Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
前往频道在 Telegram
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
显示更多📈 Telegram 频道 Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲 的分析概览
频道 Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲 (@educationalchannelmm) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 28 095 名订阅者,在 教育 类别中位列第 6 936,并在 缅甸 地区排名第 5 208 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 28 095 名订阅者。
根据 26 十月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 859,过去 24 小时变化为 -14,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 16.06%。内容发布后 24 小时内通常能获得 4.02% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 4 513 次浏览,首日通常累积 1 130 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 15。
📝 描述与内容策略
作者将该频道定位为表达主观观点的平台:
“You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019”
凭借高频更新(最新数据采集于 27 十月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 教育 类别中的关键影响点。
28 095
订阅者
-1424 小时
+1787 天
+85930 天
帖子存档
မုန့်ဘိုးနဲ့_ရိုက်ချိုးခဲ့ကြပြီ
👉👉👉🙏🙏🙏👈👈👈
မိဘ ဘိုးဘွား
လူကြီးများရဲ့မေတ္တာစေတနာက
တချို့အရာတွေမှာ
လူငယ်တွေရဲ့ စိတ် နဲ့
လူမျိုးဘာသာရဲ့
ဓလေ့ကောင်းတွေကို
တိမ်းစောင်းပျက်စီးစေတတ်ပါတယ်။
#ဒီစကားအတွက်
သက်သေကတော့ - - -
မကြာခင် ရက်ပိုင်းအတွင်းမှာ
သီတင်းကျွတ်အခါ
ရောက်လာပါတော့မယ်။
သီတင်းကျွတ်ရောက်ရင်
မြန်မာလူမျိုးတို့ရဲ့အစဥ်အလာအရ
သားသမီး မြေးမြစ် တူ တူမ
တပည့်စတဲ့ လူငယ်တွေက
ကန်တော့ကြပါတယ်။
#ကန်တော့တယ်ဆိုတာ -
မိဘ ဘိုးဘွား ဆရာသမား
လူကြီးသူမတွေအပေါ်
ပြစ်မှားမိတဲ့အပြစ်များရှိခဲ့ရင်
အပြစ်ကျေဘို့ ၊
အပြစ်မရှိရင်လည်း ကုသိုလ်ရဘို့
ကန်တော့ကြတာဖြစ်တယ်။
#မိဘဘိုးဘွားဆရာသမားဆိုတာ
ကိုယ့်သားသမီး တပည့်က
တမြတ်တနိုးလာပြီး ကန်တော့ရင်
ဝမ်းသာ ကြည်နူးကြပါတယ်။
တတ်နိုင်တဲ့
လူတန်းစားတချို့ဆီက
စတင်ပေါက်ဖွားလာတာထင်ပါရဲ့ ---
ကိုယ့်ဆီလာကန်တော့တဲ့
လူငယ်တွေကို ဝမ်းသာ အားရနဲ့
#သိတတ်တဲ့ခလေး
ကိုယ်ကလည်း
တတ်နိုင်တဲ့သူဖြစ်လေတော့
ခလေးကို မုန့်ဘိုးပြန်ပေးပြီး
အသိအမှတ်ပြုကြတယ်။
ဒီလိုနဲ့ ခလေး နဲ့ လူကြီး
ကန်တော့တာတွေ
