en
Feedback
TwanTay Royal Defence Force (TRDF)

TwanTay Royal Defence Force (TRDF)

Open in Telegram

အ ဓမ္မ မှန်သမျှ မြေလှန် တော်လှန်ကြ

Show more
9 242
Subscribers
-524 hours
+377 days
+4230 days

Data loading in progress...

Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
September '26
September '26
+93
in 0 channels
August '26
+336
in 4 channels
Get PRO
July '26
+193
in 6 channels
Get PRO
June '26
+186
in 7 channels
Get PRO
May '26
+151
in 7 channels
Get PRO
April '26
+81
in 3 channels
Get PRO
March '26
+59
in 1 channels
Get PRO
February '26
+35
in 6 channels
Get PRO
January '26
+92
in 3 channels
Get PRO
December '25
+241
in 3 channels
Get PRO
November '25
+143
in 2 channels
Get PRO
October '25
+224
in 6 channels
Get PRO
September '25
+185
in 5 channels
Get PRO
August '25
+344
in 6 channels
Get PRO
July '25
+197
in 3 channels
Get PRO
June '25
+99
in 4 channels
Get PRO
May '25
+144
in 4 channels
Get PRO
April '25
+41
in 6 channels
Get PRO
March '25
+110
in 6 channels
Get PRO
February '25
+46
in 3 channels
Get PRO
January '25
+241
in 4 channels
Get PRO
December '24
+684
in 3 channels
Get PRO
November '24
+479
in 6 channels
Get PRO
October '24
+957
in 7 channels
Get PRO
September '24
+649
in 7 channels
Get PRO
August '24
+1 528
in 7 channels
Get PRO
July '24
+885
in 4 channels
Get PRO
June '24
+953
in 2 channels
Get PRO
May '24
+685
in 11 channels
Get PRO
April '24
+978
in 4 channels
Get PRO
March '24
+821
in 3 channels
Get PRO
February '24
+1 284
in 4 channels
Get PRO
January '24
+443
in 3 channels
Get PRO
December '23
+639
in 12 channels
Get PRO
November '23
+232
in 3 channels
Get PRO
October '23
+125
in 1 channels
Get PRO
September '23
+51
in 0 channels
Get PRO
August '23
+42
in 0 channels
Get PRO
July '23
+67
in 0 channels
Get PRO
June '23
+89
in 0 channels
Get PRO
May '23
+42
in 0 channels
Get PRO
April '23
+98
in 0 channels
Get PRO
March '23
+115
in 0 channels
Get PRO
February '23
+89
in 0 channels
Get PRO
January '23
+129
in 0 channels
Get PRO
December '22
+124
in 0 channels
Get PRO
November '22
+46
in 0 channels
Get PRO
October '22
+115
in 0 channels
Get PRO
September '22
+306
in 0 channels
Get PRO
August '22
+189
in 0 channels
Get PRO
July '22
+108
in 0 channels
Get PRO
June '22
+121
in 0 channels
Get PRO
May '22
+292
in 0 channels
Date
Subscriber Growth
Mentions
Channels
07 September+1
06 September+7
05 September+35
04 September+4
03 September+15
02 September+25
01 September+6
Channel Posts
ပေါ်တာဆွဲ အဓမ္မစစ်မှုထမ်း မသာပေါ်ခိုင်းလို့မှအားမရ.... သတင်းလိမ်ဖာကျပြီး ဖျားယောင်းသွေးဆောင်လိမ်လည်ခေါ်နေပြန်ပြီ။ ဘယ်လောက်ရတယ
+1
ပေါ်တာဆွဲ အဓမ္မစစ်မှုထမ်း မသာပေါ်ခိုင်းလို့မှအားမရ.... သတင်းလိမ်ဖာကျပြီး ဖျားယောင်းသွေးဆောင်လိမ်လည်ခေါ်နေပြန်ပြီ။ ဘယ်လောက်ရတယ် ဘယ်လောက်ကျန်တယ်ဆိုတာ ကျုပ်တို့ပြောရင် မယုံချင် မယုံလို့ရတယ်။ စစ်ခွေးဘောစုပ် သစ်သူခိုးဖားပြုတ်ဘညွှန့် အူနေတာ ဟုတ် မဟုတ်၊ မှန်ကန်မှု ရှိမရှိ စစ်တန်းလျားက ဖာ တွေပြောတာကိုပဲ အရင်နားထောင်လိုက်။

2
အမေရိကန် ဂျိမ်းစ်ဘွန်း+1
အမေရိကန် ဂျိမ်းစ်ဘွန်း
136
3
No text...
