cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

TwanTay Royal Defence Force (TRDF)

အ ဓမ္မ မှန်သမျှ မြေလှန် တော်လှန်ကြ

Show more
Advertising posts
5 863
Subscribers
+1324 hours
+1337 days
+53430 days

Data loading in progress...

Subscriber growth rate

Data loading in progress...

မြန်မာပြည်သူများ၊ အထူးသဖြင့် လူငယ်လူရွယ်များ၏ အနာဂတ်အား ပြန်လည်ရယူနိုင် မည့် တစ်ခုတည်းသော နည်းလမ်းမှာ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းခြင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးပင်ဖြစ်ကြောင်း၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောသည်။ အာဆီယံ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် ကုလသမဂ္ဂတို့ အနေဖြင့်  မြန်မာ နိုင်ငံအပေါ် မပျက်ကွက်ကြရန်နှင့် မြန်မာပြည်သူများ၏ မျှော်မှန်းချက်များနှင့်အညီ ထိရောက်သော အရေးယူဆောင်ရွက်ချက်များ ချမှတ်လုပ် ဆောင်ရန် ထပ်လောင်း တောင်းဆိုလိုပါကြောင်း၊ မြန်မာပြည်သူများ၏ အသက်ကို ကယ်တင်နိုင်ရန်၊ မြန်မာလူငယ်များ၏ အနာဂတ်၊ မြန်မာပြည်သူများ၏ အနာဂတ် ပြန်လည်ရယူပေးနိုင်ရန် လူခြုံရေးကောင်စီ၏ ထိရောက်သော အရေးယူမှု မလွဲမသွေ လိုအပ်နေသည်မှာ လွန်စွာ ထင်ရှားပါကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသွားသည်။
Show all...
3
Khit Thit Media: ကုလဂလုံခြုံရေးကောင်စီက မြန်မာ့အခြေအနေကို နိုင်ငံတကာရာဇဝတ် ခုံရုံးICCသို့ လွှဲပြောင်းပြီး  ပြစ်မှုကျူးလွန်သူများကို ပြစ်ဒဏ်စီရင်ချမှတ်ရန် သံအမတ်ကြီးဦးကျော်မိုးထွန်း ထပ်မံတောင်းဆို ရန်ကုန်၊ မေ ၃၁ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံအခြေအနေကို နိုင်ငံတကာရာဇဝတ် ခုံရုံးICCသို့ လွှဲပြောင်းပြီး  ပြစ်မှုကျူးလွန်သူများကို တရားဥပဒေကြောင်းအရ ပြစ်ဒဏ်စီရင်ချမှတ်ရန် သံအမတ်ကြီးဦးကျော်မိုးထွန်း ထပ်မံတောင်းဆိုလိုက်သည်။ မေလ ၂၉ ရက်နေ့ မြန်မာအရေးကိစ္စအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ Arria-formula အစည်းအဝေး (UNSC Arria-formula Meeting on Myanmar) ကို လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်တစ်နိုင်ငံဖြစ်သော ဗြိတိန်နိုင်ငံက  ကုလသမဂ္ဂ ဌာနချုပ်၌ ကျင်းပပြုလုပ်ခဲ့စဉ် ၎င်း က အထက်ပါတိုင်းပြောဆိုလုက်ခြင်းဖြစ်သည်။ မြန်မာ အာဏာသိမ်းစစ်တပ်အနေဖြင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှု များနှင့် စစ်ရာဇဝတ်မှုများအပါအဝင် မြောက်များစွာသော ရက်စက်ကြမ်းကြုတ်မှုများကို ဆက်လက်ကျူးလွန်လျက်ရှိသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နေရကြောင်း၊  ပြည်သူများ အသက်ကယ်တင်ရေး၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးအတွက်  နိုင်ငံတကာအသိုက်အဝန်း၊ အထူးသဖြင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအနေဖြင့် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများအား ရပ်တန့်ရန် ထိရောက် သော လုပ်ဆောင်ချက်များ ဆောင်ရွက်ခြင်းဖြင့် ယင်းသို့သော