uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

Dr Khaing Khaing Soe

Dr Khaing Khaing Soe

Відкрити в Telegram

Official Spokesperson for the President of the Republic of the Union of Myanmar

Показати більше
Країна не вказанаКатегорія не вказана
4 488
Підписники
+5824 години
+1847 днів
+66330 днів
Архів дописів
မြန်မာ့ရိုးရာအနုပညာအမွေအနှစ်များ ထိန်းသိမ်းမြှင့်တင်ပြီး မျိုးဆက်သစ်အနုပညာရှင်များ ပေါ်ထွန်းရေး ကြိုးပမ်းကြရန် နိုင်ငံတော်သမ္မတ တိုက်တွန်း နေပြည်တော်၊ အောက်တိုဘာ ၂၁ မြန်မာ့ရိုးရာအနုပညာအမွေအနှစ်များကို မူလအနှစ်သာရ မပျောက်ပျက်စေဘဲ ထိန်းသိမ်းမြှင့်တင်ရန်၊ ခေတ်မီနည်းပညာများ အသုံးချ၍ အနုပညာအရည်အသွေး မြှင့်တင်ရန်နှင့် မျိုးဆက်သစ်အနုပညာရှင်များ ပေါ်ထွန်းလာရေး ပူးပေါင်းဆောင်ရွက်ကြရန် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က တိုက်တွန်းပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတက အဓိကထား ပြောကြားခဲ့သည့် မူဝါဒများနှင့် လမ်းညွှန်ချက်များမှာ - ■ မြန်မာ့ရိုးရာအနုပညာအမွေအနှစ်များနှင့် အမျိုးသားရေးစရိုက်လက္ခဏာများ ထိန်းသိမ်းစောင့်ရှောက်ရေး မြန်မာ့ရိုးရာအဆို၊ အက၊ အရေး၊ အတီး အနုပညာများသည် ပျူခေတ်၊ ပုဂံခေတ်မှ ကုန်းဘောင်ခေတ် တိုင်အောင် ခေတ်အဆက်ဆက် ဖွံ့ဖြိုးတိုးတက်လာခဲ့သည့် အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များ ဖြစ်ကြောင်း၊ ယင်းအမွေအနှစ်များကို မျိုးဆက်သစ်များထံ စနစ်တကျ လက်ဆင့်ကမ်းပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် မျိုးချစ်စိတ်ဓာတ်နှင့် ဇာတိသွေးဇာတိမာန် ထက်မြက်မြင့်မားရေး၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များနှင့် အမျိုးသားရေးစရိုက်လက္ခဏာများ ထိန်းသိမ်းစောင့်ရှောက်ရေး၊ လူငယ်များ၏ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းတစ်ပါးယဉ်ကျေးမှု လွှမ်းမိုးမှုမှ ကာကွယ်တားဆီးရေး တို့ကိုလည်း အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း လမ်းညွှန်ပြောကြားခဲ့ပါသည်။ ■ ပြိုင်ပွဲများမှတစ်ဆင့် မျိုးဆက်သစ်အနုပညာရှင်များ ဖော်ထုတ်ရေး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ၁၉၉၃ ခုနှစ်တွင် စတင် ကျင်းပခဲ့ပြီး ၂၀၁၆ ခုနှစ်အထိ ၂၂ ကြိမ် ကျင်းပနိုင်ခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ် အထိ ရပ်နားခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ပြန်လည်ကျင်းပခဲ့ရာ ယခု ၂၀၂၆ ခုနှစ်တွင် (၂၇) ကြိမ်မြောက်အထိ ရောက်ရှိလာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပြိုင်ပွဲများသည် ဆုရရှိရေးအတွက်သာမက အရည်အချင်းရှိသည့် အနုပညာရှင်များကို ဖော်ထုတ် မြှင့်တင်ရန်၊ အတွေ့အကြုံများ ဖလှယ်ရန်၊ အနုပညာ ပညာရပ်ဆိုင်ရာ အရည်အသွေး မြှင့်တင်ရန်နှင့် မျိုးဆက်သစ်များထံ ရိုးရာအနုပညာအမွေအနှစ်များ လက်ဆင့်ကမ်းပေးရန် အရေးပါကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။ ■ အနုပညာကဏ္ဍလေးရပ် အရည်အသွေးမြှင့်တင်ရေး   မြန်မာ့ရိုးရာအနုပညာကဏ္ဍလေးရပ်နှင့်ပတ်သက်၍ - ၁။ အဆိုအနုပညာ - ရိုးရာတေးသီချင်းများ၏ မူလအနှစ်သာရကို ထိန်းသိမ်းရင်း သီဆိုမှုအရည်အသွေးနှင့် ဖန်တီးနိုင်စွမ်းကို မြှင့်တင်ရန်။ ၂။ အကအနုပညာ - ရိုးရာအကဟန်၊ လက်ဟန်ခြေဟန်နှင့် စည်းချက်များကို စနစ်တကျ သင်ယူထိန်းသိမ်းပြီး မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းရန်။ ၃။ အရေးအနုပညာ - စာပေ၊ ကဗျာနှင့် ဇာတ်ညွှန်းများမှတစ်ဆင့် ယဉ်ကျေးမှုတန်ဖိုးများကို ထိန်းသိမ်းဖော်ထုတ်ရန်။ ၄။ အတီးအနုပညာ - ရိုးရာတူရိယာများ၏ တီးခတ်နည်းစနစ်နှင့် ဂီတသံစဉ်များကို ထိန်းသိမ်းမြှင့်တင်ရန်။ တို့ကို အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ပါသည်။   ■ မျိုးဆက်သစ်အနုပညာရှင်များ လေ့ကျင့်သင်ကြားရေးနှင့် အတွေ့အကြုံများ လက်ဆင့်ကမ်းရေး ပြိုင်ပွဲမှ ပေါ်ထွက်လာသည့် အရည်အချင်းရှိသော အနုပညာရှင်များကို ဆက်လက်လေ့ကျင့် သင်ကြားပေးရန်၊ သင့်လျော်သည့် အခွင့်အလမ်းများ ဖန်တီးပေးရန်နှင့် ပညာရှင်ကြီးများ၏ အတွေ့အကြုံများကို မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် စာတွေ့လက်တွေ့ ပေါင်းစပ်လေ့ကျင့်ရေး၊ ပညာရှင်များနှင့် မျိုးဆက်သစ်များအကြား ပူးပေါင်းဆောင်ရွက်ရေး၊ အနုပညာမှတ်တမ်းများ ထိန်းသိမ်းရေးနှင့် ရိုးရာအနှစ်သာရကို ထိန်းသိမ်းရင်း ခေတ်နှင့်လျော်ညီသည့် အနုပညာလက်ရာများ ဖန်တီးရေးတို့ကိုလည်း လမ်းညွှန်တိုက်တွန်းခဲ့ပါသည်။   ■ ခေတ်မီနည်းပညာအသုံးချ၍ မြန်မာ့အနုပညာကို နိုင်ငံတကာသို့ မိတ်ဆက်ရေး နည်းပညာတိုးတက်လာမှုကို အသုံးချ၍ မြန်မာ့ရိုးရာအနုပညာများကို စနစ်တကျ မှတ်တမ်းတင်၊ ဖြန့်ဝေပြီး လူငယ်များ ပိုမိုစိတ်ဝင်စားလာစေရန်နှင့် နိုင်ငံတကာပရိသတ်များထံ မိတ်ဆက်နိုင်ရေး ဆောင်ရွက်ကြရန်၊ ခေတ်မီဖန်တီးမှုများတွင်လည်း ရိုးရာအနုပညာ၏ မူလအနှစ်သာရနှင့် တန်ဖိုးများ မပျောက်ပျက်စေရန် အလေးထားကြဖို့ မှာကြားခဲ့ပါသည်။ ■ ပြိုင်ပွဲဝင်များနှင့် အကဲဖြတ်ဒိုင်များ လိုက်နာဆောင်ရွက်ရေး ပြိုင်ပွဲဝင်များအနေဖြင့် ဆုရရှိရေးတစ်ခုတည်းကို အဓိကမထားဘဲ အနုပညာအရည်အသွေး တိုးတက်ရေး၊ အတွေ့အကြုံဖလှယ်ရေးနှင့် အချင်းချင်းလေးစားမှုရှိရေးကို အလေးထားကြရန်၊ အကဲဖြတ်ဒိုင်များအနေဖြင့်လည်း သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ မျှတပွင့်လင်းစွာ အကဲဖြတ်ပြီး ပညာရပ်ဆိုင်ရာ အကြံပြုလမ်းညွှန်မှုများ ပေးကြရန် တိုက်တွန်းခဲ့ပါသည်။ ■ မြန်မာ့ရိုးရာအနုပညာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး မြန်မာ့ရိုးရာအနုပညာအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးသည် ယနေ့မျိုးဆက်၏ တာဝန်ဖြစ်သကဲ့သို့ အနာဂတ်မျိုးဆက်များထံ အရည်အသွေးပြည့်ဝစွာ လက်ဆင့်ကမ်းပေးရေးသည်လည်း အားလုံးပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်ဖြစ်ကြောင်း၊ အနုပညာပညာရှင်များ၊ လူငယ်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ မြန်မာ့ရိုးရာအနုပညာ ရေရှည်တည်တံ့ဖွံ့ဖြိုးရေး ကြိုးပမ်းကြရန် တိုက်တွန်းပြောကြားခဲ့သည်။

