es
Feedback
Dr Khaing Khaing Soe

Dr Khaing Khaing Soe

Ir al canal en Telegram

Official Spokesperson for the President of the Republic of the Union of Myanmar

Mostrar más
El país no está especificadoLa categoría no está especificada
3 669
Suscriptores
-124 horas
+87 días
+46530 días
Número de Publicaciones

Carga de datos en curso...

Reacciones
Comentarios
Estrellas de Telegram
PUBLICACIONES TOP por

Carga de datos en curso...

Análisis de publicación
Mensajes
Ver dinámicas
ရန်ကုန်တိုင်း စားရေရိက္ခာဖူလုံရေးအတွက် မှန်ကန်ပြည့်စုံသည့် Data အပေါ်အခြေခံ၍ မွေးမြူထုတ်လုပ်ရန် နိုင်ငံတော်သမ္မတ မှာကြား ရန်ကုန်၊ ဩဂုတ် ၂၉ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ (ဩဂုတ် ၂၉ ရက်) တွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ မွေးမြူရေးဇုန်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း လူဦးရေ၏ စားရေရိက္ခာဖူလုံရေးအတွက် လိုအပ်ချက်နှင့် ထုတ်လုပ်နိုင်မှုကို မှန်ကန်ပြည့်စုံသည့် Data အချက်အလက်များအပေါ် အခြေခံတွက်ချက်၍ စနစ်တကျ မွေးမြူထုတ်လုပ်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။ တွံတေးမွေးမြူရေးဇုန်ကို အပိုင်း (၁)၊ (၂) နှင့် (၃) ဟူ၍ ဆောင်ရွက်ထားပြီး လုပ်ငန်းရှင် ၉၉ ဦးက နွား၊ ဆိတ်၊ ဝက်၊ ကြက်နှင့် ဘဲ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ တိရစ္ဆာန်အစာထုတ်လုပ်သည့် စက်ရုံများနှင့် မွေးမြူရေးထွက်ကုန်များကို ရန်ကုန်တိုင်းဒေသကြီးတစ်ဝန်း ဖြန့်ဖြူးရောင်းချနေမှုအခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြပါသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဥက္ကံ၊ တိုက်ကြီး၊ ကော့မှူး၊ တွံတေးနှင့် ညောင်နှစ်ပင်တို့၌ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ သီလဝါနှင့် ရွှေမြင်တို့တွင်လည်း ငါးမွေးမြူရေးကန်များရှိပြီး စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်သမ္မတက ရန်ကုန်တိုင်းဒေသကြီးသည် လူဦးရေများပြားပြီး ဈေးရောင်း၊ ဈေးဝယ်နှင့် ဝန်ဆောင်မှုလုပ်ငန်းများအပါအဝင် စီးပွားရေးလုပ်ငန်းများ အများအပြားရှိသည့်အတွက် တိုင်းဒေသကြီးအတွင်း လူဦးရေမည်မျှရှိသည်၊ နေ့စဉ်စားရေရိက္ခာ မည်မျှလိုအပ်သည်နှင့် လက်ရှိစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများက မည်မျှပံ့ပိုးပေးနိုင်သည်တို့ကို တိတိကျကျ တွက်ချက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ ယင်းအချက်အလက်များကို အခြေခံ၍ စားသုံးမှုလိုအပ်ချက်နှင့် ထုတ်လုပ်နိုင်မှုကို ချိန်ဆကာ မွေးမြူထုတ်လုပ်ရန် လိုအပ်ကြောင်းနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုသည့် Data များ မှန်ကန်ပြည့်စုံမှုရှိစေရေးကို အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။ ထို့ပြင် မွေးမြူရေးလုပ်ငန်းများအတွက် ရေနှင့် တိရစ္ဆာန်အစာ လုံလောက်စွာရရှိရေး၊ မွေးမြူသည့်နည်းစနစ် မှန်ကန်ကောင်းမွန်ရေးနှင့် မျိုးကောင်းမျိုးသန့်များ အသုံးပြုနိုင်ရေးတို့ကိုလည်း အလေးထားဆောင်ရွက်ရန် နိုင်ငံတော်သမ္မတက မှာကြားခဲ့ပါသည်။
1 00730100Loading...
