Myanmar Update News
📈 Analytical overview of Telegram channel Myanmar Update News
Channel Myanmar Update News (@myanmarupdate) in the Burmese language segment is an active participant. Currently, the community unites 32 420 subscribers, ranking 7 748 in the News & Media category and 4 466 in the Myanmar region.
📊 Audience metrics and dynamics
Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 32 420 subscribers.
According to the latest data from 25 August, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -499 over the last 30 days and by -15 over the last 24 hours, overall reach remains high.
- Verification status: Not verified
- Engagement rate (ER): The average audience engagement rate is 7.38%. Within the first 24 hours after publication, content typically collects 5.81% reactions from the total number of subscribers.
- Post reach: On average, each post receives 2 393 views. Within the first day, a publication typically gains 1 883 views.
- Reactions and interaction: The audience actively supports content: the average number of reactions per post is 42.
📝 Description and content policy
The author describes the resource as a platform for expressing subjective opinions:
“အမှောင်ထဲမှ အလင်းတစ်စ”
Thanks to the high frequency of updates (latest data received on 26 August, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.
Data loading in progress...
| Date | Subscriber Growth | Mentions | Channels | |
| 26 August | +3 | |||
| 25 August | 0 | |||
| 24 August | +2 | |||
| 23 August | 0 | |||
| 22 August | 0 | |||
| 21 August | 0 | |||
| 20 August | +3 | |||
| 19 August | +3 | |||
| 18 August | +1 | |||
| 17 August | 0 | |||
| 16 August | 0 | |||
| 15 August | 0 | |||
| 14 August | 0 | |||
| 13 August | 0 | |||
| 12 August | 0 | |||
| 11 August | +1 | |||
| 10 August | 0 | |||
| 09 August | 0 | |||
| 08 August | 0 | |||
| 07 August | 0 | |||
| 06 August | +3 | |||
| 05 August | 0 | |||
| 04 August | 0 | |||
| 03 August | +2 | |||
| 02 August | 0 | |||
| 01 August | 0 |
| 2 | ▫️▫️▫️▫️▫️
ဗီယက်နမ်သို့ တရားဝင်ချစ်ကြည်ရေးခရီးလာရောက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ဗီယက်နမ်သမ္မတ ဖိတ်ကြား
