Dr Khaing Khaing Soe
Открыть в Telegram
Official Spokesperson for the President of the Republic of the Union of Myanmar
БольшеСтрана не указанаКатегория не указана
3 672
Подписчики
-324 часа
+607 дней
+49030 день
Архив постов
3 671
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး လာရောက်ဂါရဝပြုတွေ့ဆုံ၊
နှစ်နိုင်ငံကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး
နေပြည်တော်၊ ဩဂုတ် ၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Le Hoai Trung ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပြီး မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေး ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲကောက်နုတ်ချက်များမှာ -
■ နှစ်နိုင်ငံဆက်ဆံရေး
မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံသည် သံတမန်ဆက်ဆံရေး နှစ် ၅၀ ကျော်ရှိပြီဖြစ်ပြီး ဘာသာရေး၊ ယဉ်ကျေးမှုနှင့် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းတို့တွင် တူညီမှုများရှိကြောင်း၊ ခေတ်အဆက်ဆက် နှစ်နိုင်ငံခေါင်းဆောင်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ကောင်းမွန်ခဲ့ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။
■ ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ် ဖိတ်ကြား
ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးက ဗီယက်နမ်သမ္မတနှင့် ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူး မစ္စတာ တိုလမ်၏ နိုင်ငံတော်သမ္မတအား ဗီယက်နမ်နိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် လာရောက်ရန် ဖိတ်ကြားမှုနှင့် ခရီးစဉ်ကို ဝမ်းမြောက်စွာ ကြိုဆိုလျက်ရှိကြောင်း သတင်းစကားပါးခဲ့ပါသည်။
၎င်းအနေဖြင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် စတင်တာဝန်ထမ်းဆောင်ပြီးနောက် ပထမဆုံးပြည်ပခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသည်။
■ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု
နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု နယ်ပယ်သစ်များ တိုးချဲ့ရေး၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် အပြန်အလှန်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာစေရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။
■ အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် ပြည်သူအချင်းချင်း ဆက်ဆံရေး
နှစ်နိုင်ငံအစိုးရအချင်းချင်း၊ လွှတ်တော်အချင်းချင်း၊ တပ်မတော်အချင်းချင်းနှင့် ပြည်သူများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်သွားရေးကိုလည်း အလေးထားဆွေးနွေးခဲ့ကြပါသည်။
■ CLMV နှင့် ACMECS
ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (CLMV) ထိပ်သီးအစည်းအဝေးနှင့် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ထိပ်သီးအစည်းအဝေးများတွင် မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်မည့် အခြေအနေများကို ဆွေးနွေးခဲ့ပါသည်။
■ နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန်ထောက်ခံရေး
မြန်မာနှင့် ဗီယက်နမ်တို့အနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန်ထောက်ခံအားပေးပြီး ယုံကြည်စိတ်ချရသည့် မိတ်ဆွေကောင်းနိုင်ငံများအဖြစ် ဆက်လက်ရပ်တည်သွားရေး ဆွေးနွေးခဲ့ကြပါသည်။ ဗီယက်နမ်ဘက်ကလည်း မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ နယ်မြေပိုင်ဆိုင်မှုနှင့် လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်တို့ကို လေးစားတန်ဖိုးထားကြောင်း ပြောကြားခဲ့ပါသည်။
3 671
ကုန်ထုတ်လုပ်မှုတိုးမြှင့်၍ ပြည်တွင်းအရင်းအမြစ်များကို အကျိုးရှိစွာအသုံးချကာ နိုင်ငံ့စီးပွားရေး မြှင့်တင်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း
နေပြည်တော်၊ ဩဂုတ် ၂၅
နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းကုန်ထုတ်လုပ်မှုကို အခြေခံ၍ ကုန်သွယ်မှုပမာဏ တိုးမြှင့်ရေး၊ စိုက်ပျိုးမွေးမြူရေး ထုတ်လုပ်မှုမြှင့်တင်ရေးနှင့် ပြည်တွင်းရှိ အရင်းအမြစ်များကို ထိရောက်စွာ အသုံးချရေး အလေးထားဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် တိုက်တွန်းပြောကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတမှ အဓိကထား ပြောကြားခဲ့သည်များမှာ -
■ စီးပွားရေးနှင့် ကုန်ထုတ်လုပ်မှု
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွင် စီးပွားရေးကောင်းမွန်မှုသည် အဓိကဖြစ်ပြီး ပြည်တွင်းလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်ထုတ်လုပ်မှုကို အားပေးရန်၊ ကုန်သွယ်မှုပမာဏ ပိုမိုကြီးမားလာစေရန်နှင့် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ဦးတည်ဆောင်ရွက်ရန်။
■ စိုက်ပျိုးမွေးမြူရေး
မြေ၊ ရေနှင့် စိုက်ပျိုးမွေးမြူရေးအရင်းအမြစ်များကို ထိရောက်စွာအသုံးချ၍ မိုးစပါး၊ နွေစပါး၊ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံတို့၏ အထွက်နှုန်း တိုးတက်စေရန်၊ မွေးမြူရေးလုပ်ငန်းများကိုလည်း တိုးချဲ့ဆောင်ရွက်ရန်။
■ ကျေးလက်စီးပွားရေး
ကျေးလက်နေပြည်သူများ၏ စီးပွားရေးတိုးတက်လာမှသာ ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်မည်ဖြစ်သဖြင့် ဒေသအလိုက် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးအောင် ဆောင်ရွက်ရန်။
■ ပညာရေးနှင့် လူ့စွမ်းအား
ကုန်ထုတ်လုပ်မှုမြှင့်တင်နိုင်ရေးအတွက် အသိပညာနှင့် အတတ်ပညာရှိသည့် လူ့စွမ်းအားအရင်းအမြစ်များ လိုအပ်သဖြင့် ပညာရေးအရည်အသွေးမြှင့်တင်ရေးနှင့် ကျောင်းများ စံနှုန်းပြည့်မီရေးကို ဦးစားပေးဆောင်ရွက်ရန်။
■ ကုန်သွယ်ရေး
ပို့ကုန်၊ သွင်းကုန်နှင့် နယ်စပ်ကုန်သွယ်ရေးကို စနစ်တကျဆောင်ရွက်ပြီး တရားမဝင်ကုန်သွယ်မှုများကို ထိန်းချုပ်ရန်၊ ကုန်စည်စီးဆင်းမှု ချောမွေ့ရေးနှင့် ကုန်သွယ်ရေးလမ်းကြောင်း လုံခြုံရေးကို အလေးထားရန်။
■ ရေကြီးရေလျှံမှု
မြစ်ချောင်းများ တိမ်ကောခြင်းနှင့် သောင်ထွန်းခြင်းများကို ပြန်လည်ပြုပြင်ထိန်းသိမ်းရန်၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတွင် ပြည်တွင်းအရင်းအမြစ်များကို အကျိုးရှိစွာအသုံးချရန်နှင့် မြို့ပြသန့်ရှင်းသာယာလှပရေးကို စနစ်တကျ ဆောင်ရွက်ရန်။
■ ဘတ်ဂျက်နှင့် အခွန်
ပြည်သူများထမ်းဆောင်သည့် အခွန်ငွေကို အခြေခံ၍ နိုင်ငံတော်ဘတ်ဂျက် ရေးဆွဲရခြင်းဖြစ်သဖြင့် ဘတ်ဂျက်ကို ပြည်သူ့အကျိုးအတွက် ထိရောက်စွာအသုံးချရန်နှင့် ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရများက ဗဟိုအစိုးရ၏ အစီအစဉ်များကို အောင်မြင်အောင် အကောင်အထည်ဖော်ရန်တို့ ဖြစ်ပါသည်။
3 671
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် (၁၇-၈-၂၀၂၆) မှ (၂၃-၈-၂၀၂၆) အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ် သမ္မတနိုင်ငံများသို့ တရားဝင်ခရီးစဉ် သွားရောက်ခဲ့မှုနှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခြင်း
3 671
