cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

Yangon Media Group

The Official Yangon Media Group Channel owned by YMG.

Show more
Advertising posts
8 730
Subscribers
+2024 hours
+2017 days
+67330 days

Data loading in progress...

Subscriber growth rate

Data loading in progress...

Photo unavailableShow in Telegram
တောင်ငူရှိ စစ်ဘေးရှောင်ပြည်သူများ မိုးတွင်းကာလ နေစရာအခက်ခဲများဖြစ်နေ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ မိုးကာလရောက်ရှိလာတာကြောင့် နေစရာ အခက်ခဲဖြစ်ပေါ်နေတယ်လို့ မြိုခံလူမှုကူညီရေးအသင်းတွေထံက သိရပါတယ်။ #Local_News Published_ 20 June 2024 #တောင်ငူရှိစစ်ဘေးရှောင်ပြည်သူ #နေစရာအခက်ခဲဖြစ် WatchVideo>>>https://www.youtube.com/watch?v=tmRfshWE9ak #YMG/LW #Yangon_Times
Show all...
#Local_News #vpnခက်ခဲ၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအ‌နေဖြင့် Telegram Channel ဖွင့်ပြီး သတင်းအချက် အလက်ဖြန့်‌ဝေမည်ဟုထုတ်ပြန် +++++++++++++++++++++++++++++++++ Published_ 20 June 2024 ▪️ VPN အခက်အခဲကြောင့် ရုပ်ရှင်လောကသားများကို သတင်းအချက်အလက်ဖြန့်ဝေနိုင်မှုအားနည်းနေသဖြင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေဖြင့် Telegram Channel ဖွင့်လှစ်မည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။ ▪️ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင် ရုပ်ရှင်လောကသားများနှင့် မြန်မာ့ရုပ်ရှင်ပရိသတ်များထံသို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက facebook မှတဆင့်အသိပေးထုတ်ပြန်နေသည့် သတင်းအချက်အလက်များသည် VPN အခက်အခဲကြောင့် သတင်းအချက်အလက်ဖြန့်ဝေနိုင်မှုအားနည်းနေသည်ကို တွေ့ရှိရကြောင်း ▪️ သို့ဖြစ်ပါသောကြောင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသည် အစည်းအရုံးဝင်လောကသားများနှင့် ပရိသတ်များထံသို့ သတင်းအချက်အလက်ထိရောက်စွာ ဖြန့်ဝေနိင်ရန်ရည်ရွယ်ချက်ဖြင့် Telegram တွင် MMPO Info အမည်ဖြင့် Telegram Channel ဖွင့်လှစ်ထားကြောင်း   ▪️ အောက်ပါ Link ကို Click နှိပ်၍ Subscribe ပြုလုပ်ထားခြင်းဖြင့် မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးက မျှဝေပေးသည့် သတင်းအချက်အလက်များကို ရယူနိုင်မည်ဖြစ်ကြောင်း လေးစားစွာ အသိပေးကြေညာထားကြောင်း ဖော်ပြပါရှိသည်။ #tthl #Yangon_Times
Show all...
Photo unavailableShow in Telegram
မြန်မာ့ပုရစ်များကို ဒူဘိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်တို့ကို ကုန်တင်လေယာဉ်ဖြင့်ပို့ပေးနေ မြန်မာ့ပုရစ်ကို ဒူဘိုင်း၊ မလေးရှား၊ စင်ကာပူနိုင်ငံ၊ ထိုင်း၊ ဂျပန်နိုင်ငံတွေကမှာ ယူမှုများနေသလို ကုန်တင်လေယာဉ်နဲ့ အစိမ်းရေခဲရိုက်တင်ပို့တာ၊ ကြော်လှော်ပြီး ပို့ပေးတာတွေလည်းဆောင်ရွက်ပေးနေတယ်။ မိုးပုရစ်ရှားလာလို့ အခု ဇွန်လ(၂၀)ရက်မှာတော့ ပုရစ်အကောင်တစ်ရာ(အစိမ်း)ကို လက်ကားဈေးကျပ်(၁၂၀၀၀) နဲ့ရောင်းချပေးနေတယ်လို့ သိရပါတယ်။ #Local_News Published_ 20 June 2024 #မြန်မာ့ပုရစ် #ကုန်တင်လေယာဉ်ဖြင့်ပို့ WatchVideo>>>https://www.youtube.com/watch?v=nR7No8hGKu4 #tthl #Yangon_Times
