ch
Feedback
မောင်သုတ 🧐

မောင်သုတ 🧐

前往频道在 Telegram

သမိုင်း၊ သိပ္ပံ၊ စီးပွားရေး၊ စာပေ CB - @MgThuThaBot February 9. 2022

显示更多
9 133
订阅者
+1324 小时
+507
+15230
帖子存档
မေတ္တာစာ မနက်ခင်းမိုးလင်းလို့ ကြားရတဲ့ နှိုးစက်သံအစား မင်းရယ်သံကိုသာ ငါနားဆင်မယ်။ ညခင်းမိုးချုပ်လို့မြင်ရတဲ့ ကြယ်ကလေးတွေအစား မင်းမျက်နှာကိုသာ ငါထိုင်ကြည့်မယ်။ နေ့စဉ်ဓူဝလုပ်နေကျအရာတွေအထဲ မင်းကိုချစ်ရတဲ့ တာဝန်ကိုတော့ ငါမပျက်မကွက် ဆောင်ရွက်ဆဲပါ အချစ်ရေ...။ -အံ့လွန်းပျို

သမိုင်းပျောက်ရင်No history, No identityပဲ -RAIDEN KT
ယနေ့လို တိုးတက်နေတဲ့ခေတ်ကာလကြီးမှာ လူအများစုက historyနဲ့ပတ်သက်ရင် googleတို့ Wikipediaတို့ Britannicaတို့မှာ အတော်များများလေ့လာနေကြရတာတွေ့ရပါတယ်။ ဒါပေမယ့်သူတို့ Pageကပေးတဲ့ Dataတွေကိုလေ့လာရုံဖြင့်လည် မပြီဆုံးသေးပေ။ ဘာလိုဆိုရင် ကျွန်တော်တို့ဟာ မိမိလေ့လာလိုက်တဲ့Content တစ်ခုကိုပြန်လည်ဝေဖန်တတ်ဖို့လည်းလိုအပ်ပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ လူသားတွေရဲ့သမိုင်းဟာတစ်နေရာထဲမှာအစုလိုက်ရပ်တန့်နေတာမဟုတ်ဘဲ ကမ္ဘာကြီးနဲ့အတူ သဟဇာဖြစ်တည်ပြီး အရှိန်အဟုန်နဲ့လည်ပတ်နေတဲ့ အသက်ရှိတဲ့ရေစီးကြောင်းတစ်ခုပါပဲ ဒါကို ခေတ်ရေစီးကြောင်းလို့ တစ်မျိုးခေါ်နိုင်ပါသေးတယ်။  သမိုင်းနဲ့ ပတ်သက်ပြီး ဝေဖန်တဲ့အခါ ထွက်လာတဲ့ ယုတ္တိဆန်တဲ့မေးခွန်းတွေက‌တော့ ငါတို့‌နေထိုင်တဲ့ပတ်ဝန်းကျင်သမိုင်းဟာဘာလဲ? ငါတို့ရပ်တည်နေတဲ့ ဟောဒီမြေပြင်ကြီးရဲ့ သမိုင်းကဘယ်ကစခဲ့လဲ? ငါတို့ရဲ့ rootတွေက ဘယ်ကအစပြုခဲ့တာလဲ? စသဖြင့် မေးခွန်းတွေနဲ့ ဝေဖန်တတ်ဖို့လိုအပ်ပါတယ်။ ဆိုတော့သမိုင်းဆိုတာဟာIt starts with our daily routine ဆိုတဲ့စကားတွေနဲ့ ပြန်လည်ဆန်းစစ်ကြည့်ပြီး သမိုင်းဝါသနားရှင်တွေအတွက်ရော လူငယ်မျိုးဆက်သစ်တွေအတွက်ပါ red flag တစ်ခုဖြစ်လာနိုင်ပါတယ်။ RAIDEN KT Historian #Kyawthet #History #RAIDEN_KT

ရမ္မက် သွေးသားတည်လျက် ၊ ခန္ဓာဆက်တွင် ရမ္မက်တဏှာ ၊ ရှိကြစွာ၏။ ရေငန်တစ်စက် ၊ပမာလျက်မူ ထပ်၍တောင့်တ ၊ လိုချင်ကြ၏။ တဏှာအမှောင် ၊ ဖုံးကာဆောင်က အရှက်သညှာ ၊ ဂုဏ်သိက္ခာရိုး ချိုးနှိမ်မေ့ပျောက် ၊ လမ်းမှားရောက်အောင် ပို့၍ဆောင်သည်။ တဏှာရမ္မက်၊ ပျားရည်စက်ကား ဓားသွားပေါ်ထက်၊ရှိပါလျက်မှ ပိုးဖလံမျိုး ၊ မီးကိုတိုးယူ ပူပူလောင်လောင် ၊ သူသယ်ဆောင်၏။ တန်သင့်သည့်ဆေး ၊ လွန်မည့်ဒုက္ခ အသိအမှတ်၊ သတိကပ်၍ ရမ္မက်တဏှာ၊ ထိုအရာကို ချင့်ကာသင့်စေ၊ သုံးဆောင်စေသော်။ အမောင်ကိုးလ် #𝘾𝙤𝙡𝙙

ကျွန်တော့်ရဲ့ကျွန်တော် နွေဦးမှာ ရွက်ဝါတွေရှိတယ်။ ကျွန်တော့်မှာ ကျွန်တော်ရှိတယ်။ အာဒံမှာ ဧဝရှိတယ်။ ကျွန်တော့်မှာ ကျွန်တော်ရှိတယ် နတ်သျှင်နောင်မှာ ရာဇဓာတုကလျာရှိတယ် ကျွန်တော့်မှာကျွန်တော်ရှိတယ်။ ဂျူးမှာ အမှတ်တရ ရှိတယ်။ ကျွန်တော့်မှာကျွန်တော်ရှိတယ်။ တစ်ခုခုတိုင်းမှာ တစ်ခုခုရှိပေမဲ့ ကျွန်တော့်မှာကျွန်တော်ပဲရှိတယ်။ ကိုယ့်အားကိုယ် ကိုးကာ ကျွန်တော့်မှာကျွန်တော်ရှိတယ်။ သမိုင်းတစ်ခု တည်ဆောက်ဖို့ ကျွန်တော့်မှာ ကျွန်တော်ပဲရှိတော့တယ်။ -တက္ကသိုလ်သျှင်ဘုန်း

ယုံကြည်မှုနဲ့ဆုပ်ကိုင်ထားတဲ့လက်တွေပါ။ လူချင်းနီးမှ မြဲတယ်ဆိုတဲ့ လက်တွေမှာပဲ ဒဏ်ရာတွေ ရှိတယ်မထင်ပါနဲ့။ သူ့လက်မှာလဲအသားမာနဲ့ ငါ့လက်မှာလဲအမာရွတ်နဲ့...။ -အံ့လွန်းပျို

နီးခြင်း၊ ဝေးခြင်း သဘောတရားတွေနဲ့ အကျင့်သားရနေသူမလို့ အနားမှာမရှိရင်နေပါ။ ချစ်တယ်ဆိုရင်ပဲ အသက်တစ်ရက် ပိုရှည်ပါပြီ။ -အံ့လွန်းပျို

Repost from Paper Poetry
စွဲလမ်းမက်မောခြင်းဟာ ဒုက္ခရဲ့အစလို့ ဘုရားရှင်က တရားပြခဲ့ပေမဲ့၊ ငါကတော့ မင်းဆိုတဲ့ ဒုက္ခကြီးကိုပဲ မြတ်မြတ်နိုးနိုး ဖက်တွယ်ထားခ
စွဲလမ်းမက်မောခြင်းဟာ ဒုက္ခရဲ့အစလို့ ဘုရားရှင်က တရားပြခဲ့ပေမဲ့၊ ငါကတော့ မင်းဆိုတဲ့ ဒုက္ခကြီးကိုပဲ မြတ်မြတ်နိုးနိုး ဖက်တွယ်ထားချင်ခဲ့တာ...။ အင်း...ဒီဘဝတော့ ဘုရားရှင်ရဲ့ တရားနဲ့ ငါလမ်းလွဲခဲ့ပြီ။ -သက္က

မိုးရွာတဲ့အခါ အေးစက်မှုတွေ နွေး‌ပါစေ။ နေပူတဲ့အခါ အပူလုံးတွေ အေးပါစေ။ မင်းအချစ်ရေးကံဆိုးတဲ့အခါ ကိုယ်လိုလူနဲ့ ဝေးပါစေ။ -အံ့လွန်းပျို

ကဗျာထဲက သူရဲကောင်း ရွာဦးကျောင်းမှာ ရေတွင်းတူး‌တုန်းက မင်းမပါဘူး ...။ ငါတို့လယ်တွေ ပျိုးကြဲတုန်းက မင်းမပါဘူး ...။ လွင်တီးခေါင်တွေ သစ်ပင်စိုက်တုန်းက မင်းမပါဘူး ...။ ခုတော့ မင်းက ဗိုလ်ချုပ်နဲ့ လည်ပင်းဖက်ကြီးသလို သခင်ဗဟိန်းနဲ့ ဂွေပဲအတူတူလှိမ့်ခဲ့သလို သခင်သန်းထွန်းနဲ့ မီးဝင်မီးထွက်လိုလို ဟိုချီမင်းက မင်းဘကြီးလိုလို မင်းကဗျာတွေဖတ်ရတာ အသက်ရှူကြပ်ပြီး မနေတတ်ဘူး။ ဪ ... ဪ ... ဪ ... မင်းကဗျာတွေက ဘာလိုလို။ -အောင်ဘညို

Repost from Paper Poetry
နိဗ္ဗာန် ပန်းကလေးတွေကို ငေးကြည့်ရတာ ရင်ထဲမှာ အေးချမ်းလှပြီလို့ ထင်ခဲ့ဖူးတာ၊ ဒါပေမဲ့... မင်းရဲ့ အပြုံး၊ မင်းရဲ့ မျက်ဝန်းတွေကို
နိဗ္ဗာန် ပန်းကလေးတွေကို ငေးကြည့်ရတာ ရင်ထဲမှာ အေးချမ်းလှပြီလို့ ထင်ခဲ့ဖူးတာ၊ ဒါပေမဲ့... မင်းရဲ့ အပြုံး၊ မင်းရဲ့ မျက်ဝန်းတွေကို ငေးရတဲ့အခါမှအဲဒီအေးချမ်းမှုက အနန္တအထိ ကျယ်ပြောသွားတယ်။ ပန်းတွေပေးတဲ့ စိတ်ချမ်းသာမှုထက် ပိုပြီး၊ မင်းကို ကြည့်နေရတဲ့ ဒီအခိုက်အတန့်ဟာငါ့အတွက်တော့... မြတ်စွာဘုရား ဟောကြားခဲ့တဲ့ နိဗ္ဗာန်ပါပဲ။ -သက္က

ကိုယ်ချင်းစာစိတ်ရှိရင် ကောင်းမှာပဲ အသက်။ အခုတော့ ငါကမ္ဘာပျက်နေတာကိုကျ လျစ်လျူရှုခဲ့တဲ့မင်းက ဟိုလူမျက်နှာညှိုးမှာကိုတော့ ကြောက်တတ်နေပြီ...။ -အံ့လွန်းပျို

သင့်တို့၏ဘဝကို ကံတရားကပုံဖော်ပေးတာမဟုတ်ဘဲ သင့်တို့၏အလေ့အကျင့်တွေကဖန်တီးပေးခြင်းသာဖြစ်ပါတယ်။
လူအတော်များများဟာ အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းရုံနဲ့ သူတို့ရဲ့ဘဝတွေကို ပြောင်းလဲသွားလိမ့်မယ်လို့ မျှော်လင့်ကြပါတယ်။ ဒါပေမယ့် အနာဂတ်ကို အမှန်တကယ်ဆုံးဖြတ်ပေးတဲ့အရာက ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခု မဟုတ်ဘဲကျွန်ုပ်တို့ရဲ့နေ့စဉ် ကျင့်သုံးနေတဲ့ သေးငယ်တဲ့အလေ့အကျင့်လေးတွေပါပဲ။ -အရစ္စတိုတယ်
 အမြော်အမြင်ကြီးမားသူ အရစ္စတိုတယ်က‌ ဒီလောကကြီးမှာ ကျွန်တော်တို့အားလုံးရဲ့လုပ်ရပ်အများစုဟာ အလိုအလျောက်ဖြစ်တည်နေကြောင်းကို သူကသတိပေးခဲ့ပါတယ်။ ဒီနေ့ကျွန်‌တော်တို့ ထပ်ခါတလဲလဲလုပ်ဆောင်နေတာတွေက ကျွန်‌တော်တို့ရဲ့ စရိုက်လက္ခဏာတွေကိုတဖြည်းဖြည်းချင်းစီ ပုံသွင်းပေး‌နေတာဖြစ်တယ်။ အဲဒီစရိုက်တွေကနေ ကျွန်တော်တို့တွေဟာမိမိရဲ့ ဆုံးဖြတ်ချက်တွေကို အဆုံးအဖြတ်ပေးနိုင်ပြီး ထိုဆုံးဖြတ်ချက်တွေကဘဲ ကျွန်တော်တို့ဘဝရဲ့ ဦးတည်ရာလမ်းကြောင်းကို သတ်မှတ်ပေး‌သွားမှာဖြစ်တယ်။ အကယ်လို့များကျွန်တော်တို့က နေ့စဉ်နဲ့အမျှကိုယ်လုပ်ရမယ့် အလုပ်တွေကို ရွှေ့ဆိုင်းနေမယ်၊ ညည်းညူနေမယ် ဒါမှမဟုတ် ဖြတ်လမ်းတွေကိုသုံးဖို့ နည်းလမ်းတွေကို ရှာဖွေနေမယ်ဆိုရင်တော့ ကိုယ်ကိုကိုယ်တိုးတက်မယ့်ရလဒ်တွေက သိပ်ပြီးမပြောင်းလဲမှာမဟုတ်ဘူးဆိုတာကိုတော့ အံ့သြစရာမရှိပါဘူး။ ဒီအတွက် ကျွန်တော်တို့က ဆန့်ကျင်ဘက်အနေနဲ့ စည်းကမ်းရှိရမယ်၊ စာဖတ်ရမယ်၊ သင်ယူလေ့လာမှု‌တွေလုပ်ရမယ်...ဒီအ‌လေ့အထတွေကိုတစိုက်မတ်မတ်လုပ်ခြင်းက ရေတိုကာလမှာတော့ အရေးမပါဘူးလို့ထင်ရပေမယ့် သူတို့ရဲ့အကျိုးသက်ရောက်မှုတွေက ရေရှည်ကာလနှစ်ပေါင်းများစွာကြာလာတာနဲ့အမျှ သိသိသာသာကောင်းကျိုးခံစားရပါလိမ့်မယ်။ ဒါကြောင့် အောင်မြင်တဲ့သူတွေဖြစ်ဖို့ဆိုရင် စိတ်အားထက်သန်မှုဟာ မြင့်မား‌နေဖိုထက် မိမိအတွက်ပိုကောင်းတဲ့ အလေ့အကျင့်တွေ ရှိဖို့လိုအပ်ရုံပါပဲ။ ကျွန်တော်တို့ဟာ မိမိရေးခြယ်တဲ့အနာဂတ်ဆိုတာကို တိုက်ဆိုင်မှုတွေက‌နေတဆင့် ဖြစ်တည်လာတာမျိုး မဟုတ်ဘဲ...မိမိရဲ့အကျင့်စရိုက်တွေကို မိမိကိုယ်ပိုင်တစ်ဦးတစ်ယောက်ကပဲဖာသိဖာသာ ကျင့်ယူပြီး မိမိရဲ့ကံကြမ္မာကို ကိုယ်တိုင်းဘဲအလေ့အထတွေနဲ့‌ ရေးခြယ်‌နေတဲ့‌ လေ့ကျင့်မှုရဲ့ထပ်ခါထပ်ခါ ဖြစ်တည်နေတာသဘောမျိုးဖြစ်၏။ -RAIDEN KT Historian #Kyawthet #History #RAIDEN_KT

ဇာနည်သွေးတို့ ရဲစေသော်ဝ် အာဇာနည်တဲ့ ကိုးဦးကွဲ့ ဂုဏ်လဲ့လို့ပြောင် သူတို့ဆောင်။ နိုင်ငံ့အကျိုး ထောက်ပံ့ပိုး အမျိုးထိပ်ခေါင် ကြံတိုင်းအောင်။ သမိုင်းတို့သည် ဆက်၍တည် ရောင်ခြည်ထိန်တောင် ဂုဏ်မမှောင်။ အတုယူကြ ကိုးဦးမှ သူ့နှလုံးနောင် သိမ်းထားဘောင်။ နောင်လာနောင်သား မျိုးကောင်းထား ကြိုးစားလို့လောင် တို့မီးမြောင်။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-‌သံပေါက်

လူအတော်များများဟာ အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းရုံနဲ့ သူတို့ရဲ့ဘဝတွေကို ပြောင်းလဲသွားလိမ့်မယ်လို့ မျှော်လင့်ကြပါတယ်။ ဒါပေမယ
လူအတော်များများဟာ အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းရုံနဲ့ သူတို့ရဲ့ဘဝတွေကို ပြောင်းလဲသွားလိမ့်မယ်လို့ မျှော်လင့်ကြပါတယ်။ ဒါပေမယ့် အနာဂတ်ကို အမှန်တကယ်ဆုံးဖြတ်ပေးတဲ့အရာက ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခု မဟုတ်ဘဲကျွန်ုပ်တို့ရဲ့နေ့စဉ် ကျင့်သုံးနေတဲ့ သေးငယ်တဲ့အလေ့အကျင့်လေးတွေပါပဲ။ -အရစ္စတိုတယ် #Kyawthet #History #RAIDEN_KT

စိတ်မှာ သတ်မှတ်ချက်မရှိဘူး။ မနေ့က ငါလုပ်ခဲ့တာတွေကို ဒီနေ့ တွေးဖြစ်ချင်မှတွေးဖြစ်မယ်။ ဒါပေမဲ့ မင်းကိုတော့ အချိန်တိုင်း တမ်းတမိတာအမှန်ပါ။ -အံ့လွန်းပျို

Repost from Paper Poetry
ငါက ရင်ဘတ်တစ်ခုလုံး ဖွင့်ပြခဲ့ပေမဲ့ မင်းကတော့ စည်းတစ်ခု ခြားထားတုန်းပဲ။ အကုန်သိနေလျက်နဲ့ စောင့်မျှော်ရတဲ့ ငါ့အမေးမှာ မင်းရဲ့ အဖြေတိုတိုလေးတွေက ငါ့နှလုံးသားကို ခါးသက်စေခဲ့တယ်။ ငါ့ရဲ့ ပွင့်လင်းမှုတွေ လမ်းပျောက်တဲ့အခါ မင်းရဲ့ တိတ်ဆိတ်ခြင်း တံတိုင်းရှေ့မှာ ငါပဲ တိတ်တဆိတ် ရင်နာရုံပေါ့...။ -ရီယာညို

