ru
Feedback
မောင်သုတ 🧐

မောင်သုတ 🧐

Открыть в Telegram

သမိုင်း၊ သိပ္ပံ၊ စီးပွားရေး၊ စာပေ CB - @MgThuThaBot February 9. 2022

Больше
8 862
Подписчики
-524 часа
+527 дней
+22330 день
Архив постов
အသားညိုညိုနဲ့ အပြောချိုသူလေးရယ် မင်းပြောဖူးတဲ့ အပိုစကားတွေ ငါ့ရင်ထဲ စွဲနေတုန်း...။ -အံ့လွန်းပျို

‎"တကယ်လို့များ" ‎ ‎တကယ်လို့များ... ‎လျှောက်ခဲ့တဲ့ လမ်းဆုံတစ်ခုမှာ ‎ကလေးမလေးသာ အစ်ကို့ကို ‎မရွေးချယ်ခဲ့ ရင်...။ ‎ ‎မျက်မှန်ဝိုင်းလေးနောက်က ‎ညို့ဓာတ်ပြင်းတဲ့ မျက်ဝန်းတွေ၊ ‎သပ်တင်တတ်တဲ့ဆံပင်ရှည်ရှည်လေးတွေနဲ့ ‎အစ်ကို့ကမ္ဘာထဲ ပိုင်စိုးပိုင်နင်း ဝင်ရောက် ‎လာမယ့် အစား သူစိမ်းတစ်ယောက်လိုပဲ ‎ဖြတ်ကျော်သွားခဲ့ရင်ပေါ့။ ‎ ‎တွေးကြည့်ရုံနဲ့တင်... ‎အစ်ကို့ရဲ့ နေ့ရက်တွေဟာ ‎တိမ်မည်းတွေလိုပဲ ထာဝရ ‎မှောင်မှိုင်သွားလိမ့်မယ်။ ‎ ‎မင်းသာ အစ်ကို့လက်ကို မတွဲခဲ့ရင်... ‎ဒီဘက်က အစ်ကို့ရင်ခွင်ထဲမှာတော့ ‎မျက်ရည် တွေရွာတဲ့ရာသီလည်း ‎ဘယ်တော့မှ ကုန်ဆုံးတော့မှာ ‎မဟုတ်ဘူး ကလေးမရယ်။ ‎ ‎-သက္က ‎

ရင်ခွင်တစ်စုံဟာ ခိုလှုံသူမဲ့၊ ပခုံးတစ်ဖက်ဟာ မှီခိုသူမဲ့၊ နှလုံးသားတစ်စုံဟာ ပိုင်ရှင်မဲ့..။ ချစ်ရသူရေ ငါစောင့်နေတယ်...။ -အံ့လွန်းပျို

ချစ်နေရခြင်းမှာပျော်မွေ့နေပါပြီ။ ပြန်မချစ်နိုင်မှန်းလဲသိတယ်။ ဂရုမစိုက်မှန်းလဲသိပါတယ်။ ကိုယ့်လောဘနဲ့ ကိုယ်မလို့ မျှော်လင့်ချက်လေးထားမိရုံပါ။ -အံ့လွန်းပျို