မြန်မာ့ရိုးရာအနုပညာအမွေအနှစ်များ ထိန်းသိမ်းမြှင့်တင်ပြီး မျိုးဆက်သစ်အနုပညာရှင်များ ပေါ်ထွန်းရေး ကြိုးပမ်းကြရန် နိုင်ငံတော်သမ္မတ တိုက်တွန်း နေပြည်တော်၊ အောက်တိုဘာ ၂၁ မြန်မာ့ရိုးရာအနုပညာအမွေအနှစ်များကို မူလအနှစ်သာရ မပျောက်ပျက်စေဘဲ ထိန်းသိမ်းမြှင့်တင်ရန်၊ ခေတ်မီနည်းပညာများ အသုံးချ၍ အနုပညာအရည်အသွေး မြှင့်တင်ရန်နှင့် မျိုးဆက်သစ်အနုပညာရှင်များ ပေါ်ထွန်းလာရေး ပူးပေါင်းဆောင်ရွက်ကြရန် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်သမ္မတက တိုက်တွန်းပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတက အဓိကထား ပြောကြားခဲ့သည့် မူဝါဒများနှင့် လမ်းညွှန်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် - ■ မြန်မာ့ရိုးရာအနုပညာအမွေအနှစ်များနှင့် အမျိုးသားရေးစရိုက်လက္ခဏာများ ထိန်းသိမ်းစောင့်ရှောက်ရေး မြန်မာ့ရိုးရာအဆို၊ အက၊ အရေး၊ အတီး အနုပညာများသည် ပျူခေတ်၊ ပုဂံခေတ်မှ ကုန်းဘောင်ခေတ် တိုင်အောင် ခေတ်အဆက်ဆက် ဖွံ့ဖြိုးတိုးတက်လာခဲ့သည့် အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များ ဖြစ်ကြောင်း၊ ယင်းအမွေအနှစ်များကို မျိုးဆက်သစ်များထံ စနစ်တကျ လက်ဆင့်ကမ်းပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် မျိုးချစ်စိတ်ဓာတ်နှင့် ဇာတိသွေးဇာတိမာန် ထက်မြက်မြင့်မားရေး၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များနှင့် အမျိုးသားရေးစရိုက်လက္ခဏာများ ထိန်းသိမ်းစောင့်ရှောက်ရေး၊ လူငယ်များ၏ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းတစ်ပါးယဉ်ကျေးမှု လွှမ်းမိုးမှုမှ ကာကွယ်တားဆီးရေး တို့ကိုလည်း အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း လမ်းညွှန်ပြောကြားခဲ့ပါသည်။ ■ ပြိုင်ပွဲများမှတစ်ဆင့် မျိုးဆက်သစ်အနုပညာရှင်များ ဖော်ထုတ်ရေး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ၁၉၉၃ ခုနှစ်တွင် စတင် ကျင်းပခဲ့ပြီး ၂၀၁၆ ခုနှစ်အထိ ၂၂ ကြိမ် ကျင်းပနိုင်ခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ် အထိ ရပ်နားခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ပြန်လည်ကျင်းပခဲ့ရာ ယခု ၂၀၂၆ ခုနှစ်တွင် (၂၇) ကြိမ်မြောက်အထိ ရောက်ရှိလာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပြိုင်ပွဲများသည် ဆုရရှိရေးအတွက်သာမက အရည်အချင်းရှိသည့် အနုပညာရှင်များကို ဖော်ထုတ် မြှင့်တင်ရန်၊ အတွေ့အကြုံများ ဖလှယ်ရန်၊ အနုပညာ ပညာရပ်ဆိုင်ရာ အရည်အသွေး မြှင့်တင်ရန်နှင့် မျိုးဆက်သစ်များထံ ရိုးရာအနုပညာအမွေအနှစ်များ လက်ဆင့်ကမ်းပေးရန် အရေးပါကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။ ■ အနုပညာကဏ္ဍလေးရပ် အရည်အသွေးမြှင့်တင်ရေး   မြန်မာ့ရိုးရာအနုပညာကဏ္ဍလေးရပ်နှင့်ပတ်သက်၍ - ၁။ အဆိုအနုပညာ - ရိုးရာတေးသီချင်းများ၏ မူလအနှစ်သာရကို ထိန်းသိမ်းရင်း သီဆိုမှုအရည်အသွေးနှင့် ဖန်တီးနိုင်စွမ်းကို မြှင့်တင်ရန်။ ၂။ အကအနုပညာ - ရိုးရာအကဟန်၊ လက်ဟန်ခြေဟန်နှင့် စည်းချက်များကို စနစ်တကျ သင်ယူထိန်းသိမ်းပြီး မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းရန်။ ၃။ အရေးအနုပညာ - စာပေ၊ ကဗျာနှင့် ဇာတ်ညွှန်းများမှတစ်ဆင့် ယဉ်ကျေးမှုတန်ဖိုးများကို ထိန်းသိမ်းဖော်ထုတ်ရန်။ ၄။ အတီးအနုပညာ - ရိုးရာတူရိယာများ၏ တီးခတ်နည်းစနစ်နှင့် ဂီတသံစဉ်များကို ထိန်းသိမ်းမြှင့်တင်ရန်။ တို့ကို အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ပါသည်။   ■ မျိုးဆက်သစ်အနုပညာရှင်များ လေ့ကျင့်သင်ကြားရေးနှင့် အတွေ့အကြုံများ လက်ဆင့်ကမ်းရေး ပြိုင်ပွဲမှ ပေါ်ထွက်လာသည့် အရည်အချင်းရှိသော အနုပညာရှင်များကို ဆက်လက်လေ့ကျင့် သင်ကြားပေးရန်၊ သင့်လျော်သည့် အခွင့်အလမ်းများ ဖန်တီးပေးရန်နှင့် ပညာရှင်ကြီးများ၏ အတွေ့အကြုံများကို မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် စာတွေ့လက်တွေ့ ပေါင်းစပ်လေ့ကျင့်ရေး၊ ပညာရှင်များနှင့် မျိုးဆက်သစ်များအကြား ပူးပေါင်းဆောင်ရွက်ရေး၊ အနုပညာမှတ်တမ်းများ ထိန်းသိမ်းရေးနှင့် ရိုးရာအနှစ်သာရကို ထိန်းသိမ်းရင်း ခေတ်နှင့်လျော်ညီသည့် အနုပညာလက်ရာများ ဖန်တီးရေးတို့ကိုလည်း လမ်းညွှန်တိုက်တွန်းခဲ့ပါသည်။   ■ ခေတ်မီနည်းပညာအသုံးချ၍ မြန်မာ့အနုပညာကို နိုင်ငံတကာသို့ မိတ်ဆက်ရေး နည်းပညာတိုးတက်လာမှုကို အသုံးချ၍ မြန်မာ့ရိုးရာအနုပညာများကို စနစ်တကျ မှတ်တမ်းတင်၊ ဖြန့်ဝေပြီး လူငယ်များ ပိုမိုစိတ်ဝင်စားလာစေရန်နှင့် နိုင်ငံတကာပရိသတ်များထံ မိတ်ဆက်နိုင်ရေး ဆောင်ရွက်ကြရန်၊ ခေတ်မီဖန်တီးမှုများတွင်လည်း ရိုးရာအနုပညာ၏ မူလအနှစ်သာရနှင့် တန်ဖိုးများ မပျောက်ပျက်စေရန် အလေးထားကြဖို့ မှာကြားခဲ့ပါသည်။ ■ ပြိုင်ပွဲဝင်များနှင့် အကဲဖြတ်ဒိုင်များ လိုက်နာဆောင်ရွက်ရေး ပြိုင်ပွဲဝင်များအနေဖြင့် ဆုရရှိရေးတစ်ခုတည်းကို အဓိကမထားဘဲ အနုပညာအရည်အသွေး တိုးတက်ရေး၊ အတွေ့အကြုံဖလှယ်ရေးနှင့် အချင်းချင်းလေးစားမှုရှိရေးကို အလေးထားကြရန်၊ အကဲဖြတ်ဒိုင်များအနေဖြင့်လည်း သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ မျှတပွင့်လင်းစွာ အကဲဖြတ်ပြီး ပညာရပ်ဆိုင်ရာ အကြံပြုလမ်းညွှန်မှုများ ပေးကြရန် တိုက်တွန်းခဲ့ပါသည်။ ■ မြန်မာ့ရိုးရာအနုပညာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး မြန်မာ့ရိုးရာအနုပညာအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးသည် ယနေ့မျိုးဆက်၏ တာဝန်ဖြစ်သကဲ့သို့ အနာဂတ်မျိုးဆက်များထံ အရည်အသွေးပြည့်ဝစွာ လက်ဆင့်ကမ်းပေးရေးသည်လည်း အားလုံးပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်ဖြစ်ကြောင်း၊ အနုပညာပညာရှင်များ၊ လူငယ်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ မြန်မာ့ရိုးရာအနုပညာ ရေရှည်တည်တံ့ဖွံ့ဖြိုးရေး ကြိုးပမ်းကြရန် တိုက်တွန်းပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ နိပွန်ဖောင်ဒေးရှင်းဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Mr. Yohei SASAKAWA က လာရောက်ဂါရဝပြုတွေ့ဆုံ နေပြည်
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ နိပွန်ဖောင်ဒေးရှင်းဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Mr. Yohei SASAKAWA က လာရောက်ဂါရဝပြုတွေ့ဆုံ နေပြည်တော်၊ အောက်တိုဘာ - ၂၀ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ နိပွန်ဖောင်ဒေးရှင်းဂုဏ်ထူးဆောင် ဥက္ကဋ္ဌ Mr. Yohei SASAKAWA က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး၊ ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တွင် အထောက်အကူဖြစ်စေရေးနှင့် မြန်မာနိုင်ငံ၌ လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် နိပွန်ဖောင်ဒေးရှင်းမှ ကူညီ ဆောင်ရွက်ပေးမည့် အခြေအနေများအား ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြပါသည်။

