ar
Feedback
Dr Khaing Khaing Soe

Dr Khaing Khaing Soe

الذهاب إلى القناة على Telegram

Official Spokesperson for the President of the Republic of the Union of Myanmar

إظهار المزيد
لم يتم تحديد البلدالفئة غير محددة
3 672
المشتركون
+124 ساعات
+117 أيام
+46930 أيام
عدد المنشورات

جاري تحميل البيانات...

التفاعلات
التعليقات
نجوم تيليجرام
أفضل المنشورات حسب

جاري تحميل البيانات...

تحليل النشر
المشاركات
ديناميات المشاهدات
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး လာရောက်ဂါရဝပြုတွေ့ဆုံ၊ နှစ်နိုင်ငံကုန်သွယ်ရေး၊ ရင်းနှီးမြှ
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး လာရောက်ဂါရဝပြုတွေ့ဆုံ၊ နှစ်နိုင်ငံကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး နေပြည်တော်၊ ဩဂုတ် ၂၆ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Le Hoai Trung ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပြီး မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေး ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲကောက်နုတ်ချက်များမှာ - ■ နှစ်နိုင်ငံဆက်ဆံရေး မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံသည် သံတမန်ဆက်ဆံရေး နှစ် ၅၀ ကျော်ရှိပြီဖြစ်ပြီး ဘာသာရေး၊ ယဉ်ကျေးမှုနှင့် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းတို့တွင် တူညီမှုများရှိကြောင်း၊ ခေတ်အဆက်ဆက် နှစ်နိုင်ငံခေါင်းဆောင်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ကောင်းမွန်ခဲ့ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။ ■ ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ် ဖိတ်ကြား ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးက ဗီယက်နမ်သမ္မတနှင့် ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူး မစ္စတာ တိုလမ်၏ နိုင်ငံတော်သမ္မတအား ဗီယက်နမ်နိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် လာရောက်ရန် ဖိတ်ကြားမှုနှင့် ခရီးစဉ်ကို ဝမ်းမြောက်စွာ ကြိုဆိုလျက်ရှိကြောင်း သတင်းစကားပါးခဲ့ပါသည်။ ၎င်းအနေဖြင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် စတင်တာဝန်ထမ်းဆောင်ပြီးနောက် ပထမဆုံးပြည်ပခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသည်။ ■ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု နယ်ပယ်သစ်များ တိုးချဲ့ရေး၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် အပြန်အလှန်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာစေရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။ ■ အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် ပြည်သူအချင်းချင်း ဆက်ဆံရေး နှစ်နိုင်ငံအစိုးရအချင်းချင်း၊ လွှတ်တော်အချင်းချင်း၊ တပ်မတော်အချင်းချင်းနှင့် ပြည်သူများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်သွားရေးကိုလည်း အလေးထားဆွေးနွေးခဲ့ကြပါသည်။ ■ CLMV နှင့် ACMECS ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (CLMV) ထိပ်သီးအစည်းအဝေးနှင့် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ထိပ်သီးအစည်းအဝေးများတွင် မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်မည့် အခြေအနေများကို ဆွေးနွေးခဲ့ပါသည်။ ■ နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန်ထောက်ခံရေး မြန်မာနှင့် ဗီယက်နမ်တို့အနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန်ထောက်ခံအားပေးပြီး ယုံကြည်စိတ်ချရသည့် မိတ်ဆွေကောင်းနိုင်ငံများအဖြစ် ဆက်လက်ရပ်တည်သွားရေး ဆွေးနွေးခဲ့ကြပါသည်။ ဗီယက်နမ်ဘက်ကလည်း မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ နယ်မြေပိုင်ဆိုင်မှုနှင့် လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်တို့ကို လေးစားတန်ဖိုးထားကြောင်း ပြောကြားခဲ့ပါသည်။
2 33990193Loading...
