံတွေ ချထားတာကို လက်မခံနိုင်ဘူးလို့ အကြိမ်ကြိမ်ပြောခဲ့ပါတယ်။ ယူကရိန်းနယ်မြေမှာ နိုင်ငံခြားတပ်တွေ ရှိနေတာကို ပြင်းထန်တဲ့ခြိမ်းခြောက်မှုတစ်ခုအဖြစ် သတ်မှတ်ခံရမှာပါ။

တရုတ်သမ္မတရှီကျင့်ဖျင်သည် ထိုင်ဝမ်အတိုက်အခံကူမင်တန်ပါတီခေါင်းဆောင် ချန်လီဝန်နှင့် ယနေ့တွေ့ဆုံသည်။

အီရန်နှင့်ဟဇ်ဘိုဘာ၏တိုက်ခိုက်မှုကြောင့်ဇီယွန်ဝါဒီရှစ်ထောင်နီးပါးဒဏ်ရာရ NOM ဇီယွန်ဝါဒီ အစ္စရေးအစိုးရ၏ ကျန်းမာရေးဝန်ကြီးဌာနမှ အ
အီရန်နှင့်ဟဇ်ဘိုဘာ၏တိုက်ခိုက်မှုကြောင့်ဇီယွန်ဝါဒီရှစ်ထောင်နီးပါးဒဏ်ရာရ NOM ဇီယွန်ဝါဒီ အစ္စရေးအစိုးရ၏ ကျန်းမာရေးဝန်ကြီးဌာနမှ အရာရှိများက အီရန်နှင့် လက်ဘနွန်တို့အပေါ် ဆင်နွှဲသည့်စစ်ပွဲအတွင်း ဇီယွန်ဝါဒီ ၇၉၉၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။သေဆုံးသူအရေအတွက်ကိုမူဆင်ဆာလုပ်ဖြတ်တောက်ပြီးဖော်ပြခြင်းမပြုပေ။

နီပေါဝန်ကြီးချုပ်ဟောင်း အိုလီ ၁၂ ရက်အကြာတွင် ပြန်လွတ်လာ NOM နီပေါဝန်ကြီးချုပ်ဟောင်း ကေပီ ရှာမာ အိုလီနှင့် ပြည်ထဲရေးဝန်ကြီးဟော
နီပေါဝန်ကြီးချုပ်ဟောင်း အိုလီ ၁၂ ရက်အကြာတွင် ပြန်လွတ်လာ NOM နီပေါဝန်ကြီးချုပ်ဟောင်း ကေပီ ရှာမာ အိုလီနှင့် ပြည်ထဲရေးဝန်ကြီးဟောင်း ရာမက်ရှ် လက်ဟက်ခ်တို့သည် ၁၂ ရက်ကြာ ထိန်းသိမ်းခံရပြီးနောက် ဧပြီလ ၉ ရက်နေ့တွင် ရဲတပ်ဖွဲ့၏ ချုပ်နှောင်မှုမှ လွတ်မြောက်လာခဲ့သည်။ ခတ္တမန္ဒူရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ပါဝမ် ကူမား ဘတ်တာရိုင်းက လိုအပ်သည့်အခါ ရဲထံ လာရောက်ရမည်ဟုသဘောတူညီချက်ဖြင့်အမျိုးသားနှစ်ဦးစလုံးကို ၎င်းတို့၏ ဆွေမျိုးများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း အတည်ပြုခဲ့သည်။

ရဲချုပ်ခန့်အပ်
ရဲချုပ်ခန့်အပ်

မြို့တော်ဝန်များခန့်အပ်
မြို့တော်ဝန်များခန့်အပ်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကေါ်မရှင်ဖွဲ့စည်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကေါ်မရှင်ဖွဲ့စည်း

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်း
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်း

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ်
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ်