9 134
订阅者
-524 小时
-597 天
-21330 天
帖子存档
9 134
+3
■ တပ်မတော်ကို Standard Armyတစ်ရပ်ဖြစ်အောင် ဖွဲ့စည်းတည်ဆောက်မည်ဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆက်လက် အကောင်အထည်ဖော်မည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြား
နိုင်ငံတော်သမ္မတက အစိုးရ၏ ရက် ၁၀၀ ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းကို ပြည်ထောင်စုလွှတ်တော်တွင် ယနေ့ (ဇူလိုင် ၃၁ ရက်) ပြောကြားခဲ့ပြီး ယင်းမိန့်ခွန်းတွင် ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
9 134
Repost from Ko Thet
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီး၏ အစိုးရရက် ၁၀၀ ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ပြောကြားခဲ့သည့် "နိုင်ငံတကာဆက်ဆံရေးနှင့်သံတမန်ရေးရာကဏ္ဍဆိုင်ရာ ပြောကြားချက်များ"
KT July 31
9 134
Repost from Ko Thet
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီး၏ အစိုးရရက် ၁၀၀ ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ပြောကြားခဲ့သည့် "ငြိမ်းချမ်းရေးကဏ္ဍဆိုင်ရာ ပြောကြားချက်များ"
KT July 31
9 134
Repost from Ko Thet
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီး၏ အစိုးရရက် ၁၀၀ ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ပြောကြားခဲ့သည့် "ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍဆိုင်ရာ ပြောကြားချက်များ"
KT July 31
9 134
Repost from 𝐊𝐚 𝐊𝐚 𝐇𝐚𝐧✍️
နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်၏ လူငယ်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်သတင်းစကား
9 134
+2
ငြိမ်းချမ်းရေးသည် အလိုချင်ဆုံးဆန္ဒဖြစ်ပြီး တိုင်းပြည်ငြိမ်းချမ်းမှသာ တိုးတက်အောင် လုပ်ဆောင်၍ရမည်ဟု နိုင်ငံတော်သမ္မတ ပြောကြား
+++++
ငြိမ်းချမ်းရေးသည် အလိုချင်ဆုံးဆန္ဒဖြစ်ပြီး တိုင်းပြည်ငြိမ်းချမ်းမှသာ တိုးတက်အောင် လုပ်ဆောင်၍ရမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
ယနေ့ (ဇူလိုင် ၃၁) ရက်က ပြည်ထောင်စုလွှတ်တော်တွင် ကျင်းပသည့် အစိုးရ၏ ရက် ၁၀၀ ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားမှုအပြီး မီဒီယာများ၏ မေးမြန်းမှုများအား ဖြေကြားရာတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ထိုသို ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
9 134
+1
၂၀၂၇ ခုနှစ်တွင် လစ်လပ်မဲဆန္ဒနယ် ၁၇၂ နေရာအတွက် မြိုနယ် ၁၀၂ မြိုနယ်တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်
+++++
၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ကျင်းပပြီးစီးခဲ့သည့် အထွေထွေရွေးကောက်ပွဲ၏ နောက်ဆက်တွဲအဖြစ် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၂၇ ခုနှစ်အတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဇူလိုင် ၃၁ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားစဉ် သမ္မတက ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးအတွက် အထွေထွေရွေးကောက်ပွဲများ ကျင်းပပေးခဲ့ပြီး လက်ရှိတွင် မဲဆန္ဒနယ် ၆၈၈ နယ်မှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၁၀၂၅ ဦးက ဥပဒေပြုတာဝန်များကို ထမ်းဆောင်လျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