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တူဗားပြည်နယ်အကြီးအကဲနှင့် တွေ့ဆုံ၊ စိုက်ပျိုးမွေးမြူရေး၊ သယံဇာတ၊ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဒေသစံတော်ချိန် ည ၇ နာရီတွင် တူဗားပြည်နယ်အကြီးအကဲ မစ္စတာ ဗလာဒီစလပ် ခိုဗာလစ်ဂ် (Vladislav Khovalyg) နှင့် ကီဇီးလ်မြို့ရှိ ပြည်နယ်အစိုးရအဖွဲ့အိမ်တော်၌ တွေ့ဆုံ၍ မြန်မာနိုင်ငံနှင့် တူဗားပြည်နယ်အကြား စိုက်ပျိုးမွေးမြူရေး၊ သယံဇာတ၊ ဘာသာရေးနှင့် ယဉ်ကျေးမှု၊ ပညာရေးနှင့် ခရီးသွားလုပ်ငန်းအပါအဝင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲကောက်နုတ်ချက်များမှာ -
■ မြန်မာ–တူဗား ပူးပေါင်းဆောင်ရွက်ရေး
တူဗားပြည်နယ်သည် တွင်းထွက်သယံဇာတနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ အားကောင်းသည့် ဒေသဖြစ်ပြီး မြန်မာနိုင်ငံနှင့် အလားတူ အရင်းအမြစ်နှင့် စီးပွားရေးအခြေခံများရှိသဖြင့် လက်တွေ့ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများအား ဆွေးနွေးခဲ့ကြပါသည်။
မြန်မာ–ရုရှား ဗဟိုအစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ ပြည်နယ်နှင့် ဒေသအချင်းချင်း ဆက်ဆံရေး ကိုပါ အရှိန်မြှင့်တင်သွားရန် ဆွေးနွေးခဲ့ကြပါသည်။
■ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားကဏ္ဍ
တူဗားပြည်နယ်တွင် နေထိုင်သူအများစုမှာ တိဘက်ဗုဒ္ဓဘာသာ ကို ကိုးကွယ်ကြပြီး မြန်မာနိုင်ငံနှင့် ဘာသာရေးဆိုင်ရာ နီးစပ်မှုရှိကြောင်းနှင့် ဘာသာရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေး၊ ဘုရားဖူးခရီးစဉ်နှင့် ခရီးသွားလုပ်ငန်းများ အပြန်အလှန် မြှင့်တင်နိုင်ရေး ဆွေးနွေးခဲ့ကြပါသည်။
ပညာရေးနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု ပိုမိုတိုးတက်လာစေရေး ပူးပေါင်းဆောင်ရွက်ရန်တို့ကိုလည်း ဆွေးနွေးခဲ့ကြပါသည်။
■ မြန်မာ–ရုရှား ဆက်ဆံရေး
မြန်မာနှင့် ရုရှားသည် ယုံကြည်စိတ်ချရသည့် မိတ်ဆွေရင်းနိုင်ငံများ ဖြစ်ပြီး ပထဝီအနေအထားအရ အလှမ်းကွာဝေးသော်လည်း သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု ရှည်လျားကောင်းမွန်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပြီး လက်ရှိကာလသည် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်တင်ရန် အကောင်းဆုံးအခြေအနေ သို့ ရောက်ရှိနေကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။
■ တူဗားပြည်နယ်၏ အလားအလာ
တူဗားပြည်နယ်အကြီးအကဲက ပြည်နယ်၏ သမိုင်းကြောင်း၊ ဒေသဆိုင်ရာအခြေအနေ၊ စိုက်ပျိုးမွေးမြူရေးနှင့် တွင်းထွက်ပစ္စည်းထုတ်လုပ်မှုများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့အပြင် မြန်မာနိုင်ငံနှင့် ဘာသာရေး၊ ယဉ်ကျေးမှု၊ ပညာရေးနှင့် ခရီးသွားကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်လိုကြောင်း ပြောကြားခဲ့ပါသည်။
3 671
ဘယ်လာရုစ်နိုင်ငံ တရားဝင်ခရီးစဉ်အပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားနိုင်ငံ တူဗာပြည်နယ်၊ ကီဇီးလ်မြို့သို့ ရောက်ရှိ
ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ခဲ့ပြီးနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ (ဩဂုတ် ၂၂ ရက်) ဒေသစံတော်ချိန် ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တူဗာပြည်နယ်၊ ကီဇီးလ် (Kyzyl) မြို့သို့ ရောက်ရှိခဲ့ပါသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဘယ်လာရုစ်သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို၏ ဖိတ်ကြားချက်အရ ဩဂုတ် ၂၀ ရက်မှ ၂၂ ရက်အထိ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ခဲ့ခြင်းဖြစ်ပြီး ခရီးစဉ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးကာ မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး ဆွေးနွေးခဲ့ကြပါသည်။
ဘယ်လာရုစ်နိုင်ငံ တရားဝင်ခရီးစဉ်အပြီးတွင် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် မင့်စ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တူဗာပြည်နယ်သို့ ဆက်လက်ထွက်ခွာခဲ့ပြီး ဒေသစံတော်ချိန် ညနေပိုင်းတွင် ကီဇီးလ် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပါသည်။
နိုင်ငံတော်သမ္မတနှင့် အဖွဲ့အား ကီဇီးလ် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ မြန်မာစစ်သံမှူး (ကြည်း၊ ရေ၊ လေ)၊ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် တူဗာပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။
3 671
■ ကာကွယ်ရေး၊ လုံခြုံရေးနှင့် အဖွဲအစည်းချင်းဆက်ဆံရေး
နှစ်နိုင်ငံတပ်မတော်များအကြား ရှိရင်းစွဲကောင်းမွန်သည့် ဆက်ဆံရေးကို ဆက်လက်တိုးမြှင့်ရန်နှင့် စစ်ဘက်နည်းပညာ၊ အမျိုးသားလုံခြုံရေးတိုတွင် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန် ဆွေးနွေးခဲ့ပါသည်။ ထိုပြင် G-to-G ပူးပေါင်းဆောင်ရွက်မှုသာမက လွှတ်တော်ချင်း၊ ပါတီချင်းနှင့် အဖွဲအစည်းချင်း ဆက်ဆံရေး ကိုလည်း တိုးမြှင့်ရန် ဘယ်လာရုစ်ဘက်က ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။
■ ဘဏ္ဍာရေးနှင့် ကုန်သွယ်မှုအဆင်ပြေချောမွေ့ရေး
ဘယ်လာရုစ်နှင့် မြန်မာဘဏ်များအကြား ရှိပြီးဖြစ်သည့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်အကောင်အထည်ဖော်ရေး၊ အခွန်နှင့် ငွေပေးချေမှုဆိုင်ရာ အခက်အခဲများ လျှော့ချရေးနှင့် နှစ်နိုင်ငံကုန်သွယ်မှု ပိုမိုအဆင်ပြေချောမွေ့စေရေးတိုကို ဆွေးနွေးခဲ့ပါသည်။
■ ကျန်းမာရေးနှင့် ဆေးဝါး
ဘယ်လာရုစ်ထုတ် ဆေးဝါးများကို မြန်မာနိုင်ငံ၌ အသုံးပြုနေမှုအပေါ် အခြေခံ၍ ဆေးဝါးကုန်သွယ်ရေးနှင့် ထုတ်လုပ်မှု ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ဆေးဘက်ဆိုင်ရာယာဉ်နှင့် အထောက်အကူပစ္စည်းများ ပိုမိုရရှိရေးတိုကို ဆွေးနွေးခဲ့ပါသည်။
■ ယဉ်ကျေးမှု၊ ခရီးသွား၊ လူငယ်နှင့် အားကစား
နှစ်နိုင်ငံယဉ်ကျေးမှုနေ့များ အပြန်အလှန်ကျင်းပရေး၊ လူငယ်နှင့် အမျိုးသမီးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ အားကစားနှင့် ခရီးသွားလုပ်ငန်း တိုးမြှင့်ရေးတိုကို ဆွေးနွေးခဲ့ပြီးဘယ်လာရုစ်သမ္မတအား မြန်မာနိုင်ငံ၏ ထင်ရှားသည့် ပွဲတော်များသို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့ပါသည်။
■ နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန်ထောက်ခံရေး
ဘယ်လာရုစ်ဘက်က မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် SCO၊ EAEU အပါအဝင် နိုင်ငံတကာနှင့် ဒေသတွင်းမျက်နှာစာများတွင် မြန်မာနိုင်ငံကို ဆက်လက်ထောက်ခံသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
3 671
မြန်မာ-ဘယ်လာရုစ် ပူးပေါင်းဆောင်ရွက်မှုများ လက်တွေ့ အရှိန်မြှင့်အကောင်အထည်ဖော်ရန် သမ္မတနှစ်ဦး ဆွေးနွေး၊ စီးပွားရေးမှ အာကာသနည်းပညာအထိ ကဏ္ဍစုံတိုးချဲ့မည်
ဘယ်လာရုစ်သမ္မတနိုင်ငံသို တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင့် ဘယ်လာရုစ်သမ္မတ H.E. Mr. Alexander Grigoryevich Lukashenko တို တွေ့ဆုံ၍ ယခင်ခရီးစဉ်များအတွင်း ရရှိခဲ့သည့် သဘောတူညီချက်များနှင့် မြန်မာ-ဘယ်လာရုစ် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ Roadmap ပါ လုပ်ငန်းစဉ်များကို မြေပြင်တွင် ထိရောက်စွာ အကောင်အထည်ဖော်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေးနှင့် စက်မှု၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ အာကာသနှင့် သိပ္ပံနည်းပညာ၊ ပညာရေး၊ ကျန်းမာရေး၊ ဘဏ္ဍာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင်ရေးတိုကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲ ကောက်နုတ်ချက်များမှာ -