ကုန်ထုတ်လုပ်မှုတိုးမြှင့်၍ ပြည်တွင်းအရင်းအမြစ်များကို အကျိုးရှိစွာအသုံးချကာ နိုင်ငံ့စီးပွားရေး မြှင့်တင်ရန် နိုင်ငံတော်သမ္မတ
ကုန်ထုတ်လုပ်မှုတိုးမြှင့်၍ ပြည်တွင်းအရင်းအမြစ်များကို အကျိုးရှိစွာအသုံးချကာ နိုင်ငံ့စီးပွားရေး မြှင့်တင်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း နေပြည်တော်၊ ဩဂုတ် ၂၅ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းကုန်ထုတ်လုပ်မှုကို အခြေခံ၍ ကုန်သွယ်မှုပမာဏ တိုးမြှင့်ရေး၊ စိုက်ပျိုးမွေးမြူရေး ထုတ်လုပ်မှုမြှင့်တင်ရေးနှင့် ပြည်တွင်းရှိ အရင်းအမြစ်များကို ထိရောက်စွာ အသုံးချရေး အလေးထားဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် တိုက်တွန်းပြောကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတမှ အဓိကထား ပြောကြားခဲ့သည်များမှာ - ■ စီးပွားရေးနှင့် ကုန်ထုတ်လုပ်မှု နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွင် စီးပွားရေးကောင်းမွန်မှုသည် အဓိကဖြစ်ပြီး ပြည်တွင်းလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်ထုတ်လုပ်မှုကို အားပေးရန်၊ ကုန်သွယ်မှုပမာဏ ပိုမိုကြီးမားလာစေရန်နှင့် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ဦးတည်ဆောင်ရွက်ရန်။ ■ စိုက်ပျိုးမွေးမြူရေး မြေ၊ ရေနှင့် စိုက်ပျိုးမွေးမြူရေးအရင်းအမြစ်များကို ထိရောက်စွာအသုံးချ၍ မိုးစပါး၊ နွေစပါး၊ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံတို့၏ အထွက်နှုန်း တိုးတက်စေရန်၊ မွေးမြူရေးလုပ်ငန်းများကိုလည်း တိုးချဲ့ဆောင်ရွက်ရန်။ ■ ကျေးလက်စီးပွားရေး ကျေးလက်နေပြည်သူများ၏ စီးပွားရေးတိုးတက်လာမှသာ ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်မည်ဖြစ်သဖြင့် ဒေသအလိုက် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးအောင် ဆောင်ရွက်ရန်။ ■ ပညာရေးနှင့် လူ့စွမ်းအား ကုန်ထုတ်လုပ်မှုမြှင့်တင်နိုင်ရေးအတွက် အသိပညာနှင့် အတတ်ပညာရှိသည့် လူ့စွမ်းအားအရင်းအမြစ်များ လိုအပ်သဖြင့် ပညာရေးအရည်အသွေးမြှင့်တင်ရေးနှင့် ကျောင်းများ စံနှုန်းပြည့်မီရေးကို ဦးစားပေးဆောင်ရွက်ရန်။ ■ ကုန်သွယ်ရေး ပို့ကုန်၊ သွင်းကုန်နှင့် နယ်စပ်ကုန်သွယ်ရေးကို စနစ်တကျဆောင်ရွက်ပြီး တရားမဝင်ကုန်သွယ်မှုများကို ထိန်းချုပ်ရန်၊ ကုန်စည်စီးဆင်းမှု ချောမွေ့ရေးနှင့် ကုန်သွယ်ရေးလမ်းကြောင်း လုံခြုံရေးကို အလေးထားရန်။ ■ ရေကြီးရေလျှံမှု မြစ်ချောင်းများ တိမ်ကောခြင်းနှင့် သောင်ထွန်းခြင်းများကို ပြန်လည်ပြုပြင်ထိန်းသိမ်းရန်၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတွင် ပြည်တွင်းအရင်းအမြစ်များကို အကျိုးရှိစွာအသုံးချရန်နှင့် မြို့ပြသန့်ရှင်းသာယာလှပရေးကို စနစ်တကျ ဆောင်ရွက်ရန်။ ■ ဘတ်ဂျက်နှင့် အခွန် ပြည်သူများထမ်းဆောင်သည့် အခွန်ငွေကို အခြေခံ၍ နိုင်ငံတော်ဘတ်ဂျက် ရေးဆွဲရခြင်းဖြစ်သဖြင့် ဘတ်ဂျက်ကို ပြည်သူ့အကျိုးအတွက် ထိရောက်စွာအသုံးချရန်နှင့် ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရများက ဗဟိုအစိုးရ၏ အစီအစဉ်များကို အောင်မြင်အောင် အကောင်အထည်ဖော်ရန်တို့ ဖြစ်ပါသည်။
2 748100158Loading...
