en
Feedback
CJ Platform

CJ Platform

Open in Telegram

We are freedom and voices. Website Link: https://cjplatform.com/

Show more
4 971
Subscribers
+424 hours
+27 days
-5430 days
Posts Archive
စစ်ကိုင်းမြို့က လဝကရုံးမှာ ပေါက်ကွဲမှုဖြစ်ပွားပြီး လူထိခိုက်မှုတွေရှိနေ CJ Platform စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့က မြို့နယ်
စစ်ကိုင်းမြို့က လဝကရုံးမှာ ပေါက်ကွဲမှုဖြစ်ပွားပြီး လူထိခိုက်မှုတွေရှိနေ CJ Platform စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့က မြို့နယ်လဝကရုံးမှာ ဒီကနေ့ ဇွန်လ ၅ ရက်နေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူထိခိုက်မှုတွေရှိနေတယ်လို့ စစ်ကိုင်းမြို့ခံတွေဆီက သိရပါတယ်။ Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/562026-4/

အယ်လ်နီညိုအန္တရာယ်နဲ့ မြန်မာ့မိုးလေဝသအလားအလာအပေါ် စိန်ခေါ်မှု CJ Platform ၂၀၂၆ ခုနှစ်၊ မေလကုန်ပိုင်းကစပြီး ကမ္ဘာ့ရာသီဥတုဖြစ်စ
အယ်လ်နီညိုအန္တရာယ်နဲ့ မြန်မာ့မိုးလေဝသအလားအလာအပေါ် စိန်ခေါ်မှု CJ Platform ၂၀၂၆ ခုနှစ်၊ မေလကုန်ပိုင်းကစပြီး ကမ္ဘာ့ရာသီဥတုဖြစ်စဉ်တွေထဲက အရေးပါဆုံးဖြစ်တဲ့ ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ရေထုနဲ့ လေထုလှုပ်ရှားမှု (ENSO) စနစ်ဟာ အလှည့်အပြောင်းတစ်ခုဆီ ဦးတည်ပြောင်းလဲနေပြီ ဖြစ်ပါတယ်။ အမေရိကန်အမျိုးသား သမုဒ္ဒရာနှင့် လေထုဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ (NOAA) ရဲ့ ရာသီဥတုခန့်မှန်းရေးစင်တာ ထုတ်ပြန်ချက်အရ "အယ်လ်နီညို" (El Niño) ဖြစ်စဉ်ဟာ အလွန်လျင်မြန်စွာ ကူးပြောင်းအားကောင်းလာနေပြီး လက်ရှိမှာ "El Niño Watch" (အယ်လ်နီညိုစောင့်ကြည့်ရမည့်အခြေအနေ) အဖြစ် စတင်သတ်မှတ်ထားပါတယ်။ Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/562026-3/

မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအနီးမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေ CJ Platform ဒီကနေ့ ဇွန်လ ၅ ရက် သောကြာနေ့အတွက် ဒေသတွင်း ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းစနစ်တွေနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသ အခြေအနေတွေကို ပြောပြသွားပါတော့မယ်။အရင်ဦးဆုံး ထိုင်းမိုးလေဝသဌာန (TMD) ရဲ့ နောက်ဆုံး ရရှိတဲ့ အချက်အလက်တွေအရ... မြန်မာနိုင်ငံ အလယ်ပိုင်း "မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်း (အောက်ပိုင်း)" ဝန်းကျင်မှာ လေဖိအားနည်းဆဲလ်တစ်ခု ဖြစ်ပေါ်နေတာကို တွေ့ရပါတယ်။ ဒါ့အပြင် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်အနီး၊ အိန္ဒိယဗဟိုပိုင်းတို့နဲ့ လာအို၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံ မြောက်ပိုင်းတို့မှာလည်း လေဖိအားနည်းဆဲလ်တွေ ဖြစ်ပေါ်နေတာကို တွေ့ရပါတယ်။ #CJPlatform #မိုးလေဝသခန့်မှန်းချက် #မုတ်သုံလေ #ရေကြီးမြေပြိုသတိပေးချက် #ပင်လယ်ပြင်သတိပေးချက် #CJPlatformWeatherTeam #သတင်း Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/sNTgnjaWhUM