■ သဘောတူညီချက်များကို မြေပြင်တွင် အကောင်အထည်ဖော်ရေး
နှစ်နိုင်ငံခေါင်းဆောင်များက ယခင်တွေ့ဆုံမှုများနှင့် ခရီးစဉ်များအတွင်း ရရှိခဲ့သည့် သဘောတူညီချက်များ၊ MoU နှင့် Contract များကို လက်တွေ့အကောင်အထည်ဖော်၍ အကျိုးရလဒ်များ ပေါ်ထွက်လာစေရန် အလေးထားဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြပါသည်။ ဘယ်လာရုစ်ဘက်ကလည်း မြန်မာနိုင်ငံ၏ လိုအပ်ချက်များအတွက် နည်းပညာနှင့် အတွေ့အကြုံများ မျှဝေကူညီပေးရန် အသင့်ရှိကြောင်း ပြောကြားခဲ့ပါသည်။
■ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် SEZ
မြန်မာနိုင်ငံ၏ ပထဝီအနေအထားနှင့် အိမ်နီးချင်းဈေးကွက်များကို အခွင့်အလမ်းအဖြစ် အသုံးချ၍ ဘယ်လာရုစ်လုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနိုင်ရေး ဆွေးနွေးခဲ့ပြီး သီလဝါ၊ ထားဝယ်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်များတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် မြန်မာဘက်က ဖိတ်ခေါ်ခဲ့ပါသည်။ သယ်ယူပိုဆောင်ရေးစရိတ်နှင့် ကုန်သွယ်ရေးအတားအဆီးများ လျှော့ချနိုင်ရေးကိုလည်း နှစ်ဖက်ဆက်လက်ညှိနှိင်းရန် ဆွေးနွေးခဲ့ပါသည်။
■ စိုက်ပျိုးရေးနှင့် စက်မှုနည်းပညာ
ဘယ်လာရုစ်နိုင်ငံ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာအတွေ့အကြုံများကို မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးဖွံဖြိုးတိုးတက်မှုတွင် အသုံးချနိုင်ရေး၊ ဓာတ်မြေဩဇာ နှစ်စဉ်တင်သွင်းရေးနှင့် မြန်မာနိုင်ငံတွင် ဓာတ်မြေဩဇာစက်ရုံ ရင်းနှီးမြှုပ်နှံတည်ဆောက်ရေး၊ ထွန်စက်နှင့် စက်မှုလယ်ယာနည်းပညာ ပူးပေါင်းဆောင်ရွက်ရေးတိုကို ဆွေးနွေးခဲ့ပါသည်။ ရော်ဘာနှင့် ရော်ဘာအခြေခံထုတ်ကုန်များအပါအဝင် နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်နိုင်မည့် ကုန်စည်များ တိုးချဲ့ရေးကိုလည်း ဆွေးနွေးခဲ့ပါသည်။
■ အာကာသ၊ Big Data နှင့် AI နည်းပညာ
နှစ်နိုင်ငံအကြား နာနိုဂြိုဟ်တု တည်ဆောက်လွှတ်တင်ရေး၊ ဂြိုဟ်တုလက်ခံထိန်းချုပ်ရေးနှင့် ဂြိုဟ်တုမှရရှိသည့် အချက်အလက်များကို မြေပြင်၌ အသုံးချရေး တိုတွင် နည်းပညာပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဆွေးနွေးခဲ့ပါသည်။ အထူးသဖြင့် စိုက်ပျိုးရေးနှင့် အခြားဖွံဖြိုးရေးလုပ်ငန်းများတွင် ဂြိုဟ်တုအချက်အလက်များကို ထိရောက်စွာအသုံးချနိုင်ရန် Big Data နှင့် AI နည်းပညာများ လွှပြောင်းပေးရေး မြန်မာဘက်က ဆွေးနွေးခဲ့ပါသည်။
■ ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်
ဘယ်လာရုစ်တက္ကသိုလ်များတွင် မြန်မာကျောင်းသားများ Master နှင့် PhD အဆင့် ပညာသင်ကြားနေမှုကို ဆက်လက်တိုးချဲ့ပြီး သိပ္ပံပညာအပြင် စီးပွားရေး၊ ဥပဒေ၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများတွင် Scholarship ပိုမိုတိုးမြှင့်ပေးရေး၊ ဆရာ၊ ဆရာမများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ပညာရေးဘွဲများ အပြန်အလှန်အသိအမှတ်ပြုရေးတိုကို ဆွေးနွေးခဲ့ပါသည်။
3 671
မြန်မာနိုင်ငံတွင်လိုအပ်သည့် ကုန်ပစ္စည်းများ ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး နည်းပညာလွှဲပြောင်းပေးမည်ဟု ဘယ်လာရုစ်ဝန်ကြီးချုပ် ပြော
ဘယ်လာရုစ်-မြန်မာ နှစ်နိုင်ငံ၏ စီးပွားရေးကဏ္ဍများသည် အပြိုင်အဆိုင်မဟုတ်၊အပြန်အလှန်ဖြည့်ဆည်းပေးနေတာဖြစ်ကြောင်း၊ အဆင့်မြင့်ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ရန် သံန္နိဋ္ဌာန် ချထားကြောင်း၊ ပူးပေါင်းဆောင်ရွက်ရန် အကန့်အသတ်မရှိကြောင်း နှင့် ပူးပေါင်းဆောင်ရွက်မှုများကို ထပ်မံအဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း ဘယ်လာရုစ်ဝန်ကြီးချုပ် H.E. Mr. Aleksandr Turchin က ပြောကြားခဲ့ပါသည်။ ထို့ပြင် မြန်မာနိုင်ငံ၌လိုအပ်သည့် ကုန်ပစ္စည်းများကို ဘယ်လာရုစ်မှ တင်ပို့ရောင်းချရုံသာမက မြန်မာနိုင်ငံအတွင်း၌ ကိုယ်တိုင်ထုတ်လုပ်နိုင်ရေး ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နည်းပညာလွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ရန် တိကျသော အချိန်ဇယားရှိပါကြောင်း ယနေ့ ဩဂုတ် ၂၀ ရက်က မင့်စ်မြို့၌ ကျင်းပသည့် ဘယ်လာရုစ်-မြန်မာ စီးပွားရေးဖိုရမ်တွင် ပြောကြားခဲ့ပါသည်။ ဘယ်လာရုစ်ဝန်ကြီးချုပ်မှ အဓိကထား ပြောကြားခဲ့သည်များမှာ -
မြန်မာနှင့် ဘယ်လာရုစ်အကြား ပထဝီအကွာအဝေးသာ ခြားနားသော်လည်း တူညီမှုများစွာရှိကြောင်း။
မြန်မာနိုင်ငံလိုအပ်သည့် ကုန်ပစ္စည်းများကို ရောင်းချခြင်းတစ်ခုတည်းမဟုတ်ဘဲ မြန်မာနိုင်ငံအတွင်း ထုတ်လုပ်နိုင်ရန် နည်းပညာလွှဲပြောင်းပေးပြီး စက်ရုံနှင့် ထုတ်လုပ်မှုလုပ်ငန်းများ ဖော်ဆောင်ရန် တိကျသည့်အချိန်ဇယားဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံ၌ လယ်ယာသုံး Tractor များ ထုတ်လုပ်နိုင်ရေးကို ၂၀၂၇ ခုနှစ်အစပိုင်းတွင် စတင်နိုင်ရန် ရည်မှန်းထားပြီး မြို့ပြသုံးယာဉ်များနှင့် စက်ယန္တရားများ ထုတ်လုပ်ရေးကိုလည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းရန် အသင့်ရှိသကဲ့သို့ လမ်း၊ တံတား၊ လူနေအိမ်နှင့် အခြားဆောက်လုပ်ရေးလုပ်ငန်းများတွင် ဘယ်လာရုစ်၏ အတွေ့အကြုံနှင့် နည်းပညာများဖြင့် ပါဝင်ဆောင်ရွက်လိုကြောင်း။
မြန်မာနိုင်ငံ၌ ဖိနပ်နှင့် သားရေဆက်စပ်ပစ္စည်း စက်ရုံများ တည်ထောင်၍ နည်းပညာနှင့် ကျွမ်းကျင်မှုများ လွှဲပြောင်းပေးရန်၊ ထုတ်လုပ်သည့်ကုန်ပစ္စည်းများကို မြန်မာဈေးကွက်သာမက အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့နိုင်ရန် ရည်ရွယ်ကြောင်း။
ဘယ်လာရုစ်ဘက်က ရော်ဘာအပါအဝင် မြန်မာ့ကုန်ကြမ်းနှင့် လယ်ယာထွက်ကုန်များ ပိုမိုဝယ်ယူရန် စိတ်ဝင်စားပြီး အစားအသောက်ဘေးကင်းလုံခြုံရေးနှင့် အရည်အသွေးမြင့် ထုတ်ကုန်များ ထုတ်လုပ်ရေးတွင် ပူးပေါင်းဆောင်ရွက်လိုကြောင်း။
အရည်အသွေးရှိသည့် ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများကို သင့်တင့်သည့်ဈေးနှုန်းဖြင့် ဖြည့်ဆည်းပေးပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံ၌ ထုတ်လုပ်နိုင်ရေး Localization ဆောင်ရွက်ရန် ရည်ရွယ်ကြောင်း။
နေပြည်တော်၌ Technology Park ဆောင်ရွက်နိုင်ကြောင်း၊ သဘာဝပတ်ဝန်းကျင်စောင့်ကြည့်ရေးနည်းပညာ၊ AI နှင့် အာကာသနည်းပညာကဏ္ဍများတွင် ဘယ်လာရုစ်ဘက်က နည်းပညာပံ့ပိုးပေးရန် အသင့်ရှိကြောင်း။
စက်ရုံများနှင့် နည်းပညာများ ပေးအပ်ခြင်းနှင့်အတူ မြန်မာနိုင်ငံတွင် နည်းပညာကျွမ်းကျင်သူများ မွေးထုတ်နိုင်ရေး အရေးကြီးပြီး ဘယ်လာရုစ်တက္ကသိုလ်များနှင့် ပညာရေးအဖွဲ့အစည်းများမှတစ်ဆင့် လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း။
စီမံကိန်းများ လက်တွေ့အကောင်အထည်ဖော်ရာတွင် ငွေကြေးနှင့် ဘဏ်လုပ်ငန်းပူးပေါင်းဆောင်ရွက်မှု အရေးကြီးပြီး နှစ်နိုင်ငံအကြား ကုန်ပစ္စည်းများ ချောမွေ့စွာစီးဆင်းနိုင်မည့် လမ်းကြောင်းများကိုလည်း စဉ်းစားပြင်ဆင်ထားပြီးဖြစ်ကြောင်း။
