Dr Khaing Khaing Soe
前往频道在 Telegram
Official Spokesperson for the President of the Republic of the Union of Myanmar
显示更多未指定国家未指定类别
4 099
订阅者
+5724 小时
+2047 天
+35330 天
吸引订阅者
九月 '269月 '26
九月 '26
+492
在39个频道中
八月 '26
+536
在64个频道中
Get PRO
七月 '26
+1 158
在43个频道中
Get PRO
六月 '26
+2 113
在33个频道中
| 日期 | 订阅者增长 | 提及 | 频道 | |
| 29 九月 | +77 | |||
| 28 九月 | +57 | |||
| 27 九月 | +9 | |||
| 26 九月 | +4 | |||
| 25 九月 | +8 | |||
| 24 九月 | +10 | |||
| 23 九月 | +24 | |||
| 22 九月 | +104 | |||
| 21 九月 | +1 | |||
| 20 九月 | 0 | |||
| 19 九月 | 0 | |||
| 18 九月 | 0 | |||
| 17 九月 | +1 | |||
| 16 九月 | +1 | |||
| 15 九月 | +1 | |||
| 14 九月 | +1 | |||
| 13 九月 | +8 | |||
| 12 九月 | +2 | |||
| 11 九月 | +5 | |||
| 10 九月 | +10 | |||
| 09 九月 | +153 | |||
| 08 九月 | +2 | |||
| 07 九月 | 0 | |||
| 06 九月 | +2 | |||
| 05 九月 | +3 | |||
| 04 九月 | +5 | |||
| 03 九月 | +1 | |||
| 02 九月 | 0 | |||
| 01 九月 | +3 |
频道帖子
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပညာရေးဝန်ကြီးဌာန လှိုင်တက္ကသိုလ်နယ်မြေ ကြည့်ရှုစစ်ဆေး၊ ထူးချွန်ကျောင်းသားများ မွေးထုတ်ရေးနှင့် တက္ကသိုလ်များ အဆင့်အတန်းမြင့်မားရေး လမ်းညွှန်
ရန်ကုန်၊ စက်တင်ဘာ ၂၇
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် စက်တင်ဘာ ၂၇ ရက်တွင် ပညာရေးဝန်ကြီးဌာန လှိုင်တက္ကသိုလ်နယ်မြေသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး နိုင်ငံတော်အတွက် လိုအပ်သည့် အရည်အသွေးမြင့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး၊ ထူးချွန်ကျောင်းသားများကို စနစ်တကျ ရွေးချယ်လေ့ကျင့်ပျိုးထောင်ရေး၊ တက္ကသိုလ်များ၏ အဆင့်အတန်းနှင့် ဥပဓိရုပ် ကောင်းမွန်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့ပါသည်။
ကြည့်ရှုစစ်ဆေးစဉ် အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူများက လှိုင်တက္ကသိုလ်နယ်မြေရှိ တက္ကသိုလ်များ၏ လက်ရှိအခြေအနေ၊ ကျောင်းသားများ ပညာသင်ကြားနေမှု၊ အခြေခံအဆောက်အအုံနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစီအစဉ်များကို Presentation ဖြင့် ရှင်းလင်းတင်ပြခဲ့ကြပါသည်။
နိုင်ငံတော်သမ္မတက အဓိကထားပြောကြားခဲ့သည့် အချက်များမှာ —
• ထူးချွန်ပြီး အရည်အချင်းပြည့်မီသည့် ကျောင်းသားများ မွေးထုတ်နိုင်ရေး အလေးထားစိစစ်ဆောင်ရွက်ရန်။
• ထူးချွန်ကျောင်းသားများကို နိုင်ငံတော်အတွက် လိုအပ်သည့် Human Resources (HR) များအဖြစ် စနစ်တကျ လေ့ကျင့်မွေးထုတ်ပြီး နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နိုင်ရေး အာမခံချက်ရှိသည့် စနစ်တစ်ရပ် ဖော်ဆောင်ရန်။
• ထူးချွန်ထက်မြက်သည့် ကျောင်းသားများ၏ အရည်အသွေးကို ပိုမိုမြှင့်တင်ပေးနိုင်သည့် ပညာရေးပတ်ဝန်းကျင်နှင့် သင်ကြားရေးစနစ်များ ဖော်ဆောင်ရန်။
• ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်တို့၏ ဖွဲ့စည်းပုံနှင့် Campus များကို လိုအပ်ချက်နှင့် လက်တွေ့အခြေအနေအပေါ်မူတည်၍ ပေါင်းစည်းခြင်း၊ သီးခြားခွဲထုတ်ခြင်းတို့ကို စနစ်တကျ လေ့လာသုံးသပ်ဆောင်ရွက်ရန်။
• ရန်ကုန်ပညာရေးတက္ကသိုလ်ရှိ (၆)ထပ်ဆောင် တည်ဆောက်ရေးလုပ်ငန်းများ အမြန်ဆုံးပြီးစီးရေး စနစ်တကျ ကြီးကြပ်ဆောင်ရွက်ရန်
နှင့်Foundation ခိုင်မာမှု၊ အဆောက်အအုံဆိုင်ရာ ဘေးကင်းလုံခြုံမှုတို့ကို စစ်ဆေးရန်။
• တက္ကသိုလ်များ အဆင့်အတန်းမီရေး၊ ပညာရေးပတ်ဝန်းကျင်ကောင်းမွန်ရေးနှင့် Campus များ၏ ဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ရန်တို့ ဖြစ်ပါသည်။
| 2 | နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဆေးတက္ကသိုလ်(၁)ရှိ Multi-Purpose Assembly Hall တည်ဆောက်ရေးလုပ်ငန်း ကြည့်ရှုစစ်ဆေး
ရန်ကုန်၊ စက်တင်ဘာ ၂၇
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၂၇ ရက်တွင် ရန်ကုန်မြို့ရှိ ဆေးတက္ကသိုလ်(၁) ဝန်းအတွင်း တည်ဆောက်လျက်ရှိသည့် လိပ်ခုံးပုံ Multi-Purpose Assembly Hall အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက Assembly Hall တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှု၊ အဆောက်အအုံ၏ မူလဗိသုကာပုံစံနှင့် သွင်ပြင်လက္ခဏာများကို ထိန်းသိမ်းထားရှိမည့် အခြေအနေ၊ ခေတ်မီစနစ်များ ထည့်သွင်းတည်ဆောက်မည့် အစီအစဉ်နှင့် လုပ်ငန်းပြီးစီးရေး ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။
နိုင်ငံတော်သမ္မတက ယခင်လိပ်ခုံးခန်းမ နေရာတွင် မူလပုံစံမပျက်စေဘဲ ခေတ်မီဆန်းသစ်သည့် အသွင်အပြင်ရှိစေရေး စနစ်တကျ တည်ဆောက်ရန်နှင့် အခမ်းအနားများ၊ စုဝေးပွဲများ ကျင်းပရာတွင် အသံပိုင်းဆိုင်ရာ အရည်အသွေးကောင်းမွန်စေရန် Soundproof စနစ် ထည့်သွင်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
အဆိုပါ Multi-Purpose Assembly Hall တည်ဆောက်ရေးလုပ်ငန်းကို ၂၀၂၆ ခုနှစ် ဇွန်လတွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၇ ခုနှစ် ဇန်နဝါရီလတွင် အပြီးသတ်နိုင်ရန် လျာထားဆောင်ရွက်လျက်ရှိပါသည်။ | 3 379 |
| 3 | နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဒဂုံတက္ကသိုလ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး၊ တက္ကသိုလ် အင်္ဂါရပ်နှင့်အညီ အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ရေး လမ်းညွှန်မှာကြား
ရန်ကုန်၊ စက်တင်ဘာ ၂၇
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၂၇ ရက်တွင် ဒဂုံတက္ကသိုလ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တက္ကသိုလ်၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး တက္ကသိုလ် အင်္ဂါရပ် နှင့်အညီ အခြေခံအဆောက်အအုံများ ပြုပြင်အဆင့်မြှင့်တင်ရေး၊ ကျောင်းသား၊ ကျောင်းသူများ၏ သွားလာနေထိုင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုကောင်းမွန်စေရေးတို့အတွက် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။
နိုင်ငံတော်သမ္မတသည် ဒဂုံတက္ကသိုလ်ဘူတာနှင့် ကျောင်းသား၊ ကျောင်းသူများ၏ သွားလာမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒဂုံတက္ကသိုလ် YBS ဂိတ်ကို ဘူတာနှင့် တက္ကသိုလ်သို့ ဝင်ရောက်သည့်လမ်း၏ ဘေးဘက်တွင် စနစ်တကျထားရှိနိုင်ရေးနှင့် ယာဉ်ရပ်နားဝင်း တည်ဆောက်ရန် လျာထားသည့်နေရာတို့ကို ကြည့်ရှုခဲ့စစ်ဆေးခဲ့ပါသည်။
ထို့ပြင် တက္ကသိုလ်အတွင်း ယာဉ်ရပ်နားစနစ်ကို စနစ်တကျဖြစ်စေရေး၊ ယာဉ်ဝင်ထွက်သွားလာမှု အဆင်ပြေချောမွေ့စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဘတ်စ်ကားများ ပြေးဆွဲပေးနေမှုအခြေအနေနှင့် လိုအပ်ချက်များကို စိစစ်၍ လိုအပ်သလို ဖြည့်ဆည်းဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။
တက္ကသိုလ်ဝင်းအတွင်း ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးနှင့် မိုးရာသီတွင် ရေဝပ်ရေလျှံမှုများ မဖြစ်ပေါ်စေရေး စနစ်တကျ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ဒဂုံတက္ကသိုလ် ပါမောက္ခချုပ်က တက္ကသိုလ်၏ လက်ရှိအခြေအနေ၊ ပညာရေးဆိုင်ရာနှင့် အခြေခံအဆောက်အအုံဆိုင်ရာ လိုအပ်ချက်များ၊ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေးဆွဲထားသည့် စီမဲကိန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် နိုင်ငံတော်သမ္မတက ဒဂုံတက္ကသိုလ် အားကစားကွင်းနှင့် ပွဲကြည့်စင်တို့ကို သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ကိုက်ညီစေရေး ပြုပြင်အဆင့်မြှင့်တင်ဆောင်ရွက်ရန်နှင့် တက္ကသိုလ်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို တက္ကသိုလ် အင်္ဂါရပ်နှင့်အညီ စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် နိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားခဲ့ပါသည်။ | 6 215 |
| 4 | ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိင်
ဩဂုတ် ၂၈ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ
နိုင်ငံတော်သမ္မတ ရုံးတော်၌ Time Magazine မှ
သတင်းထောက် Charlie Campbell ၏
တွေ့ဆုံ မေးမြန်းမှုများအပေါ် ဖြေကြားချက် | 4 462 |
| 5 | TIME Magazine’s Article Deviates from the Original Purpose of the Interview and Does Not Fully Reflect the President’s Responses
Nay Pyi Taw, September 23
The article concerning Myanmar published by TIME magazine deviates from the original proposal and purpose of the interview and does not fully reflect the actual responses provided by the President of the Republic of the Union of Myanmar.
