Myanmar Update News
📈 Telegram kanali Myanmar Update News analitikasi
Myanmar Update News (@myanmarupdate) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 33 004 obunachidan iborat bo'lib, Yangiliklar & Media toifasida 7 650-o'rinni va Myanma mintaqasida 4 394-o'rinni egallagan.
📊 Auditoriya ko‘rsatkichlari va dinamika
невідомо sanasidan buyon loyiha tez o‘sib, 33 004 obunachiga ega bo‘ldi.
21 Iyul, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -547 ga, so‘nggi 24 soatda esa -27 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.
- Tasdiqlash holati: Tasdiqlanmagan
- Jalb etish (ER): Auditoriya o‘rtacha 9.49% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 5.76% ini tashkil etuvchi reaksiyalarni to‘playdi.
- Post qamrovi: Har bir post o‘rtacha 3 131 marta ko‘riladi; birinchi sutkada odatda 1 901 ta ko‘rish yig‘iladi.
- Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 55 ta reaksiya keladi.
📝 Tavsif va kontent siyosati
Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“အမှောင်ထဲမှ အလင်းတစ်စ”
Yuqori yangilanish chastotasi (oxirgi ma’lumot 22 Iyul, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Yangiliklar & Media toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.
Ma'lumot yuklanmoqda...
| Sana | Obunachilarni jalb qilish | Esdaliklar | Kanallar | |
| 21 Iyul | 0 | |||
| 20 Iyul | 0 | |||
| 19 Iyul | 0 | |||
| 18 Iyul | 0 | |||
| 17 Iyul | 0 | |||
| 16 Iyul | +1 | |||
| 15 Iyul | 0 | |||
| 14 Iyul | 0 | |||
| 13 Iyul | 0 | |||
| 12 Iyul | 0 | |||
| 11 Iyul | 0 | |||
| 10 Iyul | 0 | |||
| 09 Iyul | 0 | |||
| 08 Iyul | +2 | |||
| 07 Iyul | 0 | |||
| 06 Iyul | 0 | |||
| 05 Iyul | 0 | |||
| 04 Iyul | 0 | |||
| 03 Iyul | 0 | |||
| 02 Iyul | 0 | |||
| 01 Iyul | 0 |
| 2 | Spain ! World Cup Champion | 2 240 |
| 3 | ▫️▫️▫️▫️▫️
လျှပ်စစ်ဓါတ်အား ခိုးယူသုံးစွဲသည့် မှော်ဘီမြို့နယ်ရှိ ကော်စေ့လုပ်ငန်းတစ်ခုကို သက်ဆိုင်ရာက အရေးယူ
၁၉၊ဇူလိုင်၊၂၀၂၆ (ရန်ကုန်)
မှော်ဘီမြိုနယ်အတွင်းရှိ ကော်စေ့လုပ်ငန်းတစ်ခုတွင် လျှပ်စစ်ဓါတ်အားခိုးယူသုံးစွဲထားကြောင်း သက်ဆိုင်ရာက စစ်ဆေးတွေ့ရှိသဖြင့် အရေးယူထားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ယနေ့ ဇူလိုင် ၁၉ရက်နေ့က သတင်းထုတ်ပြန်သည်။