အာဏာဟူသည် ကြောက်စရာ
လူသမိုင်းတစ်‌လျှောက် အာဏာဟာ စွဲလမ်းမိသူတွေအဖို့ ၎င်းတို့ကို ဘယ်လိုအကျိုးပြန်ပေးသလဲဆိုရင် ပြင်သစ်တော်လှန်ရေးမတိုင်မီက ပြင်သစ်ဘုရင်စနစ် ကို ကြည့်ရပါလိမ့်မယ်။ ၎င်းမှာအာဏာ၊ ချမ်းသာကြွယ်ဝမှုနှင့် ဆုံးဖြတ်ချက်အားလုံးကို ဗာဆိုင်းနန်းတော်ဆိုသည့် ဗဟိုချက်တစ်ခုထဲမှာ စုစည်းထားခဲ့ပါတယ်။ ဘုရင်သည် နေမင်းကဲ့သို့ ဗဟို၌ တည်ရှိသည်ဟု ခံယူခဲ့သော်လည်း ထိုဗဟိုပြုခြင်းဟာအလွန်အကျွံများသည်နှင့်အမျှ လူထုအားအထက်တန်းလွှာတို့၏ ဖိနှိပ်မှုများဖီအားများဟာပြင်ထန်နိုင်‌သောသ‌ဘောသဘာဝရှိလာ၏။ ဖိအားတစ်ခုဟာအလွန်အကျွံအားပြင်လာသည်အခါထိုဖိအား‌ကြောင့် အောက်ခြေဟာအဆုံး၌ပြန်လည်ကန်းထွက်ကုန်ကြ၏။ အမှန်တကယ်အားဖြင့် လူထုဟာ နာကျင်မှုတွေပိုမိုပြင်ထန်လာသည့်အခါ ၎င်းတို့၏အသက်ကိုသေဖို့တောင်မမြင်နိုင်တော့သည့်အခါ ၎င်းတို့၏"မျက်မမြင်အလွှာ"တစ်ခုကို ဖန်တီးရန်ကြောက်ကန်း ကန်တတ်ကြကုန်၏။
ဗဟိုပြုထိန်းချုပ်ခြင်းဟူသည် ကြောက်စရာ
ဩဇာအာဏာဗဟိုပြုခြင်း၏‌စက်ဆုပ်ဖွယ်ကို ဥပစာပြုရသော် ရောမအင်ပါယာကြီး၏‌ရွှေခေတ်၏အဆုံသတ်ဖြစ်သည့် သူ၏ကျဆုံးခြင်းကိုအလွယ်ရှင်းပြရပါလိမ့်မည်။ ဗဟိုပြုခြင်း၏ဆိုးကျိုးအရ ကြည့်လျှင် ရောမအင်ပါယာကြီးသည် အလွန်တရာမှကြီးမားကျယ်ပြန့်ကုန်၏။ ၎င်းအင်ပါယာသည် နိုင်ငံငယ်များကိုသိမ်းပိုက်ကာမိမိတို့၏အင်ပါယာဩဇာအာဏာကို ဗဟိုချုပ်ကိုင်ဖို့ ပိုမိုကြိုးစားထား၏။ ဆိုးကျိုးအရ အဝေးမှထိန်းချုပ်ခံထားရသောဒေသန္တရနိုင်ငံတို့၏ အသိဉာဏ်များ၊ ကွဲပြားသောယဉ်ကျေးမှုများကို မလေးစားဘဲ ရောမအင်ပါယာတစ်နိုင်ငံထဲ၏ဗဟိုချက်ထဲမှသာ အမိန့်ပေးတော့‌လေ၏။ ဤသို့ဖြင့် နိုင်ငံငယ်တို့၏လွတ်လပ်မှုမှ ရုန်းထွက်သည့်စု‌ပေါင်းဒဏ်ကို အလူးအလဲခံရ၏။ ထိုသို့ ဗဟိုပြုခြင်းသည် စနစ်ကို ကြံ့ခိုင်စေသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် စနစ်ကို ထုံထိုင်းသွားစေရုံတင်မက ပျက်စီးခြင်းသို့ ပိုမိုမြန်ဆန်စွာ ဆွဲခေါ်လေ၏။ -RAIDEN KT Historian #RAIDEN_KT #Kyawthet #History

တုနှိုင်းမဲ့ ပင်လယ်ပြင်တွေပြာတယ်ဆိုလဲ မင်းမျက်လုံးပြာလဲ့လဲ့ကို မကျော်လွန်ပါ။ နှင်းဆီနီတွေရဲတယ်ဆိုလဲ မင်းနှုတ်ခမ်းဖူးဖူးတွေထက်မပိုပါ။ ဆိုးသွမ်းပါတယ်ဆိုတဲ့ငါလဲ မင်းနှုတ်ခမ်းကဆုံးမစကားတွေကို မလွန်ဆန်နိုင်ပါ။ လမင်းကြီးလှတယ်ဆိုလဲ မင်းအလှကိုမအံတုနိုင်ပါ။ ရေခဲတွေအေးတယ်ဆိုလဲ မင်းပေးဖူးတဲ့မေတ္တာတွေလောက် မအေးချမ်းပါ။ နေမင်းကြီးကပူတယ်ဆိုလဲ မင်းပေးခဲ့တဲ့အချစ်တွေလောက် မလောင်ကျွမ်းစေပါ။ သစ်ရွက်တွေစိမ်းတယ်ဆိုပြန်ရင်လဲ မင်းသူစိမ်းဆန်တာကိုမမီခဲ့ပါ...။ -အံ့လွန်းပျို ၆ရက်၊ ၃လ၊ ၂၀၂၅ခုနှစ်