အပြုအမူများကို လုံးဝ လက်မခံကြောင်း ပြသရမည်ဖြစ်ကြောင်း သံအမတ်ကြီးက ပြောဆိုသည်။   စစ်တပ်ထံသို့ လက်နက်၊ လေယာဉ်ဆီနှင့် ငွေကြေးထောက်ပံ့မှုများ ရပ်တန့်နိုင်ရန် အစွမ်းကုန် အားထုတ်သင့်ကြောင်း၊ စစ်တပ်မှ ကျင့်သုံးနေသော ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို မဖြစ်မနေ ချုပ်ငြိမ်းစေရမည်ဖြစ်ကြောင်း၊ ကုလသမဂ္ဂ       လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံအခြေအနေအား နိုင်ငံတကာရာဇဝတ် ခုံရုံးသို့ လွှဲပြောင်းတင်သွင်းကာ ပြစ်မှုကျူးလွန်သူများကို တရားဥပဒေကြောင်းအရ ပြစ်ဒဏ်စီရင်ချမှတ်သင့်ကြောင်း သံအမတ်ကြီးက တင်ပြပြောဆိုသည်။ မကွေးတိုင်းဒေသကြီး၌ လူငယ် ၂  ဦကို အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ခဲ့ခြင်းနှင့်စပ်လျဉ်း၍ အချက်အလက်များ ပေးအပ်ရန် IIMM မှ မေလ ၂၇ ရက်နေ့တွင် တောင်းဆိုခဲ့ကြောင်း၊ အဆိုပါ တောင်းဆိုချက်အား ကြိုဆိုပါကြောင်း၊ ယင်းမှာ စစ်တပ်က ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများဆိုင်ရာ သက်သေအထောက်အထား စုဆောင်းရေးနှင့် စစ်တပ်၏ ပြစ်ဒဏ် ကင်းလွတ်ခွင့်စက်ဝန်းအား ပြတ်တောက်သွားစေရေးအတွက် အပြုသဘောဆောင်သည့် အရွေ့ဖြစ်ပါကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြေဆိုသည်။ မြန်မာအရေးကိစ္စ ယနေ့အချိန်အထိ ကြန့်ကြာနေခြင်းကို ကြည့်ခြင်းအားဖြင့် မြန်မာအရေးကိစ္စကို အပိုင်းပိုင်းခွဲ၍ ချဉ်းကပ်ခြင်းထက် ထောင့်ပေါင်းစုံမှ ခြုံငုံ ချဉ်းကပ် ခြင်းဖြင့် ဖြေရှင်းရန် လိုအပ်သည်မှာ ထင်ရှားကြောင်း၊ မြန်မာအရေးကိစ္စသည် ဒေသတွင်းနှင့် အခြားနေရာဒေသများသို့ပါ စိမ့်ဝင် လျက်ရှိသောကြောင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ကုလ သမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် တက်ကြွစွာ ထိတွေ့ဆက်ဆံရမည် ဖြစ်ကြောင်း၊ ယင်းသို့ လုပ်ဆောင်ရာတွင်လည်း မြန်မာပြည်သူများ၏ မျှော်မှန်းချက် အပေါ် အခြေခံရန် လိုအပ်ကြောင်း သံအမတ်ကြီးက ဆက်လက်ပြောဆိုသည်။ အာဆီယံ ဘုံသဘောတူညီချက်  ၅  ရပ်နှင့် လုံခြုံရေးကောင်စီဆုံးဖြတ်ချက် အဆို ၂၆၆၉ (၂၀၂၂) တို့ကို  အကောင်အထည်ဖော်ဆောင်ခြင်းဆိုင်ရာ တိုးတက်မှု တစ်စုံတစ်ရာ မရှိသော်ငြား  အာဆီယံနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့မှ မြန်မာအရေးကိစ္စအား ဖြေရှင်းပေးရန် လုပ်ဆောင်ခဲ့သည့် အားထုတ်ကြိုးပမ်းမှုများကို အသိအမှတ်ပြုပါကြောင်း သံအမတ်ကြီးက မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသည်။ နိုင်ငံတကာက ချမှတ်ထားသည့် အာဆီယံဘုံသဘောတူညီချက် 5PC နှင့် UNSCR 2669 တို့အား အကောင်အထည်ဖော်ဆောင်မှု မရှိသည့် အချက်ကို ကြည့်ခြင်းအားဖြင့် ကုလသမဂ္ဂ၊ အထူးအားဖြင့် လုံခြုံရေးကောင်စီနှင့် အာဆီယံတို့အနေဖြင့် နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ထိရောက်စွာ ပူးပေါင်းလုပ်ဆောင် ရမည့် အချိန်အခါ ကျသင့်နေပြီဖြစ်ကြောင်း၊ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာအရေး ကိစ္စအတွက် အာဏာသက်ရောက်မှုရှိသည့် ဆုံးဖြတ်ချက်တစ်ခု