MFSD
前往频道在 Telegram
- မီးဘေးလုံခြုံရေး။ - သဘာဝဘေးအန္တရာယ် ကာကွယ်ရေး။ - ရှာဖွေကယ်ဆယ်ရေး။ - ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး။
显示更多5 635
订阅者
+1724 小时
+677 天
+6330 天
数据加载中...
吸引订阅者
九月 '26
九月 '26
+112
在10个频道中
八月 '26
+97
在7个频道中
Get PRO
七月 '26
+263
在8个频道中
Get PRO
六月 '26
+194
在8个频道中
Get PRO
五月 '26
+91
在8个频道中
Get PRO
四月 '26
+290
在10个频道中
Get PRO
三月 '26
+539
在16个频道中
Get PRO
二月 '26
+823
在19个频道中
Get PRO
一月 '26
+223
在8个频道中
Get PRO
十二月 '25
+185
在6个频道中
Get PRO
十一月 '25
+188
在13个频道中
Get PRO
十月 '25
+175
在9个频道中
Get PRO
九月 '25
+90
在8个频道中
Get PRO
八月 '25
+55
在5个频道中
Get PRO
七月 '25
+93
在7个频道中
Get PRO
六月 '25
+87
在17个频道中
Get PRO
五月 '25
+165
在18个频道中
Get PRO
四月 '25
+248
在16个频道中
Get PRO
三月 '25
+265
在11个频道中
Get PRO
二月 '25
+216
在15个频道中
Get PRO
一月 '25
+197
在8个频道中
Get PRO
十二月 '24
+126
在9个频道中
Get PRO
十一月 '24
+134
在7个频道中
Get PRO
十月 '24
+115
在10个频道中
Get PRO
九月 '24
+114
在8个频道中
Get PRO
八月 '24
+205
在10个频道中
Get PRO
七月 '24
+74
在7个频道中
Get PRO
六月 '24
+34
在4个频道中
Get PRO
五月 '24
+74
在4个频道中
Get PRO
四月 '24
+1 102
在3个频道中
Get PRO
三月 '24
+50
在0个频道中
Get PRO
二月 '24
+41
在4个频道中
Get PRO
一月 '24
+23
在0个频道中
Get PRO
十二月 '23
+670
在3个频道中
| 日期 | 订阅者增长 | 提及 | 频道 | |
| 18 九月 | 0 | |||
| 17 九月 | +22 | |||
| 16 九月 | +6 | |||
| 15 九月 | +4 | |||
| 14 九月 | +7 | |||
| 13 九月 | +33 | |||
| 12 九月 | +4 | |||
| 11 九月 | +5 | |||
| 10 九月 | +1 | |||
| 09 九月 | +3 | |||
| 08 九月 | +5 | |||
| 07 九月 | +1 | |||
| 06 九月 | +3 | |||
| 05 九月 | +7 | |||
| 04 九月 | +4 | |||
| 03 九月 | +1 | |||
| 02 九月 | +5 | |||
| 01 九月 | +1 |
频道帖子
၁၈.၉.၂၀၂၆ ရက်နေ့၊ ၂၀ ၃၅ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၁၆)ရပ်ကွက်၊ အောင်ဓမ္မရိပ်သာလမ်း တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် လှိုင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး ထွက်ခွာလျက်ရှိပါသည်။
| 2 | ၁၈.၉.၂၀၂၆ ရက်နေ့၊ ၀၉ ၂၀ အချိန်ခန့်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ခမောက်ကြီးချောင်းရေလျှံမှုကြောင့် အမှတ်(၁)ရပ်ကွက်ရှိ နေအိမ်များအတွင်း ရေဝင်ရောက်နေကြောင်း သတင်းရရှိသဖြင့် ခမောက်ကြီးနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူပေါင်း၍ ရေဝင်ရောက်နေသည့် အိမ်ထောင်စုများအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ပါသည်။ | 523 |
| 3 | ၁၈.၉.၂၀၂၆ ရက်နေ့၊ ၀၆ ၂၆ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ (၂)ရပ်ကွက်၊ ရန်အောင်လမ်းသွယ်(၁)၊ ဆောက်လုပ်ရေးဝင်းအတွင်းရှိ ဝန်ထမ်းလိုင်းခန်းပေါ်သို့ သစ်ပင်လဲကျနေကြောင်း သတင်းရရှိသဖြင့် ရန်ကင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ | 624 |
| 4 | ၁၇.၉.၂၀၂၆ ရက်နေ့၊ ၂၃ ၅၀ အချိန်ခန့်၊ ရှမ်းပြည်နယ်၊ ဟဲဟိုးမြို့၊ ဝါးရုံပင်ကျေးရွာအနီး၊ ပြည်ထောင်စုလမ်းမကြီးတွင် အောင်ပန်းမှ တောင်ကြီးသို့ မောင်းနှင်လာသော ယာဉ်(၁)စီးသည် အရှိန်မထိန်းနိုင်ပဲ သစ်ပင်အားဝင်တိုက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဟဲဟိုးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၁)ဦး (ေ-သ)ဆုံအား မြစေတနာအသင်းမှ သူနာတင်ယာဉ်ဖြင့် တောင်ကြီးမြို့နယ် စဝ်စံထွန်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။ | 620 |
| 5 | ၁၇.၉.၂၀၂၆ ရက်နေ့၊ ၂၀ ၄၃ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၆၄)ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီး၊ အမှတ်(၁၄၈)သစ်စက်ဝန်းအတွင်းတွင် သစ်ပင်လဲကျနေကြောင်း သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ | 780 |