130
4
လ ကို အမေရိကန် ပိုင်သည်ဟု ဒေါ်နယ်ထရမ့် ရေးပြန် ၇ စက်တင်ဘာ ၂၀၂၆ “လ ကို ငါတို့ ပိုင်တယ်” ဆိုတဲ့ စာတန်းနဲ့ ပုံ တပုံကို အမေရိကန်
လ ကို အမေရိကန် ပိုင်သည်ဟု ဒေါ်နယ်ထရမ့် ရေးပြန် ၇ စက်တင်ဘာ ၂၀၂၆ “လ ကို ငါတို့ ပိုင်တယ်” ဆိုတဲ့ စာတန်းနဲ့ ပုံ တပုံကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာ ၆ ရက်နေ့က သူ့လူမှု ကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ကမ္ဘာ့မြေပုံတွေမှာ အမေရိက ပါတဲ့ နာမည်ပါအောင် အမည်ပြောင်း တာတွေ အခုရက်ပိုင်းတွေမှာ တောက်လျှောက်တင်နေ တာလည်းဖြစ်ပါတယ်။ ကနေဒါနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အွန်တာရီယိုရေကန်ကို အမေရိကရေကန်လို့ ထရမ့်က တရားဝင် အမည်ပြောင်းခဲ့သလို နယူးမက္ကဆီကို ကိုလည်း နယူးအမေရိက လို့ ပြောင်းဖို့ သူ့လူမှုကွန်ရက်စာမျက်နှာမှာ မကြာခင်ကပဲ တင်ထားခဲ့ပါတယ်။ ဟော်မုဇ်ရေလက်ကြားကို ထရမ့်ရေလက်ကြားလို့ အမည်ပြောင်းဖို့ လူမှုကွန်ရက်မှာ အဆိုပြုဖော်ပြထားပါသေးတယ်။ အခုနောက်ဆုံးကတော့ ကမ္ဘာမြေပုံတွေကနေ လ ကမ္ဘာ ဆီ ရောက်ပြီး အမေရိကန်ပိုင်တယ်လို့ ရေးသားဖော်ပြထားတာလည်းဖြစ်ပါတယ်။ လူမှုကွန်ရက်တွေပေါ်က ဒေါ်နယ်ထရမ့်ရဲ့ ရေးသားဖော်ပြမှုတွေဟာ အမေရိကန်အစိုးရရဲ့တရားဝင်မူဝါဒတွေ မဟုတ်ပေမယ့် အမေရိကန် အမျိုးသားရေးဂုဏ်နဲ့ အမေရိကန်အကျိူးစီးပွားကို ထိပ်တန်းဦးစားပေးတယ်ဆိုတဲ့ ဒေါ်နယ်ထရမ့်ရဲ့ နိုင်ငံရေး ဗျူဟာမြောက် သတင်းစကားပို့နည်းတွေဖြစ်တယ်လို့ တချို့က သုံးသပ်နေတာလည်းတွေ့ရပါတယ်
133
5
စစ်တပ်အတွက် သေပေးရင်တောင် “သတင်းအမှားပါ” လို့ ဗြောင်လိမ် ဝါဒဖြန့်ခံရတဲ့ဘဝကို မရောက်ပါစေနဲ့။ အကြမ်းဖက်စစ်တပ်က နိုင်ငံအနှံ့ လူက
စစ်တပ်အတွက် သေပေးရင်တောင် “သတင်းအမှားပါ” လို့ ဗြောင်လိမ် ဝါဒဖြန့်ခံရတဲ့ဘဝကို မရောက်ပါစေနဲ့။ အကြမ်းဖက်စစ်တပ်က နိုင်ငံအနှံ့ လူကြီးလူငယ်မရွေး အဓမ္မပေါ်တာဆွဲနေတာကြောင့် ပြည်သူတွေဟာ အလုပ်သွားအလုပ်ပြန်ကအစ ကျီးလန့်စာစား ဘဝနဲ့ ရှင်သန်နေရပါတယ်။ စစ်ဗိုလ်ချုပ်တွေဟာ သူတို့သားသမီးတွေကိုတော့ စီးပွားရေးလုပ်ငန်းကြီးတွေ တည်ထောင်ပေးထားပြီး၊ ပေါ်တာဆွဲခံရတဲ့ သာမန်ပြည်သူတွေကိုတော့ မိသားစုကိုပါ ဓားစာခံလုပ် ခြိမ်းခြောက်ကာ ရှေ့တန်းပို့နေကြတာပါ။ တိုက်ခိုက်ခံရဖို့ သေချာနေတဲ့ ဗန်းမော်ချီ ရေကြောင်းခရီးစဉ်မှာဆိုရင် စစ်သည်တွေအပြင် ဇနီးမယားနဲ့ ကလေးငယ်တွေကိုပါ မစာမနာ သင်္ဘောပေါ်တင်ပြီး အသေခံခိုင်းခဲ့ပါတယ်။ တပ်ဖွဲ့တစ်ခုလုံး ဖမ်းဆီးခံရတာကိုတောင် ကိုယ့်လူအချင်းချင်း မထောက်ထားဘဲ "သတင်းအမှားပါ" လို့ မျက်နှာပြောင်တိုက် ဝါဒဖြန့်နေကြဆဲပါ။ ရှေ့တန်းစစ်မျက်နှာကို ခြေတစ်လှမ်းတောင် မချဖူးတဲ့ ဗိုလ်ချုပ်တွေရဲ့ စစ်အာဏာတည်မြဲရေးအတွက် သူတို့သားသမီးတွေ မဟုတ်တဲ့ ပြည်သူတွေသာ အသေခံနေကြရပါတယ်။ ဒီလို ရက်စက်တဲ့ ထောင်ချောက်ထဲကနေ ပစ ကိုပြုံးဇော်ကတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ အချိန်မီချိတ်ဆက်ကာ အလင်းဝင်ရောက်ခဲ့ပါတယ်။ စစ်မြေပြင်ရဲ့ သေဘေးအန္တရာယ်တွေကနေ လွတ်မြောက်ပြီး အသက်ရှင်ခွင့်ကို ကိုယ်တိုင်ရွေးချယ်နိုင်ခဲ့တဲ့ ပစ ကိုပြုံးဇော်ရဲ့ အလင်းဝင်ခရီးစဉ် အပြည့်အစုံကို ဒီဗီဒီယိုမှာ ကြည့်ရှုနိုင်ပါပြီ။ ပေါ်တာဆွဲခံရရင် အလင်းဝင်ပါ၊ အသက်ရှင်ခွင့်ကို လက်မလွှတ်ပါနဲ့။ ©ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF #KyimyindaingNetworks #SpringRevolution #WhatsHappeningInMyanmar #RejectMilitaryCoup #JusticeForMyanmar
144
6
