cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qiling», bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

TwanTay Royal Defence Force (TRDF)

အ ဓမ္မ မှန်သမျှ မြေလှန် တော်လှန်ကြ

Ko'proq ko'rsatish
Reklama postlari
6 249
Obunachilar
+6124 soatlar
+1617 kunlar
+41130 kunlar

Ma'lumot yuklanmoqda...

Obunachilar o'sish tezligi

Ma'lumot yuklanmoqda...

နောင်ချိုမြို့ကို TNLAပူးပေါင်းအဖွဲ့များ ထိန်းချုပ် ▪️ခမရ(၁၁၄)၊(၁၁၅)နှင့် အမြောက်တပ်ကို ဆက်လက်တိုက်ခိုက်နေဟုဆို မက်ကစံ/People’s Spring စစ်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်နှင့် အနီးကပ်ဆုံးမြို့ဖြစ်သော နောင်ချိုမြို့ကို တအာင်းတပ်မတော် (TNLA)ပူးပေါင်းတပ်က ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း အဆိုပါမြို့ဒေသခံများက ယနေ့(ဇွန်လ ၂၆ရက်)ပြောသည်။ TNLA ပူးပေါင်းအဖွဲ့က ဇွန်လ ၂၅ရက်တွင် နောင်ချိုမြို့ကို သိမ်းပိုက်ရာ လက်ရှိတွင် စစ်ကောင်စီ​၏ ရဲစခန်းအပါအဝင် ရုံးဌာနများအား သိမ်းပိုက်ထားပြီး မြို့ကို ထိန်းချုပ်ထားသည်ဟု ဒေသခံများက ပြောသည်။ "လောလောဆယ်တော့ မြို့ပေါ်ထိန်းနိုင်ထားတဲ့ အနေအထားတော့ရှိတယ်ဗျ။ရဲစခန်းလည်း ထိန်းထားပြီဗျ"ဟု နောင်ချိုမြို့တိုက်ပွဲအတွင်းပါဝင်သော တော်လှန်ရေးရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။ မခရ(၁၁၄)၊(၁၁၅)နှင့် မြို့တောင်ဘက်ရှိ အမြောက်တပ်တို့အား ဆက်လက်တိုက်ခိုက်နေဆဲဟု အသိပေးသည်။ တိုက်ပွဲအတွင်း အရပ်သားပြည်သူအချို့ ထိခိုက်မှုရှိပြီး ပြည်သူများမှာ ကတ္တီပင်ဘုန်းကြီးကျောင်း၌ တိမ်းရှောင်နေရကြောင်း ဒေသခံအချို့က ပြောသည်။ "မြို့ကို တော်လှန်ရေးအဖွဲ့က ထိန်းထားပြီဆိုပေမယ့် စစ်သားတွေက မြို့အစွန်မှာရှိနေတယ်လို့ သိရတယ်။ အခုလည်း စစ်တပ်က အဝေးကနေ လက်နက်ကြီးနဲ့ ထုနေတယ်"ဟု နောင်ချိုဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်သားများ တပ်စွဲထားသော ရုံးဌာန များတိုက်ခိုက်မှုများအတွင်း စစ်သားများ ထိခိုက်သေဆုံးမှုများပြားပြီး အလောင်းများ ကျန်နေသည်ဟု မြို့ခံတစ်ဦးက ပြောသည်။ လက်ရှိတွင် စစ်ကောင်စီက မြို့အား ဖုန်းနှင့် အင်တာနက်လိုင်များဖြတ်တောက်ထားသည်ဟု ဆိုသည်။ နောင်ချို၊ကျောက်မဲနှင့် မိုးကုတ်စသည့် မြို့နယ် သုံးမြို့နယ်တွင် တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဆက်ရှိနေကြောင်း TNLAက ဇွန်လ ၂၅ရက် ညပိုင်းက သတင်းထုတ်ပြန်သည်။ ၁၀၂၇ စစ်ဆင်ရေးအဆက်အဖြစ် TNLAက စစ်ကောင်စီတပ်များကို ဇွန်လ ၂၅ရက်တွင် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီ လက်နက်ကြီးကြောင့် အရပ်သားထိခိုက်သေဆုံးမှုရှိခဲ့ပြီး ဒေသခံများလည်း စစ်ဘေးတိမ်းရှောင် နေကြရကြောင်း အသိပေးသည်။
Hammasini ko'rsatish...