ညောင်တုန်း တာဘောင်အိပဲ့ကျိုးပေါက်မှု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကွင်းဆင်းစစ်ဆေး၊ ရေဝင်ရောက်မှုထိန်းချုပ်ရေးနှင့် တာဘေ+3
ညောင်တုန်း တာဘောင်အိပဲ့ကျိုးပေါက်မှု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကွင်းဆင်းစစ်ဆေး၊ ရေဝင်ရောက်မှုထိန်းချုပ်ရေးနှင့် တာဘောင်ခိုင်ခံ့ရေး အသေးစိတ်ညွှန်ကြား ညောင်တုန်း၊ ဩဂုတ် ၂၉ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၌ တာဘောင်အိပဲ့ကျိုးပေါက်မှုကြောင့် ရေဝင်ရောက်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့်အခြေအနေကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဩဂုတ် ၂၉ ရက် နံနက်ပိုင်းတွင် ကိုယ်တိုင်ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို အသေးစိတ်ညွှန်ကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတသည် တာဘောင်အိပဲ့ကျိုးပေါက်ခဲ့သည့်နေရာ၊ ရေဝင်ရောက်နေမှုနှင့် တာဘောင်ပြန်လည်ပြုပြင်ရေး ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ဒေသခံပြည်သူများ၊ နေအိမ်များနှင့် စိုက်ပျိုးမြေများအပေါ် ထိခိုက်နိုင်မှု အခြေအနေများအပြင် တာဘောင် ပြန်လည်ပြုပြင်ရေး ဆောင်ရွက်နေမှုများကို တာဝန်ရှိသူများထံ မေးမြန်းခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် တာဘောင်များ ရေရှည်ခိုင်ခံ့စေရေးကို အလေးထားဆောင်ရွက်ရန်၊ တာဘောင်၏ ခံနိုင်ရည်နှင့် ရေစီးရေလာအခြေအနေများကို စနစ်တကျတွက်ချက်၍ လိုအပ်သည့်နေရာများတွင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရန်နှင့် အလားတူဖြစ်စဉ်များ ထပ်မံမဖြစ်ပေါ်စေရေး အားနည်းချက်ရှိသည့်နေရာများကို စစ်ဆေးဖော်ထုတ်၍ ပြင်ဆင်ဖြည့်ဆည်းထားရန် မှာကြားခဲ့ပါသည်။ ထို့ပြင် ရေဝင်ရောက်နေသည့်နေရာများ၌ ရေကို အမြန်ဆုံးပြန်လည်ထုတ်ယူနိုင်ရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် လိုအပ်သည့် ရေထုတ်မြောင်းများ၊ ရေထုတ်စနစ်များကို ထိရောက်စွာ အသုံးချနိုင်ရေး ဆောင်ရွက်ရန်၊ စိုက်ပျိုးမြေများအတွင်း ရေဝင်ရောက်မှုကြောင့် သီးနှံများထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေးကိုလည်း အလေးထားဆောင်ရွက်ရန် ညွှန်ကြားခဲ့ပါသည်။ တာဘောင်ပြုပြင်ရာတွင်လည်း လက်ရှိအခြေအနေကိုသာ ဖြေရှင်းခြင်းမဟုတ်ဘဲ နောင်တွင် ရေမြင့်တက်လာသည့်အခြေအနေများကိုပါ ခံနိုင်ရည်ရှိစေရေး ထည့်သွင်းတွက်ချက်ကာ စနစ်တကျ ပြန်လည်တည်ဆောက်ပြုပြင်သွားရန်နှင့် လိုအပ်သည့် စက်ယန္တရား၊ လူအင်အားနှင့် ပစ္စည်းများကို စနစ်တကျစုစည်းအသုံးပြု၍ လုပ်ငန်းများ အမြန်ပြီးစီးရေး ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။ ယင်းအပြင် ရေကြီးရေလျှံမှုကြောင့် ဒေသခံပြည်သူများ၏ နေအိမ်၊ စိုက်ပျိုးရေးနှင့် လူမှုစီးပွားဘဝ ထိခိုက်မှုများကို စနစ်တကျစစ်တမ်းကောက်ယူရန်၊ လိုအပ်သည့် ကူညီကယ်ဆယ်ထောက်ပံ့မှုများ အချိန်မီပေးအပ်နိုင်ရေးနှင့် ပြည်သူများ၏ နေထိုင်စားသောက်ရေး အခက်အခဲမရှိစေရေး သက်ဆိုင်ရာဌာနများက ပေါင်းစပ်ဆောင်ရွက်သွားရန် နိုင်ငံတော်သမ္မတက အသေးစိတ်မှာကြားခဲ့ပါသည်။
4 076190158Loading...
