uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

MOI

MOI

Відкрити в Telegram

To inform, To educate and To entertain

Показати більше

📈 Аналітичний огляд Telegram-каналу MOI

Канал MOI (@iprdrnd) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 20 217 підписників, посідаючи 9 987 місце в категорії Освіта та 6 893 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 20 217 підписників.

За останніми даними від 27 жовтня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -298, а за останні 24 години на -8, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 1.97%. Протягом перших 24 годин після публікації контент зазвичай збирає 1.64% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 398 переглядів. Протягом першої доби публікація в середньому набирає 332 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 2.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
“To inform, To educate and To entertain”

Завдяки високій частоті оновлень (останні дані отримано 28 жовтня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Освіта.

20 217
Підписники
-824 години
-707 днів
-29830 днів
Архів дописів
MOI
20 217
Repost from MRTV
KNPP၊ KNDF နှင့် PDF အမည်ခံ အကြမ်းဖက်ပူးပေါင်းအဖွဲ့များက သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့၌ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ လယ်ထွဲကျေးရွာတွင် အေးချမ်းစွာကုသိုလ်ပြုနေသည့် အပြစ်မဲ့ ဒေသခံတိုင်းရင်းသား ပြည်သူများအား ရှော့တိုက်ဒုံးများဖြင့် အကြောင်းမဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ဒေသခံတိုင်းရင်းသား ပြည်သူ (၅) ဦး ဗုံးစထိမှန် ဒဏ်ရာရရှိ

MOI
20 217
Repost from MRTV
ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင် အဆောက်အအုံများအား စနစ်တကျ ဖြိုချဖျက်ဆီးခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

MOI
20 217
Repost from MRTV
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ရင်ပြင် ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ အေးချမ်းပျော်ရွှင် စည်ကားလျက်ရှိ

MOI
20 217
Repost from MRTV
သီတင်းကျွတ်ရုံးပိတ်ရက်များအတွင်း မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ တော်ဝင်ယာဉ်လိုင်းနှင့် ရာဇာမင်း EV ယာဉ်များဖြင့် အသွားအပြန် အခမဲ့ ပို့ဆောင်ပေးလျက်ရှိ

MOI
20 217
Repost from MRTV
သီတင်းကျွတ်ကာလ အခါသမယတွင် ဘုရား၊ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများတွင် ပြည်သူအများ အေးချမ်းစွာ ဖူးမြော်ကြည်ညို ကုသိုလ်ဒါနပြု၊ သီတင်းကျွတ်မီးထွန်းပွဲတော်များ ကျင်းပ

MOI
20 217
Repost from MRTV
တောင်ကြီးမြို့၊ စူဠာမုနိလောကချမ်းသာဘုရားနှင့် တောင်ကြီးမြို့ ကျက်သရေဆောင် ရွှေဘုန်းပွင့်ဘုရား၌ ဆီမီးတစ်ထောင် ထွန်းညှိပူဇော်ပွဲ ကျင်းပ

MOI
20 217
Repost from MRTV
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့တွင် ကျင်းပသော နှစ် (၃၀) ပြည့် စွမ်းအင်နှင့် ဂေဟဗေဒစနစ်ဆိုင်ရာဖိုရမ်သို့ တက်ရောက်၊ နှစ်နိုင်ငံအကြား Roadmap on Cooperation လက်မှတ်ရေးထိုးခြင်း အခမ်းအနား တက်ရောက်၊ နိုင်ငံတကာ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဆိုင်ရာ ပြခန်းများအား လေ့လာကြည့်ရှု

MOI
20 217
Repost from MRTV
၂၀၂၆ ခုနှစ်၊ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲ သတ္တမနေ့အား ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ သတ်မှတ်နေရာအသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ

MOI
20 217
KNPP ၊ KNDF နှင့် PDF အမည်ခံအကြမ်းဖက်ပူးပေါင်းအဖွဲ့များက သီတင်းကျွတ်လပြည့်အဘိဓမ္မာနေ့၌ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ လယ်ထွဲကျေးရွာတွင် အေးချမ်းစွာကုသိုလ်ပြုနေသည့် အပြစ်မဲ့ဒေသခံတိုင်းရင်းသား ပြည်သူများအား ရှော့တိုက်ဒုံးများဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဒေသခံတိုင်းရင်းသားပြည်သူ ၅ ဦး ဗုံးစထိမှန်ဒဏ်ရာရရှိ   နေပြည်တော် အောက်တိုဘာ ၂၇   ကယားပြည်နယ်ရှိ ပြည်သူများအနေဖြင့် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက် သီတင်းကျွတ်လပြည့် အဘိဓမ္မာနေ့၌ ဘုရား၊ စေတီ၊ ပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် အပန်းဖြေနေရာများ၌ ကောင်းမှုကုသိုလ်ပြုလုပ်ခြင်း၊ အပန်းဖြေလည်ပတ်ခြင်းများ ပြုလုပ်လျက်ရှိစဉ် KNPP ၊ KNDF နှင့် PDF အမည်ခံအကြမ်းဖက်ပူးပေါင်းအဖွဲ့များက ရှော့တိုက်ဒုံးများဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အေးချမ်းစွာကုသိုလ်ယူနေသည့် အပြစ်မဲ့ဒေသခံတိုင်းရင်းသား ပြည်သူ ၅ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်းသိရှိရသည်။   ဖြစ်စဉ်မှာ ဗုဒ္ဓဘာသာဝင်များ၏ ၁၂ လ ရာသီပွဲတော်များထဲမှ အထူးခြားဆုံးဖြစ်သည့် သီတင်းကျွတ်လပြည့်နေ့ဖြစ်သော အောက်တိုဘာလ ၂၆ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ လယ်ထွဲကျေးရွာမှ ဒေသခံတိုင်းရင်းသားပြည်သူများသည် ကျေးရွာအတွင်းရှိ ဘုန်းတော်ကြီးကျောင်း၌ ကုသိုလ်ကောင်းမှုများ ပြုလုပ်လျက်ရှိစဉ် KNPP ၊ KNDF နှင့် PDF အမည်ခံအကြမ်းဖက်ပူးပေါင်းအဖွဲ့များက လွိုင်ကော်မြို့၊ လယ်ထွဲကျေးရွာ၏ အရှေ့ဘက်မီတာ ၅၅၀၀ ခန့်အကွာမှနေ၍ ရှော့တိုက်ဒုံးများဖြင့် ကျေးရွာအတွင်းသို့ အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ဘုန်းတော်ကြီးကျောင်းဝန်းအနီးနှင့် လူနေအိမ်များအပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အေးချမ်းစွာကုသိုလ်ပြုနေသည့် အပြစ်မဲ့ဒေသခံတိုင်းရင်းသားပြည်သူ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၃ ဦးတို့၌ ဗုံးသီးစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။   အထက်ပါဖြစ်စဉ်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လွိုင်ကော်မြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း၊ အဆိုပါဖြစ်စဉ်နေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယခုကဲ့သို့နေ့ထူးနေ့မြတ်များ၌ ဖျက်ဆီးလိုသော ရည်ရွယ်ချက်အပြင် စစ်ရေးနှင့် မသက်ဆိုင်သည့် လူစည်ကားရာနေရာသို့ အများပြည်သူများအား အစုလိုက်အပြုံလိုက် သေကျေဒဏ်ရာရရှိစေခြင်းအလို့ငှာ ရည်ရွယ်ချက်ရှိရှိဖြင့် လာရောက်ပစ်ခတ်ခဲ့သည့် အကြမ်းဖက်သမားများ၏ ယုတ်မာရိုင်းစိုင်းပြီး လူမဆန်သည့် အကြမ်းဖက်လုပ်ရပ်များအား ဒေသခံတိုင်းရင်းသားပြည်သူများက ရွံ့ရှာမုန်းတီးလျက်ရှိကြောင်း သတင်းရရှိသည်။ MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်- For Andriod https://shorturl.at/uK23k For IOS https://rb.gy/vgdhqc Subscribe to Myanmar Newspaper https://t.me/myanmarnewspaper Subscribe to The Global New Light of Myanmar https://t.me/gnlmon Subscribe to MOI https://t.me/iprdrnd View to mTube Video Streaming Platform https://mtube.gov.mm

MOI
20 217
KNPP ၊ KNDF နှင့် PDF အမည်ခံအကြမ်းဖက်ပူးပေါင်းအဖွဲ့များက သီတင်းကျွတ်လပြည့်အဘိဓမ္မာနေ့၌ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ လယ်ထွဲကျ
+4
KNPP ၊ KNDF နှင့် PDF အမည်ခံအကြမ်းဖက်ပူးပေါင်းအဖွဲ့များက သီတင်းကျွတ်လပြည့်အဘိဓမ္မာနေ့၌ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ လယ်ထွဲကျေးရွာတွင် အေးချမ်းစွာကုသိုလ်ပြုနေသည့် အပြစ်မဲ့ဒေသခံတိုင်းရင်းသား ပြည်သူများအား ရှော့တိုက်ဒုံးများဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဒေသခံတိုင်းရင်းသားပြည်သူ ၅ ဦး ဗုံးစထိမှန်ဒဏ်ရာရရှိ

