en
Feedback
News Of Myanmar

News Of Myanmar

Open in Telegram

📈 Analytical overview of Telegram channel News Of Myanmar

Channel News Of Myanmar (@newsofmyanmar) in the Burmese language segment is an active participant. Currently, the community unites 12 379 subscribers, ranking 15 949 in the News & Media category and 10 127 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 12 379 subscribers.

According to the latest data from 12 July, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -219 over the last 30 days and by -14 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 8.12%. Within the first 24 hours after publication, content typically collects 5.53% reactions from the total number of subscribers.
  • Post reach: On average, each post receives 1 005 views. Within the first day, a publication typically gains 684 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 14.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Thanks to the high frequency of updates (latest data received on 13 July, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

12 379
Subscribers
-1424 hours
-587 days
-21930 days
Posts Archive
အဆိုပါရေနုတ်မြောင်းများပြီးစီးပါက ပင်လောင်းလမ်းဆုံအပါအဝင် ပတ်ဝန်းကျင်တွင် ရေကြီးရေလျှံမှုများ ကာကွယ်နိုင်မည်ဖြစ်၍ အချိန်မီပြီးစီးရေးကိုလည်းကောင်း၊ ပတ်ဝန်းကျင်လူနေအိမ်များ၏ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများ မပြုလုပ်ရေးကိုလည်းကောင်း သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ တောင်သူများထံသို့ အထူးသက်သာသောဈေးနှုန်းဖြင့် ဓာတ်မြေဩဇာများ တိုက်ရိုက်ဖြန့်ဖြူးရောင်းချ
+1
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ တောင်သူများထံသို့ အထူးသက်သာသောဈေးနှုန်းဖြင့် ဓာတ်မြေဩဇာများ တိုက်ရိုက်ဖြန့်ဖြူးရောင်းချ ဧပြီ ၁၉၊ ၂၀၂၆ နိုင်ငံတော်အစိုးရ၏ စီမံခန့်ခွဲမှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ပေါင်းစပ်၍ နွေစပါးစိုက်ပျိုးသည့် တောင်သူများ သွင်းအားစုဓာတ်မြေဩဇာများ အရည်အသွေးမှန်ကန်စွာအသုံးပြုနိုင်စေရန်နှင့် ဈေးနှုန်းသက်သာစွာဖြင့် အလွယ်တကူဝယ်ယူရရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။ ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါး ထွန်ယက်စိုက်ပျိုးရန်ကျန်ရှိသော နေပြည်တော်ကောင်စီနယ်မြေရှိ ကျေးရွာများသို့ ပုလဲဓာတ်မြေဩဇာတစ်အိတ်လျှင် ငွေကျပ်တစ်သိန်းငါးရာနှုန်း လက်ငင်းငွေချေစနစ်ဖြင့် လုပ်ငန်းခွင်အရောက် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လယ်ဝေးမြို့နယ် ခရမ်းကိုင်းကျေးရွာ စိုက်ပျိုးရေးနည်းပညာပေးစင်တာ၌ ကျင်းပရာ ဓာတ်မြေဩဇာဝယ်ယူနေကြသည့် နွေစပါးစိုက်တောင်သူများကို ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်တို့က တွေ့ဆုံအားပေးစကား ပြောကြားကြသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က တောင်သူများအနေဖြင့် သွင်းအားစုဓာတ်မြေဩဇာများသုံးစွဲရာတွင် အလေအလွင့်မဖြစ်ပေါ်စေရေးနှင့် သီးနှံသက်တမ်းအလိုက် ထည့်သွင်းရမည့် ပမာဏ၊ ထည့်သွင်းနည်းစနစ်များအတိုင်း သွင်းအားစုများအား မှန်မှန်ကန်ကန်အသုံးပြုပြီး ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ပြည်တွင်းစားသုံးမှု ဖူလုံပိုလျှံရေးသာမက ပြည်ပသို့ ဆန်တင်ပို့မှုမြှင့်တင်နိုင်ရေး ကြိုးပမ်းကြရန်နှင့် ကမ္ဘာတစ်ဝန်း လက်ရှိဖြစ်ပေါ်နေသော သွင်းအားစု လိုအပ်ချက် အခက်အခဲများကြားမှ နိုင်ငံတော်ကနွေစပါးစိုက်တောင်သူများအတွက် အထူးကြိုးပမ်းပံ့ပိုးဆောင်ရွက်ပေးခြင်းဖြစ်၍ အလွဲသုံးစားမဖြစ်စေဘဲ အကျိုးရှိထိရောက်စွာ အသုံးပြုကြရန် တိုက်တွန်းအားပေးပြောကြားသည်။ ယင်းနောက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက တောင်သူများအတွက် လိုအပ်သည့်သွင်းအားစုဓာတ်မြေဩဇာများကို တောင်သူများလက်ဝယ် အချိန်မီရောက်ရှိရေး ဆက်လက်စီမံဆောင်ရွက်ပေးမည့်အခြေအနေနှင့် တောင်သူများဝင်ငွေတိုးပွားရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များကို ဆွေးနွေးပြောကြားသည်။ ထို့နောက် တောင်သူများ၏ နွေစပါးစိုက်ခင်းများအတွက် စိုက်ပျိုးရေ အချိန်ကိုက်ရရှိရေးနှင့် စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဝင်တို့သည် မြန်မာ့ဩဘာ ကောမက် G-46 ပုလဲဓာတ်မြေဩဇာ တစ်အိတ်လျှင် ငွေကျပ်တစ်သိန်းငါးရာကျပ်နှုန်းဖြင့် စိုက်ဧကအလိုက် လိုအပ်ချက်အပေါ်မူတည်၍ ရောင်းချပေးနေမှုကို ကြည့်ရှုအားပေးကြသည်။ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းမှ ကျေးရွာခြောက်ရွာ၌ ဓာတ်မြေဩဇာများ ရောင်းချပေးလျက်ရှိပြီး တိုင်းဒေသကြီး ပြည်နယ်များအတွင်း လက်ရှိစိုက်ပျိုးလျက်ရှိသော နွေစပါးစိုက်ဧကများမှ ထွန်ယက်စိုက်ပျိုးရန် ကျန်ရှိသည့်ဧရိယာ၏ ဓာတ်မြေဩဇာလိုအပ်ချက် ၃၀ ရာခိုင်နှုန်းကို ပထမအသုတ်အဖြစ် သက်ဆိုင်ရာအစိုးရအဖွဲ့များ၏ မြေပြင်ကွင်းဆင်းစိစစ်ထားသော ထောက်ခံချက်ဖြင့် ရောင်းချပေးလျက်ရှိကြောင်းနှင့် ကျန်ဧရိယာများအတွက်ကိုလည်း အသုံးပြုရမည့် ကာလအမီ နှစ်ကြိမ်ခွဲရောင်းချပေးခြင်းဖြင့် ရာနှုန်းပြည့် ဆောင်ရွက်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့်အတူ ဇေယျာသီရိမြို့နယ်အတွင်း မိုးရာသီရေကြီးရေလျှံမှု လျော့နည်းသက်သာစေရေး ဆောင်ရွက်လျက်ရှိသည့် မပိုက်ကယ်ရိုးတစ်လျှောက်နှင့် ကျွန်းရောင်း၊ အိုင်စောက်၊ ပေါင်းလောင်းရေနုတ်မြောင်းတစ်လျှောက် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သက်နှင်းအင်းအုပ်စု သစ်တပ်ကလေးကျေးရွာနှင့် သက်နှင်းအင်းကျေးရွာအနီးတွင် နရဘန်ချောင်း ချဲ့ထွင်တူးဖော်ဆောင်ရွက်နိုင်ရေးအတွက် မူလချောင်းနယ်နိမိတ်တည်ရှိမှု၊ ချဲ့ထွင်တူးဖော်မည့် ချောင်းဧရိယာအကျယ်တို့နှင့်ပတ်သက်၍ ဒေသနေတောင်သူများ၊ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆွေးနွေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ် စည်ပင်ကြီးအုပ်စု ချောင်းကမ်းကြီးကျေးရွာအနီးရှိ ကျွန်းရောင်း - အိုင်စောက် - ပေါင်းလောင်း ရေနုတ်မြောင်းအား ချောင်းကမ်းကြီး ကျေးရွာအနီးမှ ပေါင်းလောင်းမြစ်အထိ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တူးဖော်ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းများကို မိုးရာသီမတိုင်မီ အချိန်မီပြီးစီးနိုင်ရေးအတွက် စက်ယန္တရားများဖြင့် အရှိန်အဟုန်မပြတ်ဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

