ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

Our President 🇲🇲

Our President 🇲🇲

前往频道在 Telegram

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ချစ်ခင်လေးစား၍သမ္မတကြီးရဲ့သတင်းများ၊အမိန့်၊ညွှန်ကြားချက်၊သဝဏ်လွှာများ၊မိန့်ခွန်းကောက်နှုတ်ချက်များကို ဖော်ပြပေးသွားမည်။

显示更多
未指定国家未指定类别
216
订阅者
无数据24 小时
-17 天
-230 天
帖子存档
၂၀၂၆ ခုနှစ် ဇူလိုင်လ ၃ ရက်တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှု “ပုလဲရတု စွမ်းအားပြု၊ ဂုဏ်ယူဝင
+4
၂၀၂၆ ခုနှစ် ဇူလိုင်လ ၃ ရက်တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှု “ပုလဲရတု စွမ်းအားပြု၊ ဂုဏ်ယူဝင့်ကြွား မြန်မာအမျိုးသမီးများ”ဝတ်စားဆင်ယင်မှုပြပွဲနှင့် ရုပ်ရှင်သဘင်ဂီတဖျော်ဖြေပွဲကျင်းပ ဇူလိုင်  ၂ ၂၀၂၆ခုနှစ် ဇူလိုင်လ ၃ ရက်တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ကစီစဉ်တင်ဆက်သည့် “ပုလဲရတု စွမ်းအားပြု၊ ဂုဏ်ယူဝင့်ကြွား မြန်မာအမျိုးသမီးများ”ဝတ်စားဆင်ယင်မှုပြပွဲနှင့် ရုပ်ရှင်သဘင်ဂီတဖျော်ဖြေပွဲကိုယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိမြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-I) ၌ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  နိုင်ငံတော်သမ္မတ၏ဇနီး  မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှ တက်ရောက်ချီးမြှင့်သည်။ #Our

"နူးညံ့မှုထဲကခွန်အား၊မြန်မာအမျိုးသမီးများ၏ အလှတရား" ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ ကို ဂုဏ်ပြုကြိုဆိုပါသည်။ #PPIB

နိုင်ငံတော်သမ္မတ၏ ဇနီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့တွင
+8
နိုင်ငံတော်သမ္မတ၏ ဇနီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို လှုပ်ရှားမှု “ပုလဲရတု စွမ်းအားပြု၊ ဂုဏ်ယူဝင့်ကြွား မြန်မာအမျိုးသမီးများ” ဝတ်စားဆင်ယင်မှု ပြပွဲနှင့် ရုပ်ရှင်သဘင်ဂီတ ဖျော်ဖြေပွဲသို တက်ရောက်ချီးမြှင့်။ #Our

