MOI
前往频道在 Telegram
📈 Telegram 频道 MOI 的分析概览
频道 MOI (@iprdrnd) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 20 530 名订阅者,在 教育 类别中位列第 9 624,并在 缅甸 地区排名第 6 838 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 20 530 名订阅者。
根据 25 九月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -347,过去 24 小时变化为 -15,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 1.81%。内容发布后 24 小时内通常能获得 1.78% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 371 次浏览,首日通常累积 366 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 3。
📝 描述与内容策略
作者将该频道定位为表达主观观点的平台:
“To inform, To educate and To entertain”
凭借高频更新(最新数据采集于 26 九月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 教育 类别中的关键影响点。
20 530
订阅者
-1524 小时
-877 天
-34730 天
帖子存档
20 530
တပ်မတော်အနေဖြင့် တပ်မတော်သားမိသားစုဝင်များ၏ သားသမီးများသာမက တပ်မတော်သားများ၏ ပညာရည်မြှင့်မားစေရေးအတွက်လည်း ဆောင်ရွက်ပေးလျက်ရှိပြီး ပညာရည်မြှင့်မားစေရေးအတွက် လိုအပ်သည်များ စဉ်ဆက်မပြတ် ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ မိဘများအနေဖြင့်လည်း စစ်သည်များ၊ ကလေးငယ်များ၏ ပညာရည်မြှင့်မားရေးကို အလေးပေးဆောင်ရွက်ကြရန်နှင့် တာဝန်ရှိသူများအနေဖြင့် အခွင့်အလမ်းများရရှိအောင် စီမံဆောင်ရွက်ပေးကြရန်လိုကြောင်း။
တစ်ဦးချင်းစီ၏ အရည်အသွေးတိုးတက်စေရေးအတွက် စာပေဖတ်ရှုလေ့လာသွားရန် မဖြစ်မနေလိုအပ်မည်ဖြစ်သဖြင့် အရာရှိ၊ စစ်သည်များအနေဖြင့် မိမိကိုယ်ကိုအကျိုးဖြစ်ထွန်းစေမည့် စာပေဗဟုသုတလေ့လာခြင်းများကို ဆောင်ရွက်ကြရန်လိုကြောင်း၊ စာပေဖတ်ရှုခြင်း၊ အကြောင်းအရာများကို မှတ်သားခြင်း၊ လက်တွေ့ကြုံတွေ့လာရသည့် အခြေအနေတွင် ၎င်းအကြောင်းအရာကို အကျိုးရှိရှိအသုံးပြုခြင်းတို့ကို ဆောင်ရွက်သွားရမည်ဖြစ်ပြီး မိမိတို့သိရှိထားသည့် အကြောင်းအရာများကို အခြားသူများကို မျှဝေပေးခြင်းသည်လည်း ကောင်းမွန်သည့် အမူအကျင့်ကောင်းတစ်ခုပင်ဖြစ်ကြောင်း၊ ထို့ကြောင့် စာပေဖတ်မှတ်လေ့လာခြင်းကို အမြဲမပြတ်ဆောင်ရွက်သွားကြရန်လိုကြောင်း။
ခေါင်းဆောင်မှုနှင့် ပတ်သက်ပါက တပ်မှူးအသီးသီးသည် မှန်ကန်သည့် ဦးဆောင်မှုနှင့် လုပ်ဆောင်ပါက လက်အောက်ငယ်သားများက တပ်မှူးအပေါ် ယုံကြည်မှုရှိလာမည်ဖြစ်ကြောင်း၊ တပ်ရင်း/တပ်ဖွဲ့မှူးများ ခေါင်းဆောင်မှုကောင်းမွန်ပါက လက်အောက်စစ်သည်၊ မိသားစုဝင်များက ယုံကြည်မှုရှိ၍ လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တပ်ရင်း/တပ်ဖွဲ့များရှိ တာဝန်ရှိသူများအနေဖြင့် လက်အောက်၏ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးရန်လိုသဖြင့် ၎င်းတို့နှင့် ထိတွေ့မှုများစွာရှိရမည်ဖြစ်ကြောင်း၊ ထိုသို့ ထိတွေ့မှုများပြုလုပ်ခြင်းသည် စစ်သည်များစိတ်ဓာတ် မြှင့်မားရေးနှင့် တပ်အင်အားတောင့်တင်းခိုင်မာရေးအတွက် လုပ်ဆောင်ရမည့်အချက်ပင်ဖြစ်ကြောင်း၊ ခေါင်းဆောင်သည် လက်အောက်ငယ်သားအပေါ် ကျောသား၊ ရင်သား မခွဲခြားဘဲ အမိအဖစိတ်ထားဖြင့် အုပ်ချုပ်ကွပ်ကဲရန်လိုကြောင်း၊ သို့မှသာမိမိတို့တပ်မတော်၏ အရည်အသွေးတိုးတက်လာမည်ဖြစ်ကြောင်း။
