cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

မောင်သုတ 🧐

သမိုင်းအထူးပြု Channel CB - @MgThuThaBot February 9. 2022

Show more
Advertising posts
6 142
Subscribers
+1424 hours
+1297 days
+50830 days

Data loading in progress...

Subscriber growth rate

Data loading in progress...

Photo unavailableShow in Telegram
အင်းလို့ ဟုတ်ပြီလို့
Show all...
🤣 89 3 1
Photo unavailableShow in Telegram
ချင်းတော်လှန်ရေးခေါင်းဆောင် ကြွမ်လာဘိခ်
Show all...
47❤‍🔥 3👍 2
Photo unavailableShow in Telegram
ဗိုလ်ဥတ္တမ
Show all...
20
Photo unavailableShow in Telegram
Georgh V and Mary
Show all...
21
Photo unavailableShow in Telegram
ကင်းဝန်မင်းကြီး ဦးကောင်း
Show all...
29
Photo unavailableShow in Telegram
ကြေငြာချက်
Show all...
10
လောကဓါတ်ကျောင်းများမှသင်ယူခဲ့သော ၁၈၈၉၁ ထုတ် ပဥ္စမတန်း မြန်မာ ဖတ်စာတွင် {
ဗြိတိသျှကျွန်းသားတို့သည် လုံ့လဝီရိယ များစွာရှိ၍ အပင်ပန်းဆင်းရဲကို အခြားသူတို့ထက် ပိုမို သည်းခံနိုင်ခြင်း သတ္တိရှိကြ၏။ ကြည်းတပ်၊ ရေတပ်၊ နှစ်ဖက်စလုံး၌ ၎င်းလူမျိုးတို့၏ စစ်သည်တပ်သားတို့သည် မိမိတို့အသက်ကို ပဓာနမပြု၊ အသက်စွန့် ကြိုးပမ်း ရဲဝံ့ စွန့်စား၍ ရွပ်ရွပ်ချွံချွံ ထမ်းရွက်ကြသော ဂုဏ်သတင်းသည် ကမ္ဘာမြေပြင်အလုံး အနှံ့အပြား ထင်ရှားကျော်စောခြင်း ရှိ၏။ အင်္ဂလိပ်မင်းတို့ပိုင် နိုင်ငံမြို့ရွာနယ်ပယ်တို့သည် အလွန်ကျယ်ဝန်း နှံ့ပြားရှိသောကြောင့် ၎င်းတို့နိုင်ငံတွင် နေမဝင်ဟူ၍ ဆိုကြသည်။ ဤကမ္ဘာမြေပေါ်တွင် ဗြိတိသျှနိုင်ငံကဲ့သို့ မည်သည့်နိုင်ငံမျှ လွတ်လပ်စွာနေထိုင်ရခြင်း အခွင့်ကို လူတိုင် းမရကြချေ "
စသည်ဖြင့် ပါရှိ၏။           လောကဓကျောင်းသား ကျောင်းသူများ ဆိုရသော ဧကပိုဒ်ရတုလင်္ကာတစ်ပုဒ်လည်း ရှိသည်
{ အောင်ဆုဩဘာ၊ မင်္ဂလာဖြင့်၊ ဆယ်ဖြာလက်မြောင်၊ ဆက်ကာလျှောက်ပိမ့်၊ စိုက်တောင်အောင်လံ၊ ဂရိဗြိတန်နှင့်၊ နိုင်ငံအိန္ဒိယ၊ အစိုးရသည်၊ ဘဝသခင်၊ ဂျော့ဘုရင်နှင့်၊ ရှင်မိဘုရား၊ မြတ်နှစ်ပါးကို တိုင်းကားစိုးစံ၊ ပြည်နိုင်ငံ
ကို . . . } စသည်ဖြင့် ဆိုရ၏။ Georgh V နှင့် Mary ကို ချီးမြှောက်သော ဆုတောင်း ရတုဖြစ်သည်။
အဆင့်မြင့်ပညာရေး
          ပြည်တွင်း၏ တက္ကသိုလ်ပညာသင်ကြားနိုင်ရန် ၁၈၈၁၊ ရန်ကုန်မြို့၊ ကော်မရှင်နာလမ်း ( ယခု ဗိုလ်ချုပ်အောင်ဆန်းလမ်း )ရှိ အစိုးရဟိုက်စကူးလ် ( ယခု လသာ အထက ၁ ) တွက်စတင်ပြီး ၁၈၈၅၊ မတ်၂ တွင် ကာလကတ္တား တက္ကသိုလ်လက်အောက်ခံဒီဂရီကောလိပ်အဖြစ် အသိအမှတ်ပြုခဲ့သည်။ ၁၈၈၅ ထိ B.A အောင်သူမှာ မြန်မာလူမျိုးမောင်တူ သာရှိသည်။           ထို့အတူ ၁၈၉၄ ကူရှင်ကျောင်း ( ယခု အလုံအထက ၄ ) တွင် F.A နှင့် B.A စာမေးပွဲများအတွက် သင်ကြားပေးသော ရန်ကုန်ကောလိပ်နှင့် ဘက်ပတစ်ကောလိပ်ယူ၍ ရှိလာသည်။ တက်ရောက်သူအများစုမှာ အင်္ဂလိပ်နှင့် အိန္ဒိယသားများသာဖြစ်ကြသည်။           ၁၉၀၃ တွင် မြန်မာနိုင်ငံပညာရေး ကိုဓဥဒေ အခန်း ၁၁ အရ The European Stipend Board ( ဗြိတိသျှ ပညာသင်စရိတ်ထောက်ပံရေးအဖွဲ့ ) ဖွဲ့ခဲ့ရာ မြန်မာတိုင်းရင်းသားများနှင့် အင်္ဂလိပ်တို့၏ အခွင့်အရေးမှာ များစွာကွာခြားသွားသည်။
စီးပွားရေး
          မြန်မာနိုင်ငံကိုသိမ်းပြီးနောက် မြန်မာတိုင်းရင်းသား လုပ်ငန်းရှင်များ စီးပွားရေးနယ်ပယ်အတွင်းမှ ကွယ်ပျောက်သွားရသည်။ အထက်မြန်မာသိမ်းစဥ် မီးသင်္ဘောအများစွာကူခဲ့သော ဧရာဝတီဖလုတ်တီလာကုမ္ပဏီသည် မန္တလေးမြိုကျပြီးနောက် ကနောက်မင်းသားဆောက်လုပ်ထားသော ရတနာပုံသင်္ဘောကျင်းမှ စက်ကြီးများပါဝင်သော သင်္ဘောပျက် ၈ စင်းကို ငွေကျပ် ၄၅,၀၀၀ ဖြင့်သာ ဝယ်ယူခွင့်ရခဲ့သည်။ အလားတူ ဘုံဘေဘားမားကုမ္ပဏီသည် မြန်မာ့မြေပေါ်၌ အကျိုးများစွာ ဖြစ်ထွန်းခဲ့သည်။           ၁၉၀၇ တွင် ရေနံချောင်းမှာ ရေနံစိမ်းများကို ရန်ကုန်သို့ တင်ကာ စီးပွားဖြစ်နေကြသည်။ ထိုကုမ္ပဏီများမှာ Burma Oil Company, The Rangoon Oil Company,Messrs Jamal Bros., The Nath Singh Oil Company တို့ဖြစ်သည်။ ၁၈၆၁ မှ ချမှတ်ပေးသော ဂရန်စနစ်မှာ အရင်းရှင်များ စျေးပေါပေါဖြင့်ရစေရန် စီစဥ်ခဲ့ခြင်းဖြစ်သည်။ မြန်မာမင်းလက်ထက် ချောင်လည်စွာ စားသောက်ခဲ့သူ လယ်သမားများမှာ သူရင်းငှားဘဝသို့ ရောက်ကုန်သ ည်။
ဆေးဝါးကုသရေး
         ကိုလိုနီခေတ်ဦး၏ ဆေးဝါကုသရေးမှာ စိတ်ပျက်ဖွယ်ဖြစ်သည်။ အဆင့်မြင့်ခဲ့ မြန်မာတိုင်းရင်းဆေးမှာ ချိုးနှိမ်ခံရ၍ တိမ်ကောလုနီးပါးဖြစ်ခဲ့သည်။ ဆေးရုံဆိုသည်မှာ အဆောက်အဦးမျှသာဖြစ်သည်။ သာဓကဆိုရသော် အကျဥ်းထောင်ထဲ၌ တည်ရှိသည့် ပြည်မြို့မှ ဆေးရုံမှာ အပေါစားထရံများကာရံပြီး အကျဥ်းသားများရော၊ ပြင်က လူနာများပါ အသုံးခဲ့ကြရသည်။
မင်းတိုင်ပင်အဖွဲ့
          ၁၈၉၁ မှစကာ မင်းတိုင်ပင်အဖွဲ့ထားရှိပါသည်။  ၎င်းကို ဥပဒေပြုကောင်စီဟုလည်းခေါ်သည်။ အဖွဲ့ဝင် ၉ ဦးပါပြီး ယင်းအဖွဲ့ကို ဒုတိယဘုရင်ခံက စိတ်ကြိုက်ခန့်သည်။ ထူးခြားသည်မှာ ကင်းဝန်မင်းကြီး ဦးကောင်း ပါနေခြင်းဖြစ်သည်။ တတိယ အင်္ဂလိပ်မြန်မာစစ်ပွဲတွင် တိုက်ခိုက်ရန် အားပေးသော တိုင်တားမင်းကြီးဦးဘိုး ( ပုံတွင်ရှု့ ) မှာ အိန္ဒိယ ကက်တက်မြို့သို့ ပြည်နှင်ဒဏ်ပေးခံနေရသည်။ မင်းတိုင်ပင်များမှာ စင်စစ် ဥပဒေပြုအာဏာ ရှိသူများ မဟုတ်ပေ။
ဘာသာ၊ သာသနာ
          သာသနာလည်း ညှိုးမှိန်သွားခဲ့သည်။ အထူးသဖြင့် အောက်မြန်မာပြည်သည် ပိုမိုဆိုးရွားလှသည်။ ၁၈၉၁ တွင် အထက်မြန်မာပြည်၌ ကျေးရွာတစ်ရွာလျှင် ဘုန်းကြီးကျောင်းတစ်ကျောင်းမြင်တွေ့ရသော်လည်း အောက်မြန်မာပြည်တွင် ရွာ ၁၀၀ လျှင် ၇၅ ရွာမှာ ဘုန်းကြီးကျောင်းဟူ၍ မရှိတော့။ ဤသို့ကြောင့် မြန်မာပြည်အနှံ့ ဘာသာရေးအသင်းများပေါ်ပေါက်လာရခြင်းဖြစ်ပေသည်။ ကျမ်းကိုး ၁။ မြင့်သိန်း ( ရန်ကုန်တက္ကသိုလ် ) ပြောင်းလဲလာသော မြန်မာနိုင်ငံ အုပ်ချုပ်ရေးစနစ်များ။ ၂။ ဒေါ်ကြန်၊ ပဒေသရာဇ်မြန်မာနိုင်ငံ၏ ဇာတ်သိမ်း။ ၃။ ဖိုးအောင်လေး၊ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု ရက်စဥ်သမိုင်း။ ၄။ ဒေါက်တာသန်းထွန်း၊ ဖတ်စာအုပ်သမိုင်း၊ မန္တလေး နိုင်ငံတကာစာအုပ်နှင့် စာတမ်းများ ၁၉၇၂ ။
Show all...
5
Weekly Eleven News Journal အတွဲ-၄၊ အမှတ် ၄၅ မှ အကြောင်းအရာကို မောင ်သုတမှ အနှစ်ချုပ်သည်
Original Writer - တင်နိုင်တို
Online Print - မောင်သုတ
Media တစ်ခုတွင် တင်လိုက @MgThuThaBot သို့ ခွင့်ပြုချက်လာတောင်းပြီးမှသာ တင်ပါရန် #18to19 #colony #british #burma #old #memory #history ##EPC1
Show all...
7
ကိုလိုနီခေတ် မှတ်တမ်း အပိုင်း ၁           ၁၈၈၅၊ နိုဝင်ဘာ ၁၉ ရက်တွင် သီပေါမင်းနှင့် မိဘုရားကို ထီးနန်းမှ ဖယ်ချကာ အိန္ဒိယနိုင်ငံ၊ ရတနာဂီရိသို့ ဖမ်းစီး ပို့ဆောင့်ခဲ့ပြီးနောက် ကိုလိုနီခေတ်စတင်ခဲ့သည်။           ၁၈၈၆၊ ဇန်နဝါရီ ၁ ရက်တွင် မြန်မာတစ်နိုင်ငံလုံးကို ဗြိတိသျှပိုင်အဖြစ်ကြေငြာခဲ့သည်။ ထိုကြေငြာချက်ကို အနှစ်ချုပ်သော်          
{ ဧကရီဘုရင်မကြီး၏ အမိန့်တော်ကိုဦးထိပ်ထားပန်ဆင်လျက် ဤကြေငြာချက်ကိုထုတ်ပြန်သည့်အချိန်မှ စ၍ ယခင် သီပေါဘုရင်အုပ်စိုးခဲ့သော တိုင်းပြည်နယ်ပယ်မှန်သမျှအားလုံးတို့သည် သီပေါဘုရင်၏ အုပ်ချုပ်မှုလက်အောက်တွင် ရှိလိမ့်မည်မဟုတ်ဘဲ ဧကရီဘုရင်မကြီး၏ နိုင်ငံတော်တစ်စိတ်တစ်ပိုင်းအဖြစ် သိမ်းသွင်းပြီးဖြစ်လေရာ ဧကရီဘုရင်မကြီး၏ သဘောကျ အိန္ဒိယဘုရင်ခံချုပ်ကြီးက အခါအားလျော်စွာ အရာရှိများ ခန့်အပ်အုပ်ချုပ်သွားမည်ဖြစ်ကြောင်း } (
မူရင်းစာမူကို ပုံတွက်ရှု့ )
အစောပိုင်းအုပ်ချုပ်ရေး
          ၁၈၈၆၊ ဖေဖော်ဝါရီ ၆ ရက်တွက် အိန္ဒိယဘုရင်ခံနှင့်အဖွဲ့ ရန်ကုန်သို့လာခဲ့သည်။ ၁၂ ရက်နေ့တွင် မန္တလေးသို့ ဆက်လက်သွားရောက်သည်။ ဗြိတိသျှတို့သည် မြန်မာပြည်ကို သိမ်းပိုင်ပြီးသော်လည်း မည်သို့အုပ်ချုပ်မည်ကိုကား မသေချာသေး။           တစ်စိတ်တစ်ဒေသအစောင့်အရှောက်ခံ ( Semi-Protected State ) ထားရန်ကြံရွယ်သည်။ သို့သော် အကုန်အကျများသည်။           ပြည်ပရောက် မြင်ကွန်းမင်းသား၊ ညောင်အုပ်မင်းသား၊ သို့မဟုတ် ကွယ်လွန်သူ ညောင်ရမ်းမင်းသားကြီး၏ သားကြီး ထိပ်တင်ဦးစွန်းကို ရုပ်သေးဘုရင်အဖြစ်တင်ရင် ကြံစီသည်။ ဤသို့ဆို အနှောက်အယှက်ရှိမည်။ နောက်ဆုံး ဆာချားစ်ဘားနဒ်ကို မဟာဝန်ရှင်တော်ကြီးအဖြစ် ခန့်အပ်သည်။           ၁၈၈၆၊ ဖေဖော်ဝါရီ ၂ တွင် အိန္ဒိယဘုရင်ခံချုပ်က ဗဟိုအစိုးရထံ ကြေးနန်းစာဖြင့်အမိန့်တောင်းခံသည်။ ခွင့်ပြု၍ ၁၈၈၆၊ ဖေဖော်ဝါရီ ၂၆ တွင် မြန်မာပြည်အထက်ပိုင်း ( ရှမ်းပြည်မှလွဲ၍ ) အိန္ဒိယ၏ ပြည်နယ်တစ်ခုဖြစ်လာသည်။
ပုန်ကန်မှု
          ၁၈၈၆၊ မတ် ၁ တွင် မြန်မာပြည်အထက်ပိုင်း အုပ်ချုပ်ရေးစတင်ခဲ့သည်။ မျိုးချစ်စိတ်ပြင်းပြသူတို့ ရရာလက်နက်စွဲ၍ တော်လှန်ကြ၏။ ၁၈၈၆၊ ဧပြီ ၁၃ မှ စတင်ခဲ့သော တော်လှန်ရေးကြီးတွင် မြင်စိုင်းမင်းသား၊ စောရန်ပိုင် စသော နန်းတွင်းအနွယ်တော်များ၊ ကြွမ်ဘိခ် ( ပုံရှု့ )၊ ဆနန်းဒူးဝါး၊ ကျိုင်းတုံစော်ဘွား စသော တိုင်းရင်းသားခေါင်းဆောင်များ၊ ပုဂံဗိုလ်ချို၊ ဝဲလောင်ဗိုလ်ရာညွန့်၊ ဗိုလ်ဥတ္တမ၊ ဗိုလ်ရိုင်းစသော မြေပြန့်ဒေသမှ မျိုးချစ်သူရဲကောင်းများ ပါဝင်ခဲ့ကြသည်။           ဆယ်စုနှစ်တစ်ခု​ကျော်ကြာသော နယ်မြေငြိမ်ဝပ်ရေးတိုက်ပွဲများတွင် စစ်အင်အားကို မန္တလေးမြို့သိမ်းယူရသည်ထက် ခြောက်ဆခန့် ပိုမိုသုံးစွဲခဲ့ရသည်။ တော်လှန်ရေးသမားတချို့ အသက်ပေးခဲ့ကြပြီး တချို့မှာ ကြိုးဒဏ်၊ ထောင်ဒဏ်၊ ကျွန်းဒဏ် ပေးခံခဲ့ရသည။
