Saw Ba Maung
Ir al canal en Telegram
8 707
Suscriptores
-324 horas
-527 días
-19430 días
Archivo de publicaciones
8 705
သီလဝါ SEZ ရှိ နိုင်ငံ ၂၂ နိုင်ငံမှ ကုမ္ပဏီ ၅၇ ခုက လေးမျက်နှာရေဘေးသင့်ပြည်သူများအတွက် ကျပ် ၄၃၁ သန်းကျော် လှူဒါန်း
+++++
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြိုနယ်တွင် ငဝန်တာကျိုးပေါက်မှုကြောင့် ရေဘေးသင့်ခဲ့သည့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သီလဝါအထူးစီးပွားရေးဇုန်၌ ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ ၂၂ နိုင်ငံမှ ကုမ္ပဏီ ၅၇ ခုက အလှူငွေ ကျပ် ၄၃၁ ဒသမ ၅၁ သန်း လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ အလှူငွေပေးအပ်ပွဲကို စက်တင်ဘာလ ၂၈ ရက် မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက လက်ခံရယူခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းပေးခဲ့သည့် ကုမ္ပဏီများအား ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
လှူဒါန်းရရှိသည့် အလှူငွေများကို လေးမျက်နှာမြိုနယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
8 705
+1
WFM Title ရရှိပြီး မြန်မာ့စစ်တုရင်သမိုင်းဝင်အောင်စွမ်းဆောင်နိုင်ခဲ့သည့် အသက် ၁၅ နှစ် အရွယ် မြန်မာလက်ရွေးစင် စစ်တုရင်ကစားသမား မင်းအမရာဝတီ အား ဂုဏ်ပြုဖော်ပြအပ်ပါသည်
+++++
အသက် ၁၅ နှစ်အရွယ် မြန်မာ့လက်ရွေးစင် စစ်တုရင်ကစားသမား မင်းအမရာဝတီသည် ဥဇဘက်ကစ္စတန်နိုင်ငံတွင် ကျင်းပခဲ့သည့် ၄၆ ကြိမ်မြောက် ကမ္ဘာ့စစ်တုရင်အိုလံပစ်ပြိုင်ပွဲ၌ ကမ္ဘာ့စစ်တုရင်အဖွဲချုပ် (FIDE) က တရားဝင်အသိအမှတ်ပြုသည့် တစ်သက်တာဘွဲတံဆိပ် Woman FIDE Master (WFM) Title ကို ရရှိခဲ့ပြီး မြန်မာ့စစ်တုရင်သမိုင်းတွင် မှတ်တမ်းဝင်နိုင်ခဲ့ကြောင်း သိရသည်။
မင်းအမရာဝတီသည် အဆိုပါပြိုင်ပွဲတွင် ပွဲစဉ် ၉ ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ ၆ မှတ် ရရှိခဲ့ပြီး Woman Candidate Master (WCM) စံနှုန်းကို ရရှိခဲ့သည်။
ယင်းနောက် FIDE ၏ သတ်မှတ်ချက်များနှင့်အညီ Woman FIDE Master (WFM) Title ကို ရရှိခဲ့ခြင်းဖြစ်ပြီး အသက် ၁၅ နှစ်အရွယ်တွင် နိုင်ငံတကာအသိအမှတ်ပြု စစ်တုရင်ဘွဲတံဆိပ်တစ်ခုရရှိကာ မြန်မာ့စစ်တုရင်လောကအတွက် မှတ်တမ်းကောင်းတစ်ရပ် စိုက်ထူနိုင်ခဲ့သည့်အတွက် ဂုဏ်ပြုအပ်ကြောင်းဖော်ပြလိုက်ပါသည်။
8 705
+4
တပ်မတော်၏ ကောင်းမွန်သည့် အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းကာကွယ်ရန် တပ်မတော်သားအားလုံးတွင် တာဝန်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပြောကြား
+++++
တပ်မတော်၏ ကောင်းမွန်သည့် အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းကာကွယ်ရန် တပ်မတော်သားအားလုံးတွင် တာဝန်ရှိကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရန် အဓိကတာဝန်ရှိပြီး ထိုသို့တာဝန်ထမ်းဆောင်နိုင်ရေးအတွက် တိုက်စွမ်းရည်၊ တိုက်စွမ်းအားများ ပြည့်ဝရမည်ဖြစ်ကြောင်း၊ ပြည်သူမှ ယုံကြည်အားကိုးရသည့် စွမ်းရည်ပြည့်ဝသော တပ်များဖြစ် အောင် အမြဲကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး က စက်တင်ဘာလ ၂၆ ရက်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ သန်လျင်တပ်နယ်နှင့် ဒလတပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား သန်လျင်တပ်နယ်ခန်းမ၌ တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
