Our President 🇲🇲
Открыть в Telegram
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ချစ်ခင်လေးစား၍သမ္မတကြီးရဲ့သတင်းများ၊အမိန့်၊ညွှန်ကြားချက်၊သဝဏ်လွှာများ၊မိန့်ခွန်းကောက်နှုတ်ချက်များကို ဖော်ပြပေးသွားမည်။
БольшеСтрана не указанаКатегория не указана
217
Подписчики
Нет данных24 часа
+17 дней
-130 дней
Архив постов
နိုင်ငံတော်သမ္မတရုံး၏ သတင်းစာ ရှင်းလင်းပွဲ ကို
၃၀-၆-၂၀၂၆ (အင်္ဂါနေ့) ၊ ယနေ့ မွန်းလွဲပိုင်းတွင် ပြုလုပ်မည် ဖြစ်သည်။
#PPIB
#Our
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဇူလိုင် ၃ ရက်တွင် လာအိုနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်မည်
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် လာအိုနိုင်ငံသမ္မတ သွန်လွန် စီဆူလစ်၏ ဖိတ်ကြားချက်အရ ဇူလိုင် ၃ ရက်မှ ၅ ရက်အထိ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်မည်ဖြစ်သည်။
ခရီးစဉ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်များတွေ့ဆုံကာ နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ တိုးမြှင့်ရေး ဆွေးနွေးကြမည်ဖြစ်သည်။
ယခုခရီးစဉ်သည် တရုတ်နှင့် အိန္ဒိယခရီးစဉ်များအပြီး အစိုးရသစ်၏ ၂ လကျော်ကာလအတွင်း တတိယမြောက် အိမ်နီးချင်းနိုင်ငံ သံတမန်ရေးခရီးစဉ်ဖြစ်ပြီး မြန်မာ-လာအို ဆက်ဆံရေးမှာ ၇၁ နှစ် ရှိပြီဖြစ်သည်။ 🇲🇲🤝🇱🇦
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ် လာရောက်မည်
+1
ပညာရေးကိုဖျက်ဆီးခြင်းသည် နိုင်ငံ့အနာဂတ်ကို ဖျက်ဆီးခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတပြောကြား
Jun 30th
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပညာရေးကိုဖျက်ဆီးခြင်းသည် နိုင်ငံ၏အနာဂတ်ကို ဖျက်ဆီးခြင်းပင်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး စာသင်ကျောင်းအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည့် လုံခြုံရေးအစီအမံများကို စနစ်တကျရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့သည်။
ဇွန် ၂၉ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များအား တွေ့ဆုံအမှာစကားပြောကြားစဉ် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတက ကောင်းမွန်စွာ ပညာသင်ကြားနိုင်ရေးကို ခြိမ်းခြောက်မှုများကြောင့် စာသင်ကျောင်းများ ပိတ်ထားရခြင်းသည် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်စေပြီး နိမ့်ပါးသည့် အခြေအနေသို့ တွန်းပို့နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ဒေသပျက်စီးရေး လုပ်ဆောင်မှုများကို နိုင်ငံချစ်စိတ်၊ ဒေသချစ်စိတ်၊ မျိုးချစ်စိတ်ရှိသူများက ဒေသအလိုက် စုပေါင်းပူးပေါင်း၍ ဝိုင်းဝန်းဆန့်ကျင်ဆောင်ရွက်သွားရန်လည်း တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
#Our
+3
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များအား တွေ့ဆုံအမှာစကားပြောကြား
နေပြည်တော်၊ ဇွန် - ၂၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များအား ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတရုံးတော်၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာ စကားပြောကြားသည်။
#PPIB
+5
