ch
Feedback
NUG Myanmar

NUG Myanmar

前往频道在 Telegram

National Unity Government

显示更多

📈 Telegram 频道 NUG Myanmar 的分析概览

频道 NUG Myanmar (@nugmyanmar) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 15 558 名订阅者,在 政治 类别中位列第 3 616,并在 缅甸 地区排名第 8 574

📊 受众指标与增长动态

невідомо 创建以来,项目保持高速增长,吸引了 15 558 名订阅者。

根据 23 六月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -386,过去 24 小时变化为 -11,整体触达仍然可观。

  • 认证状态: 已认证(Telegram 官方确认)
  • 互动率 (ER): 平均受众互动率为 13.08%。内容发布后 24 小时内通常能获得 2.34% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 2 035 次浏览,首日通常累积 364 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 15

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
National Unity Government

凭借高频更新(最新数据采集于 24 六月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 政治 类别中的关键影响点。

15 558
订阅者
-1124 小时
-1217
-38630
帖子存档
photo content

ကျွန်တော်တို့ တော်လှန်ရေးအင်အားစုများအကြား သမိုင်းကြောင်းဆိုင်ရာ မယုံကြည်မှုတွေ၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ လွှမ်းမိုးမှုတွေကြောင့် ညီညွတ်ရေးမှာ အတားအဆီးတွေ ရှိနေဆဲဖြစ်ပေမဲ့ ကျွန်ုတော်တို့အားလုံးရဲ့ တူညီတဲ့ ရည်မှန်းချက်ဟာ "စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး" ပဲ ဖြစ်ပါ တယ်။ အတားအဆီးအခက်အခဲတွေ ဘယ်လောက်ဘဲ များပါစေ တူညီတဲ့ ရည်မှန်းချက်ပန်းတိုင် ကဘဲ ကျွန်ုတော်တို့ကို တစ်နေ့မှာ ပိုမိုခိုင်မာတဲ့ ညီညွတ်မှုဆီ ခေါ်ဆောင်သွားမှာ ဖြစ်ပါတယ်။ဒီတော်လှန်ရေးခရီးမှာ "ကျွန်ုပ်တို့မှာ ကျွန်ုပ်တို့ပဲ ရှိပါတယ်"။ ပြည်သူလူထုရဲ့ အားကိုးရာဟာ ပြည်သူလူထုပါပဲ။ စစ်တပ်က လက်နက်နဲ့ ငွေကြေး သာလွန်ကောင်း သာလွန်နိုင်ပေမဲ့၊ ကျွန်ုပ်တို့မှာ သူတို့မရှိတဲ့ "မှန်ကန်တဲ့ စိတ်ဓာတ်နဲ့ တရားမျှတမှု" ရှိပါတယ်။ ကျွန်ုတော်တို့အားလုံး အတူလက်တွဲပြီး စစ်အာဏာရှင်စနစ် ကင်းစင်တဲ့၊ လွတ်လပ်ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းသစ်ဆီသို့ မရမနား ဆက်လက်ချီတက်သွားကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။ အရေးတော်ပုံမုချအောင်ရမည်။

ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့၊ တော်လှန်ရေးအောင်မြင်မှုတွေကို ရရှိခဲ့သလို၊ ပြန်လည် လက်လွှတ်ခဲ့ရတဲ့ ဆုံးရှုံးမှုတွေလည်း ရှိခဲ့တာကို ပွင့်လင်းစွာ ဝန်ခံလိုပါတယ်။ ကျွန်တော်တို့အနေနဲ့ ခက်ခဲကြမ်းတမ်းတဲ့ ခရီးလမ်းကို လျှောက်ခဲ့တာကြောင့်၊ မပေါက်သေးတဲ့ လမ်းတွေကိုလည်း ချဲ့ထွင် လျှောက်လှမ်းခဲ့ကြရပါတယ်။ အဲသည့်ထဲမှာ၊ တော်လှန်ရေးသမိုင်း အဆက်ဆက် မကြုံခဲ့ဖူးတဲ့ အောင်မြင်မှု ခြေလှမ်းတွေကို တက်လှမ်းနိုင်ခဲ့သလို၊ ကျွန်တော်တို့ရဲ့ အားနည်းချက်ကြောင့်၊ လက်လွှတ်ခဲ့ရတဲ့ မအောင်မြင်မှုတွေလည်း ရှိခဲ့တာကို ဝန်ခံချင်ပါတယ်။ အထူးသဖြင့် အတွေ့အကြုံရင့်ကျက်မှု အားနည်းသေးတဲ့ လက်နက်ကိုင်တော်လှန်ရေးမှာ၊ ကျွန်တော်တို့အတွက် သင်ခန်းစာ အများအပြားကို သင်ယူခွင့်ရခဲ့တာတွေ ရှိပါတယ်။ ကျွန်တော် တို့မှာ အရင်းအမြစ် အကန့်အသတ်ရှိသလို၊ လှုပ်ရှားနိုင်မှု (ဂွင်) အကန့်အသတ်တွေလည်း ရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ တော်လှန်ရေးခရီးမှာ၊ ပြန်လည်လက်လွှတ် လိုက်ရတဲ့ ဆုံးရှုံးမှုတွေ ရှိသလို၊ လက်ရှိ အချိန်အထိ ကျော်လွှားဖို့ ခက်ခဲနေသေးတဲ့ အရာတွေလည်း အများအပြား ရှိနေကြောင်း ပြည်သူလူထုကို ရိုးသားစွာ တင်ပြလိုပါတယ်။ ကျွန်တော်တို့အနေနဲ့ အမှားတွေကို သင်ခန်းစာယူပြီး၊ တစ်နေ့ထက် တစ်နေ့ ပိုမိုထိရောက်တဲ့ တော်လှန်ရေးလျှောက်လမ်းဖြစ်အောင် ကြိုးစားနေမှာဖြစ်ကြောင်း ပြည်သူလူထုအားလုံးကို အသိပေးပြောကြားလိုပါတယ်။ လေးစားချစ်ခင်ရပါသော ပြည်သူလူထုကြီးခင်ဗျား တော်လှန်ရေးအောင်မြင်ဖို့အတွက် အဓိကသော့ချက်ဟာ တော်လှန်ရေးအင်အားစုများအကြား "ညီညွတ်မှု" ဖြစ်ပါတယ်။ ညီညွတ်မှုဟာ တော်လှန်ရေးအင်အားစုတွေကြားမှာရော၊ ပြည်သူလူထု ကြားမှာပါ အဓိကအရေးကြီးပါတယ်။ ကျွန်တော်တို့အကြား အချင်းချင်း အပြစ်တင် ကဲ့ရဲ့တာ တွေကို ရှောင်ကြဉ်ပြီး လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို အာရုံစိုက်ကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တော်လှန်ရေးအရှိန်ကို ပျက်ပြားအောင် လှုံ့ဆော်နေသူ တွေကို သတိပြုပြီး တော်လှန်ရေးကို အထောက်အကူပြုမယ့် ဝေဖန်အကြံပြုချက်တွေကိုသာ ဝန်းရံကြဖို့ မေတ္တာရပ်ခံပါတယ်။ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ရန်သူဟာ ဆယ်စုနှစ်များစွာ တိုင်းပြည်ရဲ့ အရင်းအမြစ်များနှင့် ၄င်းတို့ လူတစ်စုစာအတွက် အာဏာနှင့် ငွေကြေးအပေါ် အခြေခံပြီး စစ်တပ် ယန္တရား တစ်ခုလုံးကို တည်ဆောက်ထားတဲ့ မိစ္ဆာကြီးတွေဖြစ်ပါတယ်။ ဒီမိစ္ဆာကြီးများကို ရင်ဆိုင်ဖို့ ကျွန်တော် အယောက်ဆီတိုင်း ညီညွတ်ရမှာဖြစ်သလို တော်လှန်ရေးအတွက် ဆိုးကျိုးဖြစ်စေမည့်အရာများကို အထူးရှောင်ကြည်ကြဖို့ တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့ပြည်သူတွေဟာ အာဏာရှင်စနစ်ရဲ့ ဆိုးရွားတဲ့ ဒဏ်ကို ရင်ဆိုင်ဖြတ်ကျော်ခဲ့ပြီးဖြစ်သလို နေ့စဥ်နှင့်အမျှ ဒီစနစ်ရဲ့ ဆိုးရွားမှုကို ဖြတ်ကျော် နေကြရပါတယ်။ ဒီအရာတွေကို ဖြတ်ကျော်ပြီး အေးချမ်းပြီး လွတ်လပ်တဲ့ နိုင်ငံနှင့် လူ့အဖွဲ့အစည်း ကို ထူထောင်ဖို့ ကျွန်တော်တို့အကြား ညီညွတ်ရမှာဖြစ်ပါတယ်။ ချစ်ခင်လေးစားရပါသော ပြည်သူလူထုကြီးခင်ဗျား အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တော်လှန်ရေးအင်အားစုများအကြား ညီညွတ်မှုနှင့် လက်တွဲ ပူးပေါင်းရေးကို မြင့်တင်နိုင်ဖို့ အစိုးရဖွဲ့စည်းသည့်နေ့မှစတင်ပြီး အားမလျော့ဘဲ ညီညွတ်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းတည်ဆောက်ခဲ့တာ ယနေ့အထိ ဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ်၊ မတ်လ (၃၀) ရက်နေ့မှာ ကျွန်ုတော်တို့ဟာ “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ဒါဟာ နွေဦးတော်လှန်ရေးအတွင်းမှာ ထွက်ပေါ်လာတဲ့ တော်လှန်သောညီညွတ်ရေး အင်အားစုဆိုတဲ့ ပြယုဂ်တစ်ခုဖြစ်ပါတယ်။ တော်လှန်ရေးမှာ ညီညွတ်ရေးဟာ အဓိက ကျပါတယ်။ SCEF ဖွဲ့စည်းမှုဟာ တော်လှန်ရေးကို အရင်လို တစုတဖွဲ့တည်း တိုက်နေတာထက်၊ ညီညွတ်တဲ့ မဟာဗျူဟာတစ်ခုအောက်မှာ အရှိန်မြှင့်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ ဒီကောင်စီမှာ KIO, KNU, KNPP (IEC), CNF, CRPH နဲ့ ကျွန်ုတော်တို့ NUG