en
Feedback
မောင်သုတ 🧐

မောင်သုတ 🧐

Open in Telegram

သမိုင်း၊ သိပ္ပံ၊ စီးပွားရေး၊ စာပေ CB - @MgThuThaBot February 9. 2022

Show more
9 007
Subscribers
+124 hours
+537 days
+24430 days
Posts Archive
Repost from Paper Poetry
သက်တမ်း ‎ ‎ကိုယ်မင်းကိုချစ်တဲ့အချစ်တွေ ‎ဘယ်အချိန်မှာ စတင်ခဲ့တာလည်း ‎မင်းသိလား... ‎ ‎Chopinရဲ့လက်သံတွေလို ‎မင်းအသံလေးကိုစကြားတဲ့ ‎ညနေလေးမှာကိုယ်ရင်ခုန်မိခဲ့တယ်။ ‎ ‎Vango ရဲ့ "The Starry Night" ပန်းချီထဲကလို ‎လှပတဲ့ ညလေးမှာ ‎မင်းကိုရူးရူးမူးမူးချစ်မိခဲ့တာ။ ‎ ‎Shakespeare ရဲ့ အချစ်ကဗျာတွေလို ‎နက်ရှိုင်းတဲ့ မင်းရဲ့မျက်ဝန်းတွေကို ‎စိုက်ကြည့်မိတဲ့ အချိန်လေးမှာပဲ ‎ကိုယ့်ဘဝတစ်ခုလုံး မင်းဆီမှာ သက်ဆင်းခဲ့ရ။ ‎ ‎အဲဒီအနုပညာတွေအားလုံး ပေါင်းစပ်ပြီး ‎ဖြစ်တည်တဲ့ "ဂျူး"ဆိုတဲ့ ကမ္ဘာလေးထဲမှာပဲ ကိုယ့်အချစ်တွေရဲ့ သက်တမ်းကို ‎ထာဝရဆုံးထိ ဖြစ်တည်ချင်တယ် ‎ကလေးမရယ်။ ‎ ‎-သက္က

Vlad the Impaler၏တိုင်းပြည်အတွင်း သူခိုးဂျပိုးနှင့် အကျင့်ပျက်ခြစားသူများကို သုတ်သင်ချိန်၌ ပြောခဲ့သောစကား ငါ....ဒီလိုလုပ်ရတာက
Vlad the Impaler၏တိုင်းပြည်အတွင်း သူခိုးဂျပိုးနှင့် အကျင့်ပျက်ခြစားသူများကို သုတ်သင်ချိန်၌ ပြောခဲ့သောစကား ငါ....ဒီလိုလုပ်ရတာက အကြောင်းရင်း (၂)ချက်ကြောင့်ပဲ။ ပထမတစ်ခုက ဒီလူတွေက တခြားသူတွေအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေတော့ဖို့နဲ့ ဒုတိယတစ်ခုကတော့ ငါ့ရဲ့ အုပ်ချုပ်မှုအောက်မှာ ဘယ်သူကမှ ဆင်းရဲမွဲတေတာ သူတောင်းစားဖြစ်နေတာမျိုးကို မရှိစေဘဲ အားလုံးကို ညီတူညီမျှ ချမ်းသာကြွယ်ဝစေချင်လို့ပဲ။ -Vlad the Impaler #RAIDEN_KT #Kyawthet #History

ရာပေးလို့ ထောင်မပွားနိုင်သ၍တော့ ကျွန်တော့်ရဲ့ရည်းစားအနေနဲ့သာ ရှိနေပေးပါ။ -ဒေါင်းနက်

ကျွန်တော်တို့ဟာ ပြည်သူ့‌တွေကို ကာကွယ်‌ပေးနေတဲ့လူတစ်ဦးမဟုတ်ပေ။ ထိုသို့သော မောက်မာသည့်ဂုဏ်ပုဒ်မျိုးကိုလည်း ကျွန်တော်ဟာ တစ်ခါမျှ
ကျွန်တော်တို့ဟာ ပြည်သူ့‌တွေကို ကာကွယ်‌ပေးနေတဲ့လူတစ်ဦးမဟုတ်ပေ။ ထိုသို့သော မောက်မာသည့်ဂုဏ်ပုဒ်မျိုးကိုလည်း ကျွန်တော်ဟာ တစ်ခါမျှ တောင်းဆိုခဲ့ခြင်းမရှိပါ။ ကျွန်တော်ဟာ ပြည်သူထဲမှ ပြည်သူတစ်ယောက်သာ ဖြစ်တယ်လို့ပြောရင်ပိုမှန်ပါလိမ့်မယ်။ ထိုမျှသာ ဖြစ်ခဲ့ဖူးပြီး ထိုမျှသာ ဖြစ်လို၏။ ထိုထက်ပိုသော အရာတစ်ခုခု ဖြစ်သည်ဟု ကြုံးဝါးနေသူမည်သူ့ကိုမဆို ကျွန်ုပ်ရွံရှာ၏။ -Maximilien Robespierre ပြင်သစ်တော်လှန်ရေး ခေါင်းဆောင် #RAIDEN_KT #Kyawthet #History

