ar
Feedback
News Of Myanmar

News Of Myanmar

الذهاب إلى القناة على Telegram

📈 نظرة تحليلية على قناة تيليجرام News Of Myanmar

تُعد قناة News Of Myanmar (@newsofmyanmar) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 12 497 مشتركاً، محتلاً المرتبة 16 047 في فئة الأخبار والوسائط والمرتبة 10 071 في منطقة Myanmar.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 12 497 مشتركاً.

بحسب آخر البيانات بتاريخ 21 يونيو, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -276، وفي آخر 24 ساعة بمقدار -4، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 10.23‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 5.29‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 1 279 مشاهدة. وخلال اليوم الأول يجمع عادةً 662 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 15.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 22 يونيو, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة الأخبار والوسائط.

12 497
المشتركون
-424 ساعات
-717 أيام
-27630 أيام
أرشيف المشاركات
ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ အမည်စာရင်း။ NOM
+1
ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ အမည်စာရင်း။ NOM

ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ အမည်စာရင်း။ NOM
+1
ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ အမည်စာရင်း။ NOM

ကရင်ပြည်နယ် ဝန်ကြီးများအမည်စာရင်း။
ကရင်ပြည်နယ် ဝန်ကြီးများအမည်စာရင်း။

အီရန်​၏ လက်တုံ့ပြန်တိုက်ခိုက်မှုများကြောင့် ဆော်ဒီနိုင်ငံအနေဖြင့် 'ပုံမှန်အတိုင်း လုပ်ငန်းများလည်ပတ်နေသည်' ဆိုသည့် အခြေအနေကို
အီရန်​၏ လက်တုံ့ပြန်တိုက်ခိုက်မှုများကြောင့် ဆော်ဒီနိုင်ငံအနေဖြင့် 'ပုံမှန်အတိုင်း လုပ်ငန်းများလည်ပတ်နေသည်' ဆိုသည့် အခြေအနေကို ဆက်လက်ထိန်းသိမ်းရန် ပိုမိုခက်ခဲလာ အီရန်၏ ဒုံးကျည် (သို့မဟုတ်) ဒရုန်းများဖြင့် တိုက်ခိုက်လာနိုင်သည့် အန္တရာယ်ကို စိုးရိမ်သောကြောင့် ဆော်ဒီအာရေဗျနိုင်ငံသည် ရီယာ့ဒ်မြို့ရှိ ဘုရင် အဗ္ဗဒူလာ King Abdullah ဘဏ္ဍာရေးရပ်ကွက် (KAFD) သို့ ဝန်ထမ်းများ မစေလွှတ်ရန် စီးပွားရေးလုပ်ငန်းများကို အမိန့်ပေးလိုက်သည်။ KAFD အတွင်းရှိ ရုံးခန်းအဆောက်အအုံများကို အမြန်ဆုံး လစ်လပ်စေရန် အမိန့်ထုတ်ပြန်လိုက်ခြင်းက ဆော်ဒီဘုရင့်နိုင်ငံအနေဖြင့် 'ပုံမှန်အတိုင်း လုပ်ငန်းများလည်ပတ်နေသည်' ဆိုသည့် အခြေအနေကို ဆက်လက်ထိန်းသိမ်းရန် ပိုမိုခက်ခဲလာကြောင်း ပြသနေသည်။ NOM

အစ္စရေးနှင့် အမေရိကန်တို့သည် အရပ်ဘက် အီရန်အခြေခံအဆောက်အအုံများအပေါ် တိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။ ဧပြီလ ၆ ရက်က တီဟီရန်မြို့ရှိ ရှရစ်ဖ်နည်းပညာတက္ကသိုလ် (Sharif University of Technology) သည် အမေရိကန်-အစ္စရေး ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ NOM 

ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ အမည်စာရင်း။ NOM
+1
ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ အမည်စာရင်း။ NOM