ကချင်နဲ့ စစ်ကိုင်းအတွင်း ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရရှိရေး စစ်အုပ်စုနှင့် SNA တို့ တွေ့ဆုံဆွေးနွေး CJ Platform ကချင်
ကချင်နဲ့ စစ်ကိုင်းအတွင်း ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရရှိရေး စစ်အုပ်စုနှင့် SNA တို့ တွေ့ဆုံဆွေးနွေး CJ Platform ကချင်ပြည်နဲ့ စစ်ကိုင်းတိုင်းအတွင်း ရှမ်းနီ (တိုင်းလျန်၊ တိုင်းလိုင်) တိုင်းရင်းသားတွေ နေထိုင်တဲ့ နယ်မြေတွေကို ဥပဒေနဲ့အညီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိဖို့ ရှမ်းနီအမျိုးသားများညီညွတ်ရေးအဖွဲ့ (SNA) နဲ့ စစ်အုပ်စုတို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ စစ်အုပ်စုရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/562026-2/

မုတ်သုံလွှမ်းခြုံပြီ CJ Platform ဒီကနေ့ ဇွန်လ ၅ ရက်၊ သောကြာနေ့အတွက် မိုးလေဝသ ခန့်မှန်းချက်တွေကို ပြောပြသွားပါတော့မယ်။အရင်ဦးဆု
မုတ်သုံလွှမ်းခြုံပြီ CJ Platform ဒီကနေ့ ဇွန်လ ၅ ရက်၊ သောကြာနေ့အတွက် မိုးလေဝသ ခန့်မှန်းချက်တွေကို ပြောပြသွားပါတော့မယ်။အရင်ဦးဆုံး နိုင်ငံတစ်ဝန်းလုံးကို အလုံးစုံ ဝင်ရောက်သွားပြီဖြစ်တဲ့ "အနောက်တောင် မုတ်သုံလေ အခြေအနေ" ကို ရှင်းလင်း ပြောပြပေးချင်ပါတယ်။ အနောက်တောင် မုတ်သုံလေဟာ ဒီနေ့ ဇွန်လ ၄ ရက်နေ့မှာ နိုင်ငံတစ်ဝန်းလုံးကို ဝင်ရောက်ခဲ့ပြီ ဖြစ်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။ ထိုင်းမိုးလေဝသဌာန (TMD) ရဲ့ မြေပြင်မိုးလေဝသပြမြေပုံ အချက်အလက်တွေအရ... ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းနဲ့ အလယ်ပိုင်းတို့မှာ အနောက်တောင် မုတ်သုံလေဟာ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံဘက်ကို အားကောင်းစွာနဲ့ ဆက်လက် ဝင်ရောက်နေဆဲ ဖြစ်ပါတယ်။ #CJPlatform #မိုးလေဝသ #WeatherUpdate #Monsoon #မုတ်သုံလေ #မိုးသက်လေပြင်း #ရေကြီးရေလျှံ #မြစ်ရေအခြေအနေ #AudienceQandA Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/-FofhdQmsUc

မြောက်ဥက္ကလာပဆေးရုံကြီးက မသာပွဲစားများကို အရေးယူမည်ဟု ဆေးရုံဘက်က ထုတ်ပြန် CJ Platform လူတွေ ပူဆွေးသောကရောက်နေချိန်မှာ အလောင်း
မြောက်ဥက္ကလာပဆေးရုံကြီးက မသာပွဲစားများကို အရေးယူမည်ဟု ဆေးရုံဘက်က ထုတ်ပြန် CJ Platform လူတွေ ပူဆွေးသောကရောက်နေချိန်မှာ အလောင်းထုတ်ဖို့အတွက် နည်းမျိုးစုံနဲ့ ငွေကြေးအဆမတန် တောင်းခံနေတဲ့ မြောက်ဥက္ကလာပဆေးရုံကြီး ရင်ခွဲရုံက ဝန်ထမ်းတွေနဲ့ မသာပွဲစားတွေကို အရေးယူသွားမယ်လို့ ဇွန် ၃ ရက်နေ့က ပရဟိတအသင်းအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးမှုအပြီးမှာ ဆေးရုံဘက်က ထုတ်ပြန်ပါတယ်။ Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/462026/