နေပြည်တော်၊ ဩဂုတ် ၂၆
ဗီယက်နမ်နိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး လာရောက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ဗီယက်နမ်သမ္မတက ဖိတ်ကြားလိုက်ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအပါအဝင် ပူးပေါင်း ဆောင်ရွက်ရေးကဏ္ဍများ တိုးမြှင့်ရန် မြန်မာနှင့် ဗီယက်နမ်တို့ ဩဂုတ် ၂၆ ရက်တွင် နေပြည်တော်၌ ဆွေးနွေးခဲ့ကြသည်။
အဆိုပါဖိတ်ကြားချက်ကို မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး H.E. Le Hoal Trung က နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင် တော်၌ တွေ့ဆုံစဉ် ဗီယက်နမ်နိုင်ငံသမ္မတနှင့် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ တိုလမ်၏ သတင်းစကားအဖြစ် ပြောကြားခဲ့ခြင်းဖြစ်သည်။
——————————-
❇️❇️❇️❇️❇️❇️
https://yangonmediagroup.com/index.php/myanmar/myanmar-vietnam-fm-vist | 465 |
| 3 | ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်တွင်းကုန်ထုတ်လုပ်မှုမြှင့်တင်ကာ နိုင်ငံ့စီးပွားဖွံ့ဖြိုးရေး အရှိန်မြှင့်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း
နေပြည်တော်၊ ဩဂုတ် ၂၅။ နိုင်ငံ့စီးပွားနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းကုန်ထုတ်လုပ်မှုနှင့် ပို့ကုန်တိုးမြှင့်ရေး၊ စိုက်ပျိုးမွေးမြူရေးအခြေခံ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးနှင့် ဒေသတွင်းမိတ်ဖက်၊ အိမ်နီးချင်းနိုင်ငံများ၏ အားသာချက်များကို မြန်မာနိုင်ငံ၏ အားသာချက်များနှင့် ပေါင်းစပ်အသုံးချရေး အလေးထားဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဩဂုတ် ၂၅ ရက် နေပြည်တော်၌ ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်း အဝေးတွင် ပြောကြားခဲ့သည်။
ဩဂုတ်လအတွင်း ထိုင်း၊ ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံများသို့ သွားရောက်ခဲ့သည့် ခရီးစဉ်များမှတစ်ဆင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ ကာကွယ်ရေးနှင့် စက်မှုကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဆွေးနွေးနိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။ ထိုင်းခရီးစဉ်အတွင်း နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအပြင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် ရွှေ့ပြောင်းလုပ်သားများ၏ ဘေးကင်းလုံခြုံရေး၊ အလုပ်သမားအခွင့်အရေးနှင့် ဥပဒေအရ အကာအကွယ်ရရှိရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း လည်းနိုင်ငံတော်သမ္မတက ပြောသည်။
—————————
❇️❇️❇️❇️❇️❇️
