Dr Khaing Khaing Soe
رفتن به کانال در Telegram
Official Spokesperson for the President of the Republic of the Union of Myanmar
نمایش بیشترکشور مشخص نشده استدسته بندی مشخص نشده است
2 797
مشترکین
+18824 ساعت
+2 4967 روز
+2 54630 روز
تعداد پستها
پستها در 30 روز گذشته
در حال بارگیری داده...
واکنشها
نظرات
ستارههای تلگرام
بهترین پستها بر اساس
در حال بارگیری داده...
تجزیه و تحلیل انتشار
پست ها | ديناميک بازديد ها | |||||
ဘယ်လာရုစ်သမ္မတ လူကာရှန်ကို မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ် လာရောက်ရန်အတွက် အင်ဒိုနီးရှား နိုင်ငံမှ စတင်ထွက်ခွာလာ
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်ဖြင့် ဘယ်လာရုစ်နိုင်ငံသမ္မတ H.E. Mr. Aleksandr Lukashenko သည် မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ်အဖြစ် ယနေ့ လာရောက်လျက်ရှိပြီး၊ နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပါသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတတို့သည် နှစ်ဦးတည်းတွေ့ဆုံဆွေးနွေးပွဲ (One-on-One Meeting) ပြုလုပ်မည်ဖြစ်ပြီး မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံဆက်ဆံရေး၊ အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံအကျိုးစီးပွားဆိုင်ရာ အရေးပါသည့်ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ပါသည်။
ထို့ပြင် စက်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ဆေးဝါးထုတ်လုပ်ရေးကဏ္ဍ၊ လူသားချင်းစာနာထောက်ထားမှုကဏ္ဍနှင့် အခြားဦးစားပေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးကို ဆွေးနွေးသွားမည်ဖြစ်ပြီး၊ ၂၀၂၆-၂၀၂၈ ခုနှစ်ကာလအတွက် ပူးတွဲအကောင်အထည်ဖော်မည့် လုပ်ငန်းစီမံချက် (Joint Action Plan) ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်သွားရန် စီစဉ်ထားပါသည်။
ယခုခရီးစဉ်သည် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတတို့အကြား အဆင့်မြင့်တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် နှစ်နိုင်ငံအကြား နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စက်မှုနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာလာစေရန် ရည်ရွယ်ထားခြင်းဖြစ်ပါသည်။
မြန်မာနှင့် ဘယ်လာရုစ်နိုင်ငံတို့သည် အစဉ်အလာချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ထိန်းသိမ်းလျက်ရှိပြီး နှစ်နိုင်ငံခေါင်းဆောင်များ၏ အပြန်အလှန်ခရီးစဉ်များနှင့် အဆင့်မြင့်တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်လျက်ရှိပါသည်။ | 18 460 | 21 | 0 | 268 | Loading... | |
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ် ၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်(State Visit) သွားရောက်မည်ဖြစ်ပါသည်။ | 4 307 | 12 | 0 | 343 | Loading... | |
နိုင်ငံတော်သမ္မတရုံး၏ သတင်းစာရှင်းလင်းပွဲအား ၃၀-၆-၂၀၂၆ ရက်နေ့ နေ့လည် ၁ နာရီအချိန်တွင် နေပြည်တော်တွင်ကျင်းပခဲ့ပါသည်။ သတင်းစာရှင်းလင်းပွဲတွင် -
-နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်(Official Visit) သွားရောက်ခဲ့သည့် ခရီးစဉ်ဆိုင်ရာကိစ္စရပ်များ
-နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်(State Visit) သွားရောက်ခဲ့သည့် ခရီးစဉ်ဆိုင်ရာကိစ္စရပ်များ
-နိုင်ငံတော်အစိုးရ၏ရက် ၁၀၀ စီမံချက် တိုးတက်မှုများ
-နိုင်ငံတော်သမ္မတရုံး၊ သတင်းနှင့်ပြန်ကြားရေးဗျူရို ၏ Website နှင့် Social Media များ
-သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသည့် သတင်းမီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားပေးခြင်းများအား လုပ်ဆောင်ခဲ့ပါသည်။ | 3 877 | 9 | 0 | 257 | Loading... | |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဖိတ်ကြား ချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံသို့ မကြာမီကာလအတွင်း အလုပ်သဘောခရီးစဉ် လာရောက်မည်ဖြစ် | 3 621 | 4 | 0 | 228 | Loading... | |
EAO များကို မည်သည့်ကန့်သတ်ချက်မျှ မထားဘဲ ငြိမ်းချမ်းရေးဆွေးနွေးရန် နိုင်ငံတော်သမ္မတ ဖိတ်ခေါ်
နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံတော်အစိုးရက အလေးထားဆောင်ရွက်ရမည့် အဓိကတာဝန်ဖြစ်ပြီး၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်လာမှသာ နိုင်ငံ၏ ရေရှည်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) တွင် လမ်းညွှန်မှာကြားခဲ့ခြင်းဖြစ်ပြီး၊ အစည်းအဝေးတွင် ငြိမ်းချမ်းရေးတည်ဆောက်မှု၊ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လူသားအရင်းအမြစ်မြှင့်တင်ရေးနှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အရေးပါသည့် လမ်းညွှန်ချက်များကို အလေးထားဆွေးနွေးခဲ့ပါသည်။
နိုင်ငံတော် သမ္မတမှ အောက်ဖော်ပြပါ အချက်များအား အဓိကထား၍ လမ်းညွှန်မှာကြားခဲ့ပါသည် -
(၁) နယ်စပ်ဒေသဖွံ့ဖြိုးရေးသည် နိုင်ငံတော်၏ အဓိကတာဝန်
* နယ်စပ်ဒေသ နှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံတော်အစိုးရက အလေးထားဆောင်ရွက်ရမည့် တာဝန်ဖြစ်ကြောင်း
(၂) ငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်မည်
* ငြိမ်းချမ်းရေးကို အဓိကဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း
* အစိုးရသက်တမ်း (၅) နှစ်အတွင်း နိုင်ငံငြိမ်းချမ်းရေးရရှိစေရန် ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ကြောင်း
* မငြိမ်းချမ်းမှု၊ ပဋိပက္ခနှင့် အခက်အခဲများသည် ဖွံ့ဖြိုးရေးအတွက် အဟန့်အတားဖြစ်နေကြောင်း
* EAO များအား "ကြိုတင်ကန့်သတ်ချက်မရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးလိုပြီး၊ ငြိမ်းချမ်းရေးလိုချင်လျှင် လာရောက်ဆွေးနွေးကြပါ"ဟု ဖိတ်ခေါ်တိုက်တွန်းလိုကြောင်း
(၃) နယ်စပ်ဒေသ အခြေခံအဆောက်အအုံနှင့် ဆက်သွယ်ရေးကဏ္ဍ မြှင့်တင်ရေး
* လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း
* ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံများကို ထိရောက်စွာ ပံ့ပိုးပေးရမည် ဖြစ်ကြောင်း
(၄) လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး
* နယ်စပ်ဒေသများသို့ ပညာရှင်များနှင့် ကျွမ်းကျင်သူများ ရောက်ရှိအောင် ပြည်ထောင်စုအစိုးရက ပံ့ပိုးပြီး ပြည်နယ်အစိုးရများကလည်း ရရှိအောင်လုပ်ပေးရမည်ဖြစ်ကြောင်း
* အသိပညာမြင့်မားရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အာဟာရကောင်းမွန်ရေးကို အလေးထားဆောင်ရွက်ရမည် ဖြစ်ကြောင်း
(၅) စိုက်ပျိုးမွေးမြူရေးကဏ္ဍကို အခြေခံအုတ်မြစ်အဖြစ် ဖွံ့ဖြိုးစေမည်
* စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍသည် နယ်စပ်ဒေသဖွံ့ဖြိုးရေး၏ အခြေခံအကျဆုံးကဏ္ဍဖြစ်သဖြင့် အထူးအလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း
(၆) တိုင်းရင်းသားလူငယ်များ ပညာရေးနှင့် အရည်အချင်းမြှင့်တင်ရေး
* နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းကျောင်းများကို ဖွင့်လှစ်ထားပြီး၊ အဆိုပါ ကျောင်းများသည် ဒေသဖွံ့ဖြိုးရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရန် ရည်ရွယ်ထားကြောင်း
* အဆိုပါကျောင်းဆင်းများသည် မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်လုပ်ပေးဖို့ မွေးထုတ်ထားခြင်း ဖြစ်ကြောင်း
* အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (၉၂) ကျောင်းနှင့် သက်ဆိုင်ရာ သိပ္ပံကျောင်းများကို ဖွင့်လှစ်ပေးထားပြီး ဖြစ်ကြောင်း
