Saw Ba Maung
رفتن به کانال در Telegram
9 288
مشترکین
-724 ساعت
-487 روز
-24230 روز
آرشیو پست ها
9 288
Repost from မှိုင်းဝေ
ပြည်သူ့စစ်မှုထမ်းအမှတ်စဥ် ၃ တွေ အိမ်ပြန်ကြရပြီဆိုတော့ ပျော်နေရောပေါ့ 😊😊😊
မှိုင်းဝေ
9 288
+5
အိမ်နီးချင်းနိုင်ငံများနှင့် မဟာဗျူဟာအရ အရေးပါသည့် အဝေးပြေးလမ်းမကြီးများ ဖောက်လုပ်ရေးလုပ်ငန်းများကို မိမိတို့အစိုးရတာဝန်ယူထားသည့်ကာလအတွင်း ရာနှုန်းပြည့်ပြီးစီးမှုရှိစေရေး သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား
+++++
ယမန်နေ့ ဇူလိုင် ၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေး လမ်းမကြီးစီမံကိန်းနှင့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်သမ္မတက အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းများကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
9 288
မင်္ဂလာနံနက်ခင်းပါ😊😊🥰
အေးချမ်းသာယာရှိကြပါစေ🙏🙏🙏
Good morning,may you be at peace and have a good day.
#ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ🙏🙏🙏
9 288
+1
သံဖြူဇရပ်တွင် လေဆင်နှာမောင်း တိုက်ခတ်
+++++
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် သစ်ပင်များလဲကျကာ အိမ်အမိုးများလွင့်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့ ည ၇ နာရီဝန်းကျင်ခန့်က သံဖြူဇရပ်မြို့အတွင်းသို့ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် သံဖြူဇရပ်-ရေးလမ်းမပေါ်ရှိ မြေစာရင်းရုံးရှေ့မှသစ်ပင်ကြီးများလဲကျကာ လမ်းယာယီပိတ်လျှက်ရှိသည်။
ထို့ပြင် သစ်ပင်လဲကျမှုကြောင့် လမ်းပေါ်ဖြတ်သွားသည့် မော်တော်ယာဉ်တချို့ထိခိုက်ခဲ့ပြီး လူတစ်ချို့ဒဏ်ရရာရှိခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်အထိ နေအိမ် ထိခိုက်ပျက်စီးမှုများနှင့် လူထိခိုက်မှုစာရင်း အတိအကျကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
#Crd
9 288
+5
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ စီဆင်းကာ ဘီးလင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ဇူလိုင်လ ၁၀ ရက်နံနက်ပိုင်းမှစတင်ကာ ကန်သာယာရပ်ကွက် (၇) အတွင်းရှိ မြေနိမ့်ပိုင်းအချိုမှာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေတဲ့အတွက် ဒေသခံပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်ပေးနေတဲ့ မြင်ကွင်းပုံရိပ်တွေပဲ ဖြစ်ပါတယ်...