အစိုးရတို့ ကနဦးအနေဖြင့် ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။ ဒါဟာ အစ စုဖွဲ့မှုသာဖြစ်ပြီး SCEF ထဲ မပါဝင်သေးတဲ့ တော်လှန်ရေးအင်အားစုတွေ ထပ်မံပြီး ပါဝင်လာအောင် ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေးကို လုပ်ဆောင်တဲ့နေရာမှာ - ပြည်တွင်းက တော်လှန်ရေးတွေ အပါအဝင် ပြည်ပက တော်လှန်ရေးလှုပ်ရှားမှုတွေကလည်း အကျိုးသက်ရောက် မှု ကြီးမားခဲ့ပါတယ်။ အဝေးရောက် ပြည်သူလူထုအားလုံးရဲ့ ကာယကံမြောက် ပံ့ပိုးကူညီမှုတွေဟာ နွေဦးတော်လှန်ရေးရဲ့ အရွေ့တစ်ခုလုံးအတွက် အင်မတန် အကျိုးကျေးဇူး ကြီးမားခဲ့တာတွေ့ရ ပါတယ်။ တစ်ဖက်မှာလည်း လူထုသံတမန်ရေးနည်းလမ်းတွေနဲ့ နိုင်ငံတကာအစိုးရအသီးသီးကို ချိတ်ဆက်လုပ်ဆောင်နိုင်ခဲ့တာဟာ - စစ်အာဏာရှင်တွေကို ပြင်းပြင်းထန်ထန် ဒဏ်ခတ်နိုင်တဲ့ အခြေအနေအထိ ရောက်ရှိခဲ့တာတွေ့ရပါတယ်။ ပြည်တွင်းမှာ လှုပ်ရှားဆောင်ရွက်ဖို့ ခက်ခဲတာတွေ ကို၊ ပြည်ပကနေ ကူညီဆောင်ရွက်ပေးနိုင်တာတွေ အများအပြား ရှိခဲ့တာတွေ့ရပါတယ်။ ဒါ့ကြောင့် နွေဦးတော်လှန်ရေးဟာ ပြည်တွင်းလှုပ်ရှားမှုနဲ့ ပြည်ပလှုပ်ရှားမှုကို ပူးပေါင်းနိုင်ပြီး၊ အချိန်တိုတို အတွင်းမှာ သက်ရောက်မှု ကျယ်ပြန့်အောင် လုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးမှာ၊ ပြည်ပရောက် ပြည်သူလူထုအားလုံးရဲ့ အားထုတ်မှု စေတနာတွေကို လေးနက်စွာ ဂုဏ်ပြု ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ လေးစားချစ်ခင်ရပါသော ပြည်သူလူထုကြီး ခင်ဗျား နွေဦးတော်လှန်ရေးဟာ အကြမ်းမဖက်တော်လှန်ရေးနည်းလမ်းတွေ အပါအဝင် လူထုလက်နက်ကိုင် လမ်းစဉ်နဲ့ ပေါင်းစပ်ပြီး -- စစ်အာဏာရှင်တော်လှန်ရေးကို ချီတက်ခဲ့ကြတာဖြစ်ပါတယ်။ ဒီနေရာမှာ နိုင်ငံရေးနည်းအရ အကူအညီအပံ့အပိုးတွေ အပြင်၊ စစ်ရေးနည်းအရ အကူအညီတွေ အများအပြား လိုအပ်ခဲ့ပါတယ်။ အထူးသဖြင့် စစ်ရေးအရ လက်တွဲကူညီမှုတွေမှာ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းကြီးတွေရဲ့ အားပေးကူညီမှုတွေကို လက်တွေ့ကျကျ ရယူခဲ့ရပါတယ်။ လက်ရှိ အချိန်အထိ - ပြည်သူ့ကာကွယ်ရေးတပ်မတော်သားအားလုံးရဲ့ စစ်ရေးစွမ်းရည်တွေဟာ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ အားပေးကူညီမှုတွေကြောင့် အချိန်တိုအတွင်းမှာ တိုးတက်မှုတွေ အများအပြား ဖြစ်ပေါ်ခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရနဲ့အတူ၊ တိုင်းရင်းသားမဟာမိတ်တွေရဲ့ ပူးပေါင်းပေါင်းဝင်မှုတွေဟာ အနာဂတ် ဖက်ဒရယ်တပ်မတော် တည်ဆောက်ရေးအတွက် အခြေခံ အုတ်မြစ်ကောင်းတွေဖြစ်ကြောင်း လေးလေးနက်နက် မှတ်တမ်းတင် ပြောကြားလိုပါတယ်။ လေးစားချစ်ခင်ရပါသော ပြည်သူလူထုကြီး ခင်ဗျား ပြည်သူ့တော်လှန်ရေးရဲ့ အရှိန်အဟုန် ကြီးမားမှုကြောင့်၊ အာဏာသိမ်းစစ်တပ်ထဲမှာ၊ အမြင်မှန် ရလာ ကြတဲ့ ပြည်သူ့တပ်မတော်သားတွေ အများအပြား ရှိပါတယ်။ တစ်ဖက်မှာလည်း စစ်အာဏာရှင် စနစ်ရဲ့ အမြစ်တွယ်မှုကို မဖယ်ရှားနိုင်သေးတာကြောင့်၊ ပြည်သူ့ဘက်ကို ရုန်းမထွက်နိုင်သေးတဲ့ စစ်ဗိုလ် စစ်သားတွေ အများအပြား ရှိနေတာတွေ့ရပါတယ်။ ပြည်သူလူထုကနေ တစ်ဆင့်၊ အကြမ်းဖက် စစ်တပ်အတွင်းက စစ်သည် စစ်သားတွေကို သတင်းစကား တချို့ ပါးလိုပါတယ်။ အဲဒါကတော့ ပြည်သူကို အလုပ်အကျွေးပြုရမယ့် တပ်မတော်ဟာ ပြည်သူ့ဆန္ဒကို လျစ်လျှူမရှုသင့်ဘူးဆိုတာ သတိချပ်စေချင်ပါတယ်။ လက်ရှိ မြန်မာ့တပ်မတော်ဟာ ကျွန်တော်တို့ နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုကို ဖျက်လို ဖျက်ဆီးလုပ်နေတဲ့ အဓိက တရားခံဘဝကို ရောက်နေ ပါတယ်။ ဒါ့ကြောင့် အကြမ်းဖက် စစ်တပ်ဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိနေတာဖြစ်ကြောင်း သတိချပ်စေလို ပါတယ်။ အကြမ်းဖက်စစ်တပ်ဆိုတဲ့ နိမ့်ကျ ဆိုးဝါးသော အခြေအနေကနေ အမြန်ဆုံး ရုန်းထွက်ပြီး၊ ပြည်သူချစ်သော မြန်မာ့တပ်မတော် အဖြစ် ပြန်လည် အဖက်ဆယ်ကြဖို့ အလေးအနက်ထား တိုက်တွန်းလိုပါတယ်။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးမှာ၊ ပြည်သူ့လူထုရဲ့ အခန်းကဏ္ဍက အင်မတန် အရေးကြီးသလို၊ လက်နက်ကိုင်စစ်တပ်အတွင်းက ပြည်သူ့တပ်မတော် သားစိတ်ဓာတ် ပြည့်ဝသူတွေရဲ့ အခန်းကဏ္ဍကလည်း အလွန်အရေးကြီးကြောင်း ပြောကြားလိုပါတယ်။ လေးစားချစ်ခင်ရပါသော ပြည်သူလူထုကြီး ခင်ဗျား