နှစ်နိုင်ငံအကြားရှိ အဆင့်မြင့်နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုကို လက်တွေ့စီးပွားရေးအကျိုးရလဒ်များအဖြစ် ပြောင်းလဲဖော်ဆောင်ပြီး သဘောတူထားသည့် စီမံကိန်းများကို အမြန်ဆုံး စတင်အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း အလေးထားပြောကြားခဲ့ပါသည်။
3 671
မြန်မာ–ဘယ်လာရုစ် မဟာဗျူဟာမြောက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်မည်၊ စိုက်ပျိုးရေး၊ စက်မှု၊ စွမ်းအင်နှင့် နည်းပညာကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် နိုင်ငံတော်သမ္မတ ဖိတ်ခေါ်
မြန်မာ–ဘယ်လာရုစ် နှစ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်ယုံကြည်မှုကို အခြေခံ၍ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆက်ဆံရေးကို မဟာဗျူဟာမြောက် အဆင့်သို့ တိုးမြှင့်သွားမည်ဖြစ်ပြီး စိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ်လုပ်မှု၊ စက်မှုကုန်ထုတ်လုပ်မှု၊ စွမ်းအင်၊ အခြေခံအဆောက်အအုံ၊ ဒီဂျစ်တယ်နည်းပညာနှင့် အထူးစီးပွားရေးဇုန်များတွင် ဘယ်လာရုစ်လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မြန်မာ–ဘယ်လာရုစ် နှစ်နိုင်ငံစီးပွားရေးဆွေးနွေးပွဲတွင် ဖိတ်ခေါ်ပြောကြားခဲ့ပါသည်။ မိန့်ခွန်းကောက်နုတ်ချက်များမှာ -
၁။ မြန်မာ–ဘယ်လာရုစ် မိတ်ဖက်ဆက်ဆံရေး
နှစ်နိုင်ငံသည် ၁၉၉၉ ခုနှစ် စက်တင်ဘာလမှစ၍ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ပြီး ၂၆ နှစ်ကျော်ကြာ ဆက်ဆံရေး ရှိပြီဖြစ်ကြောင်း။
မင့်စ်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးကို မြန်မာသံရုံးအဖြစ် အဆင့်မြှင့်တင်နိုင်ခဲ့ခြင်းသည် နှစ်နိုင်ငံဆက်ဆံရေး၏ အရေးပါသည့် မှတ်တိုင်တစ်ရပ်ဖြစ်ကြောင်း။
ချစ်ကြည်ရေးကို စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လက်တွေ့အကျိုးရလဒ်များအဖြစ် ပြောင်းလဲဖော်ဆောင်ရန် အလေးထားကြောင်း။
၂။ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု မူဘောင်
မြန်မာ–ဘယ်လာရုစ် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး လမ်းပြမြေပုံ (၂၀၂၆–၂၀၂၈) ကို အတည်ပြုလက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း။
စက်မှု၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ဘဏ်လုပ်ငန်း၊ ပညာရေးနှင့် ခရီးသွားလုပ်ငန်းအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရန် စီစဉ်ထားကြောင်း။
နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အပြန်အလှန်အကာအကွယ်ပေးရေး သဘောတူစာချုပ် အမြန်ဆုံးချုပ်ဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။
B2B ပူးပေါင်းဆောင်ရွက်မှုနှင့် ပူးတွဲစီမံကိန်းများကို တိုးမြှင့်ဖော်ဆောင်ရန် အားပေးဆောင်ရွက်မည်ဖြစ်ကြောင်း။
၃။ စိုက်ပျိုးရေးနှင့် စက်မှုကဏ္ဍ
မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍကို Smart Agriculture စနစ်သို့ ကူးပြောင်းရာတွင် ဘယ်လာရုစ်၏ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်ပါကြောင်း။။
Farming မှ Food Processing အထိ တန်ဖိုးကွင်းဆက်တစ်လျှောက် ပူးပေါင်းဆောင်ရွက်ရန် အလေးထားကြောင်း။
ဘယ်လာရုစ်၏ လယ်ယာသုံးစက်ပစ္စည်း၊ စက်ယန္တရားနှင့် အကြီးစားစက်ပစ္စည်းများကို မြန်မာနိုင်ငံ၌ ပူးတွဲထုတ်လုပ်ရေး ဖိတ်ခေါ်ပါကြောင်း။
နို့နှင့်နို့ထွက်ပစ္စည်း၊ ဆေးဝါးနှင့် ဆေးပစ္စည်း၊ လူသုံးကုန်ထုတ်လုပ်ရေးတို့တွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများရှိကြောင်း။
၄။ စွမ်းအင်နှင့် အခြေခံအဆောက်အအုံ
ရေအားလျှပ်စစ်၊ နေရောင်ခြည်၊ လေစွမ်းအင်နှင့် ဇီဝစွမ်းအင်အပါအဝင် စွမ်းအင်စီမံကိန်းများတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်ကြောင်း။
ခေတ်မီသိုလှောင်ရုံ၊ အအေးခန်း၊ ကုန်စည်ပို့ဆောင်ရေးနှင့် Logistics အခြေခံအဆောက်အအုံများတွင် ပူးပေါင်းရင်းနှီးမြှုပ်နှံနိုင်ကြောင်း။
အဆင့်မြင့်နည်းပညာအသုံးပြု၍ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလျှော့ချနိုင်သည့် စွမ်းအင်စီမံကိန်းများ ဖော်ဆောင်နိုင်ရေး အလေးထားကြောင်း။
၅။ Digital Economy & Technology
ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး၊ ဆက်သွယ်ရေးနည်းပညာ၊ AI အသုံးချမှု၊ Digital Payment နှင့် Innovation ကဏ္ဍများတွင် ဘယ်လာရုစ်ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ကြောင်း။
ရတနာပုံဆိုက်ဘာစီးတီးကို နည်းပညာနှင့် ဒီဂျစ်တယ်လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံနိုင်သည့် အခြေခံအဆောက်အအုံတစ်ရပ်အဖြစ် ဖွင့်လှစ်ပေးထားကြောင်း။
၆။ အထူးစီးပွားရေးဇုန်နှင့် အကြီးစားစက်မှု
သီလဝါ၊ ထားဝယ်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် ၃ ခု တွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများရှိကြောင်း။
ထားဝယ်အထူးစီးပွားရေးဇုန်တွင် တာယာ၊ အကြီးစားစက်ပစ္စည်းနှင့် အကြီးစားကုန်တင်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဘယ်လာရုစ်လုပ်ငန်းရှင်များကို ဖိတ်ခေါ်ကြောင်း။
တနင်္သာရီဒေသတွင် သတ္တုတူးဖော်သန့်စင်ရေးနှင့် ဟိုတယ်၊ ခရီးသွားလုပ်ငန်းများတွင်လည်း ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ကြောင်း။
၇။ ASEAN–EAEU ချိတ်ဆက်မှု
မြန်မာနိုင်ငံ၏ ASEAN နှင့် RCEP ဈေးကွက်ချိတ်ဆက်မှု၊ ဘယ်လာရုစ်၏ EAEU အဖွဲ့ဝင်နိုင်ငံအဖြစ် အားသာချက်တို့ကို အသုံးချ၍ ဈေးကွက်နှစ်ခုအကြား ကုန်သွယ်မှုတိုးမြှင့်နိုင်ကြောင်း။
မြန်မာနိုင်ငံကို အာရှဈေးကွက်သို့ ဝင်ရောက်နိုင်သည့် တံခါးပေါက်၊ ဘယ်လာရုစ်ကို EAEU ဈေးကွက်သို့ ဝင်ရောက်နိုင်သည့် တံခါးပေါက်အဖြစ် အသုံးချကာ Win-Win Economic Partnership ဖော်ဆောင်ရန် ရည်မှန်းထားကြောင်း ပြောကြားခဲ့ပါသည်။
3 671
မြန်မာ–ရုရှား မဟာဗျူဟာမြောက် စီးပွားရေးမိတ်ဖက်ဆက်ဆံရေး တိုးမြှင့်မည်၊ စွမ်းအင်၊ စိုက်ပျိုးမွေးမြူရေး၊ နည်းပညာနှင့် ထားဝယ်အထူးစီးပွားရေးဇုန်တွင် ရုရှားရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်
မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား ရှိရင်းစွဲမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍအထိ ပိုမိုနက်ရှိုင်းစွာ တိုးချဲ့သွားမည်ဖြစ်ပြီး စိုက်ပျိုးမွေးမြူရေး၊ စွမ်းအင်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ အခြေခံအဆောက်အအုံ၊ စက်မှုလုပ်ငန်း၊ ဒစ်ဂျစ်တယ်နည်းပညာနှင့် AI အပါအဝင် အလားအလာရှိသည့်ကဏ္ဍများတွင် ရုရှားလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံကြရန် ရုရှား-မြန်မာ စီးပွားရေးဖိုရမ်၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဖိတ်ခေါ်ပြောကြားခဲ့ပါသည်။ မိန့်ခွန်းကောက်နုတ်ချက်များမှာ -
၁၉၄၈ ခုနှစ်မှ စတင်ခဲ့သည့် မြန်မာ–ရုရှား သံတမန်ဆက်ဆံရေးသည် ယခုအခါ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးအဆင့်သို့ ရောက်ရှိနေပြီး ၂၀၂၈ ခုနှစ်တွင် နှစ် ၈၀ ပြည့်မည်ဖြစ်ကြောင်း။
လက်ရှိ မြန်မာနိုင်ငံမှ သရက်သီးအနှစ်၊ တန်ဖိုးမြှင့်ထုတ်ကုန်နှင့် အဝတ်အထည်များကို ရုရှားသို့ တင်ပို့နေပြီး ဆန်၊ ပဲ၊ ပြောင်း၊ နှမ်းနှင့် ရေထွက်ပစ္စည်းများကိုပါ တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်နေကြောင်း။