9 288
+2
ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဒေါ်ခိုင်ခိုင်စိုး၏ ပြောကြားချက်
ဗိုလ်ချုပ်ရုပ်ထုအားလုံးကို ဖယ်ရှားနေခြင်း မဟုတ်ဘဲ အချိုးအစားနှင့် ပုံသဏ္ဍာန် မမှန်ကန်သည့် ရုပ်ထုအချို့ကိုသာ ပြန်လည်စိစစ်နေခြင်းဖြစ်။
၁၉၆၂ ခုနှစ် သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ်မော်ကွန်းဥပဒေအရ (၂၀၁၆ ခုနှစ်မှစ၍ မြို့နယ် ၁၀၀ ကျော်တွင်) စနစ်တကျ စိစစ်ဆောင်ရွက်နေခြင်း ဖြစ်။
🎯 အဓိက ရည်ရွယ်ချက်များ
▪️ ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်ဂုဏ်သိက္ခာကို အလေးထား ထိန်းသိမ်းမြှင့်တင်ရန်။
▪️အထိမ်းအမှတ်ရုပ်ထုများအား ဂုဏ်သိက္ခာနှင့် လျော်ညီစွာ ထားရှိနိုင်ရေးနှင့် အရိုအသေမဲ့သလို မဖြစ်စေရန်။
▪️နောင်လာနောက်သားများအနေဖြင့် မြန်မာ့သမိုင်းအမွေအနှစ်၊ သမိုင်းတန်ဖိုးနှင့် အစဉ်အလာများကို မှန်ကန်သင့်လျော်သည့် ပုံစံဖြင့် ဆက်လက်လေ့လာ ထိန်းသိမ်းနိုင်ရန်။
9 288
◾နယူးဒေလီမှာ ၂၃ ကြိမ်မြောက် အိန္ဒိယ-မြန်မာ အမျိုးသားအဆင့်အစည်းအဝေးတစ်ရပ် ကို ၂ ရက်ကြာကျင်းပခဲ့တယ်။ နှစ်နိုင်ငံရဲ့ရည်မှန်းချက်နဲ့ လိုလားချက်ကို ချိန်ဆကြည့် လိုက်တဲ့အခါ…ရှမ်းမြောက်ထက်တော့ ပိုပြီး ပွင့်လင်းမြင်သာမှုရှိတာ မြင်ရတယ်။ ဥပမာ- နယ်စပ်ဒေသမှာ လက်နက်ကိုင်အကြမ်းဖက်မှု လာလုပ်တဲ့ အဖွဲ့အစည်းတွေကို အိန္ဒိယ ဘက်က တာဝန်ရှိရှိ၊ သိသိနဲ့ ဖမ်းဆီးပေးတာမျိုးရှိတယ်။ ဒါက နယ်စပ်ဒေသကို တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အလေးထားပုံခြင်းကွာတယ်လို့ပြောလို့ရတယ်။
-----
◾နှစ်နိုင်ငံစလုံးမှာ လိုလားချက်နဲ့ရည်မှန်းချက်တွေ အသီးသီးရှိကြတယ်။ အိန္ဒိယအတွက် ဆိုရင်…မီဇိုရမ်နဲ့ မဏိပူရက ဗဟိုအစိုးရအတွက် အမြဲလိုလိုစိတ်ပူရတဲ့ ပြည်နယ်တွေလို့ ပြောလို့ရတယ်။ ကသည်းလက်နက်ကိုင်တွေရှိတယ်။ ဒီပြည်နယ်တွေကို လွတ်မြောက်ဖို့ ဆိုတဲ့ လက်နက်ကိုင်ပဋိပက္ခတွေရှိတယ်။ အိန္ဒိယရဲ့ နယ်ခြားစောင့်တွေကိုလည်း လစ်ရင် လစ်သလို ခြုံခိုတိုက်တာမျိုးရှိတယ်။ ဒီတော့…အိန္ဒိယက ဒီဒေသတွေကို တည်ငြိမ်မှု လိုချင်တယ်။ မြန်မာနယ်စပ်မှာ အခြေချပြီး လှုပ်ရှားတာမျိုးလက်မခံလိုဘူး။ ဒါ့ကြောင့်လည်း ခုအစည်းအဝေးမှာ ကြိုတင်ကာကွယ်ရေးနဲ့ သတင်းအခြေပြုပူးပေါင်း ဆောင်ရွက် ရေးဆိုတာမျိုး ခေါင်းစဉ်တပ်ဆွေးနွေးလာတာ မြင်ရတယ်။