9 134
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီး၏ အစိုးရရက် ၁၀၀ ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ပြောကြားခဲ့သည့် အာဆီယံနှင့်ပတ်သက်ပြီး ပြောကြားချက်
+++++
လက်ရှိအာဆီယံအခြေအနေနဲ့ပတ်သက်ပြီး ရှင်းလင်းပြောကြား လိုပါတယ်။ အာဆီယံထုတ်ပြန်ချက် ၅ ချက်ဟာ အာဆီယံအဖွဲ့ရဲ့ ဘုံသဘောတူညီချက်မဟုတ်ဘဲ အာဆီယံ အလှည့်ကျဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက် နောက်ဆက်တွဲအနေဖြင့်သာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။
-
ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ အဆိုပါ ထုတ်ပြန်ချက်တွေဟာ အစိုးရချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ရာမှာ အထောက်အကူပြုခြင်း၊ နိုင်ငံအတွက် အကျိုးရှိစေခြင်း၊ ASEAN Charter, ASEAN Way, ASEAN Spirit တို့အပေါ်မှာ အခြေခံမယ်ဆိုရင် အပြုသဘောစဉ်းစားပေးမယ် ဆိုတာလည်း ပြောကြားခဲ့ပြီးဖြစ်ပါတယ်။
-
လွန်ခဲ့တဲ့ ၅ နှစ်တာ ကာလအတွင်း အာဆီယံနိုင်ငံအချို့ရဲ့ သဘောထားနဲ့ မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံတာတွေ ပြုလုပ်ခဲ့ပေမယ့် ကျွန်တော်တို့အနေနဲ့ စိတ်ရှည်သည်းခံပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံရဲ့ တာဝန် ဝတ္တရားတွေနဲ့အညီ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ အပြုသဘော မဆောင်တဲ့ ခွဲခြားဆက်ဆံမှုတွေကို နိုင်ငံတော်က လိုအပ်တဲ့တုံ့ပြန်မှုတွေ Case By Case တုံ့ပြန်သွားမှာဖြစ်ပါတယ်။
-
ကျွန်တော်တို့ နိုင်ငံရဲ့ ပကတိအခြေအနေတွေကို အခြေခံပြီး အမျိုးသား အကျိုးစီးပွားနဲ့ အချုပ်အခြာအာဏာကို အလေးထားစောင့်ရှောက်ကာ မြန်မာနိုင်ငံက ဦးဆောင်သော မြန်မာ့ကိုယ်ပိုင်နည်းလမ်းဖြင့် အာဆီယံနဲ့ဆက်ဆံရေးကို ပုံမှန်ပြန်လည် တိုးတက်စေရေး ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ပါတယ်။
9 134
+2
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီး၏ အစိုးရရက် ၁၀၀ ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ပြောကြားခဲ့သည့် အာဆီယံနှင့်ပတ်သက်ပြီး ပြောကြားချက်
9 134
◾ လက်ရှိအစိုးရရဲ့ ဝန်ကြီးဌာနတွေထဲမှာ အတော်လေးပြောင်းလဲမှု လုပ်လာနိုင်တာက လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနလို့ ပြောရမယ်။ ဒါတောင်...သူက ခေတ်မကောင်းချိန် (အီရန် စစ်ဖြစ်ချိန်)မှာ တကယ့်အရေးပါတဲ့ ဝန်ကြီးဌာန ၂ ခုကို ပေါင်းပြီး တာဝန်ယူနေ ရတယ်။ တကယ်တော့...လျှပ်စစ်နဲ့ပတ်သက်ရင်...တရားမဝင်ဖြစ်နေတဲ့ အရာတွေကို ရဲရဲဝံ့ဝံ့ အရေးယူပြနေတာကို ကြိုက်တာပါ။ နောက်...မီတာပုံးတွေကို အသစ်လဲပြီးရင် ထိန်းချုပ်ခန်းကနေပဲ ထိန်းချုပ်သွားနိုင်မယ့်အလားအလာရှိတယ်။