ကျောက်မဲနှင့် သီပေါမြို့နယ်များမှ DPLA အကြမ်းဖက်အဖွဲ့မှ အမျိုးသား၃ ဦး လက်နက်များနှင့် အလင်းဝင် ဧပြီ ၇၊ ၂၀၂၆ ကျောက်မဲနှင့် သီ
+3
ကျောက်မဲနှင့် သီပေါမြို့နယ်များမှ DPLA အကြမ်းဖက်အဖွဲ့မှ အမျိုးသား၃ ဦး လက်နက်များနှင့် အလင်းဝင် ဧပြီ ၇၊ ၂၀၂၆ ကျောက်မဲနှင့် သီပေါမြို့နယ်များမှ DPLA အကြမ်းဖက်များထံသို့ အကြောင်းအမျိုးမျိုးဖြင့်ရောက်ရှိခဲ့ပြီး ပြန်လည်အလင်းဝင်ရောက်လာသူ အမျိုးသား ၃ ဦးကို  ဧပြီလ ၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်၌ ကျောက်မဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၎င်းတို့​၏ မိဘအုပ်ထိန်းသူများထံသို့ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့် ပြန်လည်လွှဲပြောင်းအပ်နှံခဲ့သည်။ တာဝန်ရှိသူများက အဆိုပါ DPLA အဖွဲ့ဝင် အမျိုးသားသုံးဦးအား လက်နက်ငယ်များ ယူဆောင်လာခဲ့အတွက်လည်း ချီးမြှင့်ဆုငွေများထိုက်ထိုက်တန်တန် ပေးအပ်ခဲ့သည်။

အာရပ်စော်ဘွားများပြည်ထောင်စု (UAE)၊ Habshan ရှိ အဘူဒါဘီ အမျိုးသားရေနံကုမ္ပဏီ (ADNOC) စက်ရုံတွင် မီးလောင်မှုများဖြစ်ပွားကြောင်
အာရပ်စော်ဘွားများပြည်ထောင်စု (UAE)၊ Habshan ရှိ အဘူဒါဘီ အမျိုးသားရေနံကုမ္ပဏီ (ADNOC) စက်ရုံတွင် မီးလောင်မှုများဖြစ်ပွားကြောင်း သတင်းရရှိသည်။ နာဆာ NASA ၏ FIRMS (အပူချိန်တိုင်းတာသည့်စနစ်) အချက်အလက်များအရ ထိုဧရိယာအတွင်း အပူချိန်မြင့်မားနေသည့် နေရာအမြောက်အမြားရှိနေကြောင်း ပြသနေသည်။ ADNOC သည်ကမ္ဘာ့အကြီးဆုံး စွမ်းအင်ကုမ္ပဏီများထဲမှ တစ်ခုဖြစ်သည်။ NOM

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန် နိုင်ငံ့သားကောင်း
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို ဧပြီ ၆၊ ၂၀၂၆ နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဒေသတစ်ဝိုက် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့ညနေပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး လှည်းကူးမြို့နယ် ရဲမွန်တပ်မြို့ရှိ နယ်မြေခံတပ်ရင်း၌ပြုလုပ်ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ပါဝင်တက်ရောက်ဂုဏ်ပြုကြိုဆိုကြသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းရေးအတွက် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို နေ့မအားညမနား စွမ်းစွမ်းတမံ တာဝန် ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန်တပ်မတော်သားများအား တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အောင်သပြေခက်များဖြင့်လည်းကောင်း၊ အိုးစည် ဒိုးပတ် အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့်လည်းကောင်း ဝမ်းမြောက်စွာ သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုခဲ့ကြပြီး တိုင်းမှူးက အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ NOM

အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဒန် ကိန်း (Dan Caine) က အမေရိကန်အောက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များဆ
အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဒန် ကိန်း (Dan Caine) က အမေရိကန်အောက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ ကော်မတီတွင် ပြုလုပ်သည့် ကြားနာပွဲအတွင်း အီရန်နိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့သည့် အမေရိကန် ကယ်ဆယ်ရေးတပ်ဖွဲ့များနှင့် အထူးတပ်ဖွဲ့များ ကြုံတွေ့ခဲ့ရသည့် အခြေအနေနှင့် ပတ်သက်၍ ၎င်းက အောက်ပါအတိုင်းပြောကြားခဲ့သည်။ "သေနတ်အသေးစား ဒါမှမဟုတ် ရိုင်ဖယ်သေနတ် ကိုင်ဆောင်ထားတဲ့ အီရန်နိုင်ငံသားတိုင်းဟာ ကျွန်တော်တို့ကို တပ်ဖွဲ့တွေကို ဝိုင်းဝန်းပစ်ခတ်ခဲ့ကြတယ်" NOM