မုန့်ဘိုးပြန်ပေးတာတွေ
လူထုကြားထဲ ပြန့်နှံ့သွားပြီး၊
ခလေးတွေရဲ့ အသိထဲမှာ
ကန်တော့ရင်
မုန့်ဘိုးရတယ်၊
ကန်တော့ခံတဲ့သူက
ကန်တော့တဲ့သူကို
ဖြစ်ပေါ်နေတော့တယ်။
တကယ်ကို
ဖြူစင်ကောင်းမြတ်တဲ့အကျင့်
ဖြူစင်ကောင်းမြတ်တဲ့စိတ်ထားကို
မေတ္တာနဲ့ တုန့်ပြန်ကြတဲ့
ရိုက်ချိုးသွားကြလေရဲ့။
🙏🙏🙏
ဖြူဖြူစင်စင်
ကန်တော့နိုင်ကြပါစေ၊
မုန့်ဘိုးလိုချင်လို့
ကန်တော့တာမျိုးမှ
ကင်းဝေးကြပါစေ။
KBZ pay က ဒီလိုစာပို့လာရင် 3211ကိုဖုန်းဆက်ပီး Pin noပြောင်းတာမျိုး လုံးဝ လုံးဝ မလုပ်ပါနဲ့နော်
ပထမဆုံး Season expire ပေါ်လာပီးAccကထွက်သွားပါတယ် logပြန်ဝင်ဖို့ကုဒ်တောင်းပီး ကုဒ်ဖြည့် Pinထည့်တဲ့အချိန်မှာ အောက်ကစာကိုပို့လာတာပါ စာရောက်ပီးချက်ချင်း Accကပြန်ပီး log outဖြစ်သွားပါတယ်
ကိုယ်ကကံကောင်းသွားတာက အရှေ့၂ရက်လောက်က
အစ်မတစ်ယောက်တင်ထားတဲ့ Kpay call center ကိုဖုန်းဆက်ပီးpinပြောင်းတဲ့အထဲက Accထဲရှိတာအကုန်ပါသွားတယ်ဆိုတဲ့ပို့စ်ကိုသတိရသွားလို့ Pinကို အပြင်က Kbz centerမှာပဲသွားပြောင်းတော့မယ်ဆိုပီး ဖုန်းစက်ရှင်းပီးဒီအတိုင်းထားလိုက်တာ
အချိန်နည်းနည်းကြာပီး နောက်တစ်ခေါက်appထဲပြန်ဝင်တဲ့အချိန်ကျ Accက loginပြန်ဖြစ်နေပီး ငွေAmountလဲမူလအတိုင်းကျန်နေခဲ့တာပါ
တကယ်လို့ call center ကိုဖုန်းဆက်ပီး Pinသာပြောင်းလိုက်ရင်အကုန်ပါသွားမှာပါ
KBZ payက လူတွေကိုယ်တိုင်များ လိမ်ထုတ်နေကြတာလား သတိထားစရာပါ!!!!
+1
#အင်္ဂလိပ်စာစွမ်းရည်အတွက်
#နှုတ်ဆက်စကားလေး
#Example👇
#English Self-Introduction Speech
👉 Good morning, judges, headmistress, teachers, and my friends.
My name is Phway Phway.
I am a Grade 8 student from post Primary school ,Ottara Thiri Township.
I’m very happy to have this chance to speak in front of you today.
I am thirteen years old, and I live with my family in Ottara Thiri Township.
My favorite subject is English, because it is very useful and helps me communicate with people around the world.
In my free time, I like reading books, listening to music, and learning English.
In the future, I want to be a teacher, because I love helping others to learn.
That’s all about me.
Thank you very much for your attention.
