fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

News Of Myanmar

News Of Myanmar

رفتن به کانال در Telegram

📈 تحلیل کانال Telegram News Of Myanmar

کانال News Of Myanmar (@newsofmyanmar) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 11 418 مشترک است و جایگاه 16 330 را در دسته اخبار و رسانه‌ها و رتبه 9 947 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 11 418 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 27 نوامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -136 و در ۲۴ ساعت گذشته برابر -9 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 5.67% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 4.32% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 648 بازدید دریافت می‌کند. در اولین روز معمولاً 493 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 10 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 28 نوامبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

11 418
مشترکین
-924 ساعت
-317 روز
-13630 روز
آرشیو پست ها
အီရန်သည်ဟော်မုဇ်ရေလက်ကြား ၌နှစ်ရက်အတွင်း သင်္ဘော ၁၉ စင်းကို တိုက်ခိုက်ခဲ့ NOM အီရန်တပ်ဖွဲ့သည် သောကြာနေ့နှင့်စနေနေ့(၂)ရက်အတွင်းဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းရန်ကြိုးစားသည့်သင်္ဘော ၁၉ စင်းကို တိုက်ခိုက်ခဲ့ကြောင်းFars သတင်းဌာနက ကြေညာသည်။ အီရန်က သောကြာနေ့တွင်သင်္ဘော ၁၂ စင်းနှင့်စနေနေ့တွင်နောက်ထပ် ၇ စင်းကို ရေလက်ကြားကန့်သတ်ချက်ေ များချိုးဖောက်သည့်အတွက် ပစ်မှတ်ထားခဲ့ကြောင်းပြောသည်။ တစ်ချိန်တည်းမှာပင်ထရမ့်က အီရန်က ဖြတ်သန်းရန် ကြိုးစားနေသည့်သင်္ဘောများကို ဆက်လက်တိုက်ခိုက်နေသော်လည်းအမေရိကန်ကရေလက်ကြားကို တစ်ညလုံး မှတ်တမ်းတင် ရေနံပမာဏဖြင့်အောင်မြင်စွာ လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်းဆိုပြန်သည်။
27 سپتامبر, 13:01

ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)   ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) သို့ ရောက်ရှိကြပြီး အုပ်ချုပ်မှုအဆောက်အဦ ရှင်းလင်းဆောင်ခန်းမ၌ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းဇော်ဦးက လှိုင်တက္ကသိုလ်များနယ်မြေဆိုင်ရာ အချက်အလက်များနှင့် တက္ကသိုလ်များ၊ စာသင်ဆောင်များ တည်ဆောက်ထားရှိမှုအခြေအနေ၊ လှိုင်တက္ကသိုလ်နယ်မြေအတွင်း တက္ကသိုလ်များအလိုက် အိပ်ဆောင်များနှင့်စာသင်ဆောင်များ တည်ရှိမှုအခြေအနေ၊ ဝန်ထမ်းအိမ်ရာများ တည်ဆောက်ထားရှိမှု၊ စာသင်ဆောင်များ၊ Theater များ တည်ရှိမှုနှင့် လှိုင်တက္ကသိုလ်များနယ်မြေအတွင်း သင်ကြားမှု၊ သင်ယူမှုနှင့်အုပ်ချုပ်မှု အခြေခံအဆောက်အဦများ၏အခြေအနေနှင့် ထပ်မံလိုအပ်လျက်ရှိသည့် အခြေခံအဆောက်အဦဆိုင်ရာများနှင့် ပတ်သက်၍လည်းကောင်း၊ ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ကေသွယ်လှိုင်က ရန်ကုန်ပညာရေးတက္ကသိုလ်၏ နောက်ခံသမိုင်းကြောင်းဆိုင်ရာများနှင့် ပေးအပ်လျက်ရှိသည့် ဘွဲ့များ၊ သင်ကြား၊ သင်ယူမှုဆိုင်ရာ အခြေခံအဆောက်အဦ လိုအပ်ချက်များနှင့် ဘဏ္ဍာရေးနှစ်အလိုက် လုပ်ငန်းများအလိုက် ခွင့်ပြုရရှိသည့် ဘဏ္ဍာငွေသုံးစွဲမှု၊ လုပ်ငန်းပြီးစီးမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။   ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည်များမေးမြန်းကာ လှိုင်တက္ကသိုလ်များနယ်မြေနှင့် ကမာရွတ်တက္ကသိုလ်နယ်မြေတို့အတွင်း ဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူများ၏ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ တစ်စုတစ်စည်းတည်း ဆောင်ရွက်နိုင်ရေးနှင့် သင်ကြားသင်ယူမှုဆိုင်ရာကိစ္စရပ်များ ပိုမိုလျင်မြန် အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရေး ပေါင်းစည်းထားရှိနိုင်ရန်လိုကြောင်း၊ ပညာရေးအရ ရင်းနှီးမြှုပ်နှံခြင်းသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်နိုင်ငံတော်ကောင်းကို ပုံဖော်တည်ဆောက်နေခြင်းပင်ဖြစ်သည့်အတွက် နိုင်ငံအတွက် အသိပညာအတတ်ပညာပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်းများကို တက္ကသိုလ်များမှ စဉ်ဆက်မပြတ်မွေးထုတ်ပေးသွားရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ တက္ကသိုလ်များ၊ ကောလိပ်များအနေဖြင့်လည်း ပညာတတ် လူသားအရင်းအမြစ်ကောင်းများမွေးထုတ်၍ ဒေသ၏ ကောင်းရာကောင်းကျိုးများကို နိုင်ငံ့ဝန်ထမ်းများအဖြစ် ပြန်လည်အကျိုးပြုတာဝန်ထမ်းဆောင်နိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ တက္ကသိုလ်များအလိုက် ဘာသာရပ်များအလိုက် တက်ရောက်ကြသည့် ကျောင်းသားဦးရေအချိုး၊ သင်ကြားသင်ယူမှု အခြေခံအဆောက်အဦနှင့် သင်ကြားရေးဝန်ထမ်းအချိုးတို့ကို စနစ်တကျတွက်ချက်၍ လိုအပ်ပါက အခြေခံအဆောက်အဦ တိုးချဲ့တည်ဆောက်ခြင်းများဆောင်ရွက်ပေးခြင်း၊ လူဦးရေအနည်းငယ်သာရှိသည့် ဘာသာရပ်များအား စုပေါင်းသင်ကြားစေခြင်းတို့ကို လေ့လာဆန်းစစ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ သင်ကြား၊ သင်ယူမှု အခြေခံအဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် တက္ကသိုလ်ဘွဲ့နှင်းသဘင်ကဲ့သို့သော တက္ကသိုလ်တစ်ရပ်၏ အဓိကပြယုဒ်နှင့် ဂုဏ်ဒြပ်ဖြစ်သည့် အရေးကြီးအဆောက်အဦများတည်ဆောက်ရာ၌ ဘက်ပေါင်းစုံမှ စဉ်းစားတွက်ချက်ခြင်း၊ အဆိုပြုနေရာနှင့် အဆိုပြုပုံစံဒီဇိုင်းအကြမ်းများရေးဆွဲ၍ ဦးစားပေးအဆင့်အလိုက် သတ်မှတ်ရွေးချယ်ခြင်းတို့ကို အဆင့်ဆင့်စနစ်တကျ ဆောင်ရွက်တည်ဆောက်သွားကြရန်နှင့် ရေရှည်အကျိုးကိုကြည့်၍ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စီးပွားရေးတက္ကသိုလ် (ရန်ကုန်)၊ ရန်ကုန်တက္ကသိုလ်၊ ပညာရေးတက္ကသိုလ်တို့အား ကျောင်းသားဦးရေနှင့် သင်ကြားရေးဝန်ထမ်းများ၏ အချိုး၊ အခြေခံအဆောက်အဦ လိုအပ်ချက်အချိုးတို့ကို ဆန်းစစ်လေ့လာတွက်ချက်၍ တစ်စုတစ်စည်းတည်းဖြစ်စေရေး စုစည်းဆောင်ရွက်နိုင်မည့် အခြေအနေများကို အဖြေရှာဆောင်ရွက်သွားကြရန်လိုကြောင်း၊ တက္ကသိုလ်များအလိုက် အခြေခံအဆောက်အဦများ၏ အသုံးပြုမည့်အကြောင်းအရာ၊ လူဝင်ဆံ့မှုတို့အလိုက် အဆောက်အဦကြံ့ခိုင်မှုများကိုလည်း ပြန်လည်တိုင်းတာဆန်းစစ်ပြုစု၍ စနစ်တကျဖြစ်စေရေး ဆောင်ရွက်သွားကြရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။   ထို့နောက် နိုင်ငံတော်သမ္မတသည် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) အတွင်း လှည့်လည်၍ Theater များ၊ စာသင်ဆောင်များ၊ ဘာသာရပ်အလိုက်စာပေဌာနများ၊ စာကြည့်တိုက် ဆောင်ရွက်ထားရှိမှုများ၊ ကျောင်းသား၊ ကျောင်းသူများ၏အဆောင်များ စသည်ဖြင့် တက္ကသိုလ်အဆောက်အဦ အကွက်ချဆောင်ရွက်ထားရှိမှု မြေပြင်အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
27 سپتامبر, 10:56

ဆေးတက္ကသိုလ် (၁) ရန်ကုန်   ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ကမာရွတ်မြို့နယ်၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်ဝန်းအတွင်း ရှေးယခင်ကတည်ရှိခဲ့သည့် လိပ်ခုံးပုံ (MULTI-PURPOSE ASSEMBLY HALL) အဆောက်အဦအား မူလပုံစံမပျက် ခေတ်မီဆန်းသစ်သည့်အသွင်ဖြင့် အသစ်ပြန်လည် တည်ဆောက်ရေး လုပ်ငန်းခွင်သို့ရောက်ရှိကြရာ ဆေးတက္ကသိုလ် (၁) နှင့် (၂) တို့မှ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။   ယင်းနောက် နိုင်ငံတော်သမ္မတသည် တည်ဆောက်ရေးလုပ်ငန်းခွင်အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြမှုများအပေါ် ယခင်ကတည်ရှိခဲ့သည့် လိပ်ခုံးပုံအဆောက်အဦ၏ သမိုင်းမှတ်တမ်းဓာတ်ပုံများ၊ မှတ်တမ်းမှတ်ရာများကို ပြန်လည်ကြည့်ရှုလေ့လာဆန်းစစ်၍ မူလပုံစံမပျက် ခေတ်မီဆန်းသစ်သည့်အသွင်ဖြင့် လိပ်ခုံးပုံအဆောက်အဦဖြစ်စေရေး စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုတည်ဆောက်မည့် လိပ်ခုံးပုံအဆောက်အဦသည် မော်တော်ယာဉ်များ အသွားအလာများပြားသည့် ပြည်လမ်းမကြီးဘေးတွင် တည်ရှိသည်ဖြစ်၍ အသံထိန်းစနစ်များကိုလည်း စနစ်တကျ တွက်ချက်ထည့်သွင်း ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။   အဆိုပါ ယခင်က အထင်ကရအဆောက်အဦတစ်ခုအဖြစ် ကျော်ကြားတည်ရှိခဲ့သည့် လိပ်ခုံးပုံသစ်သားခန်းမကြီး (MULTI-PURPOSE ASSEMBLY HALL) အဆောက်အဦကို ဗြိတိသျှ ဗိသုကာပညာရှင် Ragian Squire က ဒီဇိုင်းရေးဆွဲခဲ့ခြင်းဖြစ်ပြီး ၁၉၅၄ - ၁၉၅၆ ခုနှစ်များအတွင်း ရန်ကုန်စက်မှုတက္ကသိုလ်အတွင်း တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့နောက် အဆိုပါ လိပ်ခုံးသစ်သားခန်းမကြီးကို ၁၉၈၀ ပြည့်နှစ်များဝန်းကျင်ခန့်တွင် ယိုယွင်းပျက်စီးလာခြင်း၊ အပူပိုင်းမိုးရေချိန်နှင့် ကာလကြာမြင့်မှုတို့ကြောင့် သစ်သားဖွဲ့စည်းပုံများ ပျက်စီးယိုယွင်းလာကာ လူအများအသုံးပြုနိုင်မှုမရှိတော့ခြင်း၊ ရေရှည်ပြုပြင်ထိန်းသိမ်းရန် ကုန်ကျစရိတ်ကြီးမားလှခြင်းတို့ကြောင့် ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ မူလပုံစံမပျက် ခေတ်မီဆန်းသစ်သည့်အသွင်ဖြင့် အဆိုပါလိပ်ခုံးပုံ အဆောက်အဦအား ပြန်လည်တည်ဆောက်လျက်ရှိကြောင်း သိရှိရသည်။
27 سپتامبر, 10:55