TIME magazine, through the Myanmar Embassy in Singapore, had initially requested an interview with the President for the purpose of publishing, under the title “The Future of Myanmar,” an article highlighting the historic role of the Myanmar Government in safeguarding the non-disintegration of the Union and national solidarity, its efforts toward peace and stability in Myanmar, and the achievements of the peace negotiations.
As TIME is regarded as an internationally reputable media organization, the President responded positively to the proposal and granted an interview to TIME journalist Charlie Campbell, answering the questions presented during the meeting.
However, when the interview was subsequently published on TIME’s online media platform, it was found that the content had been presented not in the original question-and-answer interview format but had instead been rewritten and presented as an article. Furthermore, the article does not fully reflect the actual responses provided by the President.
In addition, the article includes interviews with other individuals, their assessments, and other unfavorable or non-constructive statements that went beyond the subjects originally discussed for the interview.
It has also been observed that the article places emphasis on matters that were not part of the originally agreed purpose of the interview and uses expressions that could cause the international community to misunderstand the Myanmar Government and Myanmar.
Therefore, in order for the people of Myanmar and the international community to directly understand what questions were actually asked during the interview and how the President responded to them, the actual question-and-answer exchange between the President and TIME journalist Charlie Campbell will be released and made public in due course.
The article written by TIME journalist Charlie Campbell, which deviated from the original purpose of the interview, failed to fully reflect the President’s responses, and incorporated other matters and assessments into the report, constitutes reporting that does not uphold and adhere to media ethics and professional journalistic standards. Such reporting is therefore strongly condemned. | 4 995 |
| 6 | TIME မဂ္ဂဇင်း၏ ရေးသားဖော်ပြမှု မူလအင်တာဗျူးရည်ရွယ်ချက်နှင့် ကွဲလွဲနေပြီး နိုင်ငံတော်သမ္မတ၏ ဖြေကြားချက်များကို အပြည့်အဝ ထင်ဟပ်ဖော်ပြခြင်းမရှိ
နေပြည်တော်၊ စက်တင်ဘာ ၂၃
TIME မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည့် မြန်မာနိုင်ငံနှင့်ပတ်သက်သော ဆောင်းပါးသည် မူလအင်တာဗျူးအဆိုပြုချက်နှင့် ကွဲလွဲနေသည့်အပြင် နိုင်ငံတော်သမ္မတ၏ အမှန်တကယ် ဖြေကြားခဲ့မှုများကိုလည်း အပြည့်အဝ ထင်ဟပ်ဖော်ပြထားခြင်းမရှိပေ။
“TIME မဂ္ဂဇင်းအနေနဲ့ မြန်မာအစိုးရက ပြည်ထောင်စုမပြိုကွဲရေးနဲ့ အမျိုးသားစည်းလုံးညီညွတ်မှုကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့ နိုင်ငံတော်ရဲ့ သမိုင်းဝင်အခန်းကဏ္ဍ၊ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ခဲ့မှုတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရဲ့ အောင်မြင်မှုတွေကို သူတို့ရဲ့ မဂ္ဂဇင်းမှာ ‘The Future of Myanmar’ ခေါင်းစဉ်နဲ့ ရေးသားဖော်ပြဖို့ အင်တာဗျူးပြုလုပ်လိုကြောင်း မြန်မာသံရုံး၊ စင်ကာပူကတစ်ဆင့် မေတ္တာရပ်ခံ အဆိုပြုလာခဲ့တာ ဖြစ်ပါတယ်။
TIME မဂ္ဂဇင်းဟာ နိုင်ငံတကာမှာ ဂုဏ်သိက္ခာရှိတဲ့ သတင်းမီဒီယာတစ်ခုဖြစ်တဲ့အတွက် ဒီအဆိုပြုချက်အပေါ် အပြုသဘောဆောင် တုံ့ပြန်တဲ့အနေနဲ့ နိုင်ငံတော်သမ္မတက သတင်းထောက် Charlie Campbell ကို လက်ခံတွေ့ဆုံပြီး မေးမြန်းလာတဲ့ မေးခွန်းတွေကို ဖြေကြားပေးခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ TIME မဂ္ဂဇင်းရဲ့ အွန်လိုင်းမီဒီယာမှာ ဖော်ပြလာတဲ့အခါ မူလဆောင်ရွက်ခဲ့တဲ့ အမေးအဖြေ အင်တာဗျူးပုံစံအတိုင်း ဖော်ပြတာမဟုတ်ဘဲ ဆောင်းပါးပုံစံနဲ့ ပြောင်းလဲရေးသားဖော်ပြခဲ့တာကို တွေ့ရပါတယ်။ နိုင်ငံတော်သမ္မတက အမှန်တကယ် ဖြေကြားခဲ့တဲ့ အကြောင်းအရာတွေကိုလည်း အပြည့်အဝ ထင်ဟပ်ဖော်ပြထားခြင်း မရှိပါဘူး။
ဒါ့အပြင် မူလအင်တာဗျူးအတွက် ဆွေးနွေးထားတဲ့ အကြောင်းအရာတွေထက် ကျော်လွန်ပြီး အခြားပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံမေးမြန်းထားတာတွေ၊ သူတို့ရဲ့ သုံးသပ်ချက်တွေနဲ့ မလိုလားအပ်တဲ့ အပြုသဘောမဆောင်တဲ့ ရေးသားချက်တွေကိုပါ ထည့်သွင်းဖော်ပြထားတာ တွေ့ရပါတယ်။
ကနဦးဆွေးနွေးသဘောတူထားတဲ့ အင်တာဗျူးရဲ့ ရည်ရွယ်ချက်မှာ မပါဝင်တဲ့ အကြောင်းအရာတွေကို အလေးပေးဖော်ပြထားသလို မြန်မာအစိုးရနဲ့ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက အထင်အမြင်လွဲမှားစေနိုင်တဲ့ အသုံးအနှုန်းတွေကိုလည်း အသုံးပြုပြီး ရေးသားထားတာ တွေ့ရပါတယ်။
ဒါကြောင့် အင်တာဗျူးမှာ အမှန်တကယ် ဘာတွေမေးမြန်းခဲ့သလဲ၊ နိုင်ငံတော်သမ္မတက ဘယ်လိုပြန်လည်ဖြေကြားခဲ့သလဲဆိုတာကို ပြည်သူတွေနဲ့ နိုင်ငံတကာက တိုက်ရိုက်သိရှိနိုင်ဖို့ နိုင်ငံတော်သမ္မတနဲ့ TIME မဂ္ဂဇင်း သတင်းထောက် Charlie Campbell တို့အကြား အမှန်တကယ် မေးမြန်းဖြေကြားခဲ့တဲ့ အမေးအဖြေတွေကို ဆက်လက်ထုတ်လွှင့်ဖော်ပြသွားမှာ ဖြစ်ပါတယ်။
မူလအင်တာဗျူးရဲ့ ရည်ရွယ်ချက်နဲ့ ကွဲလွဲပြီး နိုင်ငံတော်သမ္မတရဲ့ ဖြေကြားချက်တွေကို အပြည့်အဝ ထင်ဟပ်ဖော်ပြခြင်းမရှိဘဲ အခြားအကြောင်းအရာတွေနဲ့ သုံးသပ်ချက်တွေကို ရောနှောထည့်သွင်း ရေးသားဖော်ပြခဲ့တဲ့ TIME မဂ္ဂဇင်း သတင်းထောက် Charlie Campbell ရဲ့ ရေးသားမှုဟာ မီဒီယာကျင့်ဝတ်၊ မီဒီယာအကျင့်သိက္ခာကို စောင့်ထိန်းလိုက်နာမှုမရှိတဲ့ ရေးသားဖော်ပြမှုဖြစ်တဲ့အတွက် ပြင်းထန်စွာ ရှုတ်ချပါကြောင်း ဖော်ပြအပ်ပါတယ်။ | 9 280 |
| 7 | နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးချရေးနှင့် ရေရှည်စွမ်းအင်လုံခြုံရေးအတွက် အမျိုးသားအဆင့် စီမံကိန်းများ စနစ်တကျ အကောင်အထည်ဖော်ရန် နိုင်ငံတော်သမ္မတ မှာကြား
နေပြည်တော်၊ စက်တင်ဘာ ၂၃
