en
Feedback
Dr Khaing Khaing Soe

Dr Khaing Khaing Soe

Open in Telegram

Official Spokesperson for the President of the Republic of the Union of Myanmar

Show more
The country is not specifiedThe category is not specified
3 204
Subscribers
+324 hours
+197 days
+2 89730 days
Posts Archive
မြန်မာ-ဂျပန် စီးပွားရေးဖိုရမ်နှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းချက်များအား ပြန်လည်ဖြေကြားခြင်း

မြန်မာ–ဂျပန် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း မြန်မာ–ဂျပန် နှစ်နိုင်ငံအကြား နှစ်ပေါင်း ၇၀ ကျော်ကြာ တည်ဆောက်လာခဲ့သည့် ချစ်ကြည်ရင်းနှီးမှုကို အခြေခံ၍ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်သွားကြရန်နှင့် ဂျပန်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံ၏ အလားအလာကောင်းသည့် စီးပွားရေးကဏ္ဍများတွင် ရေရှည်အမြင်ဖြင့် ယုံကြည်စိတ်ချစွာ လာရောက်ရင်းနှီးမြှုပ်နှံကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တိုက်တွန်းဖိတ်ခေါ်လိုက်ပါတယ်။ မြန်မာ-ဂျပန် စီးပွားရေးဖိုရမ်တွင် ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်များ- ၁။ မြန်မာ–ဂျပန် နှစ်နိုင်ငံသည် ၁၉၅၄ ခုနှစ်မှစတင်၍ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ပြီး နှစ်ပေါင်း ၇၀ ကျော်ကြာ ချစ်ကြည်ရင်းနှီးမှုရှိကြောင်း။ ၂။ နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ ၂၀၂၃–၂၀၂၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁,၃၃၄ ဒသမ ၇၉၅ သန်း၊ ၂၀၂၄–၂၀၂၅ ဘဏ္ဍာနှစ်တွင် ၁,၁၉၄ ဒသမ ၃၉၄ သန်းနှင့် ၂၀၂၅–၂၀၂၆ ဘဏ္ဍာနှစ်တွင် ၁,၃၄၃ ဒသမ ၆၆၅ သန်းရှိကြောင်း။ ၃။ မြန်မာနိုင်ငံက ဂျပန်နိုင်ငံသို့ ချုပ်ပြီးအထည်၊ ဖိနပ်၊ ပဲအမျိုးမျိုး၊ ပုလဲနှင့် လျှပ်စစ်ပစ္စည်းများ အဓိကတင်ပို့လျက်ရှိကြောင်း။ ၄။ တန်ဖိုးမြှင့်စိုက်ပျိုးမွေးမြူရေးထုတ်ကုန်၊ အရည်အသွေးမြင့် စားသောက်ကုန်၊ ရာဘာအခြေခံထုတ်ကုန်နှင့် နည်းပညာဆိုင်ရာထုတ်ကုန်များ တိုးချဲ့တင်ပို့ရန်လိုကြောင်း။ ၅။ သီလဝါအထူးစီးပွားရေးဇုန်သည် မြန်မာ–ဂျပန် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်သည့်စံနမူနာတစ်ခုဖြစ်ကြောင်း။ ၆။ သီလဝါအထူးစီးပွားရေးဇုန်၌ ဂျပန်ကုမ္ပဏီ ၅၀ ကျော်အပါအဝင် နိုင်ငံပေါင်း ၂၁ နိုင်ငံ နှင့် မြန်မာနိုင်ငံမှ ကုမ္ပဏီစုစုပေါင်း ၁၂၆ ခု ရင်းနှီးမြှုပ်နှံထားပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၂,၃၀၀ ကျော်ရှိကြောင်း။ ၇။ ဂျပန်နိုင်ငံက သီလဝါအထူးစီးပွားရေးဇုန် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၉ ဒသမ ၉၂ ရာခိုင်နှုန်းဖြင့် အဓိကအခန်းကဏ္ဍမှ ပါဝင်ကြောင်း။ ၈။ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဆင်ပြေစေရန် လျှပ်စစ်ဓာတ်အား တည်ငြိမ်စွာရရှိရေး၊ One-Stop Service မြန်ဆန်ရေးနှင့် လုပ်ထုံးလုပ်နည်းများ လွယ်ကူရှင်းလင်းရေး ဆောင်ရွက်ရန်လိုကြောင်း။ ၉။ ပြည်တွင်း MSME လုပ်ငန်းများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ချိတ်ဆက်၍ ပြည်တွင်းကုန်ကြမ်းအသုံးပြုမှုနှင့် ထောက်ပံ့ရေးကွင်းဆက် ခိုင်မာစေရန်လိုကြောင်း။ ၁၀။ ဂျပန်၏ အဆင့်မြင့်နည်းပညာ၊ အရင်းအနှီး၊ စီမံခန့်ခွဲမှုအတွေ့အကြုံနှင့် အရည်အသွေးထိန်းချုပ်မှုစနစ်များကို မြန်မာ MSME လုပ်ငန်းများနှင့် ပေါင်းစပ်ဆောင်ရွက်ရန်လိုကြောင်း။ ၁၁။ စိုက်ပျိုးမွေးမြူရေးအခြေခံ တန်ဖိုးမြှင့်ထုတ်လုပ်မှု၊ စွမ်းအင်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ အများပြည်သူသယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်သုံးယာဉ်၊ ဓာတ်မြေဩဇာ၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာထုတ်လုပ်ရေးကဏ္ဍများ၌ ပူးပေါင်းရင်းနှီးမြှုပ်နှံနိုင်ကြောင်း။ ၁၂။ မြန်မာဒီဂျစ်တယ်လမ်းပြမြေပုံ ၂၀၃၀ နှင့် ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းတို့တွင် ဂျပန်နည်းပညာကုမ္ပဏီများ ပါဝင်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ကြောင်း။ ၁၃။ မြန်မာနိုင်ငံ၏ သဘာဝအရင်းအမြစ်၊ စိုက်ပျိုးရေးအခြေခံနှင့် လူငယ်လုပ်သားအင်အားကို ဂျပန်၏ နည်းပညာ၊ အရင်းအနှီးနှင့် စီမံခန့်ခွဲမှုအတွေ့အကြုံတို့ဖြင့် ပေါင်းစပ်၍ Win-Win ပူးပေါင်းဆောင်ရွက်မှု ဖော်ဆောင်ရန်လိုကြောင်း။ ၁၄။ ရင်းနှီးမြှုပ်နှံသူများအတွက် ပွင့်လင်းမြင်သာပြီး ယုံကြည်စိတ်ချရသည့် စီးပွားရေးဝန်းကျင် ဖန်တီးပေးသွားမည်ဖြစ်ကြောင်း။ ၁၅။ ဂျပန်စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌ ရေရှည်အမြင်ဖြင့် လာရောက်ရင်းနှီးမြှုပ်နှံရန် နိုင်ငံတော်သမ္မတက ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့ပါတယ်။

အာကာသအိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်နေသည့် မြန်မာအာကာသအေဂျင်စီ "အာကာသနည်းပညာဟာ ငွေကြေးနဲ့ တန်ဖိုးဖြတ်လို့မရဘူး၊ နိုင်ငံရဲ့ အနာဂတ်နဲ့ ဂုဏ်သိက္ခာအတွက် မဖြစ်မနေ လုပ်ရမယ့်အလုပ်ဖြစ်လို့ ဆက်လက်ပြီး ရင်းနှီးမြှုပ်နှံသွားရမှာပါ" ဒါဟာ မြန်မာနိုင်ငံရဲ့ အာကာသနည်းပညာဖွံ့ဖြိုးတိုးတက်ရေး အိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်ဖို့ ဘာကြောင့် မဖြစ်မနေ လုပ်ရလဲဆိုတာကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ရှင်းလင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရရဲ့ ရက်(၁၀၀) စီမံချက်အတွင်း မြန်မာအာကာသအေဂျင်စီက အကောင်အထည်ဖော်ခဲ့တဲ့ ဦးစားပေးအာကာသနည်းပညာစီမံကိန်းတွေကို အပ်နှံခြင်းနဲ့ လက်တွေ့သရုပ်ပြပွဲ အခမ်းအနားမှာ သမ္မတက အခုလို ပြောကြားခဲ့တာပါ။ တကယ်တော့ မြန်မာနိုင်ငံရဲ့ အာကာသအိပ်မက်က ဒီနေ့မှ စတာမဟုတ်ပါဘူး။ ယခင်ကတည်းက အာကာသနည်းပညာဆိုင်ရာ ပညာရှင်တွေ မွေးထုတ်ခဲ့သလို အခြေခံပြင်ဆင်မှုတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် အဖွဲ့အစည်းတစ်ခုအနေနဲ့ စနစ်တကျ အကောင်အထည်ဖော်နိုင်တာကတော့ ၂၀၂၅ ခုနှစ် ဇွန်လ ၁ ရက်မှာ မြန်မာအာကာသအေဂျင်စီကို ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ပြီးနောက်ပိုင်း ဖြစ်ပါတယ်။ ဖွဲ့စည်းပြီး တစ်နှစ်ကျော်အတွင်းမှာပဲ မြန်မာအာကာသအေဂျင်စီဟာ နိုင်ငံရဲ့ အာကာသနည်းပညာအခြေခံအဆောက်အအုံတွေကို အရှိန်အဟုန်နဲ့ တည်ဆောက်လာနိုင်ခဲ့ပါတယ်။ ရက်(၁၀၀) စီမံချက်အတွင်း အထင်ရှားဆုံး လုပ်ဆောင်ချက်ကတော့ Multi-Mission Operation Command and Control (MOCC) စနစ်နဲ့ MAH-1 ဂြိုဟ်တုမြေပြင်ထိန်းချုပ်ရေးစခန်းကို အကောင်အထည်ဖော်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီစနစ်ကနေ ဂြိုဟ်တုလမ်းကြောင်းတွေကို အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်နိုင်မယ်၊ လမ်းကြောင်းကြိုတင်ခန့်မှန်းနိုင်မယ်၊ ဂြိုဟ်တုအချက်အလက်တွေကို လက်ခံရယူနိုင်မယ်၊ ဂြိုဟ်တုပုံရိပ်တွေကို ခွဲခြမ်းစိတ်ဖြာနိုင်မယ့် စွမ်းရည်တွေ ရရှိလာမှာဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ Digital Elevation Intelligence Platform (DEIP) နဲ့ ERS Application Platform ကိုလည်း အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ ဂြိုဟ်တုကရလာတဲ့ ဒေတာတွေကို AI နည်းပညာနဲ့ ပေါင်းစပ်အသုံးပြုပြီး စိုက်ပျိုးရေး၊ သစ်တော၊ ရေအရင်းအမြစ်စီမံခန့်ခွဲရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ခန့်မှန်းရေးနဲ့ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အသုံးချနိုင်အောင် ဖော်ဆောင်ထားတာ ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတကတော့ ဒီ ERS Application Platform ကို နောင်မှာ နိုင်ငံတော်အဆင့် Data-driven Decision Support Platform အဖြစ် ဆက်လက်တိုးချဲ့ဖော်ဆောင်ဖို့ လမ်းညွှန်မှာကြားခဲ့ပါတယ်။ ဒါဟာ နိုင်ငံတော်အဆင့် မူဝါဒချမှတ်ရာမှာ ဒေတာအခြေခံ ဆုံးဖြတ်ချက်တွေ ချနိုင်မယ့် နည်းပညာစနစ်တစ်ခု ဖြစ်လာစေဖို့ ရည်ရွယ်တာလည်း ဖြစ်ပါတယ်။ နောက်ထပ် ရည်မှန်းချက်ကြီးတစ်ခုကတော့ မြန်မာနိုင်ငံရဲ့ ကိုယ်ပိုင် Nano Satellite တွေ တည်ဆောက်နိုင်ရေးနဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အာကာသယာဉ်မှူး ပေါ်ထွန်းလာရေး ဖြစ်ပါတယ်။ ဒီအတွက် ပြည်တွင်းနည်းပညာတက္ကသိုလ်တွေနဲ့ ပူးပေါင်းပြီး အခြေခံနည်းပညာတွေ ဖွံ့ဖြိုးအောင် ဆောင်ရွက်နေသလို အာကာသယာဉ်မှူးလောင်းတွေကိုလည်း ရွေးချယ်လေ့ကျင့်ပေးနေပြီး ရုရှားနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သမ္မတက ပြောကြားခဲ့ပါတယ်။ အာကာသနည်းပညာဆိုတာ ဓာတ်ခွဲခန်းထဲက ပညာရပ်တစ်ခုတည်း မဟုတ်ဘဲ မျိုးဆက်သစ်လူငယ်တွေ စိတ်ဝင်စားလာဖို့လည်း လိုပါတယ်။ ဒါကြောင့် ရန်ကုန်မြို့မှာ အာကာသပြတိုက် ဖွင့်လှစ်ထားသလို ကျောင်းသား၊ ကျောင်းသူ ၆,၀၀၀ ခန့် ပါဝင်တဲ့ အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်းနဲ့ ပိုစတာပြိုင်ပွဲတွေကိုလည်း ကျင်းပနိုင်ခဲ့ပါတယ်။ "ဒီလမ်းကြောင်းက မသွေဖည်ဘဲ တစ်စိုက်မတ်မတ် ဆက်လုပ်သွားမယ်ဆိုရင် မြန်မာနိုင်ငံဟာ ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ နည်းပညာနိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်ပါတယ်။" ဒီစကားဟာ မြန်မာအာကာသအေဂျင်စီရဲ့ အနာဂတ်ခရီးလမ်းအတွက် နိုင်ငံတော်သမ္မတက ပေးလိုက်တဲ့ ရှင်းလင်းတဲ့ ဦးတည်ချက်တစ်ခုလည်း ဖြစ်ပါတယ်။