သတင်းထုတ်ပြန်ချက် နေပြည်တော် အောက်တိုဘာ ၁၉ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက် ၁၀၄၀ အချိန်မှ ၁၀၅၀ အချိန်ထိ ပြည်ထဲရေး ဝန်ကြီးဌာန တ
+3
သတင်းထုတ်ပြန်ချက် နေပြည်တော် အောက်တိုဘာ ၁၉              ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက် ၁၀၄၀ အချိန်မှ ၁၀၅၀ အချိန်ထိ ပြည်ထဲရေး ဝန်ကြီးဌာန တာဝန်ရှိသူများက အထူးအကျဉ်းသူ ဒေါ်စုကြည် ထံသို့ ဗြိတိန်နိုင်ငံ၊ တတိယမြောက် ချားစ်ဘုရင်က ပေးပို့သည့် စာအုပ် ၂ အုပ် (The Land Garderners – Soil to Table နှင့် Soil The World at Our Feet) အိတ်ပိတ်စာအိတ် ၁ အိတ်နှင့် သံတမန်အိတ်ပိတ်စာတို့အား ပေးအပ်ခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ထိုင်းနိုင်ငံ၊ စွမ်းအင်ဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ နေပြ
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ထိုင်းနိုင်ငံ၊ စွမ်းအင်ဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ နေပြည်တော်၊ အောက်တိုဘာ ၁၉ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီး H.E. Mr. Akanat Promphan ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ ပြီး  နှစ်နိုင်ငံအကြား စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ ဒေသတွင်းစွမ်းအင်လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးတို့ကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ၏ ထိုင်းနိုင်ငံချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို တွေ့ရှိခဲ့ရပြီး ခရီးစဉ်အောင်မြင်ခဲ့မှု အခြေအနေများ၊ မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား စွမ်းအင်ကဏ္ဍတွင် ယခင်ကတည်းက ပူးပေါင်းဆောင်ရွက်မှုများရှိခဲ့ပြီး ယခုအခါတွင်လည်း နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် ရာသီဥတုဖောက်ပြန်မှုကြောင့် ထိုင်းနိုင်ငံတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့်အခြေအနေနှင့် မြန်မာနိုင်ငံ၊ ထားဝယ်နှင့် လောင်းလုံဒေသတို့တွင် မြေပြိုမှုများ ဖြစ်ပွားခဲ့သည့်အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး သဘာဝဘေးအန္တရာယ်များတွင် နှစ်နိုင်ငံအတူတကွ ပူးပေါင်းဆောင်ရွက်သွားရေးကိုလည်း ဆွေးနွေးခဲ့ကြပါသည်။ အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် ဖြစ်ပေါ်လာသည့် စွမ်းအင်အကျပ်အတည်းများကို နှစ်နိုင်ငံပူးပေါင်းဖြေရှင်းရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ဒေသတွင်းသို့ စွမ်းအင် ဆက်လက်ဖြန့်ဖြူးရောင်းချနိုင်ရေးတို့ကိုလည်း ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြပါသည်။

လူမှုကွန်ရက်စာမျက်နှာများနှင့် အွန်လိုင်းမီဒီယာအချို့တွင် ၅၀,၀၀၀ ကျပ်တန် ငွေစက္ကူ အသစ်များ ထုတ်ဝေမည်ဖြစ်ကြောင်း သတင်းများ ပျံ့နှံ့လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ထိုသတင်းမှာ သတင်းအမှားသာ ဖြစ်ပါသည်။ ပြည်သူများအနေဖြင့် ငွေကြေးဆိုင်ရာ သတင်းအချက်အလက်များကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် သက်ဆိုင်ရာ တရားဝင်ဌာနများ၏ ထုတ်ပြန်ချက်များမှတစ်ဆင့် စိစစ် အတည်ပြုကြရန်နှင့် သတင်းမှားများကြောင့် မလိုလားအပ်သော စိုးရိမ်ပူပန်မှုများ မဖြစ် ပေါ်စေရေးအတွက် ပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးမင်းအောင်လှိုင်၏ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ချုပ်ဆိုခြင်း (၁၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ ပေးပို့သည့် အဖွင့်မိန့်ခွန်း #NCA #နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် #ငြိမ်းချမ်ရေး