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံတက္ကသိုလ်၊ ဆေးတက္ကသိုလ် (၁) နှင့် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး တက္ကသိုလ်များ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်   စက်တင်ဘာ ၂၇၊ ၂၀၂၆   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံတက္ကသိုလ်၊ ဆေးတက္ကသိုလ် (၁) နှင့် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။   ဒဂုံတက္ကသိုလ်   ဦးစွာ နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ ဒဂုံတက္ကသိုလ် ဘူတာရုံသို့ရောက်ရှိကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက္ကသိုလ်ဘူတာရုံအနီး ကျောင်းသား၊ ကျောင်းသူများ နေ့စဉ်အဆင်ပြေချောမွေ့စွာ ကျောင်းတက်ရောက်နိုင်ရန် YBS ဘတ်စ်ကားဂိတ်ထားရှိနိုင်ရေး ယာဉ်ရပ်နားဝန်းနှင့် ယာဉ်လှည့်ကွင်း တည်ဆောက်နိုင်မည့် လျာထားနေရာရွေးခြယ်ထားရှိမှု၊ ကျောင်းအတွင်းရှိ ဗိုလ်မှူးဗထူးလမ်း လမ်းဘေးဘယ်ညာ လူသွားပလက်ဖောင်းများဆောင်ရွက်ခြင်းနှင့် ကတ္တရာကွန်ကရိခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည့်အခြေအနေ၊ တက္ကသိုလ်ဝင်းအတွင်း ယာဉ်ကြောမျဉ်းနှင့် လူကူးမျဉ်းကြားများ စနစ်တကျ ဆေးရေးဆွဲသွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။   ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက ယာဉ်ရပ်နားဝန်းနှင့် ယာဉ်လှည့်ကွင်းနေရာ တည်ဆောက်ရာ၌ မြေသားအောက်ခံဖောင်ဒေးရှင်းကြံ့ခိုင်မှုရှိစေရေး ဆောင်ရွက်သွားရန်၊ ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် သွားလာအသုံးပြုနိုင်ရေး လူသွားပလက်ဖောင်းများ ထည့်သွင်းတည်ဆောက်သွားရန်နှင့် ကျောင်းဆင်း၊ ကျောင်းတက်ချိန်များ၌ YBS ဘတ်စ်ကားများကို အချိန်နှင့်တစ်ပြေးညီ စီမံပြေးဆွဲပေးသွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။   ထို့နောက် နိုင်ငံတော်သမ္မတသည် ဘူတာရုံယာဒ်ဝင်းအတွင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ဘူတာနယ်နိမိတ်အတွင်း စည်းကမ်းစနစ်တကျ ဖြစ်စေရေးနှင့် သန့်ရှင်းသာယာလှပရေး အမြဲမပြတ် ဆောင်ရွက်သွားရန်လိုကြောင်း၊ ဒဂုံတက္ကသိုလ်ဧရိယာတစ်ခုလုံးအနေဖြင့်လည်း တက္ကသိုလ်အင်္ဂါရပ်နှင့်အညီဖြစ်စေရေး လိုအပ်သည့်ပြုပြင်ထိန်းသိမ်းမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ လမ်းဘေးဝဲယာရှိ ခြုံနွယ်များအားရှင်းလင်းသွားရန်နှင့် သစ်ပင်ကြီးများကိုလည်း အလင်းဖွင့်ခုတ်ထွင်ခြင်းများ ဆောင်ရွက်သွားရန်လိုပြီး သန့်ရှင်းသာယာလှပသည့်၊ ကျန်းမာရေးနှင့်ညီညွတ်မျှတသည့် တက္ကသိုလ်ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖော်ဆောင်ပေးသွားရန်လိုကြောင်း၊ ရေဝပ်ဧရိယာများမရှိစေရေးအတွက်လည်း မြေဖို့ခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ စနစ်တကျ ဖော်ထုတ်ပေးခြင်းများ ဆောင်ရွက်သွားရန်လိုကြောင်း၊ ကျောင်းတွင်းလမ်းများကိုလည်း သတ်မှတ်ချက်များနှင့်အညီဖြစ်စေရေး စနစ်တကျပြန်လည် အဆင့်မြှင့်တင် ပေးသွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။   ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမသို့ ရောက်ရှိကြရာ အစည်းအဝေးခန်းမ၌ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာချစ်စိန်တို့က တက္ကသိုလ်၏မျှော်မှန်းချက်နှင့် လုပ်ငန်းတာဝန်များ၊ တက္ကသိုလ်၏လိုအပ်ချက်များ၊ ဘာသာရပ်များအလိုက် သင်ကြားပေးလျက်ရှိသည့် အခြေအနေများကိုရှင်းလင်းတင်ပြရာ နိုင်ငံတော်သမ္မတက လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။   ဆက်လက်၍ နိုင်ငံတော်သမ္မတသည် ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ အကြီးစားပြင်ဆင် ဆောင်ရွက်လျက်ရှိသည့်အခြေအနေများနှင့် တက္ကသိုလ်အားကစားကွင်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အားကစားကွင်းနှင့် ပွဲကြည့်စင် အဆင့်မြှင့်တင်နိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ဘောလုံးကွင်းအား မီတာ ၄၀၀ ပြေးလမ်းပါ စံကိုက်ကွင်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ရန်နှင့် ပွဲကြည့်စင်ကိုလည်း သတ်မှတ်ချက်များနှင့်အညီဖြစ်စေရေး ပြန်လည်တည်ဆောက်သွားရန်လိုကြောင်း၊ အားကစားကွင်းအဆင့်မြှင့်တင်ခြင်းများနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း ကျောင်းအားကစားပွဲများအား လေ့ကျင့်ရေး အားကစားကွင်း၌ဆောင်ရွက်နိုင်ရေး စီမံပေးထားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
27 سپتامبر, 10:55