https://yangonmediagroup.com/index.php/myanmar/cabinet-meting-aug-2026 | 1 704 |
| 4 | 🔹🔹🔹🔹🔹
🚨 ပိတ်ဆို့အရေးယူမှုအသစ်များ ရင်ဆိုင်နေရချိန် အီရန်တွင် သဘာဝဓာတ်ငွေ့သိုက်အသစ်ကြီး ရှာဖွေတွေ့ရှိ
ဩဂုတ် ၂၄၊ ၂၀၂၆ — အီရန်နိုင်ငံ ဖားစ်ပြည်နယ်တောင်ပိုင်းရှိ ဓာတ်ငွေ့ကွင်းတစ်ခုတွင် သဘာဝဓာတ်ငွေ့ ကုဗပေ ၇.၅ ထရီလီယံခန့် ရှာဖွေတွေ့ရှိခဲ့ကြောင်း ရေနံဝန်ကြီး မိုဆင် ပါက်နီဂျက်က ကြေညာခဲ့သည်။ 🇮🇷 ယင်းအနက် ကုဗပေ ၅.၇ ထရီလီယံခန့်ကို ထုတ်ယူနိုင်မည်ဟု ခန့်မှန်းထားပြီး တောင်ပါးစ် ဓာတ်ငွေ့ကွင်း၏ အဆင့်တစ်ဆင့်ကို ၁၅ နှစ်ခန့် ထောက်ပံ့နိုင်သည့် ပမာဏဖြစ်သည်။ စစ်ပွဲကြောင့် ပျက်စီးသည့် စွမ်းအင်အခြေခံအဆောက်အအုံများကို ပြုပြင်နေချိန်တွင် ယခုရှာဖွေတွေ့ရှိမှုက အီရန်အတွက် စီးပွားရေးအကျိုးအမြတ်ကြီးမားစေနိုင်သည်။ Source: Oil Ministry / Local Media | 2 641 |
| 5 | ❗️❗️❗️❗️
🚨 ဘင်္ဂလားပင်လယ်အော်တွင် ကုန်တင်သင်္ဘောနစ်မြုပ်၊ မြန်မာသင်္ဘောသား ၃ ဦး ပါဝင်
၂၃ ဩဂုတ်၊၂၀၂၆
ပနားမားအလံတင် အမ်ဗီ အိုးရှင်းဝင်းနာ ကုန်တင်သင်္ဘောသည် အိန္ဒိယနိုင်ငံ ပါရာဒီပ်ဆိပ်ကမ်းမှ သံရိုင်းတင်ဆောင်ထွက်ခွာပြီးနောက် ဘင်္ဂလားပင်လယ်အော်အတွင်း နစ်မြုပ်သွားခဲ့ရာ သင်္ဘောပေါ်တွင် မြန်မာနိုင်ငံသား သင်္ဘောသား ၃ ဦး အပါအဝင် စုစုပေါင်း ၂၄ ဦး လိုက်ပါခဲ့သည်။ 🇲🇲 သင်္ဘောသားများတွင် တရုတ်နိုင်ငံသား ၂၀ ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁ ဦးလည်း ပါဝင်ပြီး လက်ရှိတွင် အသက်ရှင်သူ ၂ ဦးကို ကယ်တင်ထားကာ ကျန် ၂၂ ဦးကို အိန္ဒိယကမ်းခြေစောင့်တပ်နှင့် ရေတပ်တို့က ဆက်လက်ရှာဖွေနေသည်။ Source: PTI / Indian Coast Guard | 3 016 |
| 6 | ■ မန္တလေးဆေးရုံကြီးမှ အဲကွန်း ၁၇ လုံးအား ဖြုတ်ခိုးယူသူများကို ဖမ်းဆီးရမိ
မန္တလေးဆေးရုံကြီးမှ အဲကွန်း ၁၇ လုံးအား ဖြုတ်ခိုးယူသူများကို ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
မန္တလေးပြည်သူ့ဆေးရုံကြီးရှိ အရေးပေါ်ဌာန၊ ပင်မဓာတ်မှန်ဌာန၊ အရေးပေါ်ဌာန ယာယီစာသင်ခန်း၊ ပင်မခွဲစိတ်ခန်း စသည့် ဌာနအသီးသီးတို့မှ အဲကွန်း ၁၇ လုံး ပျောက်ဆုံးမှုဖြစ်ပွားခဲ့ရာ ချမ်းအေးသာစံမြို့နယ် အမှတ် (၈) ရဲစခန်း၌ တာဝန်ရှိသူများက သြဂုတ် ၆ ရက်တွင် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ရဲတပ်ဖွဲ့မှ အဲကွန်းခိုးသူများကို ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ရာ ဆေးရုံကြီးအနီးရှိ ဘုရားဝန်းအတွင်း၌ အဲကွန်းဖြုတ်ယူနေသူတစ်ဦးကို မသင်္ကာ၍ ခေါ်ယူစစ်ဆေးရာမှ ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
