cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

NUG Myanmar

National Unity Government

Show more
Advertising posts
11 141
Subscribers
+3624 hours
+2707 days
+92930 days

Data loading in progress...

Subscriber growth rate

Data loading in progress...

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ ဒီနှစ်အတွင်းမှာ အထူးအားစိုက်ကြရမယ့် ကဏ္ဍတွေအဖြစ် အုပ်ချုပ်ရေးကဏ္ဍ အပိုင်းကဆိုရင် အုပ်ချုပ်ရေးဖော်ဆောင်မှုလုပ်ငန်းစဥ်တွေ တရားဥပဒေစိုးမိုးရေး အခန်းကဏ္ဍ နဲ့ ဖက်ဒရယ်အစိုးရနဲ့ ပြည်နယ်အစိုးရတွေရဲ့ လုပ်ပိုင်ခွင့် ရှင်းရှင်းလင်းလင်း ဖြစ်နေစေဖို့ အရေးကြီးတယ်လို့ မြင်ပါတယ်။ ဒီကဏ္ဍ ၃ ရပ်လုံးကိုလည်း အားစိုက်ဆောင်ရွက်နေကြ တယ်လို့လည်း သိရပါတယ်။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ် ရေးဖော်ဆောင်မှု ဗဟိုကော်မတီရဲ့ အတွင်းရေးမှူးအဖွဲ့အနေနဲ့လည်း စိုးမိုးထိန်းချုပ်မြို့နယ်တွေ တစ်မြို့နယ် ချင်းစီ တွေ့ဆုံပြီး သုံးသပ်ချက်တွေ စတင်ပြုလုပ်နေကြပြီဖြစ်တာကြောင့် နောက် ဆက်တွဲ မြို့နယ်တစ်မြို့နယ်ချင်းစီရဲ့ လိုအပ်ချက်အလိုက် လုပ်ဆောင်ရမှာတွေကိုလည်း ဆက်လက် လုပ်ဆောင်သွားကြမယ်ဆိုရင် ပြည်သူ့အုပ်ချုပ် ရေး၊ ပြည်သူ့ကာကွယ်ရေး၊ ပြည်သူ့လုံခြုံရေး ယန္တရားလည်ပတ်မှုအပိုင်းမှာလည်း တိုးတက်မှု တွေရှိလာလိမ့်မယ်လို့ ထင်ပါတယ်။ ကျွဲကူးရေပါဆိုသလို မြို့နယ်တွေကို အသေးစိတ် လေ့လာသုံးသပ်ရင်း လိုအပ်နေတဲ့ တရားရေးဥပဒေစိုးမိုးရေးကဏ္ဍ အကောင်အထည်ဖော်ဆောင်မှု အပိုင်းတွေကိုပါ လုပ်ဆောင်သွား ကြရမှာ ဖြစ်ပါတယ်။ ဖက်ဒရယ်အစိုးရနဲ့ ပြည်နယ်အစိုးရနဲ့ လုပ်ပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်တွေ အတွက်လည်း တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ကျွန်တော်တို့အစိုးရဝန်ကြီးတွေ ဆက်တိုက် တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်နေသလို ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ် များအကြား ပူးပေါင်းဆောင် ရွက်ရေး ကော်မရှင်ဘက်ကလည်း တွန်းတွန်း တိုက်တိုက် အားစိုက်ရမယ့် ကိစ္စတွေ ဆက်လက် လုပ်ဆောင်သွားမယ်ဆိုရင် ဒီနှစ်အတွင်း ရလဒ်တချို့ ထွက်ပေါ်လာမယ်လို့ ယုံကြည်ပါတယ်။ ” လို့ ပြောကြားပါတယ်။ ဆက်လက်ပြီးတော့လည်း “စစ်ရေးကဏ္ဍကတော့ စစ်ရေးရည်မှန်းချက်တွေအတိုင်း ဖော်ဆောင်နိုင်ဖို့ ဆက်လက် ကြိုးစားရမှာဖြစ်ပြီး နိုင်ငံခြားရေးကဏ္ဍဘက်ကတော့ အာရုံစိုက်စရာတွေပိုများလာမယ့်နှစ် ဖြစ်မယ်လို့ ခန့်မှန်းမိပါတယ်။ နိုင်ငံတကာနဲ့ ဆက်ဆံကြရတဲ့အခါမှာ နိုင်ငံတိုင်းဟာ သူ့ရဲ့ National Interest ရှိကြတာမို့ အဲ့ဒီ့အကျိုးအမြတ်တွေကြားကမှ ကိုယ့်နိုင်ငံရဲ့ အရေးကိစ္စ တွေကို နည်းမှန်လမ်းမှန် အာရုံစိုက်ပြီး လုပ်ဆောင်ပေးနိုင်ဖို့ ကြိုးပမ်းရတာ တကယ်တော့ မလွယ်ပါဘူး။ ဒီကနေ့ ဒီအခြေအနေမျိုးထိရောက်အောင် စွမ်းဆောင်ပေးလာကြတဲ့ နိုင်ငံခြား ရေးဘက်က တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ လူထုဝန်ဆောင်မှုပေးတဲ့ ကဏ္ဍဘက်ကတော့ တော်လှန်ရေးကာလအတွင်းကိုပင် အတော်လေးထိထိရောက်ရောက် အလုပ်နိုင်ဆုံးကဏ္ဍတစ်ခုလို့ ပြောရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အကောင်းဆုံး ကြိုးစားလုပ်ဆောင်ပေးတယ်ဆိုတာတောင် ပြည်သူတွေ ရဲ့ နစ်နာဆုံးရှုံးမှုတွေနဲ့စာရင် တကယ့်ကို နည်းပါးလွန်းတာမို့ ပြည်သူတွေ ဒုက္ခမျိုးစုံက လွတ် မြောက်နိုင်အောင် ကြိုးစားရမယ့် တစ်ခုတည်းသောနည်းလမ်းကတော့ တော်လှန်ရေးကို အောင်အောင်မြင်မြင် အဆုံးသတ်နိုင်ရေးပဲဖြစ်ပါတယ်။ ဒီအတွက်တော့ ဆက်လက်ပြီး ကြိုးစားဆောင်ရွက်ပေးကြပါ။ ရှိတဲ့ လူ့စွမ်းအားအရင်းအမြစ်နဲ့ ချိန်ဆပြီး ထိထိရောက်ရောက် ဖြစ်စေမယ့် အလုပ်တွေကို လေ့လာဆန်းစစ်လုပ်ဆောင်ကြပါ။ ဒီနှစ်ဟာ တော်လှန်ရေး အင်အားစုတွေအားလုံးအတွက် အချက်ပေးခေါင်းလောင်းထိုးနေတဲ့ နှစ်ဖြစ်တယ်လို့ ခံယူကြ ပြီး ကြိုးစားလုပ်ဆောင်ကြ ” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။ အစည်းအဝေးမှာ အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီက အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့၊ ၁၁၂ ကြိမ်မြောက် အလုပ်သမားရေးရာ ညီလာခံနဲ့ ပတ်သက်ပြီး အလုပ် သမားဝန်ကြီးဌာန ဆောင်ရွက်ချက်များအား တင်ပြဆွေးနွေးခဲ့ကြပါတယ်။ အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန် လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။
Show all...
အမျိုးသားညီညွတ်ရေးအစိုးရ ၁၆/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးပြုလုပ် လူသားဝါဒနဲ့ လူ့အခွင့်အရေးအပေါ်မှာ အခြေခံတဲ့ ရှုမြင်ချက်တွေနဲ့ လက်ရှိတည်ဆဲ ဖြစ်ရပ်တွေကို ချည်းကပ်နိုင်ဖို့ လိုအပ်တယ်လို့ ယာယီသမ္မတပြောကြား မေ ၂၈ ၊ ၂၀၂၄ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၁၆/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။ အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ ယာယီသမ္မတ ဒူဝါလရှီးလက “ ဒီနေ့ ပြုလုပ်ကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ၊ ကျွန်တော့် အနေနဲ့ လက်ရှိ ရက္ခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ပျက်ပြောင်းလဲနေတဲ့အရေးကိစ္စတချို့ကို ပြောကြားလိုတာရှိပါတယ်။ အထူးသဖြင့် ရက္ခိုင်ပြည်နယ်အတွင်းမှာ၊ အကြမ်းဖက်စစ်ကောင်စီက စစ်ရေးအရ ရှုံးနိမ့်မှု တွေကို အမြောက်အမြား တွေ့မြင်နေရပါတယ်။ ရက္ခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်တော် (အာရက္ခတပ်တော်) ရဲ့ လွတ်မြောက်ရေးတိုက်ပွဲတွေဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့ အောင်ပွဲ ခံနိုင်တာကို တွေ့ရပါတယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်အားလုံး သိနားလည်ထားပြီး ဖြစ်တဲ့အတိုင်း၊ ရက္ခိုင်ပြည်နယ်မှာ အနောက်တံခါးပြဿနာလို့ ခေါ်တဲ့ ပထဝီနိုင်ငံရေးပြဿနာဟာ ကိုလိုနီစနစ်ရဲ့ အမွေဆိုးအနေနဲ့ အခုအချိန်အထိ တတိတိ ခံစားနေရပါတယ်။ ဒီအချိန်မှာ၊ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီးတော့ အကြမ်းဖက်စစ်ကောင်စီက လူမျိုးရေးပဋိပက္ခဖြစ်အောင် တဖန်ကြံစည် တွန်းပို့နေတာကို တွေ့ရပါတယ်။ ဒီအခြေအနေကို အပြင်းအထန်ဆုံးအဆင့်ထိ ရောက်မသွားအောင် အာရက္ခတပ်တော်နဲ့ သက်ဆိုင်ရာ ရိုဟင်ဂျာ အသိုင်းအဝန်းက ဝိုင်းဝန်း အာရုံစိုက် ကြိုးစားနေတယ်ဆိုတာ တွေ့ရပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့လည်း တည်ဆဲ အခင်းအကျင်းမှာ ဖြစ်ပျက်နေတဲ့ လူမျိုးရေး ကတောက်ကဆ ဖြစ်မှုတွေကို တတ်နိုင်သမျှ အပြီးသပ်ချုပ်ငြိမ်းနိုင်အောင် တစ်ဖက်တစ်လှမ်းကနေ ကူညီဆောင်ရွက်ကြဖို့ အထူးလိုအပ်ပါတယ်။ များသောအားဖြင့် လူမျိုးရေးအရ အကဲဆတ်တဲ့ကိစ္စရပ်တွေကို အလေး အနက်ထားပြီး ရှုမြင် ချည်းကပ်ကြဖို့ လိုတယ်လို့ ယူဆပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ လူသားဝါဒနဲ့ လူ့အခွင့်အရေးအပေါ်မှာ အခြေခံတဲ့ ရှုမြင်ချက်တွေနဲ့ လက်ရှိတည်ဆဲ ဖြစ်ရပ်တွေကို ချည်းကပ်နိုင်ဖို့ လိုပါတယ်။ ” လို့ ပြောကြား ပါတယ်။ ဆက်လက်ပြီးတော့လည်း “လက်ရှိ ရက္ခိုင်ပြည်နယ်အတွင်းမှာ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို အထူး ခံနေရတဲ့ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ဟာ အတိတ်က ကြုံခဲ့ဖူးတဲ့ ချည်းကပ်မှု အမှားတွေကို သင်ခန်းစာယူနိုင်ဖို့ လိုတယ်လို့ ယူဆပါတယ်။ တစ်ဖက်မှာလည်း ကျွန်တော်တို့ အနေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲရေးမူ အပေါ်မှာလည်း ရပ်ခံရှုမြင်ကြဖို့ လိုပါတယ်။ ဒီအတွက် ရခိုင်အမျိုးသား ခေါင်းဆောင်များအနေဖြင့် အထူးကြိုးစားဆောင်ရွက်နေတယ်ဆိုတာ ကျွန်တေ့ာ်အနေနဲ့ အပြည့်အဝ ယုံကြည်ပါတယ်။ လူနဲ့ မြေကို အကြောင်းပြုပြီး မလိုလားအပ်တဲ့ လူမျိုးရေးအမုန်းတရားတွေ မပေါ်ပေါက်စေဖို့အတွက် ကျွန်တော်တို့အားလုံး တွန်းတွန်းတိုက်တိုက် ဝိုင်းဝန်းကြိုးစားဖို့ လိုပါတယ်။ နောက်ထပ် အရေးကြီးတဲ့အချက်အနေနဲ့ အညာဒေသဖြစ်တဲ့ စစ်ကိုင်းဧရိယာထဲက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ၊ ပြည်သူ့လုံခြုံရေးအဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ် ရေးအဖွဲ့တွေရဲ့ အရေးကိစ္စတွေကို အနည်းငယ် ပြောချင်ပါတယ်။ အခုတလော လူမှုကွန်ယက် စာမျက်နှာ အတော်များများမှာ ဒီအရေးကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ခပ်များများ တွေ့မြင်နေရ ပါတယ်။ ဒီလို ဝေဖန်မှုတွေထဲမှာ လက်တွေ့ အရှိတရားကို ထင်ဟပ်တဲ့ ထောက်ပြဝေဖန်မှုတွေကို တွေ့ရသလို၊ နိုင်ငံရေးအပုတ်ချတဲ့အနေနဲ့ ရည်ရွယ်ချက်ရှိရှိ ထိုးနှက်တိုက်ခိုက်တဲ့ ဝေဖန်ရေးအရေ ခြုံတွေကိုလည်း တွေ့မြင်နေရပါတယ်။ ဒီနေရာမှာ ရှင်းရှင်းလင်းလင်း ပြောချင်တာတစ်ခုကတော့ ကျွန်တော်တို့ဟာ လူထုကြားမှာ အမှန်ရှာဖို့ ဖြစ်ပါတယ်။ တော်လှန်ရေးကို ရုပ်ဆိုးအကျည်း တန်အောင် ထိုးနှက်လာတဲ့ ပယောဂတွေနဲ့ ကြောင်သူတော်တွေရဲ့ လုပ်ဇာတ်ကိုလည်း သတိထား တုံ့ပြန်ပြီး၊ လူထုအတွင်းက အရှိတရားနဲ့ တိုက်ဆိုင် စစ်ဆေးကြည့်ဖို့ အထူးလိုအပ်ပါတယ်။ လူထုထဲမှာ လက်တွေ့ ဖြစ်ပျက်နေတဲ့ အရှိပကတိတွေကိုသာ အမှန်တရားလို့ ယူဆပြီး ထိရောက်တဲ့ ဖြေရှင်းမှုတွေ ဖြစ်အောင် လုပ်ရမယ်လို့ ယုံကြည်ပါတယ်။ ” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ ဒါအပြင် လက်ရှိ အခြေအနေဟာ ခုခံတော်လှန်စစ်အောင်ပွဲတွေမှာ ပယောဂမှိုင်းတွေ ပူးဝင်ကပ်ငြိမှု မရှိအောင် နိုင်ငံရေးအသိနဲ့ နိုင်ငံရေးသတိကို ထိန်းပြီး ကြိုးစားလျှောက်လှမ်းကြရမှာ ဖြစ်ကြောင်း၊ တစ်ဖက်မှာလည်း လူထုထဲက အသံစစ်စစ်ကို သကာမအုပ်ပဲ ကြားနိုင်အောင် အစိုးရအဖွဲ့ တစ်ရပ်လုံး သတိရှိထားရမှာ ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားခဲ့ပါတယ်။
Show all...
အမျိုးသားညီညွတ်ရေးအစိုးရ အပတ်စဉ်သတင်းထုတ်ပြန်ချက် ( ၂၂ / ၂၀၂၄ ) Website Link - https://go.nugmyanmar.org/7ebd32e5 Download Link - https://go.nugmyanmar.org/d948a388
Show all...