8 705
+4
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဒဂုံတက္ကသိုလ်ဘူတာရုံ၊ ဆေးတက္ကသိုလ်(၁) နှင့် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)များသို့
လှည့်လည်ကြည့်ရှုစစ်ဆေးစဉ် ပြောကြားချက်များမှ ကောက်နုတ်ချက်
8 705
+6
တရုတ် PLA Navy စစ်ရေယာဉ်များ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ
+++++
မြန်မာနိုင်ငံသို့ စက်တင်ဘာ ၂၄ ရက်မှ စတင်ကာ ချစ်ကြည်ရေးခရီးစဉ် လာရောက်ခဲ့သည့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)၏ 48th PLA Navy Escort Task Group မှ စစ်ရေယာဉ်များသည် ငါးရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အပြီး စက်တင်ဘာ ၂၈ ရက်တွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
8 705
+9
မော်လမြိုင်မြို့၊မုပွန်ရပ်ကွက် နတ်ကျွန်းချောင်းအတွင်း အမှိုက်နှင့်နုံးများ ဆယ်ယူရှင်းလင်းအား တပ်မတော်သားများကူညီဆောင်ရွက်ပေး
+++++
စက်တင်ဘာ ၂၉ ရက် နံနက် ၇ နာရီခွဲမှ ၉ နာရီအထိ မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်ရှိ နတ်ကျွန်းချောင်းအတွင်း ရေစီးရေလာကောင်းမွန်ပြီး ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် အမှိုက်များနှင့် ချောင်းအတွင်း နုံးများကို စုပေါင်းဆယ်ယူရှင်းလင်းခဲ့ကြသည်။
အဆိုပါလုပ်ငန်းကို ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့များ စုစုပေါင်းအင်အား ၂၄၅ ဦး၊ အမှိုက်သိမ်းယာဉ် ၂ စီးနှင့် ဘတ်ဖိုး ၁ စီးတို့ဖြင့် ဆောင်ရွက်ခဲ့ကြသည်။
ဆောင်ရွက်နေမှုများကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သူရဇော်လွင်စိုး၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က လာရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
8 705
+8
အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ အောင်ပွဲရတပ်မတော်သားများအား ဂုဏ်ပြုကြိုဆို
+++++
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေလုံခြုံရေးတာဝန်များ ကိုထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းအခမ်းအနားကို အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိနယ်မြေခံတပ်ရင်း၌ ကျင်းပပြုလုပ်ရာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများကအောင်သပြေပန်းများဖြင့် သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆို…
8 705
မင်္ဂလာ နံနက်ခင်းလေးပါ
🙏🍂☘️🙏🍂☘️🙏🍂
🙏 မြတ်ဗုဒ္ဓ၏ မေတ္တာတရားတော်များကြောင့် 🍀
ဘေးအန္တရာယ် အမျိုးမျိုးမှ ကင်းဝေးနိုင်ပါစေ...
🙏 {၇}ရက် သား သမီးများ
နှင့်တကွ ကမ္ဘာမြေကြီးပေါ်တွင် မှီတင်းနေထိုင်
ကြသော ဝေနေယျသတ္တဝါ အားလုံး ...
🍂 ကျန်းမာပါစေ
🍀 ချမ်းသာပါစေ
🍂 လိုအင်ဆန္ဒများ ပြည့်ဝနိုင်ပါစေ
🍀 ဘေးအန္တရာယ် အမျိုးမျိုးမှ ကင်းဝေးနိုင်ပါစေ ...