"အချစ်သစ် ရဲ့ နိဒါန်း" ဒဏ်ရာတွေကို ငြီးငွေ့လွန်းလို့ အချစ်ကို ကျောခိုင်းထားတဲ့ နေ့ရက်တွေပေါ့။ မျှော်လင့်ချက်မဲ့နေတဲ့ အစ်ကို့ရဲ့ ‎ကမ္ဘာထဲကို ဆံပင်ရှည်ရှည်မျက်မှန်လေးနဲ့ ကလေးမလေး ရောက်လာတဲ့အခါ... ‎ ‎ထပ်မချစ်တော့ဘူးဆိုတဲ့ ‎သစ္စာဆိုချက်တွေ ဝုန်းကနဲ ‎ပြိုကျပျက်စီးကုန်တော့တာပဲ။ ‎ ‎စိတ်ကုန်ပါတယ်ဆိုတဲ့ အချစ်ကိုပဲ ‎မင်းနဲ့ကျမှ အသည်းအသန် ပြန်မက်မောမိတာ တကယ်ပဲ အံ့ဩဖို့ကောင်းလှတယ် ‎ကလေးမရယ်...။ ‎ ‎-သက္က

နှင်း‌ဆီနီနီ ဆူးများကာရံ သူစီမံ သူ့ထံရောက်လာ လိုသူက။ နီရဲလွန်းမှ သူ့အလှ သူမျှဝေလို့ ခံစားရ။ ပန်းများထဲတွင် သူပေါ်လွင် သူ့မြင်သူများ ပန်ချင်ကြ။ ပေါ်လွင်နီရဲ သူ့သာစွဲ သူဆွဲဆောင်လို့ စင်ပေါ်ပြ။ မွှေးရနံ့ထုံ သင်းပျံ့ဖုံ အစုံလှလို့ ငါ့မှာတ။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-‌သံပေါက်

"ကျွန်တော်ကလေး ဖုန်မှုန့်ဖြစ်နေတာထက်စာရင် ကျွန်တော်က ပြာဖြစ်သွားရတာမှ ပိုပြီးကြိုက်တယ်။ ကျွန်တော်ဘဝမှာမီးတောက်တွေလို ငြိမ်းသွ
"ကျွန်တော်ကလေး ဖုန်မှုန့်ဖြစ်နေတာထက်စာရင် ကျွန်တော်က ပြာဖြစ်သွားရတာမှ ပိုပြီးကြိုက်တယ်။ ကျွန်တော်ဘဝမှာမီးတောက်တွေလို ငြိမ်းသွားရုံနဲ့ ပျက်စီးသွားတာထက်စာရင် ပိုတောက်ပတဲ့ မီးလျှံကြီးအဖြစ်နဲ့ လောင်ကျွမ်းသွားတာကိုပဲ ကျွန်တော်ရွေးချယ်ချင်တယ်။ အချည်းနှီး နာမည်ကြီးနေတဲ့သူ ဖြစ်တာထက်စာရင် ထူးချွန်ထက်မြက်တဲ့သူ ဖြစ်ရတာကိုပဲ ကျွန်တော်ပိုလိုလားတယ်။ ရိုးရိုးတန်းတန်းနဲ့ ကြာရှည်တည်တံ့နေတဲ့ ဂြိုဟ်လုံးကြီးဖြစ်နေတာထက်စာရင် အက်တမ်တိုင်းမှာ တောက်ပမှုတွေနဲ့ ပြည့်နှက်နေတဲ့ ကြယ်တံခွန်ကြီးအဖြစ်နဲ့ တခဏတာပဲဖြစ်ဖြစ် ပြတ်ပြတ်သားသား တောက်ပသွားချင်တယ်။ လူဆိုတာ ရိုးရိုးရှင်းရှင်းနဲ့ အသက်ရှင်နေဖို့ မဟုတ်ဘူးတကယ့်ကို အဓိပ္ပာယ်ရှိရှိ ရှင်သန်ဖို့အတွက်ပဲ။ ကျွန်တော်ရဲ့သက်တမ်းကို ရှည်အောင် ကြိုးစားရင်းနဲ့ အချိန်တွေကို အလကားဖြုန်းတီးပစ်မှာ မဟုတ်ဘူး။ ကျွန်တော်အချိန်တွေကို အကောင်းဆုံးဖြစ်အောင် အသုံးချသွားမယ်။" -jack london အမေရိကန်စာရေးဆရာ #RAIDEN_KT #History #Kyawthet #jacklondon #RAIDEN_KT