------
◾အိန္ဒိယရဲ့ ရိုးသားမှုတစ်ခုက ကုလားတန်ဆိုတဲ့အကျိုးစီးပွားရှိနေတာတောင် အကြမ်း ဖက် AA ကို Proxy ပုံစံ မဆက်ဆံထားတာပဲ။ သူ့ရည်မှန်းချက်ကရှင်းတယ်။ ဗဟိုအစိုးရနဲ့ ပဲ တိုက်ရိုက်ဆက်ဆံမယ်ဆိုတာမျိုး။ ဒါပေမယ့် လိုအပ်ရင် ဖက်ဒရယ်ဆွေးနွေးပွဲတွေ၊ အတွေ့အကြုံတွေကို နိုင်ငံရေးပါတီတွေကိုဖိတ်ခေါ်ပြီး ဦးဆောင်တာမျိုးရှိတယ်။ ဒီလို ကြားနေရပ်တည်တာကြောင့်လည်း လက်ရှိ တမူးလမ်းကြောင်းကို တပ်မတော်က စိတ်ကြိုက် နယ်မြေရှင်းနိုင်တာမျိုးတွေ့ရတယ်။ ခုဆို ကလေးဝ-မုံရွာ-ယာကြီးလမ်းကြီး ပွင့်သွားပြီ။ ဒီလမ်းတွေကိုအဆင့်မြင့်ဖို့ (၅)နှစ်အတွင်းလုပ်ဆိုတဲ့ သမ္မတအမိန့်ညွှန်ကြား ချက်တွေ ထွက်လာတယ်။
-----
◾ဒီဆွေးနွေးပွဲမှာ အဓိက မြင်တာကတော့…နယ်စပ်လုံခြုံရေးအဆင့်ကို နှစ်နိုင်ငံ ထောက်လှမ်းရေးအချက်အလက်တွေကိုင်ပြီး ဖြေရှင်းမယ်။ ပြီးရင် အခြေခံအဆောက် အအုံနဲ့ ကုန်သွယ်ရေးကို အဆင့်မြှင့်တင်ပြီး ပထဝီနိုင်ငံရေးဟန်ချက်ညီမှုကို ချိတ်ဆက် အကောင်အထည်ဖော်မယ်ဆိုတာမျိုး မြင်ရတယ်။ ဆက်စပ်တွေးမိတာက ရှမ်းမြောက် အရေးမှာ တစ်ဖက်နိုင်ငံကသာ ဒီလိုကြားနေရပ်တည်ပေးရင်…တပ်မတော်လည်း စိတ်ကြိုက်စစ်ဆင်နိုင်မယ်လို့ တွေးမိတယ်။ ကြည့်ရတာ…တစ်ဖက်ကလည်း အပြည့်အဝ မယုံသေးဘူးထင်ရဲ့။ တကယ်တော့ အတိတ်ကာလမှာ ဗကပ ဘယ်လို ပျက်သုန်းရသလဲ ဆိုတဲ့ သင်ခန်းစာတွေကောင်းကောင်းရှိပါတယ်။ တစ်ဖက်နိုင်ငံကသာ ပြတ်ပြတ်သားသား တစ်ချက် ယိမ်းရင်…CMEC ဆိုတာ ဒီနေ့လုပ်ချင်၊ ဒီနေ့ စနိုင်ပါလိမ့်မယ်။
(နရီမိုး)
9 288
+5
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယ - မြန်မာ - ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမစီမံကိန်းနှင့်
ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် အမှာစကားပြောကြားချက်မှကောက်နုတ်ချက်
#speech
9 288
+4
မင်းလက်ပံဘက်မှာတော့ ငပွေးနဲ့ ပဒပ်တွေအခြေအနေကတော့ မြင်တဲ့အတိုင်းပဲ...
