uk
Feedback
News Of Myanmar

News Of Myanmar

Відкрити в Telegram

📈 Аналітичний огляд Telegram-каналу News Of Myanmar

Канал News Of Myanmar (@newsofmyanmar) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 12 499 підписників, посідаючи 16 048 місце в категорії Новини і ЗМІ та 10 057 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 12 499 підписників.

За останніми даними від 22 червня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -276, а за останні 24 години на -10, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 10.30%. Протягом перших 24 годин після публікації контент зазвичай збирає 5.31% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 1 287 переглядів. Протягом першої доби публікація в середньому набирає 663 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 15.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Завдяки високій частоті оновлень (останні дані отримано 23 червня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.

12 499
Підписники
-1024 години
-707 днів
-27630 день
Архів дописів
ဖြူးမြိို့ယ်တွင် မီးရထားသံလမ်းစောင့် အမျိုးသားတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွား NOM ဧပြီ ၇၊ ၂၀၂၆ ပဲခူ
ဖြူးမြိို့ယ်တွင် မီးရထားသံလမ်းစောင့် အမျိုးသားတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွား NOM ဧပြီ ၇၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်း အနောက် (၂) ရပ်ကွက်နေ မီးရထားသံလမ်းစောင့်ဖြစ်သူ ဦးမြင့်စန်း (၆၃) နှစ်သည် ဧပြီလ ၅ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်အချိန်၌ အဆိုပါရပ်ကွက်ရှိ မီးရထားသံလမ်းမိုင်တိုင်အမှတ် (၂၀၀/၁)၊ မီးရထားသံလမ်းကင်းအမှတ် (၈) ၌ ကင်းစောင့်နေစဉ် PDF အကြမ်းဖက်သမားနှစ်ဦးရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ NOM

ရမည်းသင်းမြို့နယ်၊ အင်တိုင်းကျေးရွာရှိ နေအိမ်တစ်ခုမှ ရွှေလက်စွပ် ၃ ကွင်း၊ ရွှေဆွဲကြိုး ၁ ကုံး နှင့် ဖုန်း ၁ လုံးတို့အား PDF အ
ရမည်းသင်းမြို့နယ်၊ အင်တိုင်းကျေးရွာရှိ နေအိမ်တစ်ခုမှ ရွှေလက်စွပ် ၃ ကွင်း၊ ရွှေဆွဲကြိုး ၁ ကုံး နှင့် ဖုန်း ၁ လုံးတို့အား PDF အကြမ်းဖက်အဖွဲ့က လုယက်ယူဆောင်ရုံသာမကာ အဆိုပါနေအိမ်ရှိမိသားစုဝင်များအားသေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ ဧပြီလ ၅၊ ၂၀၂၆ ဧပြီလ ၅ ရက်နေ့ နံနက် ၈ နာရီအချိန်၌ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ အင်တိုင်းကျေးရွာတွင် သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးကာ တစ်ဦးကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဧပြီလ ၄ ရက်နေ့ ည ၁၂ နာရီခွဲအချိန်၌ အဆိုပါကျေးရွာနေ ဦးဇော်မင်း (၄၅) နှစ်သည် ၎င်း၏ဇနီးဖြစ်သူ ဒေါ်စိုး (၅၆) နှစ်၊ အစ်ကိုဖြစ်သူ ဦးဇော်မိုး (၄၇) နှစ်၊ မရီးဖြစ်သူ ဒေါ်မျိုးမျိုး (၄၀) နှစ်တို့နှင့်အတူ နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားနှစ်ဦးရောက်ရှိလာပြီး ၅ မူးသားခန့်ရှိ ရွှေလက်စွပ် ၁ ကွင်း၊ ၁ မတ်သားခန့်စီရှိ ရွှေလက်စွပ် ၂ ကွင်း၊ ၅ မူးသားခန့်ရှိ ရွှေဆွဲကြိုး ၁ ကုံး၊ ဖုန်း ၁ လုံးတို့အား လုယက်ယူဆောင်၍ သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ဦးဇော်မင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးဇော်မိုးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့၍ သေဆုံး/ ဒဏ်ရာရရှိသူများအား ရမည်းသင်းခရိုင်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။ NOM