နယ်ချဲ့အလိုတော်ရိ ( ဒလန် )
          တော်လှန်ရေးသမားများနှင့် ဆန့်ကျင်စွာ အင်္ဂလိပ်သတင်းပေး အလိုတော်ရိများပေါ်ပေါက်ခဲ့သည်။ မင်းကင်းမြို့ဝန်၊ ကန္နီမြို့ဝန်၊ အင်းဝမြို့ဝန်ဦးလွှား၊ စလေမြို့ဝန် ဦးတလုတ်တို့က ဗြိတိသျှထံ အညံ့ခံ့ကာ မြို့အုပ်ရာထူး ရယူခဲ့သည်။           မြတောင်မြို့ဝန်ဦးဖေဆိုလျှင် တော်လှန်ရေးသမား ဦးဖိုးခေါင်ဆိုသူကိုပင် အင်္ဂလိပ်ထံ အပ်နှံ့ခဲ့သည်။ ဗန်းမော်မြိုဝန်ကိုယ်တိုင်ဆိုလျှင် ဗြိတိသျှတပ်မလာမီ ၂ မိုင်အကွာမှ သွားရောက်ဆီးကြိုခဲ့သည်။           မျိုးရိုးစဥ်ဆက် လယ်ကိုင်းသူကြီးရိုးမှ ဆင်းသက်ခဲ့သူ သီပေါမင်းလက်ထက်မှ ဆရာမှတ်ကြီး ( Dr J.E Marks ( ပုံရှု့) ကျောင်းထွက် လယ်ကိုင်းမြို့သူကြီး ဦးအံထော်ဆိုလျှင် မြို့အုပ်ရာထူး လိုချင်၍ နာမည်ကို အံထော်နီဟု ပြောင်းလဲခဲ့သည်။ သူသည် ဗိုလ်ဥတ္တမ ( ပုံရှု့ ) ၏ စခန်းကိုပင် လိုက်လံပြသခဲ့ သည်။
" မောင်ကလေး လူလေး" " ဘုရား "
          မဟာဝန်ရှင်တော်ကြီးအုပ်ချုပ်စဥ် အရှေ့၊ အနောက်၊ တောင်၊ အလယ်ဟု ခရိုင်ခွဲကာ ခရိုင်ဝန်ရှင်တော်မင်းကြီးတစ်ဦးစီ ထားရှိသည်။ သူတို့လက်အောက်တွင် စီရင်စုအလိုက်အရေးပိုင်များ၊ ဆပ်ဒီဝီဇံ ( Sub Division ) နယ်အလိုက်ဝန်ထောက်၊ မြို့အလိုက်မြို့ဝန်၊ ရွာသူကြီး အဆင့်ဆင့်ထားရှိသည်။ သို့သော် မြန်မာအရာရှိများနှင့် ဗြိတိသျှ အရာရှိများမှာ အဆင့်များစွာကွာသည်။           ၁၉၀၃ တွင် အတွင်းဝန်များရုံးအရာရှိ၊ ဝန်ကလေးများကို မြန်မာအရာရှိများကတွေ့လျှင် ခြေညှပ်ဖိနပ် အပေါက်ဝချွတ် စကားပြောလျှင်လည်း ဘုရားထူး၍ ပြောဆိုရမည်ဟု ထုတ်ပြန်ခဲ့သည်။ ထို့အတူ ရန်ကုန်အစိုးရ ဟိုက်စကူးလ်ကျောင်း၌လည်း ကျောင်းသားများသည် မျက်နှာဖြူအရာရှိနှင့် ဆရာများကို ရှိခိုးအရိုအသေပြုရမည်ဟု ပညာဝန်မစ္စတာကော့က အမိန့်ထုတ်ခဲ့၏
အောင်ဆုဩဘာ
         ကိုလိုနီခေတ်ဦးပေါ်ပေါက်ခဲ့သော ကျောင်းများမှ သင်ပေးသောပညာရေးစနစ်မှာ ဗြူရိုဂရေစီစနစ် ချောမွေ့စွာလည်နိုင်ရင် အထောက်အကူပြုသော ပညာရေးစနစ်ဖြစ်သည်။
Show all...
5
Photo unavailableShow in Telegram
11
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.