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့ယ်၊ ဝါးနက်ချောင်းကျေးရွာရှိ မီတာအမည်ပေါက် ဦးစန်းဦး၏ကော်စေ့ လုပ်ငန်းတွင် အသုံးပြုထားသော Transformer နှင့် တွဲဖက်တပ်ဆင်ထားသည့် Digital Meter ၏ Cover Seal ပြုပြင်ထားပြီး လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိ ခဲ့ရသဖြင့် မီတာ အားချက်ချင်းဖြုတ်သိမ်းခဲ့ခြင်းဖြစ်သည်။
--------------------—
❗️❗️❗️❗️❗️
https://yangonmediagroup.com/index.php/myanmar/electricity-theft-mm | 2 723 |
| 4 | ❗️❗️❗️❗️❗️
"ညီညွတ်တဲ့ပြည်ထောင်စုကို တည်ဆောက်ဖို့လိုတယ်"
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်
ရန်ကုန်-ဇူလိုင်၁၉၊၂၀၂၆
"အမျိုးမျိုးသော သွေးခွဲမှုတွေကြောင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုတွေ ပျက်ယွင်းခဲ့ရတယ်။ ဒါကို ကျွန်တော်တို့က ပြန်ပြီး စုစုစည်းစည်း ညီညွတ်တဲ့ ပြည်ထောင်စုကို တည်ဆောက်ဖို့ လိုတယ်"ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကပြောသည်။
၇၉နှစ်မြောက် (၇၉)နှစ်မြောက် အာဇာနည် နေ့အခမ်းအနားသို့တက်ရောက်၍ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား ဂါရဝပြုခဲ့သည့် နိုင်ငံတော်သမ္မတအား ပြည်တွင်းမီဒီယာအချို့၏ မေးမြန်းမှုအပေါ် နိုင်ငံတော်သမ္မတက ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ | 2 485 |
| 5 | ▫️▫️▫️▫️▫️
နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် အာဇာနည်နေ့အခမ်းအနားတက်ရောက်ဂါရဝပြု
၁၉ ဇူလိုင်၊၂၀၂၆
(၇၉)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ယနေ့ဇူလိုင် ၁၉ရက် နံနက်ပိုင်းတွင် ရန်ကုန်မြိုံ၊ ဗဟန်း မြို့နယ်ရှိ အာဇာနည်ဗိမာန်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား ဂါရဝပြု သည်။
အခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နှင့် တာဝန်ရှိသူများ တက်ရောက်၍ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ကြကြောင်း သတင်းရရှိသည်။ | 2 358 |
| 6 | ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဈာပန အခမ်းအနား | 2 247 |
| 7 | Matn yo'q... | 2 356 |
| 8 | ▫️▫️▫️▫️▫️
နိုင်ငံရေးအရတည်ငြိမ်မှုရှိသည်ဆိုရာတွင် ပြည်သူလူထု၏ စားရေးနှင့်စီးပွားရေး အဆင်ပြေရန် အဓိက လိုအပ်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ပြောကြား
၁၈ ဇူလိုင်၊၂၀၂၆
နိုင်ငံတော်တွင် နိုင်ငံရေးအရ တည်ငြိမ်မှုရှိသည်ဟုဆိုရာတွင် ပြည်သူလူထု၏ စားရေးအဆင်ပြေရန်၊ စီးပွားရေးအရ ပြေလည်ရန် အဓိကလိုအပ်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည်ယနေ့ ဇူလိုင်၁၈ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းစိုက်ပျိုးမွေးမြူရေးဇုန်များ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု အခြေအနေများကိုကြည့်ရှု စစ်ဆေးစဉ် တာဝန်ရှိသူများကို ယင်းကဲ့သို့ မှာကြားခဲ့ခြင်းဖြစ်သည်။
----------------—