သမ္မတ ထရန့်၏ ပြောကြားချက် "ကျွန်တော့်မှာသာ ရွေးချယ်ခွင့်ရှိမယ်ဆိုရင် ဘာလုပ်ချင်လဲသိလား? အီရန်ဆီက ရေနံတွေကို သိမ်းပိုက်လိုက်မှာပေါ့။ ဘာလို့လဲဆိုတော့ အဲဒီမှာ သိမ်းဖို့အဆင်သင့်ရှိနေတာပဲလေ။ သူတို့ဘက်ကလည်း ဘာမှပြန်လုပ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ စိတ်မကောင်းစရာက အမေရိကန်ပြည်သူတွေက ကျွန်တော်တို့ (အမေရိကန်တပ်ဖွဲ့တွေ) ကို အိမ်ပြန်လာစေချင်ကြတာပဲ။ တကယ်လို့သာ ကျွန်တော့်အပေါ်မှာပဲ မူတည်မယ်ဆိုရင်တော့ ကျွန်တော် အဲဒီရေနံတွေကို သိမ်းယူမယ်။ ပြီးတော့ ပိုင်ဆိုင်အောင်လုပ်မယ်။ အဲဒီကနေ ငွေတွေအများကြီး ရှာပစ်လိုက်မှာ။” NOM

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက
+3
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်အုပ်ချုပ်ရေးမှူး မစ္စတာ အလက်ဇန်းဒါး ဘယ်ဂ်လော့ထံမှ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်
+3
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ ထံမှ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့