ပုလောမြို့နယ် မင်းပြင်ကျေးရွာအတွင်း တပ်စွဲထားသည့် အကြမ်းဖက်စစ်အုပ်စုတပ်သားများကို တိုက်ခိုက်၊ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး
ပုလောမြို့နယ် မင်းပြင်ကျေးရွာအတွင်း တပ်စွဲထားသည့် အကြမ်းဖက်စစ်အုပ်စုတပ်သားများကို တိုက်ခိုက်၊ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး ၄ဦး ဒဏ်ရာရရှိ (ရုပ်/သံ) စက်တင်ဘာလ 7️⃣ရက် တနင်္သာရီတိုင်း၊ ပုလောမြို့နယ် မင်းပြင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စုတပ်သားတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိသွားတယ်လို့ KNDO Drone Forces က သတင်းထုတ်ပြန်ထားပါတယ်။ တိုက်ပွဲဟာ စက်တင်ဘာ ၃ ရက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး KNU တပ်မဟာ(၄) ၊ KNDO တပ်ရင်း(၇) မှ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထပ်မံရရှိတဲ့ အတည်ပြုနိုင်တဲ့ သတင်းအချက်အလက်တွေကို ဆက်လက် ထုတ်ပြန်သွားမယ်လို့ KNDO Drone Forcesက ထုတ်ပြန်ထားပါတယ်။ Video-KNDO Drone Forces ©Maun #KyimyindaingNetworks #SpringRevolution #WhatsHappeningInMyanmar #RejectMilitaryCoup #JusticeForMyanmar
130
7
ဘိုတူးသည် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်ပြီး ပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ်ကျခံခဲ့ရရာမှ လွတ်ငြိမ်းဖြင့် လွတ်မြောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။ လက်ရှိတွင် ဟင်္သာရပ်ကွက်အုပ်ချုပ်ရေးမှူး ရဲထွန်းနိုင်က မိသားစုထံသို့ ဆက်သွယ်ကာ ငွေညှစ်မှုများ လုပ်ဆောင်ခဲ့သော်လည်းမိသားစု ပေးနိုင်ခြင်းမရှိသဖြင့် စစ်မှုထမ်းအဖြစ် ပို့ဆောင်ရန် ပြင်ဆင်နေပြီဖြစ် ကြောင်း သိရှိရသည်။ ပေါင်းတည်မြို့နယ်၊ ဟင်္သာကန်ရပ်ကွက် အုပ်ချုပ်ရေးမှူး ရဲထွန်းနိုင်နှင့်အဖွဲ့က ရပ်ကွက်အတွင်းရှိ ဆင်းရဲနွမ်းပါးသော မိသားစုများမှ လူငယ်များကို အဓိကပစ်မှတ်ထားကာ စစ်မှုထမ်းအဖြစ် ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေကြောင်း သိရှိရသည်။ မကြာသေးမီရက်ပိုင်းအတွင်း ဟင်္သာကန်ရပ်ကွက်၊ ၃၁ လမ်းတွင် နေထိုင်သည့် မောင်နေထက်ဦးကို  စစ်မှုထမ်းရန် ဖမ်းဆီးခံခဲ့ရကြောင်း ၊  ဖမ်းဆီးခံလိုက်ရသော မောင်နေထက်ဦး၏ အစ်ကိုဖြစ်သူ မောင်အာနိုးမှာလည်း  စစ်မှုထမ်းအဖြစ် ဖမ်းဆီးခံရပြီးနောက် ငဖဲမြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲအတွင်း သေဆုံးခဲ့ကြောင်း သိရှိရသည်။
127
8
No text...
126
9
လွန်ခဲ့တဲ့ 13 နှစ် တုန်းက ဆီးရီးယား အာဏာရှင် အာဆတ်ဟာ အတိုက်အခံတွေထိန်းချုပ်ထားတဲ့ မြို့တစ်ခုကို ဆာရင်းဓါတ်ငွေ့တွေဖြည့်ထားတဲ့
လွန်ခဲ့တဲ့ 13 နှစ် တုန်းက ဆီးရီးယား အာဏာရှင် အာဆတ်ဟာ အတိုက်အခံတွေထိန်းချုပ်ထားတဲ့ မြို့တစ်ခုကို ဆာရင်းဓါတ်ငွေ့တွေဖြည့်ထားတဲ့ ဒုံးကျည် (sarin-filled rockets) တွေနဲ့ မနက်စောစောမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ ဆာရင်းဟာ အရောင်မဲ့ အနံ့မဲ့ အဆိပ်ငွေ့ဖြစ်သလို ပေါက်ကွဲထိပ်ဖူးမဟုတ်ပဲ ဓါတ်ငွေ့ထွက်တဲ့ ထိပ်ဖူးဖြစ်တာကြောင့် ကလေးတွေ အပါအ၀င် အရပ်သားလူပေါင်းထောင်ချီဟာ သတိမထားမိလိုက်ပဲ အိပ်ယာထဲမှာပဲ အဆိပ်သင့်ပြီး သေဆုံးခဲ့ရတယ်။ ကယ်ဆယ်‌ရေး ၀င်လုပ်သူတွေဟာလည်း မမြင်ရတဲ့အဆိပ်ငွေ့ကြောင့် အများအပြား ထပ်မံသေဆုံးခဲ့ရတယ်။ နိုင်ငံတကာက လဥသန်းရှာတွေက တော့ ထုံးစံအတိုင်း စိုးရိမ်တာထက်မပိုခဲ့ဘူး။ ဘာမှမဟုတ်ဘူး အခုလက်ရှိ ဆီးရီးယားအစိုးရက အာဆတ်ရဲ့ ဓါတုလက်နက်တွေကို စတင်ဖျက်ဆီးနေပြီဆိုတဲ့ သတင်းတွေ့လို့ သတိရသွားလို့ပါ။ တကယ်တော့ အာဆတ်ဟာ ‌အဆစ်တိုထက် နိုင်ငံတကာမှာ လူ၀င်ဆံ့တဲ့ အာဏာရှင်။ ဒါတောင် ဒီလောက်ထိ ယုတ်မာခဲ့တာ။ အဆစ်တိုဆို ဘယ်လောက်ထိ ထပ်ယုတ်မာနိုင်လဲဆိုတာ ကြိုတွေးထားနိုင်ဖို့ပါပဲ။ မြန်မာပြည်မှာ လူဖြစ်လာရတာ စောက်ရမ်းကံကောင်းတယ်လေ။ #ADM2 #4C_TruthNews