နောင်ချိုမြို့ကို TNLAပူးပေါင်းအဖွဲ့များ ထိန်းချုပ် ▪️ခမရ(၁၁၄)၊(၁၁၅)နှင့် အမြောက်တပ်ကို ဆက်လက်တိုက်ခိုက်နေဟုဆို မက်ကစံ/People’s Spring စစ်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်နှင့် အနီးကပ်ဆုံးမြို့ဖြစ်သော နောင်ချိုမြို့ကို တအာင်းတပ်မတော် (TNLA)ပူးပေါင်းတပ်က ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း အဆိုပါမြို့ဒေသခံများက ယနေ့(ဇွန်လ ၂၆ရက်)ပြောသည်။ TNLA ပူးပေါင်းအဖွဲ့က ဇွန်လ ၂၅ရက်တွင် နောင်ချိုမြို့ကို သိမ်းပိုက်ရာ လက်ရှိတွင် စစ်ကောင်စီ​၏ ရဲစခန်းအပါအဝင် ရုံးဌာနများအား သိမ်းပိုက်ထားပြီး မြို့ကို ထိန်းချုပ်ထားသည်ဟု ဒေသခံများက ပြောသည်။ "လောလောဆယ်တော့ မြို့ပေါ်ထိန်းနိုင်ထားတဲ့ အနေအထားတော့ရှိတယ်ဗျ။ရဲစခန်းလည်း ထိန်းထားပြီဗျ"ဟု နောင်ချိုမြို့တိုက်ပွဲအတွင်းပါဝင်သော တော်လှန်ရေးရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။ မခရ(၁၁၄)၊(၁၁၅)နှင့် မြို့တောင်ဘက်ရှိ အမြောက်တပ်တို့အား ဆက်လက်တိုက်ခိုက်နေဆဲဟု အသိပေးသည်။ တိုက်ပွဲအတွင်း အရပ်သားပြည်သူအချို့ ထိခိုက်မှုရှိပြီး ပြည်သူများမှာ ကတ္တီပင်ဘုန်းကြီးကျောင်း၌ တိမ်းရှောင်နေရကြောင်း ဒေသခံအချို့က ပြောသည်။ "မြို့ကို တော်လှန်ရေးအဖွဲ့က ထိန်းထားပြီဆိုပေမယ့် စစ်သားတွေက မြို့အစွန်မှာရှိနေတယ်လို့ သိရတယ်။ အခုလည်း စစ်တပ်က အဝေးကနေ လက်နက်ကြီးနဲ့ ထုနေတယ်"ဟု နောင်ချိုဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်သားများ တပ်စွဲထားသော ရုံးဌာန များတိုက်ခိုက်မှုများအတွင်း စစ်သားများ ထိခိုက်သေဆုံးမှုများပြားပြီး အလောင်းများ ကျန်နေသည်ဟု မြို့ခံတစ်ဦးက ပြောသည်။ လက်ရှိတွင် စစ်ကောင်စီက မြို့အား ဖုန်းနှင့် အင်တာနက်လိုင်များဖြတ်တောက်ထားသည်ဟု ဆိုသည်။ နောင်ချို၊ကျောက်မဲနှင့် မိုးကုတ်စသည့် မြို့နယ် သုံးမြို့နယ်တွင် တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဆက်ရှိနေကြောင်း TNLAက ဇွန်လ ၂၅ရက် ညပိုင်းက သတင်းထုတ်ပြန်သည်။ ၁၀၂၇ စစ်ဆင်ရေးအဆက်အဖြစ် TNLAက စစ်ကောင်စီတပ်များကို ဇွန်လ ၂၅ရက်တွင် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီ လက်နက်ကြီးကြောင့် အရပ်သားထိခိုက်သေဆုံးမှုရှိခဲ့ပြီး ဒေသခံများလည်း စစ်ဘေးတိမ်းရှောင် နေကြရကြောင်း အသိပေးသည်။
Hammasini ko'rsatish...