စက်သုံးဆီများဖြန့်ဖြူးရောင်းချပေးနေသည့် အခြေအနေအသိပေးထုတ်ပြန်ခြင်း နိုင်ငံတော်၏ စွမ်းအင်သုံးစွဲမှုတွင် ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ရေနံဓ
+1
စက်သုံးဆီများဖြန့်ဖြူးရောင်းချပေးနေသည့် အခြေအနေအသိပေးထုတ်ပြန်ခြင်း နိုင်ငံတော်၏ စွမ်းအင်သုံးစွဲမှုတွင် ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ရေနံဓာတ်ငွေ့ရည် (LPG) စသည့် ရေနံထွက်ပစ္စည်းများသည် ၂၉ ရာခိုင်နှုန်း ပါဝင်ပြီး သယ်ယူပို့ဆောင်ရေးကဏ္ဍ တွင် အဓိကအသုံးပြုလျက်ရှိပါသည်။ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် သုံးစွဲနေသည့် ဓာတ်ဆီ၊ ဒီဇယ်ဆီများ၏ ၉၇ ရာခိုင်နှုန်းသည် ပြည်ပမှ ဝယ်ယူတင်သွင်းနေရခြင်းဖြစ်သည့်အတွက် ယခုကဲ့သို့ ကမ္ဘာတစ်ဝန်း စက်သုံးဆီအခက်အခဲများ ဖြစ်ပေါ်လာချိန်တွင် ဝယ်ယူတင်သွင်းမှုကို အားပြုနေရသည့် မိမိတို့ကဲ့သို့နိုင်ငံများအနေဖြင့် လွန်စွာခက်ခဲစေသည့် အခြေအနေတစ်ရပ်ကို ရင်ဆိုင်နေကြရပါသည်။ နိုင်ငံတော်အနေဖြင့် စက်သုံးဆီအခက်အခဲကို ဖြေရှင်းရန်အတွက် စီမံခန့်ခွဲမှု နည်းလမ်းများ၊ ဒီဂျစ်တယ်နည်းပညာအခြေပြု ရောင်းချသည့်စနစ်များဖြင့် ကြပ်မတ်ထိန်းကျောင်းလျက်ရှိရာ နိုင်ငံတော်၏ စက်သုံးဆီတင်သွင်းမှု၊ ဖြန့်ဖြူးရောင်းချမှုတို့ သည် စည်းစနစ်မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိလာခဲ့ပြီး စက်သုံးဆီ သုံးစွဲမှုကို သိသာစွာလျှော့ချနိုင်ခဲ့ပါသည်။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ ယနေ့ထိ စာရင်းများအရ နေ့စဉ် ပျမ်းမျှ စက်သုံးဆီသုံးစွဲမှုသည် ၃.၅၄ ဂါလန်သန်းမှ ၂.၅ ဂါလန်သန်းသို့ ကျဆင်းလာခဲ့သည်ကို တွေ့ရှိရပါသည်။ ယင်းသို့ နေ့စဉ် ပျမ်းမျှသုံးစွဲမှုနှုန်း ၂၉ ရာခိုင်နှုန်း လျှော့ချနိုင်ခြင်းသည် တစ်ရက်လျှင် နိုင်ငံခြားငွေသုံးစွဲမှု အမေရိကန်ဒေါ်လာ ၆ သန်းခန့် သက်သာစေမည် ဖြစ်သည့်အပြင် အရံဆီသိုလှောင်နိုင်မှု ၁၀ ရက်စာ ပိုမိုသိုလှောင်လာနိုင်မည်ဖြစ်ပါသည်။ နိုင်ငံတော်အနေဖြင့် စက်သုံးဆီများကို နှစ်စဉ်တန်ချိန် ၅ သန်းခန့်တင်သွင်း နေရသဖြင့် အမေရိကန်ဒေါ်လာ သန်း ၅၀၀၀ ကျော်သုံးစွဲရမည်ဖြစ်ရာ ယခုကဲ့သို့ စက်သုံးဆီကို စနစ်တကျသုံးစွဲလာနိုင်ပါက နှစ်စဉ်အမေရိကန်ဒေါ်လာ သန်း ၂၀၀၀ ခန့်  လျော့နည်းသက်သာစေမည်ဖြစ်ပါသည်။ နိုင်ငံတော်တွင် စက်သုံးဆီဖူလုံမှုအနေဖြင့် ဓာတ်ဆီ ရက် ၄၀ နှင့် ဒီဇယ် ၅၀ ရက်ခန့်ရှိပြီး ဧပြီလအတွင်းသင်္ဘော ၂၆ စင်း ထပ်မံတင်သွင်းရန် စီမံထားရှိပြီးဖြစ်ပါသည်။ ထို့အပြင် မိတ်ဆွေနိုင်ငံများမှ တင်သွင်းရန် ရေရှည်အစီအမံပြုလုပ်ပြီး ဝယ်ယူ ရရှိနိုင်ရေးကိုလည်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါသည်။ ပြည်သူများအနေဖြင့် စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် သတင်းများကိုသာ ယုံကြည်ပြီး ပူးပေါင်းဆောင်ရွက်ကြရန် အထူးလိုအပ်ပါသည်။ အခြေအမြစ် ခိုင်လုံမှုမရှိသည့် သတင်းများဖော်ပြခြင်း၊ ပြည်သူများစိုးရိမ်ကြောင့် ကြမှု မြင့်တက်စေရန် ရည်ရွယ်သည့် ခေါင်းစဉ်များတပ်၍ ဖော်ပြခြင်းတို့ကို ပြုလုပ်နေသည့် မီဒီယာများကိုလည်း စွမ်းအင်ဝန်ကြီးဌာနမှ ဆက်သွယ်၍ သတိပေးလျက်ရှိပါသည်။ ပြည်သူများအနေဖြင့် ထုတ်ပြန်ထားသည့် စက်သုံးဆီဝယ်ယူနိုင်မည့် စည်းကမ်းများအတိုင်း လိုက်ပါဆောင်ရွက်ခြင်း၊ စက်သုံးဆီအရောင်းဆိုင်များအနေဖြင့်လည်း QR Code ဖြင့် ရောင်းချမှုအပေါ် ထပ်မံလိုအပ်လာပါက အရေးပေါ် ဆီဖြည့်တင်းခွင့် ရရှိ နေခြင်း ရှိနေသည့်အတွက် ကြောင့်ကြကင်းစွာ ရောင်းချဝယ်ယူကြပါရန်နှင့် အခက်အခဲများရှိပါက Call Center များသို့ ဆက်သွယ်အကြောင်းကြားခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြပါရန် အသိပေးထုတ်ပြန်အပ်ပါသည်။ စွမ်းအင်ဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥ
+3
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ကာဇက်စတန်သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာ ကာစင်ဂျိုမတ် တိုခါယက်ဗ် ထံမှ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့ NOM