အမျိုးသားအဆင့် နျူကလီးယားစွမ်းအင် အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီ အစည်းအဝေးကို စက်တင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ၏ ရေရှည်စွမ်းအင်လုံခြုံရေးအတွက် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးချနိုင်ရေး၊ နိုင်ငံတကာစံနှုန်းများနှင့်အညီ ဘေးကင်းလုံခြုံစွာ အကောင်အထည်ဖော်ရေးနှင့် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတက အဓိကထား ပြောကြားခဲ့သည်များမှာ -
■ ရေရှည်စွမ်းအင်လုံခြုံရေးနှင့် နျူကလီးယားစွမ်းအင် အသုံးချရေး
မြန်မာနိုင်ငံ၏ တိုးပွားလာမည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ သဘာဝဓာတ်ငွေ့နှင့် အခြားစွမ်းအင်အရင်းအမြစ်များကို ပေါင်းစပ်အသုံးပြုသည့် Mix Energy စနစ်ကို အခြေခံ၍ နျူကလီးယားစွမ်းအင်ကိုလည်း ထည့်သွင်းလေ့လာသုံးသပ်ရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။
ထို့ပြင် တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားရရှိရေးနှင့် ရေရှည်စွမ်းအင်လုံခြုံရေးအတွက် အသေးစားမော်ဂျူးဓာတ်ပေါင်းဖို (Small Modular Reactor – SMR) နည်းပညာအခြေပြု အဏုမြူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို ထည့်သွင်းလျာထားခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
■ ရုရှားနိုင်ငံနှင့် နျူကလီးယားနည်းပညာ ပူးပေါင်းဆောင်ရွက်ရေး
မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ မူဘောင်အတွင်းမှ အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးချရေး ဆောင်ရွက်လျက်ရှိပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် ROSATOM ကော်ပိုရေးရှင်းနှင့် နျူကလီးယားနည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ SMR နည်းပညာအသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။
ထို့ပြင် ROSATOM နှင့် ပူးပေါင်း၍ နျူကလီးယားနည်းပညာဆိုင်ရာ အသိပညာပေးလုပ်ငန်းများ၊ သိပ္ပံပွဲတော်များ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် ပြပွဲများ ကျင်းပလျက်ရှိပြီး ယခုနှစ် ဒီဇင်ဘာလဆန်းခန့်တွင်လည်း သိပ္ပံပွဲတော် ကျင်းပရန် လျာထားကြောင်း ပြောကြားခဲ့ပါသည်။
■ နျူကလီးယား ဘေးကင်းလုံခြုံရေးနှင့် နိုင်ငံတကာစံနှုန်းများ လိုက်နာရေး
နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးချရာတွင် ဘေးကင်းမှု၊ လုံခြုံမှုနှင့် အကာအကွယ်ပေးရေးဆိုင်ရာ အာမခံချက်များဖြစ်သည့် Safety, Security and Safeguards (3S) ကို အခြေခံမူအဖြစ် သတ်မှတ်ဆောင်ရွက်ရန်နှင့် IAEA ၏ နိုင်ငံတကာစံနှုန်းများနှင့်အညီ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ကျွမ်းကျင်သူများ ဖလှယ်မှုနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။
■ နျူကလီးယားနည်းပညာကို ကဏ္ဍစုံတွင် အသုံးချရေး
နျူကလီးယားနည်းပညာကို လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအတွက်သာမက ကျန်းမာရေး၊ စိုက်ပျိုးရေး၊ အစားအစာဘေးကင်းလုံခြုံရေး၊ စက်မှုလုပ်ငန်း၊ သုတေသနနှင့် သိပ္ပံနည်းပညာကဏ္ဍများတွင်လည်း ငြိမ်းချမ်းစွာအသုံးချနိုင်ရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
■ အမျိုးသားအဆင့် စီမံကိန်းများ အဆင့်လိုက် အကောင်အထည်ဖော်ရေး
နျူကလီးယားစွမ်းအင် အစီအစဉ်များကို အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံ၏ ရေရှည်စွမ်းအင်လိုအပ်ချက်၊ စီးပွားရေးအခြေအနေ၊ နည်းပညာစွမ်းရည်၊ လူ့စွမ်းအားနှင့် လုံခြုံရေးအခြေအနေများနှင့် ကိုက်ညီမှုရှိ၊ မရှိ စနစ်တကျ သုံးသပ်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတက မှာကြားခဲ့ပါသည်။
ထို့ပြင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဦးဆောင်ကော်မတီ၊ ပညာရှင်များနှင့် နိုင်ငံတကာမိတ်ဖက်များအကြား ပူးပေါင်းညှိနှိုင်း၍ ရှေ့ဆက်ဆောင်ရွက်မည့် Roadmap နှင့် Action Plan များကို စနစ်တကျ ရေးဆွဲဆောင်ရွက်ရန်နှင့် သတ်မှတ်ထားသည့် လုပ်ငန်းတာဝန်များကို အချိန်မီ၊ အရည်အသွေးပြည့်မီစွာ အကောင်အထည်ဖော်ကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။ | 2 620 |
| 8 | ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကုန်ဈေးနှုန်းလျှော့ချရေး၊ လယ်ယာကဏ္ဍထုတ်လုပ်မှုနှင့် ပညာရေးကဏ္ဍများ ထိရောက်စွာ ဆောင်ရွက်ရန် မှာကြား
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် စက်တင်ဘာ ၂၃ ရက်က နေပြည်တော်၌ သမ္မတ၊ ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များ တွေ့ဆုံပွဲတွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကို ထိန်းချုပ်ရေး၊ လယ်ယာ၊ သားငါးနှင့် မွေးမြူရေး ထုတ်ကုန်များတိုးမြှင့်ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ ပညာရေးနှင့် ရေရှည်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်ကြရန် အောက်ပါအတိုင်း မှာကြားခဲ့ပါသည်-
၁။ စားသုံးမှုနှင့် ထုတ်လုပ်မှု မမျှတခြင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်မားခြင်းနှင့် တရားမဝင်ကုန်သွယ်မှုများကြောင့် ကုန်ဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်နေသဖြင့် သက်ဆိုင်ရာ ဝန်ကြီးချုပ်များက ဒေသအလိုက် ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ထုတ်လုပ်မှုတိုးတက်ရေးကို ကြပ်မတ်ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် ဦးစားပေး ဆောင်ရွက်ရန်လိုကြောင်း၊ အလုပ်လုပ်ကြရန် လိုအပ်ပါကြောင်း၊ အလုပ်အကိုင်နှင့် အလုပ်လုပ်နိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးရမှာဖြစ်ကြောင်း၊
၂။ ကချင်ပြည်နယ်တွင် သားငါးဈေးနှုန်း မြင့်တက်နေမှုနှင့် မွေးမြူရေးအားနည်းမှုများကို ဖြေရှင်းရန် ဒေသတွင်းမွေးမြူရေး တိုးမြှင့်ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ကြောင်း၊
၃။ ပြည်ပမှ နှစ်စဉ်စားသုံးဆီ တန်ချိန် ၅ သိန်းမှ ၆ သိန်းခန့် တင်သွင်းနေရသဖြင့် နှမ်း၊ မြေပဲ၊ နေကြာ၊ ပဲပုပ်နှင့် ဆီအုန်းတို့ကို ပန်းတိုင်အထွက်နှုန်းရရှိအောင် စိုက်ပျိုးထုတ်လုပ်ပြီး ပြည်တွင်း စားသုံးဆီဖူလုံရေး ဆောင်ရွက်ကြရန်လိုကြောင်း၊
၄။ ဆီအုန်းကို ဧက ၄ သိန်းခန့် စိုက်ပျိုးထားသော်လည်း ထုတ်လုပ်မှုနည်းပါးနေသေးသဖြင့် စိစစ်ပြီး ဆီကြမ်းအစား ဆီချောထုတ်လုပ်နိုင်ရေးနှင့် ထိရောက်စွာ အကောင်အထည်ဖော်ရန် လိုအပ်ပါကြောင်း၊ တိုင်းအစိုးရက ကြီးကြပ်ပေးရန် ဖြစ်ကြောင်း၊
၅။ စပါး၊ နှမ်းနှင့် ပဲသီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် “မျိုး၊ မြေ၊ ရေ၊ နည်း” ကို အခြေခံ၍ တောင်သူများက စနစ်တကျ စိုက်ပျိုးရန်နှင့် သီးထပ်စွမ်းအား မြှင့်တင်ရန် လိုအပ်ပါကြောင်း၊
၆။ KG+9 ပညာရေးစနစ်ကို ထိရောက်စွာ အကောင်အထည်ဖော်ရန် ၂၀၂၁ ခုနှစ်ကတည်းပင် စတင်ပြောကြားခဲ့ကြောင်း၊ ကျောင်းတက်ရောက်မှု မြင့်မားရေးနှင့် စာတတ်မြောက်ရေးကို အလေးထားဆောင်ရွက်ရန် တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များက ကြပ်မတ်ဆောင်ရွက်ရန် လိုပါကြောင်း၊ Check, Recheck, Counter Check လုပ်သွားရမည်ဖြစ်ကြောင်း၊