ပညာရေးကိုဖျက်ဆီးခြင်းသည် နိုင်ငံ၏ အနာဂတ်ကို ဖျက်ဆီးခြင်းပင်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား ==========
+4
ပညာရေးကိုဖျက်ဆီးခြင်းသည် နိုင်ငံ၏ အနာဂတ်ကို ဖျက်ဆီးခြင်းပင်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား ========================== အကြောင်းအမျိုးမျိုးကြောင့် ဖွင့်လှစ်နိုင်ခြင်းမရှိသည့် စာသင်ကျောင်းများမှ ပြန်လည်ဖွင့်လှစ်နိုင်သည့် အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ကောင်းစွာပညာသင်ကြားရေးကို ခြိမ်းခြောက်မှုများကြောင့် ပိတ်ထားရသည့် ကျောင်းများရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းသည် မိမိတို့ဒေသကို နိမ့်ပါးသည့်နေရာသို့ ရောက်အောင်တွန်းပို့ ဖျက်ဆီးနေခြင်းပင်ဖြစ်ကြောင်း၊ ပညာရေးကိုဖျက်ဆီးခြင်းသည် နိုင်ငံ၏ အနာဂတ်ကို ဖျက်ဆီးခြင်းပင်ဖြစ်ကြောင်း၊ ထိုသို့ ဒေသပျက်စီးရေးဆောင်ရွက်နေမှုများကို နိုင်ငံချစ်စိတ်၊ဒေသချစ်စိတ်၊ မျိုးချစ်စိတ်ရှိသူများက ဒေသတွင်းစုပေါင်းအားဖြင့် ဝိုင်းဝန်းဆန့်ကျင်ဆောင်ရွက်သွားကြရန်လိုကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ဇွန်လ ၂၉ ရက်တွင် နိုင်ငံတော်သမ္မတရုံးတော်၊အစည်းအဝေးခန်းမ၌ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များအား တွေ့ဆုံအမှာစကားပြောကြားရာတွင်ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာအမျိုးသမီးများနေ့အကြို ဝတ်စားဆင်ယင်မှုပြပွဲနှင့် ဖျော်ဖြေပွဲ ကျင်းပ နေပြည်တော်၊ ဇူလိုင် ၁ ၂၀၂၆ ခုနှစ် မြန်မာအမျိုးသမီးမ
+7
မြန်မာအမျိုးသမီးများနေ့အကြို ဝတ်စားဆင်ယင်မှုပြပွဲနှင့် ဖျော်ဖြေပွဲ ကျင်းပ နေပြည်တော်၊ ဇူလိုင် ၁ ၂၀၂၆ ခုနှစ် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အကြိုလှုပ်ရှားမှု “ပုလဲရတု စွမ်းအားပြု၊ ဂုဏ်ယူဝင့်ကြွား မြန်မာအမျိုးသမီးများ” ဝတ်စားဆင်ယင်မှုပြပွဲနှင့် ရုပ်ရှင်၊ သဘင်၊ ဂီတဖျော်ဖြေပွဲကို ယနေ့ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၁) ၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဇနီး၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှ တက်ရောက်ချီးမြှင့်ခဲ့ပြီး နိုင်ငံကျော်အနုပညာရှင်များ၊ အဆိုတော်များနှင့် သဘင်ပညာရှင်များက တေးသီချင်းများ၊ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။ #Our

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ ဇနီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို လှုပ်ရှားမှု “ပုလဲရတု စွမ်းအားပြု၊ ဂုဏ်ယူဝင့်ကြွား မြန်မာအမျိုးသမီးများ” ဝတ်စားဆင်ယင်မှု ပြပွဲနှင့် ရုပ်ရှင်သဘင်ဂီတ ဖျော်ဖြေပွဲသို တက်ရောက်ချီးမြှင့် #SN

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်
+1
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ် ၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်(State Visit) သွားရောက်မည်ဖြစ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဖိတ်ကြား ချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတမစ္စတာအလက်ဇန္
+1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဖိတ်ကြား ချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတမစ္စတာအလက်ဇန္ဒား လူကာရှန်ကိုသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံသို့ မကြာမီကာလအတွင်း အလုပ်သဘောခရီးစဉ် လာရောက်မည်ဖြစ်ပါသည်။

ပညာရေးကို ဖျက်ဆီးခြင်းသည် နိုင်ငံ၏အနာဂတ်ကို ဖျက်ဆီးခြင်းပင်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား ဇွန်လ ၂၉
+3
ပညာရေးကို ဖျက်ဆီးခြင်းသည် နိုင်ငံ၏အနာဂတ်ကို ဖျက်ဆီးခြင်းပင်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား ဇွန်လ ၂၉ ရက်နေ့က နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များအား နိုင်ငံတော်သမ္မတရုံးတော်၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားစဥ် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတော်သမ္မတက ကောင်းစွာပညာသင်ကြားရေးကို ခြိမ်းခြောက်မှုများကြောင့် ပိတ်ထားရသည့် ကျောင်းများ ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် မိမိတို့ဒေသကို နိမ့်ပါးသည့်နေရာသို့ ရောက်အောင် တွန်းပို့ဖျက်ဆီးနေခြင်းပင်ဖြစ်ကြောင်း၊ ပညာရေးကို ဖျက်ဆီးခြင်းသည် နိုင်ငံ၏ အနာဂတ်ကို ဖျက်ဆီးခြင်းပင်ဖြစ်ကြောင်းနှင့် ထိုသို့ဒေသပျက်စီးရေး ဆောင်ရွက်နေမှုများကို နိုင်ငံချစ်စိတ်၊ ဒေသချစ်စိတ်၊ မျိုးချစ်စိတ်ရှိသူများက ဒေသတွင်းစုပေါင်းအားဖြင့် ဝိုင်းဝန်းဆန့်ကျင် ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားခဲ့သည်။ #HeadOfState