| 6 | ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ချောင်းဖျားကျေးရွာရှိ ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တာမိုင်(၁၁/၅)၊ (၁၁/၆)ကြားတွင် ဆည်မြောင်းတာအိပဲ့ကျမှုဖြစ်ပွားသဖြင့် ၁၇.၉.၂၀၂၆ ရက်နေ့၊ ၀၇ ၃၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီးမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မအူပင်ခရိုင်မီးသတ်စခန်းနှင့် ညောင်တုန်းမြို့နယ်မီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် များသည် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်း၍ ဝါးကတုတ်ရိုက်ခြင်း၊ သဲဖို့ခြင်း၊ သဲအိတ်စီခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါ သည်။ | 944 |
| 7 | ၁၇.၉.၂၀၂၆ ရက်နေ့၊ ၀၈ ၃၀ အချိန်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ သံလျှက်မှော်တောင်ရပ်ကွက်၊ ကန်တော်ကြီးအနီးတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်လဲကျပြီး နေအိမ်ပေါ်သို့ ပိမိနေကြောင်း သတင်းရရှိသဖြင့် ချမ်းမြသာစည်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ သံလျှပ်မှော်တောင်အရန်မီးသတ်စခန်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပါသည်။ | 905 |
| 8 | ၁၇.၉.၂၀၂၆ ရက်နေ့၊ ၀၈ ၂၁အချိန်ခန့် ၊ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ (၂)ရပ်ကွက်၊ မဟာဗန္ဓုလပန်းခြံလမ်းနှင့်အနော်ရထာလမ်းထောင့်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် Level 1ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။ | 2 412 |
| 9 | ၁၇.၉.၂၀၂၆ ရက်နေ့၊ ၀၇ ၀၀ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်၊ ရွှေဂွမ်းထုပ်ရပ်ကွက်၊ ဖန်ချက်ရပ်၊ အမကစာတိုက်တန်း အခြေခံပညာမူလတန်းကျောင်းအဝန်းအတွင်း သစ်ပင်
လဲကျမှုဖြစ်ပွားကြောင်သတင်းရရှိသဖြင့် အမရပူရမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တတ်ဖွဲ့ဝင်းများဖြင့် ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပါသည်။ | 953 |
| 10 | ၁၇.၉.၂၀၂၆ ရက်နေ့၊ ၀၂ ၅၈ အချိန်ခန့်၊ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ဘုန်းတော်ပြည့်ကျေးရွာအုပ်စု၊ အိုးဘိုကျေးရွာတွင် နေအိမ်မီးလောင်နေကြောင်း သတင်း ရရှိသဖြင့် နတ်မောက်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ် ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာ ငြှိမ်းသတ်ခဲ့ရာ ၀၃ ၄၀ အချိန်တွင် မီးငြိမ်းပါသည်။ | 925 |
| 11 | #မီးလောင်မှုနှင့်သဘာဝဘေးအန္တရာယ်များ၊အခြားရုတ်တရက်ဖြစ်ပွားသောဘေးအန္တရာယ်များကြုံတွေ့ပါကမီးသတ်ဦးစီးဌာန၏အရေးပေါ်ဖုန်းနံပါတ်များသို့ဆက်သွယ်သတင်းပေးပို့အကူအညီတောင်းခံနိုင်ပါသည်။
#အရေးပေါ်ဆက်သွယ်ရန်ဖုန်းနံပါတ်များ
#Hotline
#191
#မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်(ကွပ်ကဲ)
#၀၁၈ ၆၆၆၉၁၂
#၀၁၈ ၆၆၆၉၁၃ | 1 |
| 12 | ၁၆.၉.၂၀၂၆ ရက်နေ့၊ ၂၁ ၃၅ အချိန်ခန့်၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်တွင် နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြစ်ကြီးနားမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၂၂ ၀၀ အချိန်တွင် မီးငြိမ်းပါသည်။ | 960 |
| 13 | ၁၆.၉.၂၀၂၆ ရက်နေ့၊ ၂၂ ၂၀ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရန်ကုန်-မန္တလေးမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၇၄/၄) တွင် သစ်ပင်လဲကျနေကြောင်း သတင်းရရှိသဖြင့် ကျောက်ဆည်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ Myanmar Rescue အသင်းမှ အဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ | 974 |