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံတက္ကသိုလ်၊ ဆေးတက္ကသိုလ
+5
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံတက္ကသိုလ်၊ ဆေးတက္ကသိုလ် (၁) နှင့် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး တက္ကသိုလ်များ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်
27 سپتامبر, 10:55

ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး ၂၀၂၆ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
+6
ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး ၂၀၂၆ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
27 سپتامبر, 10:54

လောင်းလုံးမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီး၊ ရေလျှံခြင်းနှင့် တောင်ပြိုခြင်းများဖြစ်ပေါ် စက်တင်ဘာ ၂၇၊ ၂၀၂၆ တနင
+1
လောင်းလုံးမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီး၊ ရေလျှံခြင်းနှင့် တောင်ပြိုခြင်းများဖြစ်ပေါ်   စက်တင်ဘာ ၂၇၊ ၂၀၂၆   တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် စက်တင်ဘာလ ၂၆ ရက်နေ့မှစ၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီး၊ ရေလျှံခြင်းနှင့် တောင်ပြိုခြင်းများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။   ‎အဆိုပါ ရေကြီး၊ ရေလျှံမှုနှင့်တောင်ပြိုခြင်းများကြောင့် လောင်းလုံးမြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်မှ ရေဘေးသင့်ပြည်သူပေါင်း (၈၄၃၁) ဦးကို အမှတ် (၄၀၆) ခြေမြန်တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ဖြိုးအောင်နှင့် တပ်ဖွဲ့ဝင်များက ပန်တောဝဘုန်းတော်ကြီးကျောင်းသို့ ကူညီကယ်ဆယ်ပေးခဲ့ကြောင်းနှင့် အချို့သော ကျေးရွာနေပြည်သူများသည် မိမိတို့နေအိမ်များမှ မိမိတို့အစီအစဉ်ဖြင့် ရေဘေးလွတ်သည့် နေအိမ်များသို့ စုပေါင်းပြောင်းရွှေ့နေထိုင်ကြကြောင်း သိရသည်။
27 سپتامبر, 10:53

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ‘Economic Outcast’ (စီးပွားရေးအရ အပယ်ခံ) စီမံချက်နဲ့အညီ Google ဟာ အီရန်နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့ပြီး အီရန်ပြည်သူတွေအနေနဲ့ Gmail အကောင့်အသစ်များ ဖွင့်လှစ်ခွင့် မရတော့အောင် ပိတ်ပင်လိုက်ပါတယ်။ Gmail အကောင့် ဖွင့်ခွင့်မပေးတာက အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC ရဲ့ ပဲ့ထိန်းဒုံးကျည် ထုတ်လုပ်မှုကို ဘယ်လိုပုံစံနဲ့ တားဆီးပေးနိုင်မလဲဆိုတာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့်တ် အနေနဲ့ ရှင်းပြပေးချင်ပါသလား။ ဒီလို ‘ပိတ်ဆို့အရေးယူမှုများ’ ဟာ အီရန်ပြည်သူအများစုရဲ့ လတ်တလော လူနေမှုဘဝကို တတ်နိုင်သမျှ ပိုမိုဒုက္ခရောက်အောင် လုပ်ဆောင်နေတာ သက်သက်ပဲ ဖြစ်ပါတယ်။ NOM
27 سپتامبر, 10:52

