ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅 👈

Our President 🇲🇲

Our President 🇲🇲

前往频道在 Telegram

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ချစ်ခင်လေးစား၍သမ္မတကြီးရဲ့သတင်းများ၊အမိန့်၊ညွှန်ကြားချက်၊သဝဏ်လွှာများ၊မိန့်ခွန်းကောက်နှုတ်ချက်များကို ဖော်ပြပေးသွားမည်။

显示更多
未指定国家未指定类别
216
订阅者
无数据24 小时
无数据7 天
-230 天
帖子数量

数据加载中...

反应
评论
Telegram 星星
按以下排序的热门帖子

数据加载中...

发布分析
帖子
浏览量动态
ရတနာတို့ရဲ့အလှတရား နိုင်ငံ့အတွက်အင်အား PPIB Links Youtube | Tiktok | Telegram | Website | X(Twitter)
ရတနာတို့ရဲ့အလှတရား နိုင်ငံ့အတွက်အင်အား PPIB Links Youtube | Tiktok | Telegram | Website |  X(Twitter)
10204登录以查看统计数据
နိုင်ငံတော်သမ္မတကြီးကို အင်ဒိုနီးရှားနဲ့ ဘရူနိုင်းနိုင်ငံတို့က တရားဝင် ဖိတ်ကြားမည်ဟု သိရှိရသည်။ Presiden akan diundang secara
နိုင်ငံတော်သမ္မတကြီးကို အင်ဒိုနီးရှားနဲ့ ဘရူနိုင်းနိုင်ငံတို့က တရားဝင် ဖိတ်ကြားမည်ဟု သိရှိရသည်။ Presiden akan diundang secara resmi oleh Indonesia dan Brunei Darussalam. Presiden akan dijemput secara rasmi oleh Indonesia dan Brunei Darussalam. #SittNaing
267100登录以查看统计数据
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် (၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်ချီးမြှင့် နေပြည်တော်၊ အောက်တိုဘာ ၉ (၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။ အခမ်းအနားသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ဦးစွာ ရတနာပစ္စည်းများ ထုတ်လုပ်မှုအဆင့်ဆင့်နှင့် ပြပွဲကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ကြည့်ရှုကြပြီးနောက် မဏိရတနာကျောက်စိမ်းခန်းမအတွင်း ပြသထားသည့် ကျောက်စိမ်း၊ ကျောက်မျက်နှင့် ပုလဲအတွဲများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။ ထို့နောက် ပုဂ္ဂလိကကျောက်မျက်ရတနာအချောထည် အရောင်းပြခန်းများနှင့် ခန်းမအပြင်ဘက်ရှိ ကျောက်စိမ်းရိုင်းအတွဲများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိရေးနှင့် နိုင်ငံသားများ၏ စီးပွားရေးအကျိုးဖြစ်ထွန်းမှုများ ရရှိစေရေးအတွက် မြန်မာ့ကျောက်မျက်ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်မှစတင်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။ ယခုပြပွဲတွင် ပုလဲအတွဲများအတွက် ကြမ်းခင်းဈေးကို အမေရိကန်ဒေါ်လာဖြင့်လည်းကောင်း၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများအတွက် ကြမ်းခင်းဈေးကို ယူရိုငွေဖြင့်လည်းကောင်း သတ်မှတ်ထားသည်။ ပြည်ပရတနာကုန်သည်များအနေဖြင့် သတ်မှတ်ထားသည့် အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်ငွေနှင့် ထိုင်းဘတ်ငွေတို့ဖြင့် ပေးချေနိုင်ပြီး ပြည်တွင်းရတနာကုန်သည်များက ကျပ်ငွေဖြင့် ပေးချေရမည်ဖြစ်သည်။ အနိမ့်ဆုံးအခြေခံဈေးများမှာ ပုလဲအတွဲတစ်တွဲလျှင် အမေရိကန်ဒေါ်လာ ၁,၀၀၀၊ ကျောက်မျက်အတွဲတစ်တွဲလျှင် ယူရို ၅၀၀၊ ကျောက်စိမ်းအချောထည်အတွဲတစ်တွဲလျှင် အမေရိကန်ဒေါ်လာ ၁,၀၀၀ နှင့် ကျောက်စိမ်းအရိုင်းအတွဲတစ်တွဲလျှင် အမေရိကန်ဒေါ်လာ ၅,၀၀၀ သတ်မှတ်ထားသည်။ ပြပွဲတွင် ပုလဲအတွဲ ၇၀၀၊ ကျောက်မျက်အတွဲ ၁၆၀ နှင့် ကျောက်စိမ်းအတွဲ ၃,၀၇၃ တွဲတို့ကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များထံ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရောင်းချပေးသွားမည်ဖြစ်ပြီး ပုဂ္ဂလိကကျောက်မျက်ရတနာအချောထည် အရောင်းပြခန်းများလည်း ဖွင့်လှစ်ရောင်းချလျက်ရှိသည်။ (၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို အောက်တိုဘာ ၁၇ ရက်အထိ ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ #Our
30204登录以查看统计数据
+7
没有文字...