Press Statement on the ASEAN Five-Point Statement, known as the ASEAN Five-Point Consensus
+2
Press Statement on the ASEAN Five-Point Statement, known as the ASEAN Five-Point Consensus

အာဆီယံတူညီဆန္ဒ (၅)ရပ်ဟုဆိုသော အာဆီယံထုတ်ပြန်ချက် (၅)ရပ်နှင့် စပ်လျဉ်းသည့်သတင်းထုတ်ပြန်ချက်
+2
အာဆီယံတူညီဆန္ဒ (၅)ရပ်ဟုဆိုသော အာဆီယံထုတ်ပြန်ချက် (၅)ရပ်နှင့် စပ်လျဉ်းသည့်သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံတော်သမ္မတထံ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး လာရောက်ဂါရဝပြုတွေ့ဆုံ နိုင်ငံတော်သမ္မတ ဦးမင်းအော
+3
မြန်မာနိုင်ငံတော်သမ္မတထံ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး လာရောက်ဂါရဝပြုတွေ့ဆုံ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ရန်ကုန်မြို့အခြေစိုက် ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Jong Ho Bom အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၌ လက်ခံတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ကောင်းမွန်လျက်ရှိသည့် သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်မြှင့်တင်ရေး၊ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာစေရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများ၊ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုများ၊ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ မူဝါဒများနှင့် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍများကိုလည်း ရင်းရင်းနှီးနှီး အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတို့သည် တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ မြန်မာနိုင်ငံဆိုင်ရာအထူး အာဏာကုန်လွှဲအပ်ခြင်းခံရသော
+3
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ မြန်မာနိုင်ငံဆိုင်ရာအထူး အာဏာကုန်လွှဲအပ်ခြင်းခံရသော ကာဇက်စတန်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော H.E. Mr. Margulan Baimukhan က ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်း ခံရသော ဗ
+3
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်း ခံရသော ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘော တူညီပြီးဖြစ်သော မစ္စတာ ငုယင်အန်းဒပ်ကင်း၏ သံအမတ် ခန့်အပ်လွှာပေးအပ်

ရန်ကုန်၊ ပဲခူးတိုင်းတို့၏ စီးပွားရေးစွမ်းဆောင်ရည်မြှင့်တင်ရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးကို အလေးထားဆောင်ရွက်ရန် နိုင်ငံတော်သမ္မတမှာကြား နိုင်ငံတော်သမ္မတသည် ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ရက်(၁၀၀)စီမံချက်အကောင်အထည်ဖော်ရာ၌ စီးပွားရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ လူ့စွမ်းအားအရင်းအမြစ်၊ ကျန်းမာရေးနှင့် မြို့ပြစီမံခန့်ခွဲမှုတို့ကို အလေးထားဆောင်ရွက်ရန် အောက်ပါအတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည် - ၁။ ရန်ကုန်နှင့် ပဲခူးတိုင်းသည် နိုင်ငံ၏ အဓိကစီးပွားရေးအင်အားစုများဖြစ်သဖြင့် ဆန်၊ ဆီ၊ ပဲ စားနပ်ရိက္ခာဖူလုံမှုကို တိုးမြှင့်ရန်။ ၂။ ထုတ်လုပ်မှုပမာဏထက် အရည်အသွေးကို ပိုမိုအလေးထားပြီး Human Resources နှင့် နည်းပညာဖွံ့ဖြိုးရေးကို အရှိန်မြှင့်ရန်။ ၃။ Demand–Supply မျှတရေး ဆောင်ရွက်၍ ထုတ်လုပ်မှုကုန်ကျစရိတ်လျှော့ချကာ ဈေးနှုန်းတည်ငြိမ်ရေးဆောင်ရွက်ရန်။ ၄။ GDP၊ ထုတ်လုပ်မှုနှင့် စားသုံးမှုဆိုင်ရာ စာရင်းဇယားများ မှန်ကန်တိကျစွာ ကောက်ယူအသုံးပြုရန်။ ၅။ ရန်ကုန်တိုင်း၏ ဆန်နှင့် စားသုံးဆီဆိုင်ရာ အချက်အလက်များ ကို စိစစ်၍ အမှန်တကယ်ဖူလုံမှုကို တိတိကျကျသိရှိနိုင်ရန်။ ၆။ စားသုံးဆီစားသုံးမှု လျှော့ချရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးမှုအလေ့အထများ မြှင့်တင်ရန်။ ၇။ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် ပညာရေး၊ အားကစားနှင့် စာကြည့်တိုက်လုပ်ငန်းများကို အားပေးဆောင်ရွက်ရန်။ ၈။ ကလေးများ ခန္ဓာကိုယ်သေးငယ်ခြင်းနှင့် ပုညှက်ခြင်း၊ အားကစားသမားများ နိုင်ငံခြားပြိုင်ပွဲတွင် မယှဉ်နိုင်ခြင်းတို့သည် အာဟာရနှင့် သက်ဆိုင်သဖြင့် ကျောင်းကျန်းမာရေး၊ အာဟာရနှင့် ကလေးဖွံ့ဖြိုးရေးကို အထူးဂရုပြု၍ စံချိန်စံညွှန်းပြည့်မီသော ကျောင်းများနှင့် အားကစားကွင်းများ ဖော်ဆောင်ရန်။ ၉။ မြေယာအသုံးချမှုကို စနစ်တကျစီမံပြီး အကျိုးရှိစွာအသုံးပြုရန်၊ မြေယာအမြတ်ထုတ်ရောင်းချမှု မဖြစ်စေရန်။ ၁၀။ လမ်း၊ ဓာတ်တိုင်နှင့် မြို့ပြအခြေခံအဆောက်အအုံများကို ရေရှည်စီမံကိန်းဖြင့် စနစ်တကျ အကောင်အထည်ဖော်ရန်။ ၁၁။ စက်မှုဇုန်၊ ခရီးသွားလုပ်ငန်းနှင့် ပဲခူးတိုင်း၏ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်း၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးချရန်။ ၁၂။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ ရေမြောင်းစနစ်များကို စနစ်တကျထိန်းသိမ်းပြီး မြို့ပြပတ်ဝန်းကျင်ကောင်းမွန်ရေး ဆောင်ရွက်ရန်။ ၁၃။ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို လူဦးရေနှင့် စားသုံးလိုအပ်ချက်ပေါ်မူတည်၍ စနစ်တကျ တိုးချဲ့ဆောင်ရွက်ရန်။

