fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

News Of Myanmar

News Of Myanmar

رفتن به کانال در Telegram

📈 تحلیل کانال Telegram News Of Myanmar

کانال News Of Myanmar (@newsofmyanmar) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 11 418 مشترک است و جایگاه 16 330 را در دسته اخبار و رسانه‌ها و رتبه 9 947 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 11 418 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 27 نوامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -136 و در ۲۴ ساعت گذشته برابر -9 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 5.67% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 4.32% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 648 بازدید دریافت می‌کند. در اولین روز معمولاً 493 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 10 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 28 نوامبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

11 418
مشترکین
-924 ساعت
-317 روز
-13630 روز
آرشیو پست ها
(၅၈)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှရွှေတံဆိပ်နှစ်ခုနှင့်ကြေးတံဆိပ်တစ်ခုရရှိထား NOM၊စက်တင်ဘာ၂၇၊၂၀၂၆ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၂၂ ရက်မှ ၂၈ ရက်အထိ ကျင်းပလျက်ရှိ သည့် (၅၈)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားချန်ပီယံရှစ် ၂၀၂၆ (58 ASIAN BODYBUILDING AND PHYSIQUE SPORTS CHAMPIONSHIPS 2026) ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေတံ ဆိပ်နှစ်ခုနှင့် ကြေးတံဆိပ်တစ်ခု ဆွတ်ခူးရရှိကြောင်း သိရသည်။ အဆိုပါMen's Sports Physique up to 170 cmပြိုင်ပွဲတွင်မြန်မာမှ‌ နေမျိုးထွဠ်ပထမ(ရွှေ)၊အာဖကန်နစ္စတန်မှဒုတိယ (ငွေ)၊ပါကင်စတန်မှတတိယ (ကြေး)တို့ရရှိခဲ့ကြသည်။ ထို့ပြင် Men's Bodybuilding up to 65 kg ပြိုင်ပွဲတွင်မြန်မာနိုင်ငံမှ ဟိန်းဇော်လင်း ပထမ(ရွှေ)၊ မလေးရှားကစားသမားက ဒုတိယ(ငွေ)၊ အန္ဒိယကစားသမားက တတိယ(ကြေး)၊ ထိုင်းကစားသမားက စတုတ္ထနှင့် ဗီယက်နမ်ကစားသမားက ပဉ္စမ ဆုများရရှိခဲ့ကြသည်။ ထို့အတူ Men's Bodybuilding up to 60 kg ပြိုင်ပွဲတွင် ထိုင်းကစားသမားက ပထမ၊ အင်ဒိုနီးရှားကစားသမားက ဒုတိယနှင့် အောင်ထွဋ်ကတတိယ ဆုရရှိကြသည်။Women's Swimsuit Model Physique up to 165 cm ကစားသမား၁၉ဦးပြိုင်ပွဲတွင် မြန်မာကစားသမား မီမီကျော်နိုင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အဆင့်(၇) တွင်ရပ်တည်ခဲ့သည့်အတွက် ဆုတံဆိပ်နှင့်လွဲချော်ခဲ့ရသည်။
26 سپتامبر, 22:31

ပြင်ဦးလွင်၌7GLORY ဖုန်းဆိုင် Iphone များ နှင့် ငွေများလုယက်ခံရ ‎NOM၊စက်တင်ဘာ၂၇၊၂၀၂၆ ‎မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရ
ပြင်ဦးလွင်၌7GLORY ဖုန်းဆိုင် Iphone များ နှင့် ငွေများလုယက်ခံရ ‎NOM၊စက်တင်ဘာ၂၇၊၂၀၂၆ ‎မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၂)၊ မြို့ပတ်လမ်းပေါ်ရှိ 7GLORY ဖုန်းဆိုင်တွင် စက်တင်ဘာလ၂၆ ရက်၊ မွန်းလွဲပိုင်းက အမျိုးသား နှစ်ယောက်က Iphone ၃၇ လုံး အပါအဝင် ငွေသား များလုယက်ယူဆောင်မှု ဖြစ်ပွားခဲ့ကြောင်း ပြင်ဦးလွင်မြို့မရဲစခန်းမှသိရသည်။ ‌‎ဖြစ်စဉ်မှာဆိုင်ကယ်တစ်စီးဖြင့် အမည်မသိ အမျိုးသား နှစ်ယောက်၊ ဖုန်းဆိုင်ထဲကို ဝင်ရောက်လာ ပြီး အရောင်းဝန်ထမ်း နှစ်ယောက်ကို ဆိုင်ကောင်တာနောက်မှာ ထိုင်ခိုင်းကာ ဆိုင်အတွင်းမှကျပ်သိန်း ၁၂၀၀ ကျော် တန်ဖိုးရှိ Iphone အမျိုးအစားမျိုးစုံ (၃၇) လုံး၊ OSMO Pocket 4 Pro အမျိုးအစား ကင်မရာ (၁)လုံး၊ Apple Watch (၁) လုံး နှင့်ငွေကျပ် ၃၁ သိန်းတို့ကို လုယက် ယူဆောင် သွားခြင်းဖြစ်သည်။ ‌‎အမှုနှင့်ပတ်သက်ပြီးပြင်ဦးလွင်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၉၂/၁၁၄ အရ အမှုဖွင့်ထားပြီး ကျူးလွန်သူများကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။
26 سپتامبر, 22:29