133
10
ပထမနဲ့ ဒုတိယ ပုံနှစ်ပုံက Reddit News က တင်ထားတဲ့သတင်း၊ မောင်တောမှာရှိတဲ့ AA စခန်းတခုကို ARSA က အင်အားအလုံးအရင်းနဲ့ ဝင်လာပြီး+3
ပထမနဲ့ ဒုတိယ ပုံနှစ်ပုံက Reddit News က တင်ထားတဲ့သတင်း၊ မောင်တောမှာရှိတဲ့ AA စခန်းတခုကို ARSA က အင်အားအလုံးအရင်းနဲ့ ဝင်လာပြီး တိုက်သွားလို့ AA စခန်းတခု လက်လွှတ်လိုက်ရတဲ့တိုက်ပွဲ မှတ်တမ်းကို ၂၀၂၄ ဧပြီလ ပထမ အပတ်တုန်းက တင်ခဲ့တဲ့သတင်းဖြစ်တယ်။ တတိယ နဲ့ စတုတ္ထပုံ နှစ်ခုက ၂၀၂၄ ဧပြီလ ၁၃ ရက်နေ့မှာ အဲ့ဒီ  Reddit News သတင်းက တင်ထားတဲ့ ပုံကိုယူပြီး ဂွေးချောင်းတိုက်ပွဲကနေ AA ရဲဘော် အလောင်း ၇ လောင်းနဲ့ လက်နက် ၈ လက်ရတယ်ဆိုပြီး သတင်းလိမ်းဖာကျ ဝဒါဖြန့်ထားခဲ့တာဖြစ်တယ်.... အခုတခါ စစ်ခွေးဘောစုပ် လော်ဘီခွေးတွေက ၂ နှစ်ကျော်ပြီးဖြစ်တဲ့ အဲ့ဒီပုံတွေကိုပဲ ပြန်ယူသုံးပြီး ဘာတဲ့... ၄၉ ၂၆ စစ်ဆင်ရေးမှာ ပုဏ္ဏားကျွန်းမှာ AA တပ်က စစ်ဦးကျိုးသွားရပါတယ် ဆိုပြီး သတင်းလိမ်ဖာကျ ဝါဒဖြန့်နေပြန်တယ်။
326
11
၄၉ နဲ့ ၂၆ ကို တပေါက်တည်းထိုးပါ... အပေါက်များများထိုးချင်ရင် စစ်ခွေးတန်းလျားက ဖာတန်းကိုသွားပါ။ စစ်ခွေးဘောစုပ် လော်ဘီခွေးတွေ ဘယ+1
၄၉ နဲ့ ၂၆ ကို တပေါက်တည်းထိုးပါ... အပေါက်များများထိုးချင်ရင် စစ်ခွေးတန်းလျားက ဖာတန်းကိုသွားပါ။ စစ်ခွေးဘောစုပ် လော်ဘီခွေးတွေ ဘယ်လို သတင်းလိမ်ဖာ ဝါဒဖြန့်ထားလဲ....အောက်မှာကြည့်👇👇👇
295
12
No text...
473
13
ဥရောပမြေပေါ်ကနေ ဥရောပ ပိုင် ဂြိုလ်တုလွှတ်တင်မှု အောင်မြင်ပြီ ၆ စက်တင်ဘာ ၂၀၂၆ နော်ဝေနိုင်ငံ အန်ဒိုရာ အာကာသစခန်းကနေ ကမ္ဘာပတ်လမ်
ဥရောပမြေပေါ်ကနေ ဥရောပ ပိုင် ဂြိုလ်တုလွှတ်တင်မှု အောင်မြင်ပြီ ၆ စက်တင်ဘာ ၂၀၂၆ နော်ဝေနိုင်ငံ အန်ဒိုရာ အာကာသစခန်းကနေ ကမ္ဘာပတ်လမ်းထဲကို စီးပွားဖြစ်ဂြိုလ်တုပို့ဆောင်ရေးစီမံကိန်းကို စက်တင်ဘာ ၅ ရက် ညပိုင်း က အောင်မြင်စွာ အကောင်အထည်ဖော် လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်လို့ ဂျာမနီအခြေစိုက် The Isar Aerospace အာကာသကုမ္ပဏီ က သတင်းထုတ်ပြန်ထားပါတယ်။ ဥရောပမြေကနေ ဥရောပနည်းပညာတွေနဲ့ ဥရောပပိုင် ဂြိုလ်တုတွေ အာကာသထဲကို ပို့နိုင်ပြီ ဖြစ်လို့ ဥရောပအတွက် သမိုင်းဝင်ခြေလှမ်းကြီးဖြစ်တယ်ဆိုပါတယ်။ ကမ္ဘာ့အာကာသလုပ်ငန်းအတွက် ခေတ်သစ်တခုရောက်လာပြီဖြစ်သလို အာကာသလုပ်ငန်းနဲ့ပတ်သက်ရင် ဥရောပဟာ ဘယ်သူ့ကိုမှ မှီခို အားကိုးစရာမလိုတော့ ဘူးလို့လည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အာကာသနဲ့ ဆက်စပ်တဲ့စီးပွားရေးဆိုင်ရာလုပ်ငန်းဆောင်တာတွေကို စိတ်ဝင်စားသူတွေအနေနဲ့ နောက်ထပ်ရွေးချယ်စရာတခု အခိုင်အမာပေါ်ပေါက်လာပါပြီလို့လည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ Isar Aerospace အာကာသကုမ္ပဏီအနေနဲ့ ၂၀၂၅ ခုနှစ် မတ်လထဲမှာ ပထမဆုံးအကြိမ် စမ်းသပ်လွှတ်တင်ဖို့ကြိုးစားခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ပဲ အခု ဒုတိယအကြိမ်မှာ အောင်မြင်မှုရရှိသွားတာလို့လည်း ဥရောပအခြေစိုက်သတင်းတွေက ဖော်ပြပါတယ်။ အခုလို ကိုယ်ပိုင်ဂြိုလ်တုတွေ လွှတ်တင်နိုင်ပြီဖြစ်လို့ ကောင်းကင်ထောက်လှမ်းရေးတွေ ကောင်းကောင်းလုပ်နိုင်ပြီဖြစ်လို့ ဥရောပရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် ကြီးမားတဲ့အကျိူးကျေးဇူးတွေ ရရှိစေလိမ့်မယ်လို့လည်း သတင်းတွေက ဖော်ပြနေပါတယ်။
474
14
No text...