ဟော်မုဇ်ရေလက်ကြားအတွင်း စုံစမ်းထောက်လှမ်းမှုများ ပြုလုပ်နေသည့် အမေရိကန်၏ အဆင့်မြင့် ရေအောက်ဒရုန်းတစ်စင်းဖြစ်သော REMUS 600 ကို အီရန်က ထပ်မံသိမ်းဆည်းလိုက်ပြီဖြစ်သည်။ လက်ရှိတွင် အီရန်အင်ဂျင်နီယာများသည် ထိုဒရုန်းအတွင်းရှိ ဒေတာအချက်အလက်များကို ရယူရန်နှင့် နည်းပညာကို ကူးယူဆန်းစစ်ရန် စတင်ဆောင်ရွက်လျက်ရှိသည်။ NOM
27 سپتامبر, 10:35

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကုန်စည်စီးဆင်းမှု လွယ်ကူလုံခြုံမြန်ဆန်စေရေး ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးဂိတ်
+4
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကုန်စည်စီးဆင်းမှု လွယ်ကူလုံခြုံမြန်ဆန်စေရေး ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးဂိတ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး စက်တင်ဘာ ၂၇၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက ကုန်စည်စီးဆင်းမှု လွယ်ကူလုံခြုံမြန်ဆန်စေရေးအတွက် ဝေါမြို့နယ်၊ ညောင်ခါးရှည် (X-Ray) အမြဲတမ်းစစ်ဆေးရေးဂိတ်သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စစ်ဆေးရေးဂိတ် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ စစ်ဆေးရေးဂိတ်များသည် တရားမဝင် ကုန်သွယ်မှု ပပျောက်စေရေး၊ မူးယစ်ဆေးဝါးနှင့် အခြားကန့်သတ်ပစ္စည်းများ ဝင်ရောက်မှုမရှိစေရေးအတွက် တည်ဆောက်ပေးထားခြင်းဖြစ်၍ တရားဥပဒေနှင့်အညီ ထိရောက်စွာဆောင်ရွက်ရန်၊ တစ်ဖက်တွင်လည်း ခရီးသွားပြည်သူများနှင့် တရားဝင် ခွင့်ပြုထားသည့် ကုန်စည်စီးဆင်းမှုများ လွယ်ကူလုံခြုံလျင်မြန်စွာ စီးဆင်းနိုင်ရေး ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း ပြောကြားသည်။ ထို့အပြင် စစ်တောင်းမြစ်အား ဖြတ်သန်း၍ ရှောင်ကွင်းလမ်းများမှတစ်ဆင့် တရားမဝင် ကုန်သွယ်မှု လမ်းကြောင်းများကို ဖော်ထုတ်ပိတ်ဆို့ ဖမ်းဆီးရန်၊ စစ်ဆေးရေးဂိတ် ပတ်ဝန်းကျင်၌ ကျူးကျော်အဆောက်အဦများ မရှိစေရေး၊ ဂိတ်အတွင်း သန့်ရှင်းသာယာလှပစေရေးနှင့် လုံခြုံရေး အထူးဂရုပြု ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။ ထို့နောက် မူးယစ်တပ်ဖွဲ့စုမှူးနှင့် အကောက်အခွန်ဦးစီးဌာန တာဝန်ခံတို့က မူးယစ်ဆေးဝါးနှင့် တရားမဝင် ကုန်ပစ္စည်းများ ဖမ်းဆီးရမိမှု၊ အမှုဖွင့် အရေးယူဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ညီလျန်းချိုနှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး တင်မျိုးထူးတို့က အကြံပြု ဖြည့်စွက်တင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ညောင်ခါးရှည် (X-Ray) အမြဲတမ်းစစ်ဆေးရေး ပို့ကုန်ဂိတ်နှင့် သွင်းကုန်ဂိတ်များ၌ ခရီးသွားများအား FRS စနစ်ဖြင့် စစ်ဆေးနေမှု၊ ကုန်စည်ပို့ဆောင်သည့် ယာဉ်များကို X-Ray စက်ကြီးများဖြင့် စစ်ဆေးနေမှုနှင့် မော်တော်ယာဉ်ငယ်များကို Mobile X-Ray စက်များဖြင့် စစ်ဆေးဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရသည်။
27 سپتامبر, 06:01

အင်းတော်ကြီးဒေသလုံးဆိုင်ရာ ပြည်သူ့စစ်သင်တန်းဆင်းပွဲပြုလုပ်ခဲ့ စက်တင်ဘာ ၂၆၊ ၂၀၂၆ အင်းတော်ကြီးဒေသလုံးဆိုင် ပြည်သူ့စစ်သင်တန်းဆင်
+3
အင်းတော်ကြီးဒေသလုံးဆိုင်ရာ ပြည်သူ့စစ်သင်တန်းဆင်းပွဲပြုလုပ်ခဲ့ စက်တင်ဘာ ၂၆၊ ၂၀၂၆ အင်းတော်ကြီးဒေသလုံးဆိုင် ပြည်သူ့စစ်သင်တန်းဆင်းပွဲကို နန့်မွန်းမြို့မှာ ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့၌ ပြုလုပ်ခဲ့သည်။ သင်တန်းဆင်းပွဲကို အင်အား ၄၀၀ ကျော်ဖြင့် ပြုလုပ်ခဲ့ပြီး အဆိုပါ ၄၀၀ ကျော်အနက် အမျိုးသမီး တစ်ရာကျော်ပါဝင်သည်။ အဆိုပါသင်တန်းကို တက်ရောက်ခဲ့သူအများစုသည် ဒေသခံ ရှမ်းနီများဖြစ်သည်။
27 سپتامبر, 06:00