ရန်ကုန် မြို့လသာမြို့နယ်နှင့်လမ်းမတော်မြို့နယ်များတွင်ကားတစ်စီးဖြင့်ခိုငှက်များကိုဖမ်းဆီးနေ NOM၊စက်တင်ဘာ၂၇၊၂၀၂၆ ရန်ကုန်တိုင်း
ရန်ကုန် မြို့လသာမြို့နယ်နှင့်လမ်းမတော်မြို့နယ်များတွင်ကားတစ်စီးဖြင့်ခိုငှက်များကိုဖမ်းဆီးနေ NOM၊စက်တင်ဘာ၂၇၊၂၀၂၆ ရန်ကုန်တိုင်း​ဒေသကြီး လသာမြို့နယ် နှင့် လမ်းမတော်မြို့နယ်များတွင်ကားဖြင့်ခိုငှက်များကို ပတ်ဖမ်း‌ နေကြာင်းပြည်သူတစ်ဦးထံမှသိရသည်။ " အရင်ထဲက လိုက်ဖမ်းနေတာပါ နောက်ပိုင်းမှ သတိထားမိတာပါ သက်ဆိုင်ရာ တာဝန်ရှိလူကြီးမင်းများအနေနဲ့ တိရစ္ဆာန်ကို ညှင်းပန်းနှိပ်စက်တဲ့ တည့်ဆဲဥပဒေနဲ့ အရေးယူပေးရန် မေတ္တာရပ်ခံပါတယ် "လို့ သတင်း​ပေးပို့သူက ​ပြောသည်။ “ခိုတွေကို အမျိုးသား နှစ် ဦးက နေ့စဉ် Toyota Probox အဖြူရောင်ကားနဲ့ ပတ်ဖမ်းနေပြီး ခိုအကောင် ၅၀ ကနေ၆၀ လောက်ထိဖမ်း​နေတယ်လို့ သိရပါတယ်။" ကျွန်​တော်က ခိုတွေကို သနားလို့အကြောင်းကြားတာပါ ဖမ်းတာအရမ်းဆိုးနေတယ်၊သက်ဆိုင်ရာ တာဝန်ရှိ လူကြီးမင်းများအနေနဲ့ စုံစမ်း ‌ ဖော်ထုတ် အရေးယူပေးရန် အထူးမေတ္တာရပ်ခံပါ တယ် " ​ဟုပြောသည်။ ယင်းခိုများကို နံနက်ပိုင်းနှင့်မွန်းလွဲပိုင်းများတွင်ကားတစ်စီးဖြင့်ပတ်ဖမ်းနေကြောင်း သိရသည်။
26 سپتامبر, 22:27

မနေ့ညက ဟော်မုဇ် ရေလက်ကြား အတွင်းသို့ ပစ်ခတ်ခဲ့သော ဒုံးကျည်အချို့တွင် ရေကြောင်းမိုင်းများပါဝင်ခဲ့သည်။ အီရန်နိုင်ငံသည် ဟော်မုဇ်
မနေ့ညက ဟော်မုဇ် ရေလက်ကြား အတွင်းသို့ ပစ်ခတ်ခဲ့သော ဒုံးကျည်အချို့တွင် ရေကြောင်းမိုင်းများပါဝင်ခဲ့သည်။ အီရန်နိုင်ငံသည် ဟော်မုဇ် ရေလက်ကြားအတွင်း ရေကြောင်းမိုင်းများကို နောက်တစ်ကြိမ် ပြန်လည်ထောင်နေခြင်းဖြစ်ပြီး၊ ယခုတစ်ကြိမ်တွင် အိုမန်နိုင်ငံပိုင် ရေပြင်ပိုင်နက်လမ်းကြောင်းအတွင်း လာရောက်ထောင်ထားခြင်းဖြစ်ပုံရသည်။ အီရန်ဘက်မှ ထိုသို့သော မိုင်းမည်မျှအထိ ပစ်ခတ်ထောင်ထားခဲ့သည်ဆိုသည်နှင့် မိုင်းထောင်သည့်လုပ်ဆောင်ချက် အောင်မြင်မှု ရှိ/မရှိ ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
26 سپتامبر, 22:06