| 14 | ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ချောင်းဖျားကျေးရွာရှိ ညောင်တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ) တာမိုင်(၁၁/၅)၊ (၁၁/၆)ကြားတွင် ဆည်မြောင်းတာအိပဲ့ကျမှုဖြစ်ပွားသဖြင့် ၁၆.၉.၂၀၂၆ ရက်နေ့၊ ၀၇ ၃၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီးမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မအူပင်ခရိုင်မီးသတ်စခန်းနှင့် ညောင်တုန်းမြို့နယ်မီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်သူများနှင့်ပူးပေါင်း၍ ဝါးကတုတ်ရိုက်ခြင်း၊ သဲဖို့ခြင်း၊ သဲအိတ်စီခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ | 1 012 |
| 15 | ၁၆.၉.၂၀၂၆ ရက်နေ့၊ ၁၀ ၃၄ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်၊ အကွက်အမှတ်(၁၉/ခ)၊ (၇၉)လမ်းနှင့် (၃)လမ်းထောင့်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အောင်မြေသာစံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ အမရဌာနီအရှေ့အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဉပုသ်တော်အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အိုးဘိုရွှေကျင်အရန်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ မေဃဂီရိအရန်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၀ ၄၃ အချိန် မီးငြိမ်းပါသည်။ | 774 |
| 16 | လေးမျက်နှာမြို့နယ်၊ ငဝန်တာ၏ အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်စဉ်တွင် မီးသတ်တပ်ဖွဲ့ဝင်များသည် တာကျိုးနေရာ၌သဲအိတ်များဖြည့်ခြင်း၊ သဲအိတ်များဖို့ခြင်း၊ ရေရှောင်စခန်းများနှင့် ရေဝင်ရောက်သည့် ကျေးရွာများသို့ စားရေရိက္ခာ၊ သောက်သုံးရေများ ပို့ဆောင်ပေးခြင်း၊ ဌာနဆိုင်ရာဝန်ထမ်းများ၊အဖွဲ့အစည်းများ၊ အလှူရှင်များအား ရေဘေးရှောင်စခန်းများ၊ ရေဝင်ရောက်သည့် ကျေးရွာများနှင့် တာတမံနိမ့်ကျသည့်နေရာသို့ ပို့ဆောင်ပေးခြင်း၊ ဒေသခံပြည်သူများ ကျန်းမာရေးနှင့် လူမှုရေးကိစ္စများဖြင့် သွားရောက်လိုပါက ကူညီပို့ဆောင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ | 876 |
| 17 | ၁၆.၉.၂၀၂၆ ရက်နေ့၊ ၀၉ ၄၀ အချိန်ခန့်၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ မင်္ဂလာသိဒ္ဓိရပ်ကွက်၊ ကံ့ကော်အိမ်ယာ၊ တိုက်အမှတ်(၂၂၆)တွင် မြွေတစ်ကောင် ဝင်နေကြောင်း အကူအညီတောင်းလာသဖြင့် နေပြည်တော်ဗဟိုမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ဖမ်းပေးခဲ့ပြီး ဘေးလွတ်ရာသို့ လွှတ်ပေးခဲ့ပါသည်။ | 617 |
| 18 | ၁၆.၉.၂၀၂၆ ရက်နေ့၊ ၀၅ ၃၅ အချိန်၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဈေးချိုရပ်ကွက်၊ ကိုယ်ရံတော်ရပ်နှင့်ပုလွေတန်းရပ်ကြားရှိ လမ်းပေါ်တွင် မိုးရွာသွန်းမှုကြောင့် သစ်ပင်အမြစ်လန်၍ တစ်ဖက်လမ်းရှိ အိမ်ပေါ်နှင့် လျှပ်စစ်မီးကြိုးများပေါ်သို့ ပိမိနေကြောင်း သတင်းရရှိသဖြင့် အမရပူရမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရှမ်းကလေးကျွန်းအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ | 949 |
| 19 | ၁၆.၉.၂၀၂၆ ရက်နေ့၊ ၀၃ ၁၈ အချိန်၊ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကျိုက္ကော်ရပ်ကွက်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမဘေးတွင် နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သထုံခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သထုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ကျိုက္ကော်အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သိမ်ဆိပ်အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ တံတားဦးအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၀၃ ၄၅ အချိန် မီးငြိမ်းပါသည်။ | 750 |
| 20 | ၁၅.၉.၂၀၂၆ ရက်နေ့၊ ၂၀ ၄၁ အချိန်၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊ ပြည်(၁)လမ်းတွင် နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ပုဗ္ဗသီရိမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ တပင်ရွှေထီးနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီးဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၂၁ ၀၅ အချိန်တွင် မီးငြိမ်းပါသည်။ | 886 |