31104登录以查看统计数据
မြန်မာ့ပေါ်ဆန်းဆန် ကမ္ဘာ့အကောင်းဆုံးဆန်ဆု (World’s Best Rice Award) ရရှိခြင်းအတွက် ဂုဏ်ပြုသဝဏ်လွှာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြ+1
မြန်မာ့ပေါ်ဆန်းဆန် ကမ္ဘာ့အကောင်းဆုံးဆန်ဆု (World’s Best Rice Award) ရရှိခြင်းအတွက် ဂုဏ်ပြုသဝဏ်လွှာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ကျင်းပသည့် International World Rice Conference 2026 ၌ မြန်မာနိုင်ငံ၏ အရည်အသွေးမြင့် ပေါ်ဆန်းဆန်သည် ကမ္ဘာ့အကောင်းဆုံးဆန်ဆု (World’s Best Rice Award) ကို ဒုတိယအကြိမ်မြောက် ထပ်မံဆွတ်ခူးရရှိခဲ့သည့်အတွက် အထူးဝမ်းမြောက် ဂုဏ်ယူမိပါသည်။ “မြန်မာ့ပေါ်ဆန်း တစ်ခေတ်ဆန်းရမည်”ဆိုသည့် စကားရပ်နှင့်အညီ မြန်မာ့ဆန်၏ အရည်အသွေး၊ အနံ့အရသာနှင့် ထူးခြားကောင်းမွန်မှုတို့ကို ကမ္ဘာက အသိအမှတ်ပြုခြင်း ဖြစ်သကဲ့သို့ မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာ နှင့် အမျိုးသားဂုဏ်ယူမှုကိုလည်း မြှင့်တင်ပေးနိုင်သည့် ထူးခြားသော အောင်မြင်မှုတစ်ရပ် ကို ဖော်ဆောင်နိုင်ခဲ့ကြသည့် မြန်မာ့ဆန်စပါး ကဏ္ဍမှ တောင်သူလယ်သမားများ၊ ဆန်စပါးထုတ်လုပ်သူများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ကုန်သည်များ၊ ပို့ကုန်လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးကို အထူးချီးကျူးဂုဏ်ပြုအပ် ပါသည်။ PPIB Links Youtube | Tiktok | Telegram | Website |  X(Twitter)
20204登录以查看统计数据
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် (၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့် Octob+9
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် (၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့် October 9th မြန်မာ့ကျောက်မျက် ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်မှ စတင်၍ အောင်မြင်စွာ ကျင်းပခဲ့ခြင်းဖြစ်သည်။ ယခုပြပွဲတွင် ပုလဲအတွဲများအတွက် ကြမ်းခင်းဈေးကို အမေရိကန်ဒေါ်လာဖြင့် သတ်မှတ်ထားရှိပြီး ငွေပေးချေမှုကို ပြည်ပ ရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့် လည်း ကောင်း၊ ပြည်တွင်းရတနာ ကုန်သည်များက ကျပ်ငွေဖြင့်လည်းကောင်း ပေးချေရမည် ဖြစ်ကြောင်း၊ ပုလဲအတွဲများအတွက် အနိမ့်ဆုံးအခြေခံဈေးမှာ အမေရိကန်ဒေါ်လာ ၁၀၀၀ ဖြစ်ပြီး ကျောက်မျက်အတွဲများ အတွက် အနိမ့်ဆုံးအခြေခံဈေးမှာ ယူရို ၅၀၀ ဖြစ်ကြောင်း၊ ကျောက်စိမ်း အချောထည် အတွဲများအတွက် အနိမ့်ဆုံး အခြေခံဈေးမှာ အမေရိကန်ဒေါ်လာ ၁၀၀၀ နှင့် ကျောက်စိမ်းအရိုင်း အတွဲများအတွက် အနိမ့်ဆုံး အခြေခံဈေးမှာ အမေရိကန်ဒေါ်လာ ၅၀၀၀ ဖြစ်ကြောင်း။ (၆၁)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို အောက်တိုဘာ ၁၇ ရက်အထိ ခင်းကျင်းပြသ ရောင်းချပေးသွားမည် ဖြစ်ကြောင်းသိရှိရသည်။ #PPIB
31101登录以查看统计数据
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာ-မလေးရှား နှစ်နိုင်ငံစီးပွားရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲ (Myanmar-Malaysia High+4
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာ-မလေးရှား နှစ်နိုင်ငံစီးပွားရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲ (Myanmar-Malaysia High Level Business Dialogue 2026) သို့ တက်ရောက်ဆွေးနွေးပြောကြားချက်မှ ကောက်နုတ်ချက် #HOS
28101登录以查看统计数据
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် မလေးရှားနိုင်ငံတို့အကြား နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲနှင့် သတင်းစာရှင်းလင်းပွဲ ကျင်း+8