🗣 ပြောတဲ့အခါ
👉“Good morning, judges…” မှာ
အသံတက်တက်နဲ့ ပြောပါ။
☺️မျက်နှာပြုံးပြီး စကားလုံးတစ်လုံးစီ သန့်သန့်ရှင်းရှင်းပြောပါ။
💁နောက်ဆုံး “Thank you very much for your attention.” မှာ နည်းနည်းခေါင်းညိတ်ပြီးပြောပါ။
#အဆင်ပြေပါစေရှင်
#credit ပြည်ချစ်ဖွေး 📗
+9
၂၀၂၆-၂၀၂၇ပညာသင်နှစ် Grade 9 ဗဟိုဆင့် အသေးစိတ်အညွှန်းဇယားများ
#grade9
#TOS
#Education
+9
၂၀၂၆ ခုနှစ်၊ အထိမ်းအမှတ်နေ့များနှင့်
ဆောင်ပုဒ်များ
#အထွေထွေ
#LYC
#သတင်းစာ
+9
၂၀၂၆-၂၀၂၇ ပညာသင်နှစ် Grade 5 ဗဟိုဆင့် အသေးစိတ်အညွှန်းဇယားများ
#grade5
#TOS
#Education
+4
မြန်မာစာ မြန်မာစကားကို နှစ်သက်မြတ်နိုးတန်ဖိုးထားကြသော စာဖတ်ပရိသတ်များ စိတ်၏ ချမ်းသာ ခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။ ဒီနေ့တင်ပြမဲ့ အကြောင်းအရာကတော့ ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)၏ မြန်မာစာစကားဝိုင်း(၁)မှ စာလုံးပေါင်းသတ်ပုံ မှတ်မိအောင် လုပ်တဲ့နည်းတချို့နှင့် စာလုံးတိုင်းကို ပုံသေသတ်မှတ်လို့ မရကြောင်း၊ သတ်ပုံသတိထားရင် မမှားကြောင်းကို ဖော်ပြထားသော ဆောင်းပါးဖြစ်ပါသည်။
#လူရည်ချွန်ရွေးချယ်ရေးဆိုင်ရာ
ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးခြင်း စည်းမျဥ်းအသစ်
၂၀၂၅-၂၀၂၆ ပညာသင်နှစ် စည်းမျဥ်း နှင့်
၂၀၂၆-၂၀၂၇ ပညာသင်နှစ် စည်းမျဥ်း(သစ်)
#နှိုင်းယှဥ်ကြည့်ရန်
၂၀၂၇ ဇယား
အိမ်ကသမီးတက်နေတဲ့ UTC အကြောင်း
မေးနေကြလို့ ကိုယ်သိသလောက်ကို
ပြန်ရေးပြတာပါ။
မှားတာရှိလဲ ပြင်ပေးကြပေါ့😁
UTC ဆိုတာ University Training Corps (တက္ကသိုလ်လေ့ကျင့်ရေးတပ်) ကို ခေါ်တာပါ။တက္ကသိုလ်၊ ကောလိပ်တက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ သက်ဆိုင်တဲ့ စစ်ပညာလေ့ကျင့်ရေးအစီအစဉ်တစ်ခု ဖြစ်ပါတယ်။ တက္ကသိုလ်အရန်တပ်ရင်း လို့လဲခေါ်ပါတယ်။
UTC မှာ ဘာတွေ သင်ရလဲဆိုတော့
ကိုယ်ကာယကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ
စစ်ရေးပြနှင့် စည်းကမ်းလိုက်နာမှု
မြန်မာ့သိုင်း
လက်နက်ငယ်ဆိုင်ရာ သင်ခန်းစာများ
စစ်မြေပြင်အခြေခံကျွမ်းကျင်မှုနှင့် နည်းဗျူဟာ
စစ်မြေပြင်အင်ဂျင်နီယာဆိုင်ရာ သင်ခန်းစာများ
