uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

MOI

MOI

Kanalga Telegram’da o‘tish

To inform, To educate and To entertain

Ko'proq ko'rsatish

📈 Telegram kanali MOI analitikasi

MOI (@iprdrnd) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 20 225 obunachidan iborat bo'lib, Taʼlim toifasida 9 990-o'rinni va Myanma mintaqasida 6 889-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 20 225 obunachiga ega bo‘ldi.

26 Oktabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -305 ga, so‘nggi 24 soatda esa -12 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 1.97% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 1.66% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 398 marta ko‘riladi; birinchi sutkada odatda 336 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 2 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“To inform, To educate and To entertain”

Yuqori yangilanish chastotasi (oxirgi ma’lumot 27 Oktabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Taʼlim toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

20 225
Obunachilar
-1224 soatlar
-707 kun
-30530 kun
Postlar arxiv
MOI
20 225
ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ ဆီမီး ၁၀,၀၀၀ ဆက်ကပ်လှူဒါန်း ပူဇော် ပဲခူး အောက်တိုဘာ  ၂၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ ဆီမီး ၁၀,၀၀၀ ဆက်ကပ်လှူဒါန်းပူဇော်ပွဲကို သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)ဖြစ်သည့် ယမန်နေ့ညပိုင်းက ဘုရားရင်ပြင်တော်ပေါ်၌ ပြည်သူများနှင့်အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ တက်ရောက်ကြပြီး စေတီတော်မြတ်ကြီးအား ဗုဒ္ဓဂုဏ်တော်များကို ရည်မှန်း၍ “နမောတဿ” သုံးကြိမ်ရွတ်ဆို ကန်တော့ကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က ဆီမီး ၁၀,၀၀၀ ကို စတင်ထွန်းညှိ ပူဇော်ပေးကြသည်။ ထို့နောက် တက်ရောက်လာကြသည့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက ရင်ပြင်တော်ပေါ်၌ ဆီမီးများ အသီးသီးထွန်းညှိခြင်း၊ ရောင်စုံမီးပုံးပျံများ လွှတ်တင်ပူဇော်ခြင်းတို့ ဆောင်ရွက်ကြပြီး တေးညွှန့်မင်္ဂလာတေးဂီတအဖွဲ့၏ ဓမ္မတေးသီချင်းများဖြင့် သီဆိုပူဇော်မှုကို ကြည့်ရှုအားပေးကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီးတို့သည် ရွှေမော်ဓောဘုရားလမ်းတစ်လျှောက်ရှိ ဌာနဆိုင်ရာများ၏စတုဒီသာမဏ္ဍပ်များ၌ ခေါက်ဆွဲကြော်၊ ကြာဇံကြော်၊ မြန်မာမုန့်မျိုးစုံနှင့် အချိုရည်များကို စတုဒီသာကျွေးမွေးနေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။ သီတင်းကျွတ်လပြည့်နေ့ ညချမ်းအချိန်၌ ပဲခူးမြို့ရှိ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်၊ ရွှေသာလျောင်းရုပ်ပွားတော်၊ ကျိုက်ပွန်လေးမျက်နှာဘုရား၊ မဟာစေတီတော်၊ ရွှေဂူလေးဘုရား၊ ရွှေဂူကြီးဘုရားနှင့် ကျိုက်ပညာယျစေတီတော် စသည့် ရှေးဟောင်းသမိုင်းဝင် စေတီပုထိုးများတွင် ဆီမီးပူဇော်ပွဲများ၊ ရွှေမော်ဓောဘုရားလမ်းတစ်လျှောက်နှင့် ရပ်ကွက်များအလိုက် စတုဒီသာ ကျွေးမွေးလှူဒါန်းပွဲများဖြင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကားလျက် ရှိကြောင်း သတင်းရရှိသည်။ သက်ဖြိုးကြိုင်(ပြန်/ဆက်) MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်- For Andriod https://shorturl.at/uK23k For IOS https://rb.gy/vgdhqc Subscribe to Myanmar Newspaper https://t.me/myanmarnewspaper Subscribe to The Global New Light of Myanmar https://t.me/gnlmon Subscribe to MOI https://t.me/iprdrnd View to mTube Video Streaming Platform https://mtube.gov.mm