🍂☘️🍂☘️🍂☘️🍂☘️🍂☘️🍂☘️🍂☘️🍂☘️
8 705
KNU တပ်မဟာများကြားမှ ပွတ်တိုက်မှုများနှင့် လိမ်လည်မှုများ
+++++
ပြီးခဲ့တဲ့ရက်ပိုင်း မကြာသေးမှီကပင် KNU တပ်မဟာ၁ နယ်မြေအတွင်းက NUG၏အထူးစစ်တိုင်းဌာနချုပ်တို့ တပ်မတော်၏ ဗုံးကြဲရှင်းလင်းခံရပြီး စစ်ပြေးထင်လင်းအောင်၏ ငိုသံပါ အသံဖိုင်ကြီးအား မိမိအမာခံKNUသတင်းပေးထံမှ ရရှိခဲ့သည်။
ယခုလည်း မိမိအမာခံ KNUသတင်းပေးများထံမှ တပ်မဟာ(၅)နယ်မြေ၊ဖာပွန်မြို့နယ်အတွင်း တပ်မတော်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် KNUအောက်ခြေတပ်ဖွဲ့ဝင်အများအပြား သေဆုံးထိခိုက်ခဲ့ကြပြီး ၎င်းတို့ထဲတွင် တပ်မဟာ(၅)နယ်မြေအတွင်းသို့ KNUဗဟို၏ခွင့်ပြုချက်မရဘဲ ရောက်ရှိနေသော တပ်မဟာ(၃)မှ တပ်မဟာဆေးမှူးဆိုသူလည်း သေဆုံးသွားကြောင်းသိရသည်။တပ်မဟာ(၃)ဆေးမှူးသေဆုံးမှုအား KNU တပ်မဟာ(၃)တပ်မဟာမှူး မသိရှိသလို တပ်မဟာ(၅)မှလည်း ဗဟိုသို့ မတင်ပြရဲဘဲ လိမ်ညာလီဆယ် သတင်းပို့တင်ပြနေရကြောင်းသိရသည်။
ထိုသို့ လိမ်လည်တင်ပြမှုအား တပ်မဟာ(၃)တပ်မဟာမှူးမှ သိရှိပြီး ဒေါသပုန်ထကာ မြေပြင်ဆင်းပီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ပီး တာဝန်ရှိသူများအား အပြစ်ပေးအရေးယူမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် တပ်မဟာ(၃)နှင့်(၅)ကြားပွတ်တိုက်မှုများရှိနေကြောင်း၊ အထက်ကို လိမ်လည်သတင်းပို့ထားသော်လည်း ဖြစ်စဥ်မှန် တင်ပြရန် KNU ခေါင်းဆောင်ပိုင်းများအနေဖြင့် အကြပ်ရိုက်နေကြောင်း အမာခံသတင်းပေးထံများမှ သိရှိရသည်။ ယခုရက်ပိုင်းအတွင်း တပ်မတော်၏ ဗုံးကြဲရှင်းလင်းတိုက်ခိုက်မှုနှင့် ထိုးစစ်ဆင်မှုများကြောင့် KNUအောက်ခြေတပ်ဖွဲ့ဝင်များအတွင်း သေဆုံး၊ထွက်ပြေးမှုများ မြင့်တက်မှုများဖြစ်နေပြီး အမျိုးသမီးများပင်မကျန် တပ်သားသစ် အတင်းစုဆောင်းနေကြကြောင်း သိရှိရသည်။ အထက်ကို တင်ပြသည့်အခါ မှန်မှန်လိမ်ဖို့တော့ လိုနေပီ KNU.........
Saw Ba Maung
8 705
+9
ကျိုက်ထိုမြို့ ရေစီးရေလာကောင်းမွန်ရေး စုပေါင်းရှင်းလင်း
+++++
ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် မြောက်ပိုင်းရပ်ကွက် မြို့ရှောင်လမ်းတစ်လျှောက်ရှိ ချောင်းများနှင့် ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး၊ ရေကြီးရေလျှံမှုနှင့် ရေမြောင်းပိတ်ဆို့မှုများ မဖြစ်ပေါ်စေရေးအတွက် ယနေ့ နံနက် ၈ နာရီမှ ၉ နာရီအထိ စုပေါင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါလုပ်ငန်းကို အမှတ်(၄၄) ခြေမြန်တပ်မဌာနချုပ် ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး ဇော်ဇော်ဝင်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်တို့ ဦးဆောင်၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ထွေ/အုပ်၊ စည်ပင်၊ ရဲနှင့် မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်း ၁၁၀ ဦး ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ စုပေါင်းရှင်းလင်းမှုဖြင့် ချောင်းနှင့် ရေမြောင်းများအတွင်း ရေစီးရေလာကောင်းမွန်စေရေးနှင့် မိုးရာသီ ရေကြီးရေလျှံမှုများ ကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