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် မလေးရှားနိုင်ငံတို့အကြား နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲနှင့် သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ် နေပြည်တော်၊  အောက်တိုဘာ - ၈ #SittNaing
29004登录以查看统计数据
မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင်အီဘရာဟင်၏ ပြောကြားချက်+4
မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင်အီဘရာဟင်၏ ပြောကြားချက်
27102登录以查看统计数据
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြားချက်+6
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်  ပြောကြားချက်
25102登录以查看统计数据
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မလေးရှားနိုင်ငံသို တရားဝင်ခရီးစဉ် (နောက်ဆုံးနေ့) ရုပ်သံမ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မလေးရှားနိုင်ငံသို တရားဝင်ခရီးစဉ် (နောက်ဆုံးနေ့) ရုပ်သံမှတ်တမ်း #HOS
23002登录以查看统计数据
■ အစိုးရ၊ ပုဂ္ဂလိကနှင့် သုတေသနအဖွဲ့အစည်းများအကြား လက်တွေ့ပူးပေါင်းဆောင်ရွက်ရေး နှစ်နိုင်ငံဆက်ဆံရေးကို အဆင့်သစ်တစ်ရပ်သို့ မြှင့်တင်ရာတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်နှင့် အစားအစာလုံခြုံရေး၊ ထောက်ပံ့ရေးကွင်းဆက်၊ ဒီဂျစ်တယ်စီးပွားရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် ပြည်သူအချင်းချင်း ဆက်ဆံရေးတို့တွင် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများ ဖော်ဆောင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် အလုပ်သမားရေးရာနှင့် ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ ကိစ္စရပ်များကိုလည်း ပွင့်လင်းစွာ ဆွေးနွေး၍ လက်တွေ့ကျသည့် အဖြေများ ရှာဖွေရန် တိုက်တွန်းခဲ့သည်။ ■ ဆွေးနွေးမှုရလဒ်များကို လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများအဖြစ် ဖော်ဆောင်ရေး ယခုဆွေးနွေးပွဲမှ ရရှိသည့် အမြင်ဖလှယ်မှုများနှင့် အကြံပြုချက်များကို ဆွေးနွေးမှုအဆင့်တွင်သာ ရပ်တန့်မထားဘဲ အစိုးရချင်း၊ စီးပွားရေးလုပ်ငန်းရှင်အချင်းချင်းနှင့် Think Tank အဖွဲ့အစည်းများအကြား ပိုမိုခိုင်မာသည့် ဆက်ဆံရေးနှင့် ပူးတွဲသုတေသနလုပ်ငန်းများအဖြစ် ဆက်လက်ဖော်ဆောင်ရန် တိုက်တွန်းခဲ့သည်။ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင်၏ ပြောကြားချက် ■ နှစ်နိုင်ငံခေါင်းဆောင်များ၏ ဆွေးနွေးမှုရလဒ် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အောက်တိုဘာ ၈ ရက် နံနက်ပိုင်းတွင် သီးသန့်တွေ့ဆုံဆွေးနွေးခဲ့သကဲ့သို့ နှစ်နိုင်ငံဆွေးနွေးပွဲကိုလည်း ပြုလုပ်ခဲ့ပြီး ရလဒ်ကောင်းများ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ ■ ဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး နှစ်နိုင်ငံအကြား စီးပွားရေးနှင့် နိုင်ငံခြားရေးကဏ္ဍများသာမက လုံခြုံရေး၊ ကာကွယ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများတွင်လည်း သက်ဆိုင်ရာဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သည်။ ■ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု မြှင့်တင်ရေး မြန်မာနှင့် မလေးရှား နှစ်နိုင်ငံပြည်သူများအကြား ထိတွေ့ဆက်ဆံမှု ပိုမိုတိုးမြှင့်ရေးသည် အရေးကြီးကြောင်းနှင့် ယခုကဲ့သို့ ဆွေးနွေးပွဲများ ကျင်းပခြင်းသည် နှစ်နိုင်ငံဆက်ဆံရေးအတွက် ကောင်းမွန်သည့် အလေ့အထတစ်ရပ်ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ ■ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုအတွက် အခြေခံကောင်းများ ရရှိခြင်း နှစ်နိုင်ငံခေါင်းဆောင်များ၏ လမ်းညွှန်မှုနှင့် Think Tank အဖွဲ့အစည်းများ၏ ဆွေးနွေးအကြံပြုမှုများကို အခြေခံ၍ ယခုဆွေးနွေးပွဲမှ ရရှိလာသည့် အယူအဆများနှင့် အခွင့်အလမ်းများကို လက်တွေ့အကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှုများအဖြစ် ဖော်ဆောင်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ ဆွေးနွေးပွဲတွင် နှစ်နိုင်ငံအကြား အကျိုးစီးပွားတူညီသည့် နယ်ပယ်များကို ဖော်ထုတ်နိုင်ခဲ့ပြီး အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်နိုင်ရေးအတွက် ဦးတည်ချက်များ ရရှိခဲ့ကြောင်း၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေး၊ လူမှုဖွံ့ဖြိုးတိုးတက်ရေး၊ လူသားချင်းစာနာထောက်ထားမှု၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
21001登录以查看统计数据
မြန်မာ-မလေးရှား နှစ်နိုင်ငံဆက်ဆံရေးကို အဆင့်သစ်တစ်ရပ်သို့ မြှင့်တင်ရန်နှင့် အစိုးရအချင်းချင်း၊ စီးပွားရေးအသိုက်အဝန်းအချင်းချင
မြန်မာ-မလေးရှား နှစ်နိုင်ငံဆက်ဆံရေးကို အဆင့်သစ်တစ်ရပ်သို့ မြှင့်တင်ရန်နှင့် အစိုးရအချင်းချင်း၊ စီးပွားရေးအသိုက်အဝန်းအချင်းချင်း၊ Think Tank အဖွဲ့အစည်းအချင်းချင်း ဆက်ဆံရေးတွေကို စတင်ပေးနိုင်သည့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း မြန်မာ-မလေးရှား နှစ်နိုင်ငံဆက်ဆံရေးကို အစိုးရချင်း ဆက်ဆံရေးတစ်ခုတည်းတွင် ကန့်သတ်မထားဘဲ ပုဂ္ဂလိကကဏ္ဍ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင်များနှင့် Think Tank အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုများပါ တိုးမြှင့်၍ နှစ်နိုင်ငံဆက်ဆံရေးကို အဆင့်သစ်တစ်ရပ် (Next Level of Bilateral Engagement) သို့ မြှင့်တင်သွားရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အောက်တိုဘာ ၈ ရက်တွင် ကွာလာလမ်ပူမြို့၌ ပြုလုပ်သည့် မြန်မာ-မလေးရှား ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲတွင် တိုက်တွန်းပြောကြားခဲ့သည်။ ■ နှစ်နိုင်ငံဆက်ဆံရေးကို အဆင့်သစ်တစ်ရပ်သို့ မြှင့်တင်ရေး မြန်မာ-မလေးရှား နှစ်နိုင်ငံဆက်ဆံရေးကို အစိုးရချင်း ဆက်ဆံရေးသာမက စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင်များ၊ သုတေသနအဖွဲ့အစည်းများနှင့် ပြည်သူများအကြား ဆက်ဆံရေးပါ တိုးမြှင့်၍ အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှု ပိုမိုခိုင်မာစေရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ယင်းအတွက် အစိုးရမဟုတ်သည့် Track-II ဆွေးနွေးမှုလမ်းကြောင်းများကို ပိုမိုထိရောက်စွာ အသုံးချရန် တိုက်တွန်းခဲ့သည်။ ■ နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၆၂ ဘီလီယံရှိ၊ နှစ်နိုင်ငံကုန်သွယ်မှုကွာဟချက် လျှော့ချနိုင်ရေး မြန်မာ-မလေးရှား နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၆၂ ဘီလီယံရှိခဲ့ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဩဂုတ်လအထိ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ နှစ်နိုင်ငံကုန်သွယ်မှုကွာဟချက် လျှော့ချနိုင်ရေးအတွက် မြန်မာ့လယ်ယာထွက်ကုန်၊ ရေထွက်ကုန်နှင့် ရာဘာအပါအဝင် ကုန်ကြမ်းများကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်၍ မလေးရှားဈေးကွက်သို့ ပိုမိုတင်ပို့နိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။ ■ စိုက်ပျိုးရေး၊ စွမ်းအင်နှင့် ဒီဂျစ်တယ်ဘဏ္ဍာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး စားအုန်းဆီနှင့် ဟင်းသီးဟင်းရွက်ဆီထုတ်လုပ်မှု၊ စားသောက်ကုန်ထုတ်လုပ်ရေး၊ အအေးခန်းသိုလှောင်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးအခြေခံအဆောက်အအုံ၊ စွမ်းအင်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများရှိကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် Digital Payment၊ Remittance နှင့် ရေရှည်တည်တံ့သည့် ထောက်ပံ့ရေးကွင်းဆက်များ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အလေးထားဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။ ■ ပထဝီဝင်အားသာချက်ကို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအဖြစ် ပြောင်းလဲအသုံးချရေး လက်ရှိကမ္ဘာ့အခြေအနေတွင် ပထဝီနိုင်ငံရေး (Geopolitics) နှင့် ပထဝီစီးပွားရေး (Geoeconomics) တို့ ပိုမိုဆက်စပ်လာကြောင်း၊ မြန်မာနှင့် မလေးရှားနိုင်ငံတို့သည် အိန္ဒိယသမုဒ္ဒရာနှင့် အာဆီယံစီးပွားရေးဗဟိုဒေသကို ချိတ်ဆက်နိုင်သည့် မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများအဖြစ် ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း ပြောကြားခဲ့သည်။ ပထဝီဝင်အားသာချက်များကို အခြေခံ၍ အခြေခံအဆောက်အအုံ၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးတို့ကို ချိတ်ဆက်ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။ ■ မြန်မာ-မလေးရှား Think Tank အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး မြန်မာနိုင်ငံ၏ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) နှင့် မလေးရှားနိုင်ငံ၏ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (ISIS Malaysia) တို့အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရန် တိုက်တွန်းခဲ့သည်။ ASEAN-ISIS နှင့် CSCAP ကွန်ရက်များမှတစ်ဆင့် ပုံမှန်ဆွေးနွေးပွဲများ၊ ပူးတွဲသုတေသနလုပ်ငန်းများ၊ Policy Dialogue များနှင့် လူငယ်ပညာရှင်၊ သုတေသီများ အပြန်အလှန်ဖလှယ်ရေးတို့ကို တိုးမြှင့်ဆောင်ရွက်ရန် ပြောကြားခဲ့သည်။
19002登录以查看统计数据
မလေးရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် သွားရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ နေပြည+4
မလေးရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် သွားရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ နေပြည်တော်သို့ ပြန်လည်ရောက်ရှိ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်  ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင်၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်(Official Visit) သွားရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ အောက်တိုဘာ ၈ ရက် မွန်းလွဲပိုင်းတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာလာရာ နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိသည်။ နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်လေဆိပ်၌ ပြည်ထောင်စုအစိုးရအဖွဲ့တာဝန်ရှိသူများနှင့် ရန်ကုန်မြို့အခြေစိုက် မလေးရှားနိုင်ငံသံရုံးမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ #HOS
26003登录以查看统计数据
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် မလေးရှားနိုင်ငံဝန်ကြီးချုပ် ဒါတိုဆရီ အန်နဝါဘင် အီ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် မလေးရှားနိုင်ငံဝန်ကြီးချုပ် ဒါတိုဆရီ အန်နဝါဘင် အီဘရာဟင် တို့ ကွာလာလမ်ပူမြို့ရှိ မလေးရှား ဝန်ကြီးချုပ်ရုံး၌ နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးသည့်မှတ်တမ်း PPIB Links Youtube | Tiktok | Telegram | Website |  X(Twitter)