ဆိပ်ကမ်းနှင့် ရထားလမ်းများ အဆင့်မြှင့်တင်၍ ကုန်စည်ပို့ဆောင်ရေး မြှင့်တင်ရန် နိုင်ငံတော်သမ္မတ လမ်းညွှန် ရန်ကုန်၊ အောက်တိုဘာ ၁၄ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အောက်တိုဘာ ၁၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုးကြောင်ကလေး-သီလဝါ ရထားလမ်းပိုင်း၊ သီလဝါဆိပ်ကမ်းနှင့် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်းတို့ကို ကြည့်ရှုစစ်ဆေးပြီး ကုန်စည်သယ်ယူပို့ဆောင်ရေး ပိုမိုမြန်ဆန်၍ ကုန်ကျစရိတ်သက်သာစေရေးနှင့် ဆိပ်ကမ်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လမ်းညွှန်ခဲ့ပါသည်။ ■ တိုးကြောင်ကလေး-သီလဝါ ရထားလမ်း နှစ်လမ်းသွားအဖြစ် အဆင့်မြှင့်တင်ရေး သီလဝါဆိပ်ကမ်းနှင့် စက်မှုဇုန်တို့မှ ကုန်စည်များ ပိုမိုလွယ်ကူမြန်ဆန်စွာ သယ်ယူပို့ဆောင်နိုင်ရေးအတွက် ရထားလမ်းကို နှစ်လမ်းသွားအဖြစ် အဆင့်မြှင့်တင်ရန်၊ လမ်းကြောင်းနှင့် တံတားလုပ်ငန်းများ စနစ်တကျဆောင်ရွက်ရန်နှင့် အနာဂတ်တွင် လျှပ်စစ်ရထားများ ပြေးဆွဲနိုင်ရေး ကြိုတင်စီမံထားရန် လမ်းညွှန်ခဲ့ပါသည်။ ■ သီလဝါဆိပ်ကမ်း စွမ်းဆောင်ရည်မြှင့်တင်ရေး သီလဝါဆိပ်ကမ်းသည် နိုင်ငံ၏ အရေးပါသည့် ဆိပ်ကမ်းတစ်ခုဖြစ်သဖြင့် ကုန်သေတ္တာများကို မော်တော်ယာဉ်နှင့် ရထားလမ်းတို့ဖြင့် ပိုမိုမြန်ဆန်စွာ သယ်ယူပို့ဆောင်နိုင်ရေး၊ ရေလမ်းကြောင်းများ ကောင်းမွန်စေရေးနှင့် Semi-Smart Port စနစ် အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။ ■ ပင်လယ်ရေကြောင်းကုန်သွယ်မှု တိုးမြှင့်ရေး ပုသိမ်၊ ရန်ကုန်နှင့် ထားဝယ်ဆိပ်ကမ်းများကို အနာဂတ်အဓိကဆိပ်ကမ်းများအဖြစ် ဖွံ့ဖြိုးတိုးတက်စေရန်၊ ထားဝယ်ဆိပ်ကမ်းမှ နိုင်ငံတကာဖြတ်သန်းကုန်သွယ်ရေး မြှင့်တင်ရန်နှင့် ကော့သောင်းဒေသတွင် နယ်စပ်ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးရေး ဆောင်ရွက်ရန် ပြောကြားခဲ့ပါသည်။ ■ ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး ရွာသာကြီးကုန်းတွင်းဆိပ်ကမ်းနှင့် ဘူတာယာဒ်ဝင်း တည်ဆောက်ရေးစီမံကိန်းများကို ကြည့်ရှုစစ်ဆေးပြီး စီမံကိန်းမြေနေရာများ အကျိုးရှိစွာ အသုံးချနိုင်ရေးနှင့် ခွင့်ပြုထားသည့် မြေနေရာများကို သတ်မှတ်လုပ်ငန်းများအတိုင်း စနစ်တကျအသုံးပြုရေး ကြပ်မတ်ဆောင်ရွက်ရန် လမ်းညွှန်ခဲ့ပါသည်။

သန်လျင်ရေနံချက်စက်ရုံသစ် ဖွင့်လှစ်၊ ပြည်တွင်းစက်သုံးဆီထုတ်လုပ်မှု တိုးမြှင့်ရေးနှင့် စွမ်းအင်ဖူလုံရေး လမ်းညွှန်မှာကြား ရန်ကုန်၊ အောက်တိုဘာ ၁၄ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ သန်လျင်ရေနံချက်စက်ရုံစီမံကိန်း (အပိုင်း ၁) ရေနံချက်စက်ရုံသစ် ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြည်တွင်းစက်သုံးဆီထုတ်လုပ်မှု တိုးမြှင့်ရေး၊ ရေနံစိမ်းကုန်ကြမ်းဖူလုံရေး၊ ပြည်ပစွမ်းအင်အပေါ် မှီခိုမှုလျှော့ချရေးနှင့် ရေရှည်စွမ်းအင်လုံခြုံရေးတို့အတွက် လမ်းညွှန်မှာကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များမှာ - ■ ရေနံချက်စက်ရုံ ရေရှည်အောင်မြင်ရေး ကုန်ကြမ်းဖူလုံမှု၊ ထုတ်လုပ်မှုစွမ်းဆောင်ရည်၊ ထုတ်ကုန်အရည်အသွေးနှင့် စီးပွားရေးအကျိုးအမြတ်တို့ကို ဟန်ချက်ညီစွာ စီမံဆောင်ရွက်ပြီး စက်ရုံလည်ပတ်မှုကို စဉ်ဆက်မပြတ် စောင့်ကြည့်ထိန်းသိမ်းရန်။ ■ ပြည်တွင်းရေနံထုတ်လုပ်မှုနှင့် ကုန်ကြမ်းဖူလုံရေး ရင်းနှီးမြှုပ်နှံမှုအသစ်များ ဖိတ်ခေါ်၍ AI အပါအဝင် ခေတ်မီနည်းပညာများဖြင့် ပြည်တွင်းရေနံထုတ်လုပ်မှု တိုးမြှင့်ရန်နှင့် အရှေ့တောင်အာရှ ရေနံစိမ်းပိုက်လိုင်းမှ ရေနံစိမ်းရရှိရေးအတွက် ဆက်လက်ညှိနှိုင်းရန်။ ■ စီမံကိန်းအပိုင်း (၂) အကောင်အထည်ဖော်ရေး တိုးချဲ့ရေနံချက်စက်ရုံစီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်၍ အဆင့်မြင့်စက်သုံးဆီနှင့် ရေနံဓာတုထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး၊ ပြည်တွင်းဓာတ်ဆီနှင့် ဒီဇယ်လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေး ဆောင်ရွက်ရန်။ ■ ပြည်ပမှီခိုမှုနှင့် နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချရေး ပြည်တွင်းစက်သုံးဆီထုတ်လုပ်မှု တိုးမြှင့်၍ ပြည်ပတင်သွင်းမှုနှင့် နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချရန်၊ ထုတ်လုပ်မှုမှ ဖြန့်ဖြူးမှုအထိ ကုန်ကျစရိတ်များကို ထိရောက်စွာ စီမံခန့်ခွဲရန်။ ■ စွမ်းအင်လုံခြုံရေးနှင့် ခေတ်မီနည်းပညာ အသုံးချရေး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကို ပေါင်းစပ်အသုံးပြု၍ စွမ်းအင်ချွေတာရေး ဆောင်ရွက်ရန်၊ Digital၊ Automation နှင့် AI နည်းပညာများဖြင့် ထုတ်လုပ်မှုစွမ်းဆောင်ရည် မြှင့်တင်ပြီး ပြည်တွင်းကျွမ်းကျင်ပညာရှင်များ မွေးထုတ်ရန်။ ■ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စက်ရုံလည်ပတ်မှုတွင် မီးဘေးနှင့် အရေးပေါ်အန္တရာယ်များ ကြိုတင်ကာကွယ်ရေး၊ စက်ပစ္စည်းများ ပုံမှန်ထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံချိန်စံညွှန်းများ လိုက်နာရေး အလေးထားဆောင်ရွက်ရန်။ နိုင်ငံတော်၏ စွမ်းအင်ဖူလုံရေးနှင့် ရေရှည်စွမ်းအင်လုံခြုံရေးအတွက် “နိုင်ငံတော်အတွက် စွမ်းအင်ဖူလုံမှုမှသည် စွမ်းအင်အမှီအခိုကင်းရေးအထိ” ဟူသည့် ရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတက တိုက်တွန်းမှာကြားခဲ့ပါသည်။