ယခုတော့ ထိုကလေးတွေ မရှိကြတော့ပြီ။ ထိုကလေးတွေ ရှိလည်း သူတို့ ဒရုန်းလေးတွေနှင့် ဤဘောလုံး ကွင်းတွင် လာပြီး ကစားနိုင်ကြတော့မည်မဟုတ်၊ ကစားခွင့်လည်း ရှိကြတော့မည်မဟုတ်။ အလွန်ကြေကွဲ ဝမ်းနည်းစရာကောင်းလှပါသည်။ မြန်မာနိုင်ငံကြီးသည် ၁၉၆၂ နှစ်နောက်ပိုင်းကတည်းက ကျိန်စာသင့်သောနိုင်ငံတစ်နိုင်ငံဖြစ်သွားရသည်။ ထိုကျိန်စာမှာ “တီထွင်သူမရှိစေရ” ဆိုသည့် ကျိန်စာ ဖြစ်သည်။ တီထွင်ခွင့်တွေ မရှိသည့် အခါတွင် အကြံတုန်း ဉာဏ်တုန်းတွေဖြစ်လာသည်။ သည်ကြားထဲ ပညာရေးကလည်း တီထွင်ခွင့်တွေကို ဦးစားပေးသည့် ပညာရေးတွေ မဟုတ်ခဲ့။ အလွတ်ကျက်ပြီး ဘာသာစုံ ဂုဏ်ထူးရှင်တွေကို မွေးထုတ်ပေးသည့် ပညာရေးစနစ် ဖြစ်လာသည်။ ထိုသူတို့ကိုပင် ချီးမြှောက်ဂုဏ်ယူစရာဟု နိုင်ငံတော်ကပင် လုပ်နေသောကြောင့် တီထွင်ဖန်တီးနိုင်သော လူငယ်တွေ မျိုးဆက်ပေါင်းများစွာ သင်းသတ် ထားသလို ဖြစ်သွားခဲ့ရသည်။ ဂုဏ်ရှိ၊ ငွေရှိ၊ အာဏာရှိသူတွေကို ရိုသေရမည်၊ လေးစားရမည်၊ ကိုးကွယ်ရမည်ဆိုသည့် ဂျင်းကို မြန်မာတို့ နှစ်ပေါင်းများစွာသာယာခဲ့ရန် ဖန်တီးခဲ့ကြသည်။ သူများနိုင်ငံ ကျောင်းတွေမှာ ဒရုန်းသင်ခန်းစာတွေကို ထည့်သွင်းသင်ကြားနေကြပြီ။ မြန်မာနိုင်ငံတွင် ဒရုန်းကိုင်ပြီး လမ်းပေါ်လျှောက်သွား၍မရ။ အခြေအနေတွေက အများကြီး ကွာသွားပြီ။ အိမ်နီးချင်းနိုင်ငံတွေက ကျော်တက်ကုန်ပြီ။ သို့သော် မြန်မာနိုင်ငံက လူငယ်တွေမှာ နိုင်ငံရပ်ခြားတွေထွက်ပြီး ပညာတွေ သွားရှာနေကြရသည်။ အိမ်နီးချင်း ထိုင်းနိုင်ငံလိုမျိုးကို ထွက်ကာ ပညာသင်ကြားနေကြရသည်ဆိုခြင်းမှာ ရင်နာစရာကောင်းပါသည်။ မြန်မာနိုင်ငံကြီး အမြန်ဆုံးပြန်ပြီး ကျန်းမာပါစေ၊ ကျိန်စာတို့က အမြန်ဆုံး လွတ်မြောက်ပါစေဟု ဆုတောင်း ပေးရုံကလွဲပြီး ဘာမျှမတတ်နိုင်ပါ။ လူတိုင်း ကိုယ်ဝန်ကိုယ်ထမ်း၊ ကိုယ့်လမ်းကိုယ်လျှောက်၊ ကိုယ့်ဘဝ ကိုယ်တည်ဆောက်ကာ နေထိုင်ကြရမည် ဖြစ်ပါသည်။ ဘာဖြစ်ဖြစ် ရှေ့ကို ချီတက် ခရီးဆက်နေရန်လိုသည်။ စိတ်ပျက်ကာ ရပ်တန့်လိုက်လျှင် ကျန်နေခဲ့မည်။ စိတ်ပျက်စရာတွေကို စိတ်ပျက်နိုင်ပါသည်။ သို့သော် စိတ်ပျက်သည်ဆိုကာ လုပ်စရာတွေကို ရပ်လိုက်၍ မရပါ။ တို့ခေတ်ကိုတော့ တစ်နေ့ရောက်လာပါလိမ့်မည်။ အနာဂတ်အတွက် ရှင်သန်နိုင်အောင် အားလုံးကြိုးစားကြရမည်။ တင်ညွန့် ၂.၅.၂၀၂၄