၎င်းကို စစ်ဆေးခဲ့ရာ ကျူးလွန်သူမှာ အဲကွန်းဆားဗစ်လုပ်ငန်း လုပ်ကိုင်သူဖြစ်ပြီး ဆေးရုံကြီးအတွင်းရှိ ဌာနအသီးသီးမှ အဲကွန်းများကို နေ့ခင်းအချိန်မှာပင် အဆင်ပြေသလို တစ်ခုခြင်းဖြုတ်ယူခြင်း၊ အလုံးလိုက်သယ်ယူခြင်း၊ ကြေးပိုက်များဖြုတ်ခြင်း စသည်တို့ဖြင့် ရက်ကာလကြာရှည် ခိုးယူခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
"ခိုးတာတော့ တစ်ရက်တည်း မဟုတ်ဘူးပေါ့။ တစ်ရက်ချင်း စိမ်ပြေနပြေ အောက်ဒိုးရရင် အောက်ဒိုး၊ ကြေးပိုက်တွေ၊ ကွန်ပရက်စာတွေ တစ်ခုချင်း နေ့ခင်းတင် ဖြုတ်ခိုးတာ။ ကွန်ပရက်စာမပါဘဲလည်း ဖြုတ်တာပဲ။ အချိန်ရရင်ရသလို ပန်ကာ၊ ဂတ်စ်အိုး၊ ကြေးတွေ၊ မော်တာတွေ၊ ကွိုင်တွေ စသဖြင့်ပေါ့။ အဲကွန်းပြင်တဲ့သူဆိုတော့ ကျွမ်းကျင်နေတာပေါ့။ သာမာန်ခိုးတဲ့သူဆို ခုလို ဘယ်မြန်ပါ့မလဲ။ သေသေသပ်သပ်ခိုးတာဆိုတော့ အဲကွန်းဖွင့်မရမှ သတိထားမိကြတာ။ တစ်လုံးကို အစုံလိုက် လုံးပြည့်တော့မဟုတ်ဘူး။ ဒါမယ့် တစ်ခုမရှိရင်ကို အဲကွန်းက ဖွင့်မရဘူးဆိုတော့ စခန်းအမှုလာဖွင့်တဲ့ လုံးရေက ၁၇ လုံးပါ" ဟု ကျူးလွန်သူများနှင့်ပတ်သက်ပြီး အမှုစစ်ရဲအရာရှိမှ ဆိုသည်။
အဆိုပါအဲကွန်းများကို ခိုးယူသူများအနက် ဆေးရုံကြီးမှ သန့်ရှင်းရေးဝန်ထမ်းတစ်ဦးနှင့် မိသားစုဝင်တစ်ဦးတို့လည်း ပါဝင်ကြောင်း သိရပြီး ၎င်းတို့ကို အမှတ် (၈) မြို့မရဲစခန်းတွင် (ပ) ၁၁၀/၂၀၂၆ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပုဒ်မ ၆ (၁) ဖြင့် အမှုဖွင့်ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။
#မန္တလေးဆေးရုံကြီး #အဲကွန်း၁၇လုံး #ဖြုတ်ခိုးယူသူများ #ဖမ်းဆီးရမိ #
■ Read More - - - > > > > https://news-eleven.com/article/314450 | 3 500 |
| 7 | ❗️❗️❗️❗️
🚨 ပင်တဂွန် က အမေရိကန်စစ်တပ်သတင်းစာ Stars and Stripesအယ်ဒီတာချုပ်အပါအဝင် ခေါင်းဆောင်များကို ထုတ်ပယ်
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန (ပင်တဂွန် Pentagon) က စစ်တပ်သတင်းစာ Stars and Stripes ၏ အယ်ဒီတာချုပ် Erik Slavin အပါအဝင် ခေါင်းဆောင်အချို့ကို ဩဂုတ် ၂၁ ရက်တွင် ထုတ်ပယ်ရန် အသိပေးခဲ့သည်။ 📰 Slavin က စစ်မှုထမ်းများအတွက် သတင်းများကို ဆင်ဆာဖြတ်တောက်ခြင်းသည် မိမိအတွက် “အနီရောင်မျဉ်း” ဖြစ်ကြောင်း CBS အင်တာဗျူးတွင် ပြောဆိုခဲ့ခြင်းကြောင့် အမိန့်မနာခံမှုအဖြစ် ထုတ်ပယ်ခံရကြောင်း ဆိုသည်။ Stars and Stripes သည် Pentagon မှ ရန်ပုံငွေရရှိသော်လည်း သမိုင်းတလျှောက် အယ်ဒီတာပိုင်း လွတ်လပ်ခွင့်ရှိခဲ့ပြီး ယခုဖြစ်ရပ်အပေါ် သတင်းလွတ်လပ်ခွင့် ထောက်ခံသူများက စိုးရိမ်မှုများ ထုတ်ဖော်နေသည်။ Source: Reuters | 3 129 |
| 8 | 😀😃😄😁😆
မြန်မာအတွက် အာကာသယာဉ်ငယ်တည်ဆောက်ရေးအပါအဝင် မြန်မာ-ဘယ်လာရုစ် သဘော တူညီချက် ၉ ခု လဲလှယ်