လမ်းပန်းဆက်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်ရေးအတွက် ထားဝယ်လေဆိပ်နှင့် လေယာဉ်ပြေးလမ်း အဆင့်မြှင့်တင်ရေး၊ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ရေးနှင့် ရေး-ထားဝယ် ရထားလမ်းသစ် ဖောက်လုပ်ရေးတိုကို ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါစီမံကိန်းများကြောင့် ဒေသတွင်း ကုန်စည်ကူးသန်းရောင်းဝယ်မှု၊ ခရီးသွားလုပ်ငန်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက်လာနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝကမ်းခြေများ၊ ကျွန်းစုများနှင့် ဒေသ၏ သဘာဝအလှအပများကို စနစ်တကျ ထိန်းသိမ်းရန်၊ မြို့ရွာများ သန့်ရှင်းသာယာလှပရေးနှင့် စည်းကမ်းစနစ်ကျနရေး ဝိုင်းဝန်းဆောင်ရွက်ရန်၊ ထားဝယ်ဒေသ၏ ရိုးရာယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှုနှင့် ရိုးရာတူရိယာများကို ထိန်းသိမ်းဖော်ထုတ်၍ ခရီးသွားလုပ်ငန်းနှင့် ချိတ်ဆက်မြှင့်တင်ရန်လည်း တိုက်တွန်းမှာကြားခဲ့ပါသည်။ တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် ပိုင်ဆိုင်ထားသည့် သဘာဝအရင်းအမြစ်များနှင့် စီးပွားရေးအခွင့်အလမ်းများကို ခေတ်မီနည်းပညာများ အသုံးချ၍ အကျိုးရှိစွာ ဖော်ထုတ်အသုံးပြုရန်၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်ရေးကို အလေးထားဆောင်ရွက်ရန်နှင့် ဒေသတစ်ခုချင်းစီ၏ ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် နိုင်ငံ့စီးပွားရေးတိုးတက်လာစေရေး အားလုံးပူးပေါင်းကြိုးပမ်းကြရန် နိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားခဲ့ပါသည်။ တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတသည် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်းများမှ ထုတ်လုပ်သည့် ဒေသထွက်ကုန်ပစ္စည်းပြခန်းများကို လှည့်လည်ကြည့်ရှုကာ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ပါသည်။ ထို့အပြင် နိုင်ငံတော်သမ္မတသည်အခမ်းအနားမတက်ရောက်မီ ထားဝယ်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ သွားရောက်၍ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ကြည့်ရှုအားပေးစကားပြောကြားကာ ချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပြီး ဆေးရုံ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသအရင်းအမြစ်များ အကျိုးရှိစွာအသုံးချ၍ စိုက်ပျိုးမွေးမြူရေး၊ ကုန်ထုတ်လုပ်မှုန
+3
တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသအရင်းအမြစ်များ အကျိုးရှိစွာအသုံးချ၍ စိုက်ပျိုးမွေးမြူရေး၊ ကုန်ထုတ်လုပ်မှုနှင့် ခရီးသွားလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ မှာကြား ထားဝယ်၊ အောက်တိုဘာ ၁၃ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းတွင် ထားဝယ်မြို့ရှိ ပုလဲဧကရီခန်းမ၌ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံ၍ ဒေသ၏ သဘာဝအရင်းအမြစ်များကို အကျိုးရှိစွာ အသုံးချရေး၊ စိုက်ပျိုးမွေးမြူရေးအခြေခံ ကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်ရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးမြှင့်တင်ရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်ရေးတို့ကို ဆွေးနွေးလမ်းညွှန်မှာကြားခဲ့ပါသည်။ တွေ့ဆုံပွဲတွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသ၏ စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုအခြေအနေ၊ ဆီအုန်း၊ ရာဘာ၊ ကော်ဖီနှင့် ကိုကိုးစိုက်ပျိုးထုတ်လုပ်မှု၊ ရေထွက်ကုန်နှင့် ပုလဲမွေးမြူရေးလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခဲ့သည့်ဒေသများတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် မြို့မိမြို့ဖများနှင့် MSME လုပ်ငန်းရှင်များက လေကြောင်းခရီးစဉ်များ၏ လက်မှတ်ခနှုန်းထား သက်သာစေရေး၊ ဒေသထွက် ရေထွက်ကုန်၊ သဘာဝငှက်သိုက်နှင့် ရာဘာထုတ်ကုန်များ ပြည်ပဈေးကွက်ရရှိရေး၊ တန်ဖိုးမြင့်ထုတ်ကုန်လုပ်ငန်းများ တည်ထောင်နိုင်ရေးနှင့် MSME လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှုချေးငွေများ ရရှိရေးတို့ကို ဆွေးနွေးတင်ပြခဲ့ကြပါသည်။ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးများက လေကြောင်းခရီးစဉ်များနှင့် လေဆိပ်အဆင့်မြှင့်တင်ရေး၊ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်း၊ ဒေသထွက်ကုန်များ ဈေးကွက်ရရှိရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ နိုင်ငံတော်သမ္မတက တနင်္သာရီတိုင်းဒေသကြီးသည် သဘာဝအရင်းအမြစ်များ ပေါကြွယ်ဝပြီး ရေခံမြေခံကောင်းများရှိသည့်ဒေသဖြစ်သဖြင့် အဆိုပါအရင်းအမြစ်များကို အခြေခံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ရန်၊ ဒေသတည်ငြိမ်အေးချမ်းရေးကို အလေးထားဆောင်ရွက်ရန်နှင့် နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အသွေးပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရေး ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့ပြင် နိုင်ငံတော်၏ နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲမှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး လက်ရှိအစိုးရအနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဟူသည့် ဦးစားပေးရည်မှန်းချက်နှစ်ရပ်ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဆီအုန်း၊ ရာဘာ၊ ဒူးရင်းနှင့် ကိုကိုးစသည့် ဒေသတွင်းဖြစ်ထွန်းသည့် နှစ်ရှည်သီးနှံများကို တိုးချဲ့စိုက်ပျိုးရန်၊ စိုက်ပျိုးရေးသုတေသနလုပ်ငန်းများ မြှင့်တင်ရန်၊ ဒေသတွင်း အသား၊ ငါး ဖူလုံရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေးအတွက် မွေးမြူရေးလုပ်ငန်းများ တိုးမြှင့်ရန်၊ ဒေသထွက်ကုန်ကြမ်းများကို အသုံးပြု၍ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်နှင့် ဒေသ၏ GDP တိုးတက်လာစေရေး ဝိုင်းဝန်းကြိုးပမ်းကြရန် မှာကြားခဲ့ပါသည်။