photo content
26 سپتامبر, 14:54

ပို့ဆောင်ခ သိန်း ၃၀ ရမည်ဆို၍ တင်ဆောင်လာသည့် အကောက်ခွန်မဲ့ပစ္စည်းများ မော်လမြိုင်-ရန်ကုန် ရထားပေါ်၌ ဖမ်းဆီးရမိ NOM၊စက်တင်ဘာ၂၇၊၂၀၂၆ စက်တင်ဘာ ၂၆ ရက် နံနက် ၄ နာရီ ၂၅ မိနစ်ခန့်က စရတ(တပခ)နှင့် အင်းတကော်နယ်မြေရဲစခန်းမှ ပူးပေါင်းအဖွဲ့သည် မော်လမြိုင်မှ ရန်ကုန်သို့ မောင်းနှင်လာသည့် ရထားအမှတ်(၆၈၈) အား ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ ကျောက်တန်းဘူတာ၌ စောင့်ဆိုင်း၍ ရပ်တန့်ရှာဖွေစစ်ဆေးခဲ့ရာ ရထားနောက်ဆုံးတွဲ (ဘရိတ်တွဲ)မှ တရားမဝင် အကောက်ခွန်မဲ့ ပစ္စည်းများဖြစ်သည့် အမျိုးအစား စိစစ်ဆဲ ဖာ ၉၅ ဖာ၊ ပီနံအိတ် ၄၅ အိတ်၊ ကတ်ဖာ ၁၀ ဖာနှင့် ပီပါခွံ ၁၀ လုံးတို့ကို စစ်ဆေးတွေ့ရှိ၍ သိမ်းဆည်းရမိခဲ့‌ကြောင်း သိရသည် ။ စစ်ဆေးမေးမြန်းချက်အရ ရထားတွဲထိန်း ဦးမောင်မောင်သန့်က မရမ်းကုန်းဘူတာအရောက်တွင် နေထက်မင်း ဆိုသူက ဖုန်းဖြင့် ဆက်သွယ်ကာ ပို့ဆောင်ခ ကျပ်သိန်း (၃၀) ပေးမည်ဟု ပြောဆိုသဖြင့် ဒဂုံမြို့သစ် (တောင်ပိုင်း) ရှိ ကွေ့မဘူတာသို့ ပို့ဆောင်ရန် တင်ဆောင်လာခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည့်အတွက် သိမ်းဆည်းရမိသည့် တရားမဝင် အကောက်ခွန်မဲ့ ပစ္စည်းများနှင့် ရထားတွဲထိန်း ဦးမောင်မောင်သန့် အား သက်ဆိုင်ရာက ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
26 سپتامبر, 14:54

photo content
26 سپتامبر, 14:48

အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံတွင် အတွဲ(၁၀၀)ပြည့်ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုအောင်မြင် NOM၊စက်တင်ဘာ ၂၇၊၂၀၂၆ တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်အပြင် နိုင်ငံ့အကျိုးပြုလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှကူညီထမ်းဆောင်လျက်ရှိရာ ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန် များအနက် ပြည်သူများ၏ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် လိုအပ်သောနေရာများတွင် အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။- ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ တပ်မတော်သားများနှင့် မိသားစုဝင်များအပြင် ဒေသခံပြည်သူများကိုပါတပ်မတော်ဆေးတပ်ဖွဲ့မှ ဆေးကုသရေးအဖွဲ့ ပါရဂူကြီးများက စိတ်ရင်းစေတနာပြည့်ဝစွာဖြင့် ... ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိသည့် အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံ၌အကြိမ် (၄၀)မြောက်နှင့် အတွဲ (၁၀၀)ပြည့် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုကိုစက်တင်ဘာ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် အောင်မြင်စွာခွဲစိတ်ကုသပေးနိုင်ခဲ့သည်။ ခွဲစိတ်ကုသမှုအောင်မြင်ပြီးလူနာနှင့် ကျောက်ကပ်အလှူရှင်များ၏ ခွဲစိတ်ပြီး ကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန်လျက်ရှိပြီး လိုအပ်သည့် ဆေးဝါးကုသ ပြုစုမှုများကို အချိန်နှင့်တစ်ပြေးညီဆက်လက်ကုသပေးလျက်ရှိကြောင်း သိရသည်။ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုများကိုနေပြည်တော်၊ ရန်ကုန်၊ ပြင်ဦးလွင်၊ အောင်ပန်းမြို့တို့ရှိတပ်မတော်ဆေးရုံများတွင် တပ်တော်သားများ၊ မိသားစုဝင်များနှင့် ပြည်သူများအား ခွဲစိတ်ကုသပေးခြင်း ဆောင်ရွက်လျက်ရှိရာ အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံတွင်ကျောက်ကပ်ဝေဒနာရှင်များအတွက် ၂၀၂၂ ခုနှစ် ဇန်နဝါရီ၂၈ ရက်၌ ပထမအကြိမ် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီးယခု လူနာ(၄)တွဲအပါအဝင် အတွဲ(၁၀၀)ပြည့် အောင်မြင်စွာခွဲစိတ်ကုသပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
26 سپتامبر, 14:47

