Saw Ba Maung
Open in Telegram
8 863
Subscribers
-724 hours
-397 days
-21830 days
Posts Archive
8 862
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၄-၉-၂၀၂၆ မှ ၆-၉-၂၀၂၆ ထိ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ခဲ့မှုနှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းချက်များအပေါ် နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ၊ နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီး ဒေါက်တာ ခိုင်ခိုင်စိုး ၏ ဖြေကြားချက်
8 862
📢
➡️ တာဝန်ကျေ ပြည်သူ့စစ်မှုထမ်းများအတွက် အလုပ်ခေါ်စာ
+++++
နိုင်ငံတော်ကာကွယ်ရေးတာဝန်းကျေပွန်စွာထမ်းဆောင်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းတွေကို ပြည်တွင်း/ပြည်ပ ကုမ္ပဏီအများအပြားက အလုပ်ခေါ်စားများကမ်းလှမ်းလျက်ရှိကြောင်း သတင်းကောင်းများ ကြားသိရပါတယ်..
ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်ခဲ့ကြတဲ့ နိုင်ငံ့သားကောင်းများအနေဖြင့် စိတ်ဓာတ်ခံယူချက်ကောင်းမွန်ခြင်း၊ စစ်ပညာများတတ်မြောက်ခြင်း၊ ကိုယ်ခန္ဓာကြံ့ခိုင်မှုနှင့် ကျန်းမာရေးကောင်းမွန်သူများဖြစ်ခြင်းကြောင့် ပုဂ္ဂလိက ကုမ္ပဏီများအနေဖြင့် ၎င်းတို့လုပ်ငန်းများတွင် ပိုမိုခန့်အပ်လိုနေတာကြောင့် ပြည်သူ့စစ်မှုထမ်းတာဝန် သတ်မှတ်ကာလပြည့်ပြီး ပြန်လာသူများကို ဦးစားပေးအလုပ်ခေါ်ယူလျက်ရှိကြောင်း သက်ဆိုင်ရာမှ သတင်းများထုတ်ပြန်ထားရှိပါတယ်…
တာဝန်ကျေ ပြည်သူ့စစ်မှုထမ်းများအနေဖြင့် ဖော်ပြပါအလုပ်ခေါ်စာတွင် ဆက်သွယ်လျှောက်ထားနိုင်ပါသည်
(Thitsar Guardian Security Services ကုမ္ပဏီအနေဖြင့် ထူချွန်သူများကို နိုင်ငံခြားများသို့ စေလွှတ်မည်)
8 862
လူသားတို့၏ဘဝအဖော်မွန်ကောင်းတစ်ခုသည် စာကောင်းပေမွန်များပင်ဖြစ်ကြောင်း၊ စာကောင်းပေမွန်များ ဖတ်ရှုခြင်းဖြင့် ဘဝ၏ စဉ်းစားတွေးခေါ်မှုများ၊ ဘဝ၏ ဆုံးဖြတ်ချက်များ၊ ဘဝရပ်တည်မှုများသည် မြင့်မားသည်ထက် မြင့်မားလာမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပြောကြား
+++++