NLD အစိုးရလက်ထက်မှာ ကောက်ယူခဲ့တဲ့ ၂၀၁၉ ကြားဖြတ် လူဦးရေသန်းခေါင်စာရင်းနဲ့ ၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်
NLD အစိုးရလက်ထက်မှာ ကောက်ယူခဲ့တဲ့ ၂၀၁၉ ကြားဖြတ် လူဦးရေသန်းခေါင်စာရင်းနဲ့ ၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းက ရရှိတဲ့ ပြည်ပထွက်ခွါသူများရဲ့ ပညာအရည်အချင်း လေ့လာဆန်းစစ်ချက်

(၇၉) နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားတွင် မီဒီယာများ၏ မေးမြန်းချက်များအား ပြန်လည်ဖြေကြားခြင်း

photo content

သံလျင်ရေနံချက်စက်ရုံ ပြန်လည်လည်ပတ်ရေး အကောင်အထည်ဖော်၊ ပြည်တွင်းစက်သုံးဆီဖူလုံမှု တိုးမြှင့်နိုင်ရေး ဦးတည်ဆောင်ရွက် သံလျင်ရေနံ
+1
သံလျင်ရေနံချက်စက်ရုံ ပြန်လည်လည်ပတ်ရေး အကောင်အထည်ဖော်၊ ပြည်တွင်းစက်သုံးဆီဖူလုံမှု တိုးမြှင့်နိုင်ရေး ဦးတည်ဆောင်ရွက် သံလျင်ရေနံချက်စက်ရုံကို အခု ပြန်လည်လည်ပတ်နိုင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ ပြည်တွင်းမှာ စက်သုံးဆီ ပိုမိုဖူလုံလာစေဖို့၊ ပြည်ပကနေ စက်သုံးဆီတင်သွင်းရတဲ့ ပမာဏကို လျှော့ချပြီး နိုင်ငံခြားငွေ သုံးစွဲမှုကို လျော့နည်းစေဖို့ ဖြစ်ပါတယ်။ သံလျင်ရေနံချက်စက်ရုံဟာ ယခင်က လည်ပတ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ရပ်နားထားခဲ့ရပါတယ်။ အခုတော့ ပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်နေပါတယ်။ စီမံကိန်းရဲ့ အဓိကရည်ရွယ်ချက်က ပြည်တွင်းစက်သုံးဆီ ဖူလုံမှုတိုးမြှင့်ဖို့နဲ့ နိုင်ငံခြားငွေ သုံးစွဲမှုကို လျှော့ချဖို့ ဖြစ်ပါတယ်။ စီမံကိန်းကို Phase (၂) ခု နဲ့ အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ Phase-1 မှာ တစ်နှစ်ကို တန်ချိန် (၅) သိန်း ထုတ်လုပ်နိုင်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ Phase-2 မှာတော့ တစ်နှစ်ကို တန်ချိန် (၂.၅) သန်း အထိ တိုးချဲ့ထုတ်လုပ်နိုင်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ စီမံကိန်းတစ်ခုလုံး ပြီးစီးသွားရင် တစ်နှစ်ကို တန်ချိန် (၃) သန်း ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီလို ထုတ်လုပ်နိုင်လာရင် ပြည်တွင်းစက်သုံးဆီ လိုအပ်ချက်ကို အတိုင်းအတာတစ်ခုအထိ ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပြီး နိုင်ငံရဲ့ စွမ်းအင်လုံခြုံမှုကိုလည်း ပိုမိုအထောက်အကူပြုလာမှာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်း စားနပ်ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးဇုန်များကို အောင်မြင်စွာ အကောင်အထည်ဖော်ရန် နိုင်ငံတော်သမ္မတ လမ်းညွှန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ရန်ကုန်တိုင်းဒေသကြီး၏ စားနပ်ရိက္ခာဖူလုံရေးနှင့် ဈေးကွက်တည်ငြိမ်ရေးအတွက် စိုက်ပျိုးမွေးမြူရေးဇုန်များကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ကာ အထွက်နှုန်းတိုးမြှင့်ရေး၊ MSME အခြေပြု ထုတ်လုပ်မှုမြှင့်တင်ရေးနှင့် မြေယာများကို အကျိုးရှိစွာ အသုံးချရေးတို့ကို အလေးထား ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ လမ်းညွှန်မှကြားချက်များမှာ - ၁။ ရန်ကုန်တိုင်းဒေသကြီး၏ စားနပ်ရိက္ခာဖူလုံရေးကို ဦးစားပေးဆောင်ရွက်ရန်၊ စားရေးဖူလုံမှသာ အခြားသော ကဏ္ဍများတည်ငြိမ်မှု ရရှိမည်ဖြစ်ကြောင်း။ ၂။ ရန်ကုန်တွင် လူဦးရေ (၇) သန်းရှိသဖြင့် ငါး၊ အသားနှင့် ဆန် လုံလောက်စွာ ထုတ်လုပ်ပေးနိုင်ရေး စီမံဆောင်ရွက်ရန် လိုအပ်ကြောင်း။ ၃။ ရွှေမုယင်းငါးမွေးမြူရေး၊ ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးဇုန်၊ ရွှေပြည်-မှော်ဘီ၊ တိုက်ကြီး၊ တွံတေးတို့တွင် မွေးမြူရေးဇုန်များကို ထိရောက်စွာ အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း။ ၄။ မွေးမြူရေးလုပ်ငန်းများ ရေရှည်အောင်မြင်ရေးအတွက် တိရစ္ဆာန်အစာထုတ်လုပ်ရေးနှင့် အစာစပ်စက်ရုံများကို စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း။ ၅။ မြေယာတိုးချဲ့နိုင်မှု အကန့်အသတ်ရှိသဖြင့် စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းပြီး အထွက်နှုန်းမြင့်မားရေးကို ဦးတည်ဆောင်ရွက်ရမည်ဖြစ်ကြောင်း။ ၆။ MSME အခြေပြု လုပ်ငန်းများကို မြှင့်တင်၍ လယ်ယာသုံးပစ္စည်းများ၊ စက်ရုံအပိုပစ္စည်းများနှင့် နည်းပညာဆိုင်ရာ ထုတ်ကုန်များကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး အားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း။ ၇။ ထုတ်လုပ်မှုစီမံကိန်းများကို Demand နှင့် Supply ကို သေချာတွက်ချက်ပြီး အောင်မြင်စွာ အကောင်အထည်ဖော်ရန်၊ တိုင်းဒေသကြီးအစိုးရက ဦးဆောင်ဆောင်ရွက်ရန် လိုအပ်ကြောင်း။ ၈။ ကုန်ထုတ်လုပ်မှုတိုးမြှင့်၍ Cost of Production လျှော့ချနိုင်ရေးနှင့် ဈေးကွက်တည်ငြိမ်ရေးကို တစ်ပြိုင်နက်တည်း အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေး အရည်အသွေးပြည့်ဝသော သူနာပြုနှင့် သားဖွားပညာရှင်များ တိုးမြှင့်မွေ
လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေး အရည်အသွေးပြည့်ဝသော သူနာပြုနှင့် သားဖွားပညာရှင်များ တိုးမြှင့်မွေးထုတ်ရန် နိုင်ငံတော်သမ္မတ မှာကြား နိုင်ငံတော်သမ္မတသည် ယနေ့ ဇူလိုင် ၁၆ ရက် နံနက်ပိုင်းက သူနာပြုသိပ္ပံ (နေပြည်တော်)၌ ကျင်းပသည့် သူနာပြုသိပ္ပံ (နေပြည်တော်)နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ သူနာပြုသိပ္ပံများ ဖွင့်ပွဲအခမ်းအနားသို တက်ရောက်၍ သူနာပြုသိပ္ပံ ဆိုင်းဘုတ်များကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး ဂုဏ်ပြုမိန့်ခွန်း ပြောကြားခဲ့ပါသည်။ နိုင်ငံ‌တော်သမ္မတမှ ဂုဏ်ပြုမိန့်ခွန်း၌ "နိုင်ငံတော်၏ ကျန်းမာရေးစနစ် ပိုမိုတောင့်တင်းခိုင်မာလာစေရေးနှင့် မြိုပြ၊ ကျေးလက်မကျန် ပြည်သူတိုင်း လက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေးအတွက် အရည်အသွေးပြည့်ဝပြီး လူသားချင်းစာနာစိတ်ရှိသည့် သူနာပြုနှင့် သားဖွားပညာရှင်များကို တိုးမြှင့်လေ့ကျင့်မွေးထုတ်ပေးကြရန်" အလေးထားမှာကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတကြီး၏ စေတနာ ၁။ မြို့ပြနှင့် ကျေးလက်ပါမကျန်၊ ဆင်းရဲချမ်းသာမရွေး လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှု (Universal Health Coverage) ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ ၂။ “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” ဟူသော ခံယူချက်ဖြင့် ကျန်းမာရေးကဏ္ဍကို ဘက်ပေါင်းစုံမှ ဖြည့်ဆည်းမြှင့်တင် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ၃။ နိုင်ငံတစ်ဝန်းရှိ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (၁၅) ကျောင်းကို "သူနာပြုသိပ္ပံ" များအဖြစ် တိုက်ထန်သည့် အဆင့်အတန်း သတ်မှတ်၍ အဆင့်မြှင့်တင် တိုးချဲ့ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပါသည်။ ၄။ ကျန်ရှိနေသည့် သူနာပြု၊ သားဖွားနှင့် နှီးနွှယ်သင်တန်းကျောင်း (၂၇) ကျောင်းကိုလည်း အစိုးရသစ်ရက် (၁၀၀) အတွင်း ဦးစားပေးအဆင့်ဖြင့် ဖွဲ့စည်းပုံ တိုးမြှင့်ပေးခဲ့ပြီးဖြစ်ပါသည်။ ကျန်းမာရေးကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု ၁။ ၁၉၆၂ ခုနှစ်မှ ယနေ့အထိ သူနာပြု-သားဖွားဒီပလိုမာရရှိသူ ၄၅,၂၄၅ ဦး၊ သားဖွား ၄၂,၅၂၄ ဦး မွေးထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်။ ၂။ ၂၀၂၆ ခုနှစ် ပညာသင်နှစ်၌ သူနာပြု-သားဖွား ဒီပလိုမာ (၃) နှစ်သင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ (၅,၉၄၆) ဦးနှင့် ဘက်စုံသားဖွား ဒီပလိုမာ (၂) နှစ်သင်တန်းတွင် (၁,၀၃၅) ဦး လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။ ၃။ ၂၀၂၇ ခုနှစ် (တိုးမြှင့်ခေါ်ယူမည့်အစီအစဉ်) ပညာသင်နှစ်တွင် သူနာပြု-သားဖွား ဒီပလိုမာ (၃) နှစ်သင်တန်းအတွက် သစ်လွင်ကျောင်းသား၊ ကျောင်းသူ (၂,၉၀၀) ဦးနှင့် ဘက်စုံသားဖွားဒီပလိုမာ (၂) နှစ်သင်တန်းအတွက် (၁,၄၀၀) ဦးအထိ တိုးမြှင့်ခေါ်ယူ ပျိုးထောင်ပေးသွားမည် ဖြစ်ပါသည်။ ၄။ အမျိုးသားပညာရေးအဆင့် မူဘောင်အရ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ များသာ တက်ရောက်ခွင့်ရှိပြီး၊ ပြည်တွင်း/ပြည်ပ တက္ကသိုလ်များတွင် သူနာပြုပါရဂူဘွဲ့ (Ph.D) အထိ အဆင့်ဆင့် တက်လှမ်းသင်ယူနိုင်မည့် အခွင့်အလမ်းများ ရှိလာမည်ဖြစ်ပါသည်။ ထို့နောက် သူနာပြုသိပ္ပံများဖွင့်ပွဲအထိမ်းအမှတ် မှတ်တမ်း Video ကိုပြသပြီးနောက် သူနာပြုသိပ္ပံ(နေပြည်တော်) မှသင်တန်းသူများက သူနာပြုများရဲ့ လူသားဆန်မှု ၊ မေတ္တာ၊ ကရုဏာတို့ဖြင့် ယုယသည့် သူနာပြုစုမှု ပညာရပ်ကို တန်ဖိုးထားမှုများ ပေါ်လွင်စေသည့် "ကရုဏာအလင်း"သီချင်းဖြင့် စင်ပေါ်/စင်အောက်သံပြိုင်သီဆိုခဲ့ကြပါသည်။