South Dagon Mall ဖွင့်ပွဲအခမ်းအနား ကျင်းပ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တက်ရောက်ဖွင့်လှစ် စက်တင်ဘာ ၂၆၊ ၂၀၂၆ ရန်ကုန်မြို့၊ မြန်
+2
South Dagon Mall ဖွင့်ပွဲအခမ်းအနား ကျင်းပ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တက်ရောက်ဖွင့်လှစ် စက်တင်ဘာ ၂၆၊ ၂၀၂၆ ရန်ကုန်မြို့၊ မြန်မာ့သားကောင်း အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) အနီး ဘုရင့်နောင်လမ်းနှင့် အမှတ် (၇) လမ်းထောင့်တွင် တည်ဆောက်ပြီးစီးခဲ့သည့် South Dagon Mall ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက်ဖွင့်လှစ်ပေးသည်။ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် South Dagon Mall သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်ဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စက်ခလုတ်နှိပ်၍ South Dagon Mall ကို ဖွင့်လှစ်ပေးသည်။ ထို့နောက် ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။ ဆက်လက်၍ South Dagon Mall အတွင်း အခမ်းအနားဒုတိယပိုင်းကို ကျင်းပရာ တက်ရောက်လာကြသူများက South Dagon Mall ဆိုင်ရာ မှတ်တမ်းဗီဒီယိုကို ကြည့်ရှုကြသည်။ ထို့နောက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်ဥက္ကဋ္ဌက Mall တည်ဆောက်ဖွင့်လှစ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး အဆောက်အဦသစ်ဖွင့်ပွဲ အထိမ်းအမှတ် အမှတ်တရလက်ဆောင်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ ပေးအပ်သည်။ ယင်းနောက် South Dagon Mall တည်ဆောက်ခဲ့သည့် သမာဓိကောင်းသာကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများက အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကြပြီး South Dagon Mall အတွင်း ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချလျက်ရှိသည့် အခြေအနေများကို လှည့်လည်ကြည့်ရှုကြသည်။ South Dagon Mall သည် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ မြန်မာ့သားကောင်း အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) အနီးတွင် တည်ရှိပြီး စစ်မှုထမ်းဟောင်းအိမ်ရာတွင် နေထိုင်သူများနှင့် ဒေသခံပြည်သူများ၏ လူနေမှုအဆင့်အတန်း မြှင့်တင်နိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် ခေတ်မီ Shopping Mall အဖြစ် တည်ဆောက်ထားခြင်းဖြစ်သည်။ အဆိုပါ Mall သည် RC အမျိုးအစား သုံးထပ်အဆောက်အဦဖြစ်ပြီး ပရိဘောဂ၊ စားသောက်ဆိုင်၊ လျှပ်စစ်ပစ္စည်း၊ မီနီမတ်၊ စတိုးဆိုင်၊ အဝတ်အထည်နှင့် အလှကုန်၊ ရွှေငွေလက်ဝတ်ရတနာဆိုင်များအပြင် ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ ဖွင့်လှစ်ထားရှိသည်။ ထို့ပြင် ရုပ်ရှင်ရုံ၊ စက်လှေကားများနှင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှု လျှော့ချနိုင်ရန် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာလျှပ်စစ်ဓာတ်အားပေးစနစ်များ ထည့်သွင်းတည်ဆောက်ထားကြောင်း သိရသည်။
26 سپتامبر, 12:55