MSME ကဏ္ဍ ဖွံ့ဖြိုးရေးသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် မဖြစ်မနေလုပ်ဆောင်ရမည့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ရှုမြင်ဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တိုက်တွန်း
ဇွန်လ ၂၇ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ MICC-1 ၌ ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနေ့အထိမ်းအမှတ် အခမ်းအနားတွင် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က ယခုကဲ့သို့ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတက မိမိတို့နိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းခန့်သည် MSME လုပ်ငန်းများ ဖြစ်နေပြီး အလုပ်အကိုင် ဖန်တီးပေးနိုင်မှုအနေဖြင့် ၇၀ ရာခိုင်နှုန်းခန့်ရှိနေသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် MSME ကဏ္ဍဖွံ့ဖြိုးရေးသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် မဖြစ်မနေ လုပ်ဆောင်ရမည့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ရှုမြင်ပြီး အားလုံးက ဝိုင်းဝန်းပါဝင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။
#HOS
MSME ကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အပြန်အလှန်ချိတ် ဆက်နေသည့် အဓိကမဏ္ဍိုင်ကြီး ၄ ရပ်ဖြစ်သည့် ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီးနှင့် လူသားအရင်းအမြစ်တို့ တိုးတက်မြင့်မားအောင် ကြိုးစားလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား
========================
MSME ကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အပြန်အလှန်ချိတ် ဆက်နေသည့် အဓိကမဏ္ဍိုင်ကြီး ၄ ရပ်ဖြစ်သည့် ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီးနှင့် လူသားအရင်းအမြစ်တို့ တိုးတက်မြင့်မားအောင် ကြိုးစားလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သကဲ့သို့ MSME လုပ်ငန်းလုပ်ကိုင်ရာတွင်လည်း စိန်ခေါ်မှုများစွာရှိကြောင်း၊ အဆိုပါစိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် နိုင်ငံတော်နှင့် ပုဂ္ဂလိကတို့ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ဇွန်လ ၂၇ ရက်တွင် ကမ္ဘာ့အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနေ့(World MSME Day)အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
Repost from PPIB.Official
နိုင်ငံ့တာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်နေကြသည့် နိုင်ငံတော်သမ္မတကြီး နှင့်တကွ နိုင်ငံ့ဝန်ထမ်းများ အားလုံးကို ရွှေရောင်လွမ်းသောနေ့သစ်များ သီချင်းဖြင့် လေးစားစွာ ဂုဏ်ပြုအပ်ပါသည်။
MSME ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုနှင့် Agro-based Industry ကို အားပေးရန် တိုက်တွန်း
Jun 27th
MSME ကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီးနှင့် လူသားအရင်းအမြစ်ဟူသည့် အဓိကမဏ္ဍိုင် (၄) ရပ်ကို အားကောင်းအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နိုင်ငံတော်နှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်း၍ သမဝါယမနှင့် စုပေါင်းလုပ်ကိုင်သည့် ပုံစံများဖြင့် MSME လုပ်ငန်းများ၏ စိန်ခေါ်မှုများကို ကျော်လွှားသင့်ကြောင်း အလေးပေးပြောကြားသည်။