ရက်စက်လေခြင်း ငါအရင်ချစ်ခဲ့တာလို့ ပြောရင် မင်းယုံမလားအသက်။ ဒီညကြယ်တွေ မကြွေစေချင်ဘူး။ ငါ့ဆုတောင်းတွေ ပြည့်သွားမှာထက် မင်းချစ်တဲ့ ကြယ်တွေကြွေမှာကို ငါပိုကြောက်တယ် အသက်။ မင်းသိလား အသက် လူတစ်ယောက်မှာ သူသိပ်မြတ်နိုးရတဲ့ အရာတွေအများကြီးရှိလိမ့်မယ်။ ဒါပေမဲ့ သူအမြတ်နိုးဆုံးကတော့ တစ်ခုတည်းပဲ။ အင်း... အဲ့လိုပဲပေါ့ ငါ့အသက်ရယ် မင်းဟာလဲ ငါ့ရဲ့တစ်ခုတည်းသော မြတ်နိုးရာပဲ။ ဒီအချိန်မင်းငိုနေမလား ငါတွေးခဲ့သေးတယ် အသက်။ ငါ့ဒဏ်ရာကိုမှမထောက် မင်းဘက်ကိုတွေးပေးခဲ့တယ် အသက်ရေ။ မင်းကတော့ လုပ်ရက်တယ်...။ ‌တစ်ခါတစ်လေ‌တော့ အနာလဲပေး ဆေးလဲပေးရင် သိပ်ကောင်းမယ် အသက်။ အခုတော့အစိမ်းသက်သက် ဒဏ်ရာတွေချည်းပါလား။ ရက်စက်လိုက်တာ အသက်ရယ်။ ငါလေ...မင်းကိုတခြားသူတွေထက် ပိုချစ်ခဲ့တာ။ အရာရာတိုင်းထက် မင်းကို တန်ဖိုးထားခဲ့တာ။ ငါ့အချိန်တွေ အားလုံးကို မင်းဆီမှာပဲမြှုပ်နှံခဲ့တာ။ ငါ့လက်ကျန်ဘဝတစ်ခုလုံးကို မင်းနဲ့အတူ ဖြတ်သန်းချင်ခဲ့တာ အသက်။ ငါဟာ အရူးပဲအသက်ရယ်။ စိတ်ပျက်တယ် အသက်။ ငါ့ကိုယ်ငါ စိတ်ပျက်တယ်။ ငါကလွဲရင် အရာအားလုံးကို အလေးထားတဲ့ မင်းကိုချစ်ခဲ့မိလို့၊ အပြစ်တင်စကားတွေ ကြားထဲကမှ မင်းကို ပြောင်းလဲပေးချင်ခဲ့လို့၊ ငါ့ကိုယ်ငါထက် မင်းကို ပိုတန်ဖိုးထားခဲ့မိလို့...။ ငါ့ကိုယ်ငါ စိတ်ပျက်တယ်။ မင်းကိုတော့ မမုန်းပါဘူး ဒါပေမဲ့ မချစ်ရဲတော့ပါ...။ -အံ့လွန်းပျို

အချစ်ရေ မင်းကို လမင်းကြီးနဲ့ မလဲနိုင်ပါဘူးကွယ် သဘာဝတရားကလည်း ကျောက်သားဖွဲ့စည်းလို့ သိပ်သည်းလှချည်ရဲ့ ။ -မောင်ချောနွယ်

"ရိုးသားသော အေ့ဘ်" အများသိတဲ့ရိုးသားသူ အေ့ဘ် ကလေးလေးတစ်ဦး၊ သူက အရမ်းဆင်းရဲတယ်၊ အများက လယ်သမားနဲ့ နပန်းသမားလို့ခေါ်ကြတယ်၊ တခါတ
"ရိုးသားသော အေ့ဘ်" အများသိတဲ့ရိုးသားသူ အေ့ဘ် ကလေးလေးတစ်ဦး၊ သူက အရမ်းဆင်းရဲတယ်၊ အများက လယ်သမားနဲ့ နပန်းသမားလို့ခေါ်ကြတယ်၊ တခါတံရံ လှေထိုးသားလုပ်တယ်၊ သူမှာ ချစ်ရသူတွေကိုဆုံးရှုံးခဲ့ရဖူးတယ်၊ သူမှာ ကျောင်းဆိုတဲ့ပညာရေးကိုတစ်နှစ်တောင်အပြည့်မတတ်ရတဲ့မူလတန်းကလေးဘဝ၊ သူကအားမလျှော့သူ ရှေ့နေပေါင်းချုပ်နဲ့ ကျမ်းစာတွေကို အလွတ်မှတ်နိုင်တယ်၊ သူကသမိုင်းမှာ ကျွန်တွေရဲ့သံကြိုးတွေကို သူဖြတ်တောက်တယ်၊ သမိုင်းကို သူက အသစ်ရေးတယ်၊ ထိုသူဟာ လင်းကွန်းဆိုတဲ့ နာမတစ်ခုနဲ့ကျော်ကြားတယ်၊ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ထုဆစ်သူတို့အတွက် ရိုးသားသူ အေ့ဘ်လေးက ထာဝရ နေမင်းတစ်စင်း ဖြစ်ပါလိမ့်မယ်။ -RAIDEN KT Historian #History #RAIDEN_KT #Kyawthet

ငါ့အချစ်က မင်းပြီးရင် မင်းပဲ။ -ပိုင်သစ်နွယ်

ကဗျာစာစဉ်အမည် - တစ်ပွင့်သာလျှင် ကဗျာအမှတ်စဉ် (၃) အရာရာတိုင်းဟာ ပေါများနေရင်မကောင်းဘူးလို့ ထင်ရပေမဲ့ တစ်ခုတည်းရှိပြီး ထင်ရှားန
ကဗျာစာစဉ်အမည် - တစ်ပွင့်သာလျှင်
ကဗျာအမှတ်စဉ် (၃) အရာရာတိုင်းဟာ ပေါများနေရင်မကောင်းဘူးလို့ ထင်ရပေမဲ့ တစ်ခုတည်းရှိပြီး ထင်ရှားနေတာတွေကတော့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလည်း အများကြီးပါ။ ဒီအပတ်မှာ‌လည်း မတူညီတဲ့ အတွေးပေါင်းစုံနဲ့ စာပေချစ်သူတွေကို ဘယ်လိုရသတွေ ခံစားသွားစေမလဲဆိုတာကို ရင်သက်ရှုမောဖွယ် စောင့်မျှော်လျက်ရှိပါပြီ။ ကဗျာချစ်သူများအားလုံး ပါဝင်ရေးသားပေးကြဖို့ ဖိတ်ခေါ်လက်ကမ်းလိုက်ရပါတယ်ခင်ဗျာ..🗯️။ ကဗျာစာမူပိတ်သိမ်းချိန် - ၂၈ရက်နေ့ ည ၉နာရီ ကဗျာစာစဉ်အတွက် ကဗျာစာမူများကို @Alp_ll2010 ဒီအကောင့်ဆီ ပေးပို့နိုင်ပါပြီခင်ဗျ။ -ကဗျာဗဟိုပြု စာပေကလပ်စည်း #poetry_series #A_poetryhub #literary_club

မူးယစ်ဆေး တန်ဆေးလွန်ဘေး မူးယစ်ဆေး ဝေးဝေးရှောင်ပါ တစ်သက်တာ။ လူငယ်များကြား ရေပန်းစား အမှားရှောင်ကာ ပြင်ခန္ဓာ။ ကိုယ့်ကိုယ်ကိုယ်ပဲ ဆင်ခြင်ဆဲ မှီဝဲဖို့ရာ စောင့်ထိန်းလာ။ ကိုယ့်လူတို့ရေ စဉ်းစားလေ အသေမြန်တာ သူ့ကြောင့်ကွာ။ ဆိုးကျိုးများနှင့် မူးယစ်ဖြင့် သုံးလင့်သူဟာ ကျေးကျွန်ပါ။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-‌သံပေါက်