အီရန်စစ်တပ်၏ သတင်းထုတ်ပြန်ချက် လွန်ခဲ့သည့် နာရီပိုင်းအတွင်း အီရန်စစ်တပ်သည် အာရပ်ရှ်-၂ (Arash-2) တိုက်ခိုက်ရေးဒရုန်းများကို အသုံးပြု၍ အယ်လ်-ခါ့ဂျ် (Al-Kharj) အခြေစိုက်စခန်းနှင့် အယ်လ်-အဒိုင်ရီ (Al-Adairy) စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။ ကူဝိတ်နိုင်ငံမြောက်ပိုင်းတွင် တည်ရှိသော အယ်လ်-အဒိုင်ရီ စခန်းသည် အမေရိကန်မြေပြင်တပ်ဖွဲ့များ၊ အထူးတပ်ဖွဲ့များနှင့် နိုက်တ် စတောကားစ် (Night Stalkers) ရဟတ်ယာဉ်တပ်ဖွဲ့များကို ဖြန့်ကြက်ထားရှိရာနေရာဖြစ်ပြီးအဆိုပါစစ်စခန်းများမှ အမေရိကန်တပ်ဖွဲ့များသည် အီရန်နိုင်ငံ အစ္စဖာဟန် (Isfahan) တောင်ပိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သော စစ်ဆင်ရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ NOM

ယီမင်နိုင်ငံဘက်မှ ပျံသန်းလာသည့် ဒရုန်းတစ်စင်းကို တွေ့ရှိခဲ့ပြီးနောက် အစ္စရေးအမျိုးသားတစ်ဦးသည် အီလတ် (Eilat) မြို့ရှိ ဟိုတယ်တစ်ခုပေါ်မှ ခုန်ချကာ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည်။ NOM

ဂျပန်စီရင်စုတစ်ခုကတရားမဝင်အလုပ်သမားများအကြောင်းသတင်းပေးကဆုချမည့်အစီအစဉ်စတင် NOM တိုကျိုမြို့၏ အရှေ့မြောက်ဘက်ရှိ အီဘာရာကီစီရင်
ဂျပန်စီရင်စုတစ်ခုကတရားမဝင်အလုပ်သမားများအကြောင်းသတင်းပေးကဆုချမည့်အစီအစဉ်စတင် NOM တိုကျိုမြို့၏ အရှေ့မြောက်ဘက်ရှိ အီဘာရာကီစီရင်စုသည် ၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် တရားမဝင်နိုင်ငံခြားသားအလုပ်သမားများကို ငှားရမ်းသည့်လုပ်ငန်းများကို သတင်းပို့သူများအား ယန်း ၁၀,၀၀၀ ခန့် ပေးချေမည့် ဆုလာဘ်စနစ်တစ်ခုကို မိတ်ဆက်ရန် စီစဉ်ထားသည်။ ယင်းစီရင်စုသည် ဂျပန်နိုင်ငံ၏ စီရင်စု ၄၇ ခုတွင် တရားမဝင်နိုင်ငံခြားသားအလုပ်သမားအရေအတွက် အများဆုံးစံချိန် လေးနှစ်ဆက်တိုက်တင်ထားသည်။ အစီအစဉ်အရ၊ ဖမ်းဆီးမှုဖြစ်သည်နှင့်ဆု ကြေးပေးချေမှုကို စတင်မည်ဖြစ်သည်။

အဲအေးရှ Air Asia ကလက်မှတ်စျေးနှုန်း၄၀%တက်မည် NOM အဲအေးရှလေကြောင်းလိုင်းကလက်ရှိစက်သုံးဆီအခြေအနေကြောင့်လေယာဉ်လက်မှတ်စျေးနှုန်းမ
အဲအေးရှ Air Asia ကလက်မှတ်စျေးနှုန်း၄၀%တက်မည် NOM အဲအေးရှလေကြောင်းလိုင်းကလက်ရှိစက်သုံးဆီအခြေအနေကြောင့်လေယာဉ်လက်မှတ်စျေးနှုန်းများကို၄၀%တက်မည်ဟု ကြေညာသည်။ထို့အပြင်လေယာဉ်ခရီးစဉ်များကိုလည်း၁၀%လျော့ချပျံသန်းမည်ဖြစ်သည်။အမှုဆောင်အရာရှိချုပ်ကအရှေ့အလယ်ပိုင်းစစ်ပွဲမတိုင်မီလေယာဉ်ဆီတိုင်ကီတစ်လုံးလျင်ဒေါ်လာ၇၀သာရှိရာမှယနေ့တွင်ဒေါ်လာ၂၀၀အထိမြင့်တက်လာသည်ဟုပြောကြားသွားသည်။