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် (၁၇-၈-၂၀၂၆) မှ (၂၃-၈-၂၀၂၆) အထိ ရုရှားဖက်ဒရေးရှင်းနိုင်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် (၁၇-၈-၂၀၂၆) မှ (၂၃-၈-၂၀၂၆) အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ် သမ္မတနိုင်ငံများသို့ တရားဝင်ခရီးစဉ် သွားရောက်ခဲ့မှုနှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခြင်း
4 230170204Loading...
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တူဗားပြည်နယ်အကြီးအကဲနှင့် တွေ့ဆုံ၊ စိုက်ပျိုးမွေးမြူရေး၊ သယံဇာတ၊ ဘာသာရေး၊ ယဉ်ကျေးမှုနှင့်
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တူဗားပြည်နယ်အကြီးအကဲနှင့် တွေ့ဆုံ၊ စိုက်ပျိုးမွေးမြူရေး၊ သယံဇာတ၊ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဒေသစံတော်ချိန် ည ၇ နာရီတွင် တူဗားပြည်နယ်အကြီးအကဲ မစ္စတာ ဗလာဒီစလပ် ခိုဗာလစ်ဂ် (Vladislav Khovalyg) နှင့် ကီဇီးလ်မြို့ရှိ ပြည်နယ်အစိုးရအဖွဲ့အိမ်တော်၌ တွေ့ဆုံ၍ မြန်မာနိုင်ငံနှင့် တူဗားပြည်နယ်အကြား စိုက်ပျိုးမွေးမြူရေး၊ သယံဇာတ၊ ဘာသာရေးနှင့် ယဉ်ကျေးမှု၊ ပညာရေးနှင့် ခရီးသွားလုပ်ငန်းအပါအဝင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲကောက်နုတ်ချက်များမှာ - ■ မြန်မာ–တူဗား ပူးပေါင်းဆောင်ရွက်ရေး တူဗားပြည်နယ်သည် တွင်းထွက်သယံဇာတနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ အားကောင်းသည့် ဒေသဖြစ်ပြီး မြန်မာနိုင်ငံနှင့် အလားတူ အရင်းအမြစ်နှင့် စီးပွားရေးအခြေခံများရှိသဖြင့် လက်တွေ့ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများအား ဆွေးနွေးခဲ့ကြပါသည်။ မြန်မာ–ရုရှား ဗဟိုအစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ ပြည်နယ်နှင့် ဒေသအချင်းချင်း ဆက်ဆံရေး ကိုပါ အရှိန်မြှင့်တင်သွားရန် ဆွေးနွေးခဲ့ကြပါသည်။ ■ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားကဏ္ဍ တူဗားပြည်နယ်တွင် နေထိုင်သူအများစုမှာ တိဘက်ဗုဒ္ဓဘာသာ ကို ကိုးကွယ်ကြပြီး မြန်မာနိုင်ငံနှင့် ဘာသာရေးဆိုင်ရာ နီးစပ်မှုရှိကြောင်းနှင့် ဘာသာရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေး၊ ဘုရားဖူးခရီးစဉ်နှင့် ခရီးသွားလုပ်ငန်းများ အပြန်အလှန် မြှင့်တင်နိုင်ရေး ဆွေးနွေးခဲ့ကြပါသည်။ ပညာရေးနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု ပိုမိုတိုးတက်လာစေရေး ပူးပေါင်းဆောင်ရွက်ရန်တို့ကိုလည်း ဆွေးနွေးခဲ့ကြပါသည်။ ■ မြန်မာ–ရုရှား ဆက်ဆံရေး မြန်မာနှင့် ရုရှားသည် ယုံကြည်စိတ်ချရသည့် မိတ်ဆွေရင်းနိုင်ငံများ ဖြစ်ပြီး ပထဝီအနေအထားအရ အလှမ်းကွာဝေးသော်လည်း သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု ရှည်လျားကောင်းမွန်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပြီး လက်ရှိကာလသည် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်တင်ရန် အကောင်းဆုံးအခြေအနေ သို့ ရောက်ရှိနေကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။ ■ တူဗားပြည်နယ်၏ အလားအလာ တူဗားပြည်နယ်အကြီးအကဲက ပြည်နယ်၏ သမိုင်းကြောင်း၊ ဒေသဆိုင်ရာအခြေအနေ၊ စိုက်ပျိုးမွေးမြူရေးနှင့် တွင်းထွက်ပစ္စည်းထုတ်လုပ်မှုများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့အပြင် မြန်မာနိုင်ငံနှင့် ဘာသာရေး၊ ယဉ်ကျေးမှု၊ ပညာရေးနှင့် ခရီးသွားကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်လိုကြောင်း ပြောကြားခဲ့ပါသည်။
5 854100192Loading...