အမျိုးသားညီညွတ်ရေးအစိုးရ (၅) နှစ်ပြည့် အထိမ်းအမှတ်နေ့၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်း ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့ လေးစားချစ်ခင်ရပါသော ပြည်သူလူထုကြီးခင်ဗျား ယနေ့ဟာ မြန်မာ့နှစ်သစ်ကူးနေ့ အခါသမယလည်းဖြစ်ပါတယ်။ နှစ်ဟောင်းကနေ နှစ်သစ်ကို ကူးပြောင်းတဲ့ အချိန်ကာလအတွင်းမှာ ကျွန်တော်တို့ ပြည်သူအားလုံး ဘေးကင်းစွာ ဖြတ်သန်းနိုင်ခဲ့ ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ တိုင်းရင်းသားပြည်သူအားလုံးအနေနဲ့ ယခုလာမယ့် နှစ်သစ်မှာ စစ်အာဏာရှင်စနစ်ဆိုးရဲ့ အနှောက်အယှက်ပေးမှုက ကင်းဝေးပြီး၊ အကြောက်တရားက လွတ်မြောက်တဲ့ လွတ်လပ်ပြီး တရားမျှတသော နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းဆီကို အားပြည့် အင်ပြည့် ချီတက်လျှောက်လှမ်းနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ လေးစားချစ်ခင်ရပါသော ပြည်သူလူထုကြီး ခင်ဗျား အခုဆိုရင် နွေဦးတော်လှန်ရေးကို ဖြတ်သန်းလာခဲ့တာဟာ (၅) နှစ်ကျော်လာပြီဖြစ်သလို၊ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့တာကလည်း (၅) နှစ်ပြည့်မြောက်ပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ စစ်အာဏာသိမ်းမှုကို အပြင်းအထန် ဆန့်ကျင်ကန့်ကွက်ပြီး၊ လွတ်လပ်၍ တရားမျှတသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကို ခိုင်ခိုင်မာမာ တည်ဆောက်ဖို့ ကြိုးစားနေပါတယ်။ ကျွန်တော်တို့ ဖြတ်သန်းချီတက်လာခဲ့ကြတဲ့ (၅) နှစ်တာ၊ အချိန်ကာလမှာ - အောင်မြင်သော တော်လှန်ရေးဖြစ်ရပ်တွေကို ဖန်တီးနိုင်ခဲ့သလို၊ အောင်မြင်ဖို့ ကြိုးစားနေဆဲ အခြေအနေတွေကိုလည်း ဖြတ်သန်းနေရပါတယ်။ တစ်ဖက်မှာလည်း ခရီးဆုံးပန်းတိုင်အထိ ရောက်အောင် လျှောက်လှမ်းရင်း၊ စိန်ခေါ်ချက် အမျိုးမျိုးနဲ့လည်း ကြုံတွေ့နေရကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံးကို ပွင့်ပွင့်လင်းလင်း ဝန်ခံလိုပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ နိုင်ငံရဲ့ ပထဝီနိုင်ငံရေးအကျပ်အတည်းနဲ့ သမိုင်းဆိုင်ရာ နာကျည်းချက်တွေကို ခက်ခက်ခဲခဲ ကျော်ဖြတ်ဖို့ ကြိုးစားခဲ့ရပါတယ်။ လက်ရှိအချိန်မှာလည်း ကမ္ဘာ့နိုင်ငံရေး အခြေအနေတွေရဲ့ သက်ရောက်မှု ကြောင့်၊ ကျွန်တော်တို့ နိုင်ငံရဲ့ ပြည်တွင်းရေး အခြေအနေကိုလည်း ရိုက်ခတ်နေတာတွေ အမြောက်အမြား ရှိနေပါတယ်။ တော်လှန်ရေးရည်မှန်းချက်များ အမြန်ဆုံး အောင်မြင်နိုင်ဖို့ ကျွန်ုတော်တို့ အစွမ်းကုန် ကြိုးစားနေ ကြပေမဲ့ ခက်ခဲတဲ့စိန်ခေါ်မှုတွေ အကန့်အသတ်တွေ များစွာ ရှိနေဆဲဖြစ်ပါတယ်။ ဒါဟာ စစ်အုပ်စုက ဆယ်စုနှစ်ပေါင်းများစွာ တည်ဆောက်ခဲ့တဲ့ သွေးခွဲအုပ်ချုပ်မှုယန္တရား၊ တိုင်းပြည်ရဲ့ အရင်းအမြစ်နှင့် ငွေကြေးနဲ့ အာဏာကိုသုံးပြီး အမှားကို အမှန်လုပ်ခဲ့တဲ့ အမြစ်တွယ်နေတဲ့ စနစ်ဆိုးတွေကြောင့်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီတော်လှန်ရေးဟာ ကျွန်ုတော်တို့ကို သမိုင်းဝင်ညီညွတ်မှုတစ်ခု ပေးခဲ့ပါတယ်။ စစ်တပ်ရဲ့ သွေးခွဲမှုကြောင့် ကျွန်တော်တို့လူ့အဖွဲ့အစည်းဟာ အစိပ်စိပ်အမွှာမွှာ ဖြစ်ခဲ့ရပေမဲ့၊ ဒီနေ့ "နွေဦးတော်လှန်ရေး" မှာတော့ တိုင်းရင်းသားပြည်သူအားလုံးဟာ တစ်စိတ်တစ်ဝမ်းတည်း စုစည်းမိသွားကြပါပြီ။ ဒါဟာ မြန်မာ့သမိုင်းမှာ မကြုံစဖူးတဲ့ အောင်မြင်မှုဖြစ်ပြီး ဒီညီညွတ်မှုဟာ ကျွန်ုတော်တို့ရဲ့ အကြီးမားဆုံးသော ခွန်အားပဲ ဖြစ်ပါတယ်။ ချစ်ခင်လေးစားရသော ပြည်သူလူထုခင်ကြီးခင်ဗျား နွေဦးတော်လှန်ရေးဟာ ပြည်သူထဲက ပေါက်ဖွားလာတဲ့ ပြည်သူ့တော်လှန်ရေးဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရဟာ၊ ပြည်သူ့ဆန္ဒ သဘောထားနဲ့အညီ ဖွဲ့စည်းဖြစ်တည်လာတဲ့ ပြည်သူ့အစိုးရဖြစ်ပါတယ်။ နွေဦး တော်လှန်ရေးအတွင်းမှာ၊ အမျိုးသားညီညွတ်ရေးအစိုးရဟာ တော်လှန်ရေးတပ်ဦးကနေ မားမားမတ် မတ် ရပ်ခံပြီး၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေးအတွက် ဖြောင့်ဖြောင့်မတ်မတ် ချီတက်နေပါတယ်။ ဒီလို တော်လှန်ရေးခရီးတစ်လျှောက်လုံးမှာ၊ ပြည်သူလူထုရဲ့ အားပေးထောက်ခံမှု၊ ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေ အပါအဝင် စစ်အာဏာရှင်စနစ်ကို ပုံစံအမျိုးမျိုးနဲ့ ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ နယ်ပယ်အသီးသီး / ကဏ္ဍအသီးသီးက လူထု၊ လူတန်းစားတွေရဲ့ လုံ့လဝီရိယတွေ မြောက်မြားစွာ ထည့်ဝင် မြှုပ်နှံခဲ့ကြ ပါတယ်။ ဒီလိုမျိုး လူထုရဲ့ ရင်းနှီးပေးဆပ်မှုတွေ မရှိဘူးဆိုရင်၊ ကျွန်တော်တို့ဟာ ယနေ့ အချိန်မှာ မြင်တွေ့နေရတဲ့ တော်လှန်ရေးခရီးပန်းတိုင်တွေကို ရောက်လာနိုင်စရာ အကြောင်း မရှိဘူးဆိုတာ သတိချပ်စေချင်ပါတယ်။ ဒါ့ကြောင့် တော်လှန်ရေးဘက်တော်သားအားလုံးကို ဒီနေရာကနေ အလေးအမြတ်ပြု ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ လေးစားချစ်ခင်ရပါသော ပြည်သူလူထုကြီး ခင်ဗျား