ဧပြီ၅၊၂၀၂၆ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ယာဉ်မောင်းသူများ၊သတိပြုရန်အချက်များထုတ်ပြန်
+1
ဧပြီ၅၊၂၀၂၆ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ယာဉ်မောင်းသူများ၊သတိပြုရန်အချက်များထုတ်ပြန်

လက်ဘနွန်တောင်ပိုင်းရှိ ကျူးကျော်သူ အစ္စရေးစစ်သားများကို ပစ်မှတ်ထားသည့် ဟစ်ဇဘိုလာ၏ ဒရုန်းစစ်ဆင်ရေး။ လက်ဘနွန်တောင်ပိုင်း၊ ဝါဒီအယ်လ်အာယွန်နယ်မြေရှိ ဇီယွန်ဝါဒီ (အစ္စရေး) တပ်ဖွဲ့များ အခြေစိုက်ရာ လူနေအိမ်တစ်လုံးကို ဟစ်ဇဘိုလာက တိုက်ခိုက်ရေးဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်နေသည့် ရုပ်သံမှတ်တမ်း။ NOM

အီရန်ထောက်လှမ်းရေးအကြီးအကဲလေကြောင်းတိုက်ခိုက်ခံရပြီသေဆုံး NOM အီရန်နိုင်ငံ တော်လှန်ရေးအစောင့်တပ်၏ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ခ
အီရန်ထောက်လှမ်းရေးအကြီးအကဲလေကြောင်းတိုက်ခိုက်ခံရပြီသေဆုံး NOM အီရန်နိုင်ငံ တော်လှန်ရေးအစောင့်တပ်၏ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ် မာဇဂျစ်ခါဒီမီ သည်ယနေ့အစောပိုင်းက အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်းသေဆုံးသွားကြောင်းအီရန်ကအတည်ပြုကြေညာသည်။

Wi Fi သုံးစွဲသူများ အနေဖြင့် ဆာဗစ်ခေါ်ရာတွင် လက်ရှိဖြစ်ပေါ်နေသောစက်သုံးဆီအခက်ခဲများကြောင့်ပြင်ဆင်ပေးရန် ကြန့်ကြာမူများရှိမည် NOM၊ဧပြီ၆၊၂၀၂၆ Wi Fi သုံးစွဲသူများ အနေဖြင့် ဆာဗစ်ခေါ်ရာတွင် လက်ရှိဖြစ်ပေါ်နေသောစက်သုံးဆီအခက်ခဲများကြောင့်ပြင်ဆင်ပေးရန် ကြန့်ကြာမူများ ရှိနိုင်ပါ ကြောင်း Wi Fi ကုမ္ပဏီများမှ သုံးစွဲသူများထံသို့ ယမန်နေ့ဧပြီ ၅ရက််ကမတ်ဆေ့ပို့ အသိပေးခဲ့ကြောင်းသိရသည်။ ယင်ဖြစ်စဉ်ကြောင့် Wi Fi ကုမ္ပဏီ မှတာဝန်ရှိသူတစ်ဦးမေးမြန်းခဲ့ရာ "စာတွေပို့တာတော့ဟုက်ပါတယ် အရင်ကတော့ ကိုယ့်အိမ်မှာ Wi Fi တစ်ခုခုဖြစ်ရင်ဆာဗစ်ကိုခေါ်ရင်အနည်းဆုံး၂ရက်အချိန် ပေးရပါတယ် အခုကတော့ ဘယ်လောကြာမလဲဆိုတာတော့ ကျွန်တော်တို့လည်းမသိပါဘူးဟု" ဟုပြန်လည်း ဖြေကြားခဲ့သည်။ Wi Fi ကုမ္ပဏီများမှ သုံးစွဲသူများသို့အသိ ပေးရာတွင်လတ်တလော ဖြစ်ပေါ်နေသော ဆီအခက်အခဲများကြောင့် လူကြီးမင်း၏ အင်တာနက်လိုင်းအား ပြင်ဆင်ပေးရန် ကြန့်ကြာမူများ ရှိနိုင်ပါ ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။ အမြန်ဆုံး ဖြေရှင်းပေးနိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိပြီး သုံးစွဲသူများ မှ နားလည်ပေးပါရန် မေတ္တာရပ်ခံထားကြောင်းသိရသည်။ "အရင်ကတောင်နှစ်ရက်ဆို သုံးလေးရက် လောက်ကြားတယ် အခုဆိုရင်တော့ ပိုဆိုသွားပြီးပေါ့"ဟု Wi Fi တပ်ဆင်သုံးစွဲနေသူတစ်ဦးကပြောသည်။

