en
Feedback
NUG Myanmar

NUG Myanmar

Open in Telegram

National Unity Government

Show more

📈 Analytical overview of Telegram channel NUG Myanmar

Channel NUG Myanmar (@nugmyanmar) in the Burmese language segment is an active participant. Currently, the community unites 14 748 subscribers, ranking 3 711 in the Politics category and 8 940 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 14 748 subscribers.

According to the latest data from 06 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -290 over the last 30 days and by -7 over the last 24 hours, overall reach remains high.

  • Verification status: Verified (Officially confirmed by Telegram)
  • Engagement rate (ER): The average audience engagement rate is 5.14%. Within the first 24 hours after publication, content typically collects 2.28% reactions from the total number of subscribers.
  • Post reach: On average, each post receives 758 views. Within the first day, a publication typically gains 337 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 9.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
National Unity Government

Thanks to the high frequency of updates (latest data received on 07 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Politics category.

14 748
Subscribers
-724 hours
-637 days
-29030 days
Posts Archive
photo content
+1

photo content
+9

အမျိုးသားညီညွတ်ရေးအစိုးရ စစ်ဘက်ဆိုင်ရာ သူရဲကောင်း ဘွဲ့၊ ဆု နှင့် တံဆိပ်ချီးမြှင့်ပွဲအခမ်းအနားကျင်းပ ၂၀၂၆ ခုနစ်၊ စက်တင်ဘာလ (၇) ရက် တော်လှန်ရေး (၅) နှစ်တာ ကာလအတွင်း အသက်၊ ခန္ဓာ နှင့် ကိုယ်ကျိုးစီးပွားများကို မငဲ့ကွက်ဘဲ စစ်ရေးတာဝန်များ ရဲဝံ့စွာ စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့ကြသည့် သူရဲကောင်းများကို ချီးကျူးဂုဏ်ပြုသည့် အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်တည်ထောင်ခြင်း (၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်ဘက်ဆိုင်ရာ သူရဲကောင်း ဘွဲ့၊ ဆု နှင့် တံဆိပ်များကို အမျိုးသားညီညွတ်ရေးအစိုးရက ချီးမြှင့်အပ်နှင်းခဲ့ပါသည်။ စစ်ဘက်ဆိုင်ရာ သူရဲကောင်း ဘွဲ့၊ ဆု နှင့် တံဆိပ်ချီးမြှင့်ပွဲ အခမ်းအနားကို ပြည်သူ့ခုခံတွန်းလှန်စစ် (၅) နှစ်မြောက်နေ့ဖြစ်သော ယနေ့ ၂၀၂၆ ခုနှစ် စက်တင်ဘာလ (၇) ရက် သမိုင်းဝင်နေ့တွင် အွန်လိုင်း နှင့် မြေပြင် (၂)မျိုးပေါင်းစပ်ပြုလုပ်ခဲ့ခြင်းဖြစ်ကာ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အမှူးပြုသော အစိုးရ တာဝန်ရှိသူများ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီမှ အဖွဲ့ဝင်များ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှ ခေါင်းဆောင်များ၊ ဖက်ဒရယ်ယူနစ်အစိုးရ နှင့် ဖက်ဒရယ်လွှတ်တော်များမှ တာဝန်ရှိသူများ၊ မဟာမိတ်တော်လှန်ရေး အဖွဲ့အစည်းများ၊ မဟာမိတ်တပ်ဖွဲ့ဝင်များ နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDO) တို့မှ တပ်မှူးများ၊ ရဲဘော်များ စုစုပေါင်း (၃၀၀) ကျော် တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားကို ပြည်သူ့တော်လှန်ရေးအလံတော်အား အလေးပြုခြင်းဖြင့် နံနက် (၁၀) နာရီ တွင် စတင်ခဲ့ပြီး နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ က အဖွင့်အမှာစကားပြောကြားခြင်း၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် က ဆုတံဆိပ်ဖြစ်ပေါ်လာခြင်း နှင့် ပေးအပ်ရန် သတ်မှတ်ချက်များအား ရှင်းလင်းပြောကြားခြင်း၊ ပြည်သူ့တော်လှန်ရေးဂုဏ်ဆောင်ဘွဲ့အား နိုင်ငံတော် ယာယီသမ္မတကြီး ဒူဝါလရှီးလက ပေးအပ်ချီးမြှင့်ခြင်း၊ ပြည်သူ့သားကောင်းဆု ကို ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ပေးအပ်ခြင်းချီးမြှင့်ခြင်း၊ ပြည်သူ့တော်လှန်ရေးသူရဲကောင်းဘွဲ့ကို ပြည်ထောင်စု ဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး က ပေးအပ်ချီးမြှင့်ခြင်း၊ ပြည်သူ့ဇာနည်ဆုကို ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပေးအပ်ချီးမြှင့်ခြင်း၊ ပြည်သူ့သားကောင်းဆု ကို ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ် က ပေးအပ်ချီးမြှင့်ခြင်း၊ တော်လှန်ရေးအမှုထမ်းကောင်း တံဆိပ်ကို ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး နိုင်ကောင်းရွက် က ပေးအပ်ချီးမြှင့်ခြင်း၊ ဘွဲ့တံဆိပ်ရရှိသည့် ရဲဘော်များ ကိုယ်စား မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းမှ တပ်ရင်းမှူး ရဲဘော် ပျားအုံက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခြင်း၊ ဘွဲ့တံဆိပ် ရရှိသည့် ကျဆုံးရဲဘော်များ၏ မိသားစုဝင်များကိုယ်စား မသဇင်ညွန့်အောင်က ကျေးဇူးတင်စကားပြောကြားခြင်း၊ ဦးမင်းကိုနိုင်က ရဲဘော်များအား အားပေးစကား နှင့် ဂုဏ်ပြုစကား ပြောကြားခြင်း၊ ပြည်ထောင်စု ဝန်ကြီးချုပ်က ဘွဲ့၊ ဆု၊ တံဆိပ် ရရှိခဲ့ကြသော ရဲဘော်များကို ချီးကျူး ဂုဏ်ပြုစကား နှင့် နိဂုံးချုပ်စကားပြောကြားခြင်းတို့ ပြုလုပ်ခဲ့ကြပါသည်။ ပြည်သူ့တော်လှန်ရေး ဂုဏ်ဆောင်ဘွဲ့ (Honor of People's Revolution/HPR)၊ ပြည်သူ့တော်လှန်ရေး သူရဲကောင်းဘွဲ့ (Legend of People's Revolution/LPR)၊ ပြည်သူ့ဇာနည်ဆု (People’s Medal for Noble Service/PMNS)၊ ပြည်သူ့သားကောင်းဆု (People’s Medal for Loyal Service/PMLS)၊ တော်လှန်ရေးအမှုထမ်းကောင်းတံဆိပ် (Badge of Revolutionary Service - BRS) တို့ကို ချီးမြှင့်ခဲ့ကာ HPR ဘွဲ့ ရရှိသူ (၁) ဦး၊ LPR ဘွဲ့ ရရှိသူ (၂၁) ဦး၊ PMNS ဆု ရရှိသူ (၁၆၄၇) ဦး၊ PMLS ဆု ရရှိသူ (၈၁) ဦး၊ BRS တံဆိပ် ရရှိသူ (၄၂) ဦး ရှိပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ စစ်ဘက်ဆိုင်ရာ သူရဲကောင်း ဘွဲ့၊ ဆု နှင့် တံဆိပ် ချီးမြှင့်ခံရသူ စုစုပေါင်း (၁,၇၉၂) ဦး အထိ ရှိကာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မှ (၁,၄၄၂) ဦး၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDO) မှ (၃၂၄) ဦးနှင့် မဟာမိတ်တော်လှန်ရေး အဖွဲ့အစည်းများမှ ၂၆ ဦးတို့ ပါဝင်ပြီး ဘွဲ့၊ ဆု ၊တံဆိပ်ချီးမြှင့်ခံရသူများထဲမှာ စစ်ဒေသ၊ တပ်မ၊ တပ်ရင်း၊ တပ်ဖွဲ့အလိုက် ချီးမြှင့်မှု (၄၅) ဖွဲ့ပါဝင်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ သူရဲကောင်း ဆု၊ ဘွဲ့ နှင့် တံဆိပ်ချီးမြှင့်ခြင်း အစီအစဉ်ကို နှစ်စဉ်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ

photo content
+1

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ www.nugmyanmar.org ပြည်သူ့ကာကွယ်ရေးတပ်မတော် တည်ထောင်ခြင်း (၅) နှစ်ပြည့် အထိမ်းအမှတ် စစ်ဘက်ဆိုင်ရာသူရဲကောင်းဘွဲ့၊ ဆု နှင့် တံဆိပ်ချီးမြှင့်ခြင်းဆိုင်ရာ သတင်းထုတ်ပြန်ချက် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၇) ရက် ပြည်သူ့တော်လှန်ရေးတွင် စစ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထူးခြားကျေပွန် အောင်မြင်စွာ ထမ်းဆောင်ခဲ့ကြသည့် ရဲဘော်များ၏ ပေးဆပ်မှု၊ စွန့်လွှတ်မှုနှင့် အမှုထမ်းဆောင်မှုတို့ကို အလေးအမြတ် ပြုလျက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တည်ထောင်ခြင်း (၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆု နှင့် တံဆိပ်များ ချီးမြှင့် အပ်နှင်းရခြင်း ဖြစ်ပါသည်။ ဤစစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆု နှင့် တံဆိပ်များသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ အမြင့်ဆုံး အသိအမှတ်ထား ဂုဏ်ပြုချီးမြှင့်မှုဖြစ်ပြီး အောက်ပါ ဘွဲ့၊ ဆုနှင့်တံဆိပ် (၅)မျိုးကို ချီးမြှင့်ပေးအပ်ခဲ့ပါသည်။ (၁) ပြည်သူ့တော်လှန်ရေး ဂုဏ်ဆောင်ဘွဲ့ (Honor of People's Revolution- HPR) (၂) ပြည်သူ့တော်လှန်ရေး သူရဲကောင်းဘွဲ့ (Legend of People's Revolution-LPR) (၃) ပြည်သူ့ဇာနည်ဆု (People's Medal for Noble Service-PMNS) (၄) ပြည်သူ့သားကောင်းဆု (People's Medal for Loyal Service-PMLS) (၅) တော်လှန်ရေးအမှုထမ်းကောင်းတံဆိပ် (Badge of Revolutionary Service - BRS) ပြည်သူ့တော်လှန်ရေးဂုဏ်ဆောင်ဘွဲ့ (HPR) ချီးမြှင့်ခံရသူ (၁) ဦး၊ ပြည်သူ့တော်လှန်ရေး သူရဲကောင်းဘွဲ့ (LPR) ချီးမြှင့်ခံရသူ (၂၁) ဦး၊ ပြည်သူ့ဇာနည်ဆု (PMNS) ချီးမြှင့်ခံရသူ (၁၆၄၇) ဦး၊ ပြည်သူ့သားကောင်းဆု (PMLS) ချီးမြှင့်ခံရသူ (၈၁) ဦး၊ တော်လှန်ရေးအမှုထမ်းကောင်းတံဆိပ် (BRS) ချီးမြှင့်ခံရသူ (၄၂) ဦး စုစုပေါင်း ဘွဲ့ နှင့် ဆုတံဆိပ်ချီးမြှင့်ဂုဏ်ပြုခံရသူ (၁၇၉၂) ဦး ရှိပါသည်။ ဤဘွဲ့၊ ဆု နှင့် တံဆိပ်ချီးမြှင့်ရေး လုပ်ငန်းစဉ်တွင် ပထမအဆင့်အဖြစ် အဆိုပြုလွှာများကို ကွပ်ကဲမှု အဆင့်အလိုက် စိစစ်တင်ပြခဲ့ပါသည်။ ဒုတိယအဆင့်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာန အတွင်း ကနဦး စိစစ်ရွေးချယ်မှုကို ဆောင်ရွက်ခဲ့ပါသည်။ တတိယအဆင့်အဖြစ် အမျိုးသားညီညွတ် ရေးအစိုးရ “စစ်ဘက်ဆိုင်ရာသူရဲကောင်းဘွဲ့၊ဆု၊တံဆိပ်စိစစ်ရွေးချယ်ရေးကော်မတီ” က ကာကွယ်ရေးဝန်ကြီးဌာန၏ ကနဦး စိစစ်ရွေးချယ်မှုအပေါ် ထပ်ဆင့်စိစစ်၍ အတည်ပြုရွေးချယ် ချီးမြှင့်ခဲ့ခြင်း ဖြစ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနှင့် တံဆိပ် ချီးမြှင့်ခြင်းအစီအစဉ်ကို နှစ်အလိုက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။ မှတ်ချက်။ ၂၀၂၆ ခုနှစ် စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနှင့် တံဆိပ်ချီးမြှင့်အပ်နှင်းခံရသူ စာရင်း ကို ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ

photo content
+1

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ www.nugmyanmar.org ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) ၏ ဥက္ကဋ္ဌ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၏အထွေထွေအတွင်းရေးမှူး၊ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ အတွင်းရေးမှူးအဖွဲ့ဝင် ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာ ၂၀၂၆ ခုနှစ်၊ သြဂုတ်လ (၃၀) ရက် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ အထွေထွေအတွင်းရေးမှူး၊ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) ၏ ဥက္ကဋ္ဌနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ အတွင်းရေးမှူးအဖွဲ့ဝင်ဖြစ်သူ ဦးအောင်ဆန်းမြင့်သည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၃၀) ရက်၊ မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီ ၄၃ မိနစ်တွင် ကွယ်လွန်အနိစ္စ ရောက်ရှိသွားကြောင်း ကြားသိရသည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကျန်ရစ်သူ မိသားစုဝင်များ၊ ကရင်နီပြည်သူတရပ်လုံးနှင့်အတူ ထပ်တူထပ်မျှ အထူးဝမ်းနည်းကြေကွဲရပါသည်။ ဦးအောင်ဆန်းမြင့်သည် ကရင်နီလူမျိုးတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူညီမျှရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးတို့အတွက် မဆုတ်မနစ်သော ဇွဲလုံ့လ၊ ခိုင်မာသော နိုင်ငံရေးယုံကြည်ချက်တို့ဖြင့် ဘဝတစ်သက်တာလုံး ပေးဆပ်စတေးကာ တစိုက်မတ်မတ် ကြိုးပမ်း အားထုတ်ခဲ့သော ခေါင်းဆောင်တစ်ဦး ဖြစ်ပါသည်။ တော်လှန်ရေးခရီးကြမ်းတစ်လျှောက် ကရင်နီပြည်၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ အုတ်မြစ်များကို စနစ်တကျချမှတ်ပေးခဲ့ပြီး နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍများတွင် ရှေ့တန်းမှ မားမားမတ်မတ် ရပ်တည်ကာ တော်လှန်‌ရေး အင်အားစုများအကြား ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်နိုင်ရန် စွမ်းစွမ်းတမံ ကြိုးပမ်းခဲ့သည့် ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်ပါသည်။ ယခုကဲ့သို့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရေးအတွက် အရေးပါလှသော တော်လှန်ရေး အချိုးအကွေ့ကာလတွင် နိုင်ငံရေး အမြော်အမြင်ကြီးမားပြီး ရင့်ကျက်တည်ကြည်ကာ သဘောထားပြည့်ဝသည့် တိုင်းရင်းသား ခေါင်းဆောင်ကြီးတစ်ဦးအား ဆုံးရှုံးလိုက်ရခြင်းသည် ကရင်နီလူမျိုးများအတွက်သာမက မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ တော်လှန်ရေးအင်အားစု တရပ်လုံးနှင့် ပြည်သူလူထုအတွက်ပါ အစားထိုး မရနိုင်သော ကြီးမားလှသည့် ဆုံးရှုံးမှုကြီးတစ်ရပ် ဖြစ်ပါသည်။ ဦးအောင်ဆန်းမြင့်၏ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ သတ္တိနှင့် ခိုင်မာသော နိုင်ငံရေးခံယူချက်များမှာ တော်လှန်ရေးအင်အားစုများ အားလုံးအတွက် အစဉ်အမြဲ လေးစားအတုယူဖွယ် ကမ္ပည်းတင်ကျန်ရစ်နေမည် ဖြစ်ပါသည်။ ဦးအောင်ဆန်းမြင့်၏ ခိုင်မာသော နိုင်ငံရေးသန္နိဋ္ဌာန်များ၊ မျှော်မှန်းချက်များနှင့် မပြီးဆုံးသေးသော တော်လှန်ရေးတာဝန်များကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဆက်လက် တာဝန်ယူကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေးနှင့် တိုင်းရင်းသားအားလုံး တန်းတူညီမျှမှု ရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကြီး ပေါ်ထွန်းလာသည်အထိ တိုင်းရင်းသားပြည်သူ တရပ်လုံးနှင့် အတူလက်တွဲ၍ မမှိတ်မသုန် ဆက်လက်တိုက်ပွဲဝင် သွားမည်ဖြစ်ပါကြောင်း ကတိပြုရင်း ကွယ်လွန်သူ ဦးအောင်ဆန်းမြင့် ခရစ်တော်၌ ငြိမ်းချမ်းစွာ အိပ်ပျော်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလျက် ဤဝမ်းနည်းကြောင်း သဝဏ်လွှာကို ပေးပို့အပ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ

photo content
+1

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) www.scefdu.org ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) ၏ ဥက္ကဋ္ဌ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ အထွေထွေအတွင်းရေးမှူး ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ထုတ်ပြန်သည့် ဝမ်းနည်းကြောင်း သဝဏ်လွှာ ၂၀၂၆ ခုနှစ်၊ သြဂုတ်လ (၃၀) ရက် ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)၏ ဥက္ကဋ္ဌ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ အထွေထွေအတွင်းရေးမှူး ဖြစ်သူ ဦးအောင်ဆန်းမြင့်သည် ၂၀၂၆ ခုနှစ်၊ သြဂုတ်လ (၃၀) ရက် (တနင်္ဂနွေနေ့) မွန်းလွဲ (၂) နာရီခွဲခန့်တွင် ကွယ်လွန်သွားကြောင်း သတင်းကို ကြားသိရသည့်အတွက် ကရင်နီပြည်သူများ၊ ၎င်း၏ လုပ်ဖော်ကိုင်ဖက်များ၊ ကျန်ရစ်သူမိသားစုဝင်များနှင့်အတူ ထပ်တူထပ်မျှ အထူးပင် ဝမ်းနည်းကြေကွဲရပါသည်။ ဦးအောင်ဆန်းမြင့်သည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) တွင် အတွင်းရေးမှူးအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ကာ ၎င်း၏နောက်ဆုံးအချိန်အထိ ကရင်နီ ပြည်သူများ၏ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးတို့အတွက်သာမက၊ တိုင်းရင်းသား ပြည်သူတရပ်လုံး လိုလားတောင့်တနေသည့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးအတွက်ပါ အသက်သွေးချွေးနှင့်အမျှ ပေးဆပ်ခဲ့သူဖြစ်ပါသည်။ ဦးအောင်ဆန်းမြင့်၏ မယိမ်းမယိုင်သော ယုံကြည်ချက်၊ ခိုင်မာပြတ်သားသော ခံယူချက်များဖြင့် ဦးလည်မသုန် ကြိုးပမ်းထမ်းရွက်ခဲ့မှုများကို မိမိတို့အနေဖြင့် အစဉ်အမြဲ လေးစားဦးညွှတ်လျက် တန်ဖိုးထား အမှတ်ရနေမည်ဖြစ်ပါသည်။ ယခုကဲ့သို့ တိုင်းပြည်နှင့် လူမျိုးအတွက် အရေးပါသော ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးအောင်ဆန်းမြင့် ကွယ်လွန်သွားခြင်းသည် ကရင်နီအမျိုးသားရေးလှုပ်ရှားမှုများအတွက်သာမက၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးပေါ်ထွန်းလာရေး အတွက် ကြိုးပမ်းလျက်ရှိသော မိမိတို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) အတွက် ကြီးစွာသော ဆုံးရှုံးမှုတစ်ခုအဖြစ် ကမ္ဗည်းမော်ကွန်းတင်အပ်ပါသည်။ ဦးအောင်ဆန်းမြင့် ကောင်းရာသုဂတိ၌ ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလျက် ဤဝမ်းနည်းကြောင်းသဝဏ်လွှာကို လေးနက်စွာ ထုတ်ပြန်အပ်ပါသည်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF) #SCEF

photo content
+2

Record of Airstrikes Conducted by the Terrorist Military Junta Against Civilian Populations During Ongoing Flooding ************************************************ According to data collected from August 8 to August 23, 2026, ground-level information reveals that the terrorist military junta carried out a total of 239 airstrikes across 11 regions in Myanmar while the population was suffering from severe flooding. During these airstrikes, a total of 88 innocent civilians lost their lives, and 157 people sustained injuries. A total of 15 buildings were damaged or destroyed, including 10 religious structures and 3 schools. Data gathered between August 8 and August 23 shows that Sagaing Region experienced up to 60 airstrikes across 14 townships, resulting in 59 injuries and 37 innocent civilian fatalities. Detailed breakdowns of damaged structures and airstrike incidents by township can be viewed in the tables provided below. This statement is issued as an official record of the war crimes committed by the terrorist military junta, which continues to launch airstrikes on townships such as Wetlet, Khin-U, and Kanbalu where civilians are already suffering from the effects of severe flooding. National Unity Government