ဝါစိုက်ပျိုးရေးမှ အထည်ချုပ်ထုတ်လုပ်မှုအထိ တန်ဖိုးကွင်းဆက် အားကောင်းစေရေး နိုင်ငံတော်သမ္မတ လမ်းညွှန် နိုင်ငံတော်သမ္မတ ဦးမင်းအေ
ဝါစိုက်ပျိုးရေးမှ အထည်ချုပ်ထုတ်လုပ်မှုအထိ တန်ဖိုးကွင်းဆက် အားကောင်းစေရေး နိုင်ငံတော်သမ္မတ လမ်းညွှန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ကျင်းပသည့် "ဝါစိုက်ပျိုးမှုမှသည် အထည်အလိပ်စက်မှုလုပ်ငန်းဆီသို့ ” ဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနား၌ ဝါစိုက်တောင်သူများနှင့် လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် ဝါစိုက်ပျိုးရေးမှ ချည်မျှင်၊ အထည်အလိပ်နှင့် အထည်ချုပ်ထုတ်လုပ်မှုအထိ တန်ဖိုးကွင်းဆက် အားကောင်းလာစေရေး အောက်ဖော်ပြအချက်များအား လမ်းညွှန်မှာကြားခဲ့ပါသည် - ၁။ နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးတွင် ကုန်ထုတ်လုပ်မှုကဏ္ဍ အရေးကြီးသဖြင့် ဝါစိုက်ပျိုးရေးကို အလေးထားမြှင့်တင်ရန်။ ၂။ ဝါစိုက်ဧက တည်ငြိမ်ရေးနှင့် မျိုးကောင်းမျိုးသန့် ဝါများ တိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန်။ ၃။ “ချည်ကောင်းမှ အထည်ကောင်းမည်” ဖြစ်သဖြင့် အရည်အသွေးမြင့် ပြည်တွင်းဝါမျိုးများ ဖွံ့ဖြိုးရေးကို အလေးထားရန်။ ၄။ ပြည်ပမှတင်သွင်းနေရသည့် ချည်မျှင်များကို ပြည်တွင်းထုတ် “ချည်မျှင်ရွှေဝါ” များဖြင့် အစားထိုးနိုင်ရေး ကြိုးပမ်းရန်။ ၅။ ဝါစိုက်ဒေသများတွင် ချည်မျှင်စက်ရုံများ တိုးချဲ့တည်ဆောက်ပြီး ပြည်တွင်းဈေးကွက်နှင့် အလုပ်အကိုင်များ ဖန်တီးရန်။ ၆။ ဝါစိုက်တောင်သူများကို မျိုးစေ့၊ သွင်းအားစု၊ နည်းပညာနှင့် ဈေးကွက်တို့ဖြင့် ထိရောက်စွာ ပံ့ပိုးရန်။ ၇။ တစ်ဦးချင်းထက် သမဝါယမနှင့် အစုအဖွဲ့စနစ်ဖြင့် ပူးပေါင်းဆောင်ရွက်ရန်။ ၈။ ဝါမှ ချည်မျှင်၊ ပိတ်အထည်နှင့် အသင့်ချုပ်အထည်အထိ တန်ဖိုးမြှင့်ထုတ်လုပ်၍ ပြည်ပတင်ပို့နိုင်ရေး ရည်မှန်းဆောင်ရွက်ရန်။ ၉။ နည်းပညာရှင်နှင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင်ရေး အသက်မွေးဝမ်းကျောင်းနှင့် နည်းပညာသင်တန်းများ စနစ်တကျဖွင့်လှစ်ရန်။ ၁၀။ ဝါကဏ္ဍဖွံ့ဖြိုးရေးကို လိုအပ်ချက်အလိုက် တစ်ဆင့်ချင်း အကောင်အထည်ဖော်သွားရန်။ ထို့နောက် ခင်းကျင်းပြသထားသည့် ပြခန်းများအတွင်း လှည့်လည်ကြည့်ရှုစဉ် ထုတ်ကုန်တံဆိပ်တပ်ဆင်ပုံမှအစ ထုတ်ကုန်အရည်အသွေး၊ ထုပ်ပိုးမှုပုံစံနှင့် စံချိန်စံညွှန်းများ မြှင့်တင်ရေးအထိ အသေးစိတ်လမ်းညွှန်မှာကြားခဲ့ပါသည်။ တောင်သူနှင့် လုပ်ငန်းရှင်များ၏ အဓိကတင်ပြချက်များမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါသည် - ၁။ အဆင့်မြင့်ချည်မျှင်စက်ရုံများ၊ စက်ကိရိယာနှင့် နည်းပညာများ ဖြည့်ဆည်းဆောင်ရွက်ပေးလိုကြောင်း။ ၂။ စက်ရုံများ လည်ပတ်နိုင်ရေး လျှပ်စစ်မီးနှင့် ရင်းနှီးမြှုပ်နှံမှုချေးငွေများ ပံ့ပိုးပေးစေလိုကြောင်း။ ၃။ ဝါစိုက်တောင်သူများအတွက် ခိုင်မာသည့် ဈေးကွက်တစ်ရပ် တည်ဆောက်ပေးစေလိုကြောင်း။ ၄။ ရက်ကန်းလုပ်သားများအတွက် မွမ်းမံသင်တန်းနှင့် နည်းပညာမြှင့်တင်မှုများ ဆောင်ရွက်ပေးစေလိုကြောင်း။