415
15
#စစ်တပ်သာမိထွေးစစ်တပ်သာပထွေး "အားလုံးကို ချန် ထားခဲ့လိုက်" ကမ္ဘာပေါ်က စစ်တပ်တွေမှာ ဒီလိုဆောင်ပုဒ်ရှိတယ်။ အမေရိကန်စစ်တပ်။ No One Left Behind. ဘယ်ရဲဘော်ကိုမှ ချန်မထားခဲ့ဘူး။ ပြင်သစ်စစ်တပ် Tu n'abandonnes jamais ni tes blessés, ni tes morts, ဒဏ်ရာရ ရဲဘော်ဖြစ်စေ၊ အလောင်းဖြစ်စေ၊ ရန်သူလက်ထဲ အကျမခံ။ အမေရိကန် ဟာ အီရန်မဲ့ပွဲမှာ လေယဥ်ပျက်ကျသွားတဲ့ ကျွမ်းကျင်သူ အရာရှိ တစ်ယောက်တည်းကိုစစ်ဆင်ရေးကြီးဆင်နွှဲပြီးပြန်ကယ်ထုတ်ခဲ့တယ်။ တခြား အင်္ဂလန်၊ အစ္စရေး၊ အိန္ဒိယ စစ်တပ်တွေ အားလုံးမှာ အလားတူ ခံယူချက်ရှိတယ်။ ပြည်သူ့ ကာကွယ်ရေးတပ် PDF တွေမှာလည်း ဒီကျင့်ဝတ်ရှိတယ်။ အညာက ပွဲတွေမှာ ပြန်ဆုတ်ခဲ့ရရင်တောင် သဲချောင်းထဲမှာ ကိုယ့်ရဲဘော်ကို မြုပ်ခဲ့ကြတယ်။ ပြီးမှ သွားပြန် ဖော်ပြီး အခန်းအနားနဲ့ သင်္ဂြိုလ်၊ အလေးပြု မျက်ရည်ကျကြရတယ်။ ဒါတာဝန် မဟုတ်ဘူး။ ဝတ္တရား မဟုတ်ဘူး။ ရဲဘော် ရဲဘက် စိတ်သာ ဖြစ်တယ်။ ဒီလိုလုပ်ရမယ်လို့ အမိန့်ထုတ်ထားတာ မကြားမိဘူး။ ဒါပေမယ့် ပြည်သူ့ ကာကွယ်ရေးတပ် တိုင်း ဒီလို လုပ်ကြတယ်။ ဒါကြောင့် ဟို ကျွန်စိုးဦးက အုတ်ဂူတွေကို မဖွယ်မရာ လုပ်တော့ အားလုံး ဆတ်ဆတ်ခါနာကြတယ်။ သူတို့ကတော့ ဒီလို ဂုဏ်သိက္ခာတွေ၊ ရဲဘော်စိတ် ဆိုတာ ဘယ်ရှိမလဲ။ လူ ၄၀၀ ဗန်းမော်ကို လွှတ်လိုက်တယ်။ အယောက် ၁၉၀ အလံဖြူထောင်၊ ၁၀၀ လောက် မြုပ်သွားတယ်။ ကျန်တဲ့လူရောက်တာ တန် တယ်တဲ့။ ကျန်တာငါးတွတ်တွတ်၊ ရေနစ်နစ်၊ ချန်ထားပစ်ခဲ့။ ပြည်သူ့ကာကွယ်ရေးတပ်အပါဝင် ကမ္ဘာပေါ်က စစ်တပ်တွေ အကုန်လုံး ခံယူချက်က ဘယ်ရဲဘော်ကိုမှ ချန်မထားခဲ့ဘူး။ မြန်မာ့ တပ်မတော်ကြီးရဲ့ ဆောင်ပုဒ်ကတော့ အားလုံးကိုချန်ထားခဲ့လိုက်။ နောက်ဆုံးမှာ မအလ နဲ့တစ်သိုက်ဟာ ပစ၊သန္ဓေ အားလုံးကို ချန်ထားခဲ့ပြီး သူတို့ချည်း ရောက်အောင်သွားကြမှာ။ စဉ့်ကူး ဖြစ်စဉ်က လက်တွေ့ ။အဲ့ဒါကို မမှတ်သေးရင် ခံရမှာပဲ။ မအလ နဲ့တစ်သိုက်ဟာ ကိုယ်ကျိုး အတွက်ဆို အားလုံးကိုထားခဲ့မှာ။ စစ်တပ်ကို ခင်ဗျားတို့မစွန့်ပစ်ရင် စစ်တပ်က ခင်ဗျားတို့ကို စွန့်ပစ်မှာ။ #မောင်ဝင်းဦး #JHlaThin
420
16
No text...
376
17
ရန်ကုန်/ သမိုင်း အလယ်ဗဟိုလမ်းမှာ နေလည် ဆွဲနေပြိနော် သတိထားကြပါ 6/9/2026
ရန်ကုန်/ သမိုင်း အလယ်ဗဟိုလမ်းမှာ နေလည် ဆွဲနေပြိနော် သတိထားကြပါ 6/9/2026
446
18
တရုတ်နှင့် ရုရှားတို့သည် စစ်အုပ်စု ကို မဟာမိတ်အဖြစ် သတ်မှတ်ထားဆဲဖြစ်သော်လည်း၊ ၎င်းတို့၏ ပထဝီနိုင်ငံရေးပုံရိပ်ကို ထိခိုက်မခံနိုင်သဖြင့် အကန့်အသတ်ဖြင့်သာ ဆက်ဆံတော့မည်" ဆိုသည့် သံတမန်ရေးရာ ပြတ်သားသော အချက်ပြမှု လည်း ဖြစ်သည်။ စစ်အုပ်စု အနေဖြင့် ဒေသတွင်းတွင် တရားဝင်မှုအပြည့်အဝရရန် မျှော်လင့်ချက်သည် ယခင်ကထက် ပိုမိုဝေးကွာသွားခဲ့ပြီ ဟု သုံးသပ်ရပါသည်။ ယခုနှစ်တွင် လာအိုသမ္မတ အပါအဝင် အခြားသော ဆွေးနွေးဖက်နိုင်ငံ များ တက်ရောက်ခွင့်ရခဲ့သော်လည်း မြန်မာနိုင်ငံမှာမူ SCO ၏ ဧည့်သည်တော်စာရင်း တွင်ပင် ထည့်သွင်းခြင်း မခံခဲ့ရပေ။ ထို ဖြစ်စဉ် သည် တရားဝင်မှု ရှာဖွေနေပြီး SCO ၏ အမြဲတမ်းအဖွဲ့ဝင်ဖြစ်ရန် ကြိုးပမ်းနေသည့် စစ်အုပ်စု အတွက် ကြီးမားသော မျက်နှာပျက်စရာ သံတမန်ရေးရာ ထိုးနှက်ချက်ကြီး ဖြစ်သည်။ မင်းအောင်လှိုင်၏ ယခု သံတမန်ရေး ထိုးစစ်သည် ၎င်းတို့ ပြုတ်ကျမသွားစေရန် ထိန်းထားနိုင်သည့် "အသက်ရှူပေါက် တခု" ဖြစ်လာနိုင်သော်လည်း ရွေးကောက်ပွဲ အပြီး တရုတ်တို့ ဖြစ်စေချင်သည့် ပြည်တွင်း စစ် အဆုံးသတ်‌ ပြီး ၎င်းတို့၏ စီမံကိန်းများ အလျင်အမြန် အကောင်အထည် ဖေါ်နိုင်မှု ဆိုသည်နှင့် က အလှမ်းဝေးနေဆဲပင် ဖြစ်သည်။ ၎င်းတို့ မြင်တွေ့နေရသည်က ကချင်ပြည်နယ် (ဥပမာ- ဗန်းမော်ရေကြောင်းတိုက်ပွဲ) နှင့် ရခိုင်ပြည်နယ်တို့တွင် စစ်အုပ်စု တပ်များ အကြီးအကျယ် ရှုံးနိမ့်နေပြီး နယ်မြေစိုးမိုးမှု လျော့နည်းလာသည်။ သို့သော်လည်း စစ်ရေးအရ ရှုံးနိမ့်မှုကို နိုင်ငံတကာ အသိအမှတ်ပြုမှု ရယူခြင်းဖြင့် အဖတ်ဆယ်ရန် ကြိုးပမ်းရင်း ဖြင့် အလုပ်များနေကြသည် ကိုသာ တွေ့ရမည် ဖြစ်သည်။ ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!! ✍Hla Soewai
367
19
တရုတ်က မင်းအောင်လှိုင်ကို လူမသိ သူမသိ အရှက်ခွဲခဲ့မှု ** မင်းအောင်လှိုင်သည် ထိုင်း နှင့် ဗီယက်နမ် နိုင်ငံ ခရီးစဉ်များ မော်ကြွာ
တရုတ်က မင်းအောင်လှိုင်ကို လူမသိ သူမသိ အရှက်ခွဲခဲ့မှု ** မင်းအောင်လှိုင်သည် ထိုင်း နှင့် ဗီယက်နမ် နိုင်ငံ ခရီးစဉ်များ မော်ကြွား ပြနေသော်လည်း ထို ခရီးစဉ် နှစ်ခု အကြားတွင် မည်သူမျှ သတိမမူ ခဲ့သည့် တရုတ်၏ အရှက်ခွဲ ခံခဲ့ရမှု နှင့် ကြုံတွေ့ခဲ့ရပေသည်။ ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းကနေ စက်တင်ဘာ ၁ ရက်နေ့အထိ ကာဂျစ္စတန်နိုင်ငံ၊ ဘီရှကက်မြို့တွင်  ကျင်းပခဲ့သည့်  (၂၅) ကြိမ်မြောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ ထိပ်သီးအစည်းအဝေးတွင်  ထူးထူးခြားခြား ဖြစ်စဉ်တခု ထွက်ပေါ်လာခဲ့သည်။ ထိုအစည်းအဝေးသို့  တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ရုရှားသမ္မတ ပူတင်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ အပါအဝင် အင်အားကြီးနိုင်ငံ ခေါင်းဆောင်များ  စုံစုံလင်လင် တက်ရောက်ခဲ့ကြ သော်လည်း စစ်ခေါင်းဆောင်  မင်းအောင်လှိုင်ကိုတော့ ဖိတ်ကြားထားခြင်း မရှိဘဲ ချန်လှပ်ထားခဲ့ခြင်းပင် ဖြစ်သည်။ ယမန်နှစ် ၂၀၂၅ ခုနှစ် တရုတ်နိုင်ငံ တီယန်ကျင်းမြို့တွင် လုပ်ခဲ့သည့် SCO အစည်းအဝေးတွင်‌ တော့ တရုတ်၏ ဖိတ်ကြားချက်နဲ့ တက်ရောက်ခွင့်ရခဲ့ပြီး သံတမန်ရေး "အောင်ပွဲ" အဖြစ် ပုံဖော်နိုင်ခဲ့ သော်လည်း ၊ ယခုနှစ်တွင် တော့ ဧည့်သည်တော်စာရင်းမှာပင် မပါဝင်ခဲ့ခြင်းသည် သာမန်ကာ လျံကာ ဖြစ်စဉ် မဟုတ်ဘဲ ထူးခြား သည့် အလှည့်အပြောင်းတခုပင် ဖြစ်သည်။ မင်းအောင်လှိုင်ကလည်း တက်ခွင့်ရလို ရငြား ခရီစဉ် အားလုံးကို ထိုရက် နှင့် လွတ်အောင် ကြိုးစားပမ်းစား စီစဉ် ထားပုံရှိသည်။ မင်းအောင်လှိုင်သည် အစည်းအဝေး ကို တက်ခွင့်ရယုံ နှင့် ကျေနပ်မည့် လူမျိုးမဟုတ်၊ မိုဒီ၊ ပူတင်၊ ရှီကျင့်ပင် တို့နှင့် sideline ‌‌ ဆိုကာ သီးခြားစီ တွေ့ခွင့်ရအောင် နားပူနားဆာ လုပ်ပြီး ဝါဒ ဖြန့်ရေး အတွက် အသုံးချဦးမည်သာ ဖြစ်သည်။ တရုတ်က တခါ ဖိတ်ခေါ်ပေးပြီး တော်လောက်ပြီ ဟု ဆိုကာ ‌ဗြောင်ပင် ချန်လှပ်ထားခဲ့ခြင်း ဖြစ်နိုင်ပေသည်။ ထိုကိစ္စ အပေါ် ဒီထက် လေးလေးနက်နက် သုံးသပ်ကြည့်မည်ဆိုက တရုတ်၏"စောင့်ကြည့် ကစားခြင်း ဗျူဟာ" ကို တွေ့နိုင်မည် ဖြစ်သည်။ SCO အဖွဲ့ကြီးကို စတင် တည်ထောင်သူလည်း ဖြစ်၊ သြဇာအရှိဆုံးလည်း ဖြစ်သည့် တရုတ်သည်  စစ်အုပ်စု၏ ရွေးကောက်ပွဲအစီအစဉ်ကို ထောက်ခံထားသလို၊ ဇွန်လတုန်းကလည်း "အေးအတူပူအမျှ အကျိုးတူ ပါတနာ"  အဖြစ် ပူးပေါင်းဆောင်ရွက်ဖို့ လက်မှတ်ရေးထိုးခဲ့သည်။ သို့သော်လည်း မြေပြင်တွင်  စစ်ရေးအရ နာလန်ထူလာနိုင်သည်ကို မတွေ့ရသေးသည့် အပြင်၊ မန္တလေး၊ ရန်ကုန်လို မြို့ကြီးများ အထိ တရုတ်ကျားဖြန့် ဂိုဏ်းများ ဝင်ရောက်လာမှုကို စိုးရိမ် နေခြင်း များ ကြောင့် နိုင်ငံတကာစင်မြင့်ထက်မှာစစ်အုပ်စု ကို ပေါ်ပေါ်ထင်ထင် နေရာပေးဖို့ တရုတ်ဘက်က နောက်ဆုတ်သွားခြင်းလည်း ဖြစ်နိုင်သည်။ ထို့ပြင် ရွေးကောက်ပွဲ ဖြင့် သမ္မတ တင်မြှောက်ပေးခဲ့သော်လည်း ဘာတခုမျှ မယ်မယ်ရရ ဖြစ်အောင် မလုပ်နိုင်ပဲ အကျိုး မရှိသည့် ပြည်ပ ခရီးစဉ်များ ဖြင့် အချိန်ဖြုန်း လေလွင့်နေသည်ကို ကြည့်မရ ဖြစ်လာ၍ လည်း ဖြစ်ပေမည်။ နိုင်ငံတကာစင်မြင့်ထက်သို့ အတင်းအဓမ္မ ဆွဲတင်ပေးရန် တရုတ်ဘက်က ဝန်လေးနေကြောင်း ယခုဖြစ်ရပ်က သက်သေပြနေသည်။ အနောက်အုပ်စုကို တန်ပြန်ဖို့ ဖွဲ့စည်းထားသည့် တရုတ်၏ SCO အဖွဲ့  အဆင့်မြင့်ခေါင်းဆောင်ပိုင်း နေရာကနေ ဖယ်ကြဉ်ခံရခြင်းသည် စစ်အုပ်စု အပေါ် ၎င်းတို့၏ ဆရာသမား များဆီကပါ "ရာနှုန်းပြည့်" ယုံကြည်မှု မရှိတော့ဆိုသည်ကို ပြသနေသည်။ နိုင်ငံတကာဆက်ဆံရေး တွင် "မြေပြင်ကို ဘယ်လောက် ထိန်းချုပ်နိုင်လဲ" ဆိုသည်က အဓိက သော့ချက်ပင် ဖြစ်သည်။ ကချင်၊ ရခိုင်နှင့် ရှမ်းပြည်နယ် များတွင် တိုင်းရင်းသားလက်နက်ကိုင်တွေ (EAOs) ထံ စစ်စခန်းနဲ့ နယ်မြေအများကြီး ဆုံးရှုံးထားပြီး ပြန်မသိမ်းနိုင် ဖြစ်နေသည့် စစ်အုပ်စု အား အိမ်နီးချင်းနိုင်ငံများက "မြန်မာနိုင်ငံကို ရေရှည်တကယ် ထိန်းချုပ်နိုင်ပါ့မလား" ဆိုသည့်  သံသယ ဝင်လာကြပုံရသည်။ ဤသံသယကြောင့်ပင် ၎င်းတို့အား မြင်သာထင်သာရှိသော နိုင်ငံတကာ စင်မြင့်များထက်တွင် နေရာပေးရန် အင်အားကြီးနိုင်ငံများက နောက်ဆုတ်သွားခြင်း ဖြစ်သည်။ ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
382
20
"တပ်တွင်းသတင်းတွေပေါက်ကြားခဲ့ရတာကြောင့် အရေးယူခဲ့ရပါတယ်"ဆိုတဲ့ ဒုတပ်ချုပ်ရဲ့စကားဟာ စစ်တပ်ကြီးရဲ့အနေအထားကို ဝန်ခံချင်တာကြောင့်တော့မဟုတ်ပဲ (ဖရဲသီးတွေကို)ခြိမ်းခြောက်လိုတဲ့ သဘောသက်သက်လောက်သာဖြစ်ပါလိမ့်မယ်။ တစ်နည်းပြောရမယ်ဆိုရင်တော့ သွယ်ဝှိုက်ပြီး ဂျင်းထည့်လိုက်တာပါ။ ဦးသန်းရွှေရဲ့လက်ထက်မှာ စစ်တပ်ရဲ့ဖွဲ့စည်းပုံဟာ"အင်အား၅သိန်းပါ"လို့ စာရင်းဇယားတွေမှာဖော်ပြထားခဲ့ကြပေမယ့် (တကယ့်တကယ်တမ်း)မြေပြင်မှာကတော့ "၄သိန်း"ဝန်းကျင်လောက်သာ ရှိခဲ့ကြတာဖြစ်ပြီး ဒီ"၄သိန်း"လောက်မှာကလည်း အရွယ်ကောင်း/တိုက်ရည်ခိုက်ရည်ရှိတဲ့စစ်သားက (ခန့်မှန်းခြေ) နှစ်သိန်းဝန်းကျင်ထက်လည်း မပိုလောက်ခဲ့ပါဘူး။ အာဏာသိမ်းအပြီး (ခြောက်နှစ်တာကာလ)တိုက်ပွဲတွေမှာစစ်သားပြုန်းတီးမှု့တွေဟာ ကြောက်ခမန်းလိလိကိုမြင့်တက်လာခဲ့ရတာကြောင့် (ကြံမိကြံရာ)ဆိုသလို