သင်္ကြန်ကာလအတွင်းရန်ကုန်မြို့မှ နယ်ပြန်မည့်သူများယခုနှစ်အတွင်းနည်းပါး NOM၊ဧပြီ၆၊၂၀၂၆ သင်္ကြန်ကာလအတွင်းရန်ကုန်မြို့မှ နယ်ပြန်မည့်သူများယခုနှစ်အတွင်းနည်းပါးသွားသည်ဟု ခရီးသည် တင်ကားဂိတ်တစ်ခုမှသိရသည်။ ယခင်နှစ်များကယခုလိုအချိန်တွင် ကားလတ်မှတ်များရောင်းမလောက် ဖြစ်သည့်အပြင်ကားတွေပါ ထပ်တိုး ပြေးဆွဲခဲ့ရကြောင်းနှင့် ယခုနှစ်မှာကားတစ်စီးထွက်ဖို့ပင်ခက်ခဲနေကြောင်း သိရသည်။ "ဒီနှစ်ပြန်မယ့်သူနည်းရတဲ့ အကြောင်းအရင်းကတော့ကျွန်တော်သိရသလောက်အဓိက သုံးချက်ရှိပါတယ်။အဲ့တာတွေကတော့စက်သုံးဆီ ခက်ခဲမှုကြောင့်လတ်မှတ်ခစျေးနှုန်းများနှစ်ဆမြင့်တက်တာရယ်၊ကားအထွက်နည်းပြီး ကြိုတင်လတ်မှတ်ဖြတ်မရတာရယ်၊တစ်ချို့ကတော့နယ်မြေအခြေအနေကြောင့် မပြန်နိုင်ရယ်၊ဒါတွေကြောင့်မပြန်ဖြစ်ကြတာတွေများလာနိုင်တယ်"ဟုလတ်မှတ်အရောင်းဌာနမှတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။ ယခုနှစ်မဟာသင်္ကြန်ရက်အတွင်းရန်ကုန်မြို့မှ နယ်ပြန်မည့်သူများမှာ ယခင်ကရန်ကုန်မှမကွေးသို့ကားခ ၄၀၀၀၀ကျပ် သာပေးရသော်လည်း ယခုအခါတွင် လတ်မှတ်ခ၈၀၀၀၀ အထိ တက်သွားကြောင်းသိရသည်။ "သင်္ကြန်ရက်မှာအရင်နှစ်တွေကတော့ပြန်တယ် အရင်က ကားခကအသွားအပြန်မှ ကျပ်ငါးသောင်းခြောက်သောင်းလောက်ပဲရှိတာအခုတော့အသွားရှစ်သောင်း အပြန်ရှစ်သောင်း ဆိုတော့ အသွားအပြန် တစ်သိန်းခြောက်သောင်းတောင်ပေးရတယ်ဆိုတော့ သင်္ကြန်ရက်ပြန်ရမှာတောင်အဆင်မပြေတော့ဘူးဒါကြောင့်ဒီနှစ်တော့နယ်မပြန်တော့ဘဲဒီနှစ်သင်္ကြန်ကို ရန်ကုန်မှာပဲနေတော့မှာပါ" ဟုအညာသူတစ်ဦးကပြောသည်။ လက်ရှိအဝေးပြေးယာဥ်လိုင်းများတွင်စက်သုံးဆီခက်ခဲမှုကြောင့် အချို့ကားများပြေးဆွဲမှုမရှိတော့ဘဲ တစ်ရက်လျှင် ယခင်က သုံးစီးလေးစီးထွက်နေသော်လည်း ယခုအခါတွင်တစ်စီးနှစ်စီးသာထွက်နေကြောင်းသိရသည်။