photo content
+2

အသက် (၈၁) နှစ်ပြည့် မွေးနေ့မှစ၍ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဘေးဘယာဝေးကွာ၍ သက်တော်ရာကျော်တိုင် ကျန်းမာရွှင်လန်းစွာဖြင့် မိဘပြည်သူများနှင့်အတူ လွတ်လပ်မှု၊ တရားမျှတမှု အသီးအပွင့်များကို အတူတကွ ခံစားစံစားနိုင်ပါစေကြောင်းနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများအားလုံး ဘေးကင်း ကျန်းမာစွာဖြင့် အမြန်ဆုံး လွတ်မြောက်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။ မန်းဝင်းခိုင်သန်း ပြည်ထောင်စုဝန်ကြီးချုပ် အမျိုးသားညီညွတ်ရေးအစိုးရ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ www.nugmyanmar.org နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၈၁) နှစ်ပြည့် မွေးနေ့အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပေးပို့သော သဝဏ်လွှာ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၉) ရက် ယနေ့ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်သူတရပ်လုံးက လေးစား ချစ်ခင်ရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၈၁) နှစ်ပြည့်မြောက်သည့် မွေးနေ့မင်္ဂလာရက်မြတ် ဖြစ်ပါသည်။ ဤထူးမြတ်လှသော အခါသမယတွင် မွေးနေ့ရှင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်တကွ မွေးနေ့ရှင်အား နည်းလမ်းပေါင်းစုံဖြင့် မွေးနေ့ဆုတောင်းမေတ္တာ ပို့သပေးနေကြသော မြန်မာနိုင်ငံတဝှမ်းနှင့် ကမ္ဘာတဝှမ်းရှိ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ၊ ကမ္ဘာသူ၊ ကမ္ဘာသားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ ဘေးကင်းရန်ကွာရှိကြပါစေကြောင်း ဦးစွာ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ လူထုခေါင်းဆောင်၏ ယနေ့ကျရောက်သော မွေးနေ့ရက်မြတ်သည် သာမန်မွေးနေ့ပွဲ သက်သက်မျှမဟုတ်ဘဲ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းစေရန် ပြည်သူ့ဆန္ဒဖြင့် ပေါ်ပေါက် လာသော မြန်မာ့နွေဦးတော်လှန်ရေး၏ မဆုတ်မနစ်သော ခိုင်မာသည့် စိတ်ဓာတ်ကိုလည်းကောင်း၊ အကြမ်းဖက်စစ်အုပ်စု၏ မတရားဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေးအတွက် ပြည်သူ တရပ်လုံး၏ ပြင်းပြသော ဆန္ဒအဟုန်ကိုလည်းကောင်း ကမ္ဘာ့မျက်နှာစာသို့ ထင်ဟပ်ပြသသည့် သမိုင်းဝင် နေ့တစ်နေ့လည်း ဖြစ်ပါသည်။ အာဏာရှင်အဆက်ဆက်၏ အသက်အန္တရာယ် ခြိမ်းခြောက်မှုအပါအဝင် အနုနည်း၊ အကြမ်းနည်းဖြင့် ဖိနှိပ်ချုပ်ချယ်မှုအမျိုးမျိုးကို မတုန်မလှုပ် ကြံ့ကြံ့ခံခဲ့သော ဒေါ်အောင်ဆန်းစုကြည် ၏ ရဲစွမ်းသတ္တိနှင့် ဖြောင့်မတ်တည်ကြည်မှုများကြောင့် ၂၀၁၂ ခုနှစ်၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲများတွင် ပြည်သူလူထု၏ ယုံကြည်ထောက်ခံမှုကို အပြည့်အဝ ရရှိခဲ့ပြီး၊ ယင်းယုံကြည်မှုသည် ယနေ့တိုင် အားကောင်းရှင်သန်နေဆဲ ဖြစ်ပါသည်။ လူထုခေါင်းဆောင်၏ မဆုတ်မနစ်သော ဇွဲလုံ့လ၊ ပြည်သူ့အပေါ်ထားရှိသည့် သစ္စာတရားနှင့် ခိုင်မာသော နိုင်ငံရေး ခံယူချက်များသည် ယနေ့ နွေဦးတော်လှန်ရေးတွင် ပါဝင်ဆင်နွှဲနေကြသော ပြည်သူတရပ်လုံးအတွက် အစဉ်အမြဲ လေးစား ဂုဏ်ယူဖွယ်ရာ "စံပြမီးရှူးတန်ဆောင်" နှင့် ကြီးမားသော စိတ်ခွန်အားတစ်ရပ် ဖြစ်ပါသည်။ အမှန်တရားအတွက် တိုက်ပွဲဝင်နေကြသည့် ပြည်သူများနှင့် အမြဲအတူရှိသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိ ပြည်သူ့နွေဦးတော်လှန်ရေးကြီးနှင့်လည်း ထပ်တူထပ်မျှ ရပ်တည်လျက်ရှိသည်ဟု ခိုင်ခိုင်မာမာ ယုံကြည်ပါသည်။ လက်ရှိအချိန်တွင် အကြမ်းဖက်စစ်အုပ်စုသည် လူထုခေါင်းဆောင်၏ ကျန်းမာရေးနှင့် လက်ရှိ အခြေအနေမှန်ကို ပြည်သူလူထုနှင့် နိုင်ငံတကာသို့ ပွင့်လင်းမြင်သာမှုကင်းမဲ့စွာ ဖုံးကွယ်ထားကာ၊ နိုင်ငံတကာကိုယ်စားလှယ်အသီးသီးကိုလည်း လူထုခေါင်းဆောင်နှင့် တွေ့ဆုံခွင့် မပြုဘဲ ပိတ်ပင်ထားပြီး လူထုခေါင်းဆောင်နှင့် တော်လှန်ရေးကြီးကို သပ်လျှိုခွဲထုတ်ရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းလျက် ရှိပါသည်။ စစ်အုပ်စုက ဝါဒဖြန့်နေသကဲ့သို့ တရားဥပဒေနှင့်အညီ "နေအိမ်အကျယ်ချုပ်" ချထားခြင်းမျိုး လုံးဝမဟုတ်ဘဲ၊ လက်တွေ့တွင် အခြေခံလူ့အခွင့်အရေးများ ကင်းမဲ့ပြီး အလုံးစုံ သတင်းအမှောင်ချထားသည့် နေရာတစ်ခုတွင် ဥပဒေမဲ့ သီးခြားခွဲထုတ်ပိတ်လှောင်ထားခြင်းမှာ လူ့ဂုဏ်သိက္ခာကို ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်ပြီး၊ နိုင်ငံရေးအရ ဓားစာခံပြုလုပ်ကာ အကျပ်ကိုင်ရန် ကြိုးပမ်းခြင်း (Political Hostaging) သာ ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ သားငယ် ကိုထိန်လင်း နှင့်အတူ ပြည်တွင်း ပြည်ပရှိ ပြည်သူလူထုတရပ်လုံးက တစ်ခဲနက် ပါဝင်တောင်းဆိုနေကြသော "အသက်ထင်ရှား ရှိကြောင်း သက်သေပြရေး" (Proof of Life Campaign) လှုပ်ရှားမှုသည် ခေါင်းဆောင်တစ်ဦး၏ ဘေးကင်းလုံခြုံမှုအတွက် စိုးရိမ်ပူပန်ရုံမျှမကဘဲ တရားမျှတမှုကို လိုလားသည့် လူထု၏ အခြေခံ အရပ်ဘက်နှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ တောင်းဆိုချက် ဖြစ်သဖြင့် အပြည့်အဝ ထောက်ခံအပ် ပါသည်။ ကျွန်ုပ်တို့၏ မမှိတ်မသုန်သော ရပ်တည်ချက်မှာ ပြစ်ဒဏ်လျှော့ပေါ့ရေးဟူသော လှည့်ကွက် မဟုတ်ဘဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် မတရားဖမ်းဆီးခံထားရသော နိုင်ငံရေး အကျဉ်းသားအားလုံး "ခြွင်းချက်မရှိ ချက်ချင်း အပြည့်အဝလွတ်မြောက်ရေး" သာ ဖြစ်ပါသည်။