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံတက္ကသိုလ် ၊ ဆေးတက္ကသို
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံတက္ကသိုလ် ၊ ဆေးတက္ကသိုလ်(၁)နှင့် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)တို့သို့ သွားရောက်လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တက္ကသိုလ်များ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက် ပညာရေး အရ ရင်းနှီးမြှုပ်နှံခြင်းသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်နိုင်ငံတော်ကောင်း ကို ပုံဖော်တည်ဆောက်နေခြင်းပင်ဖြစ်သည့်အတွက် နိုင်ငံအတွက် အသိပညာအတတ် ပညာပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်းများကို တက္ကသိုလ်များမှ စဉ်ဆက် မပြတ် မွေးထုတ်ပေးသွားရန်လိုကြောင်းထည့်သွင်းပြောကြား နေပြည်တော်၊ စက်တင်ဘာ - ၂၇ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံတက္ကသိုလ်၊ ဆေးတက္ကသိုလ်(၁)နှင့် ရန်ကုန် တက္ကသိုလ် (လှိုင်နယ်မြေ)တို့သို့ သွားရောက် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
27 سپتامبر, 05:57

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)သို့ သွားရောက
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ)သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။   ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် နိုင်ငံတော်သမ္မတက နိုင်ငံတော်အတွက် လိုအပ်သည့် အရည်အသွေးမြင့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး၊ ထူးချွန်ကျောင်းသားများကို စနစ်တကျ ရွေးချယ်လေ့ကျင့်ပျိုးထောင်ရေး၊ တက္ကသိုလ်များ၏ အဆင့်အတန်းနှင့် ဥပဓိရုပ် ကောင်းမွန်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။
27 سپتامبر, 05:41

တနင်္သာရီတိုင်းအတွင်း မိုးသည်းထန်သဖြင့်ဒေသခံများကို ရေဘေးလွှတ်ရာသို့ ကယ်ဆယ်ရေးဆောင်ရွက်ပေး NOM၊စက်တင်ဘာ၂၇၊၂၀၂၆ တနင်္သာရီတိုင်
တနင်္သာရီတိုင်းအတွင်း မိုးသည်းထန်သဖြင့်ဒေသခံများကို ရေဘေးလွှတ်ရာသို့ ကယ်ဆယ်ရေးဆောင်ရွက်ပေး NOM၊စက်တင်ဘာ၂၇၊၂၀၂၆ တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ပုလော မြို့နယ်နှင့် လောင်းလုံးမြို့နယ်များအတွင်းယနေ့စက်တင်ဘာ၂၇ရက်နံနက်ပိုင်းတွင်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပလောက်ချောင်းရေမြင့်တတ်ပြီးရပ်ကွက်များအတွင်း ရေဝင် ရောက်မှုကြောင့်ဒေသခံများကို ရေဘေးလွှတ်ရာသို့ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးသည့်ဟု ဒေသခံလူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည် ရေကြီးမှုဖြစ်ပွားနေသည့်ရပ်ကွက်များသို့ သက်ဆိုင်ရာမြို့နယ်မီးသတ်စခန်းမှသန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရေဝင်ရောက်နေသော နေအိမ်များမှ အိမ်ထောင် စုများအား ရေဘေးလွတ်ရာသို့ ကူညီ ရွှေ့ပြောင်းပေးလျက်ရှိကြောင်းသိရသည်။
27 سپتامبر, 05:10

ကဝမြို့နယ်နှင့် သနပ်ပင်မြို့နယ်တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျခြင်း၊ နေအိမ်ပျက်စီးခြင်းများဖြစ်ပွား NOM၊စက်တင်ဘ
ကဝမြို့နယ်နှင့် သနပ်ပင်မြို့နယ်တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျခြင်း၊ နေအိမ်ပျက်စီးခြင်းများဖြစ်ပွား NOM၊စက်တင်ဘာ၂၇၊၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်နှင့် သနပ်ပင်မြို့နယ်တို့တွင်ယနေ့စက်တင်ဘာ၂၇ရက်နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျမှုများဖြစ်ပွားခဲ့ရာ နေအိမ်ပျက်စီးမှုများဖြစ်ပွားခဲ့သည့်ဟု မီးသတ်တပ်ဖွဲ့မှသတင်းထုတ်ပြန်ထားသည်။ ကဝမြို့နယ်၊ အလယ်ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျ၍ နေအိမ်တစ်လုံးပေါ် ပိမိခဲ့သည့်အပြင် သနပ်ပင်မြို့နယ်၊တာ၀ရေးတံခါးကျေးရွာနှင့် ကုန်းတန်းကျေးရွာတို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁၁)လုံးအမိုးလန်ခြင်းနှင့် ဓာတ်တိုင်တစ်တိုင် ကျိုးကျမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့်နေအိမ်များပျက်စီးရာသို့ ကဝမြို့နယ်မီးသတ်စခန်းနှင့်သနပ်ပင်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ သက်ဆိုင်ရာနယ်မြေများသို့။ သွားရောက်ပြီးရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်းသိရသည်။
27 سپتامبر, 05:09