ရုရှားနိုင်ငံက မြန်မာနိုင်ငံ၏ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် စက်မှုကဏ္ဍများတွင် အမေရိကန်ဒေါ်လာ ၉၇ ဒသမ ၃၅၉ သန်းတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ စတင်ဆောင်ရွက်နေကြောင်း။
စိုက်ပျိုးရေးစက်ယန္တရား၊ မျိုးစေ့နည်းပညာ၊ သုတေသန၊ မွေးမြူရေး၊ စားသုံးဆီ၊ စားသောက်ကုန်နှင့် ရေထွက်ကုန်ပြုပြင်ထုတ်လုပ်ရေးအပါအဝင် တန်ဖိုးမြှင့်စက်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ပါကြောင်း။
ရေနံတူးဖော်ရေးနှင့် ရေနံသန့်စင်ရေး၊ သဘာဝဓာတ်ငွေ့၊ ဓာတ်မြေဩဇာ၊ ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မည့် အလားအလာရှိကြောင်း။
မြန်မာ–ရုရှား ပူးပေါင်းအကောင်အထည်ဖော်နေသည့် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းကို မဟာဗျူဟာမြောက် စီမံကိန်းတစ်ရပ်အဖြစ် ဖော်ဆောင်သွားရန် ရည်ရွယ်ထားကြောင်း။
ထားဝယ်စီမံကိန်းနှင့် ဆက်စပ်၍ LNG Terminal၊ ရေနံချက်စက်ရုံ၊ ဓာတ်အားပေးစက်ရုံများနှင့် သဘာဝဓာတ်ငွေ့အခြေခံ အဆောက်အအုံအဆင့်မြှင့်တင်ရေး စီမံကိန်းများကို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု၏ မဟာဗျူဟာမြောက်စီမံကိန်းများအဖြစ် သတ်မှတ်ထားကြောင်း။
ရတနာပုံဆိုက်ဘာစီးတီးအပါအဝင် အစိုးရဝန်ဆောင်မှု ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး၊ ဆက်သွယ်ရေးနည်းပညာ၊ AI၊ ဒစ်ဂျစ်တယ်ငွေပေးချေမှုနှင့် High-Tech လုပ်ငန်းများတွင် ရုရှားနည်းပညာကုမ္ပဏီများ ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ထားကြောင်း။
Mir Card System နှင့် Myanmar Payment Union (MPU) ကွန်ရက်ကို ချိတ်ဆက်ထားပြီး ကျပ်–ရူဘယ် တိုက်ရိုက်အသုံးပြုငွေပေးချေမှုများလည်း စတင်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း။
မြန်မာ–ရုရှား ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်သည် ၂၀၂၆ ခုနှစ် ဧပြီ ၁ ရက်တွင် အသက်ဝင်ခဲ့ပြီး စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး MoU ကို ဇွန် ၄ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း။
မြန်မာထုတ်ကုန်များကို ဥရောပ–အာရှစီးပွားရေးသမဂ္ဂ (EAEU) ဈေးကွက်သို့ ပိုမိုဝင်ရောက်နိုင်ရေးနှင့် မြန်မာ–ရုရှား ကုန်သွယ်ရေးရုံးများ တည်ထောင်နိုင်ရေး ဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါသည်။
3 671
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား Plekhanov Russian University of Economics က ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ အပ်နှင်း၊ မြန်မာ–ရုရှား ပညာရေး၊ သုတေသနနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား Plekhanov Russian University of Economics က ယနေ့ ဩဂုတ် ၁၉ ရက်တွင် တက္ကသိုလ်ဘုတ်အဖွဲ့၏ တစ်ညီတစ်ညွတ်တည်း ထောက်ခံဆုံးဖြတ်ချက်ဖြင့် ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ အပ်နှင်းခဲ့ပြီး ယင်းမှတစ်ဆင့် မြန်မာ–ရုရှား နှစ်နိုင်ငံအကြား ပညာရေး၊ သုတေသန၊ ပညာရပ်ဖလှယ်ရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်သွားရန် ရည်မှန်းထားပါသည်။
ရုရှားနိုင်ငံ၏ ပညာရေးကဏ္ဍ၌ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေ
■ ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့
Plekhanov Russian University of Economics ဘုတ်အဖွဲ့က တစ်ညီတစ်ညွတ်တည်း ထောက်ခံဆုံးဖြတ်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ အပ်နှင်းခဲ့ပြီး ယင်းဂုဏ်ပြုမှုသည် မြန်မာ–ရုရှား နှစ်နိုင်ငံအကြား ပညာရေးဆိုင်ရာ ဆက်ဆံရေး ပိုမိုခိုင်မာလာမှုကို ထင်ဟပ်စေပါသည်။
■ နှစ်နိုင်ငံ ပညာရေးဆက်ဆံမှု
မြန်မာ–ရုရှား ပညာရေးပူးပေါင်းဆောင်ရွက်မှုသည် ဆိုဗီယက်ယူနီယံခေတ်ကတည်းက စတင်ခဲ့ပြီး မြန်မာကျောင်းသား ၄,၀၀၀ ကျော် ပညာသင်ကြားခဲ့ကာ လက်ရှိတွင်လည်း ပညာသင်ဆုနှင့် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်နေပါသည်။
■ ပညာရေးနှင့် လူသားအရင်းအမြစ်
နိုင်ငံ၏ တည်ငြိမ်ရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား၍ အခြေခံပညာ၊ အသက်မွေးဝမ်းကျောင်းပညာနှင့် အဆင့်မြင့်ပညာရေးကဏ္ဍများ တိုးတက်ရေး ဆောင်ရွက်နေပါသည်။
■ ပညာရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှု
ပညာရေးကဏ္ဍအတွက် နိုင်ငံတော်ဘဏ္ဍာငွေ အသုံးပြုမှုကို ၂၀၂၆–၂၀၂၇ ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၉၂ ရာခိုင်နှုန်းမှ ၂၀၂၇–၂၀၂၈ ဘဏ္ဍာနှစ်တွင် ၁၀ ရာခိုင်နှုန်းထက်မနည်းနှင့် ၂၀၂၈–၂၀၂၉ ဘဏ္ဍာနှစ်တွင် ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားရန် ရည်မှန်းထားသည်။
■ ပညာရပ်နှင့် သုတေသနပူးပေါင်းမှု
မြန်မာ–ရုရှား နှစ်နိုင်ငံအကြား ပညာရပ်ဖလှယ်မှု၊ ပူးတွဲသုတေသန၊ ပညာတော်သင်စေလွှတ်မှုနှင့် တက္ကသိုလ်ချင်း ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးချဲ့သွားရန် ရည်မှန်းထားသည်။
■ အာကာသသိပ္ပံနှင့် နည်းပညာ
မြန်မာအာကာသအေဂျင်စီနှင့် Plekhanov Russian University of Economics အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားပြီး ယင်းကိုအခြေခံ၍ မြန်မာတက္ကသိုလ်များနှင့် အာကာသဆိုင်ရာကိစ္စရပ်များအပါအဝင် သိပ္ပံနှင့် နည်းပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရန် မျှော်မှန်းထားပါသည်။
■ အနာဂတ် ပူးပေါင်းဆောင်ရွက်မှု
ယခုဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ အပ်နှင်းမှုနှင့် ပညာရေးဆိုင်ရာ ချိတ်ဆက်မှုများမှတစ်ဆင့် Plekhanov University နှင့် မြန်မာတက္ကသိုလ်များအကြား ပညာရေး၊ သုတေသန၊ လူသားအရင်းအမြစ်နှင့် နည်းပညာကဏ္ဍများ၌ ရေရှည်မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုချဲ့ထွင်သွားနိုင်မည်ဖြစ်ပါသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား Plekhanov Russian University of Economics က ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ အပ်နှင်းခြင်းသည် မြန်မာ–ရုရှား နှစ်နိုင်ငံအကြား ရှည်လျားစွာတည်ရှိလာသည့် ပညာရေးဆက်ဆံမှုကို ပိုမိုခိုင်မာစေသည့် အဆင့်တစ်ရပ်ဖြစ်ပြီး ပညာရပ်ဖလှယ်ရေး၊ ပူးတွဲသုတေသန၊ ပညာတော်သင်စေလွှတ်ရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးအပြင် အာကာသသိပ္ပံနှင့် နည်းပညာကဏ္ဍအထိ တက္ကသိုလ်နှင့် အဖွဲ့အစည်းချင်း လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးချဲ့နိုင်မည့် အခြေခံတစ်ရပ် ဖြစ်လာမည်ဖြစ်ပါသည်။
3 671
နှစ်နိုင်ငံ သမ္မတတွေ ခရင်မ္မလင် နန်းတော်မှာ တွေ့ဆုံတဲ့အခါ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ကို "наш дорогой друг" (ကျွန်ုပ်တို့၏ ချစ်လှစွာသော သူငယ်ချင်း) လို့ သုံးနှုန်းသွားတာဟာ ရုရှား သံတမန်ရေးရာ စကားပြောဟန်မှာ ဒီအသုံးအနှုန်းဟာ အလွန်ရင်းနှီးပြီး မဟာဗျူဟာမြောက် ချစ်ကြည်ရင်းနှီးမှုကို ပြသလိုတဲ့အခါ သုံးလေ့ရှိတဲ့ ထိပ်တန်းအဆင့် လေးစားသမှုပြ သုံးနှုန်းမှုဖြစ်ပါတယ်။
သံတမန်ရေးရာ အဓိပ္ပာယ်သက်ရောက်မှုအနေနဲ့ကတော့ ပုံမှန် သံတမန်အခေါ်အဝေါ် ("Mr. President", "Excellency") များထက် ပိုမို ရင်းနှီး စိတ်ချရသော မဟာမိတ်ဖြစ်ကြောင်း ပြသခြင်းဖြစ်ပါတယ်။