-------
◾ မနေ့က ထုတ်ပြန်ကြေညာထားချက်မှာလည်း အပွားခံထားရတဲ့ ကားတွေကို QR ကုတ် အသစ်ထုတ်ပေးမယ်ဆိုပြီး ကြေညာထားတယ်။ ဒါလည်း...ကြိုဆိုရမယ့် ကိစ္စပဲ။ နိုင်ငံတော်ကို အခွန်ရာနဲ့ချီပြီး ပေးထားရတဲ့ ယာဉ်ပိုင်ရှင်အစစ်က ဘာလို့ နစ်နာနေရမလဲ။ တစ်ခုစိုးရိမ်တာက အပွားကားကိုလည်း လက်လွတ်မပေးထားဖို့ပါ။ သက်ဆိုင်ရာ ဆီဆိုင် တွေမှာ CCTV တွေရှိနေတာပဲ... ဒါကို ရဲစခန်းမှာ အမှုဖွင့်ထားရုံအဆင့်နဲ့ ရပ်နေလို့ မရဘူး။ ထိထိရောက်ရောက် ကွင်းဆင်းပြီး ထောင်ချ ဖမ်းပေးနိုင်ရင်...ပိုတောင် ကောင်းဦးမယ်။ တရားမဝင် Without လည်း စီးသေး။ ဆီလည်း တရားဝင်လိုလို ဖြည့်ခွင့်ရနေတာက အတော်ရုပ်ပေါက်တယ်။ အံ့ဩဖို့ ကောင်းတာက ဒီ QR ကုတ်က အစစ်ကားကို ကျော်ပြီး ဘယ်လို လုပ်နိုင်တာလဲ။ စိစစ်ဖို့ ကောင်းတယ်။
------
◾ နောက်ထပ်ကြေညာချက်တစ်ခုမှာ လျှပ်စစ်မီတာအသစ်တွေကို Website ကနေ လျှောက်ထားနိုင်တယ်ဆိုပြီး ကြေညာထားတယ်။ လျှောက်တဲ့နေရာမှာလည်း ထိုက်သင့် တဲ့ အခကြေးငွေကိုပဲ ပေးရမယ်။ အခကြေးငွေပေးတဲ့နေရာမှာလည်း သတ်မှတ်ထားတဲ့ အကောင့်ကိုပဲ အွန်လိုင်းကနေ ငွေပေးသွင်းနိုင်ကြောင်း ကြေညာထားတယ်။ ဘယ်လောက် ကောင်းလိုက်သလဲ။ အဲ့လောက် ပြုပြင်ပြောင်းလဲနိုင်တဲ့ ဝန်ကြီးဌာန မတွေ့ ဖူးသေးဘူး။ တစ်ချို့က လူခြင်းတွေ့မှ လက်ဖက်ရည်ယဉ်ကျေးမှု လုပ်ချင်နေကြ ချိန်မှာ...ဒီလိုမျိုးပြုပြင်ပြောင်းလဲရေးတွေကိုတော့ နှစ်သက်မှာ မဟုတ်ဘူး။
-------
◾ နိုင်ငံတော်ဆီ အခွန်လည်းမရောက်၊ ကြားထဲကနေ ဖြတ်စားနေတဲ့ အဂတိ ယဉ်ကျေးမှုကို အရိုးသားဆုံးပြောင်းလဲပေးနိုင်မှာက ဒစ်ဂျစ်တယ်စနစ်ပဲ။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်တဲ့ မော်တော်ယာဉ်ပြဿနာမှာလည်း ပြည်သူကလည်း ဝန်ထမ်းကို မညှိနဲ့။ ရုံးချိန်းတွေနဲ့လည်း လုပ်မနေနဲ့။ နိုင်ငံတော်ဆီရောက်မယ့် အကောင့် တစ်ခုကနေ ချက်ခြင်း ဒဏ်ငွေသွင်းနိုင်မယ့်စနစ်ကိုပဲ အကောင်အထည်ဖော်ကြည့်ပါ။ လူ နဲ့ လုပ်ရမယ့် စနစ်တွေကို အွန်လိုင်းကနေ ဖောင်ဖြည့် ငွေသွင်းတာမျိုး ပြောင်းလဲနိုင်အောင် လုပ်ကြည့်ပါ။ မလိုလားအပ်တဲ့ အဂတိတွေ လျော့သွားပါလိမ့်မယ်။ တိုးလာတဲ့ နိုင်ငံတော်ဘဏ္ဍာငွေကို ဝန်ထမ်းတွေရဲ့လစာတိုးမြှင့်ရေးမှာ ပြန်သုံးပေးပေါ့။ ဒါဆို အတော်လေးကောင်းတဲ့ ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ် ဖြစ်သွားလိမ့်မယ်။
(နရီမိုး)
9 134
Repost from တိုက်ပွဲသတင်းစုံ
ပြည်ဖျက်မီဒီညာ ခေတ်သစ်က ရေးတယ်။ ကာကွယ်ရေးဝန်ကြီးအိမ် ပါဆယ်ဗုံးတွေ့လို့ ရှင်းလင်းခဲ့ရတယ်တဲ့။ ဘာပါဆယ်မှ မရောက်သလို ဘာဗုံးကိုမှလည်း မရှင်းလင်းခဲ့ရပါ။ သတင်းအမှားတစ်ခုသာဖြစ်ပါတယ်။
-
Media Ethic မရှိတဲ့ ပြည်ဖျက်မီဒီညာမျိုးတွေကတော့ ပြည်သူတွေထိတ်လန့်အောင် သတင်းအမှားတွေနဲ့ အမြဲအဆိပ်ကျွေး နေကြဦးမှာပဲ။ ဒါကြောင့် မီဒီညာရဲ့ ဇစ်မြစ်ကိုရှာဖွေပြီး မြေလှန်ပစ်မှ တော်ရာကျပါလိမ့်မယ်။
တိုက်ပွဲသတင်းစုံ
9 134
+2
ပြည်တွင်းအသား၊ ဥနှင့် ရေထွက်ကုန်ဖူလုံရေး အရှိန်မြှင့်မည်ဟု နိုင်ငံတော်သမ္မတ ပြောကြား