နိုင်ငံတော်သမ္မတရုံး၏ သတင်းစာ ရှင်းလင်းပွဲ ကို ၃၀-၆-၂၀၂၆  (အင်္ဂါနေ့) ၊ ယနေ့ မွန်းလွဲပိုင်းတွင် ပြုလုပ်မည် ဖြစ်သည်။ #PPIB #Our

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဇူလိုင် ၃ ရက်တွင် လာအိုနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်မည် နိုင်ငံတော်သမ္မတ ဦးမင်း
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဇူလိုင် ၃ ရက်တွင် လာအိုနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်မည် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် လာအိုနိုင်ငံသမ္မတ သွန်လွန် စီဆူလစ်၏ ဖိတ်ကြားချက်အရ ဇူလိုင် ၃ ရက်မှ ၅ ရက်အထိ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်မည်ဖြစ်သည်။   ခရီးစဉ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်များတွေ့ဆုံကာ နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ တိုးမြှင့်ရေး ဆွေးနွေးကြမည်ဖြစ်သည်။   ယခုခရီးစဉ်သည် တရုတ်နှင့် အိန္ဒိယခရီးစဉ်များအပြီး အစိုးရသစ်၏ ၂ လကျော်ကာလအတွင်း တတိယမြောက် အိမ်နီးချင်းနိုင်ငံ သံတမန်ရေးခရီးစဉ်ဖြစ်ပြီး မြန်မာ-လာအို ဆက်ဆံရေးမှာ ၇၁ နှစ် ရှိပြီဖြစ်သည်။ 🇲🇲🤝🇱🇦

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို မြန်မာနိုင်ငံသို
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ် လာရောက်မည်

ပညာရေးကိုဖျက်ဆီးခြင်းသည် နိုင်ငံ့အနာဂတ်ကို ဖျက်ဆီးခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတပြောကြား Jun 30th နိုင်ငံတော်သမ္မတ ဦးမင်းအ
+1
ပညာရေးကိုဖျက်ဆီးခြင်းသည် နိုင်ငံ့အနာဂတ်ကို ဖျက်ဆီးခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတပြောကြား Jun 30th နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပညာရေးကိုဖျက်ဆီးခြင်းသည် နိုင်ငံ၏အနာဂတ်ကို ဖျက်ဆီးခြင်းပင်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး စာသင်ကျောင်းအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည့် လုံခြုံရေးအစီအမံများကို စနစ်တကျရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့သည်။ ဇွန် ၂၉ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များအား တွေ့ဆုံအမှာစကားပြောကြားစဉ် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်သမ္မတက ကောင်းမွန်စွာ ပညာသင်ကြားနိုင်ရေးကို ခြိမ်းခြောက်မှုများကြောင့် စာသင်ကျောင်းများ ပိတ်ထားရခြင်းသည် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်စေပြီး နိမ့်ပါးသည့် အခြေအနေသို့ တွန်းပို့နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ဒေသပျက်စီးရေး လုပ်ဆောင်မှုများကို နိုင်ငံချစ်စိတ်၊ ဒေသချစ်စိတ်၊ မျိုးချစ်စိတ်ရှိသူများက ဒေသအလိုက် စုပေါင်းပူးပေါင်း၍ ဝိုင်းဝန်းဆန့်ကျင်ဆောင်ရွက်သွားရန်လည်း တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။ #Our

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်က
+3
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များအား တွေ့ဆုံအမှာစကားပြောကြား နေပြည်တော်၊ ဇွန် - ၂၉ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များအား ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတရုံးတော်၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာ စကားပြောကြားသည်။ #PPIB

MSME ကဏ္ဍ ဖွံ့ဖြိုးရေးသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် မဖြစ်မနေလုပ်ဆောင်ရမည့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ရှုမြင်ဆောင်ရွ
+5
MSME ကဏ္ဍ ဖွံ့ဖြိုးရေးသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် မဖြစ်မနေလုပ်ဆောင်ရမည့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ရှုမြင်ဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တိုက်တွန်း ဇွန်လ ၂၇ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ MICC-1 ၌ ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနေ့အထိမ်းအမှတ် အခမ်းအနားတွင် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က ယခုကဲ့သို့ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။   နိုင်ငံတော်သမ္မတက မိမိတို့နိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းခန့်သည် MSME လုပ်ငန်းများ ဖြစ်နေပြီး အလုပ်အကိုင် ဖန်တီးပေးနိုင်မှုအနေဖြင့် ၇၀ ရာခိုင်နှုန်းခန့်ရှိနေသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် MSME ကဏ္ဍဖွံ့ဖြိုးရေးသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် မဖြစ်မနေ လုပ်ဆောင်ရမည့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ရှုမြင်ပြီး အားလုံးက ဝိုင်းဝန်းပါဝင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။ #HOS