ညောင်တုန်း တာဘောင်အိပဲ့ကျိုးပေါက်မှု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကွင်းဆင်းစစ်ဆေး၊ ရေဝင်ရောက်မှုထိန်းချုပ်ရေးနှင့် တာဘေ+3
ညောင်တုန်း တာဘောင်အိပဲ့ကျိုးပေါက်မှု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကွင်းဆင်းစစ်ဆေး၊ ရေဝင်ရောက်မှုထိန်းချုပ်ရေးနှင့် တာဘောင်ခိုင်ခံ့ရေး အသေးစိတ်ညွှန်ကြား ညောင်တုန်း၊ ဩဂုတ် ၂၉ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၌ တာဘောင်အိပဲ့ကျိုးပေါက်မှုကြောင့် ရေဝင်ရောက်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့်အခြေအနေကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဩဂုတ် ၂၉ ရက် နံနက်ပိုင်းတွင် ကိုယ်တိုင်ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို အသေးစိတ်ညွှန်ကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတသည် တာဘောင်အိပဲ့ကျိုးပေါက်ခဲ့သည့်နေရာ၊ ရေဝင်ရောက်နေမှုနှင့် တာဘောင်ပြန်လည်ပြုပြင်ရေး ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ဒေသခံပြည်သူများ၊ နေအိမ်များနှင့် စိုက်ပျိုးမြေများအပေါ် ထိခိုက်နိုင်မှု အခြေအနေများအပြင် တာဘောင် ပြန်လည်ပြုပြင်ရေး ဆောင်ရွက်နေမှုများကို တာဝန်ရှိသူများထံ မေးမြန်းခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် တာဘောင်များ ရေရှည်ခိုင်ခံ့စေရေးကို အလေးထားဆောင်ရွက်ရန်၊ တာဘောင်၏ ခံနိုင်ရည်နှင့် ရေစီးရေလာအခြေအနေများကို စနစ်တကျတွက်ချက်၍ လိုအပ်သည့်နေရာများတွင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရန်နှင့် အလားတူဖြစ်စဉ်များ ထပ်မံမဖြစ်ပေါ်စေရေး အားနည်းချက်ရှိသည့်နေရာများကို စစ်ဆေးဖော်ထုတ်၍ ပြင်ဆင်ဖြည့်ဆည်းထားရန် မှာကြားခဲ့ပါသည်။ ထို့ပြင် ရေဝင်ရောက်နေသည့်နေရာများ၌ ရေကို အမြန်ဆုံးပြန်လည်ထုတ်ယူနိုင်ရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် လိုအပ်သည့် ရေထုတ်မြောင်းများ၊ ရေထုတ်စနစ်များကို ထိရောက်စွာ အသုံးချနိုင်ရေး ဆောင်ရွက်ရန်၊ စိုက်ပျိုးမြေများအတွင်း ရေဝင်ရောက်မှုကြောင့် သီးနှံများထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေးကိုလည်း အလေးထားဆောင်ရွက်ရန် ညွှန်ကြားခဲ့ပါသည်။ တာဘောင်ပြုပြင်ရာတွင်လည်း လက်ရှိအခြေအနေကိုသာ ဖြေရှင်းခြင်းမဟုတ်ဘဲ နောင်တွင် ရေမြင့်တက်လာသည့်အခြေအနေများကိုပါ ခံနိုင်ရည်ရှိစေရေး ထည့်သွင်းတွက်ချက်ကာ စနစ်တကျ ပြန်လည်တည်ဆောက်ပြုပြင်သွားရန်နှင့် လိုအပ်သည့် စက်ယန္တရား၊ လူအင်အားနှင့် ပစ္စည်းများကို စနစ်တကျစုစည်းအသုံးပြု၍ လုပ်ငန်းများ အမြန်ပြီးစီးရေး ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။ ယင်းအပြင် ရေကြီးရေလျှံမှုကြောင့် ဒေသခံပြည်သူများ၏ နေအိမ်၊ စိုက်ပျိုးရေးနှင့် လူမှုစီးပွားဘဝ ထိခိုက်မှုများကို စနစ်တကျစစ်တမ်းကောက်ယူရန်၊ လိုအပ်သည့် ကူညီကယ်ဆယ်ထောက်ပံ့မှုများ အချိန်မီပေးအပ်နိုင်ရေးနှင့် ပြည်သူများ၏ နေထိုင်စားသောက်ရေး အခက်အခဲမရှိစေရေး သက်ဆိုင်ရာဌာနများက ပေါင်းစပ်ဆောင်ရွက်သွားရန် နိုင်ငံတော်သမ္မတက အသေးစိတ်မှာကြားခဲ့ပါသည်။
1000Loading...
နီပေါ ရေကြီးမှုကြောင့် အသက်ဆုံးရှုံးမှုများအတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နီပေါဝန်ကြီးချုပ်ထံ ဝမ်းနည်းကြောင်းသဝဏ်လွ+1
နီပေါ ရေကြီးမှုကြောင့် အသက်ဆုံးရှုံးမှုများအတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နီပေါဝန်ကြီးချုပ်ထံ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ နေပြည်တော်၊ ဩဂုတ် ၂၈ နီပေါနိုင်ငံ ရာဆူဝါခရိုင် (Rasuwa) နှင့် အနီးဝန်းကျင်ဒေသများတွင် ဖြစ်ပွားခဲ့သည့် ပြင်းထန်သော ရေကြီးရေလျှံမှုများကြောင့် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပြီး ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က နီပေါဝန်ကြီးချုပ် မစ္စတာ ဘလန်ဒရာ ရှား (Balendra Shah) ထံ ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ပါသည်။ ပေးပို့သည့် သဝဏ်လွှာတွင် နိုင်ငံတော်သမ္မတက နီပေါဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့၊ အထူးသဖြင့် ခက်ခဲသည့်အချိန်ကို ဖြတ်သန်းနေရသည့် ကျန်ရစ်သူမိသားစုများထံ စိတ်ရင်းမှန်ဖြင့် ဝမ်းနည်းကြောင်း ဖော်ပြထားပါသည်။ ထို့ပြင် ရေဘေးသင့်ပြည်သူများအနေဖြင့် လက်ရှိအခက်အခဲများကို ကျော်လွှားနိုင်ပြီး သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်ခဲ့သည့် ပျက်စီးဆုံးရှုံးမှုများမှ အမြန်ဆုံး ပြန်လည်ထူထောင်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သထားပါသည်။
2 664100161Loading...