Show all...
👍 1
#Local_News #လှိုင်သာယာမြို့နယ် ရွှေပြည်သာတံတားအဆင်းယာဉ်တိုက်မှုဖြစ်ပွားကာ လူညှပ်နေသဖြင့် ကယ်ဆယ်ရေးလုပ်ခဲ့ရဟုဆို ++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++ Published 20 June 2024 ▪️ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာတံတားအဆင်းတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညှပ်နေသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ ▪️ ဇွန်လ ၂၀ရက် မွန်းတည့် ၁၂နာရီ ခန့်က ဖြစ်ပွားခဲ့ကာ အဆိုပါဖြစ်စဉ်ကြောင့် ကားခေါင်းခန်းအတွင်း ယာဉ်မောင်း ဖြစ်သူညှပ်နေသဖြင့်ကယ်ဆယ်ရေး လုပ်ခဲ့ရကြောင်း သိရသည်။ ▪️ ယာဉ်တိုက်မှုနေရာ ကို အင်းစိန်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာကူညီခဲ့ရာ ၁၂နာရီ ၁၀မိနစ် ခန့်တွင် ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။ ▪️ ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား(၂)ဦး(မစိုးရိမ်ရ)တို့အား ကနောင်လူမှုကူညီရေးအသင်းနှင့် Medical လူငယ်များအသင်းယာဉ်တို့ဖြင့် အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ #YMG/LW #Yangon_Times
Show all...
Photo unavailableShow in Telegram
Photo unavailableShow in Telegram
သယ်ယူပို့ဆောင်ရေးအခက်ခဲကြောင့် ရှမ်းပြည်ထွက် ငရုတ်ခြောက်များ ဈေးကျလာနိုင်ဟုဆို လာမယ့် ၁၀လပိုင်းမှာ ရှမ်းပြည်နယ်ဘက်မှ ငရုတ်ပေါ်ချိန်ဖြစ်တာကြောင့် ဈေးကွက်အတွင်း ငရုပ်သီးအဝင်များ ချိန် ဖြစ်ပေမယ့် နယ်မြေမအေးချမ်းမှုနဲ့ သွားလာရေးအခက်ခဲတွေကြောင့် ဈေးကျလာမယ့်အနေထားရှိတယ်လို့ငရုတ်ကုန်သည်တွေက ဆိုပါတယ်။ #Local_News Published_ 20 June 2024 #ရှမ်းပြည်ထွက်ငရုတ်ခြောက် #ငရုတ်ခြောက်ဈေးကျလာနိုင် WatchVideo>>>https://www.youtube.com/watch?v=7P4FRLs2K50 #YMG/LW #Yangon_Times
Show all...
👍 1
#Local_News #နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ခရိုင်ငါးခရိုင်၌  ဧကကိုးသောင်းကျော်ကို စိုက်ပျိုးဆောင်ရွက်ရန် အဆိုပြုတင်ပြထား +++++++++++++++++++++++ Published 20 June 2024 ▪️ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ယခုနှစ် မိုးစပါးရာသီအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ခရိုင်ငါးခရိုင်၌  ဧကကိုးသောင်းကျော်ကို စိုက်ပျိုးဆောင်ရွက်ရန် အဆိုပြုတင်ပြထားကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ ▪️ ထိုသို့အဆိုပြုလွှာတင်ပြရာ၌  နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ခရိုင်ငါးခရိုင်ရှိ မြို့နယ်ပေါင်း (၁၂) မြို့နယ်တွင် ကုမ္ပဏီ (၃၀)၊ သမအသင်း ခုနစ်ခုနှင့် ဆန်စက်တစ်ခုတို့က ဧက ၉၁၀၅၆ ဧကကို စိုက်ပျိုးဆောင်ရွက်ရန် အဆိုပြုတင်ပြထားခြင်းဖြစ်သည်။ ▪️ ယင်းသို့တင်ပြထားရာ  လယ်ယာသုံး စက်ကိရိယာများကို