မင့်စ်၊ ဩဂုတ် ၂၁။ မြန်မာအာကာသအေဂျင်စီအတွက် ကမ္ဘာမြေကို အဝေးမှအာရုံခံစောင့်ကြည့်နိုင်သည့် အာကာသယာဉ်ငယ်တစ်စင်း တည်ဆောက်ရေး၊ ဘယ်လာရုစ် Development Bank နှင့် ချေးငွေဆိုင်ရာ မူဘောင်သဘောတူစာချုပ်တို့အပါအဝင် မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား သဘောတူညီချက်နှင့် နားလည်မှုစာချွန်လွှာ ကိုးခုကို ဩဂုတ် ၂၁ ရက်က မင့်စ်မြို့၌ နှစ်နိုင်ငံသမ္မတများရှေ့မှောက်တွင် လဲလှယ်ခဲ့ကြသည်။
အဆိုပါ သဘောတူညီချက်များ လဲလှယ်မှုကို မင့်စ်မြို့ သမ္မတနန်းတော်၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုတို့ ဦးဆောင်သည့် နှစ်နိုင်ငံ နိုင်ငံတော်အဆင့် တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
———————-
❗️❗️❗️❗️❗️
https://yangonmediagroup.com/index.php/myanmar/myanmar-belarus-exchange-memos | 3 215 |
| 9 | စက်တင်ဘာ ၁ ရက်မှ အိမ်ခြံမြေ အရောင်းအဝယ် အမည်ပြောင်းရာတွင် ရောင်းသူ၏ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ပါ တင်ပြရမည် | 3 102 |
| 10 | 😀😃😄😁😆
ဘီလာရုစ်ရင်းနှီးမြှုပ်နှံမှုများ မြန်မာ့စီးပွားရေးကဏ္ဍစုံသို့ ဝင်ရောက်ရန် ဖိတ်ခေါ်
ဩဂုတ်၂၀၊၂၀၂၆ (မင့်စ်)
မြန်မာနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေး၊ စက်မှုကုန်ထုတ်လုပ်ရေး၊ စွမ်းအင်၊ အခြေခံ အဆောက်အအုံ၊ ဒီဂျစ်တယ်နည်းပညာနှင့် AI အပါအဝင် စီးပွားရေးကဏ္ဍများတွင် ဘီလာရုစ် လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဖိတ်ခေါ်လိုက်ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို မဟာဗျူဟာမြောက် တိုးချဲ့ရန် ဩဂုတ် ၂၀ ရက်က ဘီလာရုစ်နိုင်ငံ မင့်စ်မြို့၌ ကျင်းပသည့် မြန်မာ-ဘီလာရုစ် စီးပွားရေးဖိုရမ်တွင် တိုက်တွန်းခဲ့သည်။
President ဟိုတယ်၌ ကျင်းပသည့် ဖိုရမ်သို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၊ ဘီလာရုစ်ဝန်ကြီးချုပ် Alexander Turchin၊ နှစ်နိုင်ငံအစိုးရတာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး B2B ပူးပေါင်းဆောင်ရွက်မှု၊ ပူးတွဲစီးပွားရေးစီမံကိန်းများ ဖော်ဆောင်ရေး၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ မျှဝေရေးနှင့် ကုန်သွယ်ရေးအတားအဆီးများ ဖြေရှင်းရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
—————-
❗️❗️❗️❗️❗️
https://yangonmediagroup.com/index.php/myanmar/myanmar-belarus-business-forum | 4 078 |
| 11 | 😀😃😄😁😆
နိုင်ငံတော်သမ္မတ ဘီလာရုစ်သို့တရားဝင်ခရီးစတင်၊ ဘီလာရုစ်ဝန်ကြီးချုပ်ကတွေ့ဆုံ၊စီးပွားရေး ဖိုရမ် တက်ရောက်၊ကျဆုံးသူရဲကောင်းဂုဏ်ပြု