ရှေးဦးသူနာပြုစုနည်း
စခန်းချလေ့ကျင့်ရေးနှင့် ပစ်ခတ်လေ့ကျင့်ခန်းများ
(သင်တန်းအမျိုးအစား၊ တပ်ဖွဲ့နဲ့ သင်တန်းကာလအလိုက် သင်ရိုးအသေးစိတ် ကွာခြားနိုင်ပါတယ်။)
သင်တန်းကာလက
ပထမနှစ် အခြေခံစစ်ပညာသင်တန်း
ဒုတိယနှစ် အခြေခံစစ်ပညာသင်တန်း
ပထမနှစ် တန်းမြင့်စစ်ပညာသင်တန်း
ဒုတိယနှစ် တန်းမြင့်စစ်ပညာသင်တန်း
(ကျောင်းတက်နေတဲ့ ကာလတလျှောက်လုံးပဲ နှစ်အလိုက် လက်မောင်းက ဘားလေးတွေ တိုးလာတယ်)
တက္ကသိုလ်၊ ကောလိပ်တို့မှာ အချိန်ပြည့်တက်ရောက်နေသူ ဖြစ်ရမယ်။
ကိုယ်ကာယကျန်းမာကြံ့ခိုင်ပြီး လေ့ကျင့်ခန်းတွေ လုပ်နိုင်ရမယ်။
သင်တန်းကို ပုံမှန်တက်ရောက်နိုင်ရမယ်။
စခန်းချလေ့ကျင့်ရေးတွေမှာ ပါဝင်နိုင်ရမယ်။
(တပတ်မှာ ဘယ်နှရက်ဆိုပြီး သင်တန်းရက်တွေရှိပါတယ် စာသင်ချိန်ကို မထိခိုက်ပါဘူး)
သင်တန်းတက်ရင် လစာ၊ ထောက်ပံ့ကြေး
အနေနဲ့က
စစ်ဝတ်စုံ ၉ မျိုး။
ပုံမှန်သင်တန်းတက်ချိန်မှာ ခရီးအကွာအဝေးအပေါ်မူတည်ပြီး ခရီးစရိတ်။
စခန်းချလေ့ကျင့်ရေးကာလမှာ ရာထူးအဆင့်အလိုက် လစာရတယ်။
UTC ကိုဘယ်နေရာတွေမှာဖွင့်လဲဆိုတော့
သင်တန်းဖွင့်လှစ်ရာ နေရာ ၇ နေရာရှိတယ်လို့တော့ လေ့လာရတာပဲ။
၁-နေပြည်တော်
၂-တောင်ကြီး
၃-မော်လမြိုင်
၄-ရန်ကုန်၊ ကမာရွတ်
၅-ပုသိမ်
၆-မန္တလေး၊ အမရပူရ
၇-တောင်ငူ
မရှိသေးတဲ့နေရာတွေက မိဘတွေကတော့
ကိုယ့်သားသမီးတွေ ကို တက်စေချင်တဲ့
အကြောင်း အစိုးရကို ပူဆာကြည့်ပါလား😁
ကိုယ်ကတော့ ဘာလို့ တက်ခိုင်းလဲဆိုရင်
အမြဲ ဖုန်းနဲ့မျက်နှာမခွာတဲ့ သူတွေ အတွက်
ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးတယ်လို့
သဘောထားပါတယ်။
Day စာမေးပွဲဖြေပြီး တစ်လလုံး မိုးရာသီ
စခန်းချလေ့ကျင့်ရေး ဆိုပြီး camp ဝင်ရတော့ သူငယ်ချင်းတွေနဲ့ အပြင်သွားပြန်ပြီလားဆိုပြီး အော်ရတာ သက်သာပါတယ်။
စစ်ပညာနဲ့ ပတ်သက်ပြီး အခြေခံလောက်
တက်ထားလဲ ကောင်းပါတယ်လို့
တွေးပါတယ်။
အဖွဲ့အစည်း နဲ့ စည်းကမ်းတကျ နေထိုင် တတ်ဖို့ကလဲ လူ့အဖွဲ့အစည်းမှာ အရေးကြီးပါတယ်။
လူတိုင်းက ကိုယ့်အမြင်နဲ့ကိုယ်မို့
အမြင်မတူဘူးဆိုရင် ကျော်သာသွားကြပါ။
ကိုယ့်သားသမီး ကို ဘယ်နေရာပဲ ထားထား
ဘာသင်တန်းပဲ တက်ခိုင်းတက်ခိုင်း
သားသမီးက စိတ်ပါဝင်စားပြီး
တနေရာရာမှာ အသုံးပြန်ချနိုင်ဖို့ပဲ
လိုပါတယ်။