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ သန်လျင်နှင့် ဒလတပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံ စက်တ
+5
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ သန်လျင်နှင့် ဒလတပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံ စက်တင်ဘာ ၂၆၊ ၂၀၂၆ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် စက်တင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ သန်လျင်တပ်နယ်နှင့် ဒလတပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား သန်လျင်တပ်နယ်ခန်းမ၌ တွေ့ဆုံ၍ အမှာစကားပြောကြားသည်။ တွေ့ဆုံစဉ် တပ်မတော်သည် အခြားဌာနဆိုင်ရာများနှင့် ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်အရ သဘောသဘာဝကွဲပြားကြောင်း၊ တပ်တွင်း၌ မိသားစုများနှင့်အတူ နေထိုင်၍ လုပ်ငန်းတာဝန်များ ထမ်းဆောင်နေကြရသဖြင့် တပ်မှူးနှင့် ဇနီးတို့၏ မိဘသဖွယ် မျှတစွာ အုပ်ချုပ်မှုသည် အရေးကြီးကြောင်း ပြောကြားသည်။ ထို့ပြင် တပ်မှူးနှင့် တာဝန်ရှိသူများအနေဖြင့် တော်တည့်မှန်ကန်စွာ အုပ်ချုပ်ရန်လိုအပ်သကဲ့သို့ ကွပ်ကဲမှုအောက်ရှိ အရာရှိ၊ စစ်သည်များအနေဖြင့်လည်း နောက်လိုက်ကောင်းများအဖြစ် အမိန့်နာခံပြီး စည်းကမ်းကောင်းမွန်စွာ နေထိုင်ကြရန် လိုအပ်ကြောင်း အမှာစကားပြောကြားခဲ့သည်။
26 سپتامبر, 12:53

ဂျာမနီနိုင်ငံ၏ AfD ပါတီနှင့် ပူးပေါင်း၍ ဂျာမနီ-ရုရှား ရေအောက်သဘာဝဓာတ်ငွေ့ပိုက်လိုင်း (Nord Stream) ကို 'ပူးတွဲ' ပြန်လည်ဖွင့်လ
ဂျာမနီနိုင်ငံ၏ AfD ပါတီနှင့် ပူးပေါင်း၍ ဂျာမနီ-ရုရှား ရေအောက်သဘာဝဓာတ်ငွေ့ပိုက်လိုင်း (Nord Stream) ကို 'ပူးတွဲ' ပြန်လည်ဖွင့်လှစ်သွားမည် ဟု ပူတင်၏ အထူးသံတမန် ဒီမီထရီးယက်ဗ် ပြောကြား 'AfD ပါတီသည် စွမ်းအင်ဆိုင်ရာ အချုပ်အခြာအာဏာ၊ ငြိမ်းချမ်းရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတို့အတွက် အသံဖြစ်သည်' NOM
26 سپتامبر, 12:37

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးရေတပ်လေ့ကျင့်ရေးဌာနချုပ်၌ ကံ့ကော်ပင် အမှတ်တရစိုက်ပျိုး စက်တင်ဘာ ၂၆၊ ၂၀၂၆ တပ်မတော်ကာကွယ်ရ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးရေတပ်လေ့ကျင့်ရေးဌာနချုပ်၌ ကံ့ကော်ပင် အမှတ်တရစိုက်ပျိုး စက်တင်ဘာ ၂၆၊ ၂၀၂၆ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် စက်တင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ သန်လျင်တပ်နယ်နှင့် ဒလတပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား သန်လျင်တပ်နယ်ခန်းမ၌ တွေ့ဆုံ၍ အမှာစကားပြောကြားသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး ဒေါ်နီလာတို့သည် ရေတပ်လေ့ကျင့်ရေးဌာနချုပ်သို့ သွားရောက်၍ ကံ့ကော်ပင်ကို အမှတ်တရ စိုက်ပျိုးခဲ့ကြောင်းသိရသည်။
26 سپتامبر, 12:36