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်တွင် TNLA အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်အဖွဲ့တို့ ထောင်ထားသည့် မိုင်းတစ်လုံးအား
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်တွင် TNLA အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်အဖွဲ့တို့ ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့အမျိုးသမီးတစ်ဦး ဒဏ်ရာရ NOM ဧပြီ ၇၊ ၂၀၂၆ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ဧပြီလ ၅ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာဖြင့် အမျိုးသမီးတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နေ့လယ် ၁၂ နာရီအချိန်၌ ဆီဆိုင်မြို့နယ်၊ နောင်ဘိုကျေးရွာနေ ဒေါ်နန်းခမ်းဘို့ (၃၀) နှစ်သည် နောင်စကာကျေးရွာအနီး ရွှေတဂူဘုရားရှိ အင်ကြင်းတောအတွင်း အင်ကြင်းရွက်များခူးနေစဉ် TNLA အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM

+4
အရှေ့အလယ်ပိုင်း​၏ အကြီးဆုံး ရေနံဓါတုစက်ရုံသည် အီရန်ပဲ့ထိန်းဒုံးကျည်များဖြင့် တိုက်ခိုက်ခံရပြီး မီးများလောင်ကျွမ်းနေ ဆော်ဒီနိုင်ငံရှိ အရှေ့အလယ်ပိုင်း၏ အကြီးဆုံး ရေနံဓာတုစက်ရုံ ဖြစ်သော ဆော်ဒီအခြေခံ စက်မှုလုပ်ငန်းကော်ပိုရေးရှင်း (SABIC) ကို အီရန်က ပဲ့ထိန်းဒုန်းကျည်များဖြင့် တိုက်ခိုက်ခဲ့သဖြင့် စက်ရုံတွင် မီးများလောင် ကျွမ်းလျက်ရှိသည်။ အဆိုပါစက်ရုံသည် ဒူးပွန့် (DuPont)၊ ဘီအေအက်စ်အက်ဖ် (BASF) နှင့် ဆိုင်နိုပက်ခ် (Sinopec) တို့ပြီးလျှင် ကမ္ဘာပေါ်တွင် စတုတ္ထမြောက် အကြီးဆုံး ရေနံဓာတု ထုတ်လုပ်ရေးစက်ရုံဖြစ်သည်။ NOM

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှိမ်နင်းရေးနှင့် တရားမဝင် ဝင်ရောက်သူများ ဖော်ထုတ်ပြည်နှင်ခြင်း။ NOM
အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှိမ်နင်းရေးနှင့် တရားမဝင် ဝင်ရောက်သူများ ဖော်ထုတ်ပြည်နှင်ခြင်း။ NOM

မင်းဘူးမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် ဆေးခန်းပြရန် သွားသည့် သားအဖနှစ်ဦး ဒဏ်ရာရ NOM ဧပြီ
+1
မင်းဘူးမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် ဆေးခန်းပြရန် သွားသည့် သားအဖနှစ်ဦး ဒဏ်ရာရ NOM ဧပြီ ၇၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ စကုတိုက်နယ်ဆေးရုံသို့ ဧပြီလ ၅ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာဖြင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၅ နာရီခွဲအချိန်၌ မင်းဘူးမြို့နယ်၊ ညောင်ကိုင်းကျေးရွာနေ ဦးညွန့်ဝင်း (၅၅) နှစ်သည် ၎င်း၏သမီးဖြစ်သူ မကြည်လဲ့လဲ့ဝင်း (၂၃) နှစ်နှင့် အတူ ဆေးခန်းပြရန် စကုတိုက်နယ်ဆေးရုံသို့ ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် ပေါင်းရွာကျေးရွာအနီးအရောက် လမ်းဘေးမှ PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့နှစ်ဦးတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM

အီရန်စစ်တပ်က ကူဝိတ်ရှိ အယ်လ်-အာဒိုင်ရီ Al-Adairi အခြေစိုက်စခန်းအား ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည့် ဂြိုဟ်တုဓာတ်ပုံများ ထုတ်
+4
အီရန်စစ်တပ်က ကူဝိတ်ရှိ အယ်လ်-အာဒိုင်ရီ Al-Adairi အခြေစိုက်စခန်းအား ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည့် ဂြိုဟ်တုဓာတ်ပုံများ ထုတ်ပြန်၊ အမေရိကန်စစသား ၁၅ ဦးဒဏ်ရာရ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ စစ်တပ်၏ ပြည်သူ့ဆက်ဆံရေးဌာနက အမေရိကန်၏ အယ်လ်-အာဒိုင်ရီ အခြေစိုက်စခန်းကို တိုက်ခိုက်ရေးဒရုန်းများနှင့် ပစ်မှတ်တိကျဒရုန်းများဖြင့် ထိမှန်ခဲ့သည့် ဂြိုဟ်တုဓာတ်ပုံများကို ထုတ်ပြန်ခဲ့သည်။ အီရန်စစ်တပ်မှ ရန်သူဖြစ်သော အမေရိကန်ကျူးကျော်သူတို့၏ အယ်လ်-အာဒိုင်ရီ အခြေစိုက်စခန်းကို ဒရုန်းများဖြင့် စစ်ဆင်ရေးပြုလုပ်ခဲ့ပြီးနောက် သတ်မှတ်ထားသော ပစ်မှတ်များကို ထိမှန်မှုနှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများကို ပြသသည့် ဂြိုဟ်တုဓာတ်ပုံများ ထွက်ပေါ်လာခြင်းဖြစ်သည်။ အစီရင်ခံစာအရ ကူဝိတ်ရှိ အယ်လ်-အာဒိုင်ရီ အခြေစိုက်စခန်းအတွင်းရှိ နေရာ (၈) ခု ထိမှန်ခဲ့ပြီး ယင်းတို့တွင် နေထိုင်ရာဧရိယာ၊ အဆောင်များ၊ စက်ကိရိယာ သိုလှောင်ရုံများ နှင့် ရဟတ်ယာဉ် ပြုပြင်ထိန်းသိမ်းရေး ဂိုဒေါင်များ ပါဝင်ကြောင်း ဓာတ်ပုံများက ဖော်ပြနေသည်။ အဆိုပါ အခြေစိုက်စခန်းကို အဟန့်အတားမရှိ တိကျစွာ တိုက်ခိုက်နိုင်ခြင်းမှာ အဆိုပါစခန်း၏ လေကြောင်းရန်ကာကွယ်ရေးစနစ် (AD) မှာ ဒုံးကျည်များ လုံးဝကုန်ခမ်းသွားခြင်း (သို့မဟုတ်) ပျက်စီးသွားခြင်းကို ညွှန်ပြနေသင်္ည။ တိုက်ခိုက်မှုအတွင်း အမေရိကန် စစ်သား ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း CBS News က ဖော်ပြထားသည်။ NOM

အမေရိကန်ပိုင်ပစ္စည်းများ တိုက်ရိုက်ထိမှန်ခြင်း - ယူအေအီးရှိ ဟပ်ဘ်ရှန် အန်ဂျီအယ်လ် (Habshan NGL) စက်ရုံနှင့် ဓာတ်ငွေ့ဆိုင်ရာ အ
+2
အမေရိကန်ပိုင်ပစ္စည်းများ တိုက်ရိုက်ထိမှန်ခြင်း - ယူအေအီးရှိ ဟပ်ဘ်ရှန် အန်ဂျီအယ်လ် (Habshan NGL) စက်ရုံနှင့် ဓာတ်ငွေ့ဆိုင်ရာ အဆောက်အအုံများအပြင် ဘာရိန်းနိုင်ငံရှိ စစ်ဘက်ဆိုင်ရာကို အထောက်အကူပြုနေသော ဒေတာစင်တာ (Data Center) တစ်ခုတို့မှာ မကြာသေးမီက တိုက်ခိုက်မှုများအတွင်း ပြင်းထန်စွာ ပျက်စီးသွားခဲ့သည်။ NOM

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်‌၊ ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်
+4
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်‌၊ ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး က လာရောက်ဂါရဝပြုတွေ့ဆုံ ဧပြီ ၆၊ ၂၀၂၆ NOM