❗️❗️❗️❗️❗️
https://yangonmediagroup.com/index.php/myanmar/president-livestock-inspection | 2 620 |
| 9 | အီရန်၏ တိုက်ခိုက်မှုကြောင့် ကူဝိတ်နိုင်ငံရှိ အမေရိကန်၏ မိုဘိုင်းဒုံးပစ်စင်စနစ် (HIMARS) ထိမှန်ပေါက်ကွဲပျက်ဆီး။
NOM | 3 377 |
| 10 | အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ
========================
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့ မြန်မာစံတော်ချိန် ၁၅:၀၀ နာရီအချိန် ထုတ်ပြန်ချက်
=======================
ယနေ့မြန်မာစံတော်ချိန် ၁၃:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်း - အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ပိုမိုအားကောင်းလာပြီး အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းနှင့် အနောက် ဘင်္ဂလားပြည်နယ်တို့ကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။
Ref: မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန | 3 475 |
| 11 | ရန်ကုန် - မှော်ဘီ ရထားလမ်းပိုင်း ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လမ်းပိုင်းအဆင့်မြှင့်တင်မှုလုပ်ငန်းများ လုပ်နေ
ရန်ကုန် - ပြည် ရထားလမ်းပိုင်းအတွင်း ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် သွားလာနိုင်ရေးနှင့် ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုလုပ်ငန်းများအား ကွင်းဆင်းကြပ်မတ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်သည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ ၁၆ ရက်နေ့တွင် ရန်ကုန်မှ မှော်ဘီဘူတာအထိ RBE ရထားဖြင့် လိုက်ပါစီးနင်းကာ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/ရန်ကုန်-မှော်ဘီ-ရထားလမ်/ | 3 677 |
| 12 | မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး သီးခြားရန်ပုံငွေထဲမှ နာမကျန်းဖြစ်သူ ရုပ်ရှင်လောကသား အောက်ပါ (၆)ဦးအား တစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ် ( ၂ )သိန်း ကူညီပံ့ပိုးပေးခဲ့သည်။
၁။ဒေါက်တာငွေစိုး
၂။အသံ ဦးဆန်းဦး
၃။အလွမ်းသီချင်းရေးသည့် မောင်ကျော်ဇော
၄။ပဉ္စမံဒီရိုင်း
၅။သတင်းစာဆရာကြီး ဦးမြတ်ဆွေ
၆။သရုပ်ဆောင် မွန်ကြီး | 3 714 |
| 13 | ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာသည်။ ရန်ကုန် ဇူလိုင် ၁၅ | 3 113 |
| 14 | ❗️❗️❗️❗️❗️❗️
ဟော်မုဇ်ရေလက်ကြားမှ ဒေသတွင်းစစ်ပွဲအထိ
အီရန်–အမေရိကန် ပဋိပက္ခ၏ အန္တရာယ်အရှိဆုံးအဆင့်
ကောင်းမြတ်ကျော်သုံးသပ်ရေးသားသည်
အီရန်နှင့် အမေရိကန်တို့အကြား ဖြစ်ပွားနေသော ပဋိပက္ခသည် နှစ်နိုင်ငံအကြား စစ်ရေးအင်အား ပြိုင်ဆိုင်မှုအဆင့်မှ ကျော်လွန်ကာ အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးကို ဖြန့်ကြက်ထိခိုက်လာနိုင်သည့် အန္တရာယ်အရှိဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
