ru
Feedback
MOI

MOI

Открыть в Telegram

To inform, To educate and To entertain

Больше

📈 Аналитический обзор Telegram-канала MOI

Канал MOI (@iprdrnd) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 20 554 подписчиков, занимая 9 625 место в категории Образование и 6 833 место в регионе Мьянма.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 20 554 подписчиков.

Согласно последним данным от 24 сентября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -349, а за последние 24 часа — -7, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 1.81%. В первые 24 часа после публикации контент обычно набирает 1.78% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 371 просмотров. В течение первых суток публикация набирает 365 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 3.

📝 Описание и контентная политика

Автор описывает ресурс как площадку для выражения субъективного мнения:
“To inform, To educate and To entertain”

Благодаря высокой частоте обновлений (последние данные получены 25 сентября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Образование.

20 554
Подписчики
-724 часа
-907 дней
-34930 дней
Архив постов
MOI
20 545
ချင်းပြည်နယ်စက်မှုဇုန်များဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက် ဟားခါး စက်တင်ဘာ ၂၅ ချင်းပြည်နယ်စက်မှုဇုန်များဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ဦးစွာ ချင်းပြည်နယ်စက်မှုဇုန်များဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီနာယက၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ချင်းပြည်နယ်၏ ဒေသအနေအထားအရ လက်တလောတွင် စက်မှုဇုန်ဖော်ဆောင်ရန် အခြေအနေမပေးသေးသော်လည်း မြေနေရာရှာဖွေခြင်း၊ လျာထားမြေနေရာသတ်မှတ်ခြင်း၊ မြေပုံမူကြမ်းရေးဆွဲခြင်း စသည်ဖြင့် ကြိုတင်အစပျိုးဆောင်ရွက်၍ရသည့်လုပ်ငန်းများကို ကြိုတင်ဆောင်ရွက်ပါက လုပ်ငန်းဆောင်ရွက်နိုင်သည့်အချိန်တွင် အရှိန် အဟုန်မြှင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ စက်မှုဇုန်နှင့်ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေများ ပြဌာန်းပြီးဖြစ်သည့်အတွက် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ချင်းပြည်နယ် စက်မှုဇုန်များဖော်ဆောင်ရေးနှင့်ကြီးကြပ်ရေးကော်မတီကို ၂၀၂၆ ခုနှစ် ၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် အဖွဲ့ဝင် (၁၆) ဦးဖြင့် ဖွဲ့စည်းထားပြီး လုပ်ငန်းတာဝန် (၂၁) ရှိကြောင်း ၊ စက်မှုဇုန်သစ်ဖော်ဆောင်ရေး လုပ်ငန်းသည် လုပ်ငန်းစဉ်အဆင့်ဆင့်များပြားသည့်အပြင် အင်မတန်ကျယ်ပြန့်သည့်လုပ်ငန်းဖြစ်သဖြင့် အချိန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ကော်မတီတွင်ပါဝင်သည့် ဌာနဆိုင်ရာများအနေဖြင့် ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။ ထို့နောက် ချင်းပြည်နယ်စက်မှုဇုန်များဖော်ဆောင်ရေးနှင့်ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်က ချင်းပြည်နယ် စက်မှုဇုန်များဖော်ဆောင်ရေးနှင့်ကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းတာဝန် (၂၁) ချက်၊ စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေများနှင့် စက်မှုဇုန်ဖြစ်ပေါ်လာရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။ ယင်းနောက် ချင်းပြည်နယ်စက်မှုဇုန်များဖော်ဆောင်ရေးနှင့်ကြီးကြပ်ရေးကော်မတီဝင်များဖြစ်ကြသည့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက ဟားခါးမြို့၊ ဖလမ်းမြို့၊ တီးတိန်မြို့၊ တွန်းဇံမြို့နယ်များတွင် စက်မှုဇုန်သစ်ဖော်ဆောင်နိုင်ရေး ဦးစားပေးအလိုက် လျာထားဆောင်ရွက်ထားရှိမှုအခြေအနေ၊ မြေအသုံးချမှုနှင့် အင်္ဂရပ်နှင့် ပါဝင်ရမည့်ရာခိုင်နှုန်း၊ စက်မှုန်ဇုန်ဖော်ဆောင်ရေးအတွက် လုပ်ငန်းစဉ်ဆိုင်ရာ ကြိုတင်စဉ်းစားပြင်ဆင်သင့်သည့် ကိစ္စရပ်များ၊ ဦးတည်မည့် စက်မှုလုပ်ငန်းအမျိုးအစားသတ်မှတ်ခြင်း၊ အခြေခံအဆောက်အဦတည်ဆောက်မည့်ကိစ္စကို ဆုံးဖြတ်ခြင်း၊ စက်မှုဇုန်နှင့်သက်ဆိုင်သည့် အခွန်အမျိုးအစားများကို Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလျန်ဇခုပ်၊ လူမှုရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးပေါင်ဇလန်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဝင်းဇော်ဦး၊ ပြည်နယ်ဥပဒေချုပ် ဦးကပ်တလွန်းနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်ဇောလင်းတို့က အကြံပြုဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်ပေးကာ နိဂုံးချုပ်အမှာစကားပြော ကြားခဲ့ကြောင်း သိရသည်။       ( ခရိုင် ပြန်/ဆက် ) https://t.me/iprdrnd/209636 MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်- For Andriod https://shorturl.at/uK23k For IOS https://rb.gy/vgdhqc Subscribe to Myanmar Newspaper https://t.me/myanmarnewspaper Subscribe to The Global New Light of Myanmar https://t.me/gnlmon Subscribe to MOI https://t.me/iprdrnd View to mTube Video Streaming Platform https://mtube.gov.mm/