+++++
နိုင်ငံတော်၏ စားရေရိက္ခာဖူလုံရေးနှင့် ကျေးလက်ပြည်သူများ၏ ဝင်ငွေတိုးတက်ရေးအတွက် တစ်ပိုင်တစ်နိုင်မွေးမြူရေးမှ စနစ်တကျ စီးပွားဖြစ်မွေးမြူရေးစနစ်သို့ ကူးပြောင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အစိုးရရက်ပေါင်း (၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
9 134
Repost from မှိုင်းဝေ
ယနေ့ သမ္မတကြီး ဦးမင်းအောင်လှိုင်ရဲ့ ရက် (၁၀၀) ပြည့် မိန့်ခွန်းမှာ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ဆိုရင် အရေးအကြီးဆုံးက ငြိမ်းချမ်းရေး ဖြစ်တယ်ဆိုပြီး အလေးပေး ပြောကြားတာတွေ့ရပါတယ်။
စစ်ပွဲတွေ ဆက်ဖြစ်နေသရွေ့ ရင်းနှီးမြှုပ်နှံမှုတွေ မဝင်လာနိုင်ဘူး၊ စက်ရုံအလုပ်ရုံတွေ မတိုးချဲ့နိုင်ဘူး၊ အလုပ်အကိုင်အခွင့်အလမ်းတွေ မဖန်တီးနိုင်ဘူး။ အဲ့ဒီလိုအခြေအနေမှာ နစ်နာရတာဟာ နိုင်ငံရေးအင်အားစုတွေမဟုတ်ဘဲ သာမန်ပြည်သူတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးကို အခြေခံပြီး ဖွံ့ဖြိုးတိုးတက်ရေးကို ရှေ့တန်းတင်တဲ့ မူဝါဒဟာ လက်တွေ့ကျပြီး နိုင်ငံအတွက် လိုအပ်တဲ့ လမ်းကြောင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။
အထူးသဖြင့် "ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ထားတယ်" ဆိုပြီး ပြေားကြားခဲ့သလို လက်နက်နဲ့ ရင်ဆိုင်မယ့်အစား စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးဖို့၊ အမြင်မတူသူတွေကိုပါ ကြိုတင်ကန့်သတ်ချက်မထားဘဲ ဖိတ်ခေါ်ထားတာက ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့ အဆုံးသတ်ဖို့ ကြိုးပမ်းနေတယ်ဆိုတာကို ပြသနေပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၃) ဖွဲ့နဲ့ ဆွေးနွေးနိုင်ခဲ့တာ၊ NCA လက်မှတ်ရေးထိုးထားသည်ဖြစ်စေ မရေးထိုးရသေးသည်ဖြစ်စေ အဖွဲ့အားလုံးကို ဖိတ်ခေါ်ထားတာတွေကလည်း တံခါးပိတ်မူဝါဒထက် ပါဝင်ဆွေးနွေးရေးကို ဦးစားပေးတဲ့ သဘောထားတစ်ရပ်အဖြစ် မြင်တွေ့ရပါတယ်။
တစ်ဖက်မှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ဒီမိုကရေစီ၊ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးကို ဆက်လက်ဖော်ဆောင်ဖို့ အဆိုပြုထားတာက နိုင်ငံရေးအရ အဖြေရှာလိုတဲ့ ရည်ရွယ်ချက်ကို ထင်ဟပ်စေပါတယ်။
အမှန်တကယ်တော့ ထာဝရငြိမ်းချမ်းရေးကို အစိုးရတစ်ဖွဲ့တည်းက တည်ဆောက်လို့ မရပါဘူး။ အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ပြည်သူတွေအားလုံးက တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်ယုံကြည်မှုတည်ဆောက်ပြီး ပူးပေါင်းဆောင်ရွက်မှသာ ငြိမ်းချမ်းရေးဟာ အမှန်တကယ် အသက်ဝင်လာမှာ ဖြစ်ပါတယ်။
အနှစ်ချုပ်ရရင် ငြိမ်းချမ်းရေးကို လက်တွေ့အကောင်အထည်ဖော်နိုင်မယ်ဆိုရင် အကျိုးအမြတ်ရမယ့်သူက အစိုးရတစ်ဖွဲ့တည်း မဟုတ်ပါဘူး။ အကျိုးခံစားရမယ့်သူက မြန်မာနိုင်ငံသားအားလုံး ဖြစ်ပါတယ်။ လက်နက်သံတွေ တိတ်ဆိတ်သွားတဲ့နေ့ဟာ စီးပွားရေးပြန်လည်ရှင်သန်မယ့်နေ့၊ ဖွံ့ဖြိုးတိုးတက်ရေး ပြန်လည်စတင်မယ့်နေ့ဖြစ်ပြီး၊ နောင်လာမယ့်မျိုးဆက်တွေအတွက် ပိုမိုတည်ငြိမ်တဲ့ အနာဂတ်ကို ဖန်တီးပေးနိုင်မယ့် နေ့လည်း ဖြစ်ပါတယ်။