၂၀၂၆ ခုနှစ် ဇူလိုင် ၁၄ ရက်တွင် အီရန်တော်လှန်ရေးအစောင့်တပ်က ဂျော်ဒန်နိုင်ငံရှိ အမေရိကန် လေတပ်အခြေစိုက်စခန်းတစ်ခုကို ပဲ့ထိန်းဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ကြေညာခဲ့သည်။ ဂျော်ဒန် တပ်မတော်ကမူ အီရန်ဘက်မှ ဝင်ရောက်လာသော ဒုံးကျည်လေးစင်းကို ကြားဖြတ် ပစ်ချနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ တစ်ချိန်တည်း၌ပင် အမေရိကန်တပ်ဖွဲ့များက အီရန်နိုင်ငံအတွင်း ငါးနာရီခန့်ကြာ စစ်ဆင်ရေးပြုလုပ်ခဲ့ပြီး ယင်းသည် သုံးညဆက်တိုက် ပြုလုပ်သည့် တိုက်ခိုက်မှုဖြစ်ကြောင်း Reuters က ဖော်ပြထားသည်။
ထိုအခြေအနေကို သီးခြားစစ်ဆင်ရေးနှစ်ခုအဖြစ်သာ မြင်၍မရတော့ပေ။ ဂျော်ဒန်၊ ဆော်ဒီအာရေဗျ၊ ယီမင်၊ အိုမန်ရေပိုင်နက်နှင့် ဟော်မုဇ်ရေလက်ကြားတို့ တစ်ပြိုင်နက်တည်း ပဋိပက္ခ၏ မြေပုံပေါ်သို့ ရောက်ရှိလာခြင်းသည် စစ်ပွဲ၏ နယ်ပယ်နှင့် ပါဝင်ပတ်သက်သူများ ပို၍ကျယ်ပြန့်လာနေပြီဖြစ်ကြောင်း ပြသနေသည်။
စစ်ပွဲ၏ဗဟိုချက်သည် အီရန်မြေပေါ်တွင်သာ မရှိတော့
အမေရိကန်နှင့် အီရန်တို့က မိမိတို့၏ စစ်ရေးလုပ်ဆောင်ချက်များကို တစ်ဖက်၏ တိုက်ခိုက်မှုအပေါ် တုံ့ပြန်ခြင်း၊ ကာကွယ်ရေးဆောင်ရွက်ခြင်း သို့မဟုတ် ရေကြောင်းလွတ်လပ်စွာသွားလာရေးကို ထိန်း သိမ်းခြင်းဟု အသီးသီး အကြောင်းပြနေကြသည်။ သို့သော် လက်တွေ့တွင် တုံ့ပြန်မှုတစ်ခုစီသည် နောက်ထပ်တုံ့ပြန်မှုတစ်ခုကို ဖိတ်ခေါ်နေသလိုဖြစ်နေသည်။
---------—
❗️❗️❗️❗️❗️
https://yangonmediagroup.com/index.php/local-news/world/us-iran-the-most-dangerous-level | 3 709 |
| 15 | ရန်ကုန် – ပြည် ရထားလမ်းပိုင်းတွင် DEMU ရထားတွဲဆိုင်းများ မကြာမီ ပြေးဆွဲမည်ဖြစ်၍ တရားမဝင်ကျူးကျော်များအား ဖယ်ရှားရှင်းလင်းမည်
MT News
၁၄. ၇. ၂၀၂၆
ရန်ကုန် – ပြည် ရထားလမ်းပိုင်းတွင် DEMU ရထားတွဲဆိုင်းများ မကြာမီပြေးဆွဲမည်ဖြစ်၍ တရားမဝင်ကျူးကျော်များအား ဖယ်ရှားရှင်းလင်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
ရန်ကုန် – ပြည် ရထားလမ်းပိုင်းတွင် DEMU ရထားတွဲဆိုင်းများ မကြာမီ စတင်ပြေးဆွဲတော့မည်ဖြစ်ရာ အများပြည်သူ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အဆိုပါရထားလမ်းဘေးတစ်လျှောက် နေထိုင်ကြသူများ၊ Level Crossing ဖြတ်သန်းအသုံးပြုသူများ ဘေးအန္တရာယ် ကင်းရှင်းမှုရှိစေရန်အတွက် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများရှိ ပိတ်သိမ်းသင့်သည့် တရားမဝင် (Level Crossing) ကားလမ်းကူးနေရာများကို ပိတ်သိမ်းနိုင်ရေးနှင့် ဒါးပိန်-အင်းတိုင်-လှေလှော်အင်း ရထားလမ်းပိုင်းရှိ မြန်မာ့မီးရထားပိုင်မြေ Right Of Way ဧရိယာအတွင်း ဝင်ရောက်လျက်ရှိသော တရားမဝင်ကျူးကျော်များအား...
◾️ Website တွင် ဆက်လက် ဖတ်ရှုရန်