photo content

Statement on the 81st Birthday of State Counsellor and Public Leader Daw Aung San Suu Kyi June 19, 2026 1. Today marks the 81st birthday of the State Counsellor and Public Leader, Daw Aung San Suu Kyi. Since 1 February 2021, when the terrorist military junta unlawfully attempted to seize sovereign power from the people, she has been unlawfully, arbitrarily, and unjustly detained to this day, marking exactly 5 years, 4 months, and 18 days of unjust imprisonment. 2. As a Public Leader who continues to command the highest affection and recognition from the public, as well as enduring international recognition, Daw Aung San Suu Kyi has faced various forms of obstruction throughout Myanmar’s democratic struggle—including unlawful detention, house arrest, and life-threatening intimidation and harassment by successive military dictatorships. Currently, she is facing an extremely alarming and grave situation where no concrete evidence of her being alive has been provided, her exact whereabouts remain completely unknown, and she is entirely denied any contact with her family members. 3. In accordance with the will of the people of Myanmar, we regard the following matters as absolute prerequisites that must be urgently fulfilled to bring the People's Revolution to a successful conclusion: (a) The immediate and unconditional release of Daw Aung San Suu Kyi and all political prisoners; (b) The immediate cessation of all targeted attacks against the civilian population; and (c) The immediate end to the forced conscription of the younger generation. 4. The Committee Representing Pyidaungsu Hluttaw (CRPH) and the National Unity Government (NUG) strongly urge the international community to exert pressure on the terrorist military junta through all available and effective measures to ensure the swift implementation of the aforementioned priorities. On this momentous occasion of the birthday of State Counsellor and Public Leader Daw Aung San Suu Kyi, we solemnly pledge to continue our utmost efforts, working together in unity with all allied forces and organizations, to fully achieve the objectives of the revolution—including the realization of these immediate measures—and to establish the future Federal Democratic Union, which remains the ultimate aspiration of the entire nation. May the birthday celebrant, Public Leader Daw Aung San Suu Kyi be blessed with good health! May she be immediately released from detention! Committee Representing Pyidaungsu Hluttaw National Unity Government

photo content
+1

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၈၁) နှစ်မြောက်မွေးနေ့ ထုတ်ပြန်ချက် ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၉) ရက် ၁။ ယနေ့သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၈၁) နှစ်မြောက်မွေးနေ့ အချိန်အခါဖြစ်ပြီး မွေးနေ့ရှင်သည် အကြမ်းဖက်စစ်အုပ်စုက ပြည်သူ့အာဏာကို မတရားလုယူရန်ကြိုးစားသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ ယနေ့အချိန်အထိ ဥပဒေမဲ့ မတရားဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသည်မှာ ၅ နှစ်၊ ၄ လ၊ ၁၈ ရက် ရှိပြီဖြစ်သည်။ ၂။ ပြည်သူလူထု၏ မေတ္တာထားအသိအမှတ်ပြုမှုကို အမြင့်ဆုံးရရှိထားဆဲဖြစ်သည့် လူထု ခေါင်းဆောင်တစ်ဦး ဖြစ်သကဲ့သို့ နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကိုလည်း ယနေ့အချိန်အထိ ရရှိထားဆဲဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှု ခရီးတလျှောက်တွင် စစ်အာဏာရှင်အဆက်ဆက်က မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ နေအိမ်အကျယ်ချုပ် ထားရှိခြင်း၊ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နှောက်ယှက်ခြင်း စသည့် နည်းလမ်းပေါင်းစုံဖြင့် ဟန့်တား နှောင့်ယှက်ခြင်းကို ခံခဲ့ရသည့်အပြင် လက်ရှိအချိန်ကာလတွင်လည်း သက်ရှိထင်ရှား ရှိနေကြောင်း ကိုပင် ခိုင်လုံသည့် သက်သေအထောက်အထားမပြနိုင်ခြင်း၊ မည်သည့်နေရာတွင် ရှိနေသည်ကိုပင် မသိရှိရဘဲ မိသားစုဝင်များနှင့်လည်း တွေ့ဆုံခွင့်မရရှိခြင်း စသည့် လွန်စွာ စိုးရိမ်ဖွယ်ကောင်းသည့် အခြေအနေမျိုးနှင့် ရင်ဆိုင်ကြုံတွေ့နေရပါသည်။ ၃။ မြန်မာပြည်သူလူထုတရပ်လုံး၏ ဆန္ဒနှင့်အညီ ပြည်သူ့တော်လှန်ရေးကို အောင်မြင်စွာ အဆုံးသတ်နိုင်ရေးအတွက် အောက်ပါ ကိစ္စရပ်များသည် မဖြစ်မနေ ဦးစွာဆောင်ရွက်ရမည့် ကိစ္စရပ်များ ဖြစ်သည်ဟု ကျွန်ုပ်တို့က ရှုမြင်ပါသည်။ (က) ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေး၊ (ခ) ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်မှုများအား အမြန်ဆုံး ရပ်တန့်ရေးနှင့် (ဂ) မျိုးဆက်သစ်လူငယ်များအား အဓမ္မစစ်သားစုဆောင်းနေသည့် ကိစ္စရပ်များအား အမြန်ဆုံး ရပ်တန့်ရေး။ ၄။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့အနေဖြင့် အထက်ပါကိစ္စရပ်များ အမြန်ဆုံး အကောင်အထည်ပေါ်လာရေးအတွက် အကြမ်းဖက်စစ်အုပ်စုကို ထိရောက်သည့် နည်းလမ်းပေါင်းစုံဖြင့် ဖိအားပေးဆောင်ရွက်ကြရန် နိုင်ငံတကာအသိုင်းအဝိုင်းအား တိုက်တွန်းနှိုးဆော်လိုက်သည်။ မိမိတို့အနေဖြင့်လည်း အထက်ပါ ကိစ္စရပ်များအပါအဝင် တော်လှန်ရေး၏ရည်မှန်းချက်များ ပြီးမြောက် အောင်မြင်ပြီး ပြည်သူလူထု တရပ်လုံး၏ မျှော်ရည်ချက်ဖြစ်သည့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင် နိုင်ရေးကို မဟာမိတ်အင်အားစုများ အားလုံးနှင့် ညီညွတ်စွာ လက်တွဲလျက် အစွမ်းကုန် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အခါသမယတွင် လေးနက်တည်ကြည်စွာဖြင့် ကတိသစ္စာ ပြုအပ်ပါသည်။ မွေးနေ့ရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ အချုပ်အနှောင်မှ အမြန်ဆုံးလွတ်မြောက်ပါစေ။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အမျိုးသားညီညွတ်ရေးအစိုးရ

-ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း နဲ့ ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ်နေတာ ချက်ချင်းရပ်ပါ။ -အဓမ္မ စစ်သားစုဆောင်းတဲ့ အဓမ္မ စစ်မှုထမ်း
-ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း နဲ့ ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ်နေတာ ချက်ချင်းရပ်ပါ။ -အဓမ္မ စစ်သားစုဆောင်းတဲ့ အဓမ္မ စစ်မှုထမ်းဥပဒေကို ချက်ချင်းဖျက်ပါ။ -ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပါ။ -ဦးဝင်းမြင့်သည်သာ နိုင်ငံတော်သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်သည်သာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဦးကျော်မိုးထွန်းသည်သာ မြန်မာနိုင်ငံ၏ ကုလသမဂ္ဂ သံအမတ်ကြီးဖြစ်ပါတယ်။ နှင်းဆီလူထုလှုပ်ရှားမှုမှာ အားလုံးပါဝင်ကြပါ။ ဒေါက်တာဇော်ဝေစိုး ပြည်ထောင်စုဝန်ကြီးချုပ်ရုံးဝန်ကြီး အမျိုးသားညီညွတ်ရေးအစိုးရ

photo content
+1

During the opening session, U Aung Kyaw Moe, Deputy Minister of Human Rights, emphasized that "human rights documentation" serves as the fundamental cornerstone for ensuring accountability and ending impunity regarding the Military Council's multi-faceted human rights violations. He urged participants to turn operational challenges into strengths through continuous peer-to-peer learning and open dialogue, reinforcing the collective struggle to abolish the military dictatorship and establish a federal democracy. Concurrently, the Permanent Secretary presented strategic measures to maintain the momentum of the grassroots data collection mechanism which currently documents over 500 violation cases per month through systematic coordination with the interim Federal Unit governments. The Permanent Secretary further assured that the Ministry will continue to provide essential support for the security of human rights defenders, monthly communication allowances, and the maintenance of secure database systems. In response, representatives from the Federal Unit governments warmly welcomed the joint initiatives and pledged their readiness to provide administrative and security protections within their respective jurisdictions. On the second day, grassroots human rights officers openly discussed protection risks, security challenges, and threats encountered in the field, leading to the adoption of targeted action plans. These include: providing capacity-building training for grassroots volunteers (focusing on documentation methodology, forensic medicine, and landmine/UXO awareness); distributing public awareness handbooks; integrating the Universal Declaration of Human Rights (UDHR) into educational curricula; and incorporating human rights protection clauses into the interim administrative legislation of respective Federal Units. Furthermore, the Ministry immediately facilitated cash grants to procure essential communication equipment and power banks to support field operations and early-warning systems against airstrikes. In closing, Ministry officials reaffirmed their unwavering commitment to standing in solidarity with grassroots volunteers during this interim period, ensuring that the pursuit of transitional justice for the people continues without interruption. Ministry of Human Rights National Unity Government

ကြားကာလ လူ့အခွင့်အရေးယန္တရား အရှိန်အဟုန်မပျက်စေရန် ဖက်ဒရယ်ယူနစ်များနှင့်အတူ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ် “မြေပြင်က လူ့အခွင့်အရေး မှတ်တမ်းတင်မှုတွေနဲ့ အသိပညာပေးလုပ်ငန်းတွေ အရှိန်အဟုန် ဆုတ်ယုတ်မသွားဖို့က အဓိကပါပဲ။ ဒါကြောင့် ကြားကာလ ဖက်ဒရယ်ယူနစ် အစိုးရတွေနဲ့ ဟန်ချက်ညီညီ လက်တွဲပြီး လုပ်ငန်းစဉ်တွေကို ပိုမိုထိရောက်အောင် စနစ်တကျ ညှိနှိုင်းရခြင်းဖြစ်ပါတယ်” အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနဟာ ၂၀၂၆ ခုနှစ်၊ ဇွန်လ ပထမအပတ်အတွင်း (၂) ရက်တိုင်တိုင် စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးနဲ့ တနင်္သာရီဒေသက မြေပြင်လူ့အခွင့်အရေးတာဝန်ခံတွေ၊ ကြားကာလ ဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့ ကိုယ်စားလှယ်တွေအပါအဝင် စုစုပေါင်း (၈၉) ဦးနဲ့အတူ ရှေ့ဆက်မယ့် ကြားကာလလုပ်ငန်းစဉ်တွေကို Zoom ဗီဒီယိုကွန်ဖရင့်ကတစ်ဆင့် အောင်မြင်စွာ ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးပွဲအဖွင့်မှာ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး က အကြမ်းဖက်စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ထိရောက်စွာ အရေးယူပြစ်ဒဏ်ပေးနိုင်ဖို့ "မှတ်တမ်းကောက်ယူခြင်း" ဟာ အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ အားနည်းချက်တွေကို အားသာချက်ပြောင်းလဲပြီး စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် အတူတကွ ဆက်လက်ရုန်းကန်သွားကြဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။ တဆက်တည်းမှာပဲ အမြဲတမ်းအတွင်းဝန် က တလလျှင် အကြမ်းဖက်စစ်အုပ်စုကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အမှုပေါင်း (၅၀၀) ကျော်ရှိနေတဲ့ မြေပြင်ဒေတာကောက်ယူမှုယန္တရား အရှိန်အဟုန်မပျက်စေဖို့ ကြားကာလ ဖက်ဒရယ်ယူနစ်အစိုးရတွေနဲ့ စနစ်တကျ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားမယ့်အပြင် လူ့အခွင့်အရေးရာတာဝန်ခံတွေရဲ့ ဘေးကင်းလုံခြုံရေး၊ ဆက်သွယ်ရေးစရိတ် နဲ့ လုံခြုံစိတ်ချရတဲ့ ဒေတာထိန်းသိမ်းမှုစနစ် (Database) တွေကိုပါ အကောင်းဆုံး ဆက်လက်ပံ့ပိုးပေးသွားမှာဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့ရာ ဖက်ဒရယ်ယူနစ် အစိုးရကိုယ်စားလှယ်များကလည်း ကျရာကဏ္ဍကနေ အဆင်သင့် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကတိကဝတ်ပြုခဲ့ကြပါတယ်။ ဆွေးနွေးပွဲ ဒုတိယနေ့မှာတော့ မြေပြင်တာဝန်ခံတွေရဲ့ လုံခြုံရေးစိန်ခေါ်မှုတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြပြီး ရှေ့ဆက်မယ့် လုပ်ငန်းစဉ်သစ်တွေဖြစ်တဲ့ မြေပြင် Volunteer တွေအတွက် (အချက်အလက်ကောက်ယူနည်း၊ Forensic ဆေးပညာ၊ မိုင်းအန္တရာယ်) စွမ်းဆောင်ရည်မြှင့်သင်တန်းများ ပေးခြင်း၊ လူထုအသိပညာပေး လက်စွဲစာအုပ်များ ဖြန့်ဝေခြင်း၊ ဒေသန္တရဥပဒေများတွင် လူ့အခွင့်အရေးကာကွယ်မှုများ ထည့်သွင်းခြင်းနဲ့ လေကြောင်းအန္တရာယ် သတိပေးစနစ်အတွက် အရေးပေါ်လိုအပ်တဲ့ ဆက်သွယ်ရေးကိရိယာ နဲ့ Power Bank ရရှိနိုင်ရေး လိုအပ်တဲ့ ပံ့ပိုးမှုတွေကို ချက်ချင်းဆောင်ရွက်ပေးခဲ့ပါတယ်။ ဆွေးနွေးပွဲအပြီးမှာတော့ ဝန်ကြီးဌာနအနေနဲ့ ကြားကာလအတွင်း မြေပြင်ရဲဘော်တွေနဲ့အတူ စွန့်လွှတ်စွန့်စားစွာ လက်တွဲပြီး ပြည်သူတွေမျှော်လင့်နေတဲ့ တရားမျှတမှုဖော်ဆောင်ရေးခရီးကို အဟုန်မပျက် ဆက်လက်လျှောက်လှမ်းသွားမှာဖြစ်ကြောင်း ခိုင်မာစွာကတိပြုရင်း ဆွေးနွေးပွဲကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါတယ်။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ Joint Consultation and Workshop Held with Federal Units to Sustain Interim Human Rights Mechanisms “The primary objective during this transitional period is to ensure that grassroots human rights documentation and advocacy efforts do not lose momentum. This consultation is crucial for establishing seamless synchronization and a structured handover with the interim Federal Unit governments.” The Ministry of Human Rights of the National Unity Government successfully conducted a two-day "Consultation and Workshop with Human Rights Focal Officers from Sagaing, Magway, Mandalay, Bago, and Tanintharyi Regions" via Zoom video conferencing during the first week of June. The workshop was attended by a total of 89 participants, including officials from the Ministry of Human Rights, grassroots human rights officers from various regions, and representatives from the interim Federal Unit governments of Sagaing, Magway, and Mandalay, who actively collaborated on strategic interim work plans.