မိုးလုံလေလုံအားကစားအဆောက်အအုံနှင့် ကမ်းနားလမ်းအဆင့်မြှင့်တင်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး ထို့နောက် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ် မြို့တွင် ရေကူးကန်၊ ဒိုင်ဗင်ကန်နှင့် ပွဲကြည့်စင်ပါဝင်သည့် မိုးလုံလေလုံ အားကစား အဆောက်အအုံ (Indoor Stadium) တည်ဆောက်မည့် မြေနေရာသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး နိုင်ငံတော်သမ္မတက အောက်ပါအချက်များကို မှာကြားခဲ့ပါသည်- - မိုးလုံလေလုံအားကစားအဆောက်အအုံကို ရေရှည်အသုံးပြုနိုင်ရေးအတွက် လိုအပ်ချက်များကို စနစ်တကျတွက်ချက်တည်ဆောက်ရန်နှင့် သတ်မှတ်ကာလ အတွင်း အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် - ထားဝယ်မြို့၏ အနာဂတ်ယာဉ်အသွားအလာ တိုးတက်များပြားလာနိုင်မှုကို ကြိုတင်ခန့်မှန်းတွက်ချက်၍ လမ်းများကို စနစ်တကျတိုးချဲ့ဖောက်လုပ်ရန် - ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေး ရေနုတ်မြောင်းများကို ကောင်းမွန်စွာ တည် ဆောက်ထိန်းသိမ်းရန် - ရေမြောင်းများအတွင်း အမှိုက်များပိတ်ဆို့မှုမရှိစေရေး ပုံမှန်ရှင်းလင်း ဆောင် ရွက်ရန် - လမ်းဘေးဝဲယာတစ်လျှောက် လမ်းမီးများကို စနစ်တကျတပ်ဆင်ရန်နှင့် ရာသီဥတုဒဏ်ခံနိုင်သော အရိပ်ရလေကာပင်များ စိုက်ပျိုးရန် မှာကြားခဲ့ပါသည်။ လောကမာရဇိန်ရုပ်ပွားတော်မြတ်ကြီးနှင့် ရွှေတောင်စားစေတီတော်မြတ်ကြီးတို့အား သွားရောက်ဖူးမြော်ကြည်ညို ယင်းနောက် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ လောကမာရဇိန်ရုပ်ပွား တော်မြတ် ကြီးနှင့် ရွှေတောင်စားစေတီတော်မြတ်ကြီးတို့သို့ သွားရောက်ဖူးမြော် ကြည်ညိုခဲ့ပြီး ဘက်စုံပြုပြင်မွမ်းမံရေးလုပ်ငန်းများနှင့် ရှေးဟောင်း အမွေအနှစ်များ ထိန်းသိမ်းထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ လောကမာရဇိန် ရုပ်ပွားတော်မြတ်ကြီး အတွက် ဘက်စုံအလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပြီး ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပါသည်။ နိုင်ငံတော်သမ္မတက ရွှေတောင်စားစေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်း ဇိနသရဖူ လျောင်းတော်မူ ကျောက်တော်ကြီးရုပ်ပွားတော် တည်ထားကိုးကွယ်မည့်နေရာကို ကြည့်ရှု စစ်ဆေးပြီး အောက်ပါ အချက်များ မှာကြားခဲ့ပါသည်- - ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပြီးမှသာ စနစ်တကျ တည်ဆောက်သွားရန် - ဘုရားဖူးပြည်သူများ အဆင်ပြေချောမွေ့စွာ ဖူးမြော် ကြည်ညိုနိုင်ရေး စီစဉ် ဆောင်ရွက်ရန် - လောကမာရဇိန်ရုပ်ပွားတော်မြတ်ကြီးနှင့် ရွှေတောင်စားစေတီတော်မြတ်ကြီးတို့ ရေရှည်တည်တံ့ခိုင်မြဲစေရေး၊ ကြည်ညိုသပ္ပါယ်ဖွယ်ဖြစ်စေရေးအတွက် ထိန်းသိမ်း စောင့်ရှောက်မှုလုပ်ငန်းများကို စနစ်တကျနှင့် စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန် - စေတီတော်ရင်ပြင်ရှိ အက်ကွဲပျက်စီးနေသော ကြွေပြားများကို ပြန်လည် ပြုပြင်လဲလှယ်ရန်နှင့် ရင်ပြင်တော်တစ်လျှောက် အမြဲသန့်ရှင်းသာယာနေစေရေး ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထားဝယ်မြို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး နေပြည်တော်၊ အောက်တိုဘာ ၁၂ နို
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထားဝယ်မြို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး နေပြည်တော်၊ အောက်တိုဘာ ၁၂ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။ ထားဝယ်လေဆိပ်နှင့် လေယာဉ်ပြေးလမ်း အဆင့်မြှင့်တင်နေမှု ကြည့်ရှု စစ်ဆေး ဦီးစွာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ထားဝယ်လေဆိပ်နှင့် လေယာဉ်ပြေးလမ်း အဆင့်မြှင့်တင်တည်ဆောက်နေမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး လုပ်ငန်းများ ရေရှည်တည် တံ့ကောင်းမွန်စေရေး၊ လေယာဉ်များ ဘေးကင်းလုံခြုံစွာ ဆင်းသက် နိုင်ရေးနှင့် လေယာဉ်ပြေးလမ်းတစ်လျှောက် ရေဝပ်မှုမရှိစေရေးအတွက် ရေနုတ် မြောင်းများကို စနစ်တကျ တွက်ချက်တည်ဆောက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ရွှေဝယ်သီရိပညာဗိမာန်စာကြည့်တိုက်သို့ သွားရောက်ကြည့်ရှုစစ်ဆေး ထို့နောက် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ညောင်ရမ်း (တောင်) ရပ်ကွက်ရှိ ရွှေဝယ်သီရိပညာဗိမာန်စာကြည့်တိုက်သို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး စာဖတ်ခန်း၊ E-Library၊ သုတစာအုပ်စင်နှင့် သုတ၊ ရသစာအုပ်များ စနစ်တကျထားရှိမှုအခြေ အနေများကို ကြည်ရှုစစ်ဆေးခဲ့ပါသည်။ အများပြည်သူ၏ အသိဉာဏ်ပညာနှင့် ဗဟု သုတများ တိုးပွားလာစေရေး၊ စာအုပ်စာပေများကို အလွယ်တကူ ဖတ်ရှုလေ့လာ နိုင်ရေးအတွက် စာကြည့်တိုက်လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ရန်နှင့် စာဖတ် သူများ ပိုမိုများပြားလာစေရေး စည်းရုံးဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး စာကြည့် တိုက်၏ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုး ခဲ့ပါသည်။ ရွှေဝယ်သီရိအားကစားကွင်း ယင်းနောက် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ရွှေဝယ်သီရိ အားကစားကွင်းသို့ သွားရောက်ကြည့်ရှု၍ ပွဲကြည့်စင်အသစ် တည်ဆောက်ရန် လျာထားဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး နိုင်ငံတော်သမ္မတက ပွဲကြည့်စင်အသစ် တည်ဆောက်ရာတွင် စနစ်တကျဖြစ်စေရေးနှင့် အားကစားကွင်းကို ရေရှည်ထိန်းသိမ်း ထားရှိနိုင်ရေးတို့အတွက် လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့ပါသည်။ ယဉ်ကျေးမှုပြတိုက်သို့ သွားရောက် ကြည့်ရှုစစ်ဆေး ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဆန်းချီ ရပ်ကွက်၊ ကမ်းနားလမ်းရှိ တနင်္သာရီတိုင်း ဒေသကြီးယဉ်ကျေးမှုပြတိုက်သို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး နိုင်ငံတော်သမ္မတက အောက်ပါအချက်များမှာကြားခဲ့ပါသည်- - ပြတိုက်ရှိ ရှေးဟောင်းပစ္စည်းများ၊ သမိုင်းဝင်မှတ်တမ်းများနှင့် အထောက်အထား များကို တန်ဖိုးမဖြတ်နိုင်သော အမျိုးသားအမွေအနှစ်များအဖြစ် သတ်မှတ်ကာ ရေရှည်တည်တံ့စေရန် စနစ်တကျထိန်းသိမ်းစောင့်ရှောက်ရန် - တနင်္သာရီတိုင်းဒေသကြီးရှိ ရှေးဟောင်းမြို့တော်များ၏ ပုံစံငယ်များကို ခေတ်နှင့် လျော်ညီစွာ ပြန်လည်ပြုပြင်ပြသရန် - ပြခန်းများရှိ ရှေးဟောင်းပစ္စည်းများ၊ စေတီပုထိုးများနှင့် ဘုရားများ၏ သမိုင်း ကြောင်း၊ ခုနှစ်၊ သက္ကရာဇ်နှင့် သက်တမ်းတို့ကို စစ်ဆေး၍ လာရောက်လေ့လာ သူများ နားလည် လွယ်စေရန် ရှင်းလင်းစွာ ဖော်ပြထားရန် - ရှေးဟောင်းပေစာနှင့် ပုရပိုက်စာများတွင် ပါဝင်သည့် အကြောင်းအရာများကို နောင်လာနောက်သားများ သိရှိနိုင်စေရန် နည်းပညာအသုံးပြု၍ ပြန်လည်ကူးယူ မှတ်တမ်းတင်ထိန်းသိမ်းရန်နှင့် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနနှင့် ပူးပေါင်း၍ သမိုင်းနောက်ခံနှင့် အဓိပ္ပာယ်များကို ဖော်ထုတ်ရန် - ထားဝယ်ရိုးရာ မိကျောင်းစောင်းကြိုးတပ် တူရိယာကို ပြန်လည်ဖော်ထုတ်ရန် - အခြေခံပညာကျောင်းသား၊ ကျောင်းသူများအပါအဝင် ရပ်နီးရပ်ဝေးမှ ပြည်သူများ ပြတိုက်သို့ လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ရန် - ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် မိမိတို့နိုင်ငံ၊ လူမျိုးနှင့် ဒေသ၏ သမိုင်းကြောင်း၊ အမျိုးသားရေးလက္ခဏာနှင့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များအပေါ် နားလည် တန်ဖိုးထားမှု တိုးပွားလာစေပြီး အနာဂတ်မျိုးဆက်များက ဆက်လက်ထိန်းသိမ်း စောင့်ရှောက်သည့် အလေ့အထများ ဖြစ်ထွန်းလာစေရေး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆရာဝန်(သစ်လွင်)များနှင့် သွားနှင့်ခံတွင်းဆရာဝန်(သစ်လွင်)များအား နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ပေးအပ်၊ နိုင်ငံတော်၏ ကျန်းမာရေးရည်မ
ဆရာဝန်(သစ်လွင်)များနှင့် သွားနှင့်ခံတွင်းဆရာဝန်(သစ်လွင်)များအား နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ပေးအပ်၊ နိုင်ငံတော်၏ ကျန်းမာရေးရည်မှန်းချက်များနှင့်အညီ ပြည်သူ့ကျန်းမာရေးကို အပြည့်အဝ စောင့်ရှောက်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်းမှာကြား နေပြည်တော်၊ အောက်တိုဘာ ၁၂ ကျန်းမာရေးဝန်ကြီးဌာန၏ ဆရာဝန် (သစ်လွင်)များနှင့် သွားနှင့်ခံတွင်း ဆရာဝန်(သစ်လွင်)များအား နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့ရာ မိမိတို့၏ ပညာများကို အသုံးချ၍ နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် စေတနာထား ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ လမ်းညွှန်မှာကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတက အဓိကထားပြောကြားခဲ့သည်များမှာ - ■ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု၊ “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” ဆိုသည့် မူဝါဒနှင့်အညီ ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုမည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း။ ■ လက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှု၊ “ဆေးရုံရှိလျှင်၊ ဆရာဝန်ရှိရမည်” ဆိုသည့် ရည်မှန်းချက်ထားပြီး မြို့ပြနှင့်ကျေးလက် မကျန်၊ ဆင်းရဲချမ်းသာမရွေး လူတိုင်း လက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရန် ဆောင်ရွက်လျက်ရှိကြောင်း။ ■ မျှော်မှန်းသက်တမ်း တိုးမြှင့်ရေး၊ လက်ရှိ မြန်မာပြည်သူများ၏ မျှော်မှန်းသက်တမ်း ၆၉ နှစ်မှ ၂၀၃၀ ပြည့်နှစ်တွင် နှစ် ၇၀ ကျော်အထိ တိုးမြှင့်လာစေရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း။ ■ ဘဏ္ဍာငွေ တိုးမြှင့်ချထားပေးမှု၊ ကျန်းမာရေးကဏ္ဍအတွက် ၂၀၀၀ ပြည့်နှစ်တွင် စုစုပေါင်းအသုံးစရိတ်၏ ၁.၅ ရာခိုင်နှုန်းခန့်သာ ရှိခဲ့ရာမှ ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ၂.၈ ရာခိုင်နှုန်း (ကျပ်သန်း ၁,၃၉၁ ဘီလီယံကျော်) အထိ တိုးမြှင့်ပေးထားကြောင်း။ ■ နိုင်ငံတကာအဆင့်မီ သင်ကြားရေးစနစ် ပြောင်းလဲထားမှု၊ Naypyitaw State Academy တွင် ဆေးသိပ္ပံပညာ မဟာဌာနကို တိုးချဲ့ဖွင့်လှစ်ပေးခဲ့ပြီး လက်ရှိ ဆေးတက္ကသိုလ် (၆) ခုနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ် (၁၁) ခု၊ စုစုပေါင်း (၁၇) ခုရှိလာကာ သင်ရိုးညွှန်းတမ်းများကိုလည်း နိုင်ငံတကာအဆင့်မီ စုစည်းချိတ်ဆက် သင်ကြားရေးစနစ်သို့ ပြောင်းလဲပေးထားကြောင်း။ ■ ဆေးရုံများနှင့် ဆေးပစ္စည်းများ အဆင့်မြှင့်တင်ပေးမှု၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ ခုတင် ၂၀၀ ဆံ့ ဆေးရုံများကို ခုတင် ၃၀၀ ဆံ့ ဆေးရုံများအဖြစ် အဆင့်မြှင့်ပေးခြင်း၊ အခြေခံမရှိမဖြစ် ဆေးဝါးများ၊ ခွဲစိတ်ခန်း၊ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်းသုံး ဆေးပစ္စည်းများနှင့် ခေတ်မီစက်ကိရိယာများကို စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးလျက်ရှိကြောင်း။ ■ လူ့စွမ်းအားအရင်းအမြစ် ဖြည့်ဆည်းမှု၊ ပြည်သူ့ဆေးရုံများတွင် ဆရာဝန်လစ်လပ်နေရာများ မြန်မြန်ဆန်ဆန် ပြန်လည်ဖြည့်တင်းနိုင်ရေးအတွက် အလုပ်သင်ဆရာဝန်ကာလ ပြီးမြောက်သူများကို တိုက်ရိုက်ခန့်အပ်ပေးလျက်ရှိပြီး ၂၀၂၅ ခုနှစ် ဇူလိုင်လမှာလည်း သစ်လွင်ဆရာဝန် (၁,၂၇၆) ဦးနှင့် သွား/ခံတွင်းဆရာဝန် (၂၃) ဦးတို့ကို ခန့်အပ်ပေးခဲ့ပြီးဖြစ်ကြောင်း။ ■ မိသားစုစိတ်ဓာတ်ဖြင့် စောင့်ရှောက်ရန်၊ လူနာများကို ကုသရာတွင် စေတနာ၊ ဂရုဏာ ရှေ့ထား၍ မိမိတို့၏ မိဘ၊ မောင်နှမ၊ ဆွေမျိုးများသဖွယ် မိသားစုစိတ်ဓာတ်ဖြင့် ကုသပေးရန်နှင့် ဆေးဘက်ဆိုင်ရာ ကျင့်ဝတ်များကို ထိန်းသိမ်းရန်။ ■ ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေးရေး၊ ရောဂါဖြစ်မှ ကုသပေးရုံတင်မဟုတ်ဘဲ ကြိုတင်ကာကွယ်ရေး၊ ကျန်းမာရေး အသိပညာပေးရေး၊ မိခင်နှင့်ကလေး ကျန်းမာရေးနှင့် ကျောင်းကျန်းမာရေး/အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများကို အလေးထား ဆောင်ရွက်ပေးရန်။ ■ သွားနှင့်ခံတွင်း ကျန်းမာရေး စောင့်ရှောက်မှု၊ ကလေးသူငယ်များ၏ သွားနှင့်ခံတွင်းကျန်းမာရေး အသိပညာပေးခြင်း၊ သွားပိုးစားခြင်းနှင့် သွားဖုံးရောဂါများ ကြိုတင်ကာကွယ်ခြင်းတို့ကို အခြေခံကျန်းမာရေးစောင့်ရှောက်မှုနှင့် ပေါင်းစပ်ဆောင်ရွက်ကြရန်။ ■ ပြည်သူများ၏ စရိတ်စက လျှော့ချပေးရေး၊ ပြည်သူ့ဆေးရုံများတွင် လူနာများကို တတ်နိုင်သမျှ ကုန်ကျစရိတ်မရှိစေဘဲ စိုက်ထုတ်သုံးစွဲငွေ လျော့နည်းစေရေးနှင့် သန့်ရှင်းသပ်ရပ်စွာဖြင့် စိတ်အေးချမ်းသာစွာ ကုသမှုခံယူနိုင်ရေး ဆောင်ရွက်ပေးကြရန်။ ■ စဉ်ဆက်မပြတ် လေ့လာသင်ယူရန်၊ ဆေးပညာရပ်များ အမြဲတိုးတက်ပြောင်းလဲနေသဖြင့် ဘဝတစ်လျှောက်လုံး စာဖတ်ခြင်း၊ သုတေသနပြုလုပ်ခြင်းနှင့် မဟာဘွဲ့၊ ပါရဂူဘွဲ့များ ဆက်လက်ဆည်းပူးရန် ။ ■ လူနာဗဟိုပြု ဆရာဝန်ကောင်းများ ဖြစ်လာစေရေး၊  မိမိတို့၏ ပညာရပ်ဆိုင်ရာ ဂုဏ်သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်ပြီး နိုင်ငံတော်က အားကိုးရသည့် တာဝန်ယူမှုရှိသော လူနာဗဟိုပြု ဆရာဝန်ကောင်းများ ဖြစ်လာအောင် ကြိုးစားကြရန်၊ ■ ပြည်သူ့ကျန်းမာရေးနှင့် မိသားစုအနာဂတ်၊ ပြည်သူတစ်ဦးချင်းစီ၏ ကျန်းမာရေးကို စောင့်ရှောက်ခြင်းသည် မိသားစုတစ်စု၏ အနာဂတ်ကို စောင့်ရှောက်ခြင်း ဖြစ်သဖြင့် မိမိတို့၏ ပညာနှင့် စေတနာကို ပြည်သူ့အကျိုးအတွက် အကောင်းဆုံး အသုံးချကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။