အနာဂတ်အတွက် ရှင်သန်ပါ တင်ညွန့် မနှစ်က ပန်ကာလေးတစ်လုံးဝယ်ပါသည်။ ပူအိုက်သည့်ဒဏ်ကို မခံနိုင်သောကြောင့်ဖြစ်သည်။ စဝယ်စကတော့ မီးပြတ်လည်း အနည်းဆုံး ၄ နာရီလောက် ဆက်ဖွင့်နိုင်သည် ဆိုသဖြင့် ဝယ်လိုက်ခြင်း ဖြစ်သည်။ တစ်ရက်စုတ် ပစ္စည်းသာရှိသဖြင့် ကံဆိုး ကံကောင်း ထီထိုးသလို ဝယ်လိုက်သည်။ ဝယ်စက ထိုပန်ကာကို မီးမလာလည်း အနည်းဆုံး ၄ နာရီလောက် ဖွင့်နိုင်သည်။ ထိုစဉ်ကတော့ မီးက ၄ နာရီပြတ်၊ ၄ နာရီလာ ဖြစ်သဖြင့် ကွက်တိလောက်ကို ဖြစ်နေသည်။ လျှပ်စစ်မီး အနေအထားက ယခုနှစ် သင်္ကြန်ပြီးကတည်းက ဆိုးလိုက်သည်မာ ၂၄ နာရီတွင် ၄ နာရီလောက်သာ ရနိုင်သော အနေအထားကို ရောက်သွားသည်။ ထို့ကြောင့် ညအိပ်ချိန်ဆိုလျှင် ပြဿနာတက်တော့သည်။ ပိုဆိုးသည်မှာ ပန်ကာက ဘက်ထရီ ၁ နာရီသာ ခံခြင်း၊ နောက် ၁၀ မိနစ်သာ ခံတော့ခြင်း၊ အဆိုးဆုံး ရေချိန်ကို ရောက်သွားပြီး ၅ မိနစ်သာခံတော့ခြင်းဖြင့် နိဂုံးချုပ်တော့သည်။ တစ်ရက်စုတ်သည် မနှစ်နွေက ယခုနှစ်နွေအထိ တစ်နှစ်ခံပြီးမှ စုတ်သဖြင့် တော်သေးသည်ဟု ဆိုရမည်။ ဝရန်တီမရှိ၊ ကိုယ်ပျက် ကိုယ်ခံ။ ဘက်ထရီ မကောင်းတော့ဟု ဆိုသဖြင့် ပန်ကာထဲက ဘက်ထရီလေးကို ဖြုတ်ပြီး အမျိုးအစားတူ လိုက်ရှာရသည်။ ဘက်ထရီရောင်းသည့် ဆိုင်တွေကလည်း ထိုပန်ကာ ဘက်ထရီမျိုး တွေကို ဈေးကွက်တွင် တင်ထားသည်။ “ဒီလိုပဲ အပျက်များတယ်။ ခုတစ်လော ပိုရောင်းရတယ်” အားလုံးကို ချိန်ကိုက်ပြီး လက်ဝါးရိုက်ထားသလားမသိ။ မီးပြတ်မည်၊ များများသုံးမည်၊ များများ ပျက်မည်၊ ဈေးကွက်ထဲ များများ အပိုပစ္စည်းတွေ တင်ထားလျှင် များများရောင်းရမည်။ ထိုဘက်ထရီတွေကလည်း မြန်မာပြည်ထုတ်မဟုတ်။ မူလက ထိုပန်ကာလေးကို ဝယ်သည်မှာ ၇ သောင်း ၆ ထောင်ဖြစ်သည်။ ယနေ့ ဘက်ထရီတစ်လုံးကို ထပ်ဝယ် လိုက်ရသည်မှာ ၁ သောင်း နှစ်ထောင်ဖြစ်သောကြောင့် ထိုပန်ကာ တန်ကြေးက ၈ သောင်း ၈ ထောင်ဖြစ်သွား သည်။ ယနေ့ ထိုပန်ကာကလည်း ဈေကွက်တွင် ၈ သောင်းကျော်ဖြစ်နေပြီ။ ဘက်ထရီကို လဲမည်ဟု ဖြုတ်ကြည့်မှ ပန်ကာထဲတွင် ပါဝင်ပစ္စည်းတွေက ဘာမျှ မဟုတ်၊ ဆားကစ်ပြား နှစ်ပြား လောက်သာဖြစ်သည်။ ဘက်ထရီက လေးနေခြင်းပင်။ “ငါတို့တိုင်းပြည်မှာ ဒါမျိုးတွေ မထုတ်နိုင်ဘူးလား၊ မထွက်နိုင်ဘူးလား၊ ငါတို့ လူငယ်တွေ မလုပ်နိုင်ဘူးလား” လုပ်နိုင်ပါလိမ့်မည်။ လုပ်နိုင်ရန်အတွက်လည်း ခက်ခဲမည် မထင်ပါ။ ကျွန်တော်တို့ လူငယ်တွေ မညံ့ကြပါ။ သို့သော် လုပ်နိုင်သည့် အခွင့်အရေးတွေ မရကြပါ။ တီထွင်ဖန်တီးခွင့်တွေ မရှိကြပါ။ လုပ်ချင်၊ တီထွင်ချင်စိတ် တို့ကို မလုပ်ရ၊ မတီထွင်ရသည့် အနေအထားတွေကို ရောက်နေသည်။ မလုပ်ချင်သောအလုပ်တွေကို