photo content
+2

"ရေဘေးအန္တရာယ် ကြုံတွေ့နေရစဉ်အတွင်း အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများအပေါ် လေ​ကြောင်း တိုက်ခိုက်မှု မှတ်တမ်း " ************************************************ ၂၀၂၆ ခုနှစ် ၊ သြဂုတ်လ( ၈ )ရက်မှ (၂၃) ရက်နေ့ထိ ကောက်ယူရရှိထားသော အချက်အလက်များအရ ရေဘေးအန္တရာယ် ကြုံတွေ့ နေရစဉ်အတွင်း အကြမ်းဖက်စစ်အုပ်စုက မြန်မာနိုင်ငံရှိဒေသ (၁၁) ခုတွင် လေကြောင်းတိုက်ခိုက်မှု အကြိမ်အရေအတွက် စုစုပေါင်း (၂၃၉ )ကြိမ် ဖြစ်တာကို မြေပြင်သတင်းအချက်များကောက်ယူရရှိခဲ့ပါသည်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုများအတွင်း သေဆုံးသွားတဲ့ အပြစ်မဲ့အရပ်သားပြည်သူစုစုပေါင်း အရေအတွက်မှာ (၈၈ )ယောက်အထိ ရှိခဲ့ပြီး ဒဏ်ရာရရှိသူ (၁၅၇ )ယောက်ရှိခဲ့ပါသည်။ ဘာသာရေးအဆောက်အအုံ (၁၀) ခု၊ စာသင်ကျောင်း ( ၃ ‌)ကျောင်းအပါအဝင် အဆောက်အအုံစုစုပေါင်း (၁၅ )ခု ပျက်စီး ဆုံးရှုံးသွားပါသည်။ ယခု သြဂုတ်လ ၈ ရက်မှ ၂၃ ရက်နေ့ထိ ကောက်ယူရရှိထားသော အချက်အလက်များ အရ စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ် (၁၄) မြို့နယ်တွင် လေကြောင်းတိုက်ခိုက်ခံရမှု အကြိမ်အရေတွက် (၆၀ )အထိရှိခဲ့ပြီး ၊ ဒဏ်ရာရရှိသူ (၅၉) ဦးရှိပြီး ၊ အပြစ်မဲ့အရပ်သားပြည်သူသေဆုံးမှုပေါင်း (၃၇) ဦးထိရှိခဲ့ပါသည်။ ပျက်စီးသည့် အဆောက်အအုံများ နှင့် မြို့နယ် အလိုက်လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်များ ကို အောက်ဖေါ် ပြပါ ဇယားများတွင်အတိအကျကို ဆက်လက်ကြည့်ရှုနိုင်ပါသည်။ ရေဘေးကြောင့် ဒုက္ခရောက်နေသော ပြည်သူများနေထိုင်ရာ မြို့နယ်များဖြစ်သည့် ဝက်လက် ၊ ခင်ဦး ၊ ကန့်ဘလူ စသည့်မြို့နယ် တို့တွင် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေသည့် အကြမ်းဖက်စစ်တပ်၏ ကျူးလွန်သော စစ်ရာဇဝတ်မှုများကို မှတ်တမ်း အဖြစ် သတင်းထုတ်ပြန်အပ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ

photo content
+1

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ www.nugmyanmar.org ရိုဟင်ဂျာပြည်သူများ ရက်စက်ကြမ်းကြုတ်စွာ အကြမ်းဖက်ခံခဲ့ရမှု နဝမမြောက်နှစ်ပတ်လည်နေ့ ထုတ်ပြန်ကြေညာချက် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၅) ရက် လွန်ခဲ့သော ၂၀၁၇ ခုနှစ်၊ သြဂုတ်လတွင် အကြမ်းဖက်စစ်အုပ်စုက ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်စွာ အကြမ်းဖက်ပြီး ကြီးလေးသော ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည့် ဖြစ်စဉ်မှာ ယခုဆိုလျှင် (၉) နှစ်တိုင်ခဲ့ပြီ ဖြစ်ပါသည်။ ဤနဝမမြောက် နှစ်ပတ်လည်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ထပ်တူထပ်မျှ နက်ရှိုင်းစွာ ဝမ်းနည်း ကြေကွဲရပါကြောင်းနှင့် တရားမျှတမှုအတွက် အခိုင်အမာ ဆက်လက် ရပ်တည်လျက်ရှိပါကြောင်း ထပ်လောင်း ကတိပြုအပ်ပါသည်။ ကိုးနှစ်တာကာလ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း အကြမ်းဖက်စစ်အုပ်စု၏ လူမဆန်သော ကျူးလွန်မှုများကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ရသည့် သိန်းနှင့်ချီသော ရိုဟင်ဂျာပြည်သူများ ယနေ့တိုင် နေရပ်ပြန်နိုင်ခြင်း မရှိသေးသည့်အခြေအနေများ၊ ဒုက္ခသည် စခန်းများတွင် ရင်ဆိုင်နေရသော ကျန်းမာရေးနှင့် ရှင်သန်ရပ်တည်ရေး အခက်အခဲများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် အထူးပင် စိုးရိမ်ပူပန်မိပါသည်။ အမျိုးသားညီညွတ်ရေး အစိုးရသည် "ရိုဟင်ဂျာမူဝါဒ" တစ်ရပ်ကို ထုတ်ပြန်ထားပြီးဖြစ်ကာ ၎င်းမူဝါဒနှင့်အညီ ခိုင်မာစွာ ရပ်တည် ဆောင်ရွက်လျက်ရှိပါသည်။ ယနေ့ပြည်သူ့နွေဦးတော်လှန်ရေးကာလတွင် အကြမ်းဖက်စစ်အုပ်စုသည် ၎င်းတို့၏ နိုင်ငံရေး၊ စစ်ရေး အကျပ်အတည်းများမှ ထွက်ပေါက်ရရန် ရိုဟင်ဂျာပြည်သူများအပါအဝင် တိုင်းရင်းသား ပြည်သူများကို အတင်းအဓမ္မ စစ်သားစုဆောင်းခြင်း၊ လူသားဒိုင်းအဖြစ် အသုံးချခြင်းတို့ကို လုပ်ဆောင်လျက်ရှိသည့်အပြင်၊ လူမျိုးရေးနှင့် ဘာသာရေး ပဋိပက္ခများ ဖြစ်ပေါ်စေရန် စနစ်တကျ သွေးခွဲလှုံ့ဆော်မှုများကိုပါ ဆောင်ရွက်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ ရခိုင်ပြည်သူများ၊ ရိုဟင်ဂျာ ပြည်သူများ အပါအဝင် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံးအနေဖြင့် စစ်အုပ်စု၏ သွေးခွဲမှုများကို သတိပြုရှောင်ရှားကာ အချင်းချင်း နားလည်မှု၊ ယုံကြည်မှု တည်ဆောက်ပြီး မြန်မာနိုင်ငံရှိ တိုင်းရင်းသား ပြည်သူတရပ်လုံး၏ အသက်အိုးအိမ် စည်းစိမ်၊ လူ့အခွင့်အရေးနှင့် ဘာသာရေး၊ ယဉ်ကျေးမှုများအပေါ် ခြိမ်းခြောက်ဖျက်ဆီးနေသည့် အဓိကတရားခံဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် စည်းလုံးညီညွတ်စွာ ပူးပေါင်းပါဝင်ကြရန် လေးနက်စွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေဖြင့်လည်း စစ်အုပ်စုအား သံတမန်ရေးအရသာမက လက်တွေ့ ကျသော အရေးယူမှုများ ပြုလုပ်ရန် အချိန်တန်နေပြီ ဖြစ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရသည် ရိုဟင်ဂျာပြည်သူများအပါအဝင် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော လူမျိုးစုအားလုံး၊ ဘာသာဝင်အားလုံးအပေါ် လူမျိုး၊ ဘာသာ၊ လိင်၊ အသားအရောင် ခွဲခြားမှုကင်းစင်ကာ တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အဝ အာမခံနိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကို ပြည်သူလူထုတရပ်လုံးနှင့်အတူ လက်တွဲ၍ မဆုတ်မနစ် ဆက်လက်တည်ဆောက်သွားမည်ဖြစ်ကြောင်း ဤ(၉)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် သဘောထား ထုတ်ပြန်အပ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ

photo content
+6

⁨⁩ ⁨အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း၊ တပ်ဖွဲ့များအား တပ်ရင်းထောက်ပံ့ပေးအပ်မှု အနှစ်ချုပ် ________________ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စတင်ဖွဲ့စည်းချိန်ကစပြီး ယနေ့အထိ တပ်ရင်းရိက္ခာနဲ့ အထွေထွေအသုံးစရိတ်ကို (၃၈) ကြိမ် အထိ ပေးပို့ခဲ့ပါတယ်။ ပို့ဆောင်ရာမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း / စစ်ကြောင်း (၃၆၀) ကျော်ကို ပေးပို့ခဲ့တာဖြစ်ပြီး (၃၆) ကြိမ်မြောက်ကစပြီး ပကဖ တိုက်ခိုက်ရေးတပ်ရင်းတွေကိုပါ တိုးချဲ့ ပေးအပ်ခဲ့ပါတယ်။ တပ်ရင်းထောက်ပံ့တကြိမ်ပေးအပ်ရင် ယခင်က ခန့်မှန်းအမေရိကန်ဒေါ်လာ ၉ သိန်းကျော် သုံးစွဲခဲ့ပြီး ၂၀၂၆ ခုနှစ်က စပြီး ၁.၃ သန်းအထိ တိုးမြှင့် သုံးစွဲလျက်ရှိပါတယ်။ စုစုပေါင်းတပ်ရင်းထောက်ပံ့စရိတ်တွေအားလုံးရဲ့ (၈၅%) ဖြစ်တဲ့ ခန့်မှန်းအမေရိကန်ဒေါ်လာ သန်း (၃၀) ကျော်ကို PRF ရဲ့ ၄၆ လတာကာလအတွင်း (၂၀၂၁ ဒီဇင်ဘာမှ - ၂၀၂၅ စက်တင်ဘာအထိ ) ထောက်ပို့တပ်သားများတာဝန်ထမ်းဆောင်ထားတဲ့ ဘဏ္ဍာငွေတွေထဲက ထုတ်နုတ်သုံးစွဲခဲ့တာဖြစ်ပါတယ်။ တပ်ရင်းရိက္ခာနှင့်အထွေထွေအသုံးစရိတ်အပြင် အခြားသောစစ်လက်နက်ပစ္စည်းဝယ်ယူရေး၊ ထုတ်လုပ်ရေး၊ ရိက္ခာနှင့်ဆေးဝါး၊ လေ့ကျင့်ရေး၊ စစ်ဆင်ရေးနှင့် မဟာမိတ်မျှဝေမှုများကိုလည်း ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုရန်ပုံငွေမှ ရရှိသော ရန်ပုံငွေများမှ မျှဝေသုံးစွဲလျက်ရှိပါတယ်။ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF မှာ တာဝန်ထမ်းဆောင်တဲ့ ထောက်ပို့ငွေများ ကာကွယ်ရေးဝန်ကြီးဌာနမှတဆင့် မြေပြင်ကို စနစ်တကျ စီးဆင်းမှုကို PRF ထောက်ပို့တပ်သားများ နဲ့ ပြည်သူလူထု သိရှိစေဖို့ အသိပေးတင်ပြအပ်ပါတယ်။ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြတဲ့ PRF ထောက်ပို့တပ်သားများကို လေးစားဂုဏ်ပြုအပ်ပါတယ်ခင်ဗျာ။ THANK YOU FOR YOUR "SERVICE" တာ၀န်ထမ်းဆောင်မှုအတွက် လေးစားပါတယ်။ လာပါ ငါတို့အတူတူရုန်းမယ်။ ထောက်ပို့တပ်သားအဖြစ် တာဝန်ထမ်းဆောင်လိုပါက - fb.me/prf4pdf m.me/prf4pdf Telegram မှ ဆက်သွယ်ရန် - t.me/prf4pdf နိုင်ငံတကာမှ ထောက်ပို့တပ်သားစုဆောင်းရေးမှူး Fundraiser များစာရင်း - https://www.facebook.com/share/p/1AVXcurWuE/ It’s not an option. It’s “Duty” Report your duty ! တော်လှန်ရေးထောက်ပို့တပ်သားတာဝန်ထမ်းဆောင်ရန် သတင်းပို့ပါ။ အရေးတော်ပုံ အောင်ရမည်။ #prf4pdf #လာပါငါတို့အတူတူရုန်းမယ် #ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRF #တနိုင်ငံလုံးPDFတကမ္ဘာလုံးPRF #ထောက်ပို့လစဥ်အောင်ပွဲဝင် #ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု #PeoplesRevolutionSupplyFamily #ထောက်ပို့PRF

▪️၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့ မှ ဩဂုတ်လ ၃၀ ရက်နေ့အထိ တစ်ပတ်အတွင်း မိုးလေဝသခန့်မှန်းချက်များကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ #SpringRevolution #WeatherForecast

photo content
+7

၂၀၂၆ခုနှစ်၊ သြဂုတ်လ (၂၄)ရက်နေ့မှ (၃၀)ရက်နေ့ထိ မိုးလေဝသ အခြေအနေ အလေးပေးတင်ပြချက်များ ယခုတစ်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး မြန်မာ့ကမ်းရိုးတန်းဒေသများနှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် အနောက်တောင် မုတ်သုံလေသည် အားကောင်းရာမှ အားအလွန်ကောင်းနိုင် ပါသည်။ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေ ပါသည်။ မိုးအခြေအနေမှာ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့်လည်းကောင်း၊ အနောက်တောင် မုတ်သုံလေ အားကောင်းနေသောကြောင့်လည်းကောင်း၊ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာသွန်းနိုင်ပါသည်။ (စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။) ယခုရက်သတ္တပတ်အတွင်း ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည့် အခြေအနေရှိပါသဖြင့် နောက်ဆက်တွဲ ရေကြီး ရေလျှံခြင်း၊ တောင်ကျချောင်းရေစီးဆင်းခြင်း၊ ကမ်းပါးပြိုမြေပြိုခြင်းနှင့် လျှပ်တစ်ပြက် ရေကြီး ခြင်းများ ဖြစ်ပေါ်နိုင်သည့်အတွက် အထူးသတိပြု နေထိုင်သင့်ပါသည်။ နေ့အလိုက်တစ်ပတ်စာ မိုးလေဝသအခြေအနေများကို ဆက်လက်တင်ပြသွားပါမည်။ #မိုးလေဝသသတင်း #WeatherForecast