တရုတ်သမ္မတ၏အမေရိကန်ခရီးစဉ်ပြီးဆုံး NOM တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ၂၀၂၆ ခုနှစ်၏ ဒုတိယအကြိမ်မြောက် တရားဝင်ထိပ်သီးအစည်းအဝေးကို ဝါရှင်တန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံပြီးနောက် ၎င်း၏ ဝါရှင်တန်ခရီးစဉ်ကို အဆုံးသတ်ခဲ့သည်။ ရှီ ရောက်ရှိလာပြီး မကြာမီတွင် နှစ်ဖက်စလုံးက ၎င်းတို့၏ အကေါက်ခွန်တိုးမြှင့်ကေါက်ခံမှုများကို နိုဝင်ဘာ ၁၀ ရက် သက်တမ်းကုန်ဆုံးချိန်ထက် ကျော်လွန်၍ တိုးချဲ့ရန် သဘောတူညီခဲ့ကြပြီး အိမ်ဖြူတော်က နိုင်ငံတော်ညစာစားပွဲအပါအဝင် အပြည့်အဝ နိုင်ငံတော်ခရီးစဉ်ကို လက်ခံကျင်းပခဲ့သည်။ အခွန်ကောက်ခံမှုများ၊ ရှားပါးသတ္တုများ၊ ဥာဏ်ရည်တု(AI)ထောက်လှမ်းရေးနှင့် ပိုမိုကျယ်ပြန့်သော စီးပွားရေးပြိုင်ဆိုင်မှုတို့အပေါ် ပဋိပက္ခများကြားတွင် ထိပ်သီးအစည်းအဝေးကို ကျင်းပခဲ့သည်။ မေလက ပေကျင်းသို့ ထရမ့်၏ခရီးစဉ်တွင်ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သော်လည်း ရလဒ်များသည် အကန့်အသတ်ရှိပြီး နှစ်နိုင်ငံဆက်ဆံရေးအတွက် မျှော်လင့်ချက်များကို သိသိသာသာ မပြောင်းလဲစေခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ ထရမ့်နှင့် ရှီတို့သည် နိုဝင်ဘာလတွင် ရှန်ကျန်း၌ကျင်းပသော APEC တွင် ထပ်မံတွေ့ဆုံရန်နှင့် ဒီဇင်ဘာလတွင် မိုင်ယာမီ၌ကျင်းပသော G20 ထိပ်သီးအစည်းအဝေးတွင် ထပ်မံတွေ့ဆုံရန် စီစဉ်ထားသည်။
26 سپتامبر, 11:45

ယီမင်နိုင်ငံ၏ ဟူသီလက်နက်ကိုင် အဖွဲ့သည် ဆော်ဒီတပ်ဖွဲ့ဝင်များ၊ တင့်ကားများနှင့် အခြား စစ်ဘက်သုံးယာဉ်များကို ဒရုန်းများအသုံးပြု၍ Drop Bomb များပစ်ချတိုက်ခိုက်ခဲ့သည့် ရုပ်သံမှတ်တမ်းအား ထုတ်ပြန်။
26 سپتامبر, 10:37

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လမ်းမများ ရေလုံးဝမြုပ်သွား - တစ်မြို့လုံးအတိုင်းအတာဖြင့် ဘေးအန္တရာယ်ဇုန်အဖြစ် ကြေညာ NOM
26 سپتامبر, 08:41