၂၀ ဩဂုတ်၊၂၀၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်သည် ဘယ်လာရုစ်သမ္မတ နိုင်ငံ၊ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန် ယနေ့ဩဂုတ်၂၀ရက် နံနက်ပိုင်းတွင် မော်စကိုမြို့မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ရာ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိသည်။
နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲအား ဘယ်လာရုစ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Mr. Viktor Karankevich နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီး၊ ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ ဘယ်လာ ရုစ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများက ကြိုဆိုခဲ့ကြသည်။
ဘီလာရုစ်ဝန်ကြီးချုပ်နှင့်တွေ့
နိုင်ငံတော် သမ္မတ ထံ ဘီလာရုစ်သမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Mr. Alexander Turchin က ယနေ့ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် မင့်စ်မြို၊ President ဟိုတယ်၌ ဂါရဝပြုတွေ့ဆုံသည်။
စီးပွားရေးဖိုရမ်တက်
ထို့နောက်မြန်မာ -ဘယ်လာရုစ် စီးပွားရေးဖိုရမ်အား ယနေ့ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် မင့်စ်မြို၊ President ဟိုတယ်၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်တက်ရောက်၍ အဖွင့်အမှာ စကား ပြောကြားသည်။
ကျဆုံးသူရဲကောင်းဂုဏ်ပြု
ထို့အပြင် နိုင်ငံတော်သမ္မတသည် ယနေ့ ဩဂုတ် ၂၀ ရက်တွင် မင့်စ်မြိုရှိ Victory Monument သို သွားရောက်၍ ကျဆုံးခဲ့သည့်သူရဲကောင်းများအား ဂုဏ်ပြုလွမ်းသူ့ပန်းခွေချခဲ့ကြောင်းသိရှိရသည်။ | 4 417 |
| 12 | မနက်ခင်း_မေတ္တာပို့_ဓမ္မတေး.mp3 | 3 746 |
| 13 | ဂျပန်ကစ်ဘောက်ဆင်ဖိုက်တာ တခဲရုက မြန်မာနိုင်ငံမှာ ဆောက်လုပ်လှူဒါန်းထားတဲ့ စာသင်ကျောင်းကို သွားရောက်ပြီး ကလေးငယ်တွေနဲ့ တွေ့ဆုံ
သက်တံ့
၁၉. ၈. ၂၀၂၆
မြန်မာနိုင်ငံမှာ ဆောက်လုပ်လှူဒါန်းထားတဲ့ စာသင်ကျောင်းကို သွားရောက်ပြီး ကျောင်းသားလူငယ်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဂျပန်ကစ်ဘောက်ဆင်ဖိုက်တာ တခဲရု စဲဂါဝါက လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။
လူမှုကွန်ရက်မှာ တခဲရုဟာ ကျောင်းသူကျောင်းသား ကလေးငယ်တွေရှေ့ ကစ်ဘောက်ဆင် ခြေစွမ်းပြခဲ့သလို ဆရာမတွေ၊ ကလေးငယ်တွေနဲ့ ကစ်ဘောက်ဆင် ဆော့ပြ သင်ကြားပြတဲ့အပြင် ကလေးငယ်တွေနဲ့ ပျော်ရွှင်နေတဲ့ ရုပ်သံဖိုင်လည်း တင်ထားတာ တွေ့ရပါတယ်။
"လွန်ခဲ့တဲ့နှစ်က ကျွန်တော် ဆောက်လုပ်လှူဒါန်းခဲ့တဲ့ မြန်မာနိုင်ငံက ကျောင်းမှ ကလေးငယ်တွေနဲ့ သွားရောက်တွေ့ဆုံခွင့် ရခဲ့...