ထပ်မံအတည်ပြုချမှတ် ခြင်းအားဖြင့် အာဆီယံ၏ လုပ်ငန်းများကို အားဖြည့်ပေးသင့်ကြောင်း၊ ဤနည်းလမ်းမှာ ပြည်သူများ၏ အသက်များကို ကယ်တင်၊ ကာကွယ်ပေးနိုင်မည့် အရေးပါသော နောက်ထပ်ခြေလှမ်းတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း အကြံပြုကြသည်။ မြန်မာနိုင်ငံအနေဖြင့် မစ္စ ဂျူလီဘစ်ရှ်ရှော့ အား ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခန့်အပ်မှုအပေါ် ကြိုဆိုပါကြောင်းနှင့် ၎င်းနှင့် အတူ မြန်မာနိုင်ငံအရေးကိစ္စအား ရေရှည်တည်တံ့မည့် နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် ပူးပေါင်းရှာဖွေသွားမည်ဖြစ်ကြောင်း၊ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်လစားလှယ်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့အကြား ကျယ်ကျယ်ပြန့်ပြန့်နှင့် အဓိပ္ပါယ်ရှိရှိ ပူးပေါင်းဆောင်ရွက်သွားစေလိုကြောင်း၊ 
Show all...
တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၊ ဒရုန်း လက်ရုံးတပ်ဖွဲ့ သင်တန်းဆင်း ပုံရိပ်များ ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ
Show all...
🥰 1
02:11
Video unavailableShow in Telegram
ကြည့်တဲ့သူ 2M ဆိုလို့ လာပြတာ ခဏတော့ ရယ်ရတာပေါ့။ နင်တို့ကော ဘယ်အဖွဲ့ထဲကလဲ
Show all...
Photo unavailableShow in Telegram
ဘုရားရင်ပြင်ပေါ်လည်း ခွေးတွေကလွဲရင် လူတစ်ယောက်မှ မတွေ့ရဘူး
Show all...
😁 1
Photo unavailableShow in Telegram
"ဦးတင်ဦး ကျန်းမာရေး တိုးတက် ကောင်းမွန်လာ" ရန်ကုန် ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ်ဆောင် ICU မှာ ဆေးဝါးကုသမှု ခံယူခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယကြီး ဦးတင်ဦးရဲ့ ကျန်းမာရေး အခြေအနေ တိုးတက် ကောင်းမွန်လာကြောင်း မိသားစုနဲ့ နီးစပ်သူတွေက ပြောဆိုပါတယ်။ ကိုယ်တခြမ်း လေဖြတ်ဝေဒနာ ခံစားနေခဲ့ရတဲ့ ဦးတင်ဦးကို ပုံမှန် ကျန်းမာရေး စောင့်ရှောက်မှုပေးနေရတဲ့ အခြေအနေမှာ ဆီးသွားနည်းလာတာကြောင့် မေလ ၂၉ ရက်နေ့တွင် ရန်ကုန် ဆေးရုံကြီး နှလုံးကုသဆောင် (CCU) သို့ ပို့ခဲ့ပြီး ချွဲကျပ်မှုနဲ့ အမောဖောက်မှုကြောင့် မေလ ၃၀ ရက် ညနေပိုင်းက အထူးကြပ်မတ်ဆောင် ICU သို့ ပြောင်းရွှေ့ခဲ့ကာ ချွဲများထုတ်ပြီးနောက် ကျန်းမာရေး အခြေအနေ တိုးတက်လာကြောင်း၊ မေလ ၃၁ ရက်နေ့ ဒီကနေ့ မနက် ၉ နာရီခွဲခန့်မှာ ဆရာဝန်ကြီး လာရောက်ကြည့်ရှု့ပြီးနောက် ICU အခန်းမှ CCU အခန်းသို့ ပြန်လည် ပြောင်းရွှေ့လိုက်ပြီ ဖြစ်ကာ သတိကောင်းမွန်စွာ ရှိနေကြောင်း သိရပါတယ်။ အသက် ၉၈ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်းဖြစ်သူ ဦးတင်ဦးဟာ စစ်တပ်အတွင်း တာဝန်ထမ်းဆောင်ခဲ့စဥ်က ဇေယျကျော်ထင်နဲ့ သူရဘွဲ့တွေ ရရှိထားသူဖြစ်ပြီး ၁၉၈၈ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ပူးတွဲတည်ထောင်သူဖြစ်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာ ထင်ရှားတဲ့ ခေါင်ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ #4C_TruthNews
Show all...