ထို့ပြင် ပြည်တွင်း၌ အလွယ်တကူရရှိနိုင်သော စိုက်ပျိုးမွေးမြူရေးကုန်ကြမ်းများကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ကာ Agro-based Industry များ ဖွံ့ဖြိုးအောင် ဆောင်ရွက်ရန်၊ လျှပ်စစ်၊ စွမ်းအင်နှင့် သွင်းအားစုများ လုံလောက်စွာ ဖြည့်ဆည်းပေးရန် လိုအပ်ကြောင်းလည်း တိုက်တွန်းသည်။
လက်ရှိ MSME လုပ်ငန်းများသည် ငွေကြေးအရင်းအနှီး၊ နည်းပညာ၊ ဈေးကွက်ဝင်ရောက်နိုင်မှု၊ ကျွမ်းကျင်လုပ်သားနှင့် Supply Chain အားနည်းမှုများကို ရင်ဆိုင်နေရသော်လည်း ယင်းစိန်ခေါ်မှုများကို အခွင့်အလမ်းအဖြစ် ပြောင်းလဲကာ ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေး ကြိုးပမ်းကြရန်နှင့် အစိုးရ၊ ဘဏ္ဍာရေးအဖွဲ့အစည်းများ၊ လုပ်ငန်းကွန်ရက်များက ကုန်ကြမ်း၊ ငွေကြေးနှင့် ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ ပံ့ပိုးမှုများကို အားကောင်းစွာ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
#SN
#Our
သက်ကြီးဂီတပညာရှင်(၁၅၈)ဦးကို ပူဇော်ကန်တော့ နိုင်ငံတော်သမ္မတနှင့် ဇနီး၊ မိသားစုက အလှူငွေကျပ်သိန်း(၁၀၀)လှူဒါန်း
Jun 27th
မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၏ (၁၆)ကြိမ်မြောက် သက်ကြီးဂီတပညာရှင်ကြီးများအား ပူဇော်ကန်တော့ပွဲကို ယနေ့ ဇွန် ၂၇ ရက်က ရန်ကုန်မြို၌ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပူဇော်ကန်တော့ပွဲသို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ မိသားစုကလှူဒါန်းသည့် အလှူငွေကျပ်သိန်း(၁၀၀)အား မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ညွှန်ကြားရေးမှူးချုပ်က(ကိုယ်စား) ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ဥက္ကဋ္ဌကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုပြင် ယနေ့ ပူဇော်ကန်တော့ပွဲသို ပြန်ကြားရေးဝန်ကြီးဌာနက အလှူငွေကျပ်သိန်း(၃၀)၊ ရန်ကုန်တိုင်းအစိုးရအဖွဲက အလှူငွေကျပ်(၁၅၈)သိန်း၊ ရန်ကုန်တိုင်း USDP ပါတီကအလှူငွေကျပ်(၅)သိန်းတိုအပါအဝင် အလှူငွေကျပ်သိန်း(၃၀၀)ကျော်နှင့် အလှူပစ္စည်းများကို အလှူရှင်များကပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
+6
ကမ္ဘာ့အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများနေ့ (World MSME Day) အထိမ်းအမှတ်အခမ်းအနားကျင်းပ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား
#Our
ကမ္ဘာ့ MSME နေ့အထိမ်းအမှတ်အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြော
နေပြည်တော်၊ ဇွန် ၂၇
ကမ္ဘာ့အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနေ့ (World MSME Day) အထိမ်းအမှတ်အခမ်းအနားကို ဇွန် ၂၇ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) တွင် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။
အခမ်းအနားကို အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီက ဦးစီးကျင်းပခြင်းဖြစ်သည်။
သမ္မတ ဦးမင်းအောင်လှိုင်က "နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့" ဟူသော ဆောင်ပုဒ်နှင့်အညီ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် MSME ကုန်ထုတ်လုပ်ငန်းများသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အခြေခံမောင်းနှင်ပေးသည့် အင်အားစုတစ်ရပ်ဖြစ်ကြောင်း အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထို့အပြင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းသည် ပြည်တွင်းထုတ်လုပ်မှု တိုးတက်စေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းနှင့် နိုင်ငံ၏ စီးပွားရေးအခြေခံအား ပိုမိုခိုင်မာစေရေးအတွက် အရေးပါကြောင်းလည်း အလေးပေးပြောကြားခဲ့သည်။