အသုံးပြုနိုင်ရန် တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်၌ မျိုးစေ့ချကိရိယာအလက် ၂၅၀၀ ကို စက်မှုလယ်ယာဦးစီးဌာနမှမှာယူ၍ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း၊ ၄င်းအပြင် မိုးစပါးလျာထားချက်အောင်မြင်ပြီး တိုးချဲ့စိုက်ပျိုးမှုနှစ်အလိုက် တိုးတက်လာစေရန်နှင့် တစ်ဧကထွက်နှုန်းတိုးတက်ရေးအတွက် မြေဆီလွှာဖွံ့ဖြိုးတိုးတက်‌ရေးလုပ်ငန်းများ၊ စိုက်ပျိုးနည်းစနစ်မှန်ကန်‌ရေး၊ အပင်ပြုစုခြင်းနှင့် ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်းများ၊ အရည်အသွေးကောင်းမွန်ရေးနှင့် အစားအစာအန္တရာယ်ကင်းရှင်းရေးတို့အတွက် ကောင်းမွန်သော စိုက်ပျိုးရေးဆိုင်ရာအလေ့ အကျင့်ကောင်းများဖြစ်သည့် GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်‌ရေးနည်းစနစ်များ၊ ဆွေးနွေးပွဲ၊ သင်တန်းများနှင့် သရုပ်ပြပွဲများကို သီးနှံစိုက်ပျိုးချိန်ကာလအလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ #YMG/ NN #Yangon_Times
Show all...
👍 2
Photo unavailableShow in Telegram
#Local_News #မိုးရေချိန်များသောမြို့(၁၃)မြို့ရှိ၊ ရန်ကုန်နှင့်ဒေသအချို့၌ မိုးသည်းထန်ခြင်းနှင့်မိုးပိုခြင်းများဖြစ်ပေါ်မည် +++++++++++++++++++++++++++++++++++++ Published_ 20 June 2024 ▪️ မိုးသည်းထန်၍မိုးရေချိန်များ‌သောမြို့(၁၃)မြို့ရှိခဲ့ပြီး အခုရက်ပိုင်းအတွင်းတနင်္သာရီတိုင်းဒေသကြီးတွင် မိုးပိုလာမည် ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။ ▪️ ဇွန်(၂၀)ရက် ညနေပိုင်းမှာ ရန်ကုန်တိုင်းရှိ လှိုင်သာယာ၊ဗဟန်းစသည့်မြို့နယ် အချို့တွင် လေ တိုက်ခတ်မှုပြင်းပြီး မိုးသည်းထန်ခဲ့သည်။ ▪️ မိုးသည်းထန်သောကြောင့် မိုးရေချိန်များခဲ့သော ဒေသများကတော့ ရှမ်းရွာသစ်မြို့တွင် မိုးရေချိန် ၂.၄၀ လက်မ၊ ရေးမြို့တွင် ၂.၃၆ လက်မ၊ မာန်အောင်မြို့တွင် ၂.၁၇ လက်မ၊ စစ်တွေမြို့နှင့် ကျုံပျော်မြို့တို့တွင် ၂.၀၁ လက်မစီ၊ သံတွဲမြို့တွင် ၁.၈၅ လက်မ၊ ဝါးခယ်မမြို့တွင် ၁.၈၁ လက်မ၊ ကျောက်ဖြူမြို့၊ ဂွမြို့နှင့် မြိတ်မြို့တို့တွင် ၁.၇၇ လက်မစီ၊ ခရမ်းမြို့ တွင် ၁.၄၂ လက်မ၊ ငါးသိုင်းချောင်းမြို့တွင် ၁.၃၄ လက်မနှင့် တောင်ငူမြို့တွင် ၁.၂၃ လက်မတို့ ရှိခဲ့သည်ဟုဆိုသည်။  ▪️ ဇွန်လ(၂၁)ရက်နေ့  မနက်ပိုင်းခန့်မှန်းချက်အဖြစ်နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့်ကယားပြည်နယ်တို့တွင် နေရာကွက်ကျား၊  ▪️ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတွင် နေရာစိပ်စိပ်နှင့်ရန်ကုန်တိုင်းအပါအဝင် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊  ▪️ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။ ▪️ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး မိုးသက်လေပြင်းတိုက်ခတ်မှုများသတိပြုရန် လိုအပ်သည်။ ▪️ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့် အတင့်မှ လှိုင်းကြီးနိုင်၍ ပင်လယ်ပြင်သွားရေယာဉ်များ သတိပြုသွားလာရန်လိုအပ်ကြောင်း သိရသည်။ #tthl #Yangon_Times
Show all...
👍 2