အီရန်စစ်ပွဲကြောင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) အကျပ်အတည်းဖြစ်လာပါက ငွေပေးချေမှုတွင် တရုတ်ယွမ်ငွေသို့ ပြောင်းလဲအသုံးပြု
အီရန်စစ်ပွဲကြောင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) အကျပ်အတည်းဖြစ်လာပါက ငွေပေးချေမှုတွင် တရုတ်ယွမ်ငွေသို့ ပြောင်းလဲအသုံးပြုမည်ဟု ခြိမ်းခြောက် — အမေရိကန်အရာရှိများက WSJ သို့ ပြောကြား အကယ်၍ အီရန်စစ်ပွဲကြောင့် ယူအေအီးနိုင်ငံအတွင်း ပိုမိုနက်ရှိုင်းသည့် အကျပ်အတည်းများ ကြုံတွေ့လာရပါက အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဘဲဆင့်တ် Bessent နှင့် အပြန်အလှန် ငွေကြေးဖလှယ်မှု အစီအစဉ်ပြုလုပ်ရန် ယူအေအီး ဗဟိုဘဏ်ဥက္ကဋ္ဌက အကြံပြု တင်ပြခဲ့သည်။ ယူအေအီး အရာရှိများက အမေရိကန်သို့ ပြောကြားရာတွင်— အကယ်၍ ၎င်းတို့နိုင်ငံ၌ အမေရိကန်ဒေါ်လာ ပြတ်လပ်မှု ဖြစ်ပေါ်လာပါက တရုတ်ယွမ်ငွေ ကို အသုံးပြုရန် ဖိအားပေးခံရနိုင်ကြောင်း (သို့မဟုတ် အသုံးပြုရန် အကြောင်းဖန်လာနိုင်ကြောင်း) သတိပေးခဲ့သည်။ NOM