MOI
20 225
ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ ဆီမီး ၁၀,၀၀၀ ဆက်ကပ်လှူဒါန်း ပူဇော်
+3
ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ ဆီမီး ၁၀,၀၀၀ ဆက်ကပ်လှူဒါန်း ပူဇော်

MOI
20 225
သီတင်းကျွတ်မီးထွန်းပွဲတော် အထိမ်းအမှတ် မြစ်ကြီးနားမြို့၌ သီတာကမ်းနားလမ်းနှင့် အင်ဂျန်းကောင်လမ်းသွယ် (၅) အစိုးရ+ပြည်သူ ကိုယ်ထူကိုယ်ထ ကတ္တရာလမ်းသစ်ဖွင့်လှစ်   မြစ်ကြီးနား အောက်တိုဘာ ၂၇   ၂၀၂၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)၌ သီတင်းကျွတ်မီးထွန်းပွဲတော်အထိမ်းအမှတ် အစိုးရနှင့် ပြည်သူ ပူး‌ပေါင်းဆောင်ရွက်ခဲ့သည့် သီတာကမ်းနားလမ်းနှင့် အင်ဂျန်းကောင်လမ်းသွယ်(၅) ကိုယ်ထူကိုယ်ထလမ်းများဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါလမ်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။   အဆိုပါ လမ်းဖွင့်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေး၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသား/ သင်တန်းသူများ၊ ရပ်ကွက်နေပြည်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။   ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုလို မင်္ဂလာရှိသည့် သီတင်းကျွတ် လပြည့်နေ့တွင် အလှူရှင်၏ ငွေအင်အားထည့်ဝင်မှု၊ စည်ပင်သာယာရေးဝန်ကြီးဌာန တာဝန်ယူဆောင်ရွက်ခဲ့သည့် အရှည် ၂၉၀ ပေ ၊ အကျယ် ၁၈ ‌ပေလမ်းနှင့် အရှည် ၅၀၀ ပေ၊ အကျယ် ၁၄ ပေရှိသည့် ကတ္တရာလမ်း နှစ်လမ်းနှင့် အရှည် ၁၀၀ ပေ၊ အကျယ် ၁၄ ပေ ကွန်ကရစ်လမ်းများကို ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူပါကြောင်း၊ အထူးသဖြင့် အင်ဂျန်းကောင် ရပ်ကွက်နေပြည်သူများကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ဂုဏ်ပြုပြောကြားသည်။   ဆက်လက်၍ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးဦးလှမိုးက ဆောင်ရွက်ပြီးစီးခဲ့သည့် လမ်းများအခြေအနေနှင့် အင်ဂျန်းကောင်ရပ်ကွက်အတွင်း ဆက်လက်ဆောင်ရွက် သွားမည့်လမ်းများကို လည်းကောင်း၊ ပြည်နယ်ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိန်လွင်က ဧရာဝတီမြစ်ရေကြီးမြင့်မှ ကာကွယ်နိုင်ရေး သီတာရပ်ကွက်အပါအဝင် ရေထိန်းတံခါးနှင့် တစ်ဆက်တစ်စပ်တည်း ယနေ့ ဖွင့်လှစ်သည့် ကမ်းနားလမ်းအရှည် ၅၀၀ ပေအတွက် ရေလျှံတားနံရံနှင့် တမံတည်ဆောက်ပေးခဲ့မှု အခြေအနေများ ကိုလည်းကောင်း အသီးသီးတင်ပြကြရာ ရပ်ကွက်နေပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။   ထို့နောက် လမ်းသစ်များကို ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ဒုတိယတိုင်းမှူး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် စည်ပင်သာယာရေးဝန်ကြီးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး အင်ဂျန်းကောင်လမ်းသွယ် (၅) ကတ္တရာလမ်းသစ်နှင့် ကမ်းနားလမ်း အင်ဂျန်းခရေထိန်းတံခါးထိ ကတ္တရာလမ်းသစ်တို့အား ဘင်ခရာ၊ ပန်းပွားအဖွဲ့တို့နှင့်အတူ ဖြတ်သန်းကြည့်ရှုစစ်ဆေးကြပြီး ကမ်းနားလမ်းပေါ်မှတစ်ဆင့် တန်ဆောင်တိုင် ပွဲတော်အမီ ဖွင့်လှစ်သွားမည့် မြစ်ကြီးနား Night Market အတွက် မြေယာရှုခင်းပြုပြင် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။   ပြည်နယ်(ပြန်/ဆက်) MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်- For Andriod https://shorturl.at/uK23k For IOS https://rb.gy/vgdhqc Subscribe to Myanmar Newspaper https://t.me/myanmarnewspaper Subscribe to The Global New Light of Myanmar https://t.me/gnlmon Subscribe to MOI https://t.me/iprdrnd View to mTube Video Streaming Platform https://mtube.gov.mm