သတင်းတွေဖတ်ရန် 👉🏿 နှိပ်ပါ
မှိုင်းဝေ
9 134
+2
ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် (၂၅) နှစ်မြောက်ငွေရတု အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
9 134
ဒီနေ့ဟာဆိုရင်တော့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရသစ်ရဲ့ ရက်(၁၀၀)ပြည့် ဆောင်ရွက်ချက်တွေနဲ့ နိုင်ငံတော်ရဲ့ လက်ရှိအခြေအနေ အရပ်ရပ်ကို အသေးစိတ်ရှု့မြင် သုံးသပ်ထားတဲ့ မိန့်ခွန်းကို ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ်များနဲ့ မြန်မာနိုင်ငံသူ နိုင်ငံသား မိဘပြည်သူများအားလုံး တို့ကို တင်ပြရင်းနဲ့ အသေးစိတ် ပြောပြသွားတယ်လို့ ပြောရင်လည်း မမှားနိုင်ပါဘူး။
ဒီမိန့်ခွန်းရဲ့ အဓိက အခြေအနေအရပ်ရပ်ကို ကောက်နုတ်ရမယ်ဆိုရင်-
၁။ ငြိမ်းချမ်းရေးကဏ္ဍ
၂။ ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍ
၃။ နိုင်ငံတကာ ဆက်ဆံရေးနှင့် သံတမန်ရေးရာ ကဏ္ဍ
၄။ စိုက်ပျိုးရေး နှင့် မွေးမြူရေး ကဏ္ဍ
၅။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ကဏ္ဍ
၆။ လျှပ်စစ်နှင့်စွမ်းအင် ကဏ္ဍ
၇။ ပညာရေး ကဏ္ဍ
၈။ အာကာသနည်းပညာ ကဏ္ဍ
၉။ ကျန်းမာရေး ကဏ္ဍ
၁၀။ လူငယ်နှင့်အားကစား ကဏ္ဍ
၁၁။ အမျိုးသမီးအခန်းကဏ္ဍ
၁၂။ MSME အခန်းကဏ္ဍ နဲ့
၁၃။ မျိုးဆက်သစ်များအတွက် ဂေဟစနစ်ကို ကာကွယ်ရေး ဆိုတဲ့ အချက်တွေ့ ရဲ့ အသေးစိတ် ရှင်းလင်းတင်ပြ ပြောပြသွားတာကို ကြည့်ခြင်းအားဖြင့် လူသားအားလုံးရဲ့ အခြေခံ လိုအပ်ချက်ဖြစ်တဲ့ စား၊ ဝတ်၊ နေရေး လိုအပ်ချက်နဲ့ပတ်သက်ပီးတော့လည်း သမ္မတကြီး ရဲ့ စေတနာကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့ခဲ့ရတာကိုတွေ့ရှိခဲ့ရတယ်။
9 134
အိန္ဒိယ၊ တရုတ်နှင့် လာအိုနိုင်ငံခရီးစဉ်များမှ နိုင်ငံတကာဆက်ဆံရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အောင်မြင်မှုများရရှိ
+++++
နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀) ကာလအတွင်း အိန္ဒိယ၊ တရုတ်နှင့် လာအိုနိုင်ငံများသို့ အဆင့်မြင့်ခရီးစဉ်များ သွားရောက်ခဲ့ပြီး သံတမန်ဆက်ဆံရေးခိုင်မာရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ ဒေသတွင်းချိတ်ဆက်မှုနှင့် နယ်စပ်တည်ငြိမ်အေးချမ်းရေးတို့တွင် အရေးပါသည့် သဘောတူညီမှုများ ရရှိခဲ့ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်၌ ပြောကြားသည့် အစိုးရသက်တမ်း ရက်(၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတသည် အိန္ဒိယဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီ၏ ဖိတ်ကြားချက်အရ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ခဲ့သည်။ ယင်းခရီးစဉ်သည် သမ္မတတာဝန်ယူပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်ကြောင်း သိရသည်။