MOI
20 217
ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်   နေပြည်တော် အောက်တိုဘာ ၂၇   နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံးလုပ်ကိုင်ခဲ့သည့် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံများ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ထပ်မံလုပ်ကိုင်နိုင်ခြင်းမရှိစေရန် အဆိုပါအဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများကို စနစ်တကျဆောင်ရွက်လျက်ရှိသည်။   ထိုသို့ဆောင်ရွက်လျက်ရှိရာ ရွှေကုက္ကိုလ်နယ်မြေဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ခဲ့သည့် ဖြိုချဖျက်ဆီးရန်ကျန် တရားမဝင်အဆောက်အအုံများအနက် ယာဉ်ယန္တရားများအသုံးပြု၍ ဖြိုချဖျက်ဆီးလျက်ရှိသည့် ၆ ထပ်အဆောက်အအုံ ၁ လုံးအား ယနေ့အထိ ၁၀ ရာခိုင်နှုန်း ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း၊ ထပ်မံ၍ ၅ ထပ်အဆောက်အအုံတစ်လုံးအား ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမှုမှာလည်း ယနေ့အထိ ၈၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။   ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၆၃ လုံးအနက် ယာဉ်ယန္တရားများဖြင့်ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၂၅ လုံး၊ ဖောက်ခွဲ၍ ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၄ လုံးနှင့် လူနေအိမ်များနှင့်မလွတ်ကင်း၍ လူအင်အားအသုံးပြုကာ တစ်လွှာချင်းဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၃၄ လုံးဟူ၍ အဆောက်အအုံအမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ထားပြီး စနစ်တကျ ဖြိုချဖျက်ဆီးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဖောက်ခွဲ၍ဖြိုချမည့် အဆောက်အအုံ ၄ လုံးနှင့် ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံများအနက် ၃ လုံးတို့အား ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်းနှင့် ဖြိုချဖျက်ဆီးရန်ကျန်ရှိသည့် အဆောက်အအုံ ၅၆ လုံးကိုလည်း ဆက်လက်၍ စနစ်တကျ ဖြိုချဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရှိရသည်။   နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ လူမှုစီးပွားနယ်ပယ်နှင့် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ပပျောက်စေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းကာအပြီးတိုင် လုံးဝပပျောက်သွားစေရေး အထူးအလေးထား နှိမ်နင်းလျက်ရှိကြောင်း သတင်းရရှိသည်။ MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်- For Andriod https://shorturl.at/uK23k For IOS https://rb.gy/vgdhqc Subscribe to Myanmar Newspaper https://t.me/myanmarnewspaper Subscribe to The Global New Light of Myanmar https://t.me/gnlmon Subscribe to MOI https://t.me/iprdrnd View to mTube Video Streaming Platform https://mtube.gov.mm

MOI
20 217
ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံများအား
+8
ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

MOI
20 217
(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ သတ္တမရက် အဆို၊ အတီးပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုကို ဒုတိယသမ္မတ ဦးညိုစော တက်ရောက်ကြည့်ရှုအားပေး   နေပြည်တော် အောက်တိုဘာ ၂၇   (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ သတ္တမရက် အဆို၊ အတီး ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုကို ယနေ့မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတ ဦးညိုစောသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ကြည့်ရှုအားပေးသည်။   ဒုတိယသမ္မတသည် ပြည်ထောင်စုဝန်ကြီးများ၊ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့်အတူ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-I) မြခန်းမ၌ ကျင်းပလျက်ရှိသည့် ဝါသနာရှင် ဒုတိယတန်း(အမျိုးသမီး) မျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး တေးသီချင်းအဆိုပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်များက မြန်မာ့မူမှန်သီချင်းဖြင့် တစ်ဦးချင်း သီဆိုပြိုင်ပွဲဝင်နေမှုများကိုလည်းကောင်း၊ နီလာခန်းမ၌ ဝါသနာရှင် ဒုတိယတန်း (အမျိုးသမီး) စောင်းအတီးပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်များက ညဉ့်သုံးယံခါ(ပတ်ပျိုး)သီချင်းဖြင့် တစ်ဦးချင်း တီးခတ်ယှဉ်ပြိုင်နေမှုများကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်- For Andriod https://shorturl.at/uK23k For IOS https://rb.gy/vgdhqc Subscribe to Myanmar Newspaper https://t.me/myanmarnewspaper Subscribe to The Global New Light of Myanmar https://t.me/gnlmon Subscribe to MOI https://t.me/iprdrnd View to mTube Video Streaming Platform https://mtube.gov.mm

MOI
20 217
(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ သတ္တမရက် အဆို၊ အတီးပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုကို ဒုတ
(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ သတ္တမရက် အဆို၊ အတီးပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုကို ဒုတိယသမ္မတ ဦးညိုစော တက်ရောက်ကြည့်ရှုအားပေး

MOI
20 217
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပနေမှုများ တက်ရောက်ကြည့်ရှုအားပေး   နေပြည်တော် အောက်တိုဘာ ၂၇   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဆင်ဖြူရှင်ခန်းမနှင့် ပုဗ္ဗသီရိအားကစားခန်းမတို့၌ ကျင်းပလျက်ရှိသည့် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို တက်ရောက်ကြည့်ရှုအားပေးကြသည်။   အဆိုပါပြိုင်ပွဲများသို့ နိုင်ငံတော်သမ္မတနှင့်ဇနီးတို့နှင့်အတူ ဒုတိယသမ္မတဒေါ်နန်းနီနီအေး၊ (၂၇) ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အကဲဖြတ်ဒိုင်အဖွဲ့ဝင်များ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်များ၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၊ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် အနုသုခုမပညာရပ်ကို ချစ်မြတ်နိုးကြသည့်ပြည်သူများ တက်ရောက်ကြည့်ရှု အားပေးကြသည်။   ဦးစွာ နိုင်ငံတော်သမ္မတနှင့်ဇနီး၊ အဖွဲ့ဝင်များသည် ဆင်ဖြူရှင်ခန်းမ၌ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုဖော်ညွှန်းရန်နှင့် အေးအတူပူအမျှ အတူတကွလက်တွဲနေထိုင်လိုသည့် ပြည်ထောင်စုစိတ်ဓာတ်ကို ထာဝရဖော်ညွှန်းရန်၊ တိုင်းရင်းသားတို့၏ ရိုးရာအကအလှများကို ပြန်လည်ဖော်ထုတ်ထိန်းသိမ်းရန် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်လျက်ရှိသည့် တိုင်းရင်းသားရိုးရာ/ကျေးလက်ရိုးရာအကပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ပြိုင်ပွဲဝင်တိုင်းရင်းသားရိုးရာအကအဖွဲ့များ၏ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။   ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ အဖွဲ့ဝင်များသည် ပုဗ္ဗသီရိအားကစားခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိသည့် ဝါသနာရှင်အဆင့်(ဒုတိယတန်း) အမျိုးသား၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း)အမျိုးသမီးနှင့် ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသား ဒုံမင်းအတီးပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ပြိုင်ပွဲဝင်များက တေးသီချင်းများ အလိုက်တီးခတ်ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။ MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်- For Andriod https://shorturl.at/uK23k For IOS https://rb.gy/vgdhqc Subscribe to Myanmar Newspaper https://t.me/myanmarnewspaper Subscribe to The Global New Light of Myanmar https://t.me/gnlmon Subscribe to MOI https://t.me/iprdrnd View to mTube Video Streaming Platform https://mtube.gov.mm

MOI
20 217
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျ
+2
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပနေမှုများ တက်ရောက်ကြည့်ရှုအားပေး

MOI
20 217
Repost from MRTV
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး “ဝိဓူရ” ဇာတ်တော်ကြီး တင်ဆက်ကပြ ဖျော်ဖြေမှုအား တက်ရောက်ကြည့်ရှုအားပေး

MOI
20 217
Repost from MRTV
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်‌ ဒုတိယသမ္မတ ဦးညိုစော (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ သတ္တမရက် အဆို၊ အတီးပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများအား တက်ရောက်ကြည့်ရှုအားပေး

MOI
20 217
Repost from MRTV
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်‌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပနေမှုများကို တက်ရောက်ကြည့်ရှုအားပေး

MOI
20 217
Repost from PPIB.Official
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပနေမှုများကိုတက်ရောက်ကြည့်ရှုအားပေး နေပြည်တော်၊ အောက်တိုဘာ - ၂၇ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဆင်ဖြူရှင်ခန်းမနှင့် ပုဗ္ဗသီရိ အားကစားခန်းမတို့၌ ကျင်းပလျက်ရှိသည့် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို တက်ရောက် ကြည့်ရှုအားပေးကြသည်။ PPIB Links Youtube | Tiktok | Telegram | Website |  X(Twitter)