အတင်းအဓမ္မလုပ်နေကြရ၊ လုပ်ရန် စေခိုင်းခြင်း ခံနေရလျှင် အဘယ်မှာ တိုးတက်နိုင်ပါတော့အံ့နည်း။ ကျွန်တော်သည် အားလပ်သည့်အချိန်လေးများတွင် YouTube ကို ဖွင့်ကြည့်ပါသည်။ ကျွန်တော် ရှာဖွေကြည့်မိ သည်မှာ အိမ်နီးချင်း ထိုင်း၊ ဗီယက်နမ်၊ လာအိုနှင့် အင်ဒိုနီးရှား နိုင်ငံများမှ လူငယ်လေးများ၏ တီထွင်မှုတွေကို ဖြစ်သည်။ ထိုလူငယ်လေးတွေ ဘာတွေလုပ်နေကြသနည်း။ လတ်တလောကြည့်မိသည့် ဗီဒီယိုတွင် လူငယ်လေးတစ်ယောက်သည် ကိုယ်ပိုင်စီးရန် မော်တော်ဘုတ် တစ်စီးကို တီထွင်နေသည်။ သူက ပလတ်စတစ်ရေတိုင်ကီ အဟောင်းများကို ဖြတ်တောက်ပြီး သစ်သားတွေနှင့် ပလတ်စတစ်တိုင်ကီတွေကို ပေါင်းစပ်ကာ မော်တော်ဘုတ် တစ်စီးကို တီထွင်သည်။ မျက်စိအောက်မှာပင် တွေ့မြင်ရသည့် စွန့်ပစ် ပစ္စည်းတွေမှာ ထိုလူငယ်လေး လုပ်ပြလိုက်မှ လှပသော မော်တော်ဘုတ်တစ်စင်း ဖြစ်သွားသည်။ ထိုလှေကို သူ ဘာနှင့် မောင်းမည်နည်း။ ကျွန်တော် စိတ်ဝင်စားသည်။ သူက ကားအင်ဂျင် အဟောင်းတစ်လုံးကို သယ်လာသည်။ ထိုအင်ဂျင် အဟောင်းကြီးကို သူက တစ်ခုချင်း ဖြုတ်သည်။ အစိတ်အပိုင်းပေါင်း ရာကျော်ကို သူက တစ်ခုချင်း ပုံပြထားသည်။ အားလုံးကို ဆေးကြော သုတ်သင်ပြီးနောက် တစ်ခုချင်း ပြန်တတ်သည်။ ကြည့်ရသူပင် မျက်စိရှုပ်စေသော ပစ္စည်း အစိတ်အပိုင်းတွေကို သူက တစ်ခုချင်းပြန်တတ်ပြနေသည်မှာ အေးအေးဆေးဆေးပင်ဖြစ်သည်၊ တော်လိုက်သည့် လူငယ်လေး။ တီထွင်မှုဆိုသည်မှာ စာတွေ့၊ လက်တွေ့ သဘောတရားတွေ အားလုံး ပေါင်းစပ်နိုင်ရမည်။ ထိုလူငယ်လေးမှာ အတွေ့အကြုံ အတော်လေးရှိပုံပေါ်သည်။ အင်ဂျင်ကိုလည်း အသစ်နီးပါးအတိုင်း ပြန်လည်ပြုပြင်ပြီး မော်တော်ဘုတ်တွင် တပ်ဆင်ကာ မောင်းပြသွားသည်။ ဗီယက်နမ် နိုင်ငံမှ လူငယ်လေးဖြစ်သည်။ မရှိ၊ ရှိသည့်ပစ္စည်း၊ မရ၊ ရသည့်ပစ္စည်းတွေနှင့် မျက်စိအောက်မှာပင် အသုံးတည့်ပစ္စည်းတစ်ခုကို လုပ်ပြသွား နိုင်သည်မှာ အားကျဂုဏ်ယူဖွယ်ကောင်းလှသည်။ “ငါတို့ လူငယ်တွေရော ဘာဖြစ်လို့ မလုပ်နိုင်ရမှာလဲ” ကျွန်တော် တွေးမိခြင်း ဖြစ်သည်။ လွန်ခဲ့သော ၅ နှစ်ခန့်က ကျွန်တော်တို့ရပ်ကွက်အနီးရှိ ဘောလုံကွင်းကြီးတစ်ခုတွင် ဒရုန်းတွေကို အပြိုင် လွှတ်နေသော လူငယ်လေးတွေကို တွေ့ရသည်။ သူတို့က ညနေဆိုလျှင် မြို့ထဲက ကားတွေနှင့် ရောက်လာ ကြပြီး သူတို့နှင့် ပါလာသော ဒရုန်းတွေကို အပြိုင်အဆိုင် စမ်းသပ်နေကြခြင်းဖြစ်သည်။ ကျွန်တော်လည်း ထိုလူငယ်တွေ လာချိန်လောက်ဆိုလျှင် လမ်းလျှောက်ရင်း ထိုကွင်းပြင်တွင် သူတို့ဆော့ကစားနေကြသည်ကို ကြည့်ကာ ပီတိဖြစ်မိသည်။ “ငါတို့ အနာဂတ်လေးတွေ” ဟုလည်း တီးတိုးပြောကာ ကြည်နူးမိပါသည်။