လူသားတို့၏ဘဝအဖော်မွန်ကောင်းတစ်ခုသည် စာကောင်းပေမွန်များပင်ဖြစ်ကြောင်း၊ ထို့ကြောင့် စာကောင်းပေမွန်များ ဖတ်ရှုခြင်းဖြင့် ဘဝ၏ စဉ်းစားတွေးခေါ်မှုများ၊ ဘဝ၏ ဆုံးဖြတ်ချက်များ၊ ဘဝရပ်တည်မှုများသည် မြင့်မားသည်ထက် မြင့်မားလာမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး က စက်တင်ဘာလ ၂ ရက်တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်သည့် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲတို့၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ စစ်သည်များ၊ စစ်မှုထမ်းဆဲ၊ စစ်မှုထမ်းဟောင်း မိသားစုဝင်သားသမီးများ၊ စစ်သည်အစားခန့်အရပ်သားဝန်ထမ်းများ၏ သားသမီးများ၊ အခြေခံပညာလူရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
8 862
+4
လူသားတို့၏ဘဝအဖော်မွန်ကောင်းတစ်ခုသည် စာကောင်းပေမွန်များပင်ဖြစ်ကြောင်း၊ စာကောင်းပေမွန်များ ဖတ်ရှုခြင်းဖြင့် ဘဝ၏ စဉ်းစားတွေးခေါ်မှုများ၊ ဘဝ၏ ဆုံးဖြတ်ချက်များ၊ ဘဝရပ်တည်မှုများသည် မြင့်မားသည်ထက် မြင့်မားလာမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပြောကြား
8 862
နိုင်ငံ့သားကောင်း တာဝန်ကျေပြည်သူ့စစ်မှုထမ်းများ အလုပ်အကိုင်ရရှိရေး အသိပေးထုတ်ပြန်ချက်
8 862
+8
MSME အပါအ၀င် ပြည်တွင်း၊ ပြည်ပ စီးပွားရေးအခွင့်အလမ်းတွေကို ချိတ်ဆက်ပြသနိုင်တဲ့ Myanmar Business Trade Show & Travel Expo ၂၀၂၆ ပြပွဲကို စက်တင်ဘာလ ၄ ရက်ကနေ ၆ ရက်အထိ ရန်ကုန်မြို့ရှိ Pan Pacific ဟိုတယ်မှာ နိုင်ငံတကာသံရုံးတွေနဲ့ စီးပွားရေးကိုယ်စားလှယ်အဖွဲ့တွေ၊ ပြည်တွင်းစီးပွားရေး အသင်းအဖွဲ့တွေနဲ့ MSME လုပ်ငန်းတွေ၊ ခရီးသွားနဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာကဏ္ဍက လုပ်ငန်းရှင်တွေ၊ ပို့ကုန်/သွင်းကုန်နဲ့ ဖြန့်ချိရေး ကုမ္ပဏီတွေ၊ ပြည်တွင်းနဲ့ နိုင်ငံတကာ Brand တွေ၊ ဖျော်ဖြေရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းတွေ ပါဝင်ပြသလျက်ရှိပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့တဲ့ မြင်ကွင်းပုံရိပ်တွေပဲဖြစ်ပါတယ်...
8 862
မင်္ဂလာ နံနက်ခင်းလေးပါ
🙏🌸🍀🙏🌸🍀🙏🌸🍀
🙏 မြတ်ဗုဒ္ဓ၏ မေတ္တာတရားတော်များကြောင့်
ဘေးအန္တရာယ် အမျိုးမျိုးမှ ကင်းဝေးပါစေ ...
🙏 {၇}ရက် သား သမီး
များနှင့်တကွ ကမ္ဘာမြေကြီးပေါ်တွင် မှီတင်း
နေထိုင်ကြသော ဝေနေယျသတ္တဝါ အားလုံး ...
🌸 ကျန်းမာပါစေ
🍀 ချမ်းသာပါစေ
🌸 လိုအင်ဆန္ဒများ ပြည့်ဝနိုင်ပါစေ
🍀 ဘေးအန္တရာယ် အမျိုးမျိုးမှ ကင်းဝေးနိုင်
ပါစေ ...