ခရီးစဉ်အတွင်း အိန္ဒိယသမ္မတ၊ ဝန်ကြီးချုပ်နှင့် အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်တို့နှင့် တွေ့ဆုံကာ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်း အပြီးသတ်ရေး၊ အိန္ဒိယ–မြန်မာ–ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး အကောင်အထည်ဖော်ရေး၊ မြန်မာကျောင်းသားများအတွက် ပညာသင်ဆုတိုးမြှင့်ပေးရေးနှင့် ရူပီး–ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ်အပါအဝင် နှစ်နိုင်ငံကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးတို့ကို ဆွေးနွေးခဲ့သည်။
ထို့အပြင် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ နယ်စပ်ဒေသလုံခြုံရေးနှင့် တစ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိခိုက်စေမည့် လုပ်ရပ်များအား မိမိတို့၏နယ်မြေမှ ဆောင်ရွက်ခွင့်မပြုရေးတို့နှင့်ပတ်သက်၍လည်း နားလည်မှုနှင့် ကတိကဝတ်များ ရရှိခဲ့ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိ တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့ပြီး တရုတ်သမ္မတ၊ ဝန်ကြီးချုပ်နှင့် အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
တွေ့ဆုံမှုများတွင် မြန်မာ–တရုတ် မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (BRI) နှင့် တရုတ်–မြန်မာစီးပွားရေးစင်္ကြံ (CMEC) စီမံကိန်းများ အရှိန်မြှင့်တင်ရေးတို့ကို အဓိကထားဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံက “တရုတ်တစ်နိုင်ငံတည်း” မူဝါဒကို ဆက်လက်ထောက်ခံကြောင်း ထပ်မံအတည်ပြုခဲ့ပြီး တရုတ်နိုင်ငံဘက်ကလည်း မြန်မာအစိုးရသစ်နှင့် ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစွာ ဆက်လက်မြှင့်တင်သွားမည့်သဘောထားကို ဖော်ပြခဲ့သည်။
အာကာသနှင့် ဉာဏ်ရည်တုနည်းပညာအပါအဝင် နည်းပညာနှင့် အသိပညာဖလှယ်ရေး၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ယဉ်ကျေးမှုနှင့် အုပ်ချုပ်မှုဆိုင်ရာ အစီအမံများအောက်တွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံအစိုးရအကြား နားလည်မှုစာချွန်လွှာ ၁၈ ခု လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း ဆိုသည်။
အဆိုပါခရီးစဉ်မှတစ်ဆင့် မြန်မာ–တရုတ် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ပိုမိုခိုင်မာစေခဲ့သကဲ့သို့ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးကိုလည်း သဘောတူညီနိုင်ခဲ့ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
နိုင်ငံတော်သမ္မတသည် ဇူလိုင်လ ၃ ရက်မှ ၅ ရက်အထိ လာအိုသမ္မတ မစ္စတာထောင်လွန်း ဆီဆုလစ်၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့သည်။ ယင်းခရီးစဉ်သည် အစိုးရသစ်လက်ထက် အာဆီယံနိုင်ငံတစ်နိုင်ငံသို့ ပထမဆုံးသွားရောက်သည့် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်ဖြစ်သည်။
ခရီးစဉ်အတွင်း လာအိုသမ္မတ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်နှင့် လွမ်ပရာဘန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူးတို့နှင့် တွေ့ဆုံကာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရေး ဆွေးနွေးခဲ့သည်။