စစ်မှု့ထမ်းဥပဒေကိုအသက်သွင်းလိုက်ကြတဲ့အတွက် အနည်းငယ်လောက်တော့အသက်ရှုချောင်သွားခဲ့ရပါတယ်။ သို့သော်လည်း ဝင်ချင်လွန်းလို့ ဝင်လာခဲ့ကြသူတွေမဟုတ်တာကြောင့်ပဲ သင်တန်းတွေမှာ နည်းမျိုးစုံနဲ့မှိုင်းတိုက်ခဲ့ရသလို အရက်၊မူးယစ်ဆေးဝါးတွေနဲ့ပါ အသိစိတ်မဲ့အောင်လုပ်ပြီးတိုက်ခိုင်းနေခဲ့ကြတာပါ။ ဒါ့အပြင် (ဒီလောက်နဲ့လည်းစိတ်မချရသေးတာကြောင့်ပဲ) သန္ဓေစစ်သားတွေနဲ့ပါ ထိန်းချုပ်ထားခဲ့ရပြန်ပါတယ်။ ဒီလိုမျိုးထိန်းချုပ်နေခဲ့ကြတဲ့ သန္ဓေစစ်သားအင်အားတွေတောင် ဘယ်လောက်ရှားပါးလာခဲ့ရပြီလဲဆိုရင် ရှေ့တန်းတွေမှာပါလာခဲ့ကြတဲ့ သက်ကြီးရွယ်အိုကြီးတွေကိုကြည့်ရင် သိနိုင်ကြပါလိမ့်မယ်။ အပွင့်တွေ၊အစိတွေနဲ့ (သင်တန်းဆင်းကာစ အရာရှိပေါက်စတွေအပြင်)သက်ကြားအိုကြီးတွေနဲ့သာ ထိန်းချုပ်နေခဲ့ရသလို တိုက်ရည်ခိုက်ရည်ရှိတဲ့ သန္ဓေတွေကိုတော့ အခြားအရေးကြီးတဲ့တိုက်ပွဲတွေမှာ ထုတ်သုံးနေကြရတဲ့ပုံစံပါပဲ။ သို့သော်လည်း စစ်တပ်ရဲ့ဝါဒမှိုင်းတွေကိုတော့ လျော့မတွက်လိုက်ကြစေချင်ပါဘူး။ ပစတွေထဲမှာလည်း တော်တော်လေးဇောင်းကြွနေခဲ့ကြတဲ့ကောင်မျိုးတွေပါရှိလာခဲ့ကြသလို မူးယစ်ဆေးတွေကြောင့်ပဲလား(သို့)စစ်တပ်ရဲ့မြှောက်ထိုးပင့်ကော်အယူဝါဒမှိုင်းတွေ ရိုက်ထည့်ခံလိုက်ကြရလို့လားတော့ မသိရပေမယ့် အားတက်သရောကြီးတွေ ဖြစ်နေခဲ့ကြတာကိုတော့ အထင်အရှားတွေ့မြင်နေခဲ့ရပြန်ပါတယ်။ (အကုန်လုံးလို့တော့ မဆိုလိုပါဘူး) ဘာပဲပြောပြော အပါတ်စဉ်(၂၈)အထိတောင်ရောက်ရှိလာခဲ့ရပြီဖြစ်လို့ တစ်ပါတ်စဉ်ကို ငါးထောင်နဲ့ပျမ်းမျှတွက်ကြည့်လိုက်မယ်ဆိုရင် (အပါတ်စဉ်(၂၈)က အခုမှဖွင့်မှာဖြစ်လို့) တစ်သိန်းသုံးသောင်းခွဲဝန်းကျင်လို့ပဲ ဆိုလိုက်ကြပါစို့။ ပြုန်းတီးအင်အားတွေကလည်း(ရခိုင်တစ်ခုတည်းမှာတင်)ကို သင်တန်း(နှစ်ခုစာလောက်)ကျဆုံးသွားခဲ့ရပြီးဖြစ်သလို ထွက်ပြေးနဲ့ဘက်‌ပြောင်းတွေပါ ရှိနေခဲ့ရသေးတာကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် တစ်သိန်းဝန်းကျင်လောက်သာကျန်ရှိကြတော့မှာကလည်းအသေအချာပါပဲ။ (ပစတွေပြုန်းတီးသွားတဲ့တိုက်ပွဲတွေတိုင်းမှာလည်း) သန္ဓေစစ်သားတွေကတော့(အနည်းနဲ့အများဆိုသလို)သေချာပေါက်ပါဝင်နေခဲ့ကြဦးမှာဖြစ်လို့ သန္ဓေတွေနည်းသထက်/နည်းပါးလာခဲ့ကြပြီး ပစတွေပိုများလာခဲ့ကြတာကလည်း ထူးဆန်းတော့ကိစ္စတော့မဟုတ်လှပါဘူး။ တိုက်ရည်ခိုက်ရည်နဲ့/တိုက်ပွဲအတွေ့အကြုံလည်း မရှိသလို ခံယူချက်လည်း မရှိကြတာကြောင့် (သန္ဓေစစ်သားနည်းပါးပြီး ပစတွေပိုများလာခဲ့ကြခြင်းက) စစ်တပ်ကြီးအတွက်လည်း မကောင်းလှသလို တစ်ဖက်ကကြည့်မယ်ဆိုရင်လည်း လက်ရှိလိုမျိုးပစတွေကိုအသေခံခိုင်းနေခဲ့ကြတာကြောင့် မြန်မာနိုင်ငံကလူဦးရေကလည်း တဖြည်းဖြည်းချင်းယုတ်လျော့လာခဲ့ရပြီး ကြာရင် နီပေါနိုင်ငံလောက်သာကျန်ရှိရတော့မယ့်အနေအထားမျိုးနဲ့လည်း ကြုံတွေ့နေကြရပြန်ပါတယ်။ သို့သော်လည်း အာဏာတစ်ခုတည်းအတွက်ကိုသာကြည့်တတ်ကြတဲ့စစ်တပ်ကြီးကလည်း နောက်ဆုတ် နေခဲ့ကြမှာမဟုတ်သလို (အာဏာရှင်စနစ်ဆိုးကြီးကို အပြီးတိုင်ဖြိုချပစ်ချင်နေကြတဲ့)တော်လှန်ရေးဘက်ကလည်း နောက်ဆုတ်နေမှာမဟုတ်တော့တာကြောင့် "သဗ္ဗေသတ္တာ ကမ္မသကာ"လို့ပဲ သဘောထားရင်း မနိုင်/နိုင်အောင်တော့ တိုက်ယူကြရဦးမှာပါပဲလေ။ ရာဇသံ(6.9.2026)
371