(၇) အမျိုးသားအနာဂတ်အတွက် ပူးပေါင်းဆောင်ရွက်ရေး
* နိုင်ငံအနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ အမြဲစဉ်းစားဆောင်ရွက်ရန် လိုအပ်ကြောင်း
* အခက်အခဲများကို စုပေါင်းအင်အားဖြင့် ညှိနှိုင်းဖြေရှင်းကာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်သွားရမည်ဖြစ်ကြောင်း လမ်းညွှန် မှာကြားခဲ့ပါသည်။ | 7 575 | 7 | 0 | 111 | Loading... | |

(၇) နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် ဘဏ္ဍာရေးပံ့ပိုးမှု
* နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် ဘတ်ဂျက်မှ ၂၀၇၃ ဘီလီယံကျပ် ချထားပေးပြီးဖြစ်ကြောင်း
(၈) အမျိုးသားအနာဂတ်အတွက် ပူးပေါင်းဆောင်ရွက်ရေး
* နိုင်ငံအနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ အမြဲစဉ်းစားဆောင်ရွက်ရန် လိုအပ်ကြောင်း
* အခက်အခဲများကို စုပေါင်းအင်အားဖြင့် ညှိနှိုင်းဖြေရှင်းကာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်သွားရမည်ဖြစ်ကြောင်း လမ်းညွှန် မှာကြားခဲ့ပါသည်။ | 8 | 1 | 0 | 0 | Loading... | |
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် စားနပ်ရိက္ခာ ဖြည့်ဆည်းပေးနိုင်သည့် နိုင်ငံ ဖြစ်ရမည်ဟု နိုင်ငံတော်သမ္မတမှ လမ်းညွှန်မှာကြား
စားရေရိက္ခာမူဝါဒကော်မရှင် (၁/၂၀၂၆) အစည်းအဝေးတွင် နိုင်ငံ၏ စားနပ်ရိက္ခာလုံခြုံရေးကို အားကောင်းစေရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများ ခေတ်မီဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် မြန်မာနိုင်ငံကို ကမ္ဘာ့စားနပ်ရိက္ခာဖြည့်ဆည်းပေးနိုင်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရေရှည်တည်ဆောက်နိုင်ရေးအတွက် နိုင်ငံတော် သမ္မတမှ အောက်ပါအတိုင်း လမ်းညွှန်ပြောကြားခဲ့ပါသည်။
၁။ စားနပ်ရိက္ခာဖူလုံရေး
နိုင်ငံအဆင့်နှင့် ဒေသအလိုက် စားနပ်ရိက္ခာဖူလုံရေးကို အပြည့်အဝရရှိစေရေးနှင့် လိုအပ်သည့် သီးနှံများကို ပြည်တွင်း၌ လုံလောက်စွာ စိုက်ပျိုးထုတ်လုပ်သွားရန်။
၂။ ပြည်ပသွင်းကုန်အစားထိုးရေး
စားအုန်းဆီအပါအဝင် ပြည်ပသွင်းကုန်များကို လျှော့ချနိုင်ရန် ဆီထွက်သီးနှံများကို ပြည်တွင်း၌ တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရန်။
၃။ ထုတ်လုပ်မှုစွမ်းရည်မြှင့်တင်ရေး
သတ်မှတ်ပန်းတိုင်များ ပြည့်မီစေရန် အရည်အသွေးမြင့်ပြီး အထွက်နှုန်းကောင်းသည့် စိုက်ပျိုးထုတ်လုပ်မှုကို ဖော်ဆောင်ရန်။
၄။ ဂျုံဖူလုံရေး
ပြည်ပတင်သွင်းမှုကို လျှော့ချနိုင်ရန် ဂျုံစိုက်ပျိုးထုတ်လုပ်မှု တိုးမြှင့်ပြီး ဂျုံစားသုံးမှုကို မြှင့်တင်ရန်။
၅။ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးရေး
မွေးမြူရေးလုပ်ငန်းများကို စနစ်တကျ မြှင့်တင်ပြီး နို့စားနွား၊ အသားစားနွားမွေးမြူရေးကို အားပေးဆောင်ရွက်ရန်
၆။ ခေတ်မီစိုက်ပျိုးရေးစနစ်
ခေတ်မီစိုက်ပျိုးရေးနည်းပညာများ အသုံးချကာ စက်မှုလယ်ယာစနစ်သို့ အရှိန်အဟုန်ဖြင့် ကူးပြောင်းနိုင်ရေး ဆောင်ရွက်သွားရန်
၇။ သုတေသနနှင့် ဆန်းသစ်တီထွင်ရေး
စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် သုတေသနလုပ်ငန်းများကို အလေးထားဆောင်ရွက်ရန်
၈။ လူ့စွမ်းအားအရင်းအမြစ် (HR) ဖွံ့ဖြိုးရေး
ကျွမ်းကျင်လုပ်သားများ (Skill Labor) မှ ပညာရှင်များအထိ စနစ်တကျ မွေးထုတ်၍ လူ့စွမ်းအားအရင်းအမြစ်ကို အားကောင်းစေရေး ဆောင်ရွက်သွားရန်
၉။ ရေရှည်အမျိုးသားရည်မှန်းချက်
မြန်မာနိုင်ငံကို ကမ္ဘာ့စားနပ်ရိက္ခာဖြည့်ဆည်းပေးနိုင်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် တည်ဆောက်ရေးကို ရေရှည်မဟာဗျူဟာ ရည်မှန်းချက်အဖြစ် သတ်မှတ်ဆောင်ရွက်ရန် စသည်ဖြင့် လမ်းညွှန်ပြောကြားခဲ့ပါသည်။ | 7 427 | 14 | 0 | 47 | Loading... |
اکنون در دسترس! پژوهش تلگرام ۲۰۲۵ — مهمترین بینشهای سال 