ရေကြောင်းလုံခြုံရေးအပေါ် ခြိမ်းခြောက်မှုများကိုလည်း အမျိုးသားလုံခြုံရေးပြဿနာအဖြစ် ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း၊ အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် ရေကြောင်းလုံခြုံရေးကဏ္ဍအပါအဝင် ခြိမ်းခြောက်မှုများနှင့် ပဋိပက္ခများအပေါ် ကြိုတင်တွက်ဆပြီး မဟာဗျူဟာပန်းတိုင်များ ချမှတ်ကာ ဒေသတွင်းရေတပ်များနှင့် ရင်ဘောင်တန်းနိုင်သော ရေတပ်ဖွဲ့တစ်ခုအဖြစ် အစဉ်မျှော်မှန်းတည်ဆောက်သွားရန်လိုအပ်ကြောင်း၊ မိမိတို့၏ သီးသန့်စီးပွားရေးဇုန်အတွင်းရှိ အချုပ်အခြာအာဏာနှင့် ရေပြင်ပိုင်နက်ကို အကြွင်းမဲ့ကာကွယ်စောင့်ရှောက်ရန်၊ ရေကြောင်းကုန်သွယ်မှု လုံခြုံချောမွေ့စေရေးအတွက် ပင်လယ်ရေကြောင်းလုံခြုံရေးတာဝန်များကို ထိရောက်စွာထမ်းဆောင်ရန်၊ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးနှင့် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ကမ်းလွန်ပင်လယ်ပြင်အထိ အကာအကွယ်ပေးရန် တွန်းမျှော်မှန်း၍ ပြင်ဆင်လေ့ကျင့်နေရန်လိုကြောင်း၊ တပ်မတော် (ရေ) မှ ရဲဘော်ရဲဘက်အားလုံးအနေဖြင့် စွမ်းရည်များ ပြည့်ဝကာ နိုင်ငံတော်နှင့်ပြည်သူကအားကိုးရသည့် ခေတ်မီတပ်မတော် (ရေ) အဖြစ် အစဉ်အမြဲကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်းဖြင့် ပြောကြားပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ၏ လိုအပ်ချက်များကို မေးမြန်းကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။
ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီးတို့သည် ရေတပ်လေ့ကျင့်ရေးဌာနချုပ်၌ ကံ့ကော်ပင်ကို အမှတ်တရစိုက်ပျိုးခဲ့ကြောင်း သတင်းရရှိသည်။
20 530
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ သန်လျင်တပ်နယ်နှင့် ဒလတပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား
နေပြည်တော် စက်တင်ဘာ ၂၆
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ သန်လျင်တပ်နယ်နှင့် ဒလတပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား သန်လျင်တပ်နယ်ခန်းမ၌ တွေ့ဆုံ၍ အမှာစကားပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်နီလာ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် သန်လျင်နှင့် ဒလတပ်နယ်သည် ရန်ကုန်မြို့တော်၏ ပင်လယ်ထွက်ပေါက်ဖြစ်ပြီး ပထဝီအနေအထားအရ အရေးပါသော နယ်မြေများဖြစ်ကြောင်း၊ အလားတူ ပဲခူးတိုင်းဒေသကြီးနှင့် ဆက်စပ်လျက်ရှိပြီး ရန်ကုန်မြို့လယ်ဧရိယာ၏ တစ်ဖက်ကမ်းတွင်ရှိ၍ လုံခြုံရေးအရလည်း အရေးကြီးသော နယ်မြေများဖြစ်ကြောင်း၊ တပ်မတော် (ရေ) အနေဖြင့် မြန်မာ့ပင်လယ်ပြင်ရေပိုင်နက်အား ကာကွယ်နိုင်ရန်အတွက် အင်အားတောင့်တင်းခိုင်မာနေရန်လိုအပ်ကြောင်း၊ တပ်မတော်အကြီးအကဲအဆက်ဆက်တွင် တပ်မတော် (ရေ) အား အင်အားတောင့်တင်းခိုင်မာစေရန် အမြှော်အမြင်ရှိစွာဖြင့် တည်ဆောက်ခဲ့သဖြင့် ပတ်ဝန်းကျင်နိုင်ငံများ၏ လေးစားစောင့်ကြည့်နေသည်အထိ တောင့်တင်းလာခဲ့ကြောင်း၊ နိုင်ငံတော်၏ ရေပိုင်နက်အတွင်း တရားမဝင်ကုန်သွယ်မှုများ၊ မူးယစ်ဆေးဝါးရောင်းဝယ်သယ်ဆောင်မှုများနှင့် ပတ်သက်၍ တားဆီးနှိမ်နင်းနိုင်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သစ္စာရှိစွာဆောင်ရွက်သွားကြရန်လိုကြောင်း၊ တပ်မတော် (ရေ) သည် အရည်အသွေးကောင်းမွန်သော အစဉ်အလာကောင်းများရှိပြီးဖြစ်၍ ဆက်လက်ထိန်းသိမ်းသွားကြရန်လိုကြောင်း၊ တပ်မတော် (ရေ) အနေဖြင့် စစ်ဆင်ရေးတာဝန်များတွင် ခြေလျင်တပ်များနှင့်အတူ ပူးပေါင်းဆင်နွှဲ၍ စွမ်းစွမ်းတမံဆောင်ရွက်နေမှုများကိုလည်း အသိအမှတ်ပြုပါကြောင်း။
မိမိတို့ တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှုများနှင့်အတူ မွေးဖွားလာခဲ့သည့် တပ်မတော်ဖြစ်ပြီး တိုင်းပြည်၏ ခက်ခဲနက်နဲသော သမိုင်းအကွေ့အကောက်တိုင်းတွင် နိုင်ငံတော်နှင့် ပြည်သူကို အမျိုးသားရေးအသိစိတ်ဓာတ်ဖြင့် ရှေ့တန်းကမားမားမတ်မတ် ကာကွယ်စောင့်ရှောက်ခဲ့သည့် သမိုင်းကြောင်းများရှိကြောင်း၊ ထို့ကြောင့် မိမိတို့အားလုံးသည် အမျိုးသားရေးမူဝါဒဖြစ်သည့် တို့တာဝန်အရေးသုံးပါးကို အစဉ်အမြဲ ဦးထိပ်ပန်းဆင်ပြီး သစ္စာရှိစွာ တာဝန်ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း။
တပ်မတော်သည် အခြားသောဌာနဆိုင်ရာများနှင့် ဖွဲ့စည်းမှုအရ၊ လုပ်ငန်းတာဝန်အရ ခြားနားသော သဘောသဘာဝရှိကြောင်း၊ တပ်တွင်းတွင် မိသားစုနှင့်အတူ နေထိုင်၍ လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေကြသည့်အတွက် တပ်မှူးနှင့် ဇနီးတို့၏ မိသားဖွယ်မျှတသောအုပ်ချုပ်မှုသည် အရေးကြီးကြောင်း၊ တပ်မှူးနှင့် တာဝန်ရှိသူများသည် တော်တည့်မှန်ကန်စွာအုပ်ချုပ်နေရန် လိုအပ်သကဲ့သို့ ကွပ်ကဲမှုအောက်တွင်ရှိသော အရာရှိ၊ စစ်သည်များကလည်း နောက်လိုက်ကောင်းများအဖြစ် အမိန့်နာခံ၍ စည်းကမ်းကောင်းမွန်နေရန်လိုကြောင်း၊ မြို့ပြင်တွင်နေထိုင်သူများဖြစ်၍ ကောင်းမွန်သောအခွင့်အလမ်းများကို မှန်မှန်ကန်ကန် အသုံးပြုရန်လိုအပ်ပြီး တပ်မတော်၏မူဝါဒနှင့် စည်းကမ်းများကို သိရှိပြီး လိုက်နာစောင့်ထိန်းကြရန်လိုကြောင်း။
တပ်မတော်တွင် သစ္စာဖောက်ဖျက်မှု၊ စစ်ဆင်ရေးမှု၊ မူးယစ်ဆေးဝါးမှုများနှင့် ပတ်သက်၍ လုံးဝခွင့်လွှတ်၍မရသည့် အမှုကိုများဖြစ်ကြောင်း၊ သစ္စာဖောက်ဖျက်မှုဆိုရာတွင် နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာဖောက်ခြင်းအပြင် မိသားစုအပေါ်သစ္စာဖောက်ခြင်းလည်းပါဝင်၍ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
တပ်မတော်၏ ကောင်းမွန်သည့် အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းကာကွယ်ရန်မှာ တပ်မတော်သားအားလုံးတွင် တာဝန်ရှိကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရန်အဓိကတာဝန်ရှိပြီး ထိုသို့တာဝန်ထမ်းဆောင်နိုင်ရေးအတွက် တိုက်စွမ်းရည်၊ တိုက်စွမ်းအားများ ပြည့်ဝရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် စွမ်းရည်သုံးရပ်နှင့် ပြည့်စုံနေရန်လိုအပ်ပြီး စွမ်းရည်ရှိရန် ကျန်းမာကြံ့ခိုင်မှု၊ ကျွမ်းကျင်မှုနှင့် ရဲစွမ်းသတ္တိများရှိအောင် လေ့ကျင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြောင်းလဲလာသည့် စစ်အတတ်ပညာနှင့် စစ်လက်နက်ပစ္စည်းများကို အမြဲလေ့လာနေရမည်ဖြစ်ပြီး စစ်မြေပြင်တွင် လက်တွေ့အသုံးပြုနိုင်ရန်လိုကြောင်းနှင့် ပြည်သူကယုံကြည်အားကိုးရသည့် စွမ်းရည်ပြည့်ဝသော တပ်များဖြစ်အောင် အမြဲကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။