MSME ကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အပြန်အလှန်ချိတ် ဆက်နေသည့် အဓိကမဏ္ဍိုင်ကြီး ၄ ရပ်ဖြစ်သည့် ကုန်ကြမ်း၊ သွင်းအား
MSME ကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အပြန်အလှန်ချိတ် ဆက်နေသည့် အဓိကမဏ္ဍိုင်ကြီး ၄ ရပ်ဖြစ်သည့် ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီးနှင့် လူသားအရင်းအမြစ်တို့ တိုးတက်မြင့်မားအောင် ကြိုးစားလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား ======================== MSME ကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အပြန်အလှန်ချိတ် ဆက်နေသည့် အဓိကမဏ္ဍိုင်ကြီး ၄ ရပ်ဖြစ်သည့် ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီးနှင့် လူသားအရင်းအမြစ်တို့ တိုးတက်မြင့်မားအောင် ကြိုးစားလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သကဲ့သို့ MSME လုပ်ငန်းလုပ်ကိုင်ရာတွင်လည်း စိန်ခေါ်မှုများစွာရှိကြောင်း၊ အဆိုပါစိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် နိုင်ငံတော်နှင့် ပုဂ္ဂလိကတို့ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ဇွန်လ ၂၇ ရက်တွင် ကမ္ဘာ့အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနေ့(World MSME Day)အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

Repost from PPIB.Official
အနာဂတ်မျိုးဆက်သစ်တိုအတွက် MSME   PPIB Links Youtube | Tiktok | Telegram | Website

နိုင်ငံ့တာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်နေကြသည့် နိုင်ငံတော်သမ္မတကြီး နှင့်တကွ နိုင်ငံ့ဝန်ထမ်းများ အားလုံးကို ရွှေရောင်လွမ်းသောနေ့သစ်များ သီချင်းဖြင့် လေးစားစွာ ဂုဏ်ပြုအပ်ပါသည်။

MSME ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုနှင့် Agro-based Industry ကို အားပေးရန် တိုက်တွန်း Jun 27th MSME ကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီးနှင့် လူသားအရင်းအမြစ်ဟူသည့် အဓိကမဏ္ဍိုင် (၄) ရပ်ကို အားကောင်းအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နိုင်ငံတော်နှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်း၍ သမဝါယမနှင့် စုပေါင်းလုပ်ကိုင်သည့် ပုံစံများဖြင့် MSME လုပ်ငန်းများ၏ စိန်ခေါ်မှုများကို ကျော်လွှားသင့်ကြောင်း အလေးပေးပြောကြားသည်။ ထို့ပြင် ပြည်တွင်း၌ အလွယ်တကူရရှိနိုင်သော စိုက်ပျိုးမွေးမြူရေးကုန်ကြမ်းများကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ကာ Agro-based Industry များ ဖွံ့ဖြိုးအောင် ဆောင်ရွက်ရန်၊ လျှပ်စစ်၊ စွမ်းအင်နှင့် သွင်းအားစုများ လုံလောက်စွာ ဖြည့်ဆည်းပေးရန် လိုအပ်ကြောင်းလည်း တိုက်တွန်းသည်။ လက်ရှိ MSME လုပ်ငန်းများသည် ငွေကြေးအရင်းအနှီး၊ နည်းပညာ၊ ဈေးကွက်ဝင်ရောက်နိုင်မှု၊ ကျွမ်းကျင်လုပ်သားနှင့် Supply Chain အားနည်းမှုများကို ရင်ဆိုင်နေရသော်လည်း ယင်းစိန်ခေါ်မှုများကို အခွင့်အလမ်းအဖြစ် ပြောင်းလဲကာ ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေး ကြိုးပမ်းကြရန်နှင့် အစိုးရ၊ ဘဏ္ဍာရေးအဖွဲ့အစည်းများ၊ လုပ်ငန်းကွန်ရက်များက ကုန်ကြမ်း၊ ငွေကြေးနှင့် ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ ပံ့ပိုးမှုများကို အားကောင်းစွာ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ #SN #Our