‘Mad Max: Fury Road’ အီရတ်နှင့် ဆီးရီးယား ပုံစံငယ် အီရတ် သို့မဟုတ် ဆီးရီးယား တစ်နေရာရာရှိ ကန္တာရလမ်းမပေါ်တွင် ဆီတင်ဆောင်လာသည့် နောက်တွဲယာဉ်ကြီးများ အရှိန်ပြင်းစွာ မောင်းနှင်နေကြသည့် ရုပ်သံမှတ်တမ်းများသည် လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည်။ အီရတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် ရေနံပိုက်လိုင်း သစ်များ တည်ဆောက်ရေးနှင့် တိုးချဲ့ရေး သဘောတူညီချက်များကို ညှိနှိုင်းနေစဉ်အတွင်း ဟောမုဇ်ရေလက်ကြား အကျပ်အတည်းအတွက် ယာယီဖြေရှင်းချက်အဖြစ် ယခုကဲ့သို့ စီစဉ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ထိုတာဝန်ကို ဆီတင်တွဲကား ၁၀,၀၀၀ မှ ၁၅,၀၀၀ ခန့်ဖြင့် လည်ပတ်နေရသည်။ ကန္တာရအတွင်း တစ်ကြောင်းပြန် ခရီးစဉ်သည် ၄ ရက်မှ ၆ ရက်အထိ ကြာမြင့်ပြီး လမ်းတွင်ဓားပြတိုက်မှုများ၊ တိုက်ခိုက်ခံရမှုများမှသည် လမ်းကြောင်းဆိုးရွားမှု၊ ဆီဖိတ်စင်မှု၊ ယာဉ်တိုက်မှုနှင့် ယာဉ်မောင်းများ ပင်ပန်းနွမ်းနယ်မှု စသည့် လုံခြုံရေးနှင့် ပို့ဆောင်ရေးဆိုင်ရာ ကြီးမားသော စိန်ခေါ်မှုများနှင့် ပြည့်နှက်နေသည်။ စွမ်းအင်ကုန်သွယ်သူများ၏ ခန့်မှန်းချက်အရ ယခုကဲ့သို့ ကားများဖြင့် ပို့ဆောင်ခြင်းဖြင့် တစ်လလျှင် ရေနံ မက်ထရစ်တန်ချိန် ၆၅၀,၀၀၀ အထိ ပို့ဆောင်ပေးနိုင်သည် (ယင်းမှာ ဟောမုဇ်ရေလက်ကြားမှ ဆုံးရှုံးသွားသော ပို့ဆောင်ရေးပမာဏ၏ ၁.၂% ခန့်သာ ရှိသည်)။ ဆီတင်တွဲကားတစ်စီးသည် ရေနံစည်ပေါင်း ၂၅၀ မှ ၂၇၅ စည်ခန့်သာ တင်ဆောင်နိုင်ပြီး ပုံမှန် ရေနံတင် စူပါသင်္ဘောကြီးတစ်စီးသည် စည်ပေါင်း ၂ သန်းခန့် တင်ဆောင်နိုင်သဖြင့် ထိုသို့ ကားများဖြင့် ပို့ဆောင်ခြင်းသည် ကုန်စည်ပမာဏအရ ၉,၀၀၀ မှ ၁၃,၀၀၀ ဆခန့် ပိုမို ထိရောက်မှုနည်းပါးပြီး စွမ်းအင်သုံးစွဲမှုတွင်လည်း ၁၅ ဆမှ ၂၀ ဆခန့် ပိုမို ကုန်ကျမှုများပြားသည်။ NOM
26 سپتامبر, 08:34

+3
ယူကရိန်းနိုင်ငံတွင် အင်တာနက်ဝန်ဆောင်မှုပေးသည့် ဒေတာဂရုပ် (Datagroup) ကုမ္ပဏီတည်ရှိရာ ကိယက်ဗ်မြို့တော်ရှိ အင်ကောမ် "Incom" စီးပွားရေးဗဟိုဌာနကို ‘Geran-5’ ရုရှားအသေခံဒရုန်းများဖြင့် ထိမှန်တိုက်ခိုက်ခဲ့သည့် ရုပ်သံမှတ်တမ်း။
26 سپتامبر, 06:42

ရေဖြူမြို့နယ်၊ ပိန်းရှောင်ကျေးရွာရှိ နေအိမ်တစ်ခုအနီးသို့ PDF အကြမ်းဖက်အဖွဲ့ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးတစ်လုံးကျရောက်ပေ
ရေဖြူမြို့နယ်၊ ပိန်းရှောင်ကျေးရွာရှိ နေအိမ်တစ်ခုအနီးသို့ PDF အကြမ်းဖက်အဖွဲ့ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးတစ်လုံးကျရောက်ပေါက်ကွဲမှုကြောင့် အပြစ်မဲ့အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရ NOM စက်တင်ဘာ ၂၆၊ ၂၀၂၆ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ပြည်သူ့ဆေးရုံသို့ စက်တင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်အချိန်၌ ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာဖြင့် အမျိုးသမီးတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မွန်းလွဲ ၂ နာရီတွင် ရေဖြူမြို့နယ်၊ ပိန်းရှောင်ကျေးရွာနေ ဒေါ်မာမာ (၅၉) နှစ်သည် ၎င်း၏နေအိမ်တွင်ရှိနေစဉ် နေအိမ်အနီးသို့ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ဗုံးသီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM
26 سپتامبر, 06:35