#Our
#PhotosbyPPIB
+9
ကမ္ဘာ့အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများနေ့ (World MSME Day) အထိမ်းအမှတ်အခမ်းအနားကျင်းပ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား
#PPIB
#Our
စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးနှင့် ရေအရင်းအမြစ်ဖွံ့ဖြိုးရေး အလေးထားဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း
နေပြည်တော်၊ ဇွန် ၂၇
စားရေရိက္ခာမူဝါဒကော်မရှင် ပထမအကြိမ်အစည်းအဝေးတွင် ကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတက စားရေရိက္ခာဖူလုံရေးနှင့် တိုင်းပြည်သာယာဝပြောရေးကို အမျိုးသားရေးရည်မှန်းချက်အဖြစ် သတ်မှတ်ထားကြောင်း ပြောကြားခဲ့သည်။
နိုင်ငံ၏ လူဦးရေအများစုမှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြသဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် ပြည်သူများ၏ ဝင်ငွေနှင့် လူမှုစီးပွားဘဝ မြင့်မားလာကာ စားရေရိက္ခာဖူလုံရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့ပြင် ပြည်တွင်းစားကုန်၊ သောက်ကုန်နှင့် သုံးကုန်များကို လုံလောက်စွာထုတ်လုပ်နိုင်ရေး၊ ရေအရင်းအမြစ်များကို ထိရောက်စွာ စီမံအသုံးချရေးနှင့် ပြည်နယ်၊ တိုင်းဒေသကြီးအလိုက် ဖြစ်ထွန်းသည့် သီးနှံများကို ပြည်တွင်းဖူလုံမှုရှိအောင် မူဝါဒချမှတ် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
#Our
ငြိမ်းချမ်းရေးအတွက် EAO များနှင့် ကြိုတင်သတ်မှတ်ချက်မရှိဘဲ ဆွေးနွေးမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား
ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည့် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံဖြိုးတိုး တက်မှုအကောင်အထည်ဖော်ရေးဗဟိုကော်မတီအစည်းအဝေး၌ နိုင်ငံတော်သမ္မတက ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုနှင့်ပတ်သက်၍ ပြောကြားရာတွင်-
“ကွာဟမှုရှိနေတဲ့ နယ်မြေတွေ ကွာဟမှုမရှိအောင်လုပ်ပေးဖို့ ဒါကတော့ ကျွန်တော်တို့ မလွဲမသွေဆောင်ရွက်မယ့် လုပ်ငန်းတာဝန်တစ်ခု ဖြစ်တယ်ဆိုတာကို ကျွန်တော် ပြောချင်ပါတယ်။ ဒီလိုလုပ်ဖို့ဆိုရင်လည်း တည်ငြိမ်အေးချမ်းရေးက အလွန်အရေးကြီးပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အစိုးရသစ် တာဝန်ယူတဲ့အချိန်မှာ ကျွန်တော့်တိုင်းပြည် ငြိမ်းချမ်းအောင်လုပ်မယ်။ ဖွံ့ဖြိုးတိုးတက် အောင် လုပ်မယ်။ ကျွန်တော် ၅ နှစ်အတွင်းမှာ တိုင်းပြည်ငြိမ်းချမ်းအောင် အတတ်နိုင်ဆုံး ကြိုးစား ဆောင်ရွက်မယ်လို့ ကျွန်တော်ပြောခဲ့တယ်။ ရက်ပေါင်း ၁ဝဝ နဲ့ပတ်သက်ပြီး ကျွန်တော်ပြောတဲ့ အချိန်မှာ ငြိမ်းချမ်းရေးအခုလည်း ဖိတ်ခေါ်မှုတွေလုပ်ခဲ့ပါတယ်။