ကမ္ဘာကြီးက ရှုပ်ထွေးချင်ရှုပ်ထွေးပါစေ... ‎ဝိုင်းဝိုင်းစက်စက် မျက်မှန်ဝိုင်းလေး ‎နောက်က ကလေးမရဲ့ ‎မျက်ဝန်းကြည်ကြည်လေးတွေ ကို ‎ကြည့်ရတာက အစ်ကို့အတွက်တော့ ‎အအေးချမ်းဆုံးပဲ။ ‎ဒီတခါ​တော့ "ပိုပြန်ပြီ" လို့ ‎နှုတ်ခမ်းဆူပြီး ရန်တွေ့မယ့် အစား ‎အလိုက်သင့်လေး ပြုံးပြပါဦး…။ -သက္က

ဘဝမှာ ဖြစ်ချင်တာတွေ ဖြစ်လာခဲ့ရင် ငါဟာ ဒီလောကကြီးကို ကျေးဇူးတင်မိမှာပါ။ -အံ့လွန်းပျို

ကဗျာဆရာ ကဗျာဆရာ၊စာရေးတာသည် ဥစ္စာမမက်၊ဉာဏ်များထက်အောင် သူဆက်ရေးကာ၊လူငယ်ဟာလည်း ကဗျာစာကြောင့်၊လမ်းမှန်ဖြောင့်လို့ ရောင့်ရဲတတ်လေ။ ငါဆရာဟု၊‌မောင်းတိုင်းထုလို့ အတုယူလျှင်၊လမ်းဘေးတွင်သာ ‌အရင်‌တောင်းစား၊အာဏာအားလျှော့ အမှားပြင်ပေး၊လေ‌သံအေးနှင့် ဖာထေးအမှား၊ဆရာကားမှာ အားထားဖွယ်ဖြစ်၏။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-‌လင်္ကာ ၁၆.၅.၂၀၂၅