Lida စက်ရုံမှာ အလုပ်သမားတွေကို ဆဲဆိုသူကို အရေးယူပေးဖို့ စုပေါင်းတောင်းဆို CJ Platform ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်ရှ
Lida စက်ရုံမှာ အလုပ်သမားတွေကို ဆဲဆိုသူကို အရေးယူပေးဖို့ စုပေါင်းတောင်းဆို CJ Platform ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်ရှိ Lida အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေကို ဆဲရေးတိုင်းထွာခဲ့တဲ့ All Super ကို အရေးယူပေးဖို့ အလုပ်သမားတွေ စုပေါင်းတောင်းဆိုနေပေမဲ့ ပြေလည်မှုမရသေးဘူးလို့ အလုပ်သမားတွေကို ကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ထံက သိရပါတယ်။ Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/462026-5/

နယ်လုံဝန်ကြီးရဲ့ တူကို ဖမ်းဆီးပြီး စစ်သင်တန်းကျောင်း ပို့ဆောင်ခဲ့တဲ့ တပ်ရင်းမှူး စစ်ဆေးခံနေရ CJ Platform စစ်အုပ်စုရဲ့ ဧရာဝတီတ
နယ်လုံဝန်ကြီးရဲ့ တူကို ဖမ်းဆီးပြီး စစ်သင်တန်းကျောင်း ပို့ဆောင်ခဲ့တဲ့ တပ်ရင်းမှူး စစ်ဆေးခံနေရ CJ Platform စစ်အုပ်စုရဲ့ ဧရာဝတီတိုင်း နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိုးမင်းဦးရဲ့ တူဖြစ်သူကို ဖမ်းဆီးပြီး စစ်သင်တန်းကျောင်း ပို့ဆောင်ခဲ့တဲ့ ထန်းတပင်မြို့နယ် အခြေစိုက် အမှတ် (၂၀၅) စစ်မှုထမ်းဟောင်း တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စိုးမိုးအောင် စစ်ဆေးခံနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/462026-4/