8 705
Repost from မှိုင်းဝေ
+1
ဟာကွာ အရှင်တွေ မိပြန်ပြီ
အရှင် ၁ ကောင်
သေနတ် ၅ လက်
ခဲယမ်းများ
လက်ပစ်ဗုံးများ
စကားပြောစက်များနဲ့ ကျည်အိမ်များသိမ်းဆည်းရမိ။
ဘယ်နေရာလည်း မမေးရ
8 705
Repost from K S News
အန္တရာယ်ကင်းနိုင်ဖို့ AA သူပုန်နဲ့ဝေးဝေးနေတတ်ဖို့လိုမယ်
၂၉-၉-၂၀၂၆
ရခိုင်၊ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားနှင့်ဈေးအနီး စက်တင်ဘာ ၂၈ ရက်နေ့က ဗုံးကြဲခံရတဲ့ဖြစ်စဉ်မှာ AA သူပုန်တွေ ရာကျော် သေဆုံးသွားခဲ့ပါတယ်။
ဘာကြောင့်ဗုံးကြဲခံရသလဲဆိုတော့ အဲ့ဒီနေရာဟာ AAသူပုန်အတွက် ရေလမ်းက ပို့သမျှထောက်ပို့ပစ္စည်းတွေကို သိမ်းဆည်းထားတဲ့နေရာဖြစ်ပြီး AAသူပုန်အများအပြား စုဝေးလှုပ်ရှားနေတဲ့ နေရာတစ်ခုဖြစ်နေလို့ပါပဲ။
ရခိုင်ပြည်ကို 4926 Operation စစ်ဆင်ရေးကြီးအဖြစ် စစ်မျက်နှာပေါင်းစုံကနေ ထိုးစစ်ဆင်နွှဲနေတဲ့ အချိန်ကာလမှာ ရခိုင်ဒေသခံပြည်သူတွေအနေနဲ့လည်း အန္တရာယ်ကင်းဖို့ ၊AAသူပုန်ရဲ့ အသုံးချခံဘဝမရောက်စေဖို့ဆိုရင် သူပုန်တွေနဲ့ ဝေးဝေးနေတတ်ဖို့ လိုပါလိမ့်မယ်။
Truth Waves
8 705
Repost from မှိုင်းဝေ
+1
KIA ဂျင်းပေါတွေနဲ့ နီပိတ်တွေနဲ့က ဂျင်းထည့်ဖာကျတဲ့နေရာမှာ အရမ်းသောက်ခွက်ပြောင်တယ်..
ဒီ VD ဖိုင်က ၂၀၂၄ တုန်းက ဖိုင်ကြီး..
အဲဒါကို KIA ဂျင်းပေါသတင်းလိမ်ဖာကျကောင်က ၂၀၂၅ မှာ ဗန်းမော် ဒုတိယအကြိမ်တိုက်ပွဲမှာ ထပ်တင်တယ်..
ခုလည်း ကြည်ပြာမှကို ကြာကူလီရိုက်တဲ့ ကြာကူလီကောင် နေဘုန်းလတ်ရဲ့ လက်ကိုင်တုတ် PVTV က အရှက်မရှိ မနေ့ကထပ်တင်ပြန်တယ်..
မင်းတို့ဘဝမှာ လိမ်ညာနေရတာတွေများနေတော့ ဘဝမှာ အမှန်တရားနဲ့ပတ်သက်တာလေးတွေ တင်ဖူးတယ်ရှိအောင် တစ်ခါတစ်လေ တင်ကြည့်ပါလား...
ကြာကူလီကောင်နားနေပြီး သတင်းလောကကိုပါ ကြာခိုဖို့စဉ်းစားနေပုံရတယ်😂😂😂
8 705
+5
အကြမ်းဖက် CRPH နဲ့ NUG အဖွဲ့တွေအတွက် ငွေကောက်ပေးနေတဲ့ People's Revolution Supply Family – PRF Website ကို WavePay၊ NUG Pay နဲ့ SDB ဘဏ်တို့ကနေ ငွေလှူနေသူ စုစုပေါင်း ၂,၇၀၀ ကျော်ရဲ့ အချက်အလက်တွေကို ဖော်ထုတ်ရရှိခဲ့ပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ပါတယ်။
တာဝန်သိပြည်သူတွေရဲ့ သတင်းပေးချက်အရ PRF Website ကို ငွေကြေးထောက်ပံ့ပေးပို့သူ တရားခံ ၂၁ ဦးကို မိုးညှင်း၊ လားရှိုး၊ ရွှေညောင်၊ ပုသိမ်ကြီး၊ ပြင်ဦးလွင်၊ ပျဉ်းမနား၊ ဇမ္ဗူသီရိ၊ လှည်းကူးနဲ့ ဒဂုံမြို့သစ် (မြောက်ပိုင်း၊ အရှေ့ပိုင်း၊ တောင်ပိုင်း) မြို့နယ်တွေမှာ ဖမ်းဆီးရမိခဲ့တာပဲ ဖြစ်ပါတယ်။
8 705
+9
တပ်မတော်စစ်ကြောင်းများက KNU၊ KNLA နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသော ကမမောင်း-ဖာပွန်သွားလမ်းကြောင်းပေါ်ရှိ ဆင်စွယ်ကျေးရွာအား ထပ်မံ၍ ပြန်လည်ထိန်းချုပ် သိမ်းပိုက်ရရှိ