နိုင်ငံတကာ အခင်းအကျင်းမှာ အချင်းချင်း အပြည့်အဝ ထောက်ခံရပ်တည်ကြောင်း သတင်းစကားပါးလိုသည့်အခါ အသုံးပြုလေ့ရှိပါတယ်။
ဒီလိုသံတမန် အသုံးအနှုန်းကို၂၀၂၃ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့က ကျပတဲ့ တရုတ်သမ္မတ ရှီကျင့်ဖိန် (Xi Jinping) နဲ့ မော်စကို ခရင်မ္မလင် နန်းတော်မှာ ပြုလုပ်တဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲ၊ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့က အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ (Narendra Modi) နဲ့ ၂၂ ကြိမ်မြောက် ရုရှား-အိန္ဒိယ ထိပ်သီးဆွေးနွေးပွဲနှင့် တရားဝင် စကားပြောဆိုမှုတွေမှာ သုံးနှုန်းခဲ့ဖူးပါတယ်။
တစ်နည်းအားဖြင့် အခုလို သုံးနှုန်းမှုဟာ ရုရှား-မြန်မာ ချစ်ကြည်ရင်းနှီးမှု၊ နှစ်နိုင်ငံ ဆက်ဆံရေးရဲ့ အတိမ်အနက်နဲ့ မဟာဗျူဟာမြောက် နီးကပ်မှုကို တိုက်ရိုက် ဖော်ပြနေတာလည်း ဖြစ်ပါတယ်။
3 671
မြန်မာ-ရုရှား မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် ကဏ္ဍစုံဆက်ဆံရေး ပိုမိုခိုင်မာရေး ဆွေးနွေး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Mr. Vladimir Vladimirovich Putin တို့သည် ရုရှား-မြန်မာ နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို အခြေခံ၍ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရေးနှင့် စီးပွားရေး၊ စွမ်းအင်၊ နည်းပညာ၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း ဆက်ဆံရေးအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး ဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံဆွေးနွေးမှုအတွင်း နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် ၇၈ နှစ်တာကာလအတွင်း ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို အစဉ်တစိုက် ထိန်းသိမ်းနိုင်ခဲ့မှုနှင့် အပြန်အလှန်ယုံကြည်မှုအပေါ် အခြေခံသည့် ဆက်ဆံရေးကို ဆက်လက်မြှင့်တင်သွားရန် ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် နိုင်ငံတကာနှင့် ဒေသတွင်းရေးရာများတွင်လည်း အပြန်အလှန်နားလည်မှု၊ လေးစားမှုတို့ဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး သဘောထားဖလှယ်ခဲ့ကြပါသည်။
စီးပွားရေးနှင့် ကုန်သွယ်ရေးကဏ္ဍတွင် လက်ရှိကုန်သွယ်မှုပမာဏကို တိုးမြှင့်နိုင်ရေး၊ နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများအကြား တိုက်ရိုက်ချိတ်ဆက်မှုများ ပိုမိုတိုးတက်လာစေရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။
ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းပါဝင်နိုင်ရေး၊ ဆိပ်ကမ်းနှင့် ဆက်စပ်အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးနှင့် စီမံကိန်းကို လက်တွေ့အကောင်အထည်ဖော်နိုင်ရေးတို့တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရန် ဆွေးနွေးခဲ့ကြပါသည်။
စွမ်းအင်ကဏ္ဍ၌ မြန်မာနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် LNG တင်သွင်းအသုံးပြုရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးနှင့် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းသောရည်ရွယ်ချက်ဖြင့် အသုံးချနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။ ယင်းအပြင် နှစ်နိုင်ငံအကြား လက်တွေ့အကျိုးဖြစ်ထွန်းစေမည့် စွမ်းအင်ဆိုင်ရာ စီမံကိန်းများကို ဆက်လက်ဖော်ဆောင်သွားရေးလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါသည်။
နည်းပညာကဏ္ဍတွင် High-Tech နည်းပညာများ၊ Digital နည်းပညာနှင့် Cyber Security အပါအဝင် ခေတ်မီနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးနှင့် နည်းပညာလွှဲပြောင်းမှု၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အလေးထားဆွေးနွေးခဲ့ကြပါသည်။
ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးကဏ္ဍတွင်လည်း ရုရှားနိုင်ငံ၌ မြန်မာကျောင်းသားများ ပညာသင်ကြားနိုင်ရေး၊ ပညာသင်ဆုနှင့် သင်တန်းအခွင့်အလမ်းများ ပိုမိုရရှိရေး၊ တက္ကသိုလ်များနှင့် ပညာရေးအဖွဲ့အစည်းများအကြား တိုက်ရိုက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။
မြန်မာ-ရုရှား နှစ်နိုင်ငံအကြား အာကာသသိပ္ပံနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်၍ နည်းပညာနှင့် အတွေ့အကြုံများ ဖလှယ်ရေး၊ ကျွမ်းကျင်ပညာရှင်နှင့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ရေးတို့ကို ဆောင်ရွက်ကာ အာကာသနည်းပညာကို မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် လက်တွေ့အသုံးချနိုင်ရန် ရေရှည်ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။
ထို့အတူ ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ ဖလှယ်မှုများ၊ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်စေရေးတို့ကို ဆွေးနွေးခဲ့ကြပြီး ရုရှားနိုင်ငံရှိ ဗုဒ္ဓဘာသာနှင့် မြန်မာနိုင်ငံရှိ ရုရှား Orthodox ခရစ်ယာန်ဘာသာတို့နှင့် ဆက်စပ်သည့် ယဉ်ကျေးမှုဖလှယ်ရေးလုပ်ငန်းများမှတစ်ဆင့် နှစ်နိုင်ငံပြည်သူများအကြား နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာစေရေး ဆောင်ရွက်သွားရန် သဘောထားဖလှယ်ခဲ့ကြပါသည်။
နှစ်နိုင်ငံခေါင်းဆောင်များသည် မြန်မာ-ရုရှားဆက်ဆံရေးကို ရေရှည်တည်တံ့သည့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် ပိုမိုမြှင့်တင်နိုင်ရန် နိုင်ငံရေးနှင့် သံတမန်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများသာမက စီးပွားရေး၊ စွမ်းအင်၊ နည်းပညာ၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း ဆက်ဆံရေးကဏ္ဍများတွင်ပါ လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်တင်သွားရန် ဆွေးနွေးခဲ့ကြပါသည်။
3 671
EAEU နှင့် BRICS တို့နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး ရုရှား၏ ထောက်ခံကူညီမှု ရယူရေး။ ASEAN အခြေခံမူဝါဒများနှင့်အညီ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး။ ကုလသမဂ္ဂနှင့် နိုင်ငံတကာမျက်နှာစာများတွင် အပြန်အလှန်ထောက်ခံပူးပေါင်းရေး။
3 671
မြန်မာ-ရုရှား စီးပွားရေးနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဆွေးနွေး၊ နျူကလီးယား၊ LNG နှင့် ထားဝယ်စီမံကိန်းများ အဓိကပါဝင်
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဝန်ကြီးချုပ်နှင့် တွေ့ဆုံ၍ မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ နျူကလီးယားစွမ်းအင်၊ LNG၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ထားဝယ် အထူးစီးပွားရေးဇုန်၊ စိုက်ပျိုးရေး၊ နည်းပညာ၊ အာကာသ၊ ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် ကဏ္ဍစုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်တင်သွားရေး ဆွေးနွေးခဲ့ကြသည်။ ကဏ္ဍအလိုက် ဆွေးနွေးချက်များမှာ -
စွမ်းအင်နှင့် မဟာဗျူဟာစီမံကိန်း
အသေးစားနျူကလီးယား ဓာတ်အားပေးစက်ရုံစီမံကိန်း ဆက်လက်အကောင်အထည်ဖော်ရေး၊ ရုရှားအရှေ့ဖျားဒေသမှ LNG ကို မြန်မာနိုင်ငံသို့ တင်ပို့နိုင်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ထားဝယ်အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းနှင့် ဆက်စပ်စွမ်းအင်စီမံကိန်းများတွင် ရုရှားကုမ္ပဏီများ ပါဝင်နိုင်ရေး၊ ပင်းပက်စီမံကိန်းနှင့် တွင်းထွက် သယံဇာတ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး။
ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု
နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အလားအလာများ ဆက်လက်ဖော်ထုတ်ရေး၊ စက်မှု၊ သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေးနှင့် အခြေခံအဆောက်အအုံကဏ္ဍတို့တွင် ရုရှားရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ မော်စကိုမြို့တွင် မြန်မာ-ရုရှား ကုန်သွယ်ရေးရုံး ဖွင့်လှစ်နိုင်ရေး၊ နှစ်နိုင်ငံ ပူးတွဲကုန်သွယ်ရေးနှင့် စီးပွားရေးကော်မရှင် အစည်းအဝေးများ ဆက်လက်ကျင်းပရေး၊ အရှေ့ဖျား စီးပွားရေးဖိုရမ်မှတစ်ဆင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေး။
နည်းပညာ၊ Digital နှင့် AI
High-tech၊ Telecommunications၊ IT နှင့် Artificial Intelligence ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ရေး၊ Smart City နှင့် Digital Security ဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေး၊ ရုရှား၏ AI နည်းပညာနှင့် မော်ဒယ်များကို အသုံးချနိုင်မည့် အလားအလာများ။
အာကာသကဏ္ဍ
မြန်မာအာကာသအေဂျင်စီနှင့် Roscosmos တို့အကြား ပူးပေါင်းဆောင်ရွက်မှု အကောင်အထည်ဖော်ရေး၊ Earth Remote Sensing နှင့် ဂြိုလ်တုအခြေပြုနည်းပညာများ ဖွံ့ဖြိုးရေး၊ မြန်မာကျောင်းသားများအတွက် အာကာသနည်းပညာ ပညာသင်ဆုနှင့် လေ့ကျင့်ရေးအစီအစဉ်များ တိုးချဲ့ရေး၊ မြန်မာအာကာသယာဉ်မှူး လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်ရေး။
စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ
သဘာဝရွက်ဖျန်းမြေဩဇာနှင့် ဓာတ်မြေဩဇာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ အာလူးမျိုးသစ်များနှင့် စိုက်ပျိုးရေးနည်းပညာ ဖလှယ်ရေး၊ မြန်မာ့ရေထွက်ကုန်နှင့် စိုက်ပျိုးရေးထွက်ကုန်များ ရုရှားဈေးကွက်သို့ ပိုမိုဝင်ရောက်နိုင်ရေး၊ စားနပ်ရိက္ခာဖူလုံရေးအတွက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး။
ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်
ရုရှားနိုင်ငံတွင် ပညာသင်ကြားခဲ့သည့် မြန်မာနိုင်ငံသား ၇,၀၀၀ နီးပါး/ကျော်ရှိပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အကျိုးပြုလျက်ရှိသည့်အတွက် ပညာသင်ဆုနှင့် အဆင့်မြင့်ပညာရေး အစီအစဉ်များ ပိုမိုတိုးချဲ့ပေးရေး၊ ရုရှားဘာသာစကား သင်ကြားရေးနှင့် ဘာသာစကား သင်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေး။
ကျန်းမာရေး
ကင်ဆာကုသရေးဆေးဝါးနှင့် နျူကလီးယားဆေးပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်အတွက် သင်တန်းနှင့် ပညာသင်ဆုများ တိုးမြှင့်ရေး၊ တောင်ကြီး စဝ်စံထွန်းဆေးရုံနှင့် ကင်ဆာကုသရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြန်မာ-ရုရှား ချစ်ကြည်ရေး ပြယုဂ်အဖြစ် ဖော်ဆောင်နိုင်ရေး။
ဘဏ္ဍာရေးနှင့် ငွေပေးချေမှု
ရူဘယ်-ကျပ် တိုက်ရိုက်ငွေစာရင်းနှင့် ငွေပေးချေမှုစနစ်များ တိုးမြှင့်ရေး၊ ရုရှားငွေပေးချေမှုကတ်စနစ်ကို မြန်မာနိုင်ငံတွင် ပိုမိုကျယ်ပြန့်စွာ အသုံးပြုနိုင်ရေး၊ နှစ်နိုင်ငံကုန်သွယ်မှုတွင် ဒေသသုံးငွေကြေးများ အသုံးပြုနိုင်ရေး။
အလုပ်သမားနှင့် ခရီးသွားလုပ်ငန်း
မြန်မာလုပ်သားများ ရုရှားနိုင်ငံသို့ စေလွှတ်နိုင်ရေးနှင့် ရုရှားဘာသာစကား သင်ကြားပေးရေး၊ ဗီဇာကင်းလွတ်ခွင့်အစီအစဉ်မှတစ်ဆင့် နှစ်နိုင်ငံခရီးသွားလာမှု တိုးမြှင့်ရေး၊ မြန်မာနိုင်ငံ၏ ကမ်းခြေ၊ ယဉ်ကျေးမှုနှင့် သမိုင်းအမွေအနှစ်များသို့ ရုရှားခရီးသွားများ လာရောက်ရေး။
အားကစားနှင့် ယဉ်ကျေးမှု
အားကစားဆိုင်ရာ MoU အရ လှေလှော်အားကစားနည်း ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရေး၊ ရုရှား-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ်နှင့် ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်များ တိုးမြှင့်ရေး။
ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု
3 671
+2
မြန်မာ-ရုရှား လွှတ်တော်ချင်းပူးပေါင်းမှု မြှင့်တင်ပြီး နှစ်နိုင်ငံသဘောတူညီချက်များ အကောင်အထည်ဖော်ရေး ဆွေးနွေး
မြန်မာ-ရုရှား နှစ်နိုင်ငံလွှတ်တော်များအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ပြီး နှစ်နိုင်ငံခေါင်းဆောင်များအကြား ရရှိထားသည့် သဘောတူညီချက်များ ထိရောက်စွာအကောင်အထည်ဖော်ရေး၊ ဥပဒေပြုရေးအတွေ့အကြုံများ ဖလှယ်ရေးနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ State Duma ဥက္ကဋ္ဌ H.E. Mr. Vyacheslav Volodin တို့ ယနေ့ မော်စကိုမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
နိုင်ငံတော်သမ္မတက ယခုခရီးစဉ်သည် မိမိ၏ ၁၄ ကြိမ်မြောက် ရုရှားနိုင်ငံခရီးစဉ်ဖြစ်ပြီး နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူပြီးနောက် ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ ယခုတွေ့ဆုံမှုမှ နှစ်နိုင်ငံလွှတ်တော်များအကြား ချစ်ကြည်ရင်းနှီးမှု၊ ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်လာမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။
မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးသည် ၇၈ နှစ်တာကာလသို့ ရောက်ရှိလာပြီဖြစ်ပြီး ၂၀၂၈ ခုနှစ်တွင် နှစ်ပေါင်း ၈၀ ပြည့်မြောက်မည်ဖြစ်ကြောင်း၊ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိချိန်ကတည်းက စတင်ခဲ့သည့် နှစ်နိုင်ငံဆက်ဆံရေးသည် သမိုင်းကြောင်းရှည်လျားသည့် ချစ်ကြည်ရေးဆက်ဆံမှုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကျယ်ပြန့်လာစေရန် ဗလာဒီဗော့စတော့မြို့၌ မြန်မာကောင်စစ်ဝန်ရုံး ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။
လွှတ်တော်ချင်းပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သက်၍ ရုရှား State Duma ၏ ဥပဒေပြုရေးနှင့် နိုင်ငံတကာပါလီမန်ဆိုင်ရာ အတွေ့အကြုံများကို မျှဝေရယူလိုကြောင်း၊ နှစ်နိုင်ငံလွှတ်တော်များအကြား ချစ်ကြည်ရေးအဖွဲ့များမှတစ်ဆင့် ဆက်ဆံရေးတိုးမြှင့်ခြင်း၊ ကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန်သွားရောက်ခြင်းနှင့် ဥပဒေပြုရေးအတွေ့အကြုံများ ဖလှယ်ခြင်းတို့ကို တိုးမြှင့်ဆောင်ရွက်လိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ၌ ရွေးကောက်ပွဲကျင်းပခဲ့မှုနှင့် လွှတ်တော်များ ပြန်လည်ဖွဲ့စည်းနိုင်ခဲ့မှု၊ ယခင်ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် ဒေသအချို့၌ ၂၀၂၇ ခုနှစ် ဇွန်လတွင် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပနိုင်ရေး စီစဉ်ထားမှုတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကို ဆက်လက်လျှောက်လှမ်းပြီး ပြည်သူလူထု၏ သဘောထားကို အလေးထားကာ တိုင်းရင်းသားများနှင့် နိုင်ငံရေးပါတီများ လွှတ်တော်အတွင်း ကိုယ်စားပြုခွင့်ရရှိရေး၊ နိုင်ငံရေးသဘောထားကွဲလွဲမှုများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေးနှင့် ထာဝရငြိမ်းချမ်းရေးရရှိရေးတို့ကို ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