13003登录以查看统计数据
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အထူးလေယာဉ်ဖြင့် နေပြ+6
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည်ထွက်ခွာ   မလေးရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ်(Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့သည် ခရီးစဉ်ပြီးဆုံး၍ ယနေ့ အောက်တိုဘာ ၈ ရက် မွန်းလွဲပိုင်းတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ အပြည်ပြည် ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည်ထွက်ခွာခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား မလေးရှားနိုင်ငံမှ တာဝန်ရှိသူများနှင့် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ တာဝန်ရှိသူများက ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။ #HOS
26103登录以查看统计数据
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား မလေးရှားနိုင်ငံဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား မလေးရှားနိုင်ငံဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင် က ကွာလာလမ်ပူမြိုရှိ မလေးရှား ဝန်ကြီးချုပ်ရုံး၌ ဂုဏ်ပြုတပ်ဖွဲဖြင့် ကြိုဆိုသည့် မှတ်တမ်း PPIB Links Youtube | Tiktok | Telegram | Website |  X(Twitter)
11002登录以查看统计数据
မလေးရှားမှာ သမ္မတကြီးကို ကြိုဆိုတဲ့ ယာဉ်တန်း
မလေးရှားမှာ သမ္မတကြီးကို ကြိုဆိုတဲ့ ယာဉ်တန်း
18202登录以查看统计数据
နိုင်ငံတော်သမ္မတ ဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံ နေပြည်တော်သို့ ပြန်လည်ထွက်ခွာ+4
နိုင်ငံတော်သမ္မတ ဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံ နေပြည်တော်သို့ ပြန်လည်ထွက်ခွာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့သည် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင်၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံသို တရားဝင်ခရီးစဉ် (Official Visit)ပြီးဆုံး၍ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာနိုင်ငံ၊နေပြည်တော်သို့ ပြန်လည်ထွက်ခွာခဲ့သည်။ ထိုသို ပြန်လည်ထွက်ခွာရာတွင် မလေးရှားနိုင်ငံ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး မစ္စတာ ဒါတွတ်ဆရီ ဂျိုဟာရီ အဗ္ဗဒူလ် ဂါနီ ဦးဆောင်သည့် မလေးရှားနိုင်ငံအစိုးရအဖွဲမှ တာဝန်ရှိသူများ၊ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးအောင်ကျော်မိုး နှင့် ဇနီး၊ မြန်မာ စစ်သံ(ကြည်း၊ရေ၊ လေ) ဗိုလ်မှူးချုပ် ညီညီဦး နှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။ #PPIB
23104登录以查看统计数据
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်တို့ နှစ်နိုင်ငံပူးတွဲသတင်းစာရှင်းလင်းပွဲ+2
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်တို့ နှစ်နိုင်ငံပူးတွဲသတင်းစာရှင်းလင်းပွဲသို့ တက်ရောက် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်  ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင်၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံသို တရားဝင်ခရီးစဉ်(Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတိုဆရီ အန်နဝါ ဘင် အီဘရာဟင် တို့သည် ယနေ့ အောက်တိုဘာ ၈ ရက်နံနက်ပိုင်းတွင် ကွာလာလမ်ပူမြို့ရှိ မလေးရှားဝန်ကြီးချုပ်ရုံး၌ ပြုလုပ်သည့် နှစ်နိုင်ငံပူးတွဲ သတင်းစာရှင်းလင်းပွဲသို့တက်ရောက်ခဲ့သည်။ #PPIB
20103登录以查看统计数据