9
စစ်တွေတွင် စစ်ကောင်စီ၏ သတ်ဖြတ်မှုခံနေရသည့် ဗျိုင်းဖြူရွာသား အရေအတွက် ၁၀ ဦးအထိရှိလာပြီး ဖမ်းဆီးခံရသူ ၅၀ ဦးထက်မနည်းရှိ ၊ ပြည်သူများအားလုံး ကျေးရွာကို စွန့်ခွာ တိမ်းရှောင်နေရ ရန်ကုန် | မေ ၃၁ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီ၏ သတ်ဖြတ်မှုခံနေရသည့် ဗျိုင်းဖြူရွာသား အရေအတွက် ၁၀ ဦးအထိရှိလာပြီး ဖမ်းဆီးခံရသူမှာလည်း ပြည်သူ ၅၀ ဦးထက်မနည်းရှိနေကြောင်း၊ ပြည်သူများအားလုံး ကျေးရွာကို စွန့်ခွာ တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။  မေလ ၂၉ ရက်နေ့က ဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကြောင့် စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာက ဒေသခံပြည်သူများမှာ ရွာလုံးကျွတ် အိုးအိမ်စွန့်ခွာနေရပြီး လက်ရှိတွင် စစ်တွေမြို့ထဲ ဝင်္ကဘာကွင်း၌ တဲထိုးနေထိုင်နေရကြောင်း သိရသည်။ မျက်မြင်များ၏ ပြောဆိုချက်အရ စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာက အပြစ်မဲ့ ရွာသား ၁၀ ဦးထက်မနည်း မတရားသတ်ဖြတ်ခံထားရပြီး ၅၀ ဦးထက်မနည်း မတရားဖမ်းဆီးခံထားရကြောင်း  သိရှိရသည်။ ယနေ့ နံနက်ပိုင်း ကျေးရွာအဝင်အထွက်ကို စစ်ကောင်စီက ဖွင့်ပေးထားချိန်အတွင်း ဗျိုင်းဖြူကျေးရွာသားများမှ စစ်တွေမြို့ထဲသို့ နေရပ်စွန့်ခွာလာခဲ့ရကြောင်း အမည်ဖော်လိုသည့် ဒေသပြည်သူ တစ်ဦးက ပြောသည်။ "စစ်သားတွေက ရွာထဲဝင်လာပြီး တစ်အိမ်ဝင်တစ်အိမ်ထွက် အကုန်လုံးကို စစ်ဆေးတာ။ ရွာကိုလည်း အဝင်အထွက် ပိတ်လိုက်တယ်။ ဒီနေ့ မနက်ပိုင်းက ဖွင့်ပေးတော့ အကုန်လုံးနီးပါး ထွက်လာကြတယ်။ အခု စစ်တွေမြို့ထဲက ဝင်္ကဘာကွင်းမှာပဲ နေရတယ်။ ဘုန်းကြီးကျောင်းတွေမှာလည်း လက်မခံကြဘူး။ တရားခံပြေးတွေလိုမျိုုး ဖြစ်နေပြီ။ ဘာအပြစ်မှလည်းမရှိဘဲ နေစရာလည်းမရှိ၊ ခိုလှုံစရာလည်းမရှိ ဖြစ်နေကြရတယ်။ အခုဘုရားကြီးမှာတချို့၊ ဝင်္ကဘာကွင်းမှာတချို့နေကြတယ်။ ထမင်းလည်းမစားကြရသေးဘူး။ " ဟု ဒေသပြည်သူက ပြောသည်။ စစ်တွေမြို့ ဝင်္ကဘာကွင်းသို့ ရောက်ရှိနေသည့် ဗျိုင်းဖြူကျေးရွာသားများမှာ အမျိုးသမီးနှင့် ကလေးငယ် အများဆုံးပါဝင်ပြီး အမျိုးသားများမှာ သက်ကြီးပိုင်းများသာ ဖြစ်ကြောင်း စစ်တွေမြို့ခံတစ်ဦးက ပြောသည်။ "မိန်းမနဲ့ ကလေးတွေ များတယ်။ ယောက်ကျားတွေကတော့ အကုန်နီးပါး အဖမ်းခံလိုက်ကြရတယ်လို့ ပြောတယ်။ သက်ကြီးပိုင်းတွေလောက်ပဲ တွေ့ရတယ်။ ရွာကို မီးရှို့မယ်ပြောလို့ ထွက်လာကြတာတဲ့။ တာဝန်ရှိသူတွေကတော့ ဘယ်လိုစီစဉ်ပေးကြမလဲ မသိသေးဘူး" ဟုဒေသပြည်သူက ပြောသည်။ ဗျိုင်းဖြူကျေးရွာကို စစ်ကောင်စီတပ်မှ မေလ ၂၉ ရက်နေ့ကစတင်၍ ဝင်ရောက်ကာ ကျေးရွာသားများအား ဖမ်းဆီးခြင်း၊ စစ်ဆေးခြင်း၊ ရွာပြင်ထုတ်ထားခြင်း စသည့် အကြမ်းဖက်မှုများကို လုပ်ဆောင်နေကြောင်း စစ်တွေ ဒေသခံများက ပြောသည်။ ဗျိုင်းဖြူရွာသားများမှာ ယနေ့ နံနက်က ထွက်ခွင့်ရ၍ ထွက်လာခဲ့သော်လည်း လူငယ်များနှင့် လူလတ်ပိုင်းအမျိုးသားများ အားလုံးနီးပါးမှာ ဖမ်းဆီးခံလိုက်ကြရကာ ကျေးရွာအတွင်း ပိတ်လှောင်ခံထားရသူများလည်း ရှိနေသေးကြောင်း ကျေးရွာသားများထံမှ သိရသည်။  စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ဗျိုင်းဖြူရွာသားများမှာ - မောင်လုံးချေ၊ ဦးကျော်နိုင်၊ မောင်သိန်းထွန်း၊ ဒေါ်စိုးတင်၏ သား ချဘု၊ ကျော်ဆန်းဦး၊ ဦးကျော်သိန်း၊ ပေါက်စ (၁၅ နှစ်)၊ ဦးသန်းထွန်းဝင်း (၄၃ နှစ်)၊ ဦးကုလားအောင် ( ၄၅ နှစ်) တို့ဖြစ်ပြီး ၎င်းတို့ကို စစ်ကောင်စီက သတ်ဖြတ်နေချိန် နှလုံးရောဂါသည် မသန်းသန်းနုမှာ သေနတ်သံကြောင့် နှလုံးရပ်ကာ သေဆုံးခဲ့ရကြောင်း သိရှိရသည်။ ဓာတ်ပုံ-ရခိုင်ပြည်နယ်ရောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ။ (ပုံအဟောင်းဖြစ်ပါသည်။)
Show all...