photo content

ကျိုက်ထိုမှာ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံး CJ Platform မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ ကော့စံနိုင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း "ရွှေချိုးဖြူ" လက်ဖက်ရည်ဆိုင်မှာ ဒီနေ့ ဇွန် ၄ ရက် နံနက် ၆ နာရီက ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လက်ဖက်ရည်ဆိုင်ပိုင်ရှင် သေဆုံးသွားခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ဒီကနေ့ မနက် ၆ နာရီက ရွှေချိုးဖြူ လက်ဖက်ရည်ဆိုင်မှာ ဆိုင်ရှင်ဖြစ်သူ ဦးကျော်စွာ အလုပ်လုပ်နေချိန် အမည်မသိ အမျိုးသားနှစ်ဦးက သေနတ်နဲ့ ဝင်ရောက် ပစ်ခတ်ခဲ့ရာမှ ဦးကျော်စွာဟာ အခင်းဖြစ်ပွားရာ နေရာမှာပဲ သေဆုံးသွားတာ ဖြစ်တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ "ရွှေချိုးဖြူဆိုင်ပိုင်ရှင်ကို မနက်က လက်ဖက်ရည်ဆိုင်ထဲမှာ သေနတ်နဲ့ ဝင်ပစ်သွားတယ်။ အခင်းဖြစ်တဲ့ နေရာမှာတင် သေသွားတယ်။ ဘာကြောင့် ပစ်လဲတော့ မသိဘူး။ ရဲတွေရော စစ်တပ်ရော ကော့စံနိုင်မှာ စစ်နေတယ်" လို့ ပြောပါတယ်။ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် သေဆုံးသူကို လူမှုကူညီရေးအဖွဲ့တွေက ကျိုက်ထိုမြို့နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်အုပ်စုနဲ့ ရဲတပ်ဖွဲ့ဝင်များက ကျိုက်ထိုမြို့ အဝင်အထွက်နေရာများကို ပိတ်ဆို့ပြီး သေနတ်သမားများကို ရှာဖွေခဲ့သော်လည်း ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း မြို့ခံများက ပြောဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ မတ် ၂၃ ရက်၊ ညနေ ၅ နာရီကလည်း ကျိုက်ထိုမြို့နယ်၊ ခမိတ်ကျေးရွာနဲ့ ကြာဖြူကျေးရွာကြား ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်မှာ စသုံးလုံး ဒုတိယစုံစမ်းရေးမှူး မင်းသူနဲ့ လက်ထောက် စုံစမ်းရေးမှူး မျိုးသန့်တို့ နှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ ဖြစ်စဉ် ရှိခဲ့ပါတယ်။ အလားတူပင် မတ် ၂၂ ရက် မနက်ကလည်း ကျိုက်ထိုမြို့၊ တောင်ပိုင်းရပ်ကွက်၊ သီတာလမ်းရှိ လက်ဖက်ရည်ဆိုင်မှာ ရာအိမ်မှူး ဦးအုန်းမြင့် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ ဖြစ်စဉ်များလည်း ရှိခဲ့ဖူးပါတယ်။ ဓာတ်ပုံ - လူမှုကွန်ရက် #CJPlatform #ကျိုက်ထို #ပစ်ခတ်မှု #သေဆုံးမှု #လက်ဖက်ရည်ဆိုင်ပိုင်ရှင်

စစ်ကိုင်းတိုင်းအတွင်းက နယ်မြေ ၇၀ ရာခိုင်နှုန်းခန့်အထိ စစ်အုပ်စု အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင် CJ Platform စစ်ကိုင်းတိုင်းအ
စစ်ကိုင်းတိုင်းအတွင်းက နယ်မြေ ၇၀ ရာခိုင်နှုန်းခန့်အထိ စစ်အုပ်စု အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင် CJ Platform စစ်ကိုင်းတိုင်းအတွင်းက ရပ်ကွက်၊ ကျေးရွာ ၂,၀၃၀ ကျော်ရှိရာမှာ စစ်အုပ်စုခန့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ခန့်အပ်နိုင်မှု ၃၀ ရာခိုင်နှုန်းခန့်သာ ရှိတယ်လို့ CJ Platform က လက်ခံရရှိထားတဲ့ စစ်အုပ်စုရဲ့ ကန့်သတ်ပေါက်ကြားစာတွေအရ သိရပါတယ်။ Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/462026-3/

CDF Hualngoram တပ်ဖွဲ့က စစ်မှုထမ်းခေါ်ရာမှာ ငွေကောက်ခံနေလို့ ဒေသခံတွေ အခက်တွေ့ CJ Platform ချင်းပြည် မြောက်ပိုင်း၊ ဟွာလ်းငိုး
CDF Hualngoram တပ်ဖွဲ့က စစ်မှုထမ်းခေါ်ရာမှာ ငွေကောက်ခံနေလို့ ဒေသခံတွေ အခက်တွေ့ CJ Platform ချင်းပြည် မြောက်ပိုင်း၊ ဟွာလ်းငိုးရမ်ဒေသအတွင်းမှာရှိတဲ့ ဒေသခံပြည်သူတွေကို CDF Hualngoram တပ်ဖွဲ့က အတင်းအဓမ္မ စစ်မှုထမ်းမလုပ်လိုလျှင် တစ်လကို တစ်အိမ်ထောင်လျှင် ငွေကျပ် ၄၀,၀၀၀ နှုန်း ကောက်ခံနေတာကြောင့် ဒေသခံတွေ အခက်အခဲနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/4620206-2/