မြန်မာနှင့် လာအိုနိုင်ငံတို့သည် နှစ်ပေါင်း ၇၀ ကျော်ကြာ သံတမန်ဆက်ဆံရေးရှိခဲ့သည့် ယုံကြည်စိတ်ချရသော အိမ်နီးချင်းမိတ်ဆွေနိုင်ငံများဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးကို မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
9 134
+3
အိန္ဒိယ၊ တရုတ်နှင့် လာအိုနိုင်ငံခရီးစဉ်များမှ နိုင်ငံတကာဆက်ဆံရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အောင်မြင်မှုများရရှိ
9 134
အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို ဦးထိပ်ထား၍ ဘက်မျှဟန်ချက်ညီသော နိုင်ငံတကာဆက်ဆံရေး တည်ဆောက်မည်
+++++
မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို ကာကွယ်မြှင့်တင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ခိုင်မာစွာစွဲကိုင်ကာ နိုင်ငံတကာဆက်ဆံရေးတွင် ဘက်မျှဟန်ချက်ညီသည့် ဆက်ဆံရေးကို တည်ဆောက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်၌ ပြောကြားသည့် အစိုးရသက်တမ်း ရက်(၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းမိတ်ဖက်နိုင်ငံများအကြား နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်တိုးမြှင့်သွားမည်ဖြစ်ပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီးငါးရပ်နှင့်အညီ နိုင်ငံတကာဆက်ဆံရေးကို ပိုမိုခိုင်မာအောင် တည်ဆောက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
အာဆီယံနှင့်ဆက်ဆံရေးတွင် မြန်မာနိုင်ငံ၏ ပကတိအခြေအနေ၊ အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာတို့ကို အလေးထားကာ မြန်မာနိုင်ငံက ဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်နည်းလမ်းဖြင့် ဆက်ဆံရေးပုံမှန်ပြန်လည်တိုးတက်လာစေရေး ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားသည်။
အာဆီယံ၏ ထုတ်ပြန်ချက်များသည် အစိုးရချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာ၌ အထောက်အကူပြုခြင်း၊ နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေခြင်းနှင့် ASEAN Charter၊ ASEAN Way၊ ASEAN Spirit တို့အပေါ် အခြေခံခြင်းရှိပါက အပြုသဘောဆောင်စွာ စဉ်းစားသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ရှင်းလင်းပြောကြားသည်။
လွန်ခဲ့သည့် ငါးနှစ်တာကာလအတွင်း အာဆီယံနိုင်ငံအချို့၏ သဘောထားများနှင့် မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံမှုများရှိခဲ့သော်လည်း မြန်မာနိုင်ငံအနေဖြင့် စိတ်ရှည်သည်းခံကာ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ တာဝန်ဝတ္တရားများနှင့်အညီ ဆက်လက်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ဆိုသည်။
သို့ရာတွင် အပြုသဘောမဆောင်သည့် ခွဲခြားဆက်ဆံမှုများအပေါ် နိုင်ငံတော်အနေဖြင့် ဖြစ်စဉ်တစ်ရပ်ချင်းအလိုက် လိုအပ်သည့်တုံ့ပြန်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
9 134
အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို ဦးထိပ်ထား၍ ဘက်မျှဟန်ချက်ညီသော နိုင်ငံတကာဆက်ဆံရေး တည်ဆောက်မည်