နီပေါ ရေကြီးမြေပြိုမှုကြောင့် အသက်ဆုံးရှုံးမှုများအတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နီပေါသမ္မတထံဝမ်းနည်းကြောင်းသဝဏ်လွှ+1
နီပေါ ရေကြီးမြေပြိုမှုကြောင့် အသက်ဆုံးရှုံးမှုများအတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နီပေါသမ္မတထံဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ နေပြည်တော်၊ ဩဂုတ် ၂၈ နီပေါနိုင်ငံ ရာဆူဝါခရိုင် (Rasuwa) နှင့် အခြားဒေသများတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် ရုတ်တရက်ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရမှုနှင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က နီပေါသမ္မတ မစ္စတာ ရမ်ချန်ဒရာ ပေါ်ဒဲလ် (Ramchandra Paudel) ထံ ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ပါသည်။ ပေးပို့သည့် သဝဏ်လွှာတွင် နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံနှင့် ပြည်သူများကိုယ်စား နီပေါသမ္မတနှင့် နီပေါပြည်သူများ၊ အထူးသဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် ချစ်ခင်ရသူများ ဆုံးရှုံးခဲ့ရသည့် မိသားစုဝင်များအား ထပ်တူဝမ်းနည်းကြောင်း ဖော်ပြထားပါသည်။ ထို့ပြင် ဘေးသင့်ဒေသများရှိ ထိခိုက်ခံစားရသူပြည်သူများ ဘေးကင်းလုံခြုံ၍ ဘဝအခြေအနေများ ကောင်းမွန်စေရေးနှင့် ရေဘေးသင့်ဒေသများ ပုံမှန်အခြေအနေသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိကာ ပြန်လည်ထူထောင်နိုင်ရေးအတွက်လည်း ဆုတောင်းမေတ္တာပို့သထားပါသည်။
1 77270127Loading...
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ထိုင်းနိုင်ငံ သံအမတ်ကြီး သံအမတ်ခန့်အပ်လွှာ ပေးအပ် နေပြည်တော်၊ ဩဂုတ် ၂၈ နိုင်ငံတော်သမ္မတ
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ထိုင်းနိုင်ငံ သံအမတ်ကြီး သံအမတ်ခန့်အပ်လွှာ ပေးအပ် နေပြည်တော်၊ ဩဂုတ် ၂၈ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ထိုင်းနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် H.E. Mr. Tor Saralamba က ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့သည်။ သံအမတ်ခန့်အပ်လွှာ မပေးအပ်မီ ထိုင်းနိုင်ငံသံအမတ်ကြီးသည် ဂုဏ်ပြုဆောင်ခန်းမကြီးသို့ ရောက်ရှိကာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ထိုင်းနိုင်ငံအလံတို့အား အလေးပြုခဲ့ပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူခဲ့သည်။ ထို့နောက် ဂုဏ်ပြုတပ်ဖွဲ့က နှစ်နိုင်ငံနိုင်ငံတော်သီချင်းများကို တီးမှုတ်ဂုဏ်ပြုခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံသံအမတ်ကြီးတို့ မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ နယ်စပ်ကုန်သွယ်ရေး၊ နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ နှစ်နိုင်ငံအကြား နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်သွားရောက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံသံအမတ်ကြီးတို့ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြပြီး သံအမတ်ကြီးသည် နိုင်ငံတော်သမ္မတ ဧည့်ခန်းမဆောင်တော် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။
2 10770155Loading...