ကဗျာစာစဉ်အမည် - နှလုံးသားထဲက အာဇာနည် ကဗျာအမှတ်စဉ် (၅) အာဇာနည်ခေါင်းဆောင်ကြီးများကို ဂုဏ်ပြုသောအားဖြင့် မနက်ဖြန်တွင်‌ကျရောက်မည
ကဗျာစာစဉ်အမည် - နှလုံးသားထဲက အာဇာနည်
ကဗျာအမှတ်စဉ် (၅) အာဇာနည်ခေါင်းဆောင်ကြီးများကို ဂုဏ်ပြုသောအားဖြင့် မနက်ဖြန်တွင်‌ကျရောက်မည့် အာဇာနည်နေ့ကို ကဗျာများနှင့် အသိအမှတ်ပြုလိုပါသည်။ သို့ဖြစ်ပါ၍ ကလောင်ကြီး/ငယ်မရွေး ပါဝင်ရေးသားကြပါရန် ဖိတ်ခေါ်လက်ကမ်းလိုက်ရပါသည်...🫡။ ကဗျာစာမူပိတ်သိမ်းချိန် - ၁၉ရက်နေ့ ည ၉နာရီ ကဗျာစာစဉ်အတွက် ကဗျာစာမူများကို @Alp_ll2010 ဒီအကောင့်ဆီ ပေးပို့နိုင်ပါပြီခင်ဗျ။ -ကဗျာဗဟိုပြု စာပေကလပ်စည်း #poetry_series #A_poetryhub #literary_club

အချစ်လား မေတ္တာလား လိုချင်တာပြောပါ။ ခဏတာ ရင်ခုန်မှုမှာ တစ်ဘဝစာ ပုံအပ်ထားပါတယ်။ မင်းယူသွားပါကွယ်။ -အံ့လွန်းပျို

ကျွန်‌တော်ဟာ ဘယ်သူကိုမှအနိုင်ရရန် မကြိုးစားပါ။ ကျွန်တော်ဟာ ကျွန်တော်မှာရှိသော အမှန်တရားရဲ့ အရှိကိုအရှိအတိုင်းနေထိုင်ရန်သာ ကြိ
ကျွန်‌တော်ဟာ ဘယ်သူကိုမှအနိုင်ရရန် မကြိုးစားပါ။ ကျွန်တော်ဟာ ကျွန်တော်မှာရှိသော အမှန်တရားရဲ့ အရှိကိုအရှိအတိုင်းနေထိုင်ရန်သာ ကြိုးစားပါတယ်။ ကျွန်တော်အတွက် ဘဝအခက်အခဲများနဲ့ရှုံးနိမ့်နိုင်သော်လည်း အမှန်တရားနှင့်အတူ ရှိနေပါက စိတ်ပျက်စရာမရှိတဲ့ ရိုးသားတဲ့အရှုံးသမားဘဝကိုပိုနှစ်သက်၏။ -Abraham Lincoln အမေရိကန်သမ္မတ #RAIDEN_KT #History #Kyawthet

The world of science ရဲ့ Owner ဖြစ်ပါတယ် ဒါပေမဲ့ sub 200ကျော် channel ဟာအကြောင်းအမျိုးမျိုးကြောင့်ပြတ်သွားခဲ့ရပါတယ် တစ်ခုတည်း
The world of science ရဲ့ Owner ဖြစ်ပါတယ် ဒါပေမဲ့ sub 200ကျော် channel ဟာအကြောင်းအမျိုးမျိုးကြောင့်ပြတ်သွားခဲ့ရပါတယ် တစ်ခုတည်း ဒီနာမည် နဲ့ CHANNEL ထောင်ခဲ့ပြီး တစ်ပတ်တောင်မကြားခဲ့ပဲပြတ်သွားခဲ့ပါတယ် ခုတော့ အတည်ပေါက်ကြီး လုပ်သွားမှာပါ။ အဓိကအားဖြင့် SCIENCE MYSTERY နဲ့ Space of nasa new တွေကိုတင်ပေးသွားမှာ ပါ ကိုယ်သိတာသင်ချင်ရင်လည်း @PinkPather12 ရှိပါတယ် ကျွန်တော် ရဲ့ ပေါက် ကရအတွေးတွေလည်းပါလိုက်မယ်? So join this https://t.me/mgkreeyer124