ကုလသမဂ္ဂ (UN) ၏ မူကြမ်းတစ်ခုတွင် မူလပါရှိသော AI အသုံးပြု၍ ပစ်မှတ်ရွေးချယ်ရာ၌ လူသားက ထိန်းချုပ်ကွပ်ကဲရမည်ဆိုသည့် သတ်မှတ်ချက်ကိ
ကုလသမဂ္ဂ (UN) ၏ မူကြမ်းတစ်ခုတွင် မူလပါရှိသော AI အသုံးပြု၍ ပစ်မှတ်ရွေးချယ်ရာ၌ လူသားက ထိန်းချုပ်ကွပ်ကဲရမည်ဆိုသည့် သတ်မှတ်ချက်ကို ဖြုတ်ပယ်ရန် ရုရှားနှင့် အမေရိကန်တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း ဝါရှင်တန်ပို့စ် The Washington Post သတင်းစာက ဖော်ပြထားသည်။ ဂျီနီဗာမြို့တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲများအတွင်း စစ်ဘက်ဆိုင်ရာ AI စနစ်များသည် "ခန့်မှန်းတွက်ချက်နိုင်စွမ်းရှိရမည်" နှင့် "စိတ်ချယုံကြည်ရမည်" ဆိုသည့် တောင်းဆိုချက်များအပြင်၊ အလိုအလျောက် အလုပ်လုပ်သော လက်နက်များကို မသုံးစွဲမီ စာရိတ္တနှင့် ကျင့်ဝတ်ဆိုင်ရာ စဉ်းစားသုံးသပ်ရမည်ဆိုသည့် အချက်များကိုပါ ဖြုတ်ပယ်ခဲ့ကြသည်။ နောက်ဆုံးနေ့တွင် နိုင်ငံအသီးသီးမှ ရှေ့နေ ၁၀ ဦးခန့်ပါဝင်သော အဖွဲ့များသည် စာသားအသုံးအနှုန်းများကို လျှော့ပေါ့ပြင်ဆင်ရန် ၁၅ နာရီနီးပါး အချိန်ယူ ဆွေးနွေးခဲ့ကြသည်။ ဤဆွေးနွေးပွဲသည် ပစ်မှတ်များကို အလိုအလျောက် ရှာဖွေတိုက်ခိုက်နိုင်သည့် အသက်အန္တရာယ်ရှိ စစ်ဘက်ဆိုင်ရာ AI လက်နက်များနှင့် ပတ်သက်၍ ကမ္ဘာ့စည်းမျဉ်းများ သတ်မှတ်ရန် UN ၏ ပထမဆုံး အလေးအနက်ထား ကြိုးပမ်းမှုဖြစ်သည်။ ယခု စာချုပ်သည် ဥပဒေကြောင်းအရ လိုက်နာရန် အကျုံးမဝင်သေးသော်လည်း အနာဂတ်တွင် ချုပ်ဆိုမည့် စာချုပ်တစ်ခုအတွက် အခြေခံဖြစ်လာနိုင်သည်။ AI နည်းပညာကို လက်ရှိတွင် စစ်ပွဲများ၌ စတင်အသုံးပြုနေပြီဖြစ်ရာ အမေရိကန်တပ်ဖွဲ့များသည် အီရန်နှင့် စစ်ပွဲစတင်သည့် ပထမဆုံးနေ့၌ပင် ပစ်မှတ်ပေါင်း ၁,၀၀၀ နီးပါးကို ရှာဖွေဖော်ထုတ်ရန် Anthropic နည်းပညာကို အသုံးပြုခဲ့ကြောင်း WP က ထောက်ပြထားသည်။ နှစ်နိုင်ငံစလုံးက အလိုအလျောက်အလုပ်လုပ်သော AI လက်နက်များအပေါ် တရားဝင် စည်းနှောင်မှုရှိသည့် ကန့်သတ်ချက်များထားရှိရန် သဘောမတူကြဘဲ နောက်တစ်ကြိမ် ဆွေးနွေးပွဲကို နိုဝင်ဘာလတွင် ကျင်းပမည်ဖြစ်သည်။
27 سپتامبر, 01:37

စက်ရုံများ အော်ဒါကျဆင်းပြီး ပိတ်သိမ်းစေရေး၊ အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်စေရေးတို့အတွက် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေသူများ
စက်ရုံများ အော်ဒါကျဆင်းပြီး ပိတ်သိမ်းစေရေး၊ အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်စေရေးတို့အတွက် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေသူများ၏ မဟုတ်မမှန်သတင်းများ ဖြန့်ဝေသွေးထိုးလှုံ့ဆော်မှုများ သိရှိနားလည်ကြရန်လိုအပ် စက်တင်ဘာ ၂၆၊ ၂၀၂၆ စက်ရုံများ အော်ဒါကျဆင်းပြီး ပိတ်သိမ်းစေရေး၊ အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်စေရေးတို့အတွက် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေသူများ၏ မဟုတ်မမှန်သတင်းများဖြင့် ဖြန့်ဝေသွေးထိုးလှုံ့ဆော်မှုများကို သိရှိနားလည်ကြရန် လိုအပ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ယနေ့နံနက်ပိုင်းတွင် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် ကနောင်ခန်းမ၌ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံများ ပုံမှန်လည်ပတ်၍ လုပ်ငန်းခွင်အေးချမ်းသာယာရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ စဉ်ဆက်မပြတ်ရရှိစေရေးနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲတွင် ပြောကြားသည်။ ထို့ပြင် အလုပ်သမားများ၏ အလုပ်အကိုင်အခွင့်အလမ်းတည်မြဲရေးနှင့် လုပ်ငန်းခွင်အေးချမ်း သာယာရေးအတွက် အလုပ်သမားဝန်ကြီးဌာနက မျက်ခြည်မပြတ်စောင့်ကြည့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလုပ်ရှင်များကလည်း အလုပ်သမားများ၏ ရပိုင်ခွင့်နှင့် တင်ပြချက်များကို အလေးထားဖြေရှင်းပေးခြင်း၊ အလုပ်သမားများကလည်း အမှာစာများ မဆုံးရှုံးရအောင် စက်ရုံ၏ စည်းကမ်းချက်များကို လိုက်နာကာ လုပ်ငန်းခွင်အေးချမ်းသာယာရေးအတွက် တာဝန်သိစွာ ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ အလုပ်ရှင်၊ အလုပ်သမားနှစ်ဦးနှစ်ဖက်လိုအပ်ချက်များကို တွေ့ဆုံဆွေးနွေးအဖြေရှာပြီး လုပ်ကိုင်ဆောင်ရွက်သွားမည်ဆိုပါက လုပ်ငန်းခွင်အေးချမ်းသာယာမှုကို ရေရှည်ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ တက်ရောက်လာကြသော အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များ၊ စက်မှုဇုန်များမှ ကိုယ်စားလှယ်များက လတ်တလောတွေ့ကြုံနေရသည့် လုပ်ငန်းဆိုင်ရာအခက်အခဲများ ဆွေးနွေးတင်ပြမှုအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ အဆိုပါတွေ့ဆုံပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) တို့မှ တာဝန်ရှိသူများ၊ စက်ရုံပိုင်ရှင်နှင့် မန်နေဂျာများ၊ ရန်ကုန်မြို့ရှိ စက်မှုဇုန်အားလုံးမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (CTUM)၊ သွေးစည်းညီညွတ်သော အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (STUM) တို့မှ တာဝန်ရှိသူများနှင့် အလုပ်သမားကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။
27 سپتامبر, 01:02