🤬 1
ကျောက်တံခါးမြို့နယ်၊ မြိုချောင်း - စိန်ကန့်လန့် ရိုးမ ဖြတ်လမ်းပိုင်းတွင် ၄ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၃၅ ဦးသေဆုံး၊ PDF ရဲဘော် ၂ ဦး ကျဆုံး ■ စစ်သား အလောင်းများကို ကားဖြင့် သယ်ယူသွားပြီး ပျူစောထီး အလောင်းများကို မြေမြှုပ်ခဲ့ ရန်ကုန်၊ မေ ၃၁ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ မြိုချောင်း - စိန်ကန့်လန့် ရိုးမ ဖြတ်လမ်းပိုင်းတွင် ၄ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃၅ ဦးသေဆုံးကာ PDF ရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ မေလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ကျောက်တံခါးမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ မြိုချောင်း - စိန်ကန့်လန့် ရိုးမဖြတ်လမ်း ၁၂ မိုင်ကို တက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ၏ ဗျူဟာစစ်ကြောင်းက စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မေလ ၂၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် မြိုချောင်း - စိန်ကန့်လန့် ရိုးမ ဖြတ်လမ်း ၁၇ မိုင်ကို စစ်ကား ၆ စီးနှင့်အတူ ခြေလျင်တက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး ရဲဘော်များက ပဒေသာမိုင်း ၃ လုံးဖြင့် စောင့်ကြို မိုင်းဆွဲ တိုက်ခိုက်ပြီး ၄၀ မမ ၄ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦး ပွဲချင်းပြီး သေဆုံးကာ အများအပြား ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ မေလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မြိုချောင်း - စိန်ကန့်လန့် ရိုးမ ဖြတ်လမ်း ၁၈ မိုင် အနီးရှိ တော်လှန်ရေး တပ်ဖွဲ့၏ ယာယီစခန်းကို တက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပဒေသာမိုင်း ၆ လုံးဖြင့် စောင့်ကြို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁၂ ဦး သေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိကာ အပြန်အလှန် ပစ်ခတ်မှုအတွင်း တော်လှန်ရေး ရဲဘော် ကျော်ကြားနှင့် ရဲဘော် မိုးစက်တို့ ကျဆုံးခဲ့ကြောင်း သိရသည်။  အဆိုပါ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စက်လက်နှင့် လက်နက်ကြီးများ အပါအဝင် ဒရုန်းများ အသုံးပြု တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့များသည် လက်နက် အင်အား ကွာခြားချက်ကြောင့် စခန်းမှ ဆုတ်ခွာပေးလိုက်ရပြီး လက်လုပ် သေနတ် ၃ လက်နှင့် ရှေ့ထွက်မိုင်း ၄ လုံး ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။ မေလ ၂၉ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မြိုချောင်း - စိန်ကန့်လန့် ရိုးမဖြတ်လမ်း ၁၉ မိုင်ကို တက်လာသော အင်အား ၁၀၀ ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက  စောင့်ကြို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု ၄ နာရီခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၇ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ "၂၉ ရက်နေ့က သေတဲ့ စစ်ခွေး ၁၇ ကောင်ကို ဖောကားနဲ့ ၁၂ မိုင်ကို သယ်ပြီး အဲ့ကနေ လူနာတင်ယာဥ်နဲ့ သယ်တာ သေတဲ့ စစ်ခွေး  ၃၅ ကောင်ထဲမှာ ပျူစောထီးတွေပါပြီး အဲ့ပျူစောထီးတွေ အလောင်းတော့ ရိုးမထဲမှာမြုပ်ခဲ့တယ်။ စစ်ခွေးအလောင်းပဲ ကားနဲ့ပြန်သယ်တာ ခြေပြတ်တဲ့ ၆ ကောင်ကို ပရဟိတ အသင်းကားနဲ့သယ်တယ်။ ၃၅ ကောင်က မျက်မြင်သေဆုံးတာကို အတည်ပြုထားတာပါ။ သေဆုံးသူ ပိုများနိုင်ပါတယ်" ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ မြိုချောင်း - စိန်ကန့်လန့် ရိုးမ ဖြတ်လမ်းပိုင်းတွင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလာနိုင်သောကြောင့် ပြည်သူများအနေဖြင့် ရိုးမအတွင်း သွားလာမှုများ မပြုကြရန် သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။
Show all...
😢 1