၇။ အခြေခံပညာကျောင်းများတွင် ဆရာ၊ ဆရာမလိုအပ်ချက်ကို ကြိုတင်တွက်ချက်ပြီး လူ့စွမ်း အားအရင်းအမြစ် စီမံချက်များ ရေးဆွဲရန်နှင့် တက္ကသိုလ်၊ ကောလိပ်များ၏ သင်ကြားရေးနှင့် အားကစားအဆောက်အအုံများကိုလည်း တိုးတက်အောင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊
၈။ ပူတာအိုဒေသအတွက် ကောလိပ်/သိပ္ပံဖွင့်လှစ်နိုင်ရေး လေ့လာဆောင်ရွက်ရန်ဖြစ်ကြောင်း၊
၉။ စံကိုက်ကျောင်းများ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ လက်ရှိတွင် နိုင်ငံတစ်ဝန်း စံကိုက်ကျောင်း ၅၇၈ ကျောင်းရှိပြီး စံကိုက်ကျောင်းများ ဖြစ်လာစေရန်ဆောင်ရွက် ပါက master plan ဆွဲပြီးဆောင်ရွက်ရန်လိုပါကြောင်း၊ လာမည့်ဘတ်ဂျက်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် စံကိုက်ကျောင်းဖြစ်နိုင်တဲ့ ကျောင်းများကို ဦးစားပေး လုပ်ဆောင်ရန် ဖြစ်ကြောင်း၊
၁၀။ အယ်လ်နီညိုနှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ရေရှားပါးနိုင်သဖြင့် ရေကို ချွေတာသုံးစွဲရန်၊ မိုးရေစုဆောင်းရန်နှင့် ရေရှားပါးသည့် ဒေသများတွင် ရေသိုလှောင်မှု တိုးမြှင့်ရန် လိုအပ်မည်ဖြစ်ပါ ကြောင်း၊
၁၁ ။ မိုးစပါး ဧက ၁၅ သန်းခန့်၊ နွေစပါး ဧက ၂ သန်းကျော် စိုက်ပျိုးနေပြီး လယ်ယာကဏ္ဍတွင် သီးထပ် စွမ်းအား မြှင့်တင်ရန်၊ စိုက်ဧကနှင့် အထွက်နှုန်း ကိန်းဂဏန်းများကို မှန်ကန်စွာ တင်ပြရန် ဖြစ်ကြောင်း၊
၁၂။ ရေကို ဖြစ်နိုင်သည့်နည်းဖြင့် စုဆောင်းထားရန်၊ ချွေတာသုံးစွဲရန်နှင့် ရေချိုရှားပါးသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရေရရှိနိုင်သည့်အချိန်အတွင်း သစ်ပင်များကို စိုက်ပျိုးရန်နှင့် အရိပ်အာဝါသရရှိရေးအတွက် ရည်ရွယ်ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ သစ်ပင်စိုက်ရာတွင်လည်း အမှန်တကယ်ရှင်သန်ကြီးထွားနိုင်ရေးကို အလေးထားဆောင်ရွက်ရန်လိုပါကြောင်း၊ ပတ်ဝန်းကျင် စိမ်းလန်းသာယာစိုပြေရေးအတွက် ခြုံများရှင်းဖို့လိုကြောင်း၊ ကျောင်းများ တက္ကသိုလ်များတွင် ခြုံများရှင်းလင်းနိုင်ရေး ဝိုင်းကူကြဖို့လိုကြောင်း၊
၁၃။ အခွန်အခများမှန်ကန်စွာ ကောက်ခံရန်လိုအပ်ကြောင်း၊ အခွန်ရှောင်သူများရှိနေဆဲ ဖြစ်သဖြင့် အပြည့်အဝရရှိရန်လိုအပ်ကြောင်း၊
၁၄။ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဥပဒေပြုရေးကိစ္စတွေ ဆောင်ရွက်ဖို့ လိုသေးကြောင်း၊ အထူးသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား (၂) နှင့် ပတ်သက်၍ ပြဌာန်းဖို့လိုအပ်သည့် ဥပဒေများကို ရေးဆွဲရန် ဖြစ်ကြောင်း၊
၁၅။ မှတ်ပုံတင်အတုများနှင့် နိုင်ငံသားအယောင်ဆောင်မှုများကို စစ်ဆေးဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူရန်လိုပြီး၊ မသမာသောနည်းလမ်းဖြင့် နိုင်ငံသားဖြစ်လာစေရန် ဆောင် ရွက်မှုများကို ပြန်လည်စိစစ်ရန်လိုအပ်ကြောင်း၊ သံသယရှိသည့် မြို့နယ်၊ ရပ်ကွက်များတွင် Spot Check ပြုလုပ်ရန်လိုအပ်မှာဖြစ်ကြောင်း၊ အလားတူ မှတ်ပုံတင်အချက်အလက်များ မှန်ကန်မှု ရှိစေရေးအတွက် ကြပ်မတ်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ | 25 511 |
| 9 | 🌾🚜လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမှ နိုင်ငံ့ထုတ်ကုန်တိုးတက်ရေးအတွက် တန်ဖိုးကွင်းဆက်တစ်လျှောက် အားလုံးပါဝင်နိုင်ရေးဖော်ဆောင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှာကြား
-ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် “လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့” အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲတွင် လယ်ယာကဏ္ဍမှ နိုင်ငံ့ထုတ်ကုန်တိုးတက်ရေးအတွက် ထုတ်လုပ်မှုမှ ကုန်ကြမ်း၊ တန်ဖိုးမြှင့်ထုတ်ကုန်၊ စက်မှုလုပ်ငန်း၊ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်အထိ တန်ဖိုးကွင်းဆက်တစ်လျှောက် ချိတ်ဆက်ဖော်ဆောင်ရန် အောက်ပါအချက်များကို မှာကြားခဲ့ပါသည်-
၁။ မြန်မာနိုင်ငံတွင် ကျေးလက်နေပြည်သူများနှင့် လယ်ယာ၊ သားငါး၊ သစ်တောကဏ္ဍတွင် လုပ်ကိုင်သူများပြားသဖြင့် စိုက်ပျိုးမွေးမြူရေးကို စနစ်တကျဆောင်ရွက်ကာ ကုန်ထုတ်လုပ်မှုနှင့် ကျေးလက်ဝင်ငွေ တိုးတက်စေရန် အလေးထားရန် လိုအပ်ပါကြောင်း
၂။ မိရိုးဖလာစိုက်ပျိုးရေးမှ စီးပွားဖြစ်လယ်ယာစိုက်ပျိုးရေးသို့ ကူးပြောင်းပြီး “မျိုး၊ မြေ၊ ရေ၊ နည်း” အခြေခံအချက်များ ပြည့်စုံစေရန်၊ လယ်ယာသုံးစက်ကိရိယာအသုံးပြုမှု၊ ထုတ်လုပ်မှုကုန်ကျစရိတ်လျှော့ချရေးနှင့် ကုန်ထုတ်စွမ်းအားမြှင့်တင်ရေးတို့ကို ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း
၃။ လယ်ယာထွက်ကုန်များကို ကုန်ကြမ်းအဆင့်ဖြင့်သာ မရောင်းချဘဲ ကြိတ်ခွဲခြင်း၊ သန့်စင်ခြင်း၊ အခြောက်ခံခြင်း၊ ထုပ်ပိုးခြင်းနှင့် ပြုပြင်ထုတ်လုပ်ခြင်းတို့မှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲရန် လိုအပ်ပါကြောင်း
၄။ ဝါကို ဝါဂွမ်း၊ ချည်၊ ချည်ထည်နှင့် အဝတ်အထည်အထိ၊ ဝါးကို စက္ကူ၊ ပရိဘောဂနှင့် အခြားတန်ဖိုးမြှင့်ထုတ်ကုန်များအထိ တန်ဖိုးကွင်းဆက်တစ်လျှောက် ဖော်ဆောင်နိုင်ရေး အလေးထားရန် လိုအပ်ပါကြောင်း
၅။ ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါးနှင့် အခြားမွေးမြူရေးလုပ်ငန်းများတွင် ထုတ်လုပ်မှုစနစ်၊ အစာစရိတ်၊ နည်းပညာ၊ မျိုးကောင်းမျိုးသန့်နှင့် ဈေးကွက်ချိတ်ဆက်မှုများ တိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း
၆။ ဒေသထွက် စိုက်ပျိုးမွေးမြူရေးကုန်ကြမ်းများကို အခြေခံသည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးလာပါက ဒေသတွင်းအလုပ်အကိုင်၊ ဝင်ငွေနှင့် စီးပွားရေးလည်ပတ်မှု တိုးတက်နိုင်သဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME ကဏ္ဍများကို တန်ဖိုးကွင်းဆက်တစ်ခုအဖြစ် ချိတ်ဆက်ဖော်ဆောင်ရန် လိုအပ်ပါကြောင်း
၇။ Digital Agriculture၊ Precision Agriculture နှင့် Artificial Intelligence နည်းပညာများကို မြေယာ၊ ရေ၊ ရာသီဥတု၊ သီးနှံနှင့် ဈေးကွက်အချက်အလက်များအပေါ် အခြေခံ၍ လက်တွေ့အသုံးချရန် လိုအပ်ပါကြောင်း
၈။ အစိုးရ၊ တောင်သူလယ်သမားများ၊ ပုဂ္ဂလိကကဏ္ဍ၊ စက်မှုလုပ်ငန်းရှင်များ၊ ကုန်သည်များ၊ ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ တက္ကသိုလ်နှင့် သုတေသနအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်၍ လက်တွေ့အကောင်အထည်ဖော်နိုင်မည့် မူဝါဒနှင့် လုပ်ငန်းစီမံချက်များ ထွက်ပေါ်လာစေရန် ဆွေးနွေးသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။ | 6 425 |
| 10 | ယနေ့ ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး (၈/၂၀၂၆) တွင် နိုင်ငံတော် သမ္မတကြီးမှ အောက်ဖော်ပြပါ အချက်များကို အလေးထားမှာကြားခဲ့ပါသည်-