"ခြင်္သေ့ နှင့် ကျည်ပွေ့"
ထိုနေ့ညက မင်္ဂလာဒုံဘက်က ဘီယာဆိုင်တစ်ဆိုင်၏ ထောင့်အကျဆုံးဝိုင်းတွင် သွေးသောက်သူငယ်ချင်း ၄ ယောက် ဆုံဖြစ်ကြသည်။ ဘီယာ ၃ ပုလင်းခန့် ဝင်သွားပြီးနောက် မာနတလူလူနှင့် ခါးကိုမတ်၊ ရင်ကိုကော့ကာ စားပွဲကို လက်ဝါးနှင့် ဖြုန်းခနဲ ရိုက်လိုက်သူကတော့ ကျွန်တော် "ရဲလင်း" ပေါ့။ "မင်းတို့ကောင်တွေ တကယ့်ကို ညံ့ဖျင်းလွန်းတယ်ကွာ။ မိန်းမ ဖုန်းဆက်တာနဲ့ ပြာပြာသလဲ အိမ်ပြန်ရအောင် မင်းတို့က ယောကျာ်းတွေလား၊ ကြက်သူခိုးတွေလား? ငါ့ကို ကြည့်စမ်း... ငါ့အိမ်မှာဆို ငါက ဧကရာဇ်မင်းပဲ။ 'အေးချမ်း... ငါ့ကို ရေတစ်ခွက် ခပ်ပေးစမ်း' လို့ အသံခပ်အုပ်အုပ်နဲ့ တစ်ချက်ဟောက်လိုက်ရင်ကို သူခြေဖျားလက်ဖျားတွေ တုန်နေတာကွ။ ယောက်ျားဆိုတာ ခြင်္သေ့မင်းလို ခေါင်းဆောင်၊ မိန်းမဆိုတာ တို့ယောက်ျားတွေရဲ့ ခြေဖဝါးအောက်မှာ ထားရတယ်ကွ... ရှင်းလား!" ကျန်သူငယ်ချင်း ၃ ယောက်က ပါးစပ်အဟောင်းသားနှင့် ရိုသေလေးစားစွာ ကြည့်ရင်း "ဆရာကြီးပဲ ရဲလင်း... ဆရာကြီးရဲလင်းက အိမ်ထောင်သည် ယောကျာ်းထုရဲ့ ပြည်သူ့အသည်းစွဲ ခေါင်းဆောင်ပဲ" ဟု ဝိုင်းမြှောက်ပင့်ကြတော့ ကျွန်တော့် မာနတွေက အင်္ဂါဂြိုဟ်အထိ တက်သွားခဲ့သည်။ ဘီယာဝိုင်းကအပြန် သူငယ်ချင်းတွေရှေ့မှာ မာန်ပြချင်သဖြင့် ဖုန်းကို ထုတ်ပြီး မိန်းမဆီကို Voice Message ပို့လိုက်သေးသည်။ "ဒီမှာ... ငါ ညဉ့်နက်မှ ပြန်လာမယ်။ တံခါးဖွင့်ထား၊ ငါ့ကို မစောင့်နဲ့၊ စိတ်ရှုပ်တယ်!" အိမ်ပြန်ရောက်တော့ ညဉ့်နက် ၁ နာရီခွဲ။ ပတ်ဝန်းကျင်တစ်ခုလုံးက သုသာန်တစပြင်လို တိတ်ဆိတ်နေသည်။ ခြံဝင်းတံခါးကြီးကို တွန်းဖွင့်ပြီး အိမ်ထဲကို ခြေသံပြင်းပြင်း၊ ဖိနပ်သံ တုန်တုန်နှင့် စစ်သူကြီးတစ်ဦးလို ဝင်သွားလိုက်သည်။ ဧည့်ခန်းမီးက မှိတ်ထားသော်လည်း ဆိုဖာပေါ်တွင် ခြေထောက်ချိတ်၊ လက်ပိုက်ပြီး ကျောက်ရုပ်တစ်ရုပ်လို ထိုင်နေသည့် သူမ၏ အရိပ်မည်းကြီးကို အမှောင်ထဲတွင် မြင်လိုက်ရသည်။ 'အဟမ်း... ဆိုင်က ကောင်တွေလည်း ငါ့ရဲ့ မက်စိ(Voice Message) ကို နားထောင်ထားတာ။ အခု အိမ်မှာပါ အပတ်အကုပ် နိုင်ပြမှ ဖြစ်မယ်' ဟု တွေးကာ ရင်ဘတ်ထဲက ယောက်ျားမာန်ကို အစွမ်းကုန်ဆွဲတင်ပြီး အသံကို သေမင်းတမန်လို ခပ်ထန်ထန် ဟိန်းဟောက်လိုက်သည်။ "မအိပ်သေးဘဲ ဘာထိုင်လုပ်နေတာလဲ! ငါ့လွတ်လပ်ခွင့်ကို လာမပိတ်ပင်နဲ့။ ငါ ဘယ်အချိန်ပြန်ပြန် မင်း ဝင်စွက်ဖက်ခွင့်မရှိဘူး။ ငါ့မှာလည်း ယောကျာ်းသား မာနရှိတယ်၊ သိက္ခာရှိတယ်။ နောက်တစ်ခါ ငါ့ကို ဒီလို မျက်နှာသေနဲ့ လာမစောင့်နဲ့၊ စိတ်ကုန်လာရင် ကွာရှင်းပြစ်လိုက်မှာနော်!" စက္ကန့်ပိုင်းလောက် တိတ်ဆိတ်သွားသည်။ ကောင်းကင်က မိုးကြိုးသံ ဝုန်းခနဲ မြည်သွားချိန်တွင် အမှောင်ထဲက ဖြည်းဖြည်းချင်း ထရပ်လိုက်သည့် သူမ၏ လက်ထဲ၌ "အမဲရိုးတင်တဲ့ ငရုတ်ဆုံထဲက ကျောက်ငရုတ်ကျည်ပွေ့ကြီး" က ကပ်ပါလာတာကို မြင်လိုက်ရသည်။ သူမက သွားကို ကြိတ်၊ မျက်မှောင်ကြီးကို ကုပ်ပြီး သွေးအေးအေး လေသံနှင့် မေးလိုက်သည်။ "နင်... ခုနက ဘာကို ဖြတ်ချပြီး ဘာလုပ်မယ် ပြောလိုက်တာလဲ ရဲလင်း? အသံလေး နည်းနည်း ထပ်ကျယ်ပေးပါဦး။" ထိုအချိန်တွင် ကျွန်တော့်မျက်လုံးထဲ၌ ကမ္ဘာပျက်ကပ်ကြီးကို မြင်လိုက်ရသလို ခံစားလိုက်ရသည်။ ရဲရင့်တောက်ပြောင်နေသော မျက်ဝန်းအစုံက ချက်ချင်း မျက်ရည်အဝိုင်းသားနှင့် အရည်လည်သွားပြီး၊ ဒူးနှစ်ဖက်ကလည်း အပ်ချုပ်စက် နင်းနေသလို တဆတ်ဆတ် တုန်ခါလာခဲ့သည်။ သူမလက်ထဲက ငရုတ်ကျည်ပွေ့ကြီး၏ အလေးချိန်ကို ခန့်မှန်းရင်း တံတွေးကို ၃ ချက်ဆင့်ပြီး ခပ်မြိုချလိုက်ကာ... ချက်ချင်းပဲ ကြမ်းပြင်ပေါ် ဒူးထောက် ဖင်ထိုင်ချ၊ လက်အုပ်လေး ချီလိုက်ရင်း - "ဟို... ဟိုလေ မိန်းမရယ်...။ ကိုယ်... ကိုယ် ပြောတာက... အခုတလော ခေတ်က မကောင်းတော့ အိမ်ထောင်ရေး သာယာအောင် လင်မယားချင်း စိတ်ဆိုးဒေါသတွေကို ရင်ထဲကနေ အေးအေးဆေးဆေး 'ဖြတ်ချ' ပစ်လိုက်ရအောင်လို့ပါ။ ပြီးတော့... မိန်းမ တစ်နေ့လုံး အိမ်လုပ်ငန်းတွေ လုပ်ရတာ ပင်ပန်းနေမှာစိုးလို့ ညောင်းနေမှာစိုးလို့ ကိုယ်အခုပဲ နှိပ်ပေးပါရစေလို့ ပြောတာပါ မိန်းမရယ်... ဟီး... ငရုတ်ကျည်ပွေ့ကြီး ချလိုက်ပါနော်..." ပြောပြောဆိုဆိုနှင့် ငရုတ်ကျည်ပွေ့ကြီးကို ဆိုဖာပေါ် ဝုန်းခနဲ ပစ်ချလိုက်သည့် သူမ၏ မျက်စောင်းအောက်တွင် ရဲလင်းတစ်ယောက် ဖိနပ်ကို လက်ကကိုင်ကာ ရေချိုးခန်းထဲ အမြန်ပြေးဝင်ပြီး ညသန်းခေါင်ကြီး အဝတ်လျှော်ကန်ရှေ့တွင် ဒူးထောက်ကာ မိန်းမဖြစ်သူ၏ အတွင်းခံများအပါအဝင် အဝတ်တစ်ပုံကြီးကို ငိုယိုပြီး လျှော်ဖွတ်ပေးလိုက်ရပါတော့သည်။ ခေါင်းထဲတွင်လည်း....
"တစ်လောကလုံးကို စိန်ခေါ်ခဲ့တဲ့ ငါ့မာန... မိန်းမလက်ထဲက ငရုတ်ကျည်ပွေ့ရှေ့မှာတင် အစအနရှာမရအောင် ကြေမွသွားခဲ့ရတယ်ဗျာ..."
ဟု အဖန်ဖန်တလဲလဲ တွေးနေမိခဲ့ရပါတော့သည်။ #Khun #Comedy #Angél_Alphá@mirror148