20 530
+2
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ သန်လျင်တပ်နယ်နှင့် ဒလတပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား
20 530
Repost from MRTV
ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တာကိုယ်ထည်တိုက်စားခံရသည့် နေရာများနှင့် ငဝန်မြစ်ရေကာတာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်(၅)မြို့နယ်တို့တွင် ရေဝင်ရောက်ခဲ့ခြင်းများအား တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
20 530
Repost from MRTV
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ချမ်းမြေ့ရိပ်သာကျောင်းတိုက် ဦးစီးပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယ ရတ္တညူမဟာနာယက၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ၊ ပြည်တွင်းပြည်ပ ကမ္ဘာ့ဗုဒ္ဓသာသနာပြု ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ သရီရဓာတု ပဝါဟနပူဇာ ဓာတ်ပြာတော်များ ရေမျှောပူဇော်ခြင်း အခမ်းအနားကျင်းပ
20 530
ရန်ကုန်မြို့၊ စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) အနီးတွင် တည်ဆောက်ပြီးစီးသည့် South Dagon Mall ဖွင့်ပွဲအခမ်းအနားကျင်းပ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက်ဖွင့်လှစ်
နေပြည်တော် စက်တင်ဘာ ၂၆
ရန်ကုန်မြို့၊ မြန်မာ့သားကောင်း အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) အနီး ဘုရင့်နောင်လမ်းနှင့် အမှတ် (၇) လမ်းထောင့်နေရာတွင် တည်ဆောက်ပြီးစီးခဲ့သည့် South Dagon Mall ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက်ဖွင့်လှစ်ပေးသည်။
အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် အဖွဲ့ဝင်များသည် South Dagon Mall သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် South Dagon Mall ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က South Dagon Mall အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အခမ်းအနားတက်ရောက်လာကြသည့် အဖွဲ့ဝင်များနှင့်အတူ ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
၎င်းနောက် အခမ်းအနားအစီအစဉ်ဒုတိယပိုင်းကို South Dagon Mall အတွင်း ဆက်လက်ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများက South Dagon Mall ဆိုင်ရာ မှတ်တမ်း Video Clip ကို ကြည့်ရှုကြသည်။
ထို့နောက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်ဥက္ကဋ္ဌက South Dagon Mall တည်ဆောက်ဖွင့်လှစ်ခြင်းဆိုင်ရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်ဥက္ကဋ္ဌက South Dagon Mall အဆောက်အဦသစ်ဖွင့်ပွဲ အထိမ်းအမှတ် အမှတ်တရလက်ဆောင်အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ ပေးအပ်သည်။