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး လာရောက်ဂါရဝပြုတွေ့ဆုံ၊ နှစ်နိုင်ငံကုန်သွယ်ရေး၊ ရင်းနှီးမြှ
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး လာရောက်ဂါရဝပြုတွေ့ဆုံ၊ နှစ်နိုင်ငံကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး နေပြည်တော်၊ ဩဂုတ် ၂၆ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Le Hoai Trung ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပြီး မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေး ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲကောက်နုတ်ချက်များမှာ - ■ နှစ်နိုင်ငံဆက်ဆံရေး မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံသည် သံတမန်ဆက်ဆံရေး နှစ် ၅၀ ကျော်ရှိပြီဖြစ်ပြီး ဘာသာရေး၊ ယဉ်ကျေးမှုနှင့် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းတို့တွင် တူညီမှုများရှိကြောင်း၊ ခေတ်အဆက်ဆက် နှစ်နိုင်ငံခေါင်းဆောင်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ကောင်းမွန်ခဲ့ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။ ■ ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ် ဖိတ်ကြား ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးက ဗီယက်နမ်သမ္မတနှင့် ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူး မစ္စတာ တိုလမ်၏ နိုင်ငံတော်သမ္မတအား ဗီယက်နမ်နိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် လာရောက်ရန် ဖိတ်ကြားမှုနှင့် ခရီးစဉ်ကို ဝမ်းမြောက်စွာ ကြိုဆိုလျက်ရှိကြောင်း သတင်းစကားပါးခဲ့ပါသည်။ ၎င်းအနေဖြင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် စတင်တာဝန်ထမ်းဆောင်ပြီးနောက် ပထမဆုံးပြည်ပခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသည်။ ■ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု နယ်ပယ်သစ်များ တိုးချဲ့ရေး၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် အပြန်အလှန်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာစေရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။ ■ အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် ပြည်သူအချင်းချင်း ဆက်ဆံရေး နှစ်နိုင်ငံအစိုးရအချင်းချင်း၊ လွှတ်တော်အချင်းချင်း၊ တပ်မတော်အချင်းချင်းနှင့် ပြည်သူများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်သွားရေးကိုလည်း အလေးထားဆွေးနွေးခဲ့ကြပါသည်။ ■ CLMV နှင့် ACMECS ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (CLMV) ထိပ်သီးအစည်းအဝေးနှင့် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ထိပ်သီးအစည်းအဝေးများတွင် မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်မည့် အခြေအနေများကို ဆွေးနွေးခဲ့ပါသည်။ ■ နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန်ထောက်ခံရေး မြန်မာနှင့် ဗီယက်နမ်တို့အနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန်ထောက်ခံအားပေးပြီး ယုံကြည်စိတ်ချရသည့် မိတ်ဆွေကောင်းနိုင်ငံများအဖြစ် ဆက်လက်ရပ်တည်သွားရေး ဆွေးနွေးခဲ့ကြပါသည်။ ဗီယက်နမ်ဘက်ကလည်း မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ နယ်မြေပိုင်ဆိုင်မှုနှင့် လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်တို့ကို လေးစားတန်ဖိုးထားကြောင်း ပြောကြားခဲ့ပါသည်။
2 63390201Loading...