ဗမာ PDF တွေအနေနဲ့ အမြန်ဆုံးအလင်းဝင်ကြပါ
9 288
အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်းနှင့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပိုဆောင်ရေးစီမံကိန်းများကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ကာ ၅ နှစ်အတွင်း ပြီးစီးနိုင်ရေး ဆောင်ရွက်သွားရန် နိုင်ငံတော်သမ္မတ လမ်းညွှန်မှာကြား
9 288
DKBA အနေဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့် မပတ်သက်ရန် တိုက်တွန်း
+++++
အွန်လိုင်းလိမ်လည်မှုများကို တိုက်ဖျက်ရာတွင် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) အနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ပြီး အဆိုပါ လိမ်လည်မှုလုပ်ငန်းများတွင် DKBA အနေဖြင့် ပါဝင်ပတ်သက်မှု မရှိစေရန် လိုလားကြောင်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားခဲ့သည်။
ဇူလိုင် ၉ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် DKBA တို့ တွေ့ဆုံဆွေးနွေးပွဲ၌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဒေသတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် လုပ်ငန်းများကို မျိုးဆက်သစ်များအတွက် ဆက်လက်ဖော်ဆောင်ပေးရန် လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
DKBA စစ်ဦးစီးချုပ် စောရွှေဝကလည်း နယ်မြေတည်ငြိမ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ပဋိပက္ခကာလများအတွင်း ဘက်မလိုက်ဘဲ ကြားနေသည့် မူဝါဒဖြင့် သဟဇာတဖြစ်ရေးကို တည်ဆောက်ခဲ့ကြောင်း ပြောဆိုခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲတွင် နယ်မြေတည်ငြိမ်ရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရေးအတွက် အစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက်ရေး၊ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး၊ အကြမ်းဖက်အဖွဲ့များ နယ်မြေအတွင်း မရှိစေရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ဆုံဆည်းမြိုင်-ဝေါလေ-ကျောက်ခက်ဒေသရှိ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ကျောင်းအဆင့်မြှင့်တင်ရေး၊ ပြဋ္ဌာန်းစာအုပ်များ ထောက်ပံ့ပေးရေး၊ ဆရာဆရာမများ ဖြည့်ဆည်းပေးရေးတို့အပြင် ဒေသတွင်း ဖြစ်ပွားနေသည့် ငှက်ဖျားနှင့် တုပ်ကွေးရောဂါများ ကာကွယ်ကုသနိုင်ရန် ဆေးဝါးများ ထောက်ပံ့ပေးရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အလားတူ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်စေရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရေးတို့ကိုလည်း နှစ်ဖက်အဖွဲ့များက ဆွေးနွေးခဲ့ကြသည်။
9 288
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်( DKBA) တို့ တွေ့ဆုံဆွေးနွေး
9 288
+4
တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကိုသာမက နိုင်ငံတော်တည်ဆောက်ရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများတွင်လည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပြောကြား
+++++
နိုင်ငံတော်အနေဖြင့် သစ်တောဖုံးလွှမ်းမှု သိသာထင်ရှားစွာတိုးလာစေရန် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကိုသာမက နိုင်ငံတော်တည်ဆောက်ရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများတွင်လည်း တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး က ဇူလိုင်လ ၂ ရက်တွင် ၂၀၂၆ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
9 288
ဘားအံမြို့၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဆုချီးမြှင့်
+++++
ကရင်ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဆုချီးမြှင့်ပွဲကို ဇူလိုင် ၈ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့နယ်၊ အိန္ဒုကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ဦးစွာ ခနိမ်းဒိုအခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းသား၊ကျောင်းသူများက မြန်မာပြည်မှာစာပေ ပဒေသာဝေဆာစေသီချင်းဖြင့် ကပြဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များကအလယ်တန်း အဆင့်စာစီစာကုံးပြိုင်ပွဲ၊ မူလတန်းအဆင့်ကဗျာရွတ်ပြိုင်ပွဲ၊ အလယ်တန်းအဆင့်ပန်းချီပြိုင်ပွဲ၊ အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ၊ အထက်တန်းအဆင့်ကျပန်းစကားပြောပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဋ္ဌိ(Kahoot Quiz)ပြိုင်ပွဲတို့တွင် ဆုရရှိကြသူများကိုလည်းကောင်း၊ စာပေဟောပြောပွဲတွင် ပါဝင်ဆွေးနွေးဟောပြောပေးကြသော စာရေးဆရာ၊ စာရေးဆရာမများကို ကိုလည်းကောင်း၊ အကဲဖြတ်ဒိုင်များကို လည်းကောင်း ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပြိုင်ပွဲများတွင် ပထမဆုရရှိကြသူများက ပြန်လည်ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ဘုရားကုန်းအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မှ ကျောင်းသား၊ကျောင်းသူများက မင်္ဂလာပါသီချင်းဖြင့်လည်းကောင်း၊ လွန်းညအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများ ပန်းတိုင်းပွင့်ပါစေသီချင်းဖြင့်လည်းကောင်း သီဆိုကပြဖျော်ဖြေ တင်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဆုချီးမြှင့်ပွဲသို့တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ဆရာ၊ဆရာမများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
9 288
+2
ဘားအံမြို့၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဆုချီးမြှင့်