🌸🍀🌸🍀🌸🍀🌸🍀🌸🍀🌸🍀🌸🍀🌸🍀
8 862
+8
ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ နေပြည်တော်သို့ ပြန်လည်ရောက်ရှိ
8 862
ဟန်နွိုင်း ခရီးစဉ်က အောင်မြင်လား မေးရင် သိပ်ကိုအောင်မြင်တာပေါ့။
ဗီယမ်နမ်လို ဒေသတွင်း စီးပွားရေးမှာ တရိပ်ရိပ် ထိုးတက်နေတဲ့ နိုင်ငံ၊ အများစုက တပ်စီးပွားရေး နွယ်နေတဲ့ နိုင်ငံက မြန်မာနိုင်ငံ သမ္မတနဲ့ ဇနီးကို တရားဝင် ချစ်ကြည်ရေး ဖိတ်ပြလိုက်တာ ဘယ်အာဆီယံ နိုင်ငံမှ အသံ မထွက်လာကြဘူး။
မြန်မာကို တရားဝင်ကြောင်း အသိအမှတ်မပြုဖို့ဆိုပြီး ထိုင်းကို စာပို့ကန့်ကွက်တဲ့ ၅ယောက်တဖွဲ့ JFM တို့လည်း ဗီယမ်နမ်ကို ဘာသံမှမထွက်နိုင်ခဲ့ဘူး မလား။
ဗီယမ်နမ်ဘက်ကကြည့်ရင်လည်း အကျိုးအမြတ်မရှိနေဘဲ ကောဇောနီခင်းပြီး တခမ်းတနား ကြိုဆိုနေမှာ မဟုတ်ဘူးလေ။
သမ္မတဇနီးနှစ်ယောက်ရဲ့ သီးခြား Trip မှာဆိုရင်...ချက်ခြင်း ညီအစ်မတွေလို ရင်းရင်းနှီးနှီး ဆက်ဆံနေတာတွေ့လိုက်တော့....နိုင်ငံရေးမှာ ဒီမြင်ကွင်းတွေက အကြီးစား ရှော့ဖြစ်စေမယ့် မြင်ကွင်းမျိုးပဲ။ ဆိုလိုတာက မြန်မာကို ဘုံ ၅ ချက်နဲ့ ထောက်ထားတာတောင် ရအောင် ဖောက်ထွက်နေတဲ့ အခင်းအကျင်းမှာ မဆက်ဆံရင် ထီးထီးကြီး ကျန်နေရစ်မယ့် အဖြစ်မျိုး။ အာဆီယံ ဆိုတာက ပြည်တွင်းရေး မစွက်ဖက်ရေးက အဓိက မူကိုး။
နိုင်ငံတကာဆက်ဆံရေးမှာတော့ အကောင်းဆုံး တည်ဆောက်ထားနိုင်တာ တွေ့ရတယ်။ ကားထုတ်လုပ်ရေးတွေမှာ လူမဲ့ ထုတ်လုပ်ရေးတွေ တွေ့ခဲ့ရတဲ့ သမ္မတကြီးအနေနဲ့ သူ့ရဲ့ စိတ်ကူးစိတ်သန်းတွေကို ပြည်ထောင်စု အစိုးရအဖွဲ့ကို ချပြပါလိမ့်ဦးမယ်။ တိုးတက်ဖို့ ဖြစ်ပါစေလို့ပဲ မျှော်လင့်ရမှာပါ။
(နရီမိုး)
8 862
+4
နည်းပညာတက္ကသိုလ် (မော်လမြိုင်) ကျောင်းဝင်းအတွင်း POLYTECHNIC UNIVERSITY (MAWLAMYINE)စီမံကိန်း အဆောက်အဦများ ပန္နက်တော်တင်အခမ်းအနား ကျင်းပပြုလုပ်
8 862
+5
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဟနွိုင်းမြို့ရှိ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် နေပြည်တော်သို ပြန်လည်ထွက်ခွာ
8 862
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် “မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်”သို့ တက်ရောက်မိန့်ခွန်းပြောကြား
+++++
“မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်”ကို ယနေ့မွန်းလွဲပိုင်းတွင် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဟနွိင်းမြို့ရှိ Melia Hotel ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက် ရောက်ချီးမြှင့်ပြီး နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှုမြှင့်တင်နိုင်ရေးဆိုင်ရာများနှင့် ပတ်သက်၍ မိန့်ခွန်းပြောကြားသည်။
အဆိုပါ “မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်”သို့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲဝင်များ၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံအစိုးရအဖွဲမှတာဝန်ရှိသူများ၊ နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များတက်ရောက်ကြသည်။
8 862
+6
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့်အတူ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ၏ ဇနီး ဒေါ်ကြူကြူလှ Van Phuc ပိုးထည်ရွာ (Silk village)သို့ သွားရောက်လေ့လာ
8 862
-