‎ရင်ခုန်သံချင်းသာထပ်တူကျရင် ‎ကိုယ်တို့မေတ္တာမျှခဲ့ကျမှာ... ‎ ‎အခုတော့... ‎မင်းရင်ခုန်သံတွေက ‎အေးစက်နေမှတော့ ။ ‎ ‎ငါ့ပေးတဲ့ရင်ခုန်သံ ‎အနွေးဓာတ်ကလည်း ‎ဘေးထွက်ခဲ့ရပေါ့။ ‎ ‎-သက္က

ဒီနိုင်ငံမှာ ထောက်ပြပြောဆို စိတ်မှာတို မလိုအပ်တာ ကျင့်ဝတ်ပါ။ အမှားဝေဖန် ပြင်အမှန် မတန်တာဟာ စေတနာ။ မေတ္တာစိတ်ဖြင့် ကောင်းစေလင့် မတင့်တယ်မှာ ကရုဏာ။ စိတ်ကိုမယုံ ဒုက္ခကြုံ မလုံလောက်ကာ ချေးဥစ္စာ။ ထိုသို့ခေတ်တွင် ငါ့အသွင် နာကျင်စိတ်ဖြာ လူညံ့ငါ။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-‌သံပေါက်

နိုင်ငံ့လူငယ် တို့တိုင်းပြည်တွင် လူငယ်လျှင် အထင်သေးကာ ဖိနှိပ်တာ။ တို့နိုင်ငံ၌ လူတစ်သိုက် သိမ်းပိုက်လို့လာ သူ့အာဏာ။ တို့မြန်မာ၏ ပြည်သူထိ အသိနည်းကာ လောဘဖြာ။ အထက်ကလူ ကြံစည်သူ အနူလက်မှာ ဆင်တန်ဆာ။ ဤသို့ပျက်စီး နိုင်ငံကြီး အသီးညံ့ဟာ မျိုးဆက်ပါ။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-သံပေါက်

‎လူတစ်ယောက်ကို ချစ်မိဖို့က ‎စက္ကန့်ပိုင်းပဲ လိုတာပါ... ‎ဒါပေမဲ့ စစချင်းနေ့ကအတိုင်း ‎နောက်ဆုံးနေ့အထိ လက်မလွှတ်တမ်း ‎ဆက်ပြီး ချ
‎လူတစ်ယောက်ကို ချစ်မိဖို့က ‎စက္ကန့်ပိုင်းပဲ လိုတာပါ... ‎ဒါပေမဲ့ စစချင်းနေ့ကအတိုင်း ‎နောက်ဆုံးနေ့အထိ လက်မလွှတ်တမ်း ‎ဆက်ပြီး ချစ်နေနိုင်ဖို့ကျတော့ ‎တကယ့် မေတ္တာတွေနဲ့မှ ရတာ...။ ‎ ‎-သက္က

စာတတ်၍ပညာမတတ်သူများ ခေတ်ပညာတတ် ပိုက်ဆံမက် ရမ္မက်စိတ်များ သူ့ရံထား။ ပိုက်‌ဆံမဝင် ဂုဏ်မတင် သူထင်တာမှား ဝိုင်းကာတား။ တို့နိုင်ငံ၏ တစ်ချို့ရှိ အသိမဲ့ကာ ပညာပါး။ အသုံးမကျ သူ့ဘဝ သူမှပြစ်တင် နိုင်ငံကား။ တို့များမှာတော့ ခေါင်းကိုမော့ ရင်ကော့ဝင့်ကြွား မြန်မာ့သား။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-သံပေါက်

ဘ၀ ဆိုတာနေတက်ရင် ‎ကျေနပ်စရာဆိုပေမယ့်... ‎အကို့ဘ၀လေးဟာ ကလေးမကြောင့် ‎ပြည့်စုံခဲ့တယ်ပြောရင် "ပိုပြန်ပြီအကိုရယ်" လို့‎ ထပ်ညည်းအုန်းမှာလား... ‎အကိုရဲ့ ဘ၀အဓိပ္ပာယ်ဆိုတာ ‎နာမည်လေး ၄ လုံးနဲ့ ‎ဆံပင်ရှည်ရှည် အရပ်မြင့်မြင့် ‎တနင်္လာသမီးလေးပေါ့...။ ‎-သက္က

မောင်သုတ 🧐 - Статистика и аналитика Telegram-канала @mgthutha