MOI
20 225
သီတင်းကျွတ်မီးထွန်းပွဲတော် အထိမ်းအမှတ် မြစ်ကြီးနားမြို့၌ သီတာကမ်းနားလမ်းနှင့် အင်ဂျန်းကောင်လမ်းသွယ် (၅) အစိုးရ+ပြည်သူ ကိုယ်ထူ
+3
သီတင်းကျွတ်မီးထွန်းပွဲတော် အထိမ်းအမှတ် မြစ်ကြီးနားမြို့၌ သီတာကမ်းနားလမ်းနှင့် အင်ဂျန်းကောင်လမ်းသွယ် (၅) အစိုးရ+ပြည်သူ ကိုယ်ထူကိုယ်ထ ကတ္တရာလမ်းသစ်ဖွင့်လှစ်

MOI
20 225
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို မကွေးမြို့နယ် မကွေးစက်မှုဇုန်စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ရှားပင်လှကျေးရွာအနီး ကြီးပင်စိုက်ပျိုးမွေးမြူရေးဇုန် ကြည့်ရှုစစ်ဆေး မကွေး အောက်တိုဘာ ၂၇ မကွေးတိုင်းဒေသကြီး၊ စက်မှုဇုန်များဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီ(ဒေသဆိုင်ရာ ကော်မတီ) နှင့် ဆုထူးပန်ဆောက်လုပ်ရေးကုမ္ပဏီတို့ အကျိုးတူပူးပေါင်း၍ မကွေးစက်မှုဇုန်စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ၊ မကွေးစက်မှုဇုန် စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုအား အောက်တိုဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့်အဖွဲ့ဝင်ဝန်ကြီးများ၊ ဒေသဆိုင်ရာ ကြီးကြပ်ရေးကော်မတီ တာဝန်ရှိသူများနှင့်အတူ သွားရောက်၍ ကြည့်ရှုစစ်ဆေးသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့်တာဝန်ရှိသူများအား မကွေးစက်မှုဇုန် စီမံကိန်းလုပ်ငန်းရှင်းလင်းဆောင်တွင် တိုင်းဒေသကြီး စက်မှုဇုန်များဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီ (ဒေသဆိုင်ရာကော်မတီ) တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆုထူးပန်ဆောက်လုပ်ရေးကုမ္ပဏီ တာဝန်ရှိသူတို့က အဆောက်အဦးများ ဆောက်လုပ်ခြင်း Survery တိုင်းတာခြင်း၊ သတ်မှတ်အတိုင်းအတာ အကွက်ဖော်ဆောင်ရွက်မှု၊၊ လမ်းအူကြောင်းဖော်ခြင်းလုပ်ငန်းများ၊ ဆောင်ရွက်မှုလုပ်ငန်းအလိုက် လုပ်ငန်းတိုးတက်ပြီးစီးမှု အခြေအနေနှင့် စီမံကိန်းလုပ်ငန်းဆိုင်ရာ ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က  စီမံကိန်းလုပ်ငန်းများ အရည်အသွေးပြည့်မီစွာဖြင့် စံနှုန်းများနှင့်အညီ သတ်မှတ်ကာလပြီးစီးရေး မှာကြားကာ၊ စက်မှုဇုန် အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မကွေးမြို့ စက်မှုဇုန် စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စက်မှုဇုန်စီမံကိန်းလုပ်ငန်းများနှင့် လက်ရှိ စက်မှုဇုန်တွင် လုပ်ငန်းလုပ်ကိုင်ရန် လုပ်ငန်းရှင်များမှ လုပ်ငန်းပြင်ဆင်ဆောင်ရွက်လျက်ရှိသော အာလူးသိုလှောင်ရုံ အအေးခန်း၊ ရေသန့်စက်လုပ်ငန်း၊ ပဲငံပြာရည်ထုတ်လုပ်မှုလုပ်ငန်း ဆောင်ရွက်နေမှုတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးကာ၊ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့်ပတ်သက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။ မကွေးမြို့စက်မှုဇုန်ကို နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မူဘောင်များနှင့် အညီ  စနစ်တကျ စီမံထူထောင်၍ ဒေသတွင်းသာမက  ပြည်တွင်း/ ပြည်ပရှိ လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နိုင်စေရန်၊ မကွေးမြို့အတွင်းရှိ စက်မှုလုပ်ငန်းများကို စက်မှုဇုန်အတွင်း အခြေချလုပ်ကိုင် ဆောင်ရွက်လာစေရန်နှင့် စက်မှုလုပ်ငန်းများကြောင့် သဘာဝနှင့် လူမှုပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုများ မဖြစ်ပေါ်စေရေး၊ လျော့နည်းစေရေး အတွက် သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စံချိန်စံညွှန်းများနှင့် အညီ  စနစ်တကျစီမံဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ မကွေးမြို့ စက်မှုဇုန် တည်ထောင် ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ် အကိုင် အခွင့်အလမ်း တိုးမြှင့်လာစေပြီး လူနေမှုအဆင့်အတန်းမြင့်မားလာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မကွေးမြို့နယ် ရှားပင်လှ ကျေးရွာအနီး ကြီးပင်စိုက်ပျိုးမွေးမြူရေးဇုန်သို့ သွားရောက်၍ ဇုန်အတွင်း လုပ်ငန်း ဆောင်ရွက် လျက်ရှိသော နို့စားနွားမွေးမြူကာ Daily ဒိန်ချဉ်ထုတ်လုပ်မှုလုပ်ငန်းနှင့် Low Pressure Cold Radio-Frequency Discharge Plasma(LPCRFDP)စက်ဖြင့် အောင်နိုင်တိုး စပါးမျိုးအပေါ် Plasma Treatment နှုန်းထားအမျိုးမျိုး၏ အကျိုးသက်ရောက်မှုကို လေ့လာခြင်း စိုက်ပျိုး ဆောင်ရွက်ထားသော အကွက်အမှတ် F-1 တွင် ရွှေအာဆီယံနှင့် အကွက်အမှတ် E-2 မှ အောင်နိုင်တိုးစပါးခင်းတို့အား ကြည့်ရှုစစ်ဆေားကာ၊ လိုအပ်သည်များကို လမ်းညွှန်မှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ မောင်ခိုင်မင်း MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်- For Andriod https://shorturl.at/uK23k For IOS https://rb.gy/vgdhqc Subscribe to Myanmar Newspaper https://t.me/myanmarnewspaper Subscribe to The Global New Light of Myanmar https://t.me/gnlmon Subscribe to MOI https://t.me/iprdrnd View to mTube Video Streaming Platform https://mtube.gov.mm

MOI
20 225
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို မကွေးမြို့နယ် မကွေးစက်မှုဇုန်စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ရှာ
+3
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို မကွေးမြို့နယ် မကွေးစက်မှုဇုန်စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ရှားပင်လှကျေးရွာအနီး ကြီးပင်စိုက်ပျိုးမွေးမြူရေးဇုန် ကြည့်ရှုစစ်ဆေး

