Dr Khaing Khaing Soe
前往频道在 Telegram
Official Spokesperson for the President of the Republic of the Union of Myanmar
显示更多未指定国家未指定类别
3 672
订阅者
-324 小时
+257 天
+47630 天
帖子数量
数据加载中...
反应
评论
Telegram 星星
按以下排序的热门帖子
数据加载中...
发布分析
帖子 | 浏览量动态 | |||||
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး လာရောက်ဂါရဝပြုတွေ့ဆုံ၊
နှစ်နိုင်ငံကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး
နေပြည်တော်၊ ဩဂုတ် ၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Le Hoai Trung ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပြီး မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေး ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲကောက်နုတ်ချက်များမှာ -
■ နှစ်နိုင်ငံဆက်ဆံရေး
မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံသည် သံတမန်ဆက်ဆံရေး နှစ် ၅၀ ကျော်ရှိပြီဖြစ်ပြီး ဘာသာရေး၊ ယဉ်ကျေးမှုနှင့် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းတို့တွင် တူညီမှုများရှိကြောင်း၊ ခေတ်အဆက်ဆက် နှစ်နိုင်ငံခေါင်းဆောင်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ကောင်းမွန်ခဲ့ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။
■ ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ် ဖိတ်ကြား
ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးက ဗီယက်နမ်သမ္မတနှင့် ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူး မစ္စတာ တိုလမ်၏ နိုင်ငံတော်သမ္မတအား ဗီယက်နမ်နိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် လာရောက်ရန် ဖိတ်ကြားမှုနှင့် ခရီးစဉ်ကို ဝမ်းမြောက်စွာ ကြိုဆိုလျက်ရှိကြောင်း သတင်းစကားပါးခဲ့ပါသည်။
၎င်းအနေဖြင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် စတင်တာဝန်ထမ်းဆောင်ပြီးနောက် ပထမဆုံးပြည်ပခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသည်။
■ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု
နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု နယ်ပယ်သစ်များ တိုးချဲ့ရေး၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် အပြန်အလှန်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာစေရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။
■ အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် ပြည်သူအချင်းချင်း ဆက်ဆံရေး
နှစ်နိုင်ငံအစိုးရအချင်းချင်း၊ လွှတ်တော်အချင်းချင်း၊ တပ်မတော်အချင်းချင်းနှင့် ပြည်သူများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်သွားရေးကိုလည်း အလေးထားဆွေးနွေးခဲ့ကြပါသည်။
■ CLMV နှင့် ACMECS
ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (CLMV) ထိပ်သီးအစည်းအဝေးနှင့် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ထိပ်သီးအစည်းအဝေးများတွင် မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်မည့် အခြေအနေများကို ဆွေးနွေးခဲ့ပါသည်။
■ နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန်ထောက်ခံရေး