ယူကရိန်းနိုင်ငံစစ်ပွဲ၏ အခက်ခဲဆုံး ကာလအတွင်းသို့ ချဉ်းနင်းဝင်ရောက်လာ ရုရှားသည် ယူကရိန်း၏ အခြေခံအဆောက်အအုံများနှင့် အဓိက စီးပွာ
ယူကရိန်းနိုင်ငံစစ်ပွဲ၏ အခက်ခဲဆုံး ကာလအတွင်းသို့ ချဉ်းနင်းဝင်ရောက်လာ ရုရှားသည် ယူကရိန်း၏ အခြေခံအဆောက်အအုံများနှင့် အဓိက စီးပွားရေးကုမ္ပဏီကြီးများကို ပစ်မှတ်ထားကာ တိုက်ခိုက်မှုများကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်လျက် ရှိသည်။ စွမ်းအင်ဆိုင်ရာ စက်ရုံ/အဆောက်အအုံများ၊ စီးပွားရေးလုပ်ငန်းများ၊ ကုန်လှောင်ရုံများ၊ ဆိပ်ကမ်းများ၊ ရထားလမ်းများ၊ နယ်စပ်ဂိတ်များနှင့် အင်တာနက်ကွန်ရက်များပါ တိုက်ခိုက်ခံနေရသည်။ ယူကရိန်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ နှစ်ကုန်ပိုင်းတွင် စီးပွားရေးအရ ဆုံးရှုံးမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံအထိ ရှိလာနိုင်ကြောင်း သိရသည်။ စီးပွားရေးလုပ်ငန်းများအနေဖြင့် ရောင်းအားများနှင့် လုပ်ငန်းလည်ပတ်ချိန်များ ဆုံးရှုံးနေရသည့်အပြင် သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ရေးကွန်ရက်များ ပြတ်တောက်မှုကြောင့် ပို့ကုန်တင်ပို့မှုတွင်လည်း အခက်အခဲများစွာ ကြုံတွေ့နေရသည်။ ဥရောပ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးဘဏ် (EBRD) ၏ ပင်မစီးပွားရေးပညာရှင် Bechtold က လုပ်သားရှားပါးမှုနှင့်အတူ တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခြင်းတို့ကြောင့် ယခုကာလသည် "စစ်ပွဲစတင်ခဲ့ချိန်မှစ၍ အခက်ခဲဆုံးသော ကာလ" ဖြစ်လာကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ဝယ်ယူနိုင်စွမ်းအား ပုံမှန်ရှိနေသေးသော်လည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် စားသုံးသူများ၏ လှုပ်ရှားမှု လျော့ကျသွားပြီး စီးပွားရေးလုပ်ငန်းများပါ ခေတ္တရပ်ဆိုင်းထားရကြောင်း အမေရိကန် နယူးယောက်တိုင်းမ် NYT သတင်းစာက ထောက်ပြထားသည်။
26 سپتامبر, 06:28

ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ ရှမ်းပြည်နယ်အတွင်းရှိပုဂ္ဂလိက မူလတန်းကြိုကျောင်းနှင့် ကိုယ်အားကိုယ်ကိုးမူလတန်းကြ
+1
ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ ရှမ်းပြည်နယ်အတွင်းရှိပုဂ္ဂလိက မူလတန်းကြိုကျောင်းနှင့် ကိုယ်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ တည်ထောင်ခွင့်ပြုမိန့် ထုတ်ပေးခြင်းနှင့် ထောက်ပံ့ကြေးများပေးအပ်ခြင်း အခမ်းအနား တက်ရောက် စက်တင်ဘာ ၂၆၊ ၂၀၂၆ ရှမ်းပြည်နယ်အတွင်းရှိပုဂ္ဂလိက မူလတန်းကြိုကျောင်းနှင့် ကိုယ်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ တည်ထောင်ခွင့်ပြုမိန့်ထုတ်ပေးခြင်းနှင့် ထောက်ပံ့ကြေးများပေးအပ်ခြင်းအခမ်းအနားကို စက်တင်ဘာ ၂၅ ရက်နေ့၊ နေ့လယ်ပိုင်းက၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပကြောင်း သိရသည်။ ဦးစွာ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူက အဖွင့်အမှာစကားပြောကြားရာတွင် ဘက်စုံဖွံ့ဖြိုးတိုးတက်သော ကလေးသူငယ်များဖြစ်စေရေး လေ့ကျင့်ပျိုးထောင်ပေးရန်လိုအပ်ပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ‌ထောက်ပံ့ကြေးပေးမည့် ကိုယ့်အားကိုကိုးမူကြိုကြောင်းများအနေဖြင့် ကလေးများကျန်းမာပျော်ရွှင်စေရေးနှင့် ကျောင်းရေရှေတည်တံ့ရေးကို အလေးထားဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း ပြောကြားသည်။ ထို့နောက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူက ပုဂ္ဂလိကမူလတန်းကြိုကျောင်းများနှင့် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများအတွက် တည်ထောင်ခွင့်ပြုမိန့်များထုတ်ပေးပြီး ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းနားတွင် ကိုယ်အားကိုယ်ကိုးမူလတန်းကြိုကျောင်း(၂၆)ကျောင်းအတွက် တစ်ကျောင်းလျှင် ငွေကျပ်(၁၀၆၀၀၀၀)ကျပ်တိတိ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
26 سپتامبر, 06:22