MOI
20 225
သပိတ်မျှောပွဲတော်သည် အရှင်ဥပဂုတ္တမထေရ်မြတ်အား ရည်မှန်း၍ ထားဝယ်ရိုးရာ မြေသပိတ်တွင် ဆွမ်း၊ မုန့်၊ သစ်သီး၊ ပေါက်ပေါက်၊မုန့်ဆီကြော်၊ ယိုအမျိုးမျိုးစသည့် လှူဖွယ်များကိုထည့်ပြီး တံခွန်၊ ကုက္ကားများ စိုက်ထူ၍ ဆီးမီးထွန်းညှိကာ သပိတ်မျှောကြခြင်းဖြစ်ပြီး ရာသီဥတု မိုးလေဝသကောင်းမွန်စေရန်၊ ဆန်ရေစပါး၊ စီးပွား ဥစ္စာပေါများ တိုးတက်စေရန်၊ သဘာဝဘေးရန်များနှင့် မကောင်းသောဘေးဘယာကံကြမ္မာ အပေါင်းတို့မှကင်းဝေးလွတ်မြောက်စေရန် ဆုတောင်းပတ္တနာပြုသည့် ရည်ရွယ်ချက်ဖြင့် ထားဝယ်တိုင်းရင်းသား လူမျိုးများက ရှေးအစဉ်အဆက်မှ ယနေ့တိုင်သပိတ်မျှောပွဲတော်ကို ကျင်းပလာခဲ့ကြခြင်းဖြစ်သည် ဟုသိရှိရသည်။   မြန်မာနိုင်ငံတွင် ဝါလကင်းလွတ်သီတင်းကျွတ်သည်နှင့်ဒေသအလိုက် ရိုးရာအစဉ်အလာ မပျက်ပွဲတော်များကို ကျင်းပဆောင်ရွက်လျက်ရှိရာ သီတင်းကျွတ်ကာလနှင့်အတူ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ဒေသတွင်ရှိသော ထေရဝါဒဗုဒ္ဓ ဘာသာဝင်များက တောင်သမုဒ္ဒရာ၌စံနေတော်မူသော အရှင်ဥပဂုတ္ထမထေရ်မြတ်အား ရည်မှန်း၍ သပိတ်မျှောပွဲတော်ကို ကျင်းပလေ့ရှိပြီး သပိတ်မျှောပွဲကို ထားဝယ်မင်းများ လက်ထက်မှစတင်၍ ကျင်းပခဲ့ခြင်းဖြစ်ကာ ယနေ့တိုင် ထားဝယ်ရိုးရာယဉ်ကျေးမှုဓလေ့ တစ်ခုအနေဖြင့် တည်ရှိနေခြင်း ဖြစ်ကြောင်း သိရှိရသည်။   ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်ကို ယနေ့နံနက် ၃ နာရီအချိန် မှစတင်၍ နံနက် ၅ နာရီအချိန်တိုင်အောင်ဒေသခံပြည်သူများမှ စည်ကားသိုက်မြိုက်စွာဖြင့် သပိတ်မျှော ကုသိုလ်ယူ လျက်ရှိကြောင်း သတင်းရရှိသည်။   တိုင်းဒေသကြီး(ပြန်/ဆက်) MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်- For Andriod https://shorturl.at/uK23k For IOS https://rb.gy/vgdhqc Subscribe to Myanmar Newspaper https://t.me/myanmarnewspaper Subscribe to The Global New Light of Myanmar https://t.me/gnlmon Subscribe to MOI https://t.me/iprdrnd View to mTube Video Streaming Platform https://mtube.gov.mm

MOI
20 225
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဇော်နိုင်ဦး ထားဝယ်ရိုးရာသပိတ်မျှောပွဲသို့ တက်ရောက်           ထားဝယ် အောက်တိုဘာ ၂၇   သီတင်းကျွတ်မီးထွန်းပွဲတော်သည် မြန်မာလူမျိုးဗုဒ္ဓဘာသာဝင်များအတွက် သင်္ကြန်ပွဲတော်ပြီးလျှင်ဒုတိယ မြောက်အစည်ကားဆုံး ကျင်းပကြသောပွဲတော်ဖြစ်ပြီး သီတင်းကျွတ်မီးထွန်းပွဲတော်နှင့်အတူ ထားဝယ်မြို့တွင် နှစ်စဉ်နှစ်တိုင်းကျင်းပမြဲဖြစ် သောထားဝယ်ရိုးရာ သပိတ်မျှောပွဲတော်ကို ယခုနှစ်တွင်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်ထားဝယ်သူ၊ ထားဝယ်သားများဦးဆောင်၍ ထားဝယ်ရိုးရာ သပိတ်မျှောပွဲ ဖွင့်ပွဲအခမ်းအနားကိုယနေ့ ညနေ(၆)နာရီခွဲက ထားဝယ်မြို့၊ တလိုင်းမရပ်၊ ကမ်းနားလမ်း၊ ထားဝယ်ရိုးရာ သပိတ်မျှောကွင်း၊ ထားဝယ်မြစ်ကမ်း၌ ရှေးရိုးရာ အစဉ်အလာအတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။   ဦးစွာထားဝယ်ရိုးရာသပိတ်မျှောပွဲကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဇော်နိုင်ဦး၊ လွှတ်တော်ဥက္ကဋ္ဌ ဦးမြတ်ကို၊ တရားသူကြီးချုပ်ဒေါ်အေးအေးသန်း၊ အမှတ်(၈)စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊ တပ်မမှူး ဗိုလ်ချုပ်သိန်းဇော်မြင့်၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောမာတင်လူသာ၊ မြို့မိမြို့ဖဦးအောင်ဝင်း၊ ထားဝယ်လူမျိုးစုစည်းမှုကော်မတီဗဟိုဥက္ကဋ္ဌ ဦးအောင်မျိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။ မြို့မိမြို့ဖများနှင့် ဒေသခံထားဝယ် မြို့သူ/မြို့သားများက မီးပုံးပျံအလုံးရေ(၁၀၀၀)လုံးဖြင့် တစ်ညီတစ်ညွတ် တည်းလွှတ်တင် ပူဇော်ခဲ့ကြသည်။   ဆက်လက်၍ မြို့မယဉ်ငေးသာသနရိပ်သာ(ထားဝယ်)မှ ဆရာတော် ဘဒ္ဒန္တဣန္ဒဉာဏနှင့် သံဃာတော်များ၊ ဝန်ကြီးချုပ်နှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ဒေသခံပြည်သူများက သုံးလောက ထွဋ်တင်သဗ္ဗညုဗုဒ္ဓမြတ်စွာ ဘုရားရှင်အား ရည်မျှော်မှန်းဆ ကြည်ညိုသဒ္ဓါပွားများပြီး ဆီးမီးများဖြင့် ထွန်းညှိပူဇော်ကာ ဝန်ကြီးချုပ်က နိဗ္ဗာန်ဈေးအလှူတော်များ၊ MSME အရောင်းပြခန်းများ၊ ရပ်ကွက်ကျေးရွာအလိုက် အလှဆင်ထား သည့်အလှသပိတ်အိုးကြီးများ အပူဇော်ခံထားရှိမှုများအား လိုက်လံကြည့်ရှုအားပေးကာ ထားဝယ် မြို့သူ/သားများ အားရင်းရင်းနှီးနှီးလိုက်လံ နူတ်ဆက်သည်။   ထို့နောက်ထားဝယ် မြို့သူ/မြို့သားများ၏ စည်းလုံးညီညွတ်မှုအင်အားဖြင့် မီးပုံးပျံကြီးများ လွှတ်တင်နေမှုကို ဝန်ကြီးချုပ်ကပါဝင်ဆင်နွှဲပြီး ထားဝယ်ဒေသဝေါဟာရစကားကို လူငယ်မျိုးဆက်သစ်များသိရှိနိုင်စေရန် ထားဝယ်စကားကို ဖော်ထုတ်သောအားဖြင့် ထားဝယ်စကားလုံးပြောပွဲ၊ ထားဝယ်ရိုးရာယဉ်ကျေးမှု အကအလှများနှင့် သီဆိုဧည့်ခံ ဖျော်ဖြေနေမှုတို့အား ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေများ ချီးမြှင့်သည်။   ဆက်လက်၍ ထားဝယ်ရိုးရာသပိတ်မျှောပွဲကို အောက်တိုဘာ(၂၆)ရက် နံနက်(၃)နာရီတွင် ကျင်းပရာတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက တောင်သမုဒ္ဒရာတွင်ကြေးပြသာဒ်ဖြင့် စံပယ်တော်မူနေသောအရှင်ဥပဂုတ္ထ မထေရ်မြတ်အားရည်မှန်း၍ သပိတ်မျှောကာကုသိုလ်ပြုကြပြီး ဒေသခံထားဝယ်မြို့သူ/သားများက ထားဝယ်ရိုးရာ သပိတ်မျှောမုခ်ဦးမှစ၍ ၀င်္ကပါလျှောက် လမ်းမှတစ်ဆင့် အေးချမ်းပျှော်ရွှင်စွာ ဖြတ်ကျော်ကြကာ သပိတ်မျှော၍ ဆုတောင်းပတ္ထနာပြုပြီး ကုသိုလ်ပြုကြသည်။   ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က အလှဆင်ထားသည့် အလှသပိတ်အိုးကြီးများ ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဆန်းချီရပ်ကွက်၊ ဒုတိယဆုရရှိသည့်ညောင်ရမ်းတောင်ရပ်ကွက်၊ တတိယဆုရရှိသည့် သင်္ဘောဆိပ် ရပ်ကွက်တို့အား ဆုငွေများပေးအပ်ချီးမြှင့်ပြီး ပါဝင်ယှဉ်ပြိုင်သည့် ရပ်ကွက်ပေါင်းစုံ စုစုပေါင်း ၁၅ ရပ်ကွက် မှ ပြိုင်ပွဲဝင်အသင်းများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။   ရပ်ကွက်ပေါင်းစုံမှ ဒေသခံပြည်သူများကလည်းအလှဆင်ထားသည့် အလှသပိတ်အိုးကြီးများကို သပိတ်မျှော၍ ဆုတောင်းပတ္ထနာပြုပြီး ကုသိုလ်ပြုကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အလှူငွေများထည့်ဝင် ကုသိုလ်ပြုလှူဒါန်းကာ အရှင်ဥပဂုတ္ထမထေရ်မြတ်အား ဆွမ်းဆက်ကပ် ပူဇော်သည်။   သပိတ်မျှောပွဲကို နှစ်စဉ်နှစ်တိုင်းသီတင်းကျွတ်လပြည့်နေ့တွင်ပြု လုပ်ကျင်းပလေ့ရှိပြီး စေတနာရှင်၊ အလှူရှင်များက သပိတ်မျှောပွဲသို့ လာရောက်ကြသူများကို စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးကြသည်။ ပွဲတော်တွင် ဆီမီးများ ထွန်းညှိပူဇော်မှုများ၊မီးပုံပျံများ လွှတ်တင်ပူဇော်ခြင်းများ၊ ထားဝယ်ရိုးရာယဉ်ကျေးမှု အကအလှပဒေသာများ၊ ဇာတ်သဘင်များဖြင့် သီဆိုဧည့်ခံဖျော်ဖြေမှုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဒေသခံပြည်သူများက ကြည့်ရှုအားပေးကြသည်။

MOI
20 225
photo content
+7

MOI
20 225
Repost from MRTV
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မြေငလျင်သတင်း ထုတ်ပြန် (မြန်မာနိုင်ငံပြည်တွင်း အုတ်တွင်းမြို့၏ အနောက်-အနောက်တောင်ဘက်ကို ဗဟိုပြု၍ ၃ ဒသမ ၈ (M) အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား)

MOI
20 225
Repost from MRTV
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဆိုင်ကလုန်းမုန်တိုင်း "အာနာဘ်" သတင်း ထုတ်ပြန် (အောက်တိုဘာလ ၂၆ ရက်နေ့၊ ညနေ ၄ နာရီအချိန် ထုတ်ပြန်ချက်) (မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိသဖြင့် အဝါရောင်အဆင့် သတ်မှတ်)

MOI
20 225
Repost from MRTV
ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် (၅) ထပ် အဆောက်အအုံ တစ်လုံးအား ဖြိုချဖျက်ဆီး၊ ကျန်ရှိသည့် တရားမဝင် အဆောက်အအုံများအား စနစ်တကျ ဖြိုချဖျက်ဆီးခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

MOI
20 225
Repost from MRTV
Polytechnic University၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်များ၏ (၂၀၂၅-၂၀၂၆) ပညာသင်နှစ်၊ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ

MOI
20 225
Repost from MRTV
သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) မင်္ဂလာအခါသမယ၌ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုနိုင်စေရန်နှင့် ခရီးသွားလာရေး လွယ်ကူချောမွေ့စေရန်အတွက် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ စီစဉ်မှုဖြင့် တော်ဝင်ယာဉ်လိုင်း (၈) စီးနှင့် ရာဇာမင်း EV ယာဉ် (၁) စီးတို့ဖြင့် အသွားအပြန် အခမဲ့ ပို့ဆောင်ပေးလျက်ရှိ

MOI
20 225
Repost from MRTV
သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) တွင် နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ ကုသိုလ်ဒါန ပြုကြသူများဖြင့် စည်ကား၊ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် တန်ခိုးကြီးဘုရား၊ စေတီများ၌ ကုသိုလ်ဒါန ပြုကြသူ ဘုရားဖူးလာ ပြည်သူများဖြင့် အထူးစည်ကားများပြား၊ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင် မန္တလေးမြို့ရှိ တန်ခိုးကြီးဘုရားများ၌ ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြပြီး မီးထွန်းပွဲတော်များကျင်းပကာ မြို့လုံးအနှံ့ စည်ကားလျက်ရှိ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တန်ခိုးကြီးဘုရားများ၌လည်း စည်ကားလျက်ရှိ

MOI
20 225
Repost from MRTV
၂၀၂၆ ခုနှစ်၊ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲ ဆဋ္ဌမနေ့အား ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ သတ်မှတ်နေရာ အသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ

MOI
20 225
Repost from MRTV
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ၂၀၂၆ ခုနှစ်၊ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် "ရုပ်သေးကြိုးဆွဲ" ပြိုင်ပွဲ၊ "ကာလပေါ်" တေးသီချင်းအဆိုပြိုင်ပွဲ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေး

MOI
20 225
Repost from MRTV
ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

MOI
20 225
အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ခုနစ် ဦး မြန်မာ - ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံလွှဲပြောင်းပေးအပ်   နေပြည်တော် အောက်တိုဘာ ၂၆   ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် လာအိုနိုင်ငံသား နှစ် ဦး၊ သီရိလင်္ကာနိုင်ငံသား နှစ် ဦး၊ နိုင်ဂျီးရီးယားနိုင်ငံသား တစ် ဦး၊ အင်ဒိုနီးရှားနိုင်ငံသား တစ် ဦးနှင့် အိန္ဒိယနိုင်ငံသား တစ် ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသား ခုနစ် ဦးတို့အား မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးသည်။   အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်နှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများနှင့်တွေ့ဆုံကာ စာရင်းဇယား၊ အချက်အလက်များကိုက်ညီမှုရှိရေးနှင့် ပြည့်စုံမှန်ကန်မှုရှိရေးတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။   ထိုသို့ ပြည်နှင်လွှဲပြောင်းပေးအပ်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမင်းစိုးနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ Counsellor Mr. Donovan Noel Diengdoh နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံသံရုံးမှ Counsellor Ms. Fadilah Seedeh နှင့်တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ လာအိုနိုင်ငံသံရုံးမှ Second Secretary Mr.Manivan Bounkham နှင့်တာဝန်ရှိသူများ၊ သီရိလင်္ကာနိုင်ငံနှင့် နိုင်ဂျီးရီးယားနိုင်ငံသံရုံးတို့မှ သံရုံးကိုယ်စားလှယ် Ms. Amy Kristen Miller နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံတာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူတို့က သက်ဆိုင်ရာနိုင်ငံမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို စနစ်တကျ လွှဲပြောင်းပေးအပ်သည်။   နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်- For Andriod https://shorturl.at/uK23k For IOS https://rb.gy/vgdhqc Subscribe to Myanmar Newspaper https://t.me/myanmarnewspaper Subscribe to The Global New Light of Myanmar https://t.me/gnlmon Subscribe to MOI https://t.me/iprdrnd View to mTube Video Streaming Platform https://mtube.gov.mm

MOI
20 225
အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ခုနစ် ဦး မြန်မာ -
အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ခုနစ် ဦး မြန်မာ - ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံလွှဲပြောင်းပေးအပ်