ဦးဝင်းမြင့် ဘယ်လိုဆိုခဲ့သလဲ? ဧပြီ ၁၉၊ ၂၀၂၆ လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးတဲ့အတွက် ကျွန်တော် ကျေးဇူးအထူးတင်ရှိပါတယ်။ ကျွန်တော်ဟာ
ဦးဝင်းမြင့် ဘယ်လိုဆိုခဲ့သလဲ? ဧပြီ ၁၉၊ ၂၀၂၆ လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးတဲ့အတွက် ကျွန်တော် ကျေးဇူးအထူးတင်ရှိပါတယ်။ ကျွန်တော်ဟာ ဥပဒေသမား တစ်ယောက်ဖြစ်တဲ့အတွက် ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရဆိုတဲ့အကြောင်းကို ကောင်းကောင်းကြီး သိရှိပါတယ်။ ကျွန်တော့်အပေါ် စေတနာ၊ မေတ္တာထားပြီး လုပ်ပေးတာကို ကျွန်တော် အသိအမှတ်ပြုပါတယ်။ ကျွန်တော်ကလည်း သူတို့အပေါ်မှာ စေတနာ၊ မေတ္တာ နည်းနည်းလေးမှ မလျော့ပါဘူး။ - ကျွန်တော်ဟာ ဥပဒေနဲ့အညီ ဆက်လက်နေထိုင်ခဲ့သလို နောင်တွင်လည်း ဥပဒေနဲ့အညီပဲ နေထိုင်စားသောက်လုပ်ကိုင်မှာပါ။ ဒါကြောင့် အခုလည်း ဥပဒေနဲ့အညီပဲ နေထိုင်မှာဖြစ်ပါတယ်။ တကယ်လို့သာ ကျွန်တော် ဥပဒေနဲ့မညီဘူးဆိုရင် လိုအပ်တဲ့အရေးယူမှု၊ အပြစ်ပေးမှုတွေ လုပ်လို့ရပါတယ်ဆိုတာကိုလည်း ကျွန်တော် ကောင်းကောင်းနားလည်ပါတယ်။ - ကျွန်တော် ပွင့်ပွင့်လင်းလင်း ထပ်လောင်းပြောချင်တာက "ဒီစည်းကမ်းကို ကျွန်တော်သိတယ်။ ခင်ဗျားတို့ကလည်း စည်းကမ်းအတိုင်း ဖတ်တယ်။ ဒါကို ကျွန်တော်သိပြီးပြီ။ ကျွန်တော် ဘယ်လိုပြောရမလဲဆိုတော့ လိုက်နာရုံပဲရှိတယ်။ မလိုက်နာလည်း လိုအပ်တဲ့အရေးယူမှု၊ အပြစ်ပေးမှုတွေ လုပ်လို့ရတယ်။ ဒါက ပွင့်ပွင့်လင်းလင်း ပြောတာပါ။" လို့ ပြောကြားချင်ပါတယ်။ - ဒါကြောင့် လက်မှတ်ထိုးဖို့မလိုဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး။ ဖတ်ပြီးရုံပဲ။ မလိုက်နာရင်လည်း ဥပဒေနဲ့အညီ အရေးယူတာကို ပေါင်းလို့ရော၊ နုတ်လို့ပါရတယ်ဆိုတာက ကိစ္စမရှိပါဘူး။ အခုလို လာရောက်ဖတ်ပြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်၊ ဝမ်းလည်းသာပါတယ်။ နောက်ဆုံးအနေနဲ့ ကျွန်တော့်ကို အစကတည်းက စောင့်ရှောက်ခဲ့တဲ့ ထိပ်ပိုင်းအဆင့်ရှိသူတွေ၊ ကျောင်းအုပ်ကြီး၊ ကျွေးမွေးစောင့်ရှောက်သူတွေ၊ ထမင်းယူပေးသူတွေ အပါအဝင် အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပွင့်ပွင့်လင်းလင်း ပြောကြားလိုက်ရပါတယ်။ - ဦးဝင်းမြင့်ကို ထောင်ထဲပြန်ထည့်ချင်သူ မျိုးရန်နောင်သိန်း ဆိုသူ သိဖို့ပါ.. .. ဒီထက် ဇောင်းကြွလာရင် အစိုးရက အသံဖိုင် Record တွေနဲ့ ချပြလာပါလိမ့်မယ်။