photo content

ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ဘေးကင်းလုံခြုံရေးဆိုင်ရာ အကြံပြုချက်များ ဇွန်၊ ၁၇ ၁။ ထိုင်းနိုင်ငံအာဏာပိုင်များသည် ထိုင်းနိုင်ငံအတွင်းသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ အပါအဝင် နိုင်ငံခြားသားများ၏ အောက်ဖော်ပြပါကိစ္စရပ်များနှင့်စပ်လျဥ်း၍ စစ်ဆေးမှုနှင့် အရေးယူ ဆောင်ရွက်မှုများကို လတ်တလောကာလတွင် တိုးမြှင့်ဆောင်ရွက်လျှက်ရှိပါသည်- (က) ထိုင်းနိုင်ငံအတွင်းသို့ တရား၀င်ခွင့်ပြုချက်မရှိဘဲ ၀င်ရောက်လာခြင်း (ခ ) တရားဝင် အထောက်အထားမရှိဘဲ ထိုင်းနိုင်ငံတွင် နေထိုင်ခြင်း (ဂ ) ခွင့်ပြုထားသည့် ဗီဇာသက်တမ်းကျော်လွန်နေထိုင်ခြင်း (ဃ) ထိုင်းနိုင်ငံ ဥပဒေအရ ခွင့်ပြုမထားသော အလုပ်အကိုင်များတွင် လုပ်ကိုင်ခြင်း (င ) အလုပ်ပါမစ် (Work Permit) တွင် ဖော်ပြထားသော အလုပ်အကိုင်နှင့် လက်တွေ့လုပ်ကိုင်နေသော အလုပ် ကိုက်ညီမှုမရှိခြင်း (စ ) အလုပ်လုပ်ကိုင်ခွင့်ပါမစ်မရှိဘဲ အလုပ်လုပ်ကိုင်ခြင်း (ဆ) TM.30 ဧည့်သည်စာရင်း တင်ပြမရန် သတ်မှတ်ချက်များကို မလိုက်နာခြင်း ၂။ ထိုင်းနိုင်ငံ၏ ဥပဒေ၊စည်းမျဥ်းစည်းကမ်းများအရ ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများ အများ စုသည် အလုပ်ပါမစ်နှင့် သက်ဆိုင်သော စည်းမျဥ်းစည်းကမ်းများကို မလိုက်နာခြင်းကြောင့် ဖြစ်ကြောင်း တွေ့ရှိရပါသည်။ ၃။ သို့ဖြစ်ပါ၍ ထိုင်းနိုင်ငံအတွင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အောက်ပါအချက် များကို သတိပြုလိုက်နာဆောင်ရွက်နိုင်ကြပါရန် အကြံပြုတင်ပြအပ်ပါသည်- (က) ထိုင်းနိုင်ငံအစိုးရက နိုင်ငံခြားသားများလုပ်ကိုင်ခွင့်မရှိကြောင်း ကန့်သတ်ထားသည့် လုပ်ငန်းများကို မလုပ်ဆောင်ရန်၊ (ခ ) မူလနေရပ်မှ အခြားနေရာများသို့ သွားလာရမည်ဆိုပါက လိုအပ်သည့် အထောက်အထား၊ စာရွက်စာတမ်းများ(ပတ်စ်ပို့၊ ဗီဇာ၊ အလုပ်လုပ်ကိုင်ခွင့်ပါမစ်) ကို မပျက်မကွက် ယူဆောင်သွားရန်၊ (ဂ ) ထိုင်းအာဏာပိုင်များက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာပူးပေါင်း ဆောင်ရွက်ရန်၊ (ဥပမာ-ဧည့်စာရင်းတိုင်ကြားခြင်းနှင့် ဗီဇာသက်တမ်းတိုးခြင်းများ) (ဃ) နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ လူကုန်ကူးခြင်း၊ မူးယစ်ဆေးဝါးရောင်းဝယ်/သုံးစွဲခြင်း၊ လက်နက်မှောင်ခိုခြင်းနှင့် အွန်လိုင်းလိမ်လည်မှုများအပါအဝင် တရားမဝင်လုပ်ငန်းများတွင် လုံးဝ(လုံးဝ) ပါဝင်ပတ်သက်ခြင်းမပြုရန်၊ (င ) ရွှေ့ပြောင်းလုပ်သားများ/မိသားစုများနှင့် ရွှေ့ပြောင်းလုပ်သားများကို လက်ခံထားသည့် ရပ်ရွာအသိုက်အဝန်းများအကြား လူမှုသဟဇာတပျက်ပြားစေမည့်ကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရန်။ အရေးယူခံရမှုများနှင့်စပ်လျဉ်း၍ သတင်းပေးပို့ဆက်သွယ်ရန် ဖုန်းနံပါတ် - 06 3107 0103 အီးမေးလ် - complaint@molmyanmar.org တယ်လီဂရမ် Username - @MOLNUG Facebook page - https://www.facebook.com/share/1Z1FHPs4t1/?mibextid=wwXIfr

"Deepest condolences to the Royal Family and the people of Thailand on the passing of Her Royal Highness Princess Bajrakitiya
"Deepest condolences to the Royal Family and the people of Thailand on the passing of Her Royal Highness Princess Bajrakitiyabha Narendiradebyavati Krom Luang Rajasarinisiribajra Mahavajrarajadhida." With deepest sympathy Ministry of Foreign Affairs National Unity Government (ขอแสดงความเสียใจอย่างสุดซึ้งต่อพระบรมวงศานุวงศ์และปวงชนชาวไทย เนื่องจากการจากไปของสมเด็จพระเจ้าลูกเธอ เจ้าฟ้าพัชรกิติยาภา นเรนทิราเทพยวดี กรมหลวงราชสาริณีสิริพัชร มหาวัชรราชธิดา ด้วยความร่วมไว้อาลัยอย่างสุดซึ้ง รัฐบาลเอกภาพแห่งชาติแห่งสาธารณรัฐแห่งสหภาพเมียนมา (NUG)

photo content