သွေးရောင်လွှမ်းတဲ့ခေတ် အလံလွှင့်ဖို့ ရောင်နီတို့ သွေးစို့ဓားကိုယ်စီ။ လျင်မြန်အောင်ပြေး တို့မနှေး အဝေးကခေတ်ဆီ။ တို့ပြန်ရှာမိ အတိတ်၏ လွှမ်းတိရွှေရောင်ခြည်။ ခေတ်နှင့်စနစ် ပြောင်းပြန်ဖြစ် လက်သစ်သွေးရောင်နီ။ အနာဂတ်ဝယ် ဘယ်မှာကွယ် ရှာဖွယ်မကောင်းသည်။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-‌သံပေါက်

ကဗျာ ဆရာ ကဗျာဆရာ၊စာရေးတာသည် ဥစ္စာမမက်၊ဉာဏ်များထက်အောင် သူဆက်ရေးကာ၊လူငယ်ဟာလည်း ကဗျာစာကြောင့်၊လမ်းမှန်ဖြောင့်လို့ ရောင့်ရဲတတ်လေ။ ငါဆရာဟု၊‌မောင်းတိုင်းထုလို့ အတုယူလျှင်၊လမ်းဘေးတွင်သာ ‌အရင်‌တောင်းစား၊အာဏာအားလျှော့ အမှားပြင်ပေး၊လေ‌သံအေးနှင့် ဖာထေးအမှား၊ဆရာကားမှာ အများကိုးကွယ်ရာဖြစ်၏။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-လင်္ကာ