ကုန်ထုတ်လုပ်မှုတိုးမြှင့်၍ ပြည်တွင်းအရင်းအမြစ်များကို အကျိုးရှိစွာအသုံးချကာ နိုင်ငံ့စီးပွားရေး မြှင့်တင်ရန် နိုင်ငံတော်သမ္မတ
ကုန်ထုတ်လုပ်မှုတိုးမြှင့်၍ ပြည်တွင်းအရင်းအမြစ်များကို အကျိုးရှိစွာအသုံးချကာ နိုင်ငံ့စီးပွားရေး မြှင့်တင်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း နေပြည်တော်၊ ဩဂုတ် ၂၅ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းကုန်ထုတ်လုပ်မှုကို အခြေခံ၍ ကုန်သွယ်မှုပမာဏ တိုးမြှင့်ရေး၊ စိုက်ပျိုးမွေးမြူရေး ထုတ်လုပ်မှုမြှင့်တင်ရေးနှင့် ပြည်တွင်းရှိ အရင်းအမြစ်များကို ထိရောက်စွာ အသုံးချရေး အလေးထားဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် တိုက်တွန်းပြောကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတမှ အဓိကထား ပြောကြားခဲ့သည်များမှာ - ■ စီးပွားရေးနှင့် ကုန်ထုတ်လုပ်မှု နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွင် စီးပွားရေးကောင်းမွန်မှုသည် အဓိကဖြစ်ပြီး ပြည်တွင်းလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်ထုတ်လုပ်မှုကို အားပေးရန်၊ ကုန်သွယ်မှုပမာဏ ပိုမိုကြီးမားလာစေရန်နှင့် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ဦးတည်ဆောင်ရွက်ရန်။ ■ စိုက်ပျိုးမွေးမြူရေး မြေ၊ ရေနှင့် စိုက်ပျိုးမွေးမြူရေးအရင်းအမြစ်များကို ထိရောက်စွာအသုံးချ၍ မိုးစပါး၊ နွေစပါး၊ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံတို့၏ အထွက်နှုန်း တိုးတက်စေရန်၊ မွေးမြူရေးလုပ်ငန်းများကိုလည်း တိုးချဲ့ဆောင်ရွက်ရန်။ ■ ကျေးလက်စီးပွားရေး ကျေးလက်နေပြည်သူများ၏ စီးပွားရေးတိုးတက်လာမှသာ ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်မည်ဖြစ်သဖြင့် ဒေသအလိုက် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးအောင် ဆောင်ရွက်ရန်။ ■ ပညာရေးနှင့် လူ့စွမ်းအား ကုန်ထုတ်လုပ်မှုမြှင့်တင်နိုင်ရေးအတွက် အသိပညာနှင့် အတတ်ပညာရှိသည့် လူ့စွမ်းအားအရင်းအမြစ်များ လိုအပ်သဖြင့် ပညာရေးအရည်အသွေးမြှင့်တင်ရေးနှင့် ကျောင်းများ စံနှုန်းပြည့်မီရေးကို ဦးစားပေးဆောင်ရွက်ရန်။ ■ ကုန်သွယ်ရေး ပို့ကုန်၊ သွင်းကုန်နှင့် နယ်စပ်ကုန်သွယ်ရေးကို စနစ်တကျဆောင်ရွက်ပြီး တရားမဝင်ကုန်သွယ်မှုများကို ထိန်းချုပ်ရန်၊ ကုန်စည်စီးဆင်းမှု ချောမွေ့ရေးနှင့် ကုန်သွယ်ရေးလမ်းကြောင်း လုံခြုံရေးကို အလေးထားရန်။ ■ ရေကြီးရေလျှံမှု မြစ်ချောင်းများ တိမ်ကောခြင်းနှင့် သောင်ထွန်းခြင်းများကို ပြန်လည်ပြုပြင်ထိန်းသိမ်းရန်၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတွင် ပြည်တွင်းအရင်းအမြစ်များကို အကျိုးရှိစွာအသုံးချရန်နှင့် မြို့ပြသန့်ရှင်းသာယာလှပရေးကို စနစ်တကျ ဆောင်ရွက်ရန်။ ■ ဘတ်ဂျက်နှင့် အခွန် ပြည်သူများထမ်းဆောင်သည့် အခွန်ငွေကို အခြေခံ၍ နိုင်ငံတော်ဘတ်ဂျက် ရေးဆွဲရခြင်းဖြစ်သဖြင့် ဘတ်ဂျက်ကို ပြည်သူ့အကျိုးအတွက် ထိရောက်စွာအသုံးချရန်နှင့် ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရများက ဗဟိုအစိုးရ၏ အစီအစဉ်များကို အောင်မြင်အောင် အကောင်အထည်ဖော်ရန်တို့ ဖြစ်ပါသည်။
3 366100164Loading...
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် (၁၇-၈-၂၀၂၆) မှ (၂၃-၈-၂၀၂၆) အထိ ရုရှားဖက်ဒရေးရှင်းနိုင်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် (၁၇-၈-၂၀၂၆) မှ (၂၃-၈-၂၀၂၆) အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ် သမ္မတနိုင်ငံများသို့ တရားဝင်ခရီးစဉ် သွားရောက်ခဲ့မှုနှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခြင်း
4 473170209Loading...