⛈️ ရက်သတ္တပတ် မိုးလေဝသခန့်မှန်းချက် (၂၇.၅.၂၀၂၄ မှ ၂.၆.၂၀၂၄ အထိ) အလေးပေးတင်ပြချက်များ •••••••••••••••••••••••• ◾ယခုတစ်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း၌ ယခုနှစ်မုတ်သုံကာလ တွင် ပထမဆုံးဖြစ်ပေါ်ခဲ့သော မုန်တိုင်းငယ်သည် မေလ(၂၅) (၂၆)ရက်များတွင် အားကောင်းသော မုန်တိုင်းငယ်အဆင့်မှ အမည်ပေးရနိုင်သောဆိုင်ကလုန်း REMALအဖြစ် သို့ ရောက်ရှိလာခဲ့ပြီး အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကြားသို့ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဆင့်ဖြင့် မေလ(၂၆)ရက်နေ့၊ ညပိုင်း တွင် ဖြတ်ကျော်ဝင်ရောက်ခဲ့ပါသည်။ ◾ထူးခြားချက်မှာ အဆိုပါမုန်တိုင်းဖြစ်စဉ်ကြောင့် အပူချိန်မြင့်တက်နေပြီး မုတ်သုံလေဝင် ရောက်မှုနှေးကွေးစေခြင်းကြောင့် မြန်မာဘက်တွင် မိုးပိုမိုရွာသွန်းစေကာ မုတ်သုံလေဝင် ရောက်မှုကို တွန်းအားဖြစ်စေပါသည်။ ◾မုတ်သုံလေဝင်ရောက်ခဲ့မှုအခြေအနေကိုလည်း တင်ပြထားပါသည်။ မြန်မာနိုင်ငံသို့ မုတ်သုံလေဝင်ရောက်မှု အခြေအနေ ၁။ မြန်မာနိုင်ငံတောင်ပိုင်းစွန်းသို့ ၂၀၂၄ခုနှစ်၊ မေလ (၂၁)ရက်နေ့တွင်မုတ်သုံလေ စတင်ဝင် ရောက်ခဲ့ပါသည်။ ၂။ မြန်မာနိုင်ငံတောင်ပိုင်းတစ်ခုလုံးသို့ မေလ (၂၃)ရက်နေ့တွင်လည်းကောင်း၊ ၃။ မြစ်ဝကျွန်းပေါ်ဒေသများ (ဘင်္ဂလားပင်လယ် အော်အရှေ့တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်)သို့ မေလ (၂၄)ရက်နေ့တွင်လည်းကောင်း၊ ၄။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ (ဘင်္ဂလား ပင်လယ်အော်အလယ်ပိုင်း)သို့ မေလ (၂၅)ရက် နေ့တွင်လည်းကောင်း အသီးသီးဝင်ရောက်ခဲ့ပြီး ဖြစ်ပါသည်။ ၅။ မြန်မာနိုင်ငံ မြောက်ပိုင်း (ဘင်္ဂလား ပင်လယ်အော်၊ မြောက်ပိုင်း)သို့ ဇွန်လဆန်း ဝန်းကျင်တွင် မုတ်သုံလေဝင်ရောက်နိုင်ခြေ ရှိ ပါသည်။ (ယခုကဲ့သို့ မုတ်သုံလေ ဝင်ရောက်မှု ကို မုန်တိုင်း(REMAL)က အဓိကတွန်းအား ပေးခဲ့သည်ဟု သုံးသပ်ရပါသည်။) 🗓️ နေ့အလိုက်တပတ်စာ မိုးလေဝသ အခြေအနေသတင်းအပြည့်အစုံကို ဆက်လက်ဖတ်ရှု့နိုင်ပါသည်။ 🌨️📌🌥️📌☁️📌🌩️📌⛈️📌🌤️ #မိုးလေဝသသတင်း #WeatherForecast #MOHADM
Show all...
Photo unavailableShow in Telegram
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန https://moe.nugmyanmar.org ကြေညာချက်အမှတ် (၁၂/၂၀၂၄) ၁၃၈၆ ခုနှစ်၊ ကဆုန်လဆုတ် ၃ ရက်နေ့ (၂၀၂၄ ခုနှစ်၊ မေလ ၂၅ ရက်) "BECA Complaint Form နှင့်ပတ်သက်၍ အများပြည်သူသို့ သတင်းထုတ်ပြန်ချက်" ပညာရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ #NUG #NUGMOE #BECA
Show all...
Photo unavailableShow in Telegram
🤩 နွေဦးထီဖွင့်ဖို့ (၁)ပတ်ပဲ လိုပါတော့တယ်။ မနေ့ကထက် နွေဦးထီကံစမ်းသူများ များပြားလာတာကလည်း ဝမ်းသာ ဂုဏ်ယူစရာပါပဲနော်။ ခုချိန်မှာဆိုရင်တော့ မြန်မာကျပ်၊ စင်ကာပူဒေါ်လာ၊ အမေရိကန်ဒေါ်လာနဲ့ ကံစမ်းသူများက ရှေ့မှာပြေးနေပါတယ်။ နောက်ရက်မှာ ဘယ်ငွေကြေးတွေနဲ့ နွေဦးထီအရေအတွက် ဘယ်လောက်များများကို ထပ်ပြီး ကံစမ်းကြမလဲဆိုတာ ရင်ခုန်ကြရင်း.. မေလအတွက် နွေဦးထီ ကံစမ်းထားလိုက်တော့နော်။ 🥰 #ဒို့ထီဒို့အနာဂတ် #WeDreamBold #NwayOoHti
Show all...