နှမ်းတစ်ဧကအထွက်နှုန်းတိုးမြှင့်ခြင်းဖြင့် ပြည်တွင်းစားသုံးဆီဖူလုံရေးရရှိပြီး ပြည်ပတင်သွင်းမှုကို လျှော့ချနိုင်မည် လက်ရှိ မြန်မာနိုင်ငံတွင် ပြည်သူများ၏ စားသုံးဆီလိုအပ်ချက်မှာ ပြည်တွင်းထုတ်လုပ်နိုင်သည့် ပမာဏထက် များပြားနေသေးသည့်အတွက် လိုအပ်ချက်ကို ပြည်ပမှ တင်သွင်း၍ ဖြည့်ဆည်းနေရဆဲဖြစ်ပါသည်။ ပြည်ပတင်သွင်းမှုအပေါ် မှီခိုနေရခြင်းကို လျှော့ချနိုင်ရန်အတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဆီထွက်သီးနှံစိုက်ဧကတိုးချဲ့ရေး၊ တစ်ဧကအထွက်နှုန်းတိုးမြှင့်ရေးနှင့် ဆီစက်များ၊ ဆက်စပ်စက်ပစ္စည်းများကို ဦးစားပေးတင်သွင်းနိုင်ရေးတို့ကို အစည်းအဝေးတိုင်းတွင် အလေးထားလမ်းညွှန်ထားပါသည်။ မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံသည် စပါးပြီးလျှင် ဒုတိယအရေးကြီးဆုံးသီးနှံဖြစ်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆီထွက်သီးနှံစိုက်ဧက ၈ ဒသမ ၂၄ သန်းရှိသည့်အနက် နှမ်းသီးနှံမှာ ဆီထွက်သီးနှံစိုက်ဧရိယာ၏ ထက်ဝက်နီးပါးကို ရယူထားသည့် အဓိကသီးနှံဖြစ်သည်။ ထို့ကြောင့် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် နှမ်းသီးနှံ၏ အခန်းကဏ္ဍမှာ အထူးအရေးပါလျက်ရှိပါသည်။ သို့သော် နှမ်းစိုက်ဧကမှာ လုံလောက်သည့်အနေအထားရှိနေသော်လည်း တစ်ဧကအထွက်နှုန်းမှာ အခြားနှမ်းစိုက်ပျိုးသည့်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းပါးနေဆဲဖြစ်ပါသည်။ ယင်းသို့ဖြစ်ရခြင်းမှာ ဒေသနှင့်ကိုက်ညီသည့်မျိုးများကို ရွေးချယ်စိုက်ပျိုးမှုအားနည်းခြင်း၊ သွင်းအားစုအသုံးပြုမှုနည်းပါးခြင်း၊ ရေရှားပါးမှု၊ ပိုးမွှားရောဂါကျရောက်မှုနှင့် ခေတ်မီစိုက်ပျိုးနည်းပညာများ အသုံးချနိုင်မှု အားနည်းခြင်းတို့ကြောင့်ဖြစ်ပါသည်။ ယင်းကြောင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနက ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်း တစ်ဧကတင်း ၂၀ အထွက်ရရှိရေးကို ရည်မှန်း၍ နှမ်းဖြူ၊ နှမ်းနီနှင့် နှမ်းနက်မျိုးသစ် ၁၇ မျိုးကို သုတေသနပြုထုတ်လုပ်ထားပြီး ဒေသအလိုက် သင့်လျော်သည့်မျိုးများ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ သရုပ်ပြစိုက်ကွင်းများ ဖော်ဆောင်ရေးနှင့် တောင်သူအခြေပြု သုတေသနလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့ပြင် နှမ်းဖြူနှင့် နှမ်းနက်တို့မှာ တရုတ်၊ ဂျပန်၊ ထိုင်းနှင့် ကိုရီးယားနိုင်ငံများသို့ တင်ပို့နေသည့် အရေးပါသော ပို့ကုန်သီးနှံများဖြစ်သဖြင့် အထွက်နှုန်းတိုးတက်လာပါက ပြည်တွင်းစားသုံးဆီဖူလုံရေးကိုသာမက ပို့ကုန်တိုးမြှင့်ရေး၊ တောင်သူများ၏ဝင်ငွေတိုးတက်ရေးနှင့် နိုင်ငံခြားဝင်ငွေတိုးမြင့်ရေးတို့ကိုလည်း အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။

ဝါစိုက်ပျိုးရေးကို မြှင့်တင်ပြီး အထည်အလိပ်စက်မှုလုပ်ငန်း ဖွံ့ဖြိုးအောင်ဆောင်ရွက်ကာ GDP တိုးတက်ရေးကို ဦးတည်မည်ဟု နိုင်ငံတော်သမ္မတ ပြောကြား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်သည့်အတွက် ဝါစိုက်ပျိုးရေးကို မြှင့်တင်ကာ ဝါမှတစ်ဆင့် အထည်အလိပ်စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ပါက အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးနိုင်မည်ဖြစ်သလို စက်ရုံ၊ အလုပ်ရုံများတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးလာပြီး နိုင်ငံ၏ GDP လည်း မြင့်တက်လာမည်ဖြစ်ကြောင်း "ယနေ့နံနက်တွင် ကျင်းပခဲ့သည့် ဝါစိုက်ပျိုးရေးမှသည် အထည်အလိပ်စက်မှုလုပ်ငန်းဆီသို့" ဆွေးနွေးပွဲ၌ ထည့်သွင်းပြောကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတက ၂၀၂၀ ခုနှစ်နောက်ပိုင်း ဝါစိုက်ပျိုးမှု ကျဆင်းခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ဝါစိုက်ဧက ၈ သိန်းခန့်ရှိခဲ့သော်လည်း ၂၀၂၂ ခုနှစ်တွင် ၃ ဒသမ ၉ သိန်းဧကအထိ လျော့ကျသွားခဲ့ကြောင်း ပြောကြားသည်။ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် ဝါစိုက်ပျိုးရေးကို ပြန်လည်မြှင့်တင်ပေးမည်ဖြစ်ပြီး ဝါစိုက်ဧက ၄ ဒသမ ၅ သိန်းအထိ တိုးချဲ့ကာ လူဦးရေ ၅၁ သန်းအတွက် လိုအပ်သည့် ဝါလိုအပ်ချက်ကို ပြည့်မီစေရန် ရည်မှန်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် ဝါကို ကုန်ကြမ်းအဖြစ်သာ ရောင်းချခြင်းမဟုတ်ဘဲ Agro-based Industry အဖြစ် အဆင့်မြှင့်တင်၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ရမည်ဖြစ်ကြောင်း၊ ဝါဂွမ်းကို တိုက်ရိုက်တင်ပို့ခြင်းထက် ချည်အဖြစ်၊ ထို့နောက် အထည်အဖြစ် ထုတ်လုပ်တင်ပို့နိုင်ပါက တန်ဖိုးပိုမိုမြင့်မားလာမည်ဖြစ်ပြီး နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေလည်း ပိုမိုရရှိလာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတက ယခုဆွေးနွေးပွဲကို အကျိုးရှိသည့် စီးပွားရေးဆွေးနွေးပွဲတစ်ခု ဖြစ်စေလိုကြောင်း ပြောကြားပြီး ဝါစိုက်ပျိုးသူများမှစ၍ ဂျင်ခုံလုပ်ငန်း၊ ဝါမျိုးစေ့၊ ဝါဂွမ်း၊ ဝါချည်၊ ပိတ်ရက်၊ ဆေးဆိုးပန်းရိုက်၊ အထည်ချုပ်နှင့် ဝါစေ့ဆီထုတ်လုပ်ရေးအထိ ကွင်းဆက်တစ်ခုလုံးမှ လုပ်ငန်းရှင်များ၏ အခက်အခဲများ၊ လိုအပ်ချက်များနှင့် ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကာ လက်တွေ့အကောင်အထည်ဖော်နိုင်မည့် အဖြေများ ထွက်ပေါ်လာစေရေးကို အလေးထားဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ပိုးစာပင် စိုက်ပျိုးမှုတိုးမြှင့်မှ ပိုးချည်လုပ်ငန်း ဖွံ့ဖြိုးပြီး ပြည်ပဈေးကွက်အထိ တိုးချဲ့နိုင်မည် ပိုးချည်လုပ်ငန်း ဖွံ့ဖြို
ပိုးစာပင် စိုက်ပျိုးမှုတိုးမြှင့်မှ ပိုးချည်လုပ်ငန်း ဖွံ့ဖြိုးပြီး ပြည်ပဈေးကွက်အထိ တိုးချဲ့နိုင်မည် ပိုးချည်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အခြေခံအကျဆုံးက ပိုးစာပင် စိုက်ပျိုးမှု တိုးမြှင့်နိုင်ဖို့ ဖြစ်ပါတယ်။ ပိုးကောင်ရဲ့ တစ်ခုတည်းသော အစာက ပိုးစာရွက်ဖြစ်တဲ့အတွက် ပိုးစာရွက် လုံလောက်မှသာ ပိုးမွေးမြူရေးကို တိုးချဲ့နိုင်မှာဖြစ်ပြီး၊ ပိုးချည်ထုတ်လုပ်မှုကိုလည်း တိုးမြှင့်နိုင်မှာ ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ကမ္ဘာ့ပိုးစာမျိုးစိတ်တွေထဲက မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နဲ့ တရုတ်မျိုး စုစုပေါင်း မျိုးကွဲ (၁၃) မျိုးကို ထိန်းသိမ်းထားရှိပြီး၊ စီးပွားဖြစ် စိုက်ပျိုးရာမှာတော့ မြန်မာရွက်ကြီး၊ BR-60၊ S-28 နဲ့ KSS ဆိုတဲ့ ပိုးစာမျိုး (၄) မျိုးကို အဓိက အသုံးပြုနေပါတယ်။ အဲဒီမျိုးတွေထဲမှာ BR-60 မျိုးဟာ တစ်ပင်ကို တစ်နှစ်အတွင်း ပိုးစာရွက် (၁၀) ပေါင်အထိ ထွက်ရှိနိုင်သလို၊ S-28 နဲ့ KSS မျိုးတွေကလည်း အရွက်ထွက်နှုန်းကောင်းပြီး မြန်မာနိုင်ငံရဲ့ ရေမြေရာသီဥတုနဲ့ ကိုက်ညီတဲ့အတွက် ပိုးမွေးမြူရေးလုပ်ငန်း တိုးချဲ့ဖို့ သင့်တော်တဲ့မျိုးတွေ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ပြည်တွင်းက ပိုးချည်နဲ့ ပိုးထည်လိုအပ်ချက် မြင့်တက်လာသလို အရည်အသွေးကောင်းတဲ့ မြန်မာ့ပိုးချည်ကို ပြည်ပဈေးကွက်ကလည်း စိတ်ဝင်စားမှု ပိုများလာပေမယ့် ကုန်ကြမ်းပိုးအိမ်နဲ့ ပိုးချည်ထုတ်လုပ်မှုက လိုအပ်ချက်အတိုင်း မလိုက်နိုင်သေးတာကြောင့် ပိုးစာစိုက်ခင်းတွေ တိုးချဲ့စိုက်ပျိုးဖို့ လိုအပ်နေပါတယ်။ ဒါကြောင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကလည်း ပြင်ဦးလွင် ပိုးချည်စက်ရုံကို သွားရောက်စစ်ဆေးစဉ် ပိုးမွေးမြူထုတ်လုပ်မှု တိုးတက်လာစေရေးအတွက် သုတေသနလုပ်ငန်းတွေကို အလေးထားဆောင်ရွက်ဖို့၊ အရည်အသွေးနဲ့ ထုတ်လုပ်မှုပမာဏ နှစ်ခုစလုံးကို မြှင့်တင်ပြီး ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရုံသာမက ပြည်ပဈေးကွက်အထိ တင်ပို့နိုင်တဲ့ ပိုးချည်လုပ်ငန်းတစ်ခု ဖြစ်လာအောင် အရှိန်မြှင့်ဆောင်ရွက်ဖို့ မှာကြားခဲ့ပါတယ်။