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်တုန်းက မြစ်ကြီးနားကနေ မန္တလေးကို ပြည်တွင်းခရီးစဉ် ပျံသန်းဖို့ ပြင်ဆင်နေတဲ့ ခရီးသည်တင်အရပ်ဘက်လေယာဉ်တစ်စီးအား KIA/PDF အကြမ်းဖက်တွေက အသေခံဒရုန်းတွေနဲ့ အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာ အခုလက်ရှိ အိန္ဒိယနိုင်ငံမှာ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ အမေရိကန်နိုင်ငံသား ကြေးစားစစ်သားတစ်ဦးနဲ့ ယူကရိန်းက ကြေးစားကောင်တွေ ပါဝင်ပတ်သက်နေတယ်လို့ အိန္ဒိယထောက်လှမ်းရေးက ဖော်ထုတ်ထားပါတယ်...ဒါကြောင့် ပြည်ပနိုင်ငံသား ကြေးစားကောင်တွေနဲ့ ပူးပေါင်းနေပြီး ပြည်သူတွေကို အကြမ်းဖက်တိုက်ခိုက်နေတဲ့ KIA/PDF အပါအဝင် အကြမ်းဖက်အဖွဲ့တွေအားလုံးကို ပြည်သူတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချဖို့တော့ လိုအပ်နေပြီနော်...
8 862
တပ်မတော်သားများ၏ ပညာရည်မြင့်မားရေးနှင့် တပ်မတော်သားမိသားစုဝင်များ၏ ပညာရည်မြင့်မားရေးကို ဖော်ဆောင်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပြောကြား
+++++
တပ်မတော်သားများ၏ ပညာရည်မြင့်မားရေးနှင့် တပ်မတော်သားမိသားစုဝင်များ၏ ပညာရည်မြင့်မားရေးကို ဖော်ဆောင်လျက်ရှိကြောင်း၊ တပ်မတော်သားများ၏ ပညာရည်မြင့်မားရန်အတွက် တပ်မတော်ပညာရေးကျောင်းများနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသကဲ့သို့ တပ်မတော်သားမိသားစုဝင်များ၏ ပညာရည်မြင့်မားရေးအတွက်လည်း ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်းပြီး အခြေခံပညာရေးမှသည် အဆင့်မြင့်ပညာရေးအထိ သင်ကြားအောင်မြင်နိုင်ရေး အစဉ်တစိုက် ကြိုးပမ်းထမ်းရွက်ပေးလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး က စက်တင်ဘာလ ၂ ရက်တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်သည့် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲတို့၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ စစ်သည်များ၊ စစ်မှုထမ်းဆဲ၊ စစ်မှုထမ်းဟောင်း မိသားစုဝင်သားသမီးများ၊ စစ်သည်အစားခန့်အရပ်သားဝန်ထမ်းများ၏ သားသမီးများ၊ အခြေခံပညာလူရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
8 862
+7
တပ်မတော်သားများ၏ ပညာရည်မြင့်မားရေးနှင့် တပ်မတော်သားမိသားစုဝင်များ၏ ပညာရည်မြင့်မားရေးကို ဖော်ဆောင်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပြောကြား
8 862
+7
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တိုအား ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ တိုလန်း နှင့် ဇနီးတိုက ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ
+++++
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တိုအား ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်း နှင့် ဇနီးတိုက ဗီယက်နမ်နိုင်ငံသမ္မတရုံး၊ တုံကင်နန်းတော်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
8 862
+9
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း မော်လမြိုင်မြို့၊ တောင်ရိုးတန်းလမ်းရှိ တန်ခိုးကြီး စေတီ၊ ပုထိုးများ အနီး ပတ်ဝန်းကျင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု ကြည့်ရှုအားပေး၊ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၈) (၈/၂၀၂၆)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား သွားရောက်တွေ့ဆုံ၍ ချီးမြှင့်ငွေနှင့် တူညီဝတ်စုံများပေးအပ်