မကွေးတိုင်းအတွင်း တစ်လနီးပါးကာလအတွင်း တိုက်ပွဲပေါင်း ၄၀ ကျော် ဖြစ်ပွားပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးကာ အရာရှိများ
+4
မကွေးတိုင်းအတွင်း တစ်လနီးပါးကာလအတွင်း တိုက်ပွဲပေါင်း ၄၀ ကျော် ဖြစ်ပွားပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးကာ အရာရှိများ အပါအဝင် ၁၈ ဦး ဖမ်းဆီးရမိ CJ Platform မကွေးတိုင်း စစ်ဌာနကွပ်ကဲမှုအောက်ရှိ စစ်ဆင်ရေး နယ်မြေအသီးသီးမှာ မေလနှင့် ဇွန်လ ပထမအပတ်အတွင်း စစ်အုပ်စုနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေအကြား တိုက်ပွဲကြီးငယ်ပေါင်း ၄၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်အုပ်စု တပ်သား ၃၁ ဦး သေဆုံးကာ ၅၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ မကွေးတိုင်း စစ်ဌာနက ဒီကနေ့ ဇွန်လ ၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။ Website တွင် ဆက်လက်ဖတ်ရှုရန် >>> https://cjplatform.com/462026-2/

ဒေသ (၅)ခုမှာ မိုးပိုလာတော့မယ် CJ Platform ဒီကနေ့ ဇွန်လ ၄ ရက် ကြာသပတေးနေ့အတွက် နိုင်ငံတစ်ဝန်း ဖြစ်ပေါ်လာမယ့် မိုးလေဝသ ခန့်မှန်
ဒေသ (၅)ခုမှာ မိုးပိုလာတော့မယ် CJ Platform ဒီကနေ့ ဇွန်လ ၄ ရက် ကြာသပတေးနေ့အတွက် နိုင်ငံတစ်ဝန်း ဖြစ်ပေါ်လာမယ့် မိုးလေဝသ ခန့်မှန်းချက်တွေကို ပြောပြသွားပါတော့မယ်။အရင်ဦးဆုံး ထိုင်းမိုးလေဝသဌာန (TMD) ရဲ့ လက်ရှိ မြေပြင်ပြမြေပုံနဲ့ AI အခြေပြု AIFS-ENS မော်ဒယ်ရဲ့ ဇွန်လ ၅ ရက်နေ့အထိ လေထုနဲ့ မြေပြင် အခြေအနေပြ မြေပုံများအရ... ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနဲ့ တောင်ပိုင်းတို့မှာ "အနောက်တောင် မုတ်သုံလေပြင်း အရှိန်အဟုန်ဟာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာနေတာကို" တွေ့ရပါတယ်။ အိန္ဒိယမိုးလေဝသဌာန (IMD) ရဲ့ ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနဲ့ အနီးတစ်ဝိုက်မှာ အထက်လေပွေလှိုင်း (UACC) တစ်ခု အားကောင်းစွာ ဖြစ်ပေါ်နေပြီး... ဒါဟာ ကပ္ပလီပင်လယ်ပြင်နဲ့ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက် မိုးတိမ်တိုက်ကြီးတွေကို အားကောင်းကောင်းနဲ့ တွန်းပို့ပေးနိုင်မယ့် အခြေအနေတစ်ခု ဖြစ်ပါတယ်။ #CJPlatform #မိုးလေဝသ #WeatherUpdate #Monsoon #မုတ်သုံလေ #မိုးသက်လေပြင်း #ပင်လယ်ပြင်သတိပေးချက် Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/OoeN-rbfbrk