ဘယ်လာရုစ်နိုင်ငံ တရားဝင်ခရီးစဉ်အပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားနိုင်ငံ တူဗာပြည်နယ်၊ ကီဇီးလ်မြို့သို့ ရောက်ရှိ
ဘယ်လာရုစ်နိုင်ငံ တရားဝင်ခရီးစဉ်အပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားနိုင်ငံ တူဗာပြည်နယ်၊ ကီဇီးလ်မြို့သို့ ရောက်ရှိ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ခဲ့ပြီးနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ (ဩဂုတ် ၂၂ ရက်) ဒေသစံတော်ချိန် ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တူဗာပြည်နယ်၊ ကီဇီးလ် (Kyzyl) မြို့သို့ ရောက်ရှိခဲ့ပါသည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဘယ်လာရုစ်သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို၏ ဖိတ်ကြားချက်အရ ဩဂုတ် ၂၀ ရက်မှ ၂၂ ရက်အထိ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ခဲ့ခြင်းဖြစ်ပြီး ခရီးစဉ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးကာ မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး ဆွေးနွေးခဲ့ကြပါသည်။ ဘယ်လာရုစ်နိုင်ငံ တရားဝင်ခရီးစဉ်အပြီးတွင် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် မင့်စ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တူဗာပြည်နယ်သို့ ဆက်လက်ထွက်ခွာခဲ့ပြီး ဒေသစံတော်ချိန် ညနေပိုင်းတွင် ကီဇီးလ် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပါသည်။ နိုင်ငံတော်သမ္မတနှင့် အဖွဲ့အား ကီဇီးလ် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ မြန်မာစစ်သံမှူး (ကြည်း၊ ရေ၊ လေ)၊ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် တူဗာပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။
4 22290174Loading...