ကရင်ပြနည်ဝန်ကြီးချုပ်ခန့်အပ် NOM ကရင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ်လက်ရှိဝန်ကြီးချုပ်ဦးစောမြင့်ဦးကိုပြန်လည်ခန့်အပ်လိုက်သည်။
ကရင်ပြနည်ဝန်ကြီးချုပ်ခန့်အပ် NOM ကရင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ်လက်ရှိဝန်ကြီးချုပ်ဦးစောမြင့်ဦးကိုပြန်လည်ခန့်အပ်လိုက်သည်။

ဩစတြေးလျနိုင်ငံပိုင် ရဟတ်ယာဉ် ၂ စီးကို AA အကြမ်းဖက်အဖွဲ့ ပစ်ခတ်တိုက်ခိုက် ဧပြီ ၅၊ ၂၀၂၆ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းလေဆိပ
ဩစတြေးလျနိုင်ငံပိုင် ရဟတ်ယာဉ် ၂ စီးကို AA အကြမ်းဖက်အဖွဲ့ ပစ်ခတ်တိုက်ခိုက် ဧပြီ ၅၊ ၂၀၂၆ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းလေဆိပ်မှ ရန်ကုန်မြို့သို့ပျံသန်းလာသည့် ဩစတြေးလျနိုင်ငံအခြေစိုက် Aviation Utilities PTY Ltd (United Aero Helicopters) ပိုင် ရဟတ်ယာဉ် ၂ စီးကို ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းအနီးတွင် အခြေပြုထားသည့် AA အကြမ်းဖက်အဖွဲ့က လက်ပံပင်ရင်းကျေးရွာနှင့် ဆားပြင်ကြီးကျေးရွာများအနီးအရောက် ဧပြီ ၅ ရက်နေ့၊ နေ့လယ် နှစ်နာရီဝန်းကျင်အချိန်တွင် လေယာဉ်ပစ် စက်သေနတ်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ AA အကြမ်းဖက်အဖွဲ့​၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် Airbus Helicopters H125 အမျိုးအစား ရဟတ်ယာဉ် ၁ စီး အမြီးပိုင်းတွင် ကျည်ထိမှန်ခဲ့သော်လည်း ဘေးအန္တရာယ်ကင်းစွာဖြင့် ရန်ကုန်လေဆိပ်သို့ ညနေ ၃ နာရီဝန်းကျင်အချိန်တွင် ဆင်းသက်နိုင်ခဲ့သည်။ အဆိုပါ ရဟတ်ယာဉ်များသည် ထိုင်းနိုင်ငံ၊ ဆူရက်ဌာနီသို့ သွားရောက် ရန်အတွက် ရန်ကုန်လေဆိပ်တွင် ခရီးတစ်ထောက်နားခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း ဖြတ်ကျော် ပျံသန်းစဉ် ဘေးအန္တရာယ်ကင်းရှင်းစေရေး မောင်တောမြို့ဘက်မှ စစ်တွေမြို့ဘက်သို့ မေယုမြစ် ကြောင်းအတိုင်း ပျံသန်းလာစဉ် အကြမ်းဖက်သမားများ​၏ ပစ်ခတ်ခံရခြင်းဖြစ်သည်။ AA အကြမ်းဖက်အဖွဲ့အနေဖြင့် အရပ်ဘက်လေယာဉ်များအား ပစ်ခတ်တိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်ခန့်အပ် NOM၊ဧပြီ၆၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ်ကိုကိုပျွန်းမြို့နယ်တိုင်းဒေသကြီးလွှတ်တေ
ရန်ကုန်တိုင်းဝန်ကြီးချုပ်ခန့်အပ် NOM၊ဧပြီ၆၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ်ကိုကိုပျွန်းမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးအောင်နိုင်သူအားခန့်အပ်လိုက်သည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နေမြဲ NOM၊ဧပြီ၆၊၂၀၂၆ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ်အောင်မြေသာစံမြို့နယ်မှတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လက်ရှိဝန်ကြီးချုပ်ဦးမျိုးအောင်ကိုပင်ပြန်လည်ခန့်အပ်သည်။

News Of Myanmar - Статистика та аналітика Telegram каналу @newsofmyanmar