https://www.mtnewstoday.com/archives/140825
#ရန်ကုန် #ပြည် #ရထားလမ်းပိုင်း #DEMU #တွဲဆိုင်းများ #ပြေးဆွဲ#ကျူးကျော် #ဖယ်ရှား #MT #mtnews | 3 015 |
| 16 | အွန်လိုင်းစနစ်ဖြင့် ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်းနှင့် Digital Payment စနစ်ကို ဇူလိုင် ၁၇ ရက်တွင် စတင်မည်
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် ယာဉ်မောင်းလိုင်စင် ဝန်ဆောင်မှုလုပ်ငန်းများ၏ ကျသင့်ငွေများကို Digital Payment စနစ်ဖြင့် ပေးချေခြင်းနှင့် အွန်လိုင်းစနစ်ဖြင့် လိုင်စင်သက်တမ်းတိုးခြင်းလုပ်ငန်းများကို လာမည့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက် (သောကြာနေ့) မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
အဆိုပါစနစ်အရ “ခ”၊ “ဂ”၊ “ဃ”၊ “င” ယာဉ်မောင်းလိုင်စင် အမျိုးအစားများကို မိမိတို့လိုင်စင် သက်တမ်းမကုန်ဆုံးမီ ရက်ပေါင်း ၉၀ အတွင်း ကြိုတင်၍ အွန်လိုင်းစနစ်ဖြင့် သက်တမ်းတိုး ဆောင်ရွက်နိုင်မည်ဖြစ်သည်။
အဆိုပါ ဝန်ဆောင်မှုကို နေပြည်တော်ရုံးချုပ်နှင့် နေပြည်တော်ရုံး၊ ရန်ကုန်တိုင်းဒေသကြီး - အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်း ခရိုင်ရုံးများ၊ မန္တလေးတိုင်းဒေသကြီး - မန္တလေးတောင်ပိုင်းနှင့် မြောက်ပိုင်း ခရိုင်ရုံးများအတွက် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
အွန်လိုင်းမှတစ်ဆင့် ဝန်ဆောင်မှုရယူလိုသည့် အများပြည်သူအနေဖြင့် မိမိတို့၏ မိုဘိုင်းဖုန်း သို့မဟုတ် တက်ဘလက်များတွင် "MM Driver License E-Payment Mobile Application" ကို Google Play Store မှတစ်ဆင့် ဒေါင်းလုဒ်ရယူ၍ လွယ်ကူစွာ လျှောက်ထားနိုင်မည်ဖြစ်သည်။
အဆိုပါစနစ်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ တရားဝင်ဝက်ဘ်ဆိုက်များဖြစ်သော www.rtad.gov.mm၊ myanmarrtad.com နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက် www.mot.gov.mm တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်မည်လည်း ဖြစ်သည်။ | 2 611 |
| 17 | အပြည်ပြည်ဆိုင်ရာလေဆိပ်များမှ အဝင်ခရီးသည်များအနေဖြင့် သယ်ဆောင်လာသည့် မိုဘိုင်းလက်ကိုင်ဖုန်းများနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း | 2 631 |
| 18 | ▫️▫️▫️▫️▫️
ကုန်ထုတ်လုပ်မှုတိုးတက်ရေးအတွက် မျိုးကောင်းမျိုးသန့်သုံးရန်နှင့် တိရစ္ဆာန်အစာများကို ဒေသတွင်း ၌ပင် ထုတ်လုပ်ရန် နိုင်ငံတော်သမ္မတ လမ်းညွှန်
၁၃ ဇူလိုင်၊၂၀၂၆
မကွေးတိုင်းဒေသကြီးအတွင်း ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မျိုးကောင်း မျိုးသန့်များ အသုံးပြုရေး၊ GAP သင်တန်းများ စနစ်တကျပေးရေးနှင့် ဒေသထွက်ကုန်ကြမ်းများကို အသုံးပြု၍ တိရစ္ဆာန်အစာများကို ဒေသတွင်း၌ပင် ထုတ်လုပ်သွားရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က အလေးပေး လမ်းညွှန်မှာကြားလိုက်သည်။