မနက်ဖြန် ဇွန် (၄) ရက် ကြာသပတေးနေ့အတွက် မိုးလေဝသခန့်မှန်းချက် မန်း၊မကွေးနဲ့စစ်ကိုင်းအတွက် မုတ်သုံလာပြီ CJ Platform ဒီကနေ့ ဇွန်
မနက်ဖြန် ဇွန် (၄) ရက် ကြာသပတေးနေ့အတွက် မိုးလေဝသခန့်မှန်းချက် မန်း၊မကွေးနဲ့စစ်ကိုင်းအတွက် မုတ်သုံလာပြီ CJ Platform ဒီကနေ့ ဇွန်လ ၄ ရက်၊ ကြာသပတေးနေ့အတွက် မိုးလေဝသ ခန့်မှန်းချက်တွေကို ပြောပြသွားပါတော့မယ်။အရင်ဦးဆုံး အိန္ဒိယမိုးလေဝသဌာန (IMD) ရဲ့ မုတ်သုံ ဝင်ရောက်မှု အခြေအနေပြ မြေပုံအရ "အနောက်တောင် မုတ်သုံလေ ဝင်ရောက်လာမည့် အခြေအနေ" ကို ရှင်းလင်း ပြောပြပေးချင်ပါတယ်။ ဇွန်လ ၂ ရက်ကနေ ၃ ရက်အတွင်း အနောက်တောင် မုတ်သုံလေဟာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း၊ အလယ်ပိုင်း ဒေသတွေအထိ သိသိသာသာ တိုးတက်လာနေပြီ ဖြစ်ပါတယ်။ #CJPlatform #မိုးလေဝသ #WeatherUpdate #Monsoon #မုတ်သုံလေ #မြစ်ရေအခြေအနေ #AudienceQandA Youtube တွင် ဆက်လက်ကြည့်ရှုရန် >>>https://youtu.be/dfXhKdh1xx4

တပ်ဂုဏ်သိက္ခာ ညှိနွမ်းစေမည့် လိင်မှုကိစ္စတွေ ပြင်ပသို့ မရောက်အောင် ထိန်းသိမ်းဖို့ စစ်တပ်က ညွှန်ကြား CJ Platform အစဉ်အလာကောင်း
တပ်ဂုဏ်သိက္ခာ ညှိနွမ်းစေမည့် လိင်မှုကိစ္စတွေ ပြင်ပသို့ မရောက်အောင် ထိန်းသိမ်းဖို့ စစ်တပ်က ညွှန်ကြား CJ Platform အစဉ်အလာကောင်းပြီး ဂုဏ်သိက္ခာရှိတဲ့ တပ်မတော် ဖြစ်သည့်အတွက် တပ်တွင်း ဖြစ်ပေါ်နေသည့် လိင်မှုကိစ္စများကို လူမှုကွန်ရက်နဲ့ ပြင်ပကို မပေါက်ကြားစေရန် ထိန်းသိမ်းဖို့ ဇွန် ၁ ရက်က စစ်အုပ်စု လက်အောက်ခံ ကာကွယ်ရေး ဝန်ကြီးဌာနက တပ်ရင်းတွေကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။ Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/362026-5/

ရေနံချောင်းက အသက် ၄၇ နှစ် အမျိုးသားတစ်ဦးကို စစ်တပ်က လဝကနဲ့ ပေါင်းကာ အသက်ပြင်ပြီး စစ်သင်တန်းကျောင်း ပို့ CJ Platform မိသားစု စ
ရေနံချောင်းက အသက် ၄၇ နှစ် အမျိုးသားတစ်ဦးကို စစ်တပ်က လဝကနဲ့ ပေါင်းကာ အသက်ပြင်ပြီး စစ်သင်တန်းကျောင်း ပို့ CJ Platform မိသားစု စားဝတ်နေရေးအတွက် မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်ကနေ ရန်ကုန်မှာ ဆိုက်ကား လာနင်းတဲ့ အသက် ၄၇ နှစ်အရွယ် အမျိုးသား တစ်ဦးကို စစ်တပ်က လဝကနဲ့ ပူးပေါင်းကာ မှတ်ပုံတင်မှာ အသက် ၃၅ နှစ် ပြင်ဆင်ပေးပြီး စစ်မှုထမ်း အပတ်စဉ် ၂၅ ပို့လိုက်လို့ မိသားစုဝင်တွေ အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။ Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/362026-4/