အီရန်နိုင်ငံ၏ ပထမဒုတိယသမ္မတက အီရန်၏ ရေနံတင်ပို့မှုကို ကန့်သတ်ပိတ်ပင်ထားပြီး တစ်ဖက်တွင်မူ ရေကြောင်းလမ်းများကို ပုံမှန်အတိုင်း
အီရန်နိုင်ငံ၏ ပထမဒုတိယသမ္မတက အီရန်၏ ရေနံတင်ပို့မှုကို ကန့်သတ်ပိတ်ပင်ထားပြီး တစ်ဖက်တွင်မူ ရေကြောင်းလမ်းများကို ပုံမှန်အတိုင်း ဖွင့်လှစ်ပေးထားရန် မျှော်လင့်နေခြင်းမှာ မဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။ အကယ်၍ ဖိအားပေးမှုများ ဆက်လက်ရှိနေပါက ကုန်ကျစရိတ်များ မြင့်တက်လာလိမ့်မည်ဟုလည်း သတိပေးထားသည်။ တစ်ချိန်တည်းမှာပင် ပါရှန်ပင်လယ်ကွေ့နှင့် ဟော်မုဇ် ရေလက်ကြားတို့တွင် ရေကြောင်းသွားလာမှုများ ပြင်းထန်စွာ အနှောင့်အယှက်ဖြစ်ပေါ်နေပြီး ရေနံတင်သင်္ဘောများ သွားလာမှု သိသိသာသာ လျော့နည်းသွားကာ ရပ်တန့်လုနီးပါး ဖြစ်နေသည်။ NOM

Breaking 🚨 အီရန်နိုင်ငံ ခါတမ် အယ်လ်-အန်ဘီယာ Khatam al-Anbiya ဗဟိုဌာနချုပ်က အမေရိကန်ရဲ့အပစ်အခတ် ချိုးဖောက်မှုတွေအပေါ် တုံ့ပြန်သွားမယ်လို့ အခုလို သတိပေးချက် ထုတ်ပြန်လိုက်ပါတယ် "ကျူးကျော်သူ အမေရိကန်နိုင်ငံဟာ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ပြီး ပင်လယ်ဓားပြဆန်တဲ့ လုပ်ရပ်ကို ကျူးလွန်ခဲ့ပါတယ်။ အိုမန်ပင်လယ်ပြင်အတွင်း သွားလာနေတဲ့ အီရန် ကုန်သွယ်ရေးသင်္ဘောတစ်စီးကို ပစ်ခတ်ခဲ့သလို၊ အမေရိကန် မရိန်းတပ်ဖွဲ့ဝင်အချို့ဟာ သင်္ဘောပေါ် တက်ရောက်စီးနင်းပြီး သင်္ဘောရဲ့ လမ်းကြောင်းထိန်းချုပ်မှုစနစ်ကို နှောင့်ယှက်ဖျက်ဆီးကာ ပြောင်ပြောင်တင်းတင်း တိုက်ခိုက်ခဲ့ပါတယ်။" "အမေရိကန်စစ်တပ်ရဲ့ ဒီလို လက်နက်ကိုင် ပင်လယ်ဓားပြဆန်တဲ့ ရာဇဝတ်မှုအပေါ် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ လက်နက်ကိုင်တပ်ဖွဲ့တွေက မကြာခင်မှာ ပြန်လည်တုံ့ပြန်သွားမှာဖြစ်ပြီး သင့်တော်တဲ့ တုံ့ပြန်မှုတွေနဲ့အတူ အခြေအနေကို ပိုမိုမြှင့်တင် ဆောင်ရွက်သွားမယ်လို့ သတိပေးလိုက်ပါတယ်။" NOM