■ ကာကွယ်ရေး၊ လုံခြုံရေးနှင့် အဖွဲအစည်းချင်းဆက်ဆံရေး နှစ်နိုင်ငံတပ်မတော်များအကြား ရှိရင်းစွဲကောင်းမွန်သည့် ဆက်ဆံရေးကို ဆက်လက်တိုးမြှင့်ရန်နှင့် စစ်ဘက်နည်းပညာ၊ အမျိုးသားလုံခြုံရေးတိုတွင် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန် ဆွေးနွေးခဲ့ပါသည်။ ထိုပြင် G-to-G ပူးပေါင်းဆောင်ရွက်မှုသာမက လွှတ်တော်ချင်း၊ ပါတီချင်းနှင့် အဖွဲအစည်းချင်း ဆက်ဆံရေး ကိုလည်း တိုးမြှင့်ရန် ဘယ်လာရုစ်ဘက်က ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။ ■ ဘဏ္ဍာရေးနှင့် ကုန်သွယ်မှုအဆင်ပြေချောမွေ့ရေး ဘယ်လာရုစ်နှင့် မြန်မာဘဏ်များအကြား ရှိပြီးဖြစ်သည့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်အကောင်အထည်ဖော်ရေး၊ အခွန်နှင့် ငွေပေးချေမှုဆိုင်ရာ အခက်အခဲများ လျှော့ချရေးနှင့် နှစ်နိုင်ငံကုန်သွယ်မှု ပိုမိုအဆင်ပြေချောမွေ့စေရေးတိုကို ဆွေးနွေးခဲ့ပါသည်။ ■ ကျန်းမာရေးနှင့် ဆေးဝါး ဘယ်လာရုစ်ထုတ် ဆေးဝါးများကို မြန်မာနိုင်ငံ၌ အသုံးပြုနေမှုအပေါ် အခြေခံ၍ ဆေးဝါးကုန်သွယ်ရေးနှင့် ထုတ်လုပ်မှု ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ဆေးဘက်ဆိုင်ရာယာဉ်နှင့် အထောက်အကူပစ္စည်းများ ပိုမိုရရှိရေးတိုကို ဆွေးနွေးခဲ့ပါသည်။ ■ ယဉ်ကျေးမှု၊ ခရီးသွား၊ လူငယ်နှင့် အားကစား နှစ်နိုင်ငံယဉ်ကျေးမှုနေ့များ အပြန်အလှန်ကျင်းပရေး၊ လူငယ်နှင့် အမျိုးသမီးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ အားကစားနှင့် ခရီးသွားလုပ်ငန်း တိုးမြှင့်ရေးတိုကို ဆွေးနွေးခဲ့ပြီးဘယ်လာရုစ်သမ္မတအား မြန်မာနိုင်ငံ၏ ထင်ရှားသည့် ပွဲတော်များသို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့ပါသည်။ ■ နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန်ထောက်ခံရေး ဘယ်လာရုစ်ဘက်က မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် SCO၊ EAEU အပါအဝင် နိုင်ငံတကာနှင့် ဒေသတွင်းမျက်နှာစာများတွင် မြန်မာနိုင်ငံကို ဆက်လက်ထောက်ခံသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
19 855210197Loading...
မြန်မာ-ဘယ်လာရုစ် ပူးပေါင်းဆောင်ရွက်မှုများ လက်တွေ့ အရှိန်မြှင့်အကောင်အထည်ဖော်ရန် သမ္မတနှစ်ဦး ဆွေးနွေး၊ စီးပွားရေးမှ အာကာသနည်း
မြန်မာ-ဘယ်လာရုစ် ပူးပေါင်းဆောင်ရွက်မှုများ လက်တွေ့ အရှိန်မြှင့်အကောင်အထည်ဖော်ရန် သမ္မတနှစ်ဦး ဆွေးနွေး၊ စီးပွားရေးမှ အာကာသနည်းပညာအထိ ကဏ္ဍစုံတိုးချဲ့မည် ဘယ်လာရုစ်သမ္မတနိုင်ငံသို တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင့် ဘယ်လာရုစ်သမ္မတ H.E. Mr. Alexander Grigoryevich Lukashenko တို တွေ့ဆုံ၍ ယခင်ခရီးစဉ်များအတွင်း ရရှိခဲ့သည့် သဘောတူညီချက်များနှင့် မြန်မာ-ဘယ်လာရုစ် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ Roadmap ပါ လုပ်ငန်းစဉ်များကို မြေပြင်တွင် ထိရောက်စွာ အကောင်အထည်ဖော်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေးနှင့် စက်မှု၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ အာကာသနှင့် သိပ္ပံနည်းပညာ၊ ပညာရေး၊ ကျန်းမာရေး၊ ဘဏ္ဍာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင်ရေးတိုကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲ ကောက်နုတ်ချက်များမှာ - ■ သဘောတူညီချက်များကို မြေပြင်တွင် အကောင်အထည်ဖော်ရေး နှစ်နိုင်ငံခေါင်းဆောင်များက ယခင်တွေ့ဆုံမှုများနှင့် ခရီးစဉ်များအတွင်း ရရှိခဲ့သည့် သဘောတူညီချက်များ၊ MoU နှင့် Contract များကို လက်တွေ့အကောင်အထည်ဖော်၍ အကျိုးရလဒ်များ ပေါ်ထွက်လာစေရန် အလေးထားဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြပါသည်။ ဘယ်လာရုစ်ဘက်ကလည်း မြန်မာနိုင်ငံ၏ လိုအပ်ချက်များအတွက် နည်းပညာနှင့် အတွေ့အကြုံများ မျှဝေကူညီပေးရန် အသင့်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ■ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် SEZ မြန်မာနိုင်ငံ၏ ပထဝီအနေအထားနှင့် အိမ်နီးချင်းဈေးကွက်များကို အခွင့်အလမ်းအဖြစ် အသုံးချ၍ ဘယ်လာရုစ်လုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနိုင်ရေး ဆွေးနွေးခဲ့ပြီး သီလဝါ၊ ထားဝယ်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်များတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် မြန်မာဘက်က ဖိတ်ခေါ်ခဲ့ပါသည်။ သယ်ယူပိုဆောင်ရေးစရိတ်နှင့် ကုန်သွယ်ရေးအတားအဆီးများ လျှော့ချနိုင်ရေးကိုလည်း နှစ်ဖက်ဆက်လက်ညှိနှိင်းရန် ဆွေးနွေးခဲ့ပါသည်။ ■ စိုက်ပျိုးရေးနှင့် စက်မှုနည်းပညာ ဘယ်လာရုစ်နိုင်ငံ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာအတွေ့အကြုံများကို မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးဖွံဖြိုးတိုးတက်မှုတွင် အသုံးချနိုင်ရေး၊ ဓာတ်မြေဩဇာ နှစ်စဉ်တင်သွင်းရေးနှင့် မြန်မာနိုင်ငံတွင် ဓာတ်မြေဩဇာစက်ရုံ ရင်းနှီးမြှုပ်နှံတည်ဆောက်ရေး၊ ထွန်စက်နှင့် စက်မှုလယ်ယာနည်းပညာ ပူးပေါင်းဆောင်ရွက်ရေးတိုကို ဆွေးနွေးခဲ့ပါသည်။ ရော်ဘာနှင့် ရော်ဘာအခြေခံထုတ်ကုန်များအပါအဝင် နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်နိုင်မည့် ကုန်စည်များ တိုးချဲ့ရေးကိုလည်း ဆွေးနွေးခဲ့ပါသည်။ ■ အာကာသ၊ Big Data နှင့် AI နည်းပညာ နှစ်နိုင်ငံအကြား နာနိုဂြိုဟ်တု တည်ဆောက်လွှတ်တင်ရေး၊ ဂြိုဟ်တုလက်ခံထိန်းချုပ်ရေးနှင့် ဂြိုဟ်တုမှရရှိသည့် အချက်အလက်များကို မြေပြင်၌ အသုံးချရေး တိုတွင် နည်းပညာပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဆွေးနွေးခဲ့ပါသည်။ အထူးသဖြင့် စိုက်ပျိုးရေးနှင့် အခြားဖွံဖြိုးရေးလုပ်ငန်းများတွင် ဂြိုဟ်တုအချက်အလက်များကို ထိရောက်စွာအသုံးချနိုင်ရန် Big Data နှင့် AI နည်းပညာများ လွှပြောင်းပေးရေး မြန်မာဘက်က ဆွေးနွေးခဲ့ပါသည်။ ■ ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဘယ်လာရုစ်တက္ကသိုလ်များတွင် မြန်မာကျောင်းသားများ Master နှင့် PhD အဆင့် ပညာသင်ကြားနေမှုကို ဆက်လက်တိုးချဲ့ပြီး သိပ္ပံပညာအပြင် စီးပွားရေး၊ ဥပဒေ၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများတွင် Scholarship ပိုမိုတိုးမြှင့်ပေးရေး၊ ဆရာ၊ ဆရာမများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ပညာရေးဘွဲများ အပြန်အလှန်အသိအမှတ်ပြုရေးတိုကို ဆွေးနွေးခဲ့ပါသည်။
22 142190155Loading...