သတင်းနဲ့ ဂျင်းကြားက ကြားနေဝါဒ ယနေ့ခေတ်မှာ သတင်းဆိုတာ သိဖို့အားထုတ်ရင် မခက်ခဲတော့တဲ့ ခေတ်ကို ရောက်နေသလို ဂျင်းထည့်ဖို့လည်း လွယ်တဲ့ နည်းပညာခေတ်ကို ရောက်နေပါပြီ။ ဒီအချိန်မှာ သတင်းတွေဖတ်ရတာ ဘက်တဖက်ကို လုံလုံးလျားလျားလိုက်တဲ့ သတင်းတွေကို ခွဲခြမ်းစိတ်ဖြာ အတည်ပြုရတာ လွယ်ပေမဲ့ ကြားနေလိုလို Third party လိုလို ဟိုလိုလို ဒီလိုလိုတွေရဲ့ မိန်းမရွှင်ဝါဒ သတင်းတွေကိုတော့ သတိနဲ့ချဉ်းကပ်ရပါတယ်။ ဥပမာ စစ်ဘောမ Media Channel တွေသွားကြည့်ရင် စစ်တပ်ကောင်းကြောင်း တော်လှန်ရေးအဖွဲ့ မကောင်းကြောင်း ရေးတာတွေ့ရမှာဖြစ်ပြီး ကျွန်တော်တို့လို လူတွေဆီလာရင်လည်း ရှင်းပါတယ် တော်လှန်ရေးအဖွဲ့ကောင်းကြောင်း စစ်တပ်ရဲ့ မကောင်းကြောင်းတွေ ပြောကြတာပဲ။ ဒီလိုတဘက်ဘက်ကို စွဲကပ်ပြီးပါတဲ့သူ၊ ဘယ်ဘက်ကလဲ သိသာနေတဲ့သူတွေက မူလလားရာကနေ ပြောင်းပြန်တွေပြောရင် တခုခုမှားနေတာပဲဆိုတာ သတိထားမိနိုင်တယ်။ ဒါပေမဲ့ အဲ့လိုမဟုတ်ပဲ တော်လှန်ရေးသမားလိုလို စစ်ဘောမလိုလို ကြားနေလိုလို မပြတ်သားတဲ့ မိန်းမရွှင်ဝါဒကောင်တွေလည်း ရှိသေးတယ်။ ဒီကောင်တွေမှာ ဘာရည်ရွယ်ချက်မှ မရှိဘူး နှစ်ဘက်လုံး ဒုက္ခရောက်အေးတာပဲဆိုတဲ့ကောင်တွေ။ အဲ့လိုကောင်တွေက ဘဝမှာလည်း ဘယ်နေရာမှ ဖြစ်မြောက်တဲ့ကောင်တွေ မဟုတ်တာတွေ့ရပြီး အမြဲတမ်း မပြတ်မသားနဲ့ ဟိုလိုလို ဒီလိုလို ယီးလိုလို မှိုလိုလိုကောင်တွေများတယ်။ အဲ့လို Third party လိုလို ကြားနေလိုလို ကောင်တွေရဲ့ သတင်းတွေကိုတော့ တော်လှန်ရေးမှာ သတိထားရပါတယ်။ဂျင်းထည့်တာ မဟုတ်မကသတင်းဆို အဲ့ကောင်တွေဆီက လာတာများတယ်။ ကျွန်တော့်အယူအဆကတော့ ရှင်းတယ် တော်လှန်ရေးမှာဖြစ်ဖြစ် ဘယ်အရာကိစ္စကိုပဲဖြစ်ဖြစ် ကျွန်တော်ဘက်လိုက်ပါတယ်။ ဘယ်ဘက်ကို လိုက်သလဲဆိုရင်တော့ ကျွန်တော်မှန်တယ်ထင်တဲ့ဘက်ကို ရဲရဲကြီးလိုက်တာပါပဲ။ ကျွန်တော်ဘယ်တော့မှ ကြားမနေသလို ဘယ်တုန်းကမှလည်း ယီးလိုလို မှိုလိုလို အလုပ် မလုပ်ခဲ့ဘူး အေး လုပ်တဲ့ကောင်တွေကိုလည်း ဘယ်တော့မှ မယုံဘူး။
Hammasini ko'rsatish...