မြန်မာနှင့် ဗီယက်နမ်တို့အနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန်ထောက်ခံအားပေးပြီး ယုံကြည်စိတ်ချရသည့် မိတ်ဆွေကောင်းနိုင်ငံများအဖြစ် ဆက်လက်ရပ်တည်သွားရေး ဆွေးနွေးခဲ့ကြပါသည်။ ဗီယက်နမ်ဘက်ကလည်း မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ နယ်မြေပိုင်ဆိုင်မှုနှင့် လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်တို့ကို လေးစားတန်ဖိုးထားကြောင်း ပြောကြားခဲ့ပါသည်။ | 1 997 | 9 | 0 | 175 | Loading... | |
ကုန်ထုတ်လုပ်မှုတိုးမြှင့်၍ ပြည်တွင်းအရင်းအမြစ်များကို အကျိုးရှိစွာအသုံးချကာ နိုင်ငံ့စီးပွားရေး မြှင့်တင်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း
နေပြည်တော်၊ ဩဂုတ် ၂၅
နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းကုန်ထုတ်လုပ်မှုကို အခြေခံ၍ ကုန်သွယ်မှုပမာဏ တိုးမြှင့်ရေး၊ စိုက်ပျိုးမွေးမြူရေး ထုတ်လုပ်မှုမြှင့်တင်ရေးနှင့် ပြည်တွင်းရှိ အရင်းအမြစ်များကို ထိရောက်စွာ အသုံးချရေး အလေးထားဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် တိုက်တွန်းပြောကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတမှ အဓိကထား ပြောကြားခဲ့သည်များမှာ -
■ စီးပွားရေးနှင့် ကုန်ထုတ်လုပ်မှု
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွင် စီးပွားရေးကောင်းမွန်မှုသည် အဓိကဖြစ်ပြီး ပြည်တွင်းလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်ထုတ်လုပ်မှုကို အားပေးရန်၊ ကုန်သွယ်မှုပမာဏ ပိုမိုကြီးမားလာစေရန်နှင့် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ဦးတည်ဆောင်ရွက်ရန်။
■ စိုက်ပျိုးမွေးမြူရေး
မြေ၊ ရေနှင့် စိုက်ပျိုးမွေးမြူရေးအရင်းအမြစ်များကို ထိရောက်စွာအသုံးချ၍ မိုးစပါး၊ နွေစပါး၊ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံတို့၏ အထွက်နှုန်း တိုးတက်စေရန်၊ မွေးမြူရေးလုပ်ငန်းများကိုလည်း တိုးချဲ့ဆောင်ရွက်ရန်။
■ ကျေးလက်စီးပွားရေး
ကျေးလက်နေပြည်သူများ၏ စီးပွားရေးတိုးတက်လာမှသာ ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်မည်ဖြစ်သဖြင့် ဒေသအလိုက် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးအောင် ဆောင်ရွက်ရန်။
■ ပညာရေးနှင့် လူ့စွမ်းအား
ကုန်ထုတ်လုပ်မှုမြှင့်တင်နိုင်ရေးအတွက် အသိပညာနှင့် အတတ်ပညာရှိသည့် လူ့စွမ်းအားအရင်းအမြစ်များ လိုအပ်သဖြင့် ပညာရေးအရည်အသွေးမြှင့်တင်ရေးနှင့် ကျောင်းများ စံနှုန်းပြည့်မီရေးကို ဦးစားပေးဆောင်ရွက်ရန်။
■ ကုန်သွယ်ရေး
ပို့ကုန်၊ သွင်းကုန်နှင့် နယ်စပ်ကုန်သွယ်ရေးကို စနစ်တကျဆောင်ရွက်ပြီး တရားမဝင်ကုန်သွယ်မှုများကို ထိန်းချုပ်ရန်၊ ကုန်စည်စီးဆင်းမှု ချောမွေ့ရေးနှင့် ကုန်သွယ်ရေးလမ်းကြောင်း လုံခြုံရေးကို အလေးထားရန်။
■ ရေကြီးရေလျှံမှု
မြစ်ချောင်းများ တိမ်ကောခြင်းနှင့် သောင်ထွန်းခြင်းများကို ပြန်လည်ပြုပြင်ထိန်းသိမ်းရန်၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတွင် ပြည်တွင်းအရင်းအမြစ်များကို အကျိုးရှိစွာအသုံးချရန်နှင့် မြို့ပြသန့်ရှင်းသာယာလှပရေးကို စနစ်တကျ ဆောင်ရွက်ရန်။
■ ဘတ်ဂျက်နှင့် အခွန်
ပြည်သူများထမ်းဆောင်သည့် အခွန်ငွေကို အခြေခံ၍ နိုင်ငံတော်ဘတ်ဂျက် ရေးဆွဲရခြင်းဖြစ်သဖြင့် ဘတ်ဂျက်ကို ပြည်သူ့အကျိုးအတွက် ထိရောက်စွာအသုံးချရန်နှင့် ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရများက ဗဟိုအစိုးရ၏ အစီအစဉ်များကို အောင်မြင်အောင် အကောင်အထည်ဖော်ရန်တို့ ဖြစ်ပါသည်။ | 2 543 | 10 | 0 | 150 | Loading... | |