◾ Website တွင် ဆက်လက် ဖတ်ရှုရန်
https://www.mtnewstoday.com/?p=144359
ပုံစာ။ တခဲရု လာရောက် လှူဒါန်းမှုပုံရိပ်များ (Movies & Photo Credit)
#Takeru #စာသင်ကျောင်း #ဆောက်လုပ် #လှူဒါန်း #K1Champion #Kickboxing #တောင်ကြီး #အေးသာယာ #MT #mtnews #MyanmarTransparency | 3 285 |
| 14 | ▫️▫️▫️▫️▫️
နိုင်ငံတော်သမ္မတအား ပလက်ခါနောဗ်ရုရှားစီးပွားရေတက္ကသိုလ်က ဂုဏ်ထူးဆောင် ပါမောက္ခဘွဲ့အပ်နှင်း
၁၉၊ဩဂုတ် ၂၀၂၆ (မော်စကို)
နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်သည် ယနေ့ ဩဂုတ် ၁၉ရက်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ ပလက်ခါနော့ဗ် ရုရှား စီးပွားရေး တက္ကသိုလ်" Plekhanov Russian University of Economics က အပ်နှင်းသည့် ဂုဏ်ထူးဆောင် ပါမောက္ခဘွဲ့ကို လက်ခံရယူခဲ့သည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားသို့ တရားဝင်ချစ်ကြည်ရေး ခရီးစဉ်အတွင်း ပလီခါနော့ဗ်စီးပွားရေးတက္ကသိုလ်က ယခုကဲ့သို့ ဂုဏ်ထုးဆောင်ပါမောက္ခဘွဲ အပ်နှင်း ခဲ့ခြင်းဖြစ်သည်။
အဆိုပါတက္ကသိုလ်တွင်ကျင်းပသည့် ဘွဲ့အပ်နှင်းသည့်အခမ်အနားတွင် နိုင်ငံတော်သမ္မတသည် ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ကို လက်ခံရယူပြီးနောက် ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ ပလက်ခါနော့ဗ် ရုရှားစီးပွားရေးတက္ကသိုလ်သည် ရုရှားအင်ပါယာခေတ် ၁၉၀၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ရုရှားနိုင်ငံ၏ ရှေးအကျဆုံးနှင့် အကြီးဆုံး စီးပွားရေးဆိုင်ရာ တက္ကသိုလ်ကြီးတစ်ခု ဖြစ်ပြီး ရုရှား၏ ထိပ်တန်းတက္ကသိုလ်ကြီးတစ်ခုလည်းဖြစ်ကာ ဩဇာလွှမ်းမိုးမှုရှိသည့် ရုရှား၏ထိပ်တန်း စီမံခန့်ခွဲသူများနှင့် စီးပွားရေးခေါင်းဆောင်များကိုမွေးထုတ်ပေးခဲ့ကြောင်းသိရသည်။ | 2 524 |
| 15 | နှစ်နိုင်ငံ သမ္မတတွေ ခရင်မ္မလင် နန်းတော်မှာ တွေ့ဆုံတဲ့အခါ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ကို "наш дорогой друг" (ကျွန်ုပ်တို့၏ ချစ်လှစွာသော သူငယ်ချင်း) လို့ သုံးနှုန်းသွားတာဟာ ရုရှား သံတမန်ရေးရာ စကားပြောဟန်မှာ ဒီအသုံးအနှုန်းဟာ အလွန်ရင်းနှီးပြီး မဟာဗျူဟာမြောက် ချစ်ကြည်ရင်းနှီးမှုကို ပြသလိုတဲ့အခါ သုံးလေ့ရှိတဲ့ ထိပ်တန်းအဆင့် လေးစားသမှုပြ သုံးနှုန်းမှုဖြစ်ပါတယ်။
သံတမန်ရေးရာ အဓိပ္ပာယ်သက်ရောက်မှုအနေနဲ့ကတော့ ပုံမှန် သံတမန်အခေါ်အဝေါ် ("Mr. President", "Excellency") များထက် ပိုမို ရင်းနှီး စိတ်ချရသော မဟာမိတ်ဖြစ်ကြောင်း ပြသခြင်းဖြစ်ပါတယ်။
နိုင်ငံတကာ အခင်းအကျင်းမှာ အချင်းချင်း အပြည့်အဝ ထောက်ခံရပ်တည်ကြောင်း သတင်းစကားပါးလိုသည့်အခါ အသုံးပြုလေ့ရှိပါတယ်။
ဒီလိုသံတမန် အသုံးအနှုန်းကို၂၀၂၃ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့က ကျပတဲ့ တရုတ်သမ္မတ ရှီကျင့်ဖိန် (Xi Jinping) နဲ့ မော်စကို ခရင်မ္မလင် နန်းတော်မှာ ပြုလုပ်တဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲ၊ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့က အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ (Narendra Modi) နဲ့ ၂၂ ကြိမ်မြောက် ရုရှား-အိန္ဒိယ ထိပ်သီးဆွေးနွေးပွဲနှင့် တရားဝင် စကားပြောဆိုမှုတွေမှာ သုံးနှုန်းခဲ့ဖူးပါတယ်။