အစိုးရရုံးဌာနများ၏ ရုံးလုပ်ငန်းများကို အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းတွင် နေအိမ်မှသာဆောင်ရွက်ကြရန် သတ်မှတ်ကြေညာချက်အား ပယ်ဖျက် နေပြည်တော် အောက်တိုဘာ ၁ဝ အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ဖြစ်ပေါ်လာခဲ့သည့်စက်သုံးဆီရှားပါးမှုကို ကြိုတင်ကာကွယ်ရန်အတွက် စက်သုံးဆီသုံးစွဲမှုကို ချွေတာလျော့ချရန်ရည်ရွယ်၍ အစိုးရရုံးဌာနများမှ အရာထမ်း၊ အမှုထမ်းများသည် သက်ဆိုင်ရာရုံးဌာနများသို့ သွားရောက်ခြင်းမပြုဘဲ မိမိနေထိုင်ရာ နေအိမ်၊အဆောင်များတွင်သာ ရုံးလုပ်ငန်း ဆောင်ရွက်ခြင်းအား၂၀၂၆၊ မတ်လ ၂၅ ရက်နေ့မှစတင်ပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တွင် (work from home) ဆောင်ရွက်သွားကြရန် သတ်မှတ်ကြေညာခဲ့သည်။ ထို အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းတွင် (work from home) ဆောင်ရွက် သွားကြရန် သတ်မှတ်ကြေညာချက်အား အောက်တိုဘာ ၁၀ ရက်မှ စ၍ ပယ်ဖျက်လိုက်ကြောင်း သတင်းရရှိသည်။ Source-MRTV