ထပ်ပြောချင်ပါတယ်။ ကျွန်တော်တို့ အစိုးရ ကမ်းလှမ်းထားတဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက် ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ။ တိုင်းရင်းသားလက်နက်ကိုင် ဘယ် အဖွဲ့အစည်းမဆို ဘာကြိုတင်ကန့်သတ်ချက်မှမထားဘူး။ ငြိမ်းချမ်းရေးအတွက် လာပြီးဆွေးနွေးဖို့ ကျွန်တော်ဖိတ်ခေါ်ပါတယ်။ ဒါကို ထပ်ပြီးတော့ကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော်တို့က ရက်ပေါင်း ၁ဝဝ စီမံချက်ထဲမှာ ထည့်ထားတာ။ ရက်ပေါင်း ၁ဝဝ အတွင်းမှာ ကျွန်တော်တို့ အကောင်အထည်ဖော်ဖို့ပြောထားတာ။ သို့သော်လည်းပဲ တချို့ကျတော့လည်း ဒါကို ကြိုတင် ကန့်သတ်ချက်မရှိဘူး ဆိုပြီးတော့ ရက် ၁ဝဝ လို့ပြောထားတယ် ဆိုပြီးတော့ ပြောကြတာ။ ရက် ၁ဝဝ အတွင်းမှာ ဒါလုပ်တဲ့အတွက်ကြောင့် ဒါလည်း Precaution လို့ယူဆ၊ စကားကို ပေါက်ပေါက် ရှာရှာပြောတယ်။ ဒါ ကပ်ပြီးတော့လုပ်တာ။ တကယ်ငြိမ်းချမ်းရေးလိုချင်ရင် ဒီနေ့ငြိမ်းချမ်းရေး လိုချင်ရင် ဒီနေ့ရောက်လာလိမ့်မယ်။ ငြိမ်းချမ်းရေးမလိုချင်ရင်တော့ အကြောင်းပြပြီးတော့ အချိန် ဆွဲမှာ။ ကျွန်တော် ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ပါတယ်၊ လာပါ၊ ပြုပါ ဆိုတာ ကျွန်တော်တို့ လုပ်လို့ရတယ်။ တကယ်လည်း ကျွန်တော်လုပ်ချင်ပါတယ်။ အခု ကျွန်တော်ရတဲ့ Channel တိုင်းကနေ ကျွန်တော် ရအောင်ကြိုးစားတယ်။
ကျွန်တော် ဒီငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ရဖို့ဆိုရင် ဘာပဲ ဘယ်လောက်ကုန်ကုန် ငါလုပ်မယ်လို့ပြောတယ်။ တိုင်းပြည်ကို ကောင်းစေချင်တယ်။ ကျွန်တော်တို့ နောက်ကျကျန်ခဲ့ တယ်ဗျ။ ဒါစဉ်းစားကြည့်ပါ။ ကျွန်တော်တို့မှာ ခြေလှမ်းရှေ့တိုးတယ်ဆိုမှ အချုပ်အနှောင်နဲ့ ချုပ်နှောင် ထားတဲ့ ခြေလှမ်းနဲ့ရှေ့တိုးနေရတာ။ တကယ်တော့ မရောက်ဘူး။ ခုန အချုပ်အနှောင်ဆိုတာ ပြဿနာတွေနဲ့ ချုပ်နှောင်ထားတာ။ အခက်အခဲတွေနဲ့ ချုပ်နှောင်ထားတာ။ ကျွန်တော်တို့မှာ လွတ်လွတ်လပ်လပ်မရှိဘူး။ ပြောရရင်တော့ဗျာ မြင်းဇောင်းထဲက ထွက်လာတဲ့မြင်းလို တစ်ခါတည်း ဝုန်းဝုန်းဝုန်းဆိုပြီး ထွက်သွားချင်တာ။ ဒီလိုသွားချင်တာ။ အခုက မသွားနိုင်ဘူး။ အတားအဆီးတွေ ရှိနေတယ်၊ အဲဒီအတားအဆီးတွေက ပဋိပက္ခတွေပါ။ နိုင်ငံရေးပဋိပက္ခ၊ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်နေတယ်။ ကျွန်တော်တို့က ဒါကို ပြတ်အောင်၊ ရှင်းအောင် လုပ်ဖို့လိုတယ်။ ဒါကြောင့် ဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ကျွန်တော်တို့ ပြောချင်ပါတယ်၊ EAO များကို ကျွန်တော် ပြောချင်တယ်။ တကယ်ငြိမ်းချမ်းရေးလိုချင်ရင်လာခဲ့ပါ။ ဘာကြိုတင်သတ်မှတ်ချက်မှမရှိဘဲ ကျွန်တော်တို့ ဆွေးနွေးမယ်” ဟုပြောကြားသည်။
#HOS
+5
စိုက်ပျိုးရေးလုပ်ငန်းများတွင် သိပ္ပံနည်းကျ ခေတ်မီစိုက်ပျိုးရေးစနစ်၊ IT စနစ်၊ AI စနစ်များ အသုံးချနိုင်ရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား
ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည့် စားရေရိက္ခာမူဝါဒကော်မရှင်အစည်းအဝေးမှာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် သိပ္ပံနည်းကျ ခေတ်မီသည့်စိုက်ပျိုးရေးစနစ်၊ IT စနစ်၊ AI စနစ်များ၊ စက်ကိရိယာများ အသုံးချနိုင်ရန်လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတက ယနေ့ခေတ်သည် သိပ္ပံနှင့်နည်းပညာခေတ်၊ IT ခေတ်၊ AI ခေတ် ဖြစ်လာပြီ ဖြစ်ကြောင်း၊ မိမိအနေဖြင့် မကြာမီက သွားရောက်ခဲ့သည့် အိန္ဒိယနိုင်ငံနှင့်တရုတ်နိုင်ငံခရီးစဉ်များတွင် အဆိုပါနိုင်ငံများ၏ ခေတ်မီစိုက်ပျိုးရေးစနစ်များကို လေ့လာသိရှိခဲ့ရကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ခေတ်မီသည့်စိုက်ပျိုးရေးစနစ်ကို တတ်နိုင်သည့်ကဏ္ဍများတွင် ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားခဲ့သည်။
#HOS