ဆက်လက်၍ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်ဥက္ကဋ္ဌက South Dagon Mall အဆင့်မြင့်ဈေးသစ်ကြီးတည်ဆောက်ခဲ့သော သမာဓိကောင်းသာကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။
၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး South Dagon Mall အတွင်း ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချလျက်ရှိမှုအခြေအနေများအား လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါ South Dagon Mall သည် ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ မြန်မာ့သားကောင်း အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) အနီး ဘုရင့်နောင်လမ်းနှင့် အမှတ် (၇) လမ်းထောင့်၌ တည်ရှိပြီး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ စစ်မှုထမ်းဟောင်းအိမ်ရာတွင် နေထိုင်သူများ၊ ဒဂုံမြို့သစ် (တောင်ပိုင်း) နေ ဒေသခံပြည်သူများ၏ လူနေမှုအဆင့်အတန်းမြှင့်တင်နိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် ခေတ်မီ Shopping Mall တစ်ခုအဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ South Dagon Mall သည် RC အမျိုးအစား (၃) ထပ် အဆောက်အဦဖြစ်ပြီး ပရိဘောဂဆိုင်များ၊ စားသောက်ဆိုင်များ၊ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များ၊ မီနီမတ်ဆိုင်များ၊ စတိုးဆိုင်များ၊ အဝတ်အထည်နှင့် အလှကုန်ဆိုင်များ၊ ရွှေငွေလက်ဝတ်ရတနာဆိုင်များနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအတွက် Bank များ ဖွင့်လှစ်ထားရှိသည့်အပြင် အများပြည်သူများ အပန်းဖြေနိုင်ရေးအတွက် ရုပ်ရှင်ရုံနှင့် ဈေးဝယ်သူများ အဆင်ပြေစွာ သွားလာနိုင်စေရန်အတွက် စက်လှေကားများ ထည့်သွင်းတည်ဆောက်ထားပြီး လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို လျှော့ချနိုင်ရန်အတွက် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာလျှပ်စစ်ဓာတ်အားပေးစနစ်များ ထည့်သွင်းတည်ဆောက်ထားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
20 530
+2
ရန်ကုန်မြို့၊ စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) အနီးတွင် တည်ဆောက်ပြီးစီးသည့် South Dagon Mall ဖွင့်ပွဲအခမ်းအနားကျင်းပ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက်ဖွင့်လှစ်
20 530
Repost from MRTV
ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်၊ စိန်ဂျွန်းကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၌ အာဟာရတိုက်ကျွေးနေမှု နှင့် ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာ ပြန်လည် ပြုပြင်နေမှု အခြေအနေ
20 530
Repost from MRTV
အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန၊ မှတ်တမ်းဌာန(ရန်ကုန်)၊ ကျောက်တံတားမြို့နယ် ဦးစီးမှူးရုံးနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တို့၌ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် နိုင်ငံသားဆိုင်ရာ ကိုယ်ရေးမှတ်တမ်း အချက်အလက်များ စနစ်တကျ ထိန်းသိမ်းထားရှိမှုနှင့် ဒီဂျစ်တယ်စနစ်ဖြင့် မှတ်တမ်းတင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