ရက် (၁၀၀) စီမံချက်များကို သတ်မှတ်ချိန်အတွင်း ပြီးမြောက်အောင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ နိုင်ငံတော်သမ္မတရုံး၏ ရက် (၁၀၀) စီမံချက်များကို သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ပြီးမြောက်အောင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး လက်ရှိအချိန်အထိ ထူးခြားသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည့် လုပ်ငန်းများ မရှိသေးပါဘူး။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ရက် (၁၀၀) စီမံချက် (၉) ခုအနက် ပြီးစီးမှု ၈၀.၂၀ ရာခိုင်နှုန်းနဲ့ ဆောင်ရွက်ဆဲ ၁၉.၈၀ ရာခိုင်နှုန်းရှိပြီး၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနရဲ့ စီမံချက် (၂) ခုအနက် ပြီးစီးမှု ၂၈ ရာခိုင်နှုန်းနဲ့ ဆောင်ရွက်ဆဲ ၇၂ ရာခိုင်နှုန်းရှိပါတယ်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ရက် (၁၀၀) စီမံချက်တွေထဲမှာ လက်ရှိဆောင်ရွက်ဆဲ လုပ်ငန်းကတော့ မြန်မာပေါ်ဆန်းဆန်ကို အမေရိကန်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရေး ညှိနှိုင်းဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ ဒီလုပ်ငန်းကိုလည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိတဲ့ စီမံချက်တွေကတော့ ရာနှုန်းပြည့်နီးပါး ပြီးစီးပြီး ဖြစ်ပါတယ်။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအနေနဲ့တော့ စိုက်ပျိုးစရိတ်ချေးငွေ နှုန်းထားတိုးမြှင့်ထုတ်ချေးခြင်းနဲ့ လယ်ယာသုံးစက်ကိရိယာ ချေးငွေများ ထုတ်ချေးခြင်းတို့ကို လျာထားချက်အတိုင်း ဆောင်ရွက်လျက်ရှိပါတယ်။ စိုက်ပျိုးစရိတ်ချေးငွေတွေကိုလည်း ရက် (၁၀၀) အတွင်း ပြီးမြောက်အောင် ဆက်လက်ထုတ်ချေးသွားမှာ ဖြစ်ပါတယ်။ လယ်ယာသုံးစက်ကိရိယာချေးငွေတွေနဲ့ ပတ်သက်ပြီးတော့လည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်ဘဏ်ခွဲတွေက တင်ပြလာတဲ့ ချေးငွေအဆိုပြုလွှာတွေကို စိစစ်ခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်းတွေ ဆောင်ရွက်ပြီး သတ်မှတ်ချက်တွေနဲ့ ကိုက်ညီသူတွေကို ချေးငွေတွေ ဆက်လက်ထုတ်ချေးပေးလျက်ရှိပါတယ်။ ရက် (၁၀၀) စီမံချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လက်ရှိအချိန်အထိတော့ ထူးခြားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ လုပ်ငန်းတွေ မရှိသေးပါဘူး။ သတ်မှတ်ထားတဲ့ စီမံချက်တွေကို အချိန်မီ ပြီးမြောက်အောင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။