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ အကြံပေးပုဂ္ဂိုလ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စွမ်းအင်ဝန်ကြ
ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ အကြံပေးပုဂ္ဂိုလ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စွမ်းအင်ဝန်ကြီးတို့၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့သို့ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိ မြန်မာ-ရုရှား-တရုတ် သုံးနိုင်ငံပူးပေါင်း၍ စွမ်းအင်လုံခြုံရေးနှင့် စွမ်းအင်ဖူလုံရေး ဆောင်ရွက်သွားမည့် အစီအမံများအား ဆွေးနွေး ဧပြီ ၁၉၊ ၂၀၂၆ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ၏အကြံပေးပုဂ္ဂိုလ် H.E. Mr. Anton Kobyakov နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စွမ်းအင်ဝန်ကြီး H.E. Mr. S.E.Tsivilev တို့၏ဖိတ်ကြားမှုအရ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်နိုင်ရန် ဧပြီ ၁၂ ရက်မှ ၁၉ ရက်အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့သို့သွားရောက်ခဲ့ပြီး ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးအပြည်အပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိသည်။ ပြည်ထောင်စုဝန်ကြီးသည် ခရီးစဉ်အတွင်း နိုင်ငံအကြီးအကဲများနှင့် ဒေသဆိုင်ရာအကြီးအကဲများ၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍနှင့်သက်ဆိုင်သည့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မြန်မာ-ရုရှား-တရုတ် သုံးနိုင်ငံပူးပေါင်း၍ စွမ်းအင်လုံခြုံရေးနှင့် စွမ်းအင်ဖူလုံရေးဆောင်ရွက်သွားမည့် အစီအမံများအားဆွေးနွေးခြင်း၊ မြန်မာနိုင်ငံအတွက် ရေနံနှင့်‌ ရေနံထွက်ပစ္စည်းများအား ရေရှည်ဖြည့်ဆည်းပေးနိုင်ရန် သဘောတူညီမှုလက်မှတ်ရေးထိုးခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ယူအေအီး (UAE) နိုင်ငံရဲ့ ထင်ရှားတဲ့ ဝေဖန်သုံးသပ်သူတစ်ဦးက အခုလို ပြောကြားခဲ့တာဖြစ်ပါတယ် "အမေရိကန် စစ်အခြေစိုက်စခန်းတွေဟာ မဟာဗျ
ယူအေအီး (UAE) နိုင်ငံရဲ့ ထင်ရှားတဲ့ ဝေဖန်သုံးသပ်သူတစ်ဦးက အခုလို ပြောကြားခဲ့တာဖြစ်ပါတယ် "အမေရိကန် စစ်အခြေစိုက်စခန်းတွေဟာ မဟာဗျူဟာမြောက် အင်အားစုတစ်ခု မဟုတ်တော့ဘဲ ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာနေပြီ ဖြစ်တာကြောင့် အဲဒီစခန်းတွေကို ပိတ်သိမ်းဖို့ စဉ်းစားရမယ့်အချိန် ရောက်ပြီ" NOM

အီရန်သမ္မတ မာဆူးဒ် ပီဇက်ရှ်ကီယန် သည် ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘက်ဇ် ရှရစ်ဖ် နှင့် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။ အဆိုပါ ဆွေးနွေးမှုတွင် အမေရိကန်၏ ကျူးကျော်ရန်စမှုများ ထပ်မံပေါ်ပေါက်လာပါက အီရန်အနေဖြင့် ပြတ်ပြတ်သားသား တုံ့ပြန်သွားမည်ဖြစ်ကြောင်း သမ္မတ ပီဇက်ရှ်ကီယန်က ဝန်ကြီးချုပ်အား အသိပေး ပြောကြားခဲ့သည်။ NOM

အီရန်ကုန်တင်သင်္ဘောတစ်စီးကို အမေရိကန်က ပစ်ခတ်သိမ်းဆည်းခဲ့ပြီးနောက် ပါကစ္စတန်နိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး Reza Amiri Moghada
အီရန်ကုန်တင်သင်္ဘောတစ်စီးကို အမေရိကန်က ပစ်ခတ်သိမ်းဆည်းခဲ့ပြီးနောက် ပါကစ္စတန်နိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး Reza Amiri Moghadam က သူ​၏ X (Twitter) လူမှုကွန်ရက်စာမျက်နှာတွင် အောက်ပါအတိုင်း ပို့စ်ကိုရေးတင်ခဲ့သည်။ "ခင်ဗျားတို့အနေနဲ့ နိုင်ငံတကာဥပဒေတွေကို ဆက်တိုက်ချိုးဖောက်နေတာ ပိတ်ဆို့မှုတွေကို ပိုမိုတင်းကျပ်လာတာ အီရန်နိုင်ငံအပေါ် နောက်ထပ်စစ်ရာဇဝတ်မှုတွေ ကျူးလွန်မယ်လို့ ခြိမ်းခြောက်နေတာအကျိုးအကြောင်းမဆီလျော်တဲ့ တောင်းဆိုမှုတွေကို ဇွတ်အတင်းလုပ်နေတာ စကားလုံးတွေနဲ့ အချိန်ဆွဲနေတာတွေအပြင် 'သံတမန်ရေးရာ' ကို ဖော်ဆောင်နေပါတယ်လို့ ဟန်ဆောင်နေတာမျိုးတွေကို ဆက်လုပ်လို့မရပါဘူး။ ရေတပ်ပိတ်ဆို့မှုရှိနေသရွေ့တော့ ပဋိပက္ခအက်ကြောင်းတွေကလည်း ရှိနေဦးမှာပဲ ဖြစ်ပါတယ်။" NOM