MOI
20 545
ချင်းပြည်နယ်စက်မှုဇုန်များဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တ
+1
ချင်းပြည်နယ်စက်မှုဇုန်များဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်

MOI
20 545
photo content
+9

MOI
20 545
Repost from MRTV
ရခိုင်ပြည်နယ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ-စစ်တွေမြို့တွင် ကျင်းပသည့် စစ်တွေမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနား တက်ရောက်

MOI
20 545
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး(တတိယနေ့) ဆက်လက်ကျင်းပ မန္တလေး  စက်တင်ဘာ ၂၅ တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (တတိယနေ့)ကို  စက်တင်ဘာ ၂၅ရက် နံနက် ၁၀နာရီက မန္တလေး အောင်မြေသာစံမြိုနယ်ရှိ တိုင်းဒေသကြီး လွှတ်တော်ရုံး၌ ကျင်းပသည်။ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ စုစုပေါင်း ၆၉ဦး တက်ရောက်ကြသည်။ ဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ကိုးဦး မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း ၁၂ခုကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားကြသည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ငါန်းဇွန်မြို့နယ်၊ ကိုယ်စားလှယ်အမှတ် (၁)၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမြတ်သူက “ဂရန်ရရှိသင့်သူများ ဂရန်ထုတ်ပေးနိုင်ရေးအတွက် လေ့လာစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစိစစ်ဆောင်ရွက်ပေးရေး”အဆိုကို လွှတ်တော်သို့တင်သွင်းခြင်းနှင့်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံခြင်း၊ ၎င်းအဆိုကို ဆွေးနွေးရန်သင့်/မသင့် လွှတ်တော်၏ သဘောထားရယူခြင်းတို့ဆောင်ရွက်ရာ လွှတ်တော်က သဘောတူသည့်အတွက် အဆိုနှင့်ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းပေးသွင်းနိုင်ကြောင်းနှင့် ဆွေးနွေးမည့်နေ့ရက်ကို ကြေညာသည်။ ထို့နောက် တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (တတိယနေ့) ကို ၁၁နာရီ ၅မိနစ်တွင် ရပ်နားခဲ့ပြီး အစည်းအဝေးစတုတ္ထနေ့ကို စက်တင်ဘာ ၂၈ရက် နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ မြင့်မော်ထွန်း(ပြန်/ဆက်) MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်- For Andriod https://shorturl.at/uK23k For IOS https://rb.gy/vgdhqc Subscribe to Myanmar Newspaper https://t.me/myanmarnewspaper Subscribe to The Global New Light of Myanmar https://t.me/gnlmon Subscribe to MOI https://t.me/iprdrnd View to mTube Video Streaming Platform https://mtube.gov.mm/