NSPNC ရုံးဆောက်ဖို့အတွက် နေပြည်တော်မှာ သစ်ကားတွေ ဆက်တိုက်ဖမ်းဆီးနေ CJ Platform အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေ
NSPNC ရုံးဆောက်ဖို့အတွက် နေပြည်တော်မှာ သစ်ကားတွေ ဆက်တိုက်ဖမ်းဆီးနေ CJ Platform အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန (NSPNC) ရုံး တည်ဆောက်ဖို့ သစ်လိုအပ်နေတာကြောင့် နေပြည်တော် ၈ မြို့နယ်အတွင်းမှာ သစ်ကားတွေကို စစ်အုပ်စုက ဆက်တိုက် ဖမ်းဆီးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/362026-3/

စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းမှာ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ၁၄၀ ခန့် သေဆုံး CJ Platform စစ်တပ် အာဏာသိမ်းပြီးနောက်
စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းမှာ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ၁၄၀ ခန့် သေဆုံး CJ Platform စစ်တပ် အာဏာသိမ်းပြီးနောက် ၅ နှစ်ကျော်အတွင်းမှာ စစ်ကိုင်းတိုင်းအတွင်းက စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ၁၄၀ ဦး ခန့် သေဆုံးခဲ့တယ်လို့ CJ Platform က လက်ခံရရှိထားတဲ့ စစ်အုပ်စုရဲ့ ကန့်သတ်ပေါက်ကြားစာတွေအရ သိရပါတယ်။ ပေါက်ကြားစာတွေရဲ့ ဖော်ပြချက်အရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်အထိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး သေဆုံး ၁၃၉ ဦး၊ ဒဏ်ရာရရှိ ၄၀ ဦးနဲ့ ဖမ်းဆီးခံရသူ ၃၁ ဦး ရှိတယ်လို့ သိရပါတယ်။ Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/362026-2/

ဒီကနေ့ ဇွန် (၃) ရက် ဗုဒ္ဓဟူးနေ့အတွက် မိုးလေဝသခန့်မှန်းချက် ကမ်းရိုးတန်းကို မုတ်သုံလွှမ်းခြုံပြီ CJ Platform ဒီကနေ့ ဇွန်လ ၃ ရက်၊ ဗုဒ္ဓဟူးနေ့အတွက် ဒေသအသီးသီးက မိုးလေဝသအခြေအနေတွေကို ပြောပြသွားပါတော့မယ်။အရင်ဦးဆုံး ထိုင်းမိုးလေဝသဌာန (TMD) ရဲ့ နောက်ဆုံး ထွက်ရှိထားတဲ့ လေထုအခြေပြ မြေပုံအရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ လေထုဖိအား ကျဆင်းနေသလို၊ မြန်မာနိုင်ငံ အောက်ပိုင်းနဲ့ ကပ္ပလီပင်လယ်ပြင်မှာလည်း လေထုဖိအား ကျဆင်းနေတာကို တွေ့ရပါတယ်။ ဒီလို လေဖိအားစနစ် ကျဆင်းနေတာကြောင့် အနောက်တောင် မုတ်သုံလေကို မြောက်ဘက်သို့ အားကောင်းကောင်းနဲ့ ဆွဲတင်ဖို့ လမ်းပွင့်သွားသလို... ပစိဖိတ်သမုဒ္ဒရာဘက်က မုန်တိုင်းကလည်း ဆက်လက် ရွေ့လျားသွားလို့ မုန်တိုင်းစနစ်ကြောင့် မုတ်သုံလေ လျော့နည်းနေရာကနေ ပြန်လည် အားကောင်းဖို့ ဖြစ်လာပါပြီ။ #CJPlatform #မိုးလေဝသ #WeatherUpdate #Monsoon #မုတ်သုံလေ #မိုးသက်လေပြင်း #ပင်လယ်ပြင်သတိပေးချက် Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/BmBWPpnhxvg