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် (၁၇-၈-၂၀၂၆) မှ (၂၃-၈-၂၀၂၆) အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ် သမ္မတနိုင်ငံများသို့ တရားဝင်ခရီးစဉ် သွားရောက်ခဲ့မှုနှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခြင်း | 3 904 | 17 | 0 | 203 | Loading... | |
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တူဗားပြည်နယ်အကြီးအကဲနှင့် တွေ့ဆုံ၊ စိုက်ပျိုးမွေးမြူရေး၊ သယံဇာတ၊ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဒေသစံတော်ချိန် ည ၇ နာရီတွင် တူဗားပြည်နယ်အကြီးအကဲ မစ္စတာ ဗလာဒီစလပ် ခိုဗာလစ်ဂ် (Vladislav Khovalyg) နှင့် ကီဇီးလ်မြို့ရှိ ပြည်နယ်အစိုးရအဖွဲ့အိမ်တော်၌ တွေ့ဆုံ၍ မြန်မာနိုင်ငံနှင့် တူဗားပြည်နယ်အကြား စိုက်ပျိုးမွေးမြူရေး၊ သယံဇာတ၊ ဘာသာရေးနှင့် ယဉ်ကျေးမှု၊ ပညာရေးနှင့် ခရီးသွားလုပ်ငန်းအပါအဝင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲကောက်နုတ်ချက်များမှာ -
■ မြန်မာ–တူဗား ပူးပေါင်းဆောင်ရွက်ရေး
တူဗားပြည်နယ်သည် တွင်းထွက်သယံဇာတနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ အားကောင်းသည့် ဒေသဖြစ်ပြီး မြန်မာနိုင်ငံနှင့် အလားတူ အရင်းအမြစ်နှင့် စီးပွားရေးအခြေခံများရှိသဖြင့် လက်တွေ့ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများအား ဆွေးနွေးခဲ့ကြပါသည်။
မြန်မာ–ရုရှား ဗဟိုအစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ ပြည်နယ်နှင့် ဒေသအချင်းချင်း ဆက်ဆံရေး ကိုပါ အရှိန်မြှင့်တင်သွားရန် ဆွေးနွေးခဲ့ကြပါသည်။
■ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားကဏ္ဍ
တူဗားပြည်နယ်တွင် နေထိုင်သူအများစုမှာ တိဘက်ဗုဒ္ဓဘာသာ ကို ကိုးကွယ်ကြပြီး မြန်မာနိုင်ငံနှင့် ဘာသာရေးဆိုင်ရာ နီးစပ်မှုရှိကြောင်းနှင့် ဘာသာရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေး၊ ဘုရားဖူးခရီးစဉ်နှင့် ခရီးသွားလုပ်ငန်းများ အပြန်အလှန် မြှင့်တင်နိုင်ရေး ဆွေးနွေးခဲ့ကြပါသည်။
ပညာရေးနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု ပိုမိုတိုးတက်လာစေရေး ပူးပေါင်းဆောင်ရွက်ရန်တို့ကိုလည်း ဆွေးနွေးခဲ့ကြပါသည်။
■ မြန်မာ–ရုရှား ဆက်ဆံရေး
မြန်မာနှင့် ရုရှားသည် ယုံကြည်စိတ်ချရသည့် မိတ်ဆွေရင်းနိုင်ငံများ ဖြစ်ပြီး ပထဝီအနေအထားအရ အလှမ်းကွာဝေးသော်လည်း သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု ရှည်လျားကောင်းမွန်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပြီး လက်ရှိကာလသည် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်တင်ရန် အကောင်းဆုံးအခြေအနေ သို့ ရောက်ရှိနေကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။
■ တူဗားပြည်နယ်၏ အလားအလာ
တူဗားပြည်နယ်အကြီးအကဲက ပြည်နယ်၏ သမိုင်းကြောင်း၊ ဒေသဆိုင်ရာအခြေအနေ၊ စိုက်ပျိုးမွေးမြူရေးနှင့် တွင်းထွက်ပစ္စည်းထုတ်လုပ်မှုများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့အပြင် မြန်မာနိုင်ငံနှင့် ဘာသာရေး၊ ယဉ်ကျေးမှု၊ ပညာရေးနှင့် ခရီးသွားကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်လိုကြောင်း ပြောကြားခဲ့ပါသည်။ | 5 611 | 10 | 0 | 192 | Loading... | |
ဘယ်လာရုစ်နိုင်ငံ တရားဝင်ခရီးစဉ်အပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားနိုင်ငံ တူဗာပြည်နယ်၊ ကီဇီးလ်မြို့သို့ ရောက်ရှိ
ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ခဲ့ပြီးနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ (ဩဂုတ် ၂၂ ရက်) ဒေသစံတော်ချိန် ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တူဗာပြည်နယ်၊ ကီဇီးလ် (Kyzyl) မြို့သို့ ရောက်ရှိခဲ့ပါသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဘယ်လာရုစ်သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို၏ ဖိတ်ကြားချက်အရ ဩဂုတ် ၂၀ ရက်မှ ၂၂ ရက်အထိ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ခဲ့ခြင်းဖြစ်ပြီး ခရီးစဉ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးကာ မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး ဆွေးနွေးခဲ့ကြပါသည်။
ဘယ်လာရုစ်နိုင်ငံ တရားဝင်ခရီးစဉ်အပြီးတွင် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် မင့်စ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တူဗာပြည်နယ်သို့ ဆက်လက်ထွက်ခွာခဲ့ပြီး ဒေသစံတော်ချိန် ညနေပိုင်းတွင် ကီဇီးလ် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပါသည်။
နိုင်ငံတော်သမ္မတနှင့် အဖွဲ့အား ကီဇီးလ် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ မြန်မာစစ်သံမှူး (ကြည်း၊ ရေ၊ လေ)၊ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် တူဗာပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။ | 4 108 | 9 | 0 | 174 | Loading... | |
■ ကာကွယ်ရေး၊ လုံခြုံရေးနှင့် အဖွဲအစည်းချင်းဆက်ဆံရေး
နှစ်နိုင်ငံတပ်မတော်များအကြား ရှိရင်းစွဲကောင်းမွန်သည့် ဆက်ဆံရေးကို ဆက်လက်တိုးမြှင့်ရန်နှင့် စစ်ဘက်နည်းပညာ၊ အမျိုးသားလုံခြုံရေးတိုတွင် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန် ဆွေးနွေးခဲ့ပါသည်။ ထိုပြင် G-to-G ပူးပေါင်းဆောင်ရွက်မှုသာမက လွှတ်တော်ချင်း၊ ပါတီချင်းနှင့် အဖွဲအစည်းချင်း ဆက်ဆံရေး ကိုလည်း တိုးမြှင့်ရန် ဘယ်လာရုစ်ဘက်က ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။
■ ဘဏ္ဍာရေးနှင့် ကုန်သွယ်မှုအဆင်ပြေချောမွေ့ရေး
ဘယ်လာရုစ်နှင့် မြန်မာဘဏ်များအကြား ရှိပြီးဖြစ်သည့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်အကောင်အထည်ဖော်ရေး၊ အခွန်နှင့် ငွေပေးချေမှုဆိုင်ရာ အခက်အခဲများ လျှော့ချရေးနှင့် နှစ်နိုင်ငံကုန်သွယ်မှု ပိုမိုအဆင်ပြေချောမွေ့စေရေးတိုကို ဆွေးနွေးခဲ့ပါသည်။
■ ကျန်းမာရေးနှင့် ဆေးဝါး
ဘယ်လာရုစ်ထုတ် ဆေးဝါးများကို မြန်မာနိုင်ငံ၌ အသုံးပြုနေမှုအပေါ် အခြေခံ၍ ဆေးဝါးကုန်သွယ်ရေးနှင့် ထုတ်လုပ်မှု ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ဆေးဘက်ဆိုင်ရာယာဉ်နှင့် အထောက်အကူပစ္စည်းများ ပိုမိုရရှိရေးတိုကို ဆွေးနွေးခဲ့ပါသည်။
■ ယဉ်ကျေးမှု၊ ခရီးသွား၊ လူငယ်နှင့် အားကစား
နှစ်နိုင်ငံယဉ်ကျေးမှုနေ့များ အပြန်အလှန်ကျင်းပရေး၊ လူငယ်နှင့် အမျိုးသမီးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ အားကစားနှင့် ခရီးသွားလုပ်ငန်း တိုးမြှင့်ရေးတိုကို ဆွေးနွေးခဲ့ပြီးဘယ်လာရုစ်သမ္မတအား မြန်မာနိုင်ငံ၏ ထင်ရှားသည့် ပွဲတော်များသို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့ပါသည်။
■ နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန်ထောက်ခံရေး
ဘယ်လာရုစ်ဘက်က မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် SCO၊ EAEU အပါအဝင် နိုင်ငံတကာနှင့် ဒေသတွင်းမျက်နှာစာများတွင် မြန်မာနိုင်ငံကို ဆက်လက်ထောက်ခံသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ | 19 560 | 21 | 0 | 197 | Loading... | |