MOI
20 545
Repost from MRTV
ရခိုင်ပြည်နယ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ-စစ်တွေမြို့တွင် ကျင်းပသည့် စစ်တွေမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနား တက်ရောက်

MOI
20 545
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး(တတိယနေ့) ဆက်လက်ကျင်းပ
+1
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး(တတိယနေ့) ဆက်လက်ကျင်းပ

MOI
20 545
ကရင်ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)၌ ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ (၆၂)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ ဘားအံ စက်တင်ဘာ ၂၅ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်းက ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြီးမောင်မောင်ဦး ဦးစီး၍ ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)၌ ပြည်သူ့အကျိုးပြုစုပေါင်းလုပ်အားပေးပွဲနှင့် စုပေါင်းသွေးလှူဒါန်းပွဲတို့ကို ဆောင်ရွက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးသည်။ ဦးစွာ ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)ပရဝုဏ် အတွင်း/အပြင်တို့တွင် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ပြည်နယ် ရဲအကူတပ်ဖွဲ့ခွဲ၊ ဘားအံခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အမှတ်(၂၂)လုံခြုံရေးရဲတပ်ဖွဲ့ခွဲ၊ ဘားအံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ဘားအံမြို့မရဲစခန်း၊ အမှတ်(၁၀)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ၊ အမှတ်(၃၁)မူးယစ်ရဲတပ်ဖွဲ့စု၊  အမှတ်(၁၀)မှုခင်းရဲတပ်ဖွဲ့စု၊ အမှတ်(၄)သတင်းရဲတပ်ဖွဲ့၊ အမှတ်(၈)လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စုတို့မှ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် ၁၅၀ က စွန့်ပစ်ပလတ်စတစ်နှင့် အမှိုက်သရိုက်များ ဖယ်ရှားရှင်းလင်းခြင်း၊ ချုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ခြင်း၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းအစရှိသည့် သန့်ရှင်းရေးလုပ်ငန်းများကို ယာဉ်၊ ယန္တရားများ အသုံးပြု၍ စုပေါင်းလုပ်အားပေးကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်အစိုးရအဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးကြပြီး လိုအပ်သည်များအား တာဝန်ရှိသူများကို မှာကြားသည်။ ဆက်လက်၍ ကရင်ပြည်နယ်ရဲတပ်ဖွဲ့ (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်း ပွဲကို ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ) တိုးချဲ့(၃)ထပ်နာဆောင်အပေါ်ထပ်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့်တာဝန်ရှိသူများက သွေးလှူဒါန်းကြမည့်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်(၁၂၂)ဦးတို့အား ပြည်သူ့ဆေးရုံကြီး(ဘားအံ) ရောဂါဗေဒဌာန၊ သွေးလှူဘဏ်မှ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အလေးချိန်နှင့် သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးအမျိုးအစားခွဲခြားခြင်းနှင့် လိုအပ်သည့်ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ပေးနေမှုကို  ကြည့်ရှုအားပေးခဲ့ကြသည်။ ထို့နောက်  ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သွေးလှူဒါန်းရန် ကိုက်ညီသူများအား ကျန်းမာရေးဝန်ထမ်းများ၏အကူအညီဖြင့် သွေးသန့်များဖောက်ထုတ်လှူဒါန်းပေးနေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံအားပေးစကားများပြောကြား၍  ကြက်ဥ၊ အားဖြည့်အချိုရည်၊ ငှက်ပျောသီးအစရှိသည့် ခွန်အားဖြည့်အစားအစာများကို ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။ စောမျိုးမင်းသိန်း(ပြန်/ဆက်) MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်- For Andriod https://shorturl.at/uK23k For IOS https://rb.gy/vgdhqc Subscribe to Myanmar Newspaper https://t.me/myanmarnewspaper Subscribe to The Global New Light of Myanmar https://t.me/gnlmon Subscribe to MOI https://t.me/iprdrnd View to mTube Video Streaming Platform https://mtube.gov.mm/