ဆိုတော့သူရဲ့ဘဝအစပိုင်းကိုတချက်ပြောပြရရင် သူကဗာဂျီးနီးယားပြည်နယ်က လူမည်းကျွန်တစ်ဦးဖြစ်တယ်။ ၁၇၈၁ခုနှစ်မှာအမေရိကန်တော်လှန်ရဲ့အကျပ်အတည်းကာလတစ်ခုဖြစ်ခဲ့တယ်။ အမေရိကန်တွေကဗြိတိသျှတွေကို အလူးအလဲရှုံးနေတဲ့အချိန်ဖြစ်တာကြောင့် စစ်သားသစ်တွေရရှိဖို့ ပြည်နယ်အသီးသီးကကျွန်တွေကို စစ်မှုထမ်းစေခဲ့တယ်။ အဲဒီထဲမှာJames Armisteadလည်ပါဝင်ခဲ့တာပေါ့ အဲလိုနဲ့အမေရိကန်တပ်ဖွဲ့ထဲဝင်ပြီး မကြာခင်မှာ သူကို ပြင်သစ်လူမျိုးဖြစ်တဲ့ ဗိုလ်ချုပ်Marquis de Lafayetteရဲ့လက်အောက်မှာ တာဝန်ထမ်းဆောင်စေခဲ့ပါတယ်။ အဲ့နောက်ဗိုလ်ချုပ်Lafayetteက jamesရဲ့ ဖျက်လတ်တဲ့ဉာဏ်နဲ့ ပါးနပ်တဲ့ လုပ်ရည်ကိုင်ရည်ကိုသဘောကျတာကြောင့် ရန်သူစခန်းထဲကိုသွားပြီး စပိုင်လုပ်ဖို့ လျိုဝှက်Missionပေးလိုက်တယ်။  ဇာတ်လမ်းကဒီမှာစတာပါပဲ ကျွန်တော်တို့ရဲ့ ဇာတ်ကောင်းကြီးjamesက မအူမလဲနဲ့ ဗြိတိသျှစစ်တပ်စခန်းထဲကို ခြေဦးတည်ရာထွက်ပြေးလာတဲ့ ကျွန်တစ်ယောက်ပုံစံနဲ့  အေးအေးဆေးဆေးလေးနဲ့ လမ်းလျှောက်ဝင်သွားခဲ့တယ်။ ဗြိတိသျှတွေက သူကိုတွေ့တဲ့အခါ အထင်သေးတဲ့အမြင်နဲ့ ဟိုမှာစစ်ပြေးကျွန်ဘဲ သူကိုခိုင်းလို့ရတယ်ဆိုပြီးခေါ်ထားလိုက်တယ်။ ပါးနပ်တဲ့jamesကလည်းဟန်မပြတ်ဘဲ အလုပ်ကြမ်းတွေလုပ်ပြတယ် အမေရိကန်ရဲ့ လမ်းတွေကို ပြပေးတာပေါ့  ဒီလိုနဲ့ ဗြိတိသျှ ထိပ်တန်ဗိုလ်ချုပ်ကြီတွေရဲ့ ယုံကြည့်မှုကို သူကရရှိသွားတယ်။ ‌ဗြိတိသျှတွေက သူကို ဘယ်လောက်ထိယုံသွားလဲဆိုရင်(အမေရိကန်ဗိုလ်ချုပ်ဟောင်းဖြစ်သူ)အမေရိကန်သမိုင်းမှာအရမ်းကောက်ကျစ်ပြီး ဗြိတိသျှဘက်ကို ဘက်ပြောင်းသွားတဲ့ သစ္စာဖောက်ဗြိတိသျှဗိုလ်ချုပ်Benedict Arnoldကိုယ်တိုင်းကjamesကိုအရမ်းယုံသွားပြီး မင်းအမေရိကန်စစ်တပ်ဆီသွားပြီး ငါတို့အတွက် သူလျှိုလုပ်ပေးစမ်းလို့တောင် ပြန်ခိုင်းလိုက်တဲ့အထိပါပဲ။(ဗြိတိသျှတွေကjamesကို သူတို့လူထင်နေတဲ့အထိပေါ့😭🤣) ဒီနေရာမှာ jamesက တကယ်ကိုUltra-Pro Masterဖြစ်တဲ့ သူလျှိုအစွမ်းအစပြသတော့တာပဲ။ သူကနဂိုထဲကအ‌‌မေရိကန်သစ္စာခံဖြစ်တာကြောင့်ဗြိတိသျှ‌တပ်တွေဆီသွားရင် အမေရိကန်တပ်ရဲ့ သတင်းအမှားတွေကို ပေးတယ်။ ဗြိတိသျှတွေကလည်း jamesရဲ့သတင်းတွေကို အဟုတ်မှတ်ကုန်တော့ သူတို့ရဲ့ အစီစဉ်တွေလွဲကုန်တယ်။ တစ်ဖက်သူက အမေရိကန်စစ်တပ်ဖက်ပြန်လာရင် ဗြိတိသျှတွေရဲ့ တကယ်စစ်ရေးလျှိူဝှက်ချက်အမှန်တွေကို ယူလာပေးတာပေါ့။ ဒီလိုနဲ့ အမေရိကန်စစ်တပ်ရဲ့ စစ်ရေးကံကြမ္မာဟာjames အပေါ်မူတည်လာပြီး တစ်နေ့မှာjames အတွက် သမိုင်းမှာ ထင်ကျန်ရစ်စေမယ့် တာဝန်ကြီးတစ်ခုနဲ့ကြုံခဲ့ရတယ်။ အဲဒါကSiege of Yorktownပါပဲ ဒီတိုက်ပွဲမှာjamesက ဗြိတိသျှစစ်တပ်ရဲ့ အခြေစိုက်ထားတဲ့Yorktownကဗြိတိသျှတပ်စခန်းရဲ့ စစ်အင်အားနဲ့ သူတို့ရဲ့ဗျူဟာတွေကို အသေးစိတ်ထောက်လှမ်းပြီး အမေရိကန်ဗိုလ်ချုပ်ကြီး ဂျော့ဝါရှန်တန် ဆီကို အရောက်ပို့ပေးခဲ့တာပါဘဲ။ jamesရဲ့ သတင်းကြောင့်ပဲ အမေရိကန်တွေက ဗြိတိသျှတပ်တစ်ခုလုံးကို လုံးဝပိတ်ဆို့တိုက်ခိုက်နိုင်ခဲ့ပြီး Yorktownတစ်မြို့လုံးကို သိမ်းပိုက်နိုင်ခဲ့တယ်။ ဒါကြောင့် အမေရိကန် လွတ်လပ်ရေးရသွားတဲ့ အခန်းကဏ္ဌထဲမှာလည်း ကျွန်တော်တို့ရဲ့ဇာတ်ကောင်ကြီး ဒီလူမည်းစပိုင်ကြီးက တစ်ထောက်တစ်နေရာကပါဝင်တယ်ဆိုရင် လုံးဝငြင်းလို့မရပါဘူး။ အမေရိကန်တော်လှန်းရေးစစ်ပွဲကြီးပြီးဆုံးသည့် အခါမှာတော့ အမေရိကန်တွေအားလုံးလွတ်လပ်ရေးရသွားခဲ့ပေမယ့် jamesတစ်ယောက်အတွက်တော့ ကျွန်တစ်ဦးက ကျွန်တစ်ဦးပါဘဲသူ လုံးဝမလွတ်မြောက်သေးပေ။ ဒါကို သူရဲ့ ဆရာဖြစ်တဲ့ ဗိုလ်ချုပ်ကြီးLafayetteက မခံမရပ်နိုင်ဖြစ်တဲ့အတွက် ပြည်နယ်အစိုးရဆီကို ဒီလူမည်းဟာ ငါတို့နိုင်ငံကို ကယ်တင်ခဲ့သူ‌တွေရဲ့အခန်းကဏ္ဌတစ်ခုမှာ ပါဝင်နေခဲ့တာဆိုတဲ့ ထောက်ခံစာကြောင့်သာ jamesဟာကျွန်ဘဝမှ ထာဝရလွတ်မြောက်သွားခဲ့ရပေသည်။ ဒါကြောင့် jamesကသူကိုကူညီပေးခဲ့တဲ့ ဗိုလ်ချုပ်Lafayetteကို ကျေးဇူးဆပ်တဲ့အနေဖြင့် သူရဲ့အမည်အနောက်မှာ Lafayetteဆိုပြီဖြည့်စွက်ကာ အပြည့်အစုံJames Armistead Lafayetteလို့ ယနေ့သမိုင်းမှာ ထင်ူရှားလာခဲ့ပါတယ်။ အနှစ်ချုပ်အနေနဲ့ ဒီဖြစ်ရပ်အားလုံးကိုခြုံပြီးသုံးသပ်ရလျှင် ကျွန်တော်တို့ကြားဖူးတဲ့ heroတွေထက် လက်တွေကမ္ဘာက heroတွေကအရမ်ူကွဲပြားပြီး လူသမိုင်းအဆက်ဆက် အခက်အခဲကြုံလာတိုင်း ကယ်တင်မယ့် လူတွေပေါ်လာတတ်ပြီး ယနေ့လို့ နည်းပညာလက်နက်ဆန်းသစ်မှု၊ ကိရိယာတန်ဆာဆန်းတွေနဲ့ နည်ပညာတွေမရှိကြခင်ကထဲက လူတွေဟာ ဉာဏ်ပညာတစ်ခုထဲကိုအမှီပြု၍ နိုင်ငံတစ်ခုလုံးရဲ့ ကံကြမ္မာကို ပြောင်းလဲခဲ့တယ်ဆိုတာကိုJames Armistead Lafayetteကသက်သေပြခဲ့ပါကြောင်းနိဂုံးချုပ်လိုက်သည်။ -RAIDEN KT Historian #RAIDEN_KT #History #Kyawthet

