cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

Myanmar Update News

အမှောင်ထဲမှ အလင်းတစ်စ

Show more
Advertising posts
43 221
Subscribers
-324 hours
-127 days
-5230 days

Data loading in progress...

Subscriber growth rate

Data loading in progress...

Photo unavailableShow in Telegram
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ (၁၁-၆-၂၀၂၄)နေ့တွင် ရန်ကုန်မြိုနှင့် မန္တလေးမြိုအတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြိုတော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Show all...
👍 28
မနက်ခင်း_မေတ္တာပို့_ဓမ္မတေး.mp31.04 MB
5🙏 5👍 2
Repost from News Of Myanmar NOM
00:11
Video unavailableShow in Telegram
ရိုမေးနီးယားကယူကရိန်းကို၃-၀ဖြင့်နိုင်သောယူရို၂၀၂၄ဘောလုံးပွဲတွင်ရိုမေးနီးယားပရိသတ်ကပူတင်အမည်ကိုအော်ဟစ်ခါရုရှားနိုင်ငံနှင့် ပူးပေါင်းသွားသည့် ဒွန်းနက်(စ်)(ခ်)အလံများလွှင့်ထူအားပေးခဲ့သည်။
Show all...
3.91 MB
35👍 29
Repost from Min Zaw Lwin
00:53
Video unavailableShow in Telegram
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ၊ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်းအား လက်ခံတွေ့ဆုံ
Show all...
10.01 MB
👍 34
Repost from Yangon Media Group
Photo unavailableShow in Telegram
🔷ဘယ်နိုင်ငံတွေက ကမ္ဘာပေါ်မှာ ရွှေအများဆုံးထုတ်လုပ်နေသလဲ ****** ၁၈ ဇွန် ၂၀၂၄ ▪️ကမ္ဘာ့ရွှေထုတ်လုပ်မှုဟာ နှစ်အလိုက်တိုးတက်လာနေပါတယ်။ ▪️၂၀၂၃ခုနှစ်မှာ စုစုပေါင်းရွှေတန်ချိန် ၃၀၃၉တန်အထိထုတ်လုပ်ခဲ့ပါတယ်။ ▪️ရွှေထုတ်လုပ်မှုအမြင့်ဆုံးနိုင်ငံ (၅)နိုင်ငံက ၁။ ရုရှား ၂။ တရုတ် ၃။ ဩစတြေလျ ၄။ အမေရိကန်ပြည်ထောင်စု နှင့် ၅။ ကနေဒါတို့ဖြစ်ကြပါတယ်။ ▪️အဆိုပါ(၅)နိုင်ငံဟာ ကမ္ဘာ့ရွှေထုတ်လုပ်မှုစုစုပေါင်းရဲ့၅၀ ရာခိုင်နှုန်းကျော်ထုတ်လုပ်ပေးနေပါတယ်။ ▪️၂၀၂၃ခုနှစ်မှာ တရုတ်နိုင်ငံက ရွှေတန်ချိန် ၃၇၀၊ရုရှားက ၃၂၂တန်နှင့် ဩစတေလျက ၂၉၄တန်ထုတ်လုပ်ခဲ့ကြပါတယ်။ ▪️အခြားသော အဓိကရွှေထုတ်လုပ်နေတဲ့နိုင်ငံတွေဟာ ကာဇက်စတန်၊တောင်အာဖရိက၊ ဥဘက်ကစ္စတန်၊ အင်ဒိုနီးရှား၊ဂါနာ၊မက္ကဆီကို၊ဘရာဇီးလ်၊ပီရူး၊မာလီနှင့် တန်ဇန်နီးယားတို့ဖြစ်ကြပါတယ်။
Show all...
👍 46
Repost from News Of Myanmar NOM
00:14
Video unavailableShow in Telegram
ရုရှားသမ္မတပူတင်မြောက်ကိုးရီးယားရောက်ရှိ
Show all...
5.09 MB
👍 98 1👏 1
Repost from MRTV News Channel
00:54
Video unavailableShow in Telegram
MNL Cup ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက် အသင်းတို့ ယှဉ်ပြိုင်မှုကို မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်မည်
Show all...
NC (18-6-24) 3pm (Local) V 8.mp413.79 MB
👍 40
Repost from Myanmar Focus - MF
ပဉ္စမအကြိမ်မြောက် လန်ချန်း - မဲခေါင်ရုပ်သံအစီအစဉ် သီတင်းပတ်အခမ်းအနားကို အဖွဲ့ဝင်ခြောက်နိုင်ငံအကြား ရုပ်သံနှင့် အွန်လိုင်းမီဒီယာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်လာစေရန် ကျင်းပ ဇွန်လ(၁၇)ရက်နေ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို Yunnan Radio and TV Station ရှိ Studio – 1 ၌ ပဉ္စမအကြိမ်မြောက် လန်ချန်း - မဲခေါင်ရုပ်သံအစီအစဉ် သီတင်းပတ်အခမ်းအနား (5th Lancang– Mekong Audiovisual Week) ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။ ပဉ္စမအကြိမ်မြောက် လန်ချန်း - မဲခေါင် ရုပ်သံသီတင်းပတ်အခမ်းအနားကို အဖွဲ့ဝင်ခြောက်နိုင်ငံအကြား ရုပ်သံနှင့် အွန်လိုင်းမီဒီယာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်လာစေရန်၊ တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများအကြား ယဉ်ကျေးမှုဆိုင်ရာ ဆွေးနွေးဖလှယ်မှုများ တိုးမြှင့်လာစေရန်၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သည် အရှေ့တောင်အာရှနှင့် တောင်အာရှနိုင်ငံများ ဆက်သွယ်မှုတွင် အချက်အချာဖြစ်စေရန်၊ BRI ပူးပေါင်း တည်ဆောက်ရေး အောင်မြင်မှုများ ပြသနိုင်ရန်တို့အတွက် တရုတ်နိုင်ငံ အမျိုးသားရေဒီယိုနှင့် ရုပ်မြင်သံကြား စီမံခန့်ခွဲရေးအဖွဲ့၊ ဗီယက်နမ်နိုင်ငံ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပြည်သူ့အစိုးရတို့ ပူးပေါင်း စီစဉ်ကျင်းပခြင်းဖြစ်သည်ဟု သိရသည်။ မြန်မာနိုင်ငံသည် ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ရင်းနှီးသည့်ဆက်ဆံရေးကို စဉ်ဆက်မပြတ်ထိန်းသိမ်းပြီး ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များတွင် ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ အပြန်အလှန် ယုံကြည်မှု၊ သာတူညီမျှရှိမှု စသည့်မူများအပေါ် အခြေခံပြီး တက်ကြွစွာ ပူးပေါင်းပါဝင်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် မီဒီယာဗဟုဝါဒ (Media Pluralism) ရရှိရန်အတွက် မီဒီယာဆိုင်ရာဥပဒေများ ထုတ်ပြန်ပြဋ္ဌာန်းပြီး ဥပဒေနှင့်အညီ ရုပ်သံလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပေးထားသည်။ နိုင်ငံပိုင်မီဒီယာဖြစ်သည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV)သည် လန်ချန်း- မဲခေါင်ဒေသတွင်း နိုင်ငံများ၏ ရုပ်သံလွှင့်ဌာနများဖြစ်သည့် ထိုင်းနိုင်ငံ ပြည်သူ့ဆက်ဆံရေးဌာန(PRD)၊ တရုတ်နိုင်ငံ အမျိုးသားရေဒီယိုနှင့် ရုပ်မြင်သံကြားဌာန (NRTA)နှင့် China MediaGroup (CMG)၊ ကွမ်ရှီးအသံလွှင့်နှင့် ရုပ်မြင်သံကြားဌာန (GXRTV)၊ ဗီယက်နမ်နိုင်ငံ Voice of Vietnam(VOV) များနှင့် သဘောတူညီချက်များ လက်မှတ်ရေးထိုးပြီး ဝန်ထမ်းများ အပြန်အလှန်စေလွှတ်ခြင်း၊ အဆင့်မြင့်ကိုယ်စားလှယ်များ အပြန်အလှန်လည်ပတ်ခြင်း၊ ရုပ်သံဇာတ်လမ်းတွဲများ ပြသဆောင်ရွက်လျက်ရှိသည်ဟု ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အခမ်းအနားတွင် ပြောကြားခဲ့သည်။ ဆက်လက်၍ လန်ချန်း - မဲခေါင်ဒေသ၏ ထူးခြားပြောင်မြောက်သော ရိုးရာအကအလှများ၊ သီဆိုကပြမှုများနှင့် ရုပ်သံအစီအစဉ်ပြကွက်များ တွဲဖက်၍လည်းကောင်း၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် အရှေ့တောင်အာရှ၊ တောင်အာရှဒေသများမှ ရိုးသားချစ်ခင်ဖွယ် လူနေမှုဘဝပုံစံများနှင့် ဒေသထုတ်ကုန်များအကြောင်းကိုလည်းကောင်း ရှင်းလင်းတင်ပြမှုနှင့်အတူ ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားအစီအစဉ်များကို ၂၀၂၄ ခုနှစ်၊ ဇွန်လ(၁၇)ရက်မှ (၂၀)ရက်အထိ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ကူမင်း၊ ယွိရှီနှင့် အခြားမြို့ကြီးများတွင် ဆက်စပ်ပြီး စီစဉ်ကျင်းပမည်ဟု သိရသည်။ အဆိုပါအခမ်းအနားသို့ လန်ချန်း - မဲခေါင်နိုင်ငံများဖြစ်ကြသော တရုတ်၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် ဗီယက်နမ် ခြောက်နိုင်ငံတို့အပြင် တောင်အာရှနိုင်ငံများမှ ဘဂ်လားဒေ့ရှ်၊ နီပေါနှင့် သီရိလင်္ကာနိုင်ငံတို့မှ ပြန်ကြားရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။ #myanmarfocus
Show all...
👍 31
Photo unavailableShow in Telegram
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ (၁၁-၆-၂၀၂၄)နေ့တွင် ရန်ကုန်မြိုနှင့် မန္တလေးမြိုအတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြိုတော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Show all...
👍 31
မနက်ခင်း_မေတ္တာပို့_ဓမ္မတေး.mp31.04 MB
🙏 25👍 2