မြန်မာ-ဘယ်လာရုစ် ပူးပေါင်းဆောင်ရွက်မှုများ လက်တွေ့ အရှိန်မြှင့်အကောင်အထည်ဖော်ရန် သမ္မတနှစ်ဦး ဆွေးနွေး၊ စီးပွားရေးမှ အာကာသနည်းပညာအထိ ကဏ္ဍစုံတိုးချဲ့မည်
ဘယ်လာရုစ်သမ္မတနိုင်ငံသို တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင့် ဘယ်လာရုစ်သမ္မတ H.E. Mr. Alexander Grigoryevich Lukashenko တို တွေ့ဆုံ၍ ယခင်ခရီးစဉ်များအတွင်း ရရှိခဲ့သည့် သဘောတူညီချက်များနှင့် မြန်မာ-ဘယ်လာရုစ် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ Roadmap ပါ လုပ်ငန်းစဉ်များကို မြေပြင်တွင် ထိရောက်စွာ အကောင်အထည်ဖော်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေးနှင့် စက်မှု၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ အာကာသနှင့် သိပ္ပံနည်းပညာ၊ ပညာရေး၊ ကျန်းမာရေး၊ ဘဏ္ဍာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင်ရေးတိုကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲ ကောက်နုတ်ချက်များမှာ -
■ သဘောတူညီချက်များကို မြေပြင်တွင် အကောင်အထည်ဖော်ရေး
နှစ်နိုင်ငံခေါင်းဆောင်များက ယခင်တွေ့ဆုံမှုများနှင့် ခရီးစဉ်များအတွင်း ရရှိခဲ့သည့် သဘောတူညီချက်များ၊ MoU နှင့် Contract များကို လက်တွေ့အကောင်အထည်ဖော်၍ အကျိုးရလဒ်များ ပေါ်ထွက်လာစေရန် အလေးထားဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြပါသည်။ ဘယ်လာရုစ်ဘက်ကလည်း မြန်မာနိုင်ငံ၏ လိုအပ်ချက်များအတွက် နည်းပညာနှင့် အတွေ့အကြုံများ မျှဝေကူညီပေးရန် အသင့်ရှိကြောင်း ပြောကြားခဲ့ပါသည်။
■ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် SEZ
မြန်မာနိုင်ငံ၏ ပထဝီအနေအထားနှင့် အိမ်နီးချင်းဈေးကွက်များကို အခွင့်အလမ်းအဖြစ် အသုံးချ၍ ဘယ်လာရုစ်လုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနိုင်ရေး ဆွေးနွေးခဲ့ပြီး သီလဝါ၊ ထားဝယ်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်များတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် မြန်မာဘက်က ဖိတ်ခေါ်ခဲ့ပါသည်။ သယ်ယူပိုဆောင်ရေးစရိတ်နှင့် ကုန်သွယ်ရေးအတားအဆီးများ လျှော့ချနိုင်ရေးကိုလည်း နှစ်ဖက်ဆက်လက်ညှိနှိင်းရန် ဆွေးနွေးခဲ့ပါသည်။
■ စိုက်ပျိုးရေးနှင့် စက်မှုနည်းပညာ
ဘယ်လာရုစ်နိုင်ငံ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာအတွေ့အကြုံများကို မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးဖွံဖြိုးတိုးတက်မှုတွင် အသုံးချနိုင်ရေး၊ ဓာတ်မြေဩဇာ နှစ်စဉ်တင်သွင်းရေးနှင့် မြန်မာနိုင်ငံတွင် ဓာတ်မြေဩဇာစက်ရုံ ရင်းနှီးမြှုပ်နှံတည်ဆောက်ရေး၊ ထွန်စက်နှင့် စက်မှုလယ်ယာနည်းပညာ ပူးပေါင်းဆောင်ရွက်ရေးတိုကို ဆွေးနွေးခဲ့ပါသည်။ ရော်ဘာနှင့် ရော်ဘာအခြေခံထုတ်ကုန်များအပါအဝင် နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်နိုင်မည့် ကုန်စည်များ တိုးချဲ့ရေးကိုလည်း ဆွေးနွေးခဲ့ပါသည်။
■ အာကာသ၊ Big Data နှင့် AI နည်းပညာ
နှစ်နိုင်ငံအကြား နာနိုဂြိုဟ်တု တည်ဆောက်လွှတ်တင်ရေး၊ ဂြိုဟ်တုလက်ခံထိန်းချုပ်ရေးနှင့် ဂြိုဟ်တုမှရရှိသည့် အချက်အလက်များကို မြေပြင်၌ အသုံးချရေး တိုတွင် နည်းပညာပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဆွေးနွေးခဲ့ပါသည်။ အထူးသဖြင့် စိုက်ပျိုးရေးနှင့် အခြားဖွံဖြိုးရေးလုပ်ငန်းများတွင် ဂြိုဟ်တုအချက်အလက်များကို ထိရောက်စွာအသုံးချနိုင်ရန် Big Data နှင့် AI နည်းပညာများ လွှပြောင်းပေးရေး မြန်မာဘက်က ဆွေးနွေးခဲ့ပါသည်။
■ ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်
ဘယ်လာရုစ်တက္ကသိုလ်များတွင် မြန်မာကျောင်းသားများ Master နှင့် PhD အဆင့် ပညာသင်ကြားနေမှုကို ဆက်လက်တိုးချဲ့ပြီး သိပ္ပံပညာအပြင် စီးပွားရေး၊ ဥပဒေ၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများတွင် Scholarship ပိုမိုတိုးမြှင့်ပေးရေး၊ ဆရာ၊ ဆရာမများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ပညာရေးဘွဲများ အပြန်အလှန်အသိအမှတ်ပြုရေးတိုကို ဆွေးနွေးခဲ့ပါသည်။ | 21 988 | 19 | 0 | 155 | Loading... | |
မြန်မာနိုင်ငံတွင်လိုအပ်သည့် ကုန်ပစ္စည်းများ ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး နည်းပညာလွှဲပြောင်းပေးမည်ဟု ဘယ်လာရုစ်ဝန်ကြီးချုပ် ပြော
ဘယ်လာရုစ်-မြန်မာ နှစ်နိုင်ငံ၏ စီးပွားရေးကဏ္ဍများသည် အပြိုင်အဆိုင်မဟုတ်၊အပြန်အလှန်ဖြည့်ဆည်းပေးနေတာဖြစ်ကြောင်း၊ အဆင့်မြင့်ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ရန် သံန္နိဋ္ဌာန် ချထားကြောင်း၊ ပူးပေါင်းဆောင်ရွက်ရန် အကန့်အသတ်မရှိကြောင်း နှင့် ပူးပေါင်းဆောင်ရွက်မှုများကို ထပ်မံအဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း ဘယ်လာရုစ်ဝန်ကြီးချုပ် H.E. Mr. Aleksandr Turchin က ပြောကြားခဲ့ပါသည်။ ထို့ပြင် မြန်မာနိုင်ငံ၌လိုအပ်သည့် ကုန်ပစ္စည်းများကို ဘယ်လာရုစ်မှ တင်ပို့ရောင်းချရုံသာမက မြန်မာနိုင်ငံအတွင်း၌ ကိုယ်တိုင်ထုတ်လုပ်နိုင်ရေး ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နည်းပညာလွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ရန် တိကျသော အချိန်ဇယားရှိပါကြောင်း ယနေ့ ဩဂုတ် ၂၀ ရက်က မင့်စ်မြို့၌ ကျင်းပသည့် ဘယ်လာရုစ်-မြန်မာ စီးပွားရေးဖိုရမ်တွင် ပြောကြားခဲ့ပါသည်။ ဘယ်လာရုစ်ဝန်ကြီးချုပ်မှ အဓိကထား ပြောကြားခဲ့သည်များမှာ -
မြန်မာနှင့် ဘယ်လာရုစ်အကြား ပထဝီအကွာအဝေးသာ ခြားနားသော်လည်း တူညီမှုများစွာရှိကြောင်း။
မြန်မာနိုင်ငံလိုအပ်သည့် ကုန်ပစ္စည်းများကို ရောင်းချခြင်းတစ်ခုတည်းမဟုတ်ဘဲ မြန်မာနိုင်ငံအတွင်း ထုတ်လုပ်နိုင်ရန် နည်းပညာလွှဲပြောင်းပေးပြီး စက်ရုံနှင့် ထုတ်လုပ်မှုလုပ်ငန်းများ ဖော်ဆောင်ရန် တိကျသည့်အချိန်ဇယားဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံ၌ လယ်ယာသုံး Tractor များ ထုတ်လုပ်နိုင်ရေးကို ၂၀၂၇ ခုနှစ်အစပိုင်းတွင် စတင်နိုင်ရန် ရည်မှန်းထားပြီး မြို့ပြသုံးယာဉ်များနှင့် စက်ယန္တရားများ ထုတ်လုပ်ရေးကိုလည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းရန် အသင့်ရှိသကဲ့သို့ လမ်း၊ တံတား၊ လူနေအိမ်နှင့် အခြားဆောက်လုပ်ရေးလုပ်ငန်းများတွင် ဘယ်လာရုစ်၏ အတွေ့အကြုံနှင့် နည်းပညာများဖြင့် ပါဝင်ဆောင်ရွက်လိုကြောင်း။
မြန်မာနိုင်ငံ၌ ဖိနပ်နှင့် သားရေဆက်စပ်ပစ္စည်း စက်ရုံများ တည်ထောင်၍ နည်းပညာနှင့် ကျွမ်းကျင်မှုများ လွှဲပြောင်းပေးရန်၊ ထုတ်လုပ်သည့်ကုန်ပစ္စည်းများကို မြန်မာဈေးကွက်သာမက အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့နိုင်ရန် ရည်ရွယ်ကြောင်း။
ဘယ်လာရုစ်ဘက်က ရော်ဘာအပါအဝင် မြန်မာ့ကုန်ကြမ်းနှင့် လယ်ယာထွက်ကုန်များ ပိုမိုဝယ်ယူရန် စိတ်ဝင်စားပြီး အစားအသောက်ဘေးကင်းလုံခြုံရေးနှင့် အရည်အသွေးမြင့် ထုတ်ကုန်များ ထုတ်လုပ်ရေးတွင် ပူးပေါင်းဆောင်ရွက်လိုကြောင်း။
အရည်အသွေးရှိသည့် ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများကို သင့်တင့်သည့်ဈေးနှုန်းဖြင့် ဖြည့်ဆည်းပေးပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံ၌ ထုတ်လုပ်နိုင်ရေး Localization ဆောင်ရွက်ရန် ရည်ရွယ်ကြောင်း။
နေပြည်တော်၌ Technology Park ဆောင်ရွက်နိုင်ကြောင်း၊ သဘာဝပတ်ဝန်းကျင်စောင့်ကြည့်ရေးနည်းပညာ၊ AI နှင့် အာကာသနည်းပညာကဏ္ဍများတွင် ဘယ်လာရုစ်ဘက်က နည်းပညာပံ့ပိုးပေးရန် အသင့်ရှိကြောင်း။
စက်ရုံများနှင့် နည်းပညာများ ပေးအပ်ခြင်းနှင့်အတူ မြန်မာနိုင်ငံတွင် နည်းပညာကျွမ်းကျင်သူများ မွေးထုတ်နိုင်ရေး အရေးကြီးပြီး ဘယ်လာရုစ်တက္ကသိုလ်များနှင့် ပညာရေးအဖွဲ့အစည်းများမှတစ်ဆင့် လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း။
စီမံကိန်းများ လက်တွေ့အကောင်အထည်ဖော်ရာတွင် ငွေကြေးနှင့် ဘဏ်လုပ်ငန်းပူးပေါင်းဆောင်ရွက်မှု အရေးကြီးပြီး နှစ်နိုင်ငံအကြား ကုန်ပစ္စည်းများ ချောမွေ့စွာစီးဆင်းနိုင်မည့် လမ်းကြောင်းများကိုလည်း စဉ်းစားပြင်ဆင်ထားပြီးဖြစ်ကြောင်း။
နှစ်နိုင်ငံအကြားရှိ အဆင့်မြင့်နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုကို လက်တွေ့စီးပွားရေးအကျိုးရလဒ်များအဖြစ် ပြောင်းလဲဖော်ဆောင်ပြီး သဘောတူထားသည့် စီမံကိန်းများကို အမြန်ဆုံး စတင်အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း အလေးထားပြောကြားခဲ့ပါသည်။ | 3 982 | 20 | 0 | 248 | Loading... | |
မြန်မာ–ဘယ်လာရုစ် မဟာဗျူဟာမြောက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်မည်၊ စိုက်ပျိုးရေး၊ စက်မှု၊ စွမ်းအင်နှင့် နည်းပညာကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် နိုင်ငံတော်သမ္မတ ဖိတ်ခေါ်
မြန်မာ–ဘယ်လာရုစ် နှစ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်ယုံကြည်မှုကို အခြေခံ၍ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆက်ဆံရေးကို မဟာဗျူဟာမြောက် အဆင့်သို့ တိုးမြှင့်သွားမည်ဖြစ်ပြီး စိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ်လုပ်မှု၊ စက်မှုကုန်ထုတ်လုပ်မှု၊ စွမ်းအင်၊ အခြေခံအဆောက်အအုံ၊ ဒီဂျစ်တယ်နည်းပညာနှင့် အထူးစီးပွားရေးဇုန်များတွင် ဘယ်လာရုစ်လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မြန်မာ–ဘယ်လာရုစ် နှစ်နိုင်ငံစီးပွားရေးဆွေးနွေးပွဲတွင် ဖိတ်ခေါ်ပြောကြားခဲ့ပါသည်။ မိန့်ခွန်းကောက်နုတ်ချက်များမှာ -
၁။ မြန်မာ–ဘယ်လာရုစ် မိတ်ဖက်ဆက်ဆံရေး
နှစ်နိုင်ငံသည် ၁၉၉၉ ခုနှစ် စက်တင်ဘာလမှစ၍ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ပြီး ၂၆ နှစ်ကျော်ကြာ ဆက်ဆံရေး ရှိပြီဖြစ်ကြောင်း။
မင့်စ်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးကို မြန်မာသံရုံးအဖြစ် အဆင့်မြှင့်တင်နိုင်ခဲ့ခြင်းသည် နှစ်နိုင်ငံဆက်ဆံရေး၏ အရေးပါသည့် မှတ်တိုင်တစ်ရပ်ဖြစ်ကြောင်း။
ချစ်ကြည်ရေးကို စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လက်တွေ့အကျိုးရလဒ်များအဖြစ် ပြောင်းလဲဖော်ဆောင်ရန် အလေးထားကြောင်း။
၂။ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု မူဘောင်
မြန်မာ–ဘယ်လာရုစ် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး လမ်းပြမြေပုံ (၂၀၂၆–၂၀၂၈) ကို အတည်ပြုလက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း။
စက်မှု၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ဘဏ်လုပ်ငန်း၊ ပညာရေးနှင့် ခရီးသွားလုပ်ငန်းအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရန် စီစဉ်ထားကြောင်း။
နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အပြန်အလှန်အကာအကွယ်ပေးရေး သဘောတူစာချုပ် အမြန်ဆုံးချုပ်ဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။
B2B ပူးပေါင်းဆောင်ရွက်မှုနှင့် ပူးတွဲစီမံကိန်းများကို တိုးမြှင့်ဖော်ဆောင်ရန် အားပေးဆောင်ရွက်မည်ဖြစ်ကြောင်း။
၃။ စိုက်ပျိုးရေးနှင့် စက်မှုကဏ္ဍ
မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍကို Smart Agriculture စနစ်သို့ ကူးပြောင်းရာတွင် ဘယ်လာရုစ်၏ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်ပါကြောင်း။။
Farming မှ Food Processing အထိ တန်ဖိုးကွင်းဆက်တစ်လျှောက် ပူးပေါင်းဆောင်ရွက်ရန် အလေးထားကြောင်း။
ဘယ်လာရုစ်၏ လယ်ယာသုံးစက်ပစ္စည်း၊ စက်ယန္တရားနှင့် အကြီးစားစက်ပစ္စည်းများကို မြန်မာနိုင်ငံ၌ ပူးတွဲထုတ်လုပ်ရေး ဖိတ်ခေါ်ပါကြောင်း။
နို့နှင့်နို့ထွက်ပစ္စည်း၊ ဆေးဝါးနှင့် ဆေးပစ္စည်း၊ လူသုံးကုန်ထုတ်လုပ်ရေးတို့တွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများရှိကြောင်း။
၄။ စွမ်းအင်နှင့် အခြေခံအဆောက်အအုံ
ရေအားလျှပ်စစ်၊ နေရောင်ခြည်၊ လေစွမ်းအင်နှင့် ဇီဝစွမ်းအင်အပါအဝင် စွမ်းအင်စီမံကိန်းများတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်ကြောင်း။
ခေတ်မီသိုလှောင်ရုံ၊ အအေးခန်း၊ ကုန်စည်ပို့ဆောင်ရေးနှင့် Logistics အခြေခံအဆောက်အအုံများတွင် ပူးပေါင်းရင်းနှီးမြှုပ်နှံနိုင်ကြောင်း။
အဆင့်မြင့်နည်းပညာအသုံးပြု၍ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလျှော့ချနိုင်သည့် စွမ်းအင်စီမံကိန်းများ ဖော်ဆောင်နိုင်ရေး အလေးထားကြောင်း။
၅။ Digital Economy & Technology
ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး၊ ဆက်သွယ်ရေးနည်းပညာ၊ AI အသုံးချမှု၊ Digital Payment နှင့် Innovation ကဏ္ဍများတွင် ဘယ်လာရုစ်ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ကြောင်း။
ရတနာပုံဆိုက်ဘာစီးတီးကို နည်းပညာနှင့် ဒီဂျစ်တယ်လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံနိုင်သည့် အခြေခံအဆောက်အအုံတစ်ရပ်အဖြစ် ဖွင့်လှစ်ပေးထားကြောင်း။
၆။ အထူးစီးပွားရေးဇုန်နှင့် အကြီးစားစက်မှု
သီလဝါ၊ ထားဝယ်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် ၃ ခု တွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများရှိကြောင်း။
ထားဝယ်အထူးစီးပွားရေးဇုန်တွင် တာယာ၊ အကြီးစားစက်ပစ္စည်းနှင့် အကြီးစားကုန်တင်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဘယ်လာရုစ်လုပ်ငန်းရှင်များကို ဖိတ်ခေါ်ကြောင်း။
တနင်္သာရီဒေသတွင် သတ္တုတူးဖော်သန့်စင်ရေးနှင့် ဟိုတယ်၊ ခရီးသွားလုပ်ငန်းများတွင်လည်း ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ကြောင်း။
၇။ ASEAN–EAEU ချိတ်ဆက်မှု
မြန်မာနိုင်ငံ၏ ASEAN နှင့် RCEP ဈေးကွက်ချိတ်ဆက်မှု၊ ဘယ်လာရုစ်၏ EAEU အဖွဲ့ဝင်နိုင်ငံအဖြစ် အားသာချက်တို့ကို အသုံးချ၍ ဈေးကွက်နှစ်ခုအကြား ကုန်သွယ်မှုတိုးမြှင့်နိုင်ကြောင်း။
မြန်မာနိုင်ငံကို အာရှဈေးကွက်သို့ ဝင်ရောက်နိုင်သည့် တံခါးပေါက်၊ ဘယ်လာရုစ်ကို EAEU ဈေးကွက်သို့ ဝင်ရောက်နိုင်သည့် တံခါးပေါက်အဖြစ် အသုံးချကာ Win-Win Economic Partnership ဖော်ဆောင်ရန် ရည်မှန်းထားကြောင်း ပြောကြားခဲ့ပါသည်။ | 3 738 | 22 | 0 | 182 | Loading... |