ယမန်နေ့က ယူအေအီး (UAE) နိုင်ငံရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ အဆောက်အအုံ ၃ ခု မီးလောင်နေသည်ကို ဂြိုဟ်တုဓာတ်ပုံများတွင် တွေ့
ယမန်နေ့က ယူအေအီး (UAE) နိုင်ငံရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ အဆောက်အအုံ ၃ ခု မီးလောင်နေသည်ကို ဂြိုဟ်တုဓာတ်ပုံများတွင် တွေ့ရ ယူအေအီးအစိုးရဘက်က ဒုံးကျည်များကို ကြားဖြတ်ဟန့်တားနိုင်ခဲ့သည်ဟု ပြောဆိုထားသော်လည်း အာဆတ်ဘ် Asab၊ ဘူဟာဆာ Bu Hasa နှင့် ဟပ်ဘ်ရှန် Habshan ဒေသရှိ စက်ရုံများသည် အီရန်၏ ဒုံးကျည်ထိမှန်မှုများကို ခံခဲ့ရသည်။ NOM

ဖြူးမြိို့ယ်တွင် မီးရထားသံလမ်းစောင့် အမျိုးသားတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွား NOM ဧပြီ ၇၊ ၂၀၂၆ ပဲခူ
ဖြူးမြိို့ယ်တွင် မီးရထားသံလမ်းစောင့် အမျိုးသားတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွား NOM ဧပြီ ၇၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်း အနောက် (၂) ရပ်ကွက်နေ မီးရထားသံလမ်းစောင့်ဖြစ်သူ ဦးမြင့်စန်း (၆၃) နှစ်သည် ဧပြီလ ၅ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်အချိန်၌ အဆိုပါရပ်ကွက်ရှိ မီးရထားသံလမ်းမိုင်တိုင်အမှတ် (၂၀၀/၁)၊ မီးရထားသံလမ်းကင်းအမှတ် (၈) ၌ ကင်းစောင့်နေစဉ် PDF အကြမ်းဖက်သမားနှစ်ဦးရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ NOM

ရမည်းသင်းမြို့နယ်၊ အင်တိုင်းကျေးရွာရှိ နေအိမ်တစ်ခုမှ ရွှေလက်စွပ် ၃ ကွင်း၊ ရွှေဆွဲကြိုး ၁ ကုံး နှင့် ဖုန်း ၁ လုံးတို့အား PDF အ
ရမည်းသင်းမြို့နယ်၊ အင်တိုင်းကျေးရွာရှိ နေအိမ်တစ်ခုမှ ရွှေလက်စွပ် ၃ ကွင်း၊ ရွှေဆွဲကြိုး ၁ ကုံး နှင့် ဖုန်း ၁ လုံးတို့အား PDF အကြမ်းဖက်အဖွဲ့က လုယက်ယူဆောင်ရုံသာမကာ အဆိုပါနေအိမ်ရှိမိသားစုဝင်များအားသေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ ဧပြီလ ၅၊ ၂၀၂၆ ဧပြီလ ၅ ရက်နေ့ နံနက် ၈ နာရီအချိန်၌ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ အင်တိုင်းကျေးရွာတွင် သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးကာ တစ်ဦးကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဧပြီလ ၄ ရက်နေ့ ည ၁၂ နာရီခွဲအချိန်၌ အဆိုပါကျေးရွာနေ ဦးဇော်မင်း (၄၅) နှစ်သည် ၎င်း၏ဇနီးဖြစ်သူ ဒေါ်စိုး (၅၆) နှစ်၊ အစ်ကိုဖြစ်သူ ဦးဇော်မိုး (၄၇) နှစ်၊ မရီးဖြစ်သူ ဒေါ်မျိုးမျိုး (၄၀) နှစ်တို့နှင့်အတူ နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားနှစ်ဦးရောက်ရှိလာပြီး ၅ မူးသားခန့်ရှိ ရွှေလက်စွပ် ၁ ကွင်း၊ ၁ မတ်သားခန့်စီရှိ ရွှေလက်စွပ် ၂ ကွင်း၊ ၅ မူးသားခန့်ရှိ ရွှေဆွဲကြိုး ၁ ကုံး၊ ဖုန်း ၁ လုံးတို့အား လုယက်ယူဆောင်၍ သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ဦးဇော်မင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးဇော်မိုးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့၍ သေဆုံး/ ဒဏ်ရာရရှိသူများအား ရမည်းသင်းခရိုင်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။ NOM