မမြဆည် အခြေနေမှန် ပြည်သူများသိရှိစေရန်အသိပေးပန်ကြားချက် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၈နာရီအချိန်တွင် မြန်အောင်ခရို
+5
မမြဆည် အခြေနေမှန် ပြည်သူများသိရှိစေရန်အသိပေးပန်ကြားချက် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၈နာရီအချိန်တွင် မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ၊ တမံထိပ်မျက်နှာပြင် ပေတိုင် ၉+၉၀၀ နှင့် ၁၀+၀၀၀ ပေတိုင်အကြား အလျား ၈၀ ပေခန့်၊ ပျမ်းမျှအကျယ် ၁လက်မခန့်၊ ပျမ်းမျှအနက် ၆လက်မခန့် အက်ကြောင်းဖြစ်ပေါ်ခဲ့ပြီး အဆိုပါပေတိုင်အတွင်း တမံဆင်ခြေလျှော အလျား ၁၀၀ ပေခန့်၊ အနက် ၆ လက်မခန့် နိမ့်ကျမှုဖြစ်ပေါ်ခဲ့ရာ တမံထိပ် အပြင်အက်ကြောင်းအား သဲဖြည့်ခြင်း၊ ရေစိမ့်ဝင်ခြင်းမရှိစေရန် ပလတ်စတစ်ဖြင့် အုပ်မိုးကာကွယ်ခြင်း လုပ်ငန်းများကို ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး(၉) ညွှန်ကြားရေးမှူး နှင့် တာဝန်ရှိသူများ၊ မြန်အောင်ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတို့၏ အနီးကြီးကြပ် ကွပ်ကဲမှုဖြင့်ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ အောက်တိုဘာလ ၉ ရက်နေ့ ည ၉နာရီအချိန်တွင် အဆိုပါတာတမံထိပ် မျက်နှာပြင်ပေတိုင် ၉+၉၀၀ နှင့် ၁၀+၀၀၀ပေ အကြားတွင် အလျား၂၀၀ ပေခန့်၊ အကျယ်၂၅ ပေခန့်၊ အမြင့် ၁၀ပေခန့် တမံဆင်ခြေလျှော လျှောချမှု ထပ်မံဖြစ်ပွားခဲ့ပြီး မူလတမံထိပ်ပြင်၏ အောက်ဘက်သို့ ၂၅ပေခန့် နိမ့်ကျခဲ့ပါသည်။ လက်ရှိတွင် မမြရေလှောင်တမံ တမံရေပြင်၏ နိမ့်မြင့်အမှတ် ၃၁၅ပေအား သိုလှောင်ထိန်းသိမ်းထားရှိကာ နိမ့်မြင့်အမှတ် ၃၀၅ ပေသို့ သိုလှောင်ရေ ၁၀ ပေ လျှော့ချနိုင်ရန်အတွက် တမံ၏အရေးပေါ် ရေပိုလွှဲမှ ရေထုတ်လွှတ်နိုင်ရေး စက်ယန္တရားများအသုံးပြု၍ ဆောင်ရွက်လျက်ရှိပြီး ၎င်းရေများသည် ရေဝါချောင်းမှတဆင့် မမြချောင်း၊ မမြချောင်းမှ တစ်ဆင့်ငဝန်မြစ်အတွင်းသို့ စီးဆင်းသွားခြင်းဖြစ်၍ ပတ်ဝန်းကျင်ကျေးရွာစိုက်ဧကများ ထိခိုက်မှုမရှိပါကြောင်းသိရသည်။ ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် ယနေ့နံနက် ၇နာရီအချိန်တွင် ရောက်ရှိပြီး တမံလျှောအိကျသည့်နေရာအား ကြည့်ရှုစစ်ဆေးကာ ကာကွယ်ရေး လုပ်ငန်းစဉ်ဖြစ်သည့် တာတမံတာအခြေထောက်ခြင်းလုပ်ငန်းများ လျင်မြန်စွာဆောင်ရွက်နိုင်ရေး၊ အရေးပေါ်ရေပိုလွှဲမှ ရေထုတ်လွှတ်စီးဆင်းရန် စက်ယန္တရားအသုံးပြု၍ တူးဖော်ဆောင်ရွက်နေမှု၊ ဆည်ရေဝင်ရောက်နိုင်သည့် စမ်းရွာကြီးကျေးရွာအုပ်စု၊ ဥယျာဉ်ကွင်းကျေးရွာ၊ မရွေးကုန်းကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာ၊ ငါးဘတ်ကျကျေးရွာအုပ်စု၊ ရေနံချက်ဖိုကုန်းကျေးရွာတို့ရှိ လူဦးရေ ၉၀၀ဦး ခန့်အား ရေလွတ်ရာကုန်းမြင့်ဒေသများသို့ ကြိုတင်ပြောင်းရွှေ့နိုင်ရေးဆောင်ရွက်နေမှုများကို ကြီးကြပ်ကွက်ကဲ ဆောင်ရွက်လျက်ရှိပြီး ဆည်မြောင်းနှင့်ရေးအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးအုပ်ချုပ်ရေးကော်မတီများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကာ စက်ယန္တရားများအသုံးပြု၍ တာအခြေထောက်ခြင်းလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။ Source- Ayarwady Redion Government

မြန်မာ့ပေါ်ဆန်း World Best Rice Award 2026 ရရှိမှုအပေါ် နိုင်ငံတော်သမ္မတ ဂုဏ်ပြုသဝဏ်လွှာပေးပို့
+1
မြန်မာ့ပေါ်ဆန်း World Best Rice Award 2026 ရရှိမှုအပေါ် နိုင်ငံတော်သမ္မတ ဂုဏ်ပြုသဝဏ်လွှာပေးပို့

photo content

၂၀၂၆ ခုနှစ် အောက်တိုဘာ (၇) ရက်မှ (၁၀)ရက်အထိ အမေရိကန်ပြည်ထောင်စုအခြေစိုက် International Commodity Institute, The Rice Trader အ
+1
၂၀၂၆ ခုနှစ် အောက်တိုဘာ (၇) ရက်မှ (၁၀)ရက်အထိ အမေရိကန်ပြည်ထောင်စုအခြေစိုက် International Commodity Institute, The Rice Trader အဖွဲ့အစည်းက ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ကျင်းပသော International World Rice Conference 2026 တွင် မြန်မာ့ ပေါ်ဆန်းဆန်သည် World Best Rice Award ဆုကို ထိုက်ထိုက်တန်တန် ချီးမြှင့်ခြင်းခံရကြောင်း သိရှိရသည်။ ၂၀၁၁ ခုနှစ်၊ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တွင်ကျင်းပသော နိုင်ငံတကာဆန်စပါးညီလာခံ နှင့် ဆန်အမျိုးအစားများပြပွဲနှင့် ယှဉ်ပြိုင်ပွဲ တွင် မြန်မာပေါ်ဆန်းသည် ကမ္ဘာ့အကောင်းဆုံးဆန် (World Best Rice Award) ကို လက်ခံရရှိခဲ့ပြီး ယခု ရရှိမှုသည် ဒုတိယအကြိမ် ဖြစ်ကြောင်း သိရှိရပါသည်။ Photos- MRF

အယ်လ်နီညိုအတွက် ကြိုတင်ပြင်ဆင်ကြပါစို့
အယ်လ်နီညိုအတွက် ကြိုတင်ပြင်ဆင်ကြပါစို့