အီရန်ကုန်တင်သင်္ဘောကို အမေရိကန်ရေတပ်က ပစ်ခတ်သိမ်းဆည်းမှုနှင့်ပတ်သက်၍ ထရမ့်ကသူ​၏ ထရု(ပ်) ဆ်ုရှယ်မီဒီယာအကောင့်တွင် အောက်ပါအတိုင
အီရန်ကုန်တင်သင်္ဘောကို အမေရိကန်ရေတပ်က ပစ်ခတ်သိမ်းဆည်းမှုနှင့်ပတ်သက်၍ ထရမ့်ကသူ​၏ ထရု(ပ်) ဆ်ုရှယ်မီဒီယာအကောင့်တွင် အောက်ပါအတိုင်းရေးတင်ခဲ့သည်။ "ဒီနေ့မှာတော့ လေယာဉ်တင်သင်္ဘောတစ်စီးနီးပါး အလေးချိန်ရှိပြီး အရှည်ပေ ၉၀၀ နီးပါးရှိတဲ့ အီရန်အလံလွှင့်ထူထားတဲ့ တူးစ်ကာ TOUSKA အမည်ရ ကုန်တင်သင်္ဘောကြီးဟာ ကျွန်ုပ်တို့ရဲ့ ရေတပ်ပိတ်ဆို့မှုကို ဖြတ်ကျော်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့အတွက်တော့ အခြေအနေမကောင်းခဲ့ပါဘူး။ အမေရိကန်ရေတပ်ရဲ့ ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘော ယူအက်စ်အက်စ် စပရူရန့်စ် USS SPRUANCE ဟာ အိုမန်ပင်လယ်ကွေ့အတွင်းမှာ တူးစ်ကာ သင်္ဘောကို ကြားဖြတ်တားဆီးခဲ့ပြီး ရပ်တန့်ဖို့ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ အီရန်သင်္ဘောသားတွေက နားမထောင်ဘဲ ငြင်းဆန်ခဲ့တာကြောင့် ကျွန်ုပ်တို့ရဲ့ ရေတပ်သင်္ဘောဟာ အဆိုပါကုန်တင်သင်္ဘောရဲ့ အင်ဂျင်ခန်းကို ပစ်ခတ်ပြီး လမ်းခုလတ်မှာတင် ရပ်တန့်အောင် လုပ်ဆောင်ခဲ့ပါတယ်။ အခုအချိန်မှာတော့ အမေရိကန် မရိန်းတပ်ဖွဲ့ဝင်တွေက အဲဒီသင်္ဘောကို ထိန်းချုပ်ထားပြီ ဖြစ်ပါတယ်။ တူးစ်ကာ သင်္ဘောဟာ ယခင်က တရားမဝင် လှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့တဲ့ ရာဇဝင်ရှိတာကြောင့် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ပိတ်ဆို့အရေးယူမှု စာရင်းသွင်းခံထားရတဲ့ သင်္ဘောဖြစ်ပါတယ်။ အခုတော့ ကျွန်ုပ်တို့ဟာ အဲဒီသင်္ဘောကို အပြည့်အဝ သိမ်းဆည်းထိန်းချုပ်ထားပြီး သင်္ဘောပေါ်မှာ ဘာတွေပါလာသလဲဆိုတာကို စစ်ဆေးနေပါတယ်။" NOM

ဝေလောစခန်းကိုလာတိုက်သည့်ျကအိုင်အေအကြမ်းဖက်များမရှုမလှဆုတ်ခွါထွက်ပြေး NOM၊ဧပြီ၁၉၊၂၀၂၆ ဧပြီလ၁၈ရက်မနက်၄း၃၀နာရီအချိန်ခန့်တွင်ကေအိ
+2
ဝေလောစခန်းကိုလာတိုက်သည့်ျကအိုင်အေအကြမ်းဖက်များမရှုမလှဆုတ်ခွါထွက်ပြေး NOM၊ဧပြီ၁၉၊၂၀၂၆ ဧပြီလ၁၈ရက်မနက်၄း၃၀နာရီအချိန်ခန့်တွင်ကေအိုင်အေတပ်မဟာ၂လက်အောက်ခံတပ်ရင်းတပ်ဖွဲ့များဖြစ်သောရင်း၁၁၊ရင်း၂၀၊ရင်း၄၃ရင်း၄၅၊နှင့်ရင်း၁၄တို့အပြင်ကေအိုင်အေpdfများဒေသကာကွယ်ရေးတပ်RFများပါဝင်သောအင်အား၅၀၀ခန့်သည်ဝါရာဇွပ်ပြည်သူ့စစ်၏ဝေလောတပ်စခန်းအားအပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ ကြောင်းသိရသည်။ ကေအိုင်အေတပ်များအားဝါရာဇွပ်စစ်သည်တော်များမှမဆုတ်မနှစ်သောသတ္တိတို့ဖြင့်အပြင်းအထန်ခုခံခဲ့ပြီး ရန်သူအားတန်ပြန်ထိုးစစ်ပါဆင်နွဲနိုင်ခဲ့သဖြင့်ရန်သူသည်အကျအဆုံးများစွာဖြင့်ဆုတ်ခွါထွက်ပြေးခဲ့ရပီးရန်သူ့ထံမှအလောင်း၇လောင်း၊သေနတ်၇လက်ရရှိကါရန်သူတဦးသည်လက်နက်ဖြင့်အလင်းဝင်ရောက်လာခဲ့သည်။ဝါရာဇွပ်တပ်ဖွဲ့မှအဆိုပါတိုက်ပွဲများအတွင်း၂ဦးကျဆုံးခဲ့ကာ၃ဦးမစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

