cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

စစ်ခွေးသင်္ချိုင်း

မတရားမှုကိုမြေလှန်တော်လှန်ကြ

Show more
Advertising posts
61 128
Subscribers
+24524 hours
+2 4167 days
+7 94330 days

Data loading in progress...

Subscriber growth rate

Data loading in progress...

01:06
Video unavailableShow in Telegram
6.81 MB
144👍 99👏 15😁 11
Photo unavailableShow in Telegram
👍 86 35👏 8🔥 3🥰 1💩 1
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ဂုတ်တွင်း စခန်းကို ထပ်မံ တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး စစ်သားအလောင်းများနှင့် လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း TNLA က ပြောဆိုသည်။ ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် နောင်ချိုမြို့နယ် ၆၀၆ ဒုံးတပ်ရင်းမှ ဂုတ်ထိပ်/ဂုတ်တွင်းစခန်းကို ထွက်ပြေးသွားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို တအာင်းတပ်မတော်  TNLA + DPLA ပူးပေါင်းတပ်ဖွဲ့များက လိုက်လံတိုက်ခိုက်ခဲ့ပြီး ဂုတ်တွင်းစခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဂုတ်တွင်းစခန်းမှ အကြမ်းဖက် စစ်သား အလောင်းများနှင့် လက်နက် ၁၅ လက်၊ RPG-7 ၂ လက်၊ ငါးကြင်မီး ၁ လက်၊ ၆၀ မမ ၂ လက်တို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။ တိုက်ပွဲ ဖြစ်ပွားလျက်ရှိသော ဂုတ်ထိပ်/တွင်း စခန်းကို အကြမ်းဖက် စစ်တပ်က Jet Fighter ဖြင့် ၃ ကြိမ်၊ Mi35 ဖြင့် ၄ ကြိမ် ၊ Y12 ဖြင့် ဗုံး ၆၄ လုံး လာရောက် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ကျောက်မဲရှိ အကြမ်းဖက် စစ်တပ်၏ ၅၀၁ စခန်းကလည်း ဂုတ်ထိပ်ကို လက်နက်ကြီးဖြင့် ၂ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။  အလားတူ နောင်ချိုမြိုနယ် နောင်အောရွာ အနီးတဝိုက်တွင်လည်း တအာင်းတပ်မတော် TNLA နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် မိုးမိတ်မြို့အတွင်း အကြမ်းဖက် စစ်တပ်၏ စကခ-၂၁ ၊ ခလရ-၂၂၃ နှင့် တအာင်းတပ်မတော် TNLA + PLA + MOD PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း၊ မိုးကုတ်နှင့် မိုးမိတ် ကြားရှိ အကြမ်းဖက် စစ်တပ်၏ ၅ မိုင်တပ်စခန်းတွင်လည်း ၆၀ မမ  ၁ လက်၊ လက်နက် ၇ လက်၊ RPG-7 ၂ လက်နှင့် ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ အကြမ်းဖက် စစ်တပ်က နောင်ချိုမြို့နယ် အုမ္မတီးရွာနှင့် သဲခေါ်ရွာကိုလည်း Mi-35 ရဟတ်ယာဉ်ဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
Show all...
👍 127 26👏 1🫡 1
👍 90 25👏 1🫡 1
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား (၄) ဦးထပ်မံသေဆုံးပြီး စာသင်ကျောင်းနှင့် နေအိမ် (၁၀)  လုံးထိခိုက်ပျက်စီး လားရှိုး၊ ဇူလိုင် ၁၂ ရက် တအာင်းပြည်သတင်း တအာင်းပြည် တပ်မဟာ (၂)၊(၅)၊(၆) စစ်ဒေသတို့တွင် စစ်ကောင်စီတပ် ပစ်ခတ်ခဲ့သည့်လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား (၄)ဦးထပ်မံသေဆုံးပြီး စာသင်ကျောင်းနှင့် နေအိမ် (၁၀) လုံးထိခိုက်ပျက်စီးသွားခဲ့သည်။ ဖြစ်စဉ်တွင် ယနေ့ ဇူလိုင် ၁၂ ရက်နေ့ နံနက်ပိုင်းအချိန်တွင် လားရှိုမြို့ရပ်ကွက် (၈)ရှိ နေအိမ်တစ်လုံးပေါ်သို့ စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်(၁) လုံးမီးလောင်မှုဖြစ်ပွားခဲ့ရာ ရပ်ကွက် (၁၀) ထင်းရှုးမြိုင်အိမ်ယာအနီးတစ်ဝိုက်တွင်လည်း လက်နက်ကြီး (၅) လုံးထက်မနည်းကျရောက်ပေါက်ကွဲခဲ့သည်။ ယမန်နေ့တွင်လည်း လားရှိုးမြို့ရပ်ကွက် (၁) ၊ ရပ်ကွက် (၁၀)၊ ရပ်ကွက် (၈) တို့တွင်  လက်နက်ကြီးကျ ရောက် ပေါက်ကွဲမှုကြောင့် ထိုရပ်ကွက်နေအရပ်သား (၄) ဦး ​လက်နက်ကြီးစထိမှန်သေဆုံးခဲ့ရပြီး နေအိမ် (၁) လုံးမီးလောင်ပြာ ကျသွားခဲ့သည်။ အလားတူ ယနေ့ နံနက်အစောပိုင်း (၁း၀၀)နာရီအချိန်တွင်  ကိုးကန့်(MNDAA) ထိန်းချုပ်ထားသည့် သိန္နီမြို့တွင် စစ်ကောင်စီမှ လေကြောင်းနှင့် ဗုံး (၃)လုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမှတ်(၁) အထက်တန်းကျောင်း၊ ပညာရေးမှူးရုံး၊ မူလတန်းကျောင်းတစ်ကျောင်း ပျက်စီးခဲ့သည်။ ထို့အပြင် မိုးကုတ်မြို့အရှေ့ပိုင်း မင်းတံတားရပ်ကွက် နယ်မြေ (၁၀)တွင် လက်နက်ကြီးကျ ရောက်ပေါက်ကွဲမှုဖြစ်ပွားရာ လူထိမှုမရှိသော်လည်း မြို့မ ရပ်ကွက်တွင် နေအိမ် (၅) လုံး ထိခိုက်ပျက်စီးခဲ့သည်။ တိုက်ပွဲဖြစ်ပွားခဲ့သည့် (၁၈) ရက်တာကာလအတွင်း စစ်ကောင်စီမှ အရပ်သားများအားဦးတည်က လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၅၈) ဉီး သေဆုံးပြီး (၈၂) ဉီးထိခိုက်ဒဏ်ရာရရှိခဲ့ကာ အရပ်သားနေအိမ် (၁၀၀)နီးပါး ထိခိုက်ပျက်စီးခဲ့သည်။ #PSLF/TNLA #သတင်းနှင့်ပြန်ကြားရေးဌာန
Show all...
👍 123🤬 53🤣 8😁 3😢 3 2🥰 2🤮 1
😢 75👍 7👎 1😁 1🤬 1🤣 1
👍 134😁 24👏 5 2👎 1🤮 1
Photo unavailableShow in Telegram
🤣 143👍 34 4👏 3
Photo unavailableShow in Telegram
🤣 312👍 50😁 22 4🔥 2
👍 209😁 49 18👏 13🤣 2
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.