ယနေ့နံနက်ပိုင်းက ဟော်မုဇ်ရေလက်ကြား၌ စည်းကမ်းဖောက်ဖျက်သော သင်္ဘောများကို အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ ရေတပ်က ပစ်မှတ်ထား တိုက်ခိုက်မှုများ သိသိသာသာ တိုးမြှင့်ပြုလုပ်လာခဲ့သည်။ စည်းကမ်းဖောက်ဖျက်သော သင်္ဘောအမျိုးမျိုးကို ဦးတည်၍ သင်္ဘောဖျက် ခရုစ်ဒုံးကျည်များ (Anti-ship cruise missiles) နှင့် ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့ပြင် အီရန်တော်လှန်ရေးအစောင့်တပ် ရေတပ်၏ အမြန်သွား တိုက်ခိုက်ရေးရေယာဉ်များသည်လည်း ရန်လိုသော ရေနံတင်သင်္ဘောများကို လမ်းညွှန်ဗုံးများ၊ Dushka စက်သေနတ်များ၊ လက်နက်ငယ်များဖြင့် တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်လျက်ရှိသည်။ ခိုင်မာသော သတင်းထုတ်ပြန်ချက်များအရ အနည်းဆုံး သင်္ဘော ၃ စီး ထိမှန်ထားပြီး ၄ စီးမြောက် သင်္ဘောမှာမူ နောက်ကြောင်းပြန်လှည့်သွားခဲ့သည်။ အချို့သော သတင်းများတွင် သင်္ဘော ၆ စီးအထိ ထိမှန်ခဲ့သည်ဟု ဆိုသော်လည်း အတည်မပြုနိုင်သေးပေ။ NOM
27 سپتامبر, 01:01

26 سپتامبر, 22:55

အီရန်နိုင်ငံ၏ကုလကိုယ်စားလီယ်ကနေတန်ယာဟုကိုကုလအထွေထွေညီလာခံတွင်မိန့်ခွန်းပြောခွင့်ပြုခြင်းအားဝေဖန် NOM အီရန်၏ ကုလသမဂ္ဂကိုယ်စားလှယ် ကအစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကုလအထွေထွေညီလာခံတွင်မိန့်ခွန်းပြောသည့်အပေါ်”ကုလသမဂ္ဂကို စစ်ရာဇဝတ်ကောင်များအတွက် စင်မြင့်အဖြစ် ဆောင်ရွက်ရန်မဟုတ်ဘဲ ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်နှင့် တရားမျှတမှုကို ထိန်းသိမ်းရန်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် စစ်ရာဇဝတ်ကောင်များ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်ကောင်များနှင့် လူမျိုးတုံးသတ်ဖြတ်မှုများအတွက် နိုင်ငံတကာတရားရုံးနှစ်ခုတွင် တရားစွဲဆိုခံနေရသူတစ်ဦးအား ဤညီလာခံတွင် မည်သို့တက်ရောက်ခွင့်ပြုနိုင်မည်နည်း။ သူသည် ဤစင်မြင့်တွင် သူ၏ရာဇဝတ်ကောင်များကို တရားမျှတစေရန် သို့မဟုတ် လူမျိုးတုံးသတ်ဖြတ်မှုအတွက် ဖြေဆိုရန် တရားရုံးတွင် ရပ်တည်ခွင့်ရှိပါသလား။ ထို့အပြင်၊ ဤညီလာခံသည် ကုလသမဂ္ဂ၏ မူများကို အဆက်မပြတ်ချိုးဖောက်နေသော ဤအစိုးရအား အဖွဲ့အစည်းမှ နှင်ထုတ်ရန် ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ အပိုဒ် ၆ ကို အဘယ်ကြောင့် မကိုးကားသနည်း။ ဤညီလာခံတွင် ရာဇဝတ်ကောင်တစ်ဦးရှိနေခြင်းကို ခွင့်ပြုခြင်းသည် ကုလသမဂ္ဂ၏ ရည်ရွယ်ချက်နှင့် မူများနှင့် အခြေခံအားဖြင့် ဆန့်ကျင်ဘက်ဖြစ်ပြီး၊ ၎င်းတို့သည် မျှော်လင့်ချက်ဆောင်ပုဒ်များမဟုတ်သလို အဖွဲ့ဝင်အချို့အတွက်သာ ရွေးချယ်၍ သက်ဆိုင်ခြင်းလည်း မဟုတ်ပါ။”ဟုဝေဖန်ပြောကြားလိုက်သည်။
26 سپتامبر, 22:54