MOI
20 545
ကရင်ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)၌ ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ (၆၂)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် စုပေါင်းသွေးလှ
+2
ကရင်ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)၌ ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ (၆၂)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ

MOI
20 545
Repost from MRTV
အပြင်ထွက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို စနစ်တကျမပျက်မကွက် တပ်ဆင်ပါ

MOI
20 545
Repost from MRTV
ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေးထိုးနှံရန် တိုက်တွန်းနှိုးဆော်ခြင်း

MOI
20 545
Repost from MRTV
အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများဖြစ်သည့် ရာသီတုပ်ကွေးနှင့် ကိုဗစ်-၁၉ ရောဂါများ ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ချက်

MOI
20 545
Repost from MRTV
ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကာကွယ်ရေး စနစ်တကျလက်ဆေးပေး

MOI
20 545
Repost from MRTV
ပါးစပ်နှင့် နှာခေါင်းစည်း Mask စနစ်တကျတပ်ဆင်ခြင်း လိုက်နာရန်အချက်များ

MOI
20 545
Repost from MRTV
အမုန်းစကား

MOI
20 545
Repost from MRTV
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် တိုက်တွန်းနှိးဆော်ခြင်း

MOI
20 545
Repost from MRTV
PDF Game‌ ဆော့ကစားခြင်းသည် ဥပဒေအရ အရေးယူခံရနိုင်သည်

MOI
20 545
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက်စစ်ဆင်ရေးတာဝန်များကိုထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားများ ကျင်းပ နေပြည်တော် စက်တင်ဘာ ၂၄ နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေလုံခြုံရေးတာဝန်များကိုထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းအခမ်းအနားကို ယနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ နှင့်သာစည်မြို့တို့ရှိ နယ်မြေခံတပ်ရင်းများ၌ပြုလုပ်ရာ တပ်နယ်မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများတက်ရောက်ဂုဏ်ပြုကြိုဆိုကြသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းသာယာရေးအတွက် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို မိဝေးဖဝေး၊ မိသားစုများနှင့်ဝေးကွာ၍ နေ့မအားညမနား စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန်တပ်မတော်သားများအား တက်ရောက်လာကြသူများက အောင်သပြေခက်ကမ်း၍လည်းကောင်း၊ အိုးစည်ဒိုးပတ် အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့်လည်းကောင်း သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆိုကြသည်။ ယင်းနောက် တပ်နယ်မှ တာဝန်ရှိသူတစ်ဦးက အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုအမှာစကားများပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ https://t.me/iprdrnd/209607 MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်- For Andriod https://shorturl.at/uK23k For IOS https://rb.gy/vgdhqc Subscribe to Myanmar Newspaper https://t.me/myanmarnewspaper Subscribe to The Global New Light of Myanmar https://t.me/gnlmon Subscribe to MOI https://t.me/iprdrnd View to mTube Video Streaming Platform https://mtube.gov.mm/

MOI
20 545
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက်စစ်ဆင်ရေးတာဝန်များကိုထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက်စစ်ဆင်ရေးတာဝန်များကိုထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားများ ကျင်းပ

MOI
20 545
Repost from MRTV
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ မြေငလျင်သတင်းထုတ်ပြန် (ချမ်းမြသာစည်မြို့နယ်၏ အရှေ့-အရှေ့တောင်ဘက် ၃ မိုင်ခန့်အကွာ ( ၃ ဒသမ ၁ M )အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်ခတ်)