ကျွန်တော်တို့တွေက လူမည်းတွေနဲ့ပတ်သက်ရင်Marvelထဲက Black Pantherကိုပဲ အကြိုက်ဆုံးနဲ့ အမိုက်ဆုံးဆိုပြီးထင်နေကြမှာပါဘဲ။ တကယ်တော့အ
ကျွန်တော်တို့တွေက လူမည်းတွေနဲ့ပတ်သက်ရင်Marvelထဲက Black Pantherကိုပဲ အကြိုက်ဆုံးနဲ့ အမိုက်ဆုံးဆိုပြီးထင်နေကြမှာပါဘဲ။ တကယ်တော့အဲဒါတွေကစိတ်ကူးယဉ်ပုံဖော်မှုတစ်ခုသက်သက်ပါပဲ ဒါပေမယ့် တကယ့်Real Worldမှာ‌တော့ကမ္ဘာကြီးကို ကယ်တင်ခဲ့တဲ့သူတွေကရုပ်ရှင်ထဲကCharacterတွေလို့ powerလုံးဝမရှိပါဘူး။ လက်တွေ့ကမ္ဘာကReal heroတွေကတော့ ဉာဏ်ပညာနဲ့ သတ္တိကိုဘဲပိုပြီးအသုံးချတယ် ဒါကသူတို့ရဲ့ powerဆိုရင်လုံးဝမမှားဘူး။ ဒါကြောင့် လက်တွေ့ကမ္ဘာမှာ သူရဲ‌ကောင်းဆန်ဆန်ထူးခြားတဲ့ လူမည်းတစ်ယောက်အကြောင်းပြောရရင် ၁၈ရာစုက အမေရိကန်တော်လှန်းရေးကို ကူညီခဲ့တဲ့ လူမည်းစပိုင်ကြီးJames Armisteadဆိုတဲ့ နှစ်ဖက်ချွန်သူလျှိူကြီးရှိခဲ့ဖူးတယ် သူကရုပ်လက္ခဏာသွင်ပြင်နဲ့မတူအောင်အရမ်းကိုသူလျှိုပီသတဲ့အပြင် လူမည်းတွေက်ိုမုန်းတီးပြီးရန်သူလို့သဘောထားတတ်တဲ့ လူဖြူခေါင်းဆောင်ကိုပါလှည့်စားတာကျွမ်းတဲ့ တကယ့်Masterclassကြီးတစ်ဦးပါပဲ။

အဆောင်နေတုန်းက မနက် ၅ နာရီလောက်ဆို တရားအကျယ်ကြီးထဖွင့်တဲ့ အဆောင်သူတစ်ယောက်နဲ့ ကြုံခဲ့ဖူးတယ်။ မိသားစုအိမ်တွေအတွက် ၅ နာရီဆိုတာ လူတိုင်းထတဲ့အချိန်ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် လူပေါင်းစုံ၊ အလုပ်ပေါင်းစုံ၊ ဘာသာပေါင်းစုံစုနေကြရတဲ့ အမျိုးသမီးဘော်ဒါဆောင်လိုနေရာမျိုးမှာ ဆေးရုံညဂျူတီဝင်ပြီး မနက်လေးနာရီလောက်မှ အဆောင်ပြန်ရောက်တဲ့ သူနာ ပြုဆရာမလေးတွေရှိတယ်။ ည ၁၂ လောက်ထိ Page reply ပြန်နေရတဲ့ ကျွန်မတို့လို Admin သမားတွေရှိမယ်။ ညဉ့်နက်ထိ စာထိုင်လုပ်ပြီး မိုးလင်းမှအိပ်ရတဲ့ သင်တန်းသူလေးတွေလည်း ရှိတယ်။ နောက်တစ်ခုက ကျွန်မတို့နေတာက ဗုဒ္ဓဘာသာဝင်တွေချည်းမဟုတ်ပါဘူး။ တခြားဘာသာဝင် အဆောင်သူတွေကော ရှိပါတယ်။ တစ်ခုရှိတာက သူက အဆောင်မှာနေတာကြာပြီး စွာလည်း စွာတော့ ဘယ်သူမှ မပြောရဲကြပါဘူး။ အဆောင်မှူးကို တိုင်ရအောင်ကလည်း သူကနေတာကြာတော့ လူရင်းလိုဖြစ်နေပြီး အဆောင်သူတွေကို ပြန်ကြည့်ဖို့တောင် သူ့ကို အဆောင်မှူးက မှာထားသေးတာပါ။ ပြီးတော့ အဆောင်မှူးက သူ့ဘာသာ အောက်ထပ်မှာ သပ်သပ်နေတော့ အပေါ်ထပ်က ဘာဖြစ်နေတယ်ဆိုတာတွေ သိပုံမရပါဘူး။ ဒါနဲ့ ကျွန်မတို့ချင်းပဲ ရေချိုးခန်းမှာဆုံရင် ညည်းမိကြ၊ လက်ကုတ်ပြောမိကြပေါ့။ တစ်ခုခုတော့ လုပ်ရအောင်ပေါ့ တိုင်ပင်ကြတယ်။ ကျွန်မကျတော့ ကိုယ်က ဗုဒ္ဓဘာသာဖြစ်နေတော့ တခြားအဆောင်သူတွေကို အားနာတာပေါ့လေ။ သူတို့တွေ မပြောကြတာကလည်း အဲဒီလိုဘာသာရေးပဋိပက္ခတွေပါ ပါကုန်မှာစိုးတာလည်း ပါမယ်ထင်ပါရဲ့။ အားလုံးကလည်း ပညာတတ်တွေကိုး။ လူတိုင်းမှာ ကိုယ်ကြိုက်တဲ့ဘာသာ လွတ်လပ်စွာ ကိုး ကွယ်ခွင့်ရှိပေမယ့် တစ်ယောက်နဲ့တစ်ယောက် အနှောင့် အယှက်ပေးပိုင်ခွင့်တော့ မရှိဘူးလို့ ကျွန်မမြင်တယ်ပေါ့နော်။ နောက်တစ်ခုက ကျွန်မကိုယ်တိုင်က မိရိုးဖလာဆိုတာထက် ကိုယ်တိုင်သက်ဝင်ယုံကြည်တဲ့ ဗုဒ္ဓဘာသာဖြစ်ပေမယ့် အသံကျယ်ကြီးတွေကို နားမခံသာလို့ အဆောင်နေမယ်ဆိုရင် လော်ဒုက္ခခံရနိုင်မယ့် ဓမ္မာရုံတွေ၊ ဘုန်းကြီး ကျောင်းတွေနဲ့ မနီးတဲ့ အဆောင်မျိုးတွေ ရှာနေသူပါ။ ဆိုတော့ သူများကိုလည်း ကိုယ်ချင်းစာပါတယ်။ ပြီးတော့ တရားဆိုတာ နားထဲတည်တာ မဟုတ်ပါဘူး။ နှလုံးသားထဲ တည်ရတာလေနော်။ ပရိတ်တရားဖွင့်တဲ့ အဆောင်သူက သူဘေးကင်းအောင်၊ တစ်ဆောင်လုံးဘေးကင်းအောင်ပဲ ရည်ရွယ်တယ်ထားပါဦး။ သူကျ ဖွင့်ထားတဲ့နားမှာ ထိုင်ပြီး တရားနာနေတာမဟုတ်ပါဘူး။ သူ့ဘာသာလုပ်စရာရှိတာ ဆင်းလုပ်၊ သွားလာနေလို့ တစ်ခါတလေ တရားပြီးလို့ နောက်တစ်ကျော့လာနေတာတောင် သူအပေါ် ပြန်တက်မလာသေးပါဘူး။ တစ်ရက်တည်းလည်းမဟုတ်ဘူး။ နေ့တိုင်းဆိုတော့ ကျွန် မတို့မှာ အိပ်ရေးမဝဘဲ အလုပ်သွားရနဲ့ အကုသိုလ်ဖြစ်ရပါတယ်။ နောက်တော့ အဆောင်သူအသစ်တစ်ယောက်ပြောင်းလာတယ်။ မနက်ရောက်တော့ ဟိုတစ်ယောက်က ထုံးစံအတိုင်း ဖွင့်နေကျအတိုင်းဖွင့်ပြီး အောက်ဆင်းသွားတယ်။ တစ်ရက်ကနေ နှစ်ရက်နေတော့ အဲဒီအဆောင်သူအသစ်က သူဖွင့်ပြီးထွက်သွားတဲ့အချိန် နိုးလာပုံနဲ့ သူဖွင့်ခဲ့တာကို သွားပြီး ပိတ်ပစ်တယ်။ ဖြစ်ချင်တော့ ဟိုတစ်ယောက်က ဘာကျန်ခဲ့တာလဲမသိဘဲ ပြန်တက်လာတော့ သူ့တရား ပိတ်ထားတာသိပြီး သောင်းကျန်းပါတော့တယ်။ ဘယ်ကောင်မက ငါတရားဖွင့်ထားတာကို လာပိတ်ပစ်တာလဲ။ မိစ္ဆာဒိဌိတွေ။ ငါ့ဖုန်းကို ဘယ်ကောင်မ လာကိုင်တာလဲ ဘာညာနဲ့အော်နေတုန်း ခုနက ပိတ်ပစ်တဲ့တစ်ယောက်က သူ့တံခါးကို ဝုန်းခနဲဆွဲဖွင့်ပြီး ငါပဲ တဲ့။ ကျွန်မတို့တွေလည်း ရန်ဖြစ်ကုန်မှာစိုးတာနဲ့ အိပ်ရာထဲကနေ လူးလဲထကြည့်ကြတော့ လူသစ်ကောင်မလေးက လက်ထဲမှာ အင်္ကျီချိတ်ကြီးကိုင်လို့...။ တရားဖွင့်တဲ့တစ်ယောက်က သူ့ကိုကြည့်ပြီး ရုတ်တရက်ကြောင်သွားပုံပဲ။ ဘာလို့လဲ။ နားညည်းလို့ ပိတ်လိုက်တာ။ ဒါ လူအိပ် ချိန်။ ငါလည်း ဗုဒ္ဓဘာသာပဲ။ ဒါပေမဲ့ ငါနားထောင်ချင်ရင် နင်ဖွင့်ပေးစရာမလိုဘူး။ ငါ့ဘာသာ နားကြပ်နဲ့ နား ထောင်မယ်။ နင်လည်း နားထောင်ချင်ရင် နားကြပ်တပ်ချင်တပ်၊ မတပ်ချင် နင်သွားလေရာ နင့်ဖုန်းပါ တစ်ခါတည်း ယူဆင်းသွားပြီး ဖွင့်လိုက်။ ငါပြောတာ မကျေနပ်ရင် ခုပဲအောက်ထပ်ဆင်းပြီး အ ဆောင်မှူးနဲ့ရှင်းမလား။ လာ သွားမယ်။ နင်လည်း ပိုက် ဆံပေးနေတာ။ ငါလည်း ပိုက်ဆံပေးပြီး နေတာ ပြဿနာတော့တက်ပြီလို့ တွေးနေတုန်း ဟိုတစ်ယောက်က ဘာလုပ်လဲဆိုတော့ ဘာမှမလုပ်ပါဘူး။ သူ့ဖုန်းကိုယူပြီး ဆောင့်ဆောင့်အောင့်အောင့်နဲ့ပဲ အောက်ထပ်ဆင်းသွားတယ်။ နောက်ရက်ကစပြီး မဖွင့်တော့ဘူး။ နားအေးသွားလို့ ကျွန်မတို့တွေလည်း လူသစ်ကို ကျေးဇူးတင်လိုက်တာမှ။ တကယ်တော့ ဒီပြဿနာကို ကျွန်မတို့တွေ ကိုင်တွယ်ဖို့ အုပ်စုလိုက်ကြီး တိုင်ပင်နေကြ၊ စဉ်းစားနေကြတာ ကြာပါပြီ။ လူသစ်ရောက်လာမှ ဘယ်သူမှမပါဘဲ သူ့တစ် ယောက်တည်း ဖြေရှင်းသွားတာ။ ငါးမိနစ်တောင် မကြာလိုက်ဘူး။ ပြဿနာတစ်ခုကို ကိုင်တွယ်ဖြေရှင်းဖို့ရာ ကြောက်တတ်တဲ့သူအများကြီးမလိုဘူး။ သတ္တိရှိတဲ့လူတစ်ယောက်ပဲ လိုတာပါလားလို့ အဲ့ဒီတစ်ခဏ သိလိုက်မိတယ်။ အများကြီးသာရှိလာမယ်ဆို ကမ္ဘာကြီးရဲ့ နေရာအနှံ့မှာ ဖြစ်နေတဲ့ ပြဿနာတွေ ဘယ်လောက်တောင် လျော့သွားလိုက်မလဲပေါ့နော်။ ခက်တာက လောကကြီးမှာ ကျွန်မတို့လိုလူတွေက ပိုများနေတာပါပဲ။ ငွေဇင်ယော်ဦး ၊ မိုးကုတ်၊