👍 2
တာမွေတွင် ဧည့်စာရင်းတိုင်လျှင် ၅၀၀၀ ကျပ်၊ ခရီးသွားထောက်ခံစာအတွက် ငွေကျပ် ၃၀၀၀ နှုန်း တောင်းခံနေ၊ ညောင်တုန်းတွင် စစ်မှုမထမ်းရန် တစ်အိမ် ၂ သောင်းပေးရ ရန်ကုန်၊ ဇွန် ၂၆ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်တွင် ဧည့်စာရင်းတိုင်လျှင် တစ်ဦး ငွေကျပ် ၅၀၀၀ နှုန်း၊ ခရီး သွားထောက်ခံစာ တစ်စောင်လျှင် ငွေကျပ် ၃၀၀၀ နှုန်းတောင်းခံနေပြီး ရပ်ကွက်ရုံးနှင့် ပတ်သက်သော ကိစ္စမှန်သမျှ ငွေပေးဆောင်နေရကြောင်း တာမွေမှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ တာမွေမြို့နယ်အတွင်းရှိ ရပ်ကွက်များအားလုံးတွင် ယင်းသို့ ငွေကြေး အဆမတန်တောင်းခံမှုများ လုပ်ဆောင်လာခြင်းဖြစ်ပြီး ပြည်သူများအပေါ် အနိုင်ကျင့် ဗိုလ်ကျ ငွေခြိမ်းခြောက်တောင်းယူမှုများဖြစ်ပွားနေကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး များအဖြစ် တာဝန်ယူကြသူများမှာလည်း အဆိုပါငွေကြေးများဖြင့် လခပုံစံမျိုး ခွဲဝေ ရယူနေကြကြောင်း သိရှိရသည်။ "တာမွေကျောက်မြောင်း‌ရပ်ကွက်ပေါင်းစုံမှာပါ။ ဧည့်စာရင်းတိုင်ခအသစ် ဆိုရင် ငွေကျပ် ၅၀၀၀ ပေးရတယ်။ အဟောင်းဆိုရင် ၁၀၀၀ ကျပ်။ ရပ်ကွက် ထောက်ခံစာတစ်စောင် ၃၀၀၀ ပေးရတယ်။ အလှူငွေမဟုတ်ဘူးနော်၊ ပေါ်တင် တရား၀င်တောင်းတာ။  ခရီးသွား ထောက်ခံစာတစ်စောင်ကိုလည်း ၃၀၀၀ တောင်းတယ်။ ရတာကလည်း ငွေကို တစ်နေ့ သိန်းဆယ်ဂဏန်းချီရတာ။ အဲဒီတော့ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေခွဲဝေ ယူပြီး အူစိုနေကြတာ" ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။ ထိုသို့ ငွေကြေးများ အဆမတန်ကောက်ခံမှုများအတွက် မြို့နယ်၊ ခရိုင်နှင့် တိုင်းအဆင့် အထိ တိုင်ကြားသော်လည်း အရေးယူမရှိသည့်အပြင်  ရပ်ကွက်ရုံးများက ငွေကြေးများကို စိတ်မထင်လျှင် မထင်သလို ခြိမ်းခြောက်တောင်းယူမှုများပင်ရှိလာကြောင်း သိရှိရသည်။ အလားတူ ၊ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့ နယ် ဂုံမင်းဆိပ်ကျေးရွာအုပ်စုတွင် စစ်မှုမထမ်းလိုလျှင် တစ်အိမ် ငွေကျပ် ၂ သောင်းပေးရမည်ဟုဆိုကာ အုပ်ချုပ်ရေးမှူး မောင်ဝင်းက တောင်းခံနေကြောင်း၊ အဆိုပါကျေးရွာတွင် အိမ်ခြေ ၆၀၀ ရှိပြီး ကျေးရွာအတွင်းရှိ နေအိမ်များထံမှ ငွေကြေးများအတင်းအကျပ် ခြိမ်းခြောက်တောင်းခံနေကြောင်း သိရှိရသည်။ " ရွာကလူတွေ စစ်မှုမထမ်းချင်ရင် စစ်မှုထမ်း ၂ ယောက် ငှားဖို့ ဆိုပြီး အိမ်ခြေ ၆၀၀ ကို တစ် အိမ် ၂ သောင်း ကျပ် တောင်းတယ်။ ပထမ တစ်ကြိမ်တုန်းကလည်း တစ်အိမ် ၁၅၀၀၀ နှုန်း ကောက်တယ်။ လစဉ်လိုလို ကောက်နေတာ။  ပြည်သူတွေမှာ စားဝတ်နေရေး ကျပ်တည်းနေတာကို သူတို့တောင်းတာကို ချေးငှားပေးနေရတယ်။  ငွေအတင်း အကျပ် ကောက်နေတာက အုပ်ကြီး မောင်ဝင်း နှင့် အောင်ဇံ ၊ အောင်မြိုင်၊အောင်ခင်၊ မောင်တာ၊ နိုင်ဝင်း၊ သန်းထွဋ်တို့က တောင်းနေတာ" ဟု  ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ အကြမ်းဖက်စစ်ကောင်စီက ရပ်ကွက်နှင့်ကျေးရွာအဆင့် အုပ်ချုပ်ရေးအဖွဲ့များက​ ငွေ ကြေးခြိမ်းခြောက်တောင်းယူမှုများ၊ တရားမဝင် ငွေညှစ်မှုများကို မည်သို့မျှ အရေးယူခြင်းမရှိဘဲ လုပ်ပိုင်ခွင့်ပေးထားကြောင်း သိရှိရသည်။