နိုင်ငံခြားရေးမူဝါဒအနေဖြင့် မြန်မာနိုင်ငံသည် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော မူဝါဒကို ဆက်လက်ကျင့်သုံးလျက်ရှိပြီး ရုရှားနိုင်ငံကို ယုံကြည်စိတ်ချရသည့် မိတ်ဆွေနိုင်ငံအဖြစ် သတ်မှတ်ထားကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးကို သာတူညီမျှမှု၊ အပြန်အလှန်လေးစားမှုနှင့် ပြည်တွင်းရေးဝင်ရောက်စွက်ဖက်မှုမပြုရေးတို့အပေါ် အခြေခံ၍ ဆက်လက်မြှင့်တင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။
State Duma ဥက္ကဋ္ဌကလည်း ယခုတွေ့ဆုံမှုသည် ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ရေးအတွက် အရေးပါကြောင်းနှင့် နှစ်နိုင်ငံခေါင်းဆောင်များအကြား ရရှိထားသည့် သဘောတူညီချက်များ အကောင်အထည်ဖော်ရာတွင် လွှတ်တော်များ၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း ပြောကြားခဲ့ပါသည်။
ထို့ပြင် ယနေ့တွေ့ဆုံပွဲတွင် State Duma ရှိ နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ပြီး ပါတီများအားလုံးက မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်လိုသည့်ဆန္ဒရှိကြောင်း၊ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပခြင်းနှင့် လွှတ်တော်များ ပြန်လည်ဖွဲ့စည်းနိုင်ခြင်းတို့ကို အရေးပါသည့် တိုးတက်မှုများအဖြစ် ရှုမြင်ကြောင်း ပြောကြားခဲ့ပါသည်။
တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံလွှတ်တော်များအကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် ဥပဒေပြုရေးအတွေ့အကြုံ ဖလှယ်ရေးတို့အပြင် ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးနှင့် ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ စွမ်းအင်၊ ကာကွယ်ရေး၊ ကျန်းမာရေး၊ ခရီးသွားလုပ်ငန်းနှင့် အခြေခံအဆောက်အအုံ စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေးတို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
State Duma ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတအား နောင်ရုရှားနိုင်ငံသို့ လာရောက်ချိန်တွင် State Duma ၌ မိန့်ခွန်းပြောကြားရန် ဖိတ်ကြားခဲ့ရာ နိုင်ငံတော်သမ္မတက လက်ခံခဲ့ပါသည်။ နိုင်ငံတော်သမ္မတကလည်း State Duma ဥက္ကဋ္ဌအား မြန်မာနိုင်ငံသို့လာရောက်ရန် ပြန်လည်ဖိတ်ကြားခဲ့ပါသည်။
3 671
+3
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိ၊ နှစ်နိုင်ငံ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်
ရုရှားသမ္မတ မစ္စတာ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဒေသစံတော်ချိန် ညနေ ၆ နာရီတွင် မော်စကိုမြို့သို့ ရောက်ရှိခဲ့ပါသည်။
မော်စကိုမြို့ရှိ ဘနုကာဘာအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိစဉ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး မစ္စတာ Maxim Reshetnikov၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ နှစ်နိုင်ငံသံတမန်ရေးရာ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။
နိုင်ငံတော်သမ္မတအား ရုရှားနိုင်ငံ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံ့ခေါင်းဆောင်များအား ကြိုဆိုသည့် အစဉ်အလာနှင့်အညီ ဂုဏ်ပြုကြိုဆိုခဲ့ပြီး နှစ်နိုင်ငံနိုင်ငံတော်သီချင်းများ တီးမှုတ်ဂုဏ်ပြုကာ ဂုဏ်ပြုတပ်ဖွဲ့၏ ချီတက်အလေးပြုခြင်းကိုလည်း ခံယူခဲ့ပါသည်။
ယခုခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ရုရှားသမ္မတ ဗလာဒီမာ ပူတင်၊ ရုရှားဝန်ကြီးချုပ်နှင့် ဒူးမားလွှတ်တော်ဥက္ကဋ္ဌတို့အပါအဝင် ရုရှားအစိုးရပိုင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပါသည်။
တွေ့ဆုံမှုများတွင် မြန်မာ-ရုရှား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးအပါအဝင် ကဏ္ဍပေါင်းစုံ၌ နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာရေးတို့ကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်ပါသည်။
3 671
+1
မြန်မာ-ကာဇက်စတန် ချစ်ကြည်ရေးနှင့် ကုန်သွယ်ရေးအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး နိုင်ငံတော်သမ္မတ ဆွေးနွေး
မြန်မာနိုင်ငံနှင့် ကာဇက်စတန်နိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာရေးနှင့် ကုန်သွယ်ရေး၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အာမတီပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ ဒါရ်ခန် ဆာတီဘယ်လ်ဒီတို့ ယနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်နေသည့် နိုင်ငံတော်သမ္မတ ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ကာဇက်စတန်သမ္မတနိုင်ငံ၊ အာမတီမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၂၅ မိနစ်တွင် ရောက်ရှိခဲ့ရာ အာမတီပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။
ထို့နောက် လေဆိပ်ဧည့်ခန်းမဆောင်၌ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်နေမှုများ၊ နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်နေမှုများကို ဆွေးနွေးခဲ့ကြပါသည်။
ထို့ပြင် မြန်မာ-ကာဇက်စတန် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေးနှင့် ကုန်သွယ်ရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားကဏ္ဍများတွင် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးတို့ကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံမှုအပြီးတွင် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြပြီး နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် အာမတီမြို့မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ဆက်လက်ထွက်ခွာခဲ့ပါသည်။
3 671
+3
မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ဆက်လက်တိုးမြှင့်ရေး နိုင်ငံတော်သမ္မတ ဆွေးနွေး
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်နေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ အိန္ဒိယသမ္မတနိုင်ငံ၊ ရာဂျာစတန်ပြည်နယ်၊ ဂျေပူရ်မြို့၌ ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။
နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဂျေပူရ်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ရောက်ရှိခဲ့ရာ ရာဂျာစတန်ပြည်နယ် ဆေးဝါးနှင့်ကျန်းမာရေးဝန်ကြီး ဂါဂျန်ဒရာဆင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ရာဂျာစတန်ပြည်နယ် ဆေးဝါးနှင့်ကျန်းမာရေးဝန်ကြီးတို့ တွေ့ဆုံရာတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေး၊ ပြည်သူအချင်းချင်း ကူးလူးဆက်ဆံမှု တိုးတက်ရေးနှင့် နယ်စပ်ကုန်သွယ်မှု မြှင့်တင်ရေးတို့ကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြပါသည်။
နိုင်ငံတော်သမ္မတက ဇွန်လအတွင်း အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်ရေး ဆွေးနွေးဆောင်ရွက်နိုင်ခဲ့ကြောင်းလည်း ပြောကြားခဲ့ပါသည်။
တွေ့ဆုံမှုအပြီးတွင် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြပြီး နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဂျေပူရ်မြို့မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ဆက်လက်ထွက်ခွာခဲ့ပါသည်။