ငှက်လွှတ်လိုက်တာမဟုတ်ဘဲ လက်လွှတ်လိုက်ရတာပါ။ လွတ်မြောက်သွားတာချင်းအတူတူ သူကပြန်မ‌လာတော့ဘူး။ -အံ့လွန်းပျို

Repost from Paper Poetry
ဒီမယ် မဂျူးသက်လျာကို... ကျုပ်ကတော့ ရင်ဘတ်ကို ဖွင့်ပြပြီး ခင်ဗျားကို အကုန်ပြောပြနေခဲ့တာပါ။ ဒါပေမဲ့... ခင်ဗျားဘက်ကကျတော့ ဘာလို့ အမြဲတမ်း တံခါးပိတ်ထားရတာလဲ။ ခင်ဗျားရဲ့ စိတ်အခြေအနေနဲ့ ဒဏ်ရာတွေကို ကျုပ်ကိုလည်း ပွင့်ပွင့်လင်းလင်း မျှဝေပေးပါဦး။ တစ်နေရာစီ ဝေးနေရတဲ့ကြားထဲ ခင်ဗျားရဲ့ တိတ်ဆိတ်ခြင်းတွေက ကျုပ်ကို သူစိမ်းဆန်စေတယ်ဗျ... ကျုပ်ကို စည်းမခြားပါနဲ့တော့၊ ခင်ဗျားရဲ့ အကြောင်းတွေအားလုံး ကျုပ် ရင်ခွင်ထဲ သွန်ချလိုက်စမ်းပါ။ -သက္က

Repost from Paper Poetry
ဓားကောက်တစ်လက်ရဲ့ ထက်မြက်ခြင်းဟာ မီးရဲရဲနဲ့ အထုအထောင်း ခံရခြင်းက စတယ်၊ အဖိုးတန်တဲ့ စိန်တစ်ပွင့်ရဲ့ တောက်ပခြင်းဟာ မြေအောက်က ဖိအားတွေကို အံတုခြင်းက စတယ်။ လွယ်လွယ်ရတဲ့ အောင်မြင်မှုနောက်မှာ ခိုင်မာတဲ့ အရည်အချင်း မပါတတ်ဘူး၊ ပင်ပန်းမှုမရှိတဲ့ ပန်းတိုင်ဆိုတာ မြူခိုးလိုပဲ မြင်ရပြီး ပျောက်ကွယ်လွယ်တယ်။ ပညာဆိုတာ စာအုပ်ထဲမှာတင် မဟုတ်ဘူး၊ လဲကျခြင်းရဲ့ အနုပညာကို နားလည်တာလည်း ပညာပဲ။ လမ်းမရှိရင်... လမ်းအသစ်ကို ထွင်ဖောက်ပါ၊ အတိုက်အခံဆိုတာ... လူ့ဘဝကို သွေးပေးတဲ့ ကျောက်ပြင်ပဲ။ ရေစီးကြောင်းနောက် မျောပါမယ့် သစ်ရွက်မဖြစ်ဘဲ၊ ရေဆန်ကို အားစိုက်ကူးမယ့် ငါးတစ်ကောင်လို ရဲရင့်လိုက်ပါ။ ကိုယ့်ကံကြမ္မာရဲ့ သော့ချက်ကို... သူများလက်ထဲ အပ်မထားဘဲ၊ ကိုယ့်အနာဂတ်ကို... ကိုယ့်ဉာဏ်ပညာနဲ့ပဲ ထုဆစ်ပါ။ -ရီယာညို

စိမ်းကားခြင်းမှာ နေသားတကျပါပဲ။ သူစိမ်းအဖြစ်ကနေ သူစိမ်းပြန်ဖြစ်သွားတဲ့ ဆက်ဆံရေးတွေဟာ အစိမ်းသက်သက်..။ ဥပေက္ခာတရားမှာ ကိုယ်ချင်းစာစိတ်ပါရင် ဘယ်လောက်ကောင်းမလဲ။ -အံ့လွန်းပျို