စီးပွားရေးလုပ်ငန်းများအတွက် ကုန်ကြမ်းရရှိရေးသည် အဓိကကျသဖြင့် သီးနှံအထွက်နှုန်းတိုးတက် စေရန် ဘက်ပေါင်းစုံမှ ကူညီဆောင်ရွက်ပေးရမည်ဖြစ်ပြီး၊ မကွေးတိုင်းမှထွက်ရှိသော ပြောင်း၊ ပဲ၊ ဖွဲ၊ ဆန်ကွဲစသည်တို့ကို အသုံးချကာ မွေးမြူရေးအတွက် လိုအပ်သော တိရစ္ဆာန်အစာများကို ထုတ်လုပ်သွားရန်နှင့် လုပ်ငန်းများ၏ လိုအပ်ချက်များကို နိုင်ငံတော်မှ တတ်နိုင်သရွေ့ ဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတသည် အဆိုပါ လမ်းညွှန်ချက်များကို မကွေးတိုင်းဒေသကြီးအတွင်းရှိ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံစီးပွားမြှင့်တင်ရေး စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်စစ်ဆေးစဉ် ပြောကြား ခဲ့ခြင်းဖြစ်သည်။ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် မကွေးမြို့နယ်ရှိ သဘာဝဓာတ်ငွေ့နှင့် နေရောင်ခြည်စွမ်းအင်သုံး 100 MW (Gas Engine + Solar) Hybrid လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုခဲ့သည်။ ထို့နောက် နှမ်းနှင့် နှမ်းဆီ ၉၀ ရာခိုင်နှုန်းကို ပြည်ပသို့ တင်ပို့လျက်ရှိပြီး Contract Farming ဖြင့် တောင်သူများကို အကျိုးပြုနေသည့် ကောင်းကိုအုပ်စု ကုမ္ပဏီလီမိတက်သို့ သွားရောက်ကာ လုပ်ငန်းများ လည်ပတ်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့အပြင် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် မကွေးမြို့နယ်၊ ရှားပင်လှကျေးရွာအုပ်စုရှိ ရှားပင်လှ စိုက်ပျိုးမွေးမြူရေးဇုန်သို့လည်း ဆက်လက်သွားရောက်ခဲ့ပြီး တိုင်းဒေသကြီးအတွင်း မွေးမြူရေး လုပ်ငန်းများ အကောင်အထည်ဖော်နေမှုများကို စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာတွင် စနစ်တကျ လယ်ယာမြေဖော်ထုတ်ထားရှိမှု၊ ရေရရှိရေး ဆောင်ရွက်ထားမှုနှင့် သမဝါယမအသင်းများ စုပေါင်း၍ ဥစားကြက်မွေးမြူထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကာ၊ တာဝန်ရှိသူများ၏ တင်ပြချက် များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ | 3 312 |
| 19 | SKY Villa ပိုင်ရှင်အမှု မူလ ၅ နှစ်ချခံရာကနေ ခရိုင်တရားရုံးကို ပြင်ဆင်မှုတက်တာမှာ ထောင်ဒဏ် ၂ နှစ်တိုးကျခံဖို့ အမိန့်ချမှတ်
မန္တလေး၊ ဇူလိုင်- ၁၃- ၂၀၂၆
Voice Of Myanmar
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်က Sky Villa ကွန်ဒိုပြိုကျမှုနဲ့ ပတ်သက်ပြီး NTL Construction Company ပိုင်ရှင် ဦးနိုင်ထွန်းလင်း ကို ဥပဒေပုဒ်မ ၃၀၄-က နဲ့ အောင်မြေသာစံမြို့နယ်တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့တာကနေ အောင်မြေသာစံခရိုင်တရားရုံးကို ပြင်ဆင်မှုနဲ့ အယူခံတက်တာမှာ ဇူလိုင် ၁၀ရက်နေ့က ခရိုင်တရားရုံးကနေ ထောင်ဒဏ် ၂ နှစ်တိုးပြီး ချမှတ်ခဲ့လို့ စုစုပေါင်း အလုပ်နဲ့ ထောင်ဒဏ် ၇ နှစ် ကျခံရမှာဖြစ်တယ်လို့ သိရပါတယ်။
" မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်ရဲ့ ညွှန်ကြားချက်အရ အောင်မြေသာစံမြို့နယ်တရားရုံးနဲ့ ရာဇဝတ်ကြီးအမှု အမှတ် ၅၅/၂၀၂၆ ကို ပြန်လည်စိစစ်နိုင်ဖို့အတွက် အောင်မြေသာစံခရိုင်တရားရုံမှာ ရာဇဝတ်ပြင်ဆင်မှုအမှတ် ၃၉ (က )၂၀၂၆ ကို ၂၉ ရက် ၆ လ ၂၀၂၆ ရက်နေ့က ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါတယ်၊ အလားတူပဲ အထူးစုံးစမ်းစစ်ဆေးရေးဌာနကနေ ပြင်တင်မှုတက်ရောက်ပေးပါရန် အောင်မြေသာစံခရိုင်ဥပဒေရုံးကို လျှောက်ထားတာကြောင့် ၂၀၂၆ ရာဇဝတ်ပြင်ဆင်မှုအမှတ် ၄၂ ကိုလည်း လက်ခံဆောင်ရွက်ခဲ့ပါတယ်၊ အလားတူ ထောင်မှာ တရားခံဖြစ်တဲ့ နိုင်လင်းထွန်းကနေပြီးတော့မှ အယူခံမှုတက်လာတယ်၊ အဲ့ဒါကနေ အောင်မြေသာစံခရိုင်တရားရုံးက ရာဇဝတ်အယူခံမှုအမှတ် ၂၂ / ၂၀၂၆ ကို လက်ခံဆောင်ရွက်ခဲ့ပါတယ်၊ ပြင်ဆင်မှု ၂ ခုဖြစ်တဲ့ ၃၉ က နဲ့ ၂၀၂၆ ရာဇဝတ်ပြင်ဆင်မှုအမှတ် ၄၂ ကို ခွင့်ပြုပြီးတော့မှ မူလမြို့နယ်တရားရုံးက တရားခံနိုင်ထွန်းလင်းအပေါ်မှာ ၃၀၄- က အရ စွဲဆိုထးမှုအပေါ် ပြစ်ဒဏ်ချမှတ်တဲ့ အလုပ် နဲ့ ထောင်ဒဏ် ၅ နှစ် အစား အလုပ်နဲ့ ထောင်ဒဏ် ၇ နှစ်ကျခံစေဖို့ ပြင်ဆင်အမိန့်ချမှတ်ခဲ့ပါတယ်၊ မူလရုံးအမိန့်အပေါ် တရားခံကတက်ရောက်လာတဲ့ ရာဇဝတ် အယူခံမှုကိုတော့ ပလပ်ခဲ့ပါတယ် " လို့ အောင်မြေသာစံခရိုင်တရားရုံး သတင်းပြန်ကြားရေးအရာရှိက ပြောပါတယ်။
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်က Sky Villa ကွန်ဒိုပြိုကျမှုနဲ့ ပတ်သက်ပြီး ဆောက်လုပ်ရေးကုမ္ပဏီ NTL Construction Company ပိုင်ရှင် ဦးနိုင်ထွန်းလင်းကို ဖမ်းဆီးပြီးနောက် အာမခံပေးထားရာကနေ ပြန်လည်ရုပ်သိမ်းခဲ့ပြီးနောက် ဇွန်လ ၂၃ ရက်နေ့က ဥပဒေပုဒ်မ ၃၀၄-က နဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့တာပါ။
ဦးနိုင်ထွန်းလင်းကို အောင်မြေသာစံမြို့နယ်က အမှတ် ၁ နယ် မြေရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄- က ပေါ့ဆမှုကြောင့် လူသေဆုံးစေမှုနဲ့ အမှုဖွင့်ခဲ့ပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ လ ၁၀ ရက်နေ့က ဖမ်းဆီးအမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီ Sky Villa ကွန်ဒိုအဆောက်အဦဟာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ပြိုကျပျက်စီးခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၈ ရက်နေ့ နေ့လယ်အထိ ငါးလအတွင်း သေဆုံးသူရုပ်အလောင်း ၂၀၇ လောင်း တွေ့ရှိထားကာ အသက်ရှင်လျက်ကယ်ထုတ်နိုင်သူ ၅၂ ဦးရှိတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) က ဦးစီးအရာရှိတဦးက တရား စွဲဆိုခဲ့တာဖြစ်ပါတယ်။