Hammasini ko'rsatish...
👍 2
ဖားကန့်၊ ဆိုင်းတောင်တွင် တိုက်ပွဲဖြစ်စဉ် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ကျရောက်၍  လုံးခင်းကျေးရွာရှိ နေအိမ်မီးလောင် (ရုပ်/သံ) ရန်ကုန်၊ ဇွန် ၂၆ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအနီးတွင် စစ်တပ်နှင့် KIA တပ်များ အကြား တိုက်ပွဲဖြစ်စဉ် စစ်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည်  လုံးခင်းကျေးရွာရှိ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲ မီးလောင်သွားကြောင်း KIA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၂၅ ရက်နေ့ နံနက် ၃ နာရီအချိန် ကချင်ပြည်နယ်၊ ဖားကန့်မြို့ နယ်၊ ဆိုင်းတောင် ရွာ၊ ဆိုင်းတောင်တံတား အနီးတွင် ဖားကန့်ဘက်မှ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဆိုင်းတောင်တံတားတွင်လုံခြုံရေးယူထားသော KIA ၊ KPDF တို့  နှစ်ဖက် အပြန်အလှန်လက်နက်ကြီး လက်နက် ငယ်များဖြင့် ပစ်ခတ်ကာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ကြောင်း၊ တိုက်ပွဲဖြစ်စဉ် စစ်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် လုံးခင်းကျေးရွာရှိ နေအိမ်ပေါ်သို့  ကျရောက် မီးလောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။ " လုံးခင်းကျေးရွာ၊ ရပ်ကွက် ၄ မှာရှိတဲ့ နေအိမ်ပေါ်ကို လက်နက်ကြီးကျည်ပြီး မီးလောင်တယ်။ ဆိုင်းတောင်မှာ တိုက်ပွဲဖြစ်တာ။ နေအိမ်ကတော့ မီးလောင်တော့ အကုန်ပါသွားတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ ထို့ပြင် ယမန်နေ့ နံနက် ၁၁နာရီ ခန့်အချိန် ဖားကန့်ဘက်မှ ဆိုင်းတောင်ရွာဘက်သို့ ခြေလျင် စစ်ကြောင်း ထိုးလာသော အင်အား ၁၀၀ ကျော်ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို  ဆိုင်းအောင် ရပ်ကွက်အနီး  KIA ၊ KPDF တပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊  စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း လက်နက်ကြီး ၁၀ ချက်ကျော်ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ စစ်တပ် စစ်ကြောင်းက ယမန်နေ့  ညနေ ၄ နာရီခန့်အချိန် ဆိုင်းအောင်ရပ်ကွက်မှ တဆင့် မှော်ရှန် နှီးဘုရား ရပ်ကွက်သစ်သို့ ပြန်လည်ဝင်ရောက်သွားကြောင်း၊ ထို့ကြောင့်  PDF တပ်ဖွဲ့ဝင်များက နှီးဘုရား ရပ်ကွက်သစ်မှ ပြည်သူများကို နာရီဝက်အတွင်း အမြန်ပြောင်းရွှေ့ခိုင်းခဲ့ကြောင်း၊ ယမန်နေ့ ည ၇ နာရီ ခွဲ အချိန် မှ စတင်ကာ လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ် ခဲ့ကြကြောင်း သိရှိသည်။
Hammasini ko'rsatish...