တစ်နည်းအားဖြင့် အခုလို သုံးနှုန်းမှုဟာ ရုရှား-မြန်မာ ချစ်ကြည်ရင်းနှီးမှု၊ နှစ်နိုင်ငံ ဆက်ဆံရေးရဲ့ အတိမ်အနက်နဲ့ မဟာဗျူဟာမြောက် နီးကပ်မှုကို တိုက်ရိုက် ဖော်ပြနေတာလည်း ဖြစ်ပါတယ်။ | 2 011 |
| 16 | ❗️❗️❗️❗️❗️
အဆင့်မြင့်နည်းပညာများအပါအဝင် မြန်မာနှင့်ရုရှားအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်မည်
၁၉ ဩဂုတ် ၂၀၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်တို့သည် ၂၀၂၆ခုနှစ်၊ ဩဂုတ် ၁၈ ရက်က မီဒီယာများနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံပူးတွဲကြေညာချက်များအပါအဝင် အပြန်အလှန် ပြောကြားခဲ့ကြသည်။ ယင်းတို့အနက် အဓိက အချက်များကို ကောက်နှုတ်၍ ဖော်ပြအပ်ပါသည်။
——————-
❗️❗️❗️❗️❗️
https://yangonmediagroup.com/index.php/myanmar/myanmar-russia-joint-presser | 2 348 |
| 17 | ❗️❗️❗️❗️
Myanmar, Russian Presidents Hold Talks, Sign 12 Cooperation Agreements
MOSCOW, Aug. 18, 2026 — Myanmar President U Min Aung Hlaing and Russian President Vladimir Putin held talks at the Kremlin in Moscow on Tuesday, discussing ways to deepen bilateral cooperation across a broad range of sectors, including defence and security, trade, energy, education, science and technology, and space cooperation.
The talks concluded with the signing and exchange of 12 memoranda of understanding and agreements between the two countries.
----------—
❗️❗️❗️❗️❗️
https://yangonmediagroup.com/index.php/eng-section/myanmar-russian-presidents-hold-talks | 2 846 |
| 18 | 😀😃😄😁😆
မြန်မာနှင့်ရုရှား သမ္မတနှစ်ဦးတွေ့ဆုံ၊ ပူးပေါင်းရေးစာချွန်လွှာ ၁၂ ခု လက်မှတ်ရေးထိုး
ဩဂုတ်၁၈၊၂၀၂၆ (မော်စကို)
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ ဗလာဒီမာပူတင်တို့သည် ယန့ ဩဂုတ် ၁၈ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီတွင် မော်စကိုမြို့ ကရင်မလင်နန်းတော်၌ တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ စီးပွားရေး၊ စွမ်းအင်၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ အာကာသနည်းပညာနှင့် အခြားကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရန် ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာနှင့် သဘောတူညီချက် စုစုပေါင်း ၁၂ ခုကို လက်မှတ်ရေး ထိုးလဲလှယ်ခဲ့ကြောင်း သိရသည်။
--------------—
❗️❗️❗️❗️❗️
https://yangonmediagroup.com/index.php/myanmar/myanmar-russia-presidents-meet | 2 821 |
| 19 | ❗️❗️❗️❗️❗️
မြန်မာနိုင်ငံတွင်ရေဘေးကြုံရသူများကို ဝမ်းနည်းစာနာကြောင်း ရုရှားသမ္မတဗလက်ဒီမာပူတင်ပြောကြား | 2 593 |
| 20 | 😀😃😄😁😆
နိုင်ငံတော်သမ္မတနှင့်ရုရှားသမ္မတတွေ့ဆုံ
၁၈ ဩဂုတ်၊၂၀၂၆
ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် တရားဝင်ချစ်ကြည်ရေးခရီးလာရောက်သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်တွင် ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့က ကြိုဆိုနှုတ်ဆက်ခဲ့စဉ်။ | 3 127 |