အဲ့ဒီနောက် ဆောက်လုပ်ရေးကုမ္ပဏီ NTL Construction Company ပိုင်ရှင် ဦးနိုင်ထွန်းလင်းဟာ အာမခံနဲ့ အပြင်ကနေ အမှုကိုရင်ဆိုင်ခဲ့ပြီးနောက် ၂၀၂၆ ခုနှစ် မတ်လ ၁၇ ရက်နေ့မှာ အာမခံရုပ်သိမ်းခံခဲ့ရတယ်လို့သိရပါတယ်။
ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က အရ မဆင်မခြင် ဒါမှမ ဟုတ် ပေါ့ဆတဲ့လုပ်ရပ်ကြောင့် လူသေဆုံးစေခဲ့ရင် အမြင့်ဆုံးထောင်ဒဏ် ၇ နှစ်အထိနဲ့ ငွေဒဏ်ချမှတ်နိုင်တယ်လို့ သိရပါတယ်။သေဆုံးနိုင်တယ်ဆိုတာ သိရှိလျက် လုပ်ဆောင်ခဲ့ကြောင်း ပေါ်ပေါက်ရင်တော့ ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်တယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။
ကွန်ဒိုအတွင်းမှာ လူ ၄၀၀ ကျော် နေထိုင်ခဲ့တယ်လို့ သိရပြီး Sky Villa ပြိုကျမှုဟာ မန္တလေးမှာ ငလျင်အတွင်း လူအသေအပျောက်အများဆုံး အဆောက်အအုံ ပြိုကျမှုတွေထဲက တခု ဖြစ်ခဲ့ပါတယ်။
ငလျင်အပြီး NTL Construction Company က သေဆုံးသူတဦးစီရဲ့ ဆက်သွယ်လို့ရတဲ့ ကျန်ရစ်သူမိသားစုတွေကို ကျပ်သိန်း ၁၀၀ စီ နစ်နာကြေးပေးခဲ့ပြီး ပထမအသုတ်မှာ သေဆုံးသူ ၇၂ ဦးရဲ့ မိသားစုတွေကို ပေးအပ်ခဲ့ပါတယ်။ အဲဒီနောက် ဒုတိယအသုတ်အဖြစ် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့မှာ သေဆုံးသူ ၇၆ ဦးရဲ့ မိသားစုတွေကို ဆက်လက်ပေးအပ်ခဲ့ပါတယ်။
ငလျင်အတွင်းမှာ NTL Construction Company ကဆောက်လုပ်တဲ့ Sky Villa ကွန်ဒိုအပြင် ၂၂ လမ်း နဲ့ ၂၁ လမ်း လမ်း ၈၀ နဲ့ ၈၁ လမ်းမှာရှိတဲ့ အင်ကြင်းကွန်ဒိုလည်း ပြိုကျခဲ့ပြီး လူ သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။
#voiceofmyanmar #vom #skyvilla #စကိုင်းဗီလာ #ကွန်ဒို #ပြိုကျ #လူသေဆုံး #NTL | 3 149 |
| 20 | စားအုန်းဆီများ ဝယ်ယူရရှိထားပြီး အမှန်တကယ် အသုံးမပြုဘဲ တစ်ဆင့်ပြန်လည်ရောင်းချသူများအား စိစစ်အရေးယူ ဆောင်ရွက်နေ
၁၃.၇.၂၀၂၆
Written by Linn Eain
စားအုန်းဆီများ ဝယ်ယူရရှိထားပြီး အမှန်တကယ် အသုံးမပြုဘဲ တစ်ဆင့်ပြန်လည်ရောင်းချသူများအား စိစစ်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်ရှိ စားသုံးသူရေးရာဦးစီးဌာန၏ အသိပေးထုတ်ပြန်မှုအရ သိရသည်။
ထို့ပြင် ပြည်တွင်းဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရေးဆောင်ရွက်ပြီး ပြည်တွင်း၌ စားသုံးဆီပိုမိုတိုးမြှင့်ထုတ်လုပ်၍ ပြည်ပမှ စားအုန်းဆီတင်သွင်းမှုကို အဆင့်ဆင့်လျှော့ချရန် ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်းလည်း အသိပေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြည်ပမှ တင်သွင်းသည့် စားအုန်းဆီကို ဇူလိုင်လအတွက် ပြည်သူများထံ ဖြန့်ဖြူးရာတွင် တိုင်းဒေသကြီး/ပြည်နယ်အလိုက် လူဦးရေနှင့် စားသုံးမှုနှုန်းအပေါ် မူတည်၍...
◾️ Website တွင် ဆက်လက် ဖတ်ရှုရန်
https://www.mtnewstoday.com/archives/140762
#စားအုန်းဆီ #တစ်ဆင့်ပြန်ရောင်းသူများ #စိစစ်အရေးယူ #ဆီထွက်သီးနှံ #MT #mtnews | 3 113 |