00:47
Video unavailableShow in Telegram
bome.mp433.51 MB
စစ်ကောင်စီက သိန်း ၂၀၀ အထက် ငွေသားထုတ်ယူခွင့် ကန့်သတ်လိုက်ပြီး  ပြည်သူများကို ဒီဂျစ်တယ်ငွေကြေးစနစ် အတင်းအကျပ် အသုံးပြုခိုင်းနေ ရန်ကုန်၊ ဇွန် ၂၆ အကြမ်းဖက်စစ်ကောင်စီက ပုဂ္ဂလိကဗဟိုဘဏ်များမှ ငွေကျပ် သိန်း ၂၀၀ အထက် ငွေသားထုတ်ယူခွင့်ကို ကန့်သတ်လိုက်ပြီး  ပြည်သူများကို ဒီဂျစ်တယ် ငွေကြေးစနစ် အတင်းအကျပ် အသုံးပြုခိုင်းနေကြောင်း ပုဂ္ဂလိကဘဏ်အသိုင်းအ၀ိုင်းက ပြောဆိုသည်။ "ဘဏ်မှာ သိန်း ၂၀၀ အထက် ငွေလာထုတ်တယ်ဆိုရင် သိန်း ၂၀၀ အထိတော့ ငွေသား ထုတ်ပေးတယ်။ သိန်း ၂၀၀ ကျော်တဲ့ ကျန်ငွေကြေးကို ငွေလွှဲမယ်ဆိုရင် လွှဲမယ့်ဘဏ်အကောင့်ထဲ ထည့်ပေးတယ်။ သို့မဟုတ်ရင် ဒီဂျစ်တယ်ငွေကြေးအဖြစ်  Pay Account သို့မဟုတ် မိုဘိုင်းလ် Banking ထဲကို ထည့်ပြီး သုံးဖို့ ညွှန်ကြားတယ်။ တချို့ဘဏ်တွေတော့ စလုပ်နေကြပြီ။ နောက်အားလုံး မဖြစ်မနေ လုပ်ရမယ့် အခြေအနေ  ဖြစ်သွားပြီ" ဟု ပုဂ္ဂလိကဘဏ်တစ်ခုမှ လက်ထောက် မန်နေဂျာတစ်ဦးက ပြောဆိုသည်။ စစ်ကောင်စီဗဟိုဘဏ်က  ပုဂ္ဂလိကဘဏ်များသို့ ငွေသားအသုံးပြုမှု လျှော့ချပြီး ဒီဂျစ်တယ်ငွေကြေး စနစ်နှင့် ငွေပေးချေမှုများကို မဖြစ်မနေ ပြောင်းလဲသွားရန် ညွှန်ကြားလာပြီး ပြည်သူများကိုလည်း ယင်းဒီဂျစ်တယ်ငွေကြေးစနစ်နှင့် ငွေပေးချေမှုများ ဆွဲဆောင် အသုံးပြုရန် ညွှန်ကြားလာကြောင်း သိရှိရသည်။ စစ်ကောင်စီ၏ ဗဟိုဘဏ်က ဇွန်လ ၁၂ ရက်နေ့ မှစတင်ပြီး ပုဂ္ဂလိက ဘဏ်များနှင့် မိုဘိုင်းငွေရေး ကြေးရေး ဝန်ဆောင်မှု လုပ်ငန်းများအနေဖြင့် ဝန်ကြီးဌာနနှင့် အများပြည်သူများ ဒီဂျစ်တယ် ငွေပေးချေမှုများကို အသုံးပြုနိုင်ရေးအတွက် ပမာဏကြီးမားသော ငွေပေးချေမှုများအတွက် CBM-NET System RTGS စနစ်၊ ပမာဏသေးငယ်သော ပေးချေမှုများအတွက် CBM-System ACH စနစ် အသုံးပြုရန်၊ QR အသုံးပြုငွေပေးချေမှုများ၊ လက်ရှိ အကောင်အထည်ဖော်နေသည့် Digital Payment Switch နှင့်ချိတ်ဆက်ဆောင်ရွက်ရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီဗဟိုဘဏ်၏ ဒီဂျစ်တယ်ငွေပေးချေမှုဆိုင်ရာ သတ်မှတ်ချက်များတွင် လူပုဂ္ဂိုလ်အချင်းချင်း ငွေပေးချေခြင်းကို လုပ်ငန်းဆောင်ရွက်မှုကို တစ်ကြိမ်လျှင် ငွေကျပ် ၁၀ သိန်းဖြင့် တစ်ရက်လျှင် ငွေကျပ် သိန်း ၅၀ သတ်မှတ်ထားခြင်း၊ လူပုဂ္ဂိုလ်မှ ရောင်းချသူသို့ ငွေပေးချေခြင်း ဆောင်ရွက်ရာတွင် ရွှေဆိုင်များ၊ အီလက်ထရောနစ် အရောင်းဆိုင်များ၊ ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်များ၊ ကျန်းမာရေးစောင့်ရှောက်မှု စင်တာများအပါအဝင် အုပ်စုအတွက် လုပ် ငန်းဆောင်ရွက်မှု ပမာဏကို တစ်နေ့လျှင် အများဆုံး ကျပ်သိန်း ၁၀၀ သတ်မှတ်ထားသည်။ ထို့ပြင် မိုဘိုင်းငွေကြေးစာရင်းများ၏ အမြင့်ဆုံး လက်ကျန်ပမာဏကို ကျပ်သိန်း ၁၀၀ အထိသာထားရန်နှင့် ကျပ်သိန်း ၁၀၀ ကျော်ပါက ဘဏ်စာရင်းနှင့်ချိတ် ဆက်၍ နေ့စဉ် ဘဏ်စာရင်းသို့ ပြောင်းရွှေ့ရန်၊ ကျပ်သိန်း ၁၀၀ အထိ လူပုဂ္ဂိုလ်အချင်းချင်းငွေပေးချေခြင်းနှင့် အစိုးရငွေပေး ချေမှုများအတွက် Mobile Banking အသုံးပြုဆောင်ရွက်ခြင်းကို CBM-NET ACH Function ဖြင့် ချိတ်ဆက်ဆောင်ရွက်ရန် တို့ကို ညွှန်ကြားသည်။ ကျပ်သိန်း ၁၀၀ နှင့်အထက် ပေးချေမှုများအတွက် CBM-NET System B2B Function ဖြင့် ဆောင်ရွက်ရန်ရမည်ဖြစ်ပြီး ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများက CBM-NET ACH Functionကို ၂၄ နာရီအမြဲတမ်း အသုံးပြုနိုင်ရန်အတွက် Debit Cap (ACH Allocation) တွင် ငွေလုံလောက်စွာ ရွှေ့ပြောင်းထားရန် ညွှန်ကြားသည်။ စားသုံးသူ Wallet ကို အသုံးပြု၍ ကုန်သည်ကဲ့သို့ ရောင်းဝယ်မှုများ ဆောင်ရွက်ခြင်း ( လူပုဂ္ဂိုလ်ပေးချေမှုကို အသုံးပြု၍ ကုန်ပစ္စည်းဝယ်ယူခြင်း၊ ရောင်းချခြင်း) မပြုနိုင်စေရေးအတွက် စနစ်တကျ စိစစ်ဆောင်ရွက်ရန်၊ ပေးချေမှုများတွင် အကြောင်းအရာ ဖော်ပြရန်နှင့် လုပ်ငန်းဆောင်ရွက် အကြိမ်အရေအတွက်ကို ကန့်သတ်ဆောင်ရွက်ရန် ညွှန်ကြားထားသည်။
Hammasini ko'rsatish...
👍 2
Boshqa reja tanlang

Joriy rejangiz faqat 5 ta kanal uchun analitika imkoniyatini beradi. Ko'proq olish uchun, iltimos, boshqa reja tanlang.