အမေရိကန်တွင်သေနတ်ပစ်မှုဖြစ် ကလေးရှစ်ဦးသေ NOM လူဝီစီယားနားပြည်နယ်တွင် အိမ်တွင်းပစ်ခတ်မှုတစ်ခုတွင် ကလေးရှစ်ဦးသေဆုံးခဲ့ကြောင်း A
အမေရိကန်တွင်သေနတ်ပစ်မှုဖြစ် ကလေးရှစ်ဦးသေ NOM လူဝီစီယားနားပြည်နယ်တွင် အိမ်တွင်းပစ်ခတ်မှုတစ်ခုတွင် ကလေးရှစ်ဦးသေဆုံးခဲ့ကြောင်း AP သတင်းဌာနက ဖော်ပြခဲ့သည်။ အမေရိကန်စံတော်ချိန်ယနေ့နံနက် ၆ နာရီခန့်တွင် Shreveport ၌ ယင်းဖြစ်ရပ်ဖြစ်ပွားခဲ့ကြောင်း ရဲမှူးကြီး Wayne Smith က ပြောကြားခဲ့သည်။ စုစုပေါင်း လူ ၁၀ ဦး ပစ်ခတ်ခံခဲ့ရပြီး အသက် ၁ နှစ်မှ ၁၄ နှစ်ခန့်အထိ အသက်အရွယ်များ ပါဝင်သည်။

ထရမ့်အပေါ်ပြည်သူ လူထုထောက်ခံမှုအနိမ့်ဆုံးသို့ကျဆင်း NOM ထရမ့်၏ ထောက်ခံမှုအဆင့်သည် အနိမ့်ဆုံးအခြေသို့ ကျဆင်းသွားပြီဖြစ်သည်။ NB
ထရမ့်အပေါ်ပြည်သူ လူထုထောက်ခံမှုအနိမ့်ဆုံးသို့ကျဆင်း NOM ထရမ့်၏ ထောက်ခံမှုအဆင့်သည် အနိမ့်ဆုံးအခြေသို့ ကျဆင်းသွားပြီဖြစ်သည်။ NBC သတင်းဌာန၏ မကြာသေးမီက ပြုလုပ်ခဲ့သော စစ်တမ်းတစ်ခုအရ ဒေါ်နယ်ထရမ့်အ ပေါ်ထောက်ခံမှုနှုန်းသည် ၎င်း၏ ဒုတိယသမ္မတသက်တမ်းအတွင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်။ အမေရိကန်နိုင်ငံသား သုံးပုံနှစ်ပုံခန့်သည် ၎င်း၏မူဝါဒများ၊ အထူးသဖြင့် ငွေကြေးဖောင်းပွမှုကို ကိုင်တွယ်ဖြေရှင်းပုံနှင့် အီရန်အခြေအနေအပေါ် ချဉ်းကပ်ပုံတို့ကို မကျေနပ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

နယ်ချဲ့ဇီယွန်ဝါဒီအစ္စရေးစစ်သားကခရစ်တော်ရုပ်ထုကိုဖျက်ဆီး NOM အစ္စရေးစစ်တပ်မှ တပ်ဖွဲ့ဝင်တစ်ဦးသည် ယေရှုခရစ်၏ ရုပ်တုကို သံတူကြီးဖ
နယ်ချဲ့ဇီယွန်ဝါဒီအစ္စရေးစစ်သားကခရစ်တော်ရုပ်ထုကိုဖျက်ဆီး NOM အစ္စရေးစစ်တပ်မှ တပ်ဖွဲ့ဝင်တစ်ဦးသည် ယေရှုခရစ်၏ ရုပ်တုကို သံတူကြီးဖြင့်ထုရိုက် ဖျက်ဆီးနေသည်။ ထိုဓာတ်ပုံကို အစ္စရေးတို့သိမ်းပိုက်ထားသော လက်ဘနွန်ရွာတစ်ရွာတွင် ရိုက်ကူးထားခြင်းဖြစ်သည်။

အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) လေကြောင်းနှင့်အာကာသတပ်ဖွဲ့​၏ အထူးတပ်ဖွဲ့မှူး ဗိုလ်မှူးချုပ် Mousavi က ဒုံးကျည်နှင့် ဒရုန်းလက်နက်များ အသစ်ဖြည့်တင်းခြင်း၊ ပြန်လည်ပြုပြင်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းဆိုင်ရာ ဗီဒီယိုတစ်ခုကိုတင်ခဲ့ပြီး အောက်ပါအတိုင်း ရေးသားခဲ့သည်... အပစ်အခတ်ရပ်စဲရေးကာလအတွင်းမှာ ကျွန်တော်တို့ရဲ့ ဒုံးကျည်နဲ့ ဒရုန်းလွှတ်တင်စင်တွေကို အဆင့်မြှင့်တင်တာ၊ ပြန်လည်ဖြည့်တင်းတာတွေဟာ စစ်ပွဲမတိုင်ခင်ကထက်တောင် ပိုပြီးမြန်ဆန်နေပါတယ်။ ရန်သူတွေဟာ သူတို့အတွက် ဒီလိုအခြေအနေမျိုးကို မဖန်တီးနိုင်ဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်။ သူတို့ဟာ ကမ္ဘာ့အခြားတစ်ဖက်ခြမ်းကနေ ခဲယမ်းမီးကျောက်တွေကို ခက်ခဲစွာသယ်ယူဖြည့်တင်းနေကြရတာပါ။ သူတို့ဟာ စစ်ပွဲရဲ့ ဒီအဆင့်မှာလည်း ရှုံးနိမ့်သွားပါပြီ။ သူတို့ဟာ ပင်လယ်အော် ရေလက်ကြားတင်မကဘဲ လက်ဘနွန်နဲ့ ဒေသတွင်း နယ်မြေတွေကိုပါ ဆုံးရှုံးသွားခဲ့ပါပြီ။ NOM

မိုင်းထောင်ဖောက်ခွဲမှုများကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံး။
မိုင်းထောင်ဖောက်ခွဲမှုများကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံး။

မုံရွာမြို့နယ်၊ ကိုးရှင်ကျွန်းကျေးရွာအတွင်းသို့ PDF အကြမ်းဖက်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ
မုံရွာမြို့နယ်၊ ကိုးရှင်ကျွန်းကျေးရွာအတွင်းသို့ PDF အကြမ်းဖက်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ ဧပြီ ၁၉၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဧပြီလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်၌ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာဖြင့် အမျိုးသမီးတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဧပြီလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်၌ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကိုးရှင်ကျွန်းကျေးရွာနေ ဒေါ်ကြည်သန်း (၆၃) နှစ်သည် ၎င်း၏နေအိမ်တွင်ရှိနေစဉ် နေအိမ်အနီးသို့ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ NOM

တောင်ငူမြို့နယ်တွင် အပြစ်မဲ့ဇနီးမောင်နှံနှစ်ဦးကို KNU နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့မှ အင်အား ၁၀ ဦးခန့်က ဓါးများဖြ
တောင်ငူမြို့နယ်တွင် အပြစ်မဲ့ဇနီးမောင်နှံနှစ်ဦးကို KNU နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့မှ အင်အား ၁၀ ဦးခန့်က ဓါးများဖြင့် ထိုးခုတ်သတ်ဖြတ်ကာ ငွေကျပ် သိန်း ၉၀ နှင့် ရွှေထည်ပစ္စည်းများ လုယက်ယူဆောင်သွား ဧပြီ ၁၉၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ဘာနှောင်းကျေးရွာနေ ဦးနိုင်ဝင်း (၃၈) နှစ်သည် ဧပြီလ ၁၈ ရက်နေ့ နံနက် ၃ နာရီခွဲအချိန်၌ ၎င်း၏ဇနီး ဖြစ်သူ ဒေါ်ဖြူနှင်း (၃၁) နှစ်နှင့်အတူ ကမ်းနီကျေးရွာအနီး ဒေသအခေါ် ကညင်နိုင်အင်းစောင်းရှိ တဲအိမ်တွင်ရှိနေစဉ် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ အင်အား ၁၀ ဦးခန့်ရောက်ရှိလာပြီး ဓားဖြင့် ထိုးခုတ်သတ်ဖြတ်၍ တဲအိမ်အတွင်းရှိ လက်ကိုင်ဖုန်း ၂ လုံး၊ ရွှေနားကပ် ၁ ရံ၊ ရွှေဆွဲကြိုး ၁ ကုံးနှင့် ငွေသိန်း ၉၀ ကျပ်ခန့်အား လုယက်ယူဆောင်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ NOM

အပူဒဏ်ကါကွယ်ရေးသတိပေး NOM၊ဧပြီ၁၉၊၂၀၂၆ နွေရာသီတွင် ရာသီဥတုပူပြင်းလာပြီဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်ကြောင့် မလို
အပူဒဏ်ကါကွယ်ရေးသတိပေး NOM၊ဧပြီ၁၉၊၂၀၂၆ နွေရာသီတွင် ရာသီဥတုပူပြင်းလာပြီဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သောကျန်းမာရေးအကျိုးဆက်များ မဖြစ်ပေါ်စေရေးအတွက် ဖော်ပြပါအချက်များကို လိုက်နာဆောင်ရွက်ကြပါရန် ကျန်းမာရေးဝန်ကြီးဌာနကတိုက်တွန်းနှိုးဆော်ထားသည်။