• ဗီယက်နမ်နှင့် ကမ္ဘောဒီးယား လေ့လာကြည့်မည်ဆိုပါက နိုင်ငံရေး တည်ငြိမ်မှုနှင့် လုံခြုံရေး ကောင်းမွန်ခြင်းကြောင့် စီးပွားရေး တိုးတက်လာခြင်းဖြစ်ပြီး ဗီယက်နမ်သည် ၂၀၃၀ တွင် စက်မှုနိုင်ငံ၊ ၂၀၅၀ တွင် ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်ရန် ရည်မှန်းထားကြောင်း၊
• ဒေသတွင်း ပို့ကုန်နှင့်ကုန်ထုတ်လုပ်မှုကဏ္ဍများတွင် မြန်မာနိုင်ငံမှ ထုတ်ကုန် အချို့မှာလည်း အခြားနိုင်ငံများမှတစ်ဆင့် ပြန်လည်တင်ပို့ ရောင်းချသဖြင့် ထိုသို့အဖြစ်မျိုး ရှောင်ရှားနိုင်ဖို့အတွက် တိုက်ရိုက်တင်ပို့နိုင်ရေး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊
• မွေးမြူရေးနှင့်ပတ်သက်၍ ပြည်တွင်း၌ စားသုံးမှုများပြားပြီး မွေးမြူသူနည်းပါတာကြောင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအလိုက် ဒေသတွင်းစာရေရိက္ခာ ဖူလုံရေးအတွက် အသား၊ ဥ၊ ဟင်းသီးဟင်းရွက်များကို လိုအပ်ချက်ပြည့်မီအောင် တွက်ချက်၍စိုက်ပျိုးမွေးမြူထုတ်လုပ်ကြရန် လိုပါကြောင်း
• ကုန်ထုတ်လုပ်မှု (Production) ရှိမှသာ ဝင်ငွေရှိလာမည်ဖြစ်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးကို စာရင်းပေါ်၌သာ မဟုတ်ဘဲ မြေပြင်တွင် ထိထိရောက်ရောက် ဆောင်ရွက်ရန် လိုအပ်မှာဖြစ်ကြောင်း
• ကျေးလက်ဝင်ငွေရ လုပ်ငန်းများအနေဖြင့် ဒေသအပေါ်မူတည်ပြီး ငရုတ်ကောင်း၊ ကော်ဖီ၊ ဝဥနှင့် ပျားမွေးမြူရေးကဲ့သို့ အသေးစားလုပ်ငန်းများကို အားပေးရန် လိုအပ်ပါကြောင်း
• ဝန်ထမ်း ခန့်ထားရေးတွင် ရာထူးနှင့် လိုက်ဖက်သော ပညာအရည်အချင်း သတ်မှတ်ရန် လိုအပ်ကြောင်း
• ကျွမ်းကျင်မှုဆိုင်ရာအတွက် လုပ်ငန်းခွင် သင်တန်းများ (Job Training) ပေး၍ လူမှန်နေရာမှန် ခန့်ထားရန်နှင့် ဝန်ထမ်းများ၏ အရည်အသွေးကို မြှင့်တင်ရန် ဆောင်ရွက်သွားဖို့ လိုအပ်မှာဖြစ်ကြောင်း
• ဘဏ္ဍာငွေ သုံးစွဲရေးအပိုင်းမှာလည်း ဝန်ကြီးဌာနများအနေဖြင့် တောင်းခံထားသော ဘတ်ဂျက်များကို ထိရောက်စွာ သုံးစွဲရန်နှင့် မသုံးနိုင်ပါက အချိန်မီပြန်အပ်ရန် လိုမည်ဖြစ်ပါကြောင်း၊ သို့မှသာ လိုအပ်သော ကဏ္ဍများတွင် ပြန်လည်သုံးစွဲနိုင်မှာဖြစ်ကြောင်း၊
• ကျောင်းပညာရေးမှာလည်း အတန်းအောင်ရုံမျှ မဟုတ်ဘဲ တကယ် စာတတ်မြောက်ရန်နှင့် အထွေထွေဗဟုသုတ ကြွယ်ဝရန် သင်ကြားရေးကို ပြင်ဆင်ရန် လိုအပ်ပါကြောင်း၊
• ကျန်းမာရေးကဏ္ဍတွင်လည်း ဆရာဝန်၊ သူနာပြုနှင့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများ မွေးထုတ်နိုင်ရေးအတွက် စီမံချက် ရေးဆွဲရန်နှင့် ပြည်ပသို့ ဆေးကုသစရိတ် စီးထွက်မှု လျှော့ချနိုင်ရန် အထူးကုဆေးရုံကြီးများ တည်ထောင်ကြရန် တိုက်တွန်းပြီး အစိုးရအနေဖြင့် အားပေးဆောင်ရွက်သွားမှာဖြစ်ကြောင်း
• ရေအရင်းအမြစ်ထိန်းသိမ်းရေးကိစ္စများတွင်လည်း အယ်နီညိုကြောင့် ရေရှားပါးနိုင်သဖြင့် ရေချွေတာရန်၊ မိုးရေစုဆောင်းရန်နှင့် မြေအောက်ရေလှောင်တမံများ ပြုလုပ်ကြရန် လိုအပ်ပြီး ဝီရိယထားဆောင်ရွက်ရန် လိုကြောင်း
• စွမ်းအင်ကဏ္ဍနှင့် ပတ်သက်၍ လျှပ်စစ်လိုအပ်ချက်အတွက် ၃၀ မီဂါဝပ်အောက် ဆိုလာစီမံကိန်းများကို တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း
• လျှပ်စစ်မီးခိုးယူသုံးစွဲခြင်းနှင့် ပတ်သက်၍လည်း ဒဏ်ငွေပြန်လည်ပေးဆောင် စေခြင်းဖြင့်သာမက ဥပဒေအရ ထိရောက်စွာ အရေးယူဆောင် ရွက်သွားရမှာဖြစ်ကြောင်း
• ဝန်ထမ်းများဖွဲ့စည်းရာတွင်လည်း ဝန်ကြီးဌာန ဖွဲ့စည်းပုံများကို ကျစ်ကျစ်လစ်လစ် ဖြစ်အောင် စိစစ်ဆောင်ရွက်သွားကြရန် လိုအပ်မှာဖြစ်ပါကြောင်း မှာကြားခဲ့ပါသည်။ | 8 614 |
| 11 | ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၁၁-၉-၂၀၂၆ မှ ၁၂-၉-၂၀၂၆ ထိ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) သွားရောက်ခဲ့မှုနှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခြင်း | 7 713 |
| 12 | နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Prak Sophoan က လာရောက်ဂါရဝပြု တွေ့ဆုံ၊ နှစ်နိုင်ငံ ခရီးသွားကဏ္ဍ ပူးပေါင်းတိုးမြှင့်ရေး ဆွေးနွေး
ဆီရမ်ရိ၊ စက်တင်ဘာ ၁၂
ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) အဖြစ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ယနေ့ စက်တင်ဘာ ၁၂ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Prak Sophoan က လာရောက်ဂါရဝပြုတွေ့ဆုံ၍ မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြားရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာစေရေး၊ ခရီးသွားကဏ္ဍ မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲကောက်နုတ်ချက်များမှာ -
■ နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည့်အချက်များ
ခရီးသွားကဏ္ဍဖွံ့ဖြိုးသည့် ဆီရမ်ရိပြည်နယ်သို့ ပြီးခဲ့သည့်၂၀၂၅ ခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသွား ၁ သန်းခန့် လာရောက်ခဲ့မှုအပေါ် ဝမ်းမြောက်မိပါကြောင်းနှင့် မြန်မာနိုင်ငံရှိ ပုဂံကိုလည်း ဆီရမ်ရိကဲ့သို့ ခရီးသွားကဏ္ဍဖွံ့ဖြိုးစေလိုပါကြောင်း။
ယခုခရီးစဉ်သည် အောင်မြင်သည့်ခရီးစဉ် ဖြစ်ပြီး မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများရှိလာမည်ဖြစ်ပါကြောင်း။
ဆီယမ်ရိမြို့မှာ မြန်မာအလုပ်သမားများ ရောက်ရှိနေသည်ဟုသိရပြီး အဆိုပါ မြန်မာအလုပ်သမား များအား ကမ္ဘောဒီးယားဥပဒေဘောင်အတွင်းမှ စောင့်ရှောက်ပေးရန်နှင့် အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိစေရန် မေတ္တာရပ်ခံလိုပါကြောင်း။
■ ဆီရမ်ရိပြည်နယ် အုပ်ချုပ်ရေးမှူး၏ ဆွေးနွေးချက်များ
သမ္မတကြီးအား တွေ့ဆုံဂါရဝပြုခွင့်ရသည့်အတွက် ကျေးဇူးတင်ပါကြောင်း။
သမ္မတကြီး လာရောက်လည်ပတ်သည့်အခါတိုင်းအသစ်အသစ်တွေသာ တွေ့ရမည်ဟု ယုံကြည်ပါ ကြောင်း။
ယမန်နေ့က ဖနွမ်းပင်မြို့သို့ ရောက်ရှိပြီး အကြီးအကဲများနှင့် အောင်မြင်စွာ တွေ့ဆုံရသည်ကို တွေ့ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း။
သမ္မတကြီး၏ ဆွေးနွေးခဲ့မှုများနှင့် MoU လက်မှတ်ရေးထိုးခဲ့မှုများကို သိရှိရပြီး ၎င်းတို့နှင့်ပတ်သက်၍ ဆက်လက်ပူးပေါင်းအကောင်အထည်ဖော်သွားမည်ဖြစ်ပါကြောင်း။
သမ္မတကြီး ဆက်လက်တိုးတက်အောင်မြင်ပါစေရေး ဆုတောင်းပါကြောင်းဆွေးနွေးခဲ့ကြပါသည်။
| 7 035 |
| 13 | နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက် ဟွန်မာနက် တွေ့ဆုံ၊ နှစ်နိုင်ငံ ဘက်စုံပူးပေါင်းဆောင်ရွက်မှုနှင့် မိတ်ဖက်ဆက်ဆံရေး တိုးမြှင့်ရေး ဆွေးနွေး
ဖနောင်ပင်၊ စက်တင်ဘာ ၁၁
ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက် ဟွန်မာနက်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရေး၊ ကာကွယ်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ MSME၊ ခရီးသွားလုပ်ငန်း၊ သာသနာရေး၊ ပညာရေး၊ အလုပ်သမားရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး၊ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က —
• မြန်မာ-ကမ္ဘောဒီးယား သံတမန်ဆက်ဆံရေး ၇၁ နှစ်တာကို အခြေခံ၍ နှစ်နိုင်ငံဆက်ဆံရေး တစ်ဆင့်တိုးမြှင့်ရန်နှင့် JCBC အစည်းအဝေးများ ပြန်လည်အသက်သွင်းရန် လိုအပ်ကြောင်း။
• တပ်မတော်နှစ်ရပ်အကြား အဆင့်အသီးသီး ချစ်ကြည်ရေးခရီးစဉ်များနှင့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လိုကြောင်း။
• ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ရန်နှင့် MSME ကဏ္ဍတွင် ကမ္ဘောဒီးယား နိုင်ငံနှင့် အတွေ့အကြုံများ မျှဝေဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
• ပုဂံ-ဆီရမ်ရိ ညီအစ်မမြို့ဆက်ဆံရေးနှင့် တိုက်ရိုက်လေကြောင်းခရီးစဉ်များကို အခြေခံ၍ “Two Countries, One Destination” ခရီးသွားအစီအစဉ် မြှင့်တင်လိုကြောင်း။
• မာရဝိဇယဗုဒ္ဓရုပ်ပွားတော် ပရိဝုဏ်အတွင်း ကမ္ဘောဒီးယားဘုန်းတော်ကြီးကျောင်း တည်ဆောက်နိုင်ရေး မြေနေရာငှားရမ်းပေးရန် ကမ်းလှမ်းပြီး သာသနာရေးနှင့် ပညာရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း။
• ကမ္ဘောဒီးယားနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ၏ အခွင့်အရေးနှင့် အကာအကွယ်ရရှိရေး ပူးပေါင်းဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း။
• အာဆီယံအတွင်း မြန်မာနိုင်ငံ၏ မူလအခွင့်အရေးနှင့် အခန်းကဏ္ဍများ ပြန်လည်ရရှိရေး၊ ကုလသမဂ္ဂနှင့် ILO ဆိုင်ရာကိစ္စများတွင် ကမ္ဘောဒီးယား နိုင်ငံမှ ဆက်လက်ထောက်ခံပေးစေလိုကြောင်း။
• အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကို Zero Tolerance မူဝါဒဖြင့် သတင်းအချက်အလက်မျှဝေကာ ပူးပေါင်းတိုက်ဖျက်သွားလိုကြောင်း။
• မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု၊ တည်ငြိမ်အေးချမ်းရေး၊ ဖက်ဒရယ်စနစ်အခြေခံ ပြည်ထောင်စုတည်ဆောက်ရေးနှင့် NCA မူဘောင်အတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လက်ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက် ဟွန်မာနက်က —
• မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးနှင့် နိုင်ငံတကာနှင့် ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုများကို ကြိုဆိုကြောင်း။
• မြန်မာ-အာဆီယံ ဆက်ဆံရေး ပုံမှန်အခြေအနေ ပြန်လည်ရရှိရေးအတွက် ကမ္ဘောဒီးယားက ဆက်လက်ထောက်ခံကြိုးပမ်းမည်ဖြစ်ပြီး မြန်မာ့အရေးကို မြန်မာနည်း မြန်မာ့ဟန်ဖြင့် ဖြေရှင်းမှု အား ထောက်ခံကြောင်း။
• အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေး၊ အလုပ်သမားများ ပြန်လည်စေလွှတ်ရေးနှင့် ဒေသတွင်းနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားမည် ဖြစ်ကြောင်း။
• တပ်မတော်နှစ်ရပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်ရေး မူဘောင်တစ်ရပ် တည်ဆောက်သွားမည်ဖြစ်ကြောင်း။
• ကုန်သွယ်ရေး၊ MSME၊ E-Government၊ တိုက်ရိုက်လေကြောင်းခရီးစဉ်၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်မည် ဖြစ်ကြောင်း။
• ကမ္ဘောဒီးယား-ထိုင်း နယ်စပ်အရေးကို အာဆီယံမိတ်ဖက်နိုင်ငံများ၏ ထောက်ခံမှုဖြင့် ငြိမ်းချမ်းစွာဖြေရှင်းသွားမည်ဖြစ်ကြောင်း။
• M-15 တွင် ဓာတ်ငွေ့သိုက်အသစ်တွေ့ရှိမှု၊ ဓာတ်ငွေ့ပို့ဆောင်ရေးနှင့် LNG စက်ရုံတည်ဆောက်ရေး အပါအဝင် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆက်လက်ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ | 6 119 |
| 14 | ■ ကမ္ဘောဒီးယားအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ ဆွေးနွေးချက်များ
မြန်မာ-ကမ္ဘောဒီးယား သံတမန်ဆက်ဆံရေး (၇၁)နှစ် တိုင်ခဲ့ပြီဖြစ်ကာ ရှိရင်းစွဲဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်လိုပါကြောင်း။
အမျိုးသမီးကဏ္ဍ ပြန်လည်မြှင့်တင်ဖော်ဆောင်ပေးသည့်အတွက် ချီးကျူးပါကြောင်းနှင့် နိုင်ငံများတွင် အမျိုးသမီးဦးရေ များပြားလေ့ရှိရာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတွင် အမျိုးသမီးကဏ္ဍ ယခုကဲ့သို့ မြှင့်တင်ရန် လိုအပ်ပါကြောင်း။
မြန်မာ-ကမ္ဘောဒီးယားလွှတ်တော်ကိုယ်စားလှယ်များ ချစ်ခင်ရင်းနှီးစွာဖြင့် အတွေ့အကြုံများ ဖလှယ်သွား မည်ဖြစ်ပါကြောင်း။
ဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့စဉ် MoU (၄)ခု လက်မှတ်ရေးထိုးနိုင်ခဲ့သည့်အတွက် များစွာဝမ်းသာမိပါကြောင်း။
ဗုဒ္ဓတက္ကသိုလ်များမှာ လာရောက်ပညာသင်ကြားဖို့ ဖိတ်ကြားခဲ့သည်ကို ကျေးဇူးတင်ပါကြောင်းနှင့် MoU (၄) ခုတွင် ယဉ်ကျေးမှုကဏ္ဍလည်း ပါဝင်သည့်အတွက် ယဉ်ကျေးမှုကဏ္ဍကို ပိုမိုတိုးမြှင့်သွားမည်ဖြစ်ပါ ကြောင်း။
အပြန်အလှန်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဖွံ့ဖြိုးမှုကို အထောက်အကူပြုစေပြီး အပြန်အလှန်ခရီးစဉ်များ ကလည်း ရင်းနှီးမှုကို ပိုမိုတိုးတက်စေသည့်အတွက် နှစ်နိုင်ငံကြား လွှတ်တော်ကိုယ်စားလှယ်များ အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ်များ စီစဉ်သွားစေလိုကြောင်း။
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် ဆုမွန်ကောင်းတောင်းပါကြောင်းနှင့် လွှတ်တော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်ပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
လွှတ်တော်တွင် ဒေသတွင်းကိစ္စရပ်များ၊ စီးပွားရေးဆိုင်ရာကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကိစ္စရပ်များနှင့် ရာသီဥတုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးလေ့ရှိပြီး မြန်မာလွှတ်တော်တွင် ကျင့်သုံးနေ သည့် စနစ်များနှင့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ စီမံဆောင်ရွက်ချက်များကို မျှဝေပေးစေလို ပါကြောင်း။
ထို့ပြင် နှစ်နိုင်ငံ လွှတ်တော်မှ လူငယ်ကိုယ်စားလှယ်များကို ထိတွေ့ဆက်ဆံပေးလိုကြောင်း၊ အပြန်အလှန် တွေ့ဆုံပွဲများ၊ ချစ်ကြည်ရေးခရီးစဉ်များ လိုအပ်ပါကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့မှုအပေါ် ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့ပါသည်။ | 3 046 |
| 15 | နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Samdech KHUON Sudary နှင့် တွေ့ဆုံ၊ လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုနှင့် နှစ်နိုင်ငံစီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး ဆွေးနွေး
ဖနွမ်းပင်၊ စက်တင်ဘာ ၁၁
ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) အဖြစ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၁၁ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Samdech KHUON Sudary နှင့် တွေ့ဆုံ၍ မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာစေရေး၊ လွှတ်တော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် အတွေ့အကြုံ ဖလှယ်မှု တိုးမြှင့်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်စေရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများ၌ အပြန်အလှန်ထောက်ခံပံ့ပိုးရေးတိုကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ ကြပါသည်။ ဆွေးနွေးပွဲကောက်နုတ်ချက်များမှာ -
■ နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည့်အချက်များ
မြန်မာ-ကမ္ဘောဒီးယား ၇၁ နှစ်ကြာ သံတမန်ဆက်ဆံရေးကို အခြေပြု၍ အစိုးရ၊ လွှတ်တော်နှင့် ပြည်သူချင်းဆက်ဆံရေး ပိုမိုခိုင်မာအားကောင်းစေရန်နှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားလိုပါကြောင်း။
နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှုပမာဏ တိုးမြှင့်လုပ်ဆောင်သွားလိုပြီး ကမ္ဘောဒီးယားနိုင်ငံ၏ အောင်မြင်မှုရရှိနေသည့် MSMEs လုပ်ငန်းနှင့် ပတ်သက်၍ အတွေ့အကြုံကောင်းများကို မျှဝေပေးစေ လိုပါကြောင်း။
မြန်မာနိုင်ငံတွင် ပြည်သူလူထုက ရွေးချယ်တင်မြောက်သည့် အစိုးရသစ် ပေါ်ပေါက်လာပြီး လွှတ်တော် များလည်း ပြန်လည်စတင်နေသည့်အတွက် ကမ္ဘောဒီးယားနိုင်ငံ၊ အမျိုးသားလွှတ်တော်၏ ဥပဒေပြု ရေးနှင့် ကြီးကြပ်ရေးဆိုင်ရာ အတွေ့အကြုံများကို မျှဝေပေးစေပြီး နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လိုပါကြောင်း။
နိုင်ငံတကာဆက်ဆံရေးတွင် ဘက်မျှပြီး ဟန်ချက်ညီသည့် ဆက်ဆံရေး တည်ဆောက်သွားမှာဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ဆက်ဆံရေးကောင်းမွန်မှုကို အလေးထားပါကြောင်း။
မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် CLMV ၊ ACMECS နဲ့ BIMSTEC တို့ကဲ့သို့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုယန္တရားများတွင် အပြည့်အဝပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း။
အာဆီယံ ထုတ်ပြန်ချက် ၅ ရပ်နှင့် ပတ်သက်၍ လွှတ်တော်တွင် ကန့်ကွက်ထောက်ပြလာခဲ့မှုအပေါ် ရွေးကောက်ခံအစိုးရအနေဖြင့် လွှတ်တော်နှင့် ပြည်သူလူထု၏ ဆန္ဒများကို လစ်လျူရှုရန်ခက်ခဲပါ ကြောင်း။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံတွင် မူလအခြေအနေအတိုင်း ပြန်လည်ပါဝင်နိုင်ရေးနှင့် ကုလသမဂ္ဂတွင် လည်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ၏ အခွင့်အရေးများ အပြည့်အဝပြန်လည်ရရှိရေးအတွက် ကြိုးပမ်း သွားမည် ဖြစ်ပါကြောင်း။
(၁၁၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံ(ILO)တွင် မြန်မာနိုင်ငံဘက်မှ ထောက်ခံပေးခဲ့သည့်အတွက် ကမ္ဘောဒီးယားနိုင်ငံကို ကျေးဇူးတင်ရှိပါကြောင်း။
မြန်မာနိုင်ငံတွင် ပထမဦးဆုံး အမျိုးသမီး ဒုတိယသမ္မတကို ပထမဆုံးအကြိမ် ခန့်အပ်နိုင်ပြီဖြစ်ကာ အမျိုးသမီးရေးရာဝန်ကြီးဌာနကိုလည်း သီးခြားဖွဲ့စည်းဆောင်ရွက်ထားခဲ့ပြီး နိုင်ငံတည်ဆောက်ရေး လုပ်ငန်းရပ်များ၌ အမျိုးသမီးများ၏အခန်းကဏ္ဍကို မြှင့်တင်ပေးလျက်ရှိပါကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင်ရန်အတွက် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးနေကြောင်းနှင့် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍လည်း တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)လမ်းကြောင်းအတိုင်း အဓိကထား ဆောင်ရွက်လျက် ရှိပါကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအား မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ရန် ဖိတ်ကြားခဲ့ပါသည်။ | 2 319 |
| 16 | ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲဆမ်ဒက် ဟွန်ဆင်က —
• မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံ၏ ၇၁ နှစ်ကြာ ချစ်ကြည်ဆက်ဆံရေးနှင့် ယုံကြည်မှုကို အခြေခံ၍ ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရန် တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း
• မိမိတို့ ကမ္ဘောဒီးယားအစိုးရကိုလည်း ယခင်က ပြည်ပနိုင်ငံများက အသိအမှတ် မပြုသည်များ ရှိခဲ့သော်လည်း ကိုယ်လုပ်ရမဲ့အလုပ်ကိုသာ လုပ်ခဲ့ကြောင်း၊ မိမိပြည်သူကသာ အရေးကြီးကြောင်း
• မြန်မာအစိုးရအနေဖြင့်လည်း ပြည်သူက ရွေးချယ်တင်မြှောက် ထားခြင်းဖြစ်၍အခြားနိုင်ငံများမှ အသိအမှတ် ပြုခြင်း မပြုခြင်းသည် အရေးမကြီးပဲ ပြည်သူအတွက် အလုပ်လုပ်နေရန်သာလိုကြောင်း
• နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန်၊ မြန်မာစီးပွားရေးလုပ်ငန်းရှင်များ ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံရန်နှင့် မြန်မာနိုင်ငံမှတစ်ဆင့် အိန္ဒိယသို့ ကုန်သွယ်ရေးလမ်းကြောင်း ချိတ်ဆက်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း
ကမ္ဘောဒီးယားဘုန်းတော်ကြီးများအား မြန်မာနိုင်ငံက ဗုဒ္ဓကျမ်းဂန်စာပေ သင်ကြားပို့ချပေးမှုနှင့် သာသနာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် ကျေးဇူးတင်ရှိကြောင်း
• အာဆီယံဘုံသဘောတူညီချက် ၅ ရပ်အပေါ် ကမ္ဘောဒီးယား၏ ရပ်တည်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံအစိုးရသည်ရွေးကောက်ပွဲမှရွေးကောက်တင်မြှောက်သည့်တရားဝင်အစိုးရဖြစ်ပြီး မြန်မာနိုင်ငံကို အာဆီယံမှ ဖယ်ကျဉ်ထားခြင်းကို လက်မခံကြောင်း
• လွှတ်တော်နှင့် နိုင်ငံရေးပါတီများအကြား ဆက်ဆံရေး၊ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုနှင့် ကမ္ဘောဒီးယား-ထိုင်း နယ်စပ်တည်ငြိမ်ရေးတို့နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ | 4 159 |
| 17 | နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော် အကြီးအကဲ ဆမ်ဒက် ဟွန်ဆင် တွေ့ဆုံ၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ဘက်စုံပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး
ဖနောင်ပင်၊ စက်တင်ဘာ ၁၁
ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော် (ဆီးနိတ်) ဥက္ကဋ္ဌ ဆမ်ဒက် ဟွန်ဆင်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံဆက်ဆံရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ဒေသတွင်းချိတ်ဆက်မှုနှင့် အာဆီယံဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က —
• ဖနွမ်းပင်မြို့၏ အံ့ဩဖွယ်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ သာယာမှုကို တွေ့ရှိရပြီး ယခုလို နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ကြိုးစား ဆောင်ရွက်မှုများအတွက် ချီးကျူးဂုဏ်ယူပါကြောင်း
• ၇၁ နှစ်ကြာ မြန်မာ-ကမ္ဘောဒီးယား ချစ်ကြည်ဆက်ဆံရေးကို ဆက်လက်တိုးမြှင့်ရန်နှင့် ကမ္ဘောဒီးယား၏ Win-Win Policy ဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မှုကို အတုယူလေးစားကြောင်း
• နိုင်ငံရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်၊ JCBC ယန္တရား ပြန်လည်စတင်ရန်နှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း
• မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများနှင့် ပတ်သတ်၍ ၂၀၂၅ ခုနှစ်၌ ကျင်းပခဲ့သည့်လွတ်လပ်ပြီး တရားမျှတသည့် အထွေထွေရွေးကောက်ပွဲတွင် မဲပေးသူများမှ စောဒက တက်သူမရှိဘဲ ဒီမိုကရေစီနည်းလမ်းတကျ ရွေးချယ်တင်မြောက်ခဲ့သည့် လွှတ်တော်နှင့် အစိုးရထွက်ပေါ်လာပြီး တာဝန်ယူခဲ့သည်မှာ (၆) လ ရှိပြီဖြစ်ပါကြောင်း
• အခုအခါ အာဆီယံထုတ်ပြန်ချက် ၅ ရပ်နှင့် ပတ်သတ်ပြီး လွှတ်တော်မှာ ကန့်ကွက်ထောက်ပြလာသည့်အတွက် ရွေးကောက်ခံအစိုးရအနေဖြင့် လွှတ်တော်နှင့် ပြည်သူလူထု၏ဆန္ဒကို လျစ်လျူရှုရန်ခက်ခဲပါကြောင်း
• နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန်နှင့် ကမ္ဘောဒီးယား စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌ ပိုမိုရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ပါကြောင်း
• ကမ္ဘောဒီးယား-ထိုင်း နှစ်နိုင်ငံနယ်စပ်အရေးကို အိမ်နီးချင်းကောင်းစိတ်ဓာတ်နှင့် သံတမန်နည်းလမ်းဖြင့် ငြိမ်းချမ်းစွာဖြေရှင်းနိုင်မည်ဟု မျှော်လင့်ပါကြောင်း
• နှစ်နိုင်ငံလွှတ်တော်များအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်နှင့် သာသနာတော် ပိုမိုပြန့်ပွားရေးအတွက် နှစ်နိုင်ငံပူးပေါင်း မြှင့်တင်သွားမည်ဖြစ်ကြောင်း
• ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်သည် မဟာမဲခေါင်ဒေသခွဲ စီးပွားရေးစင်္ကြံ၏ တောင်ဘက်ခြမ်းစီးပွားရေးစင်္ကြံဖြစ်တဲ့ မြန်မာ(ထားဝယ်)-ဗန်ကောက်-ဖနွမ်းပင်-ဗီယက်နမ်(ဟိုချီမင်း) နှင့် ချိတ်ဆက်နိုင်မည့်ဖြစ်တာကြောင့် ဒေသတွင်းအရေးပါသည့် မဟာဗျူဟာမြောက်စီမံကိန်းဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံအတွက် Bay of Bangal သို့ မဟာဗျူမြောက်အနောက်ဘက်ထွက်ပေါက်ဖြစ်လာမှာဖြစ်ကြောင်း
• ASEAN၊ မဲခေါင်-လန်ချန်း၊ CLMV၊ ACMECS နှင့် မဲခေါင်ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအပြင် စိုက်ပျိုးမွေးမြူရေးနည်းပညာနှင့် စက်မှုလယ်ယာကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လိုကြောင်း ပြောကြားခဲ့ပါသည်။ | 4 433 |
| 18 | နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ခမည်းတော်ဘုရင် Preah Borom Ratanak Kaudh ကျောက်တိုင်သို့ရောက်ရှိ၊ လွမ်းသူ့ပန်းခွေချ
ဖနွမ်းပင်၊ စက်တင်ဘာ ၁၁
ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်(State Visit)အဖြစ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ ခမည်းတော်ဘုရင် Preah Borom Ratanak Kaudh ကျောက်တိုင်သို့ရောက်ရှိကာ လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့သည်။
အဆိုပါ ခမည်းတော်ဘုရင် Preah Borom Ratanak Kaudh ကျောက်တိုင်သည် ဖနွမ်းပင်မြို့၊ လွတ်လပ်ရေးကျောက်တိုင်၏ အရှေ့ဘက်ပန်းခြံအတွင်း တည်ရှိပြီး ကမ္ဘောဒီးယားနိုင်ငံ၏ လွတ်လပ်ရေး ဖခင်ကြီးဖြစ်သူ ခမည်းတော်ဘုရင် နိရောဒ္ဓမ် သီဟနု (Norodom Sihanouk)ကို ဂုဏ်ပြု တည်ဆောက် ထားသည့် ထင်ရှားသော အထိမ်းအမှတ်နေရာ ဖြစ်ပါသည်။
နှစ်စဉ် ခမည်းတော်ဘုရင်ကြီး ကွယ်လွန်သည့်နေ့နှင့် လွတ်လပ်ရေးနေ့တို့တွင် အဆိုပါကျောက်တိုင်၌ နိုင်ငံတော်အဆင့် အခမ်းအနားများ၊ ဂါရဝပြုပွဲများကို ကျင်းပလေ့ရှိပါသည်။ | 7 818 |
| 19 | နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ကမ္ဘောဒီးယားနိုင်ငံရှိ လွတ်လပ်ရေးကျောက်တိုင်သို့ရောက်ရှိ၊ လွမ်းသူ့ပန်းခွေချ
ဖနွမ်းပင်၊ စက်တင်ဘာ ၁၁
ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်(State Visit)အဖြစ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ လွတ်လပ်ရေးကျောက်တိုင်သို့ ရောက်ရှိကာ လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့သည်။
အဆိုပါ လွတ်လပ်ရေးကျောက်တိုင်သည် ဖနွမ်းပင်မြို့လယ်တွင် တည်ရှိပြီး ကမ္ဘောဒီးယားနိုင်ငံ လွတ်လပ်ရေးရရှိခဲ့ခြင်းကို ဂုဏ်ပြုသောအားဖြင့် ၁၉၅၈ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၁၉၆၂ ခုနှစ်၌ ဖွင့်လှစ်ခဲ့သည့် အထင်ကရနေရာတစ်ခုဖြစ်ပါသည်။
နိုင်ငံ၏လွတ်လပ်ရေးနေ့နှင့် အထိမ်းအမှတ်နေ့ရက်များတွင် ကမ္ဘောဒီးယားနိုင်ငံ့ခေါင်းဆောင်များက ကျောက်တိုင်အတွင်း၌ လွတ်လပ်ရေးမီးရှူးတိုင် ထွန်းညှိလေ့ရှိပါသည်။ | 2 934 |
| 20 | ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတအား ကမ္ဘောဒီးယားနိုင်ငံမှ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် နွေးထွေးစွာ ကြိုဆိုဂုဏ်ပြု
ဖနွမ်းပင်၊ စက်တင်ဘာ ၁၁
ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit)အဖြစ် ရောက်ရှိလာသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ယနေ့ စက်တင်ဘာ ၁၁ ရက်တွင် ဖနွမ်းပင်မြို့၊ Techo အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကမ္ဘောဒီးယားနိုင်ငံမှ အဆင့်မြင့်တာဝန်ရှိသူများက နွေးထွေးလှိုက်လှဲစွာ ဂုဏ်ပြုတပ်ဖွဲဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ပါသည်။
နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ စီးနင်းလိုက်ပါလာသည့် အထူးလေယာဉ်သည် Techo အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာရာ ကမ္ဘောဒီးယားနိုင်ငံမှ အဆင့်မြင့်တာဝန်ရှိသူများ၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် သံရုံး တာဝန်ရှိသူများ၊ စစ်သံမှူးနှင့် စစ်သံရုံးမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပါသည်။
နိုင်ငံတော်သမ္မတ လေယာဉ်ပေါ်မှ ဆင်းသက်လာချိန်တွင် ကမ္ဘောဒီးယားနိုင်ငံမှ အဆင့်မြင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး နှစ်နိုင်ငံမှ တာဝန်ရှိသူများနှင့် မိတ်ဆက်ပေးခဲ့ကြပါသည်။
မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် အစဉ်အလာအားဖြင့် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး ရှိသည့် အာဆီယံမိတ်ဖက်နိုင်ငံများဖြစ်ကြပြီး နှစ်နိုင်ငံအကြား နိုင်ငံရေးနှင့် သံတမန်ဆက်ဆံရေး သာမက ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ စိုက်ပျိုးရေး၊ စွမ်းအင်၊ ခရီးသွားလုပ်ငန်း၊ ပညာရေးနှင့် ယဉ်ကျေးမှုအပါအဝင် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးတက်လျက်ရှိပါသည်။
နိုင်ငံတော်သမ္မတ၏ ယခုခရီးစဉ်သည် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်ယုံကြည်မှုတို့ကို ပိုမိုခိုင်မာစေပြီး နှစ်နိုင်ငံအကြား ဘက်စုံ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိင်းစွာ တိုးမြှင့်ဖော်ဆောင်နိုင်ရေးအတွက် အရေးပါသည့် နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်